no

Font
Theme

Chapter 105

(Reader တွေကို ချစ်လို့ ဒါလေး အဆူ ခံပြီးတော့ Free ခိုးပေးထား 🤣)

ရှန်းထင်းကျိုးမှာ ကျီးဇီထန်းကြောင့် ခံစားချက်ကောင်းမနေတော့ပေ။

"ဘာဖြစ်လို့လဲ"

ကျီးဇီထန်းမှာ စိုးရိမ်တကြီးပြောလာ၏။

"ဒေါက်တာရှန်း ကျွန်တော့်ကောနဲ့ ကျဲ သတ်ကုန်ကြပြီ"

ရှန်းထင်းကျိုးသည် ဟဲရန်ထင်းနှင့် ရှဲ့နင်တို့ရန်ဖြစ်နေကြသည့်ပုံအား ချက်ချင်းမြင်ယောင်မကြည့်နိုင်ရာမေးလိုက်သည်။

"ဘယ်လိုဖြစ်ကြတာလဲ ?"

ကျီးဇီထန်းမှ "အစောတုန်းက ကျွန်တော့်ကျဲက ကောအတွက် တားရော့ဖတ်ပြီး သူ့ဘဝလက်ကျန်တစ်လျှောက်လုံးတစ်ယောက်ထဲဖြစ်နေမှာဆိုပြီး ဟောပေးလိုက်တယ်လေ၊ ကျွန်တော့်ကောကလည်း အဲ့ဒါကိုမကျေနပ်တော့ မမှန်ဘူးဆိုပြီး သူ့ကိုထပ်ဟောခိုင်းတယ်လေ၊ ဒါပေမယ့် ကျွန်တော့်ကျဲက တစ်ကြိမ်ပဲဟောပေးမှာဆိုပြီးပြောလိုက်ပါလေရော"

ရှန်းထင်းကျိုး : "အဲ့တော့"

"အဲ့တော့ ကျွန်တော့်ကောက ကျဲရဲ့တားရော့ကတ်တွေကို လွှင့်ပစ်လိုက်တာပေါ့၊ ကျွန်တော့်ကျဲက သူ့ကိုပြန်ကောက်လိုက်ဖို့ပြောပေမယ့် သူ ငြင်းလိုက်တယ်၊ အဲ့နောက်တော့ စသတ်ကြတော့တာပဲ"

ရှန်းထင်းကျိုး : ......သူတို့က မူလတန်းကျောင်းသားတွေလား

ကျီးဇီထန်းမှာ အလောတကြီးမေးလာ၏။

"ဒေါက်တာရှန်း ကျွန်တော်တို့ဘယ်လိုလုပ်ကြမလဲ၊ ကျွန်တော့်မားကို လှမ်းခေါ်လိုက်ရမလား"

ရှန်းထင်းကျိုး ဇဝေဇဝါဖြစ်သွားရသည်။

"အဲ့လောက်ထိ လိုလို့လား"

ကျီးဇီထန်းသည် ဧည့်ခန်းဘက်ကြည့်လိုက်၏။

"ကျွန်တော့်အစ်မက အစ်ကို့ရဲ့ခါးပေါ်ထိုင်ပြီး သူ့နဖူးကိုဆော်နေတာ၊ သူ့နဖူးကနီရဲနေပြီ အဲ့အတိုင်းဆက်သွားလို့မဖြစ်တော့ဘူး"

ကျီးဇီထန်းလေသံအရ နဖူးနီရဲနေသည်မှာပြင်းထန်သော ထိခိုက်ဒဏ်ရာတစ်ခု ဖြစ်နေသည့်အလားပင်။

ယွီကျွီရုန်၏ခေါင်းအားသွေးထွက်သည်ထိ သူရိုက်ခဲ့စဉ်ကဆိုလျှင် ထိုဒဏ်ရာမှာ စိုးရိမ်စရာမရှိဟုသာပြောခဲ့လေ၏။ စံနှုန်းနှစ်ဆမှာ အတော်လေးသိသာနေသည်။

ရှဲ့နင်သည် လူကောင်သေးသော်ငြား ဟဲရန်ထင်း၏နဖူးအား ဆက်တိုက်‌ဆော်နေသည်မှာ အလွန်ပြင်းထန်ပြီး သဘာဝအတိုင်းလွှမ်းမိုးနိုင်စွမ်းတို့ကို ထုတ်သုံးနေလေတော့သည်။

သူ နှစ်လိုဖွယ်မျက်နှာထားလေးဖြင့်မေးလိုက်သည်။

"နင် အခုဝန်ခံတော့မလား ?"

ဟဲရန်ထင်းသည် အံတင်းတင်းကြိတ်ကာ ငြင်းဆန်နေဆဲပင်။

ကျီးဇီထန်းသည် ကူညီချင်ပါသော်ငြား ရှဲ့နင်၏ဆူ‌ငေါက်မှုအား ကြောက်ရွံ့၍နေရာ၌ပင် စိုးရိမ်တကြီးရပ်နေလိုက်သည်။သူ့ မျှော်လင့်ချက်အလုံးစုံအား ရှန်းထင်းကျိုးထံတွင်ပုံအပ်ယုံသာတတ်နိုင်တော့၏။

"ဒေါက်တာရှန်း ကျွန်တော်တို့ ဘယ်လိုလုပ်ကြမလဲ ? သူတို့ရန်ဆက်မဖြစ်ကြတော့ဘူး၊ ဆိုးဝါးတာတစ်ခုခုတော့ ဖြစ်တော့မယ့်ပုံပဲ"

တစ်စုံတစ်ယောက်၏နဖူးအား အကြိမ်အနည်းငယ်ရိုက်ခြင်းကို စိုးရိမ်ဖွယ်ရာစကားလုံးမျိုး မသုံးသင့်သော်ငြား ဦးခေါင်းခွံတို့ဖြင့် ဆော့ကစားလေ့ရှိသည်ဆို၍ လူသိများလှသော ရှဲ့နင်အားတွေးဆကြည့်ရာ သူမ ရိုက်ချက်သည် သစ်ကြားသီးအခွံခွဲသကဲ့သို့ အန္တရာယ်ကင်းပါသည်ဟု ရှန်းထင်းကျိုးလည်းမသေ ချာတော့ချေ။

ရှန်းထင်းကျိုး တုံ့ဆိုင်းနေပြီးမှ "မင်း ကျဲဆီ ဘာလို့ဖုန်းမပေး လိုက်တာလဲ"

ကျီးဇီထန်း အမြန်လျှောက်ချသွားပြီး "ကျဲ ဖုန်းလာနေတယ်"

ရှဲ့နင်သည် ဟဲရန်ထင်းအားလက်တစ်ဖက်ဖြင့် ဖိချထားကာ ကျန်တစ်ဖက်ဖြင့် ကျီးဇီထန်းဆီမှ ဖုန်းကိုယူလိုက်သည်။

ရှဲ့နင် : "ဟယ်လို"

ရှန်းထင်းကျိုးသည် ရှဲ့နင်နှင့်မရင်းနှီးလှရာ ကသိကအောက်ဖြစ်စွာဖြင့်ပြောလိုက်၏။

"ဟယ်လို မစ္စရှဲ့ ကျွန်တော်က မစ္စတာဟဲရဲ့ဆရာဝန် ရှန်းထင်းကျိုးပါ"

ရှဲ့နင်သည် ရှန်းထင်းကျိုးအား ရှင်းရှင်းလင်းလင်းမှတ်မိလေသည်။

"ဘာကိစ္စများလဲ ဒေါက်တာရှန်း"

ရှန်းထင်းကျိုးသည် ပြေရာပြေကြောင်းပြောလိုက်၏။

"မစ္စတာဟဲရဲ့ ခေါင်းကထိခိုက်ထားခဲ့ဖူးပါတယ် အဲ့တော့ အဲ့လိုလုပ်ဖို့ အချိန်ကောင်းမဟုတ်ဘူး...."

ရှဲ့နင်သည် ချက်ချင်းနားလည်သွားပြီး ပြုံးလိုက်ကာ

"သိပါပြီ ဒေါက်တာရှန်း၊ဒါဆို ကျွန်မ သူ့တင်ပါးကို ရိုက်လိုက်ပါ့မယ်"

ရှန်းထင်းကျိုး : .....အဲ့နေရာက အသားပိုများတော့ အဲ့လိုဆိုလည်း အလုပ်ဖြစ်တာပဲ

ရှဲ့နင်ဖုန်းပြောနေသည်ကို အခွင့်ကောင်းယူကာ ကျီးဇီထန်းသည် ဟဲရန်ထင်းအားရဲရဲဝံ့ဝံ့ဆွဲထုတ်ကာ ရှဲ့နင်၏လက်မောင်းအားသတ္တိရှိရှိဆွဲဖက်ထားပြီး အော်ချလိုက်၏။

"အစ်ကို ပြေးတော့"

ရှန်းထင်းကျိုး တိတ်တဆိတ်သာဖုန်းချလိုက်သည်။

ရှန်းထင်းကျိုးမှာ စိတ်သောကရောက်စရာ ဘေးဒုက္ခကြီးတစ်ခုအားကျော်ဖြတ်ခဲ့ရသကဲ့သို့ မောပန်းနွမ်းနယ်သည်အားတွေ့လိုက်ရသော ရှုရွှင်းသည် သူ့ထံဖျော်ရည်တစ်ခွက်ကမ်းပေးလာ၏။

"ဘာဖြစ်တာလဲ ?"

ရှန်းထင်းကျိုးသည် ခေါင်းယမ်းလိုက်၏။

"ဘာမှမဟုတ်ပါဘူး၊ ပုရွက်ဆိတ်လူသားရဲ့ရထားတွဲလေး သောမတ်စ်လေ"

သင်သည် နဂါးသတ်ပွဲတစ်ခုအားတွေ့ရတော့မည်ဟု ထင်ခဲ့သော်ငြား၊ ရထားတွဲလေးသောမတ်စ်မှာ ဘီးချော်ရုံသာဖြစ်သွားခဲ့တော့သည်။

ရှုရွှင်း : .....

ရှန်းထင်းကျိုးသည် ရှင်းမပြခဲ့သော်ငြားရှုရွှင်းမှ ညာဘက်လက်အားဆုပ်ထားနေသေးသည်ကိုသတိပြုမိလိုက်ရာ မမေးမိဘဲ မနေနိုင်တော့ပေ။

"မင်း လက်ကဘာဖြစ်တာလဲ"

ရှုရွှင်းသည် ဘာမှပြောမလာဘဲ သူ့လက်ကိုသာ ရှန်းထင်းကျိုးထံတိတ်တဆိတ်ဖြန့်ပြလိုက်၏။

ရှန်းထင်းကျိုးမှ ငုံ့ကြည့်လိုက်ရာ ရှုရွှင်း၏လက်ချောင်းထိပ်၌ အရေပြားအား ရှပ်ထိကာ သွေးစက်နီနီအရိပ်အယောင်တို့ ရှိသည်ဆိုနိုင်ရုံမျှဖြင့် ရှရာလေးအားတွေ့လိုက်ရသည်။

ထိုကဲ့သို့ ပမွှားဒဏ်ရာမျိုးအား ရှန်းထင်းကျိုးသည် ဂရုမစိုက်ပေသိ ရှုရွှင်း၏နက်မှောင်ကာ မျှော်လင့်ချက်တို့ဖြင့် တောက်ပနေသည့် မျက်ဝန်းများနှင့်အကြည့်ဆုံသွားရာ သူသည်မမေး၍ မရတော့ပေ။

"နာနေလား ?"

ရှုရွှင်းမှာ ခေါင်းငြိမ့်ရန်ပြင်နေစဉ် သူ့နောက်ရှိ ပုံမှန်မဟုတ်သည့် တစ်ခုခုကိုရုတ်ချည်းခံစားမိလိုက်၏။

အိမ်တော်ထန်းသည် ရေနွေးကြမ်းခွက်ဖြင့်ရောက်ချလာသည်။

"ပလီနေပြန်ပြီ"

ရှုရွှင်း နှုတ်ခမ်းများ ဖြည်းဖြည်းချင်းစေ့ပိတ်သွားသည်ကိုမြင်လိုက်ရရာ ရှန်းထင်းကျိုးသည် သူ့ဘက်မှ ချက်ချင်းခုခံချေပပေးလိုက်၏။

"သူ သစ်သီးလှီးဓားနဲ့ ရှသွားတာပါ"

အိမ်တော်ထိန်း : "ဒါဆိုလည်း ဒေါက်တာရှန်းရေ သိုက်အာရဲ့ လက်ချောင်းကိုဖြတ်ထုတ်ဖို့ ခွဲစိတ်ဆရာဝန်တစ်ယောက်ကို မြန်မြန်ခေါ်လိုက်လေ၊ ပိုကြည့်ကောင်းအောင်လုပ်ဖို့ ပစ္စည်းကောင်းတစ်ခုကို သေချာရှာပေးရမယ်"

အမြဲတစေ ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးမလုပ်တတ်ဘဲ အနိုင်ပိုင်းခံရလေ့ရှိသော ဒေါက်တာရှန်းသည် လူနာလေးရှောင်ရှုဆွဲခေါ်ရာနောက် ညှိုးငယ်စွာဖြင့်ပါသွားတော့သည်။

ဤအိမ်မှာ ဟန်ချက်မညီဟုခံစားရနေမိသည့် ရှုရွှင်းသည် နေ့လည်စာအား အိမ်၌မစားတော့ဘဲ ကန်တုံးစားသောက်ဆိုင်တစ်ဆိုင်ဆီ ရှန်းထင်းကျိုးအားချက်ချင်းခေါ်သွားတော့သည်။

ဤသည်မှာ သူတို့၏ပထမဆုံးဒိတ်ဖြစ်ပုံပင်။ ရှန်းထင်းကျိုး မီနူးအားလှန်လှောကာ အစားချေးများသူလေး ရှောင်ရှုထံဘာစားချင်သည်ကိုမေးလိုက်၏။

ရှုရွှင်း ပြောနေဆဲပင်။

"ကိုယ် အစားမရွေးပါဘူး"

ရှန်းထင်းကျိုးသည် သူ့အားမကျီစယ်တော့ဘဲ ဆိုင်၏ပြယုဂ်ဖြစ်သည့် ဟင်းပွဲနှစ်ပွဲနှင့် ရှုရွှင်းအတွက် ပုဇွန်နှင့် ကြက်ဥပူတင်းအားမှာပေးလိုက်သည်။

အော်ဒါမှတ်ပြီးသည်နှင့် ရှန်းထင်းကျိုးသည် စားပွဲထိုးအားခေါ်ကာ အော်ဒါဖြတ်ပိုင်းကမ်းပေးလိုက်၏။ သူ့မျက်လုံးထောင့်မှနေ သူ့နောက်စားပွဲရှိ မြင်ကွင်းကိုဖမ်းမိသွားရာရပ်တန့်သွားတော့သည်။

ထိုသည်မှာ ယုချင်နှင့် အမြွှာနှစ်ယောက်ပင်။

အစ်ကိုကြီးဖြစ်သူမှာ မျက်မှန်တပ်ထားပြီး ယုချင်၏ပန်းကန် လုံးထဲသို့ ပုဇွန်ဖက်ထုပ်များထည့်ပေးနေစဉ် ညီငယ်မှာလည်း အကြောမခံဘဲ ကြွပ်ကြွပ်ရွရွငန်းသားကင်တစ်ပိုင်းကို သူ့ ပန်း ကန်ထဲထည့်ပေးလိုက်၏။

ညီအစ်ကိုနှစ်ယောက်မှာ တမင်တကာဟုတ်သလိုလို မဟုတ်သလိုလိုစောင့်ကြည့်နေ၍ ယုချင်သည် သူ့တူအားကိုင်ကာ တစ်ခုခုအားယူရတော့ပေမည်။

ဤအကြည့်မျိုးအား ရှန်းထင်းကျိုးမှရင်းနှီးလွန်းနေရာ သူ့အဖို့ယုချင်အတွက် မစိုးရိမ်မိဘဲမနေနိုင်တော့ပေ။

စောင့်ကြည့်နေသည့် မျက်ဝန်းနှစ်စုံအောက်တွင် ယုချင်သည် အချိန်အတော်ကြာတုံ့ဆိုင်းနေပြီးမှ နောက်ဆုံးတွင်တော့ ပုဇွန်ဖက်ထုပ်ရော ငန်းသားကင်ကိုပါ ပါးစပ်ထဲသွပ်ထည့်လိုက်ရာ သူ့ပါးများမှာ ဖောင်းကားနေပြီး ခက်ခက်ခဲခဲဝါးနေရလေသည်။

ရှုရွှင်းသည် ရှန်းထင်းကျိုးအနား ပန်းကန်လုံးနှင့်တူအသန့်တို့အားနေရာချပေးလိုက်၏။

"မင်း ဘယ်ကိုကြည့်နေတာလဲ"

ရှန်းထင်းကျိုးသည် လွှတ်ကနဲပြောလိုက်မိသည်။

"ညီအစ်ကိုတွေရဲ့ ထမင်းပန်းကန်လုံး (ယုံကြည်ရာလေး)..... မဟုတ်ပါဘူး၊ တခြားလူတွေ ဘာမှာကြလဲဆိုတာ ကြည့်နေရုံပါပဲ"

ရှုရွှင်းမှမေးလာ၏။

"မင်း ထမင်းပန်းကန်လုံး တစ်လုံးလောက်လိုချင်လို့လား"

ရှန်းထင်းကျိုးမှာ သီးသွားတော့သည်။

"အဟွတ် အဟွတ် မဟုတ်ပါဘူး"

ရှုရွှင်းသည် သိသိသာသာကြီးထူးဆန်းနေသော ရှန်းထင်းကျိုးထံကြည့်ကာ အစောကသူကြည့်နေသည့် ဦးတည်ရာဘက် လှမ်းကြည့်လိုက်သည်။

နောက်ဘက်စားပွဲဝိုင်းတွင် အသားဖြူဖြူကောင်လေးတစ်ဦးသည် သူ့ဘေးတွင်အမြွှာညီအစ်ကိုတစ်တွဲနှင့်ထိုင်နေပြီး သုံးဦးကြားရှိ လေထုမှာအတော်လေးထူးဆန်းနေ၏။

ရှုရွှင်းသည် အကြည့်ပြန်လွှဲကာ မထူးမခြားနားဟန်ဖြင့်ပြောလာသည်။

"အချို့ထမင်းပန်းကန်လုံးတွေကတစ်ကယ်ပဲ ပြီးစလွယ်စားလို့မရနိုင်ဘူး"

ဟမ် ?

ရှန်းထင်းကျိုးသည် သိချင်စိတ်ပြင်းပြစွာဖြင့် ရှုရွှင်းထံမော့ ကြည့်ကာ တစ်ဖက်လူမှတစ်ခုခုသိထားသည်ဟု ခန့်မှန်းမိသော်ငြား ရှုရွှင်း၏မျက်နှာမှာတည်ငြိမ်နေဆဲဖြစ်ပြီး သူသည် သူ့အတွက် ဆီးသီးရေနွေးတစ်ခွက်ပင်ငှဲ့ပေးလာသည်။

ယုချင်နှင့် အခြားလူများမှာအရင်ရောက်နေကြသည်ဖြစ်၍ ရှန်းထင်းကျိုး၏ ဟင်းပွဲများရောက်လာချိန်တွင် သုံးဦးသားမှာ ငွေရှင်းပြီးသွားချေလေပြီ။

ရှန်းထင်းကျိုးသည် ပြတင်းပေါက်မှနေ သုံးဦးသားငေးကြည့်ကာ ညီငယ်ဖြစ်သူမှ ဘာတွေဝမ်းနည်းနေသည်ကို သိချင်နေခဲ့၏။ ယုချင်မှာ မော့ကြည့်ကာ သူ့ထံသိမ်သိမ်မွေ့မွေ့လေးပြောနေစဉ် အစ်ကိုကြီးဖြစ်သူမှာ သူ့နောက်မှနေ ယုချင်၏လက်အား သူ့လက်ချောင်းများဖြင့်ဖမ်းကိုင်ထားလေသည်။

ယုချင်သည် သိသိသာသာရပ်တန့်သွားပေသိ လှည့်မကြည့်ပါဘဲ ညီငယ်ဖြစ်သူထံသာ မသက်မသာဟန်ဖြင့် စကားဆက်ပြောနေလိုက်၏။

အစ်ကိုကြီးဖြစ်သူမှာ ယုချင်၏လက်အားတွဲထားကာ ညီဖြစ်သူမှာလည်း ကျေနပ်ပျော်ရွှင်နေပုံပင်။ သူ လှည့်လိုက်ရာ သူတို့လက်များတွဲထားသည်အားမြင်သွားပြီး ဒေါသထပ်ထွက်သွားပြန်၏။

ဤမြင်ကွင်းအားမြင်လိုက်ရသော ရှန်းထင်းကျိုးသည် လေးနက်စွာသက်ပြင်းချရင်း

"ရှောင်ရှုကသာ အကောင်းဆုံးဖြစ်တုန်းပဲ"

ရှန်းထင်းကျိုးသည် ရှုရွှင်းအတွက် ကကတစ်ငါးတစ်ဖဲ့အားယူကာ သူ့မျက်လုံးများမှာလည်း ပူပန်မှုတို့ဖြင့်ပြည့်နှက်နေ၏။

"ထပ်စားဦး"

ရှုရွှင်းမှာ ပြုံးလိုက်မိရင်း တွေးနေသည်။

'သူ ငါ့ကို တစ်ကယ်အများကြီးချစ်ရှာတာပဲ'

ရှန်းထင်းကျိုးအတွက် ပုဇွန်တစ်ကောင်အခွံခွာပေးပြီးနောက် ရှုရွှင်းသည် မှာကြားလာ၏။

"ကိုယ့်အတွက်ပဲ ဟင်းတွေထည့်ပေးမနေနဲ့တော့ မင်းလည်းပိုစားသင့်တယ်"

ရှန်းထင်းကျိုး : ?

သူ ရှုရွှင်းအတွက် ဟင်းကိုတစ်ကြိမ်ပဲထည့်ပေးလိုက်တာမဟုတ်ဘူးလား။ "အမြဲတမ်း"ဆိုတဲ့စကားကို သုံးဖို့မလိုပါဘူးနော်။

___

စားသောက်ပြီးသည်နှင့် ရှန်းထင်းကျိုးနှင့် ရှုရွှင်းသည် အနီးရှိရုပ်ရှင်ရုံဆီ သွားခဲ့ကြသည်။

ရှုရွှင်းသည် ရုပ်ရှင်လက်မှတ်နှစ်စောင်အား ဘိုကင်တင်ပြီးဖြစ်ကာ ပေါက်ပေါက်နှင့်ကိုလာလည်းဝယ်ခဲ့၏။

မတော်တဆဖြင့် ရှန်းထင်းကျိုးသည် သူ့လက်ပေါ်ကိုလာနည်းနည်းဖိတ်သွား၍ သန့်စင်ခန်းဆီသွားရန် အရေးပေါ်ထွက်ပေါက်နားမှဖြတ်လာစဉ် အသနားခံနေသည့် အမျိုးသားအသံတစ်သံအား ကြားလိုက်ရ၏။

"ဝေဝေ ကိုယ်တစ်ကယ်မှားမှန်းသိပါပြီ၊ ဒီတစ်ကြိမ်တော့ မင်းကိုယ့်ကိုခွင့်လွှတ်ပေးနိုင်မလား ? ကိုယ်မင်းကို တစ်ကယ်ချစ်တာပါကွာ"

"ငါ့ကို ရွံ့စရာကောင်းအောင်လုပ်မနေနဲ့၊ နင် တစ်ယောက် ယောက်နဲ့အိပ်နေတုန်းကရော ငါ့ကို ချစ်ပါတယ်ဆိုပြီး နင်ဘာလို့မပြောခဲ့လဲ"

"အဲ့နေ့က ကိုယ်တစ်ကယ်မူးနေခဲ့တာပါ၊ နောက်နေ့ ကိုယ်နိုးလည်း နိုးလာရောကြောက်ပြီးထူပူသွားခဲ့တာ၊ ပြီးတော့ အဲ့အချိန်မှာပဲ ကိုယ် မင်းကို ဘယ်လောက်တောင်ချစ်ခဲ့တယ်ဆိုတာနားလည်သွားခဲ့တယ်"

"ဟမ့် ကောင်းပြီလေ၊ ငါလည်း တစ်ပုံစံတည်းလုပ်ကြည့်ရတာပေါ့၊ တစ်ယောက်ယောက်နဲ့ ငါ သွားအိပ်ပြီးမှ နင့်ကို ငါဘယ် လောက်ချစ်ကြောင်းနားလည်သွားတယ်ဆိုပြီး နင့်ဆီ ပြန်လာပြောပြမယ်"

ထိုသို့ဖြင့် စင်္ကြန်တံခါးမှာပွင့်လာပြီး အလုပ်ခွင်ယူနီဖောင်းဖြင့်မိန်းကလေးတစ်ဦး ထွက်လာလေသည်။

ခွင့်လွှတ်ဖို့တောင်းပန်နေသည့် အမျိုးသားမှာ သူ့နောက်မှပြေးလိုက်ကာ သူမ လက်အားဆွဲဖို့လုပ်နေသည်။ စကားတစ်ခွန်းပင်ပြောမနေဘဲ သူမ သူ့အားရိုက်ချလိုက်သည်။

"ထွက်သွားစမ်းပါ"

ရှန်းထင်းကျိုးသည် မမြင်ဟန်ဆောင်ကာ သန့်စင်ခန်းထဲ ခပ်သွက်သွက်ဝင်သွားလိုက်သည်။

ဘေစင်ရှေ့တွင် ဘေ့စ်ဘောဦးထုပ်ဆောင်းထားသည့် ဆယ် ကျော်သက်တစ်ဦးမှာဖုန်းပြောနေပြီး အတန်ငယ်စိတ်မရှည်သည့်လေသံပေါက်နေ၏။

"အဲ့နေ့က ငါ ဒီအတိုင်းစလိုက်တာလေ၊ မင်းက တကယ်ကြီးအတည်ယူနေတာလား"

ရှန်းထင်းကျိုး လက်ဆေးရန်လျှောက်လာချိန်တွင် ဆယ်ကျော် သက်လေးသည် ဖုန်းပြောရင်းထွက်သွားပြီပင်။

"သူ ငါ့အိမ်မှာနေနေတယ်ဆိုရင်တောင် သူ ငါ့အစေခံမဟုတ်ဘူးလေ။ မင်းကောင်လေးဖြစ်ဖို့ သူ သဘောတူလာအောင် ငါက ဘယ်လိုလုပ်ပေးနိုင်မှာလဲ"

ထိုအခိုက်အတန့်မှာပင် မှန်ဘောင်အမည်းဖြင့်မျက်မှန်အား တပ်ထားသည့်ကောင်လေးတစ်ဦးမှာ ချဉ်းကပ်လာ၏။ဆယ် ကျော်သက်လေးသည် သူ့ထံဖုန်းပေးကာ အေးစက်စက်‌ဖြင့်ပြောလိုက်သည်။

"သူက မင်းကိုကြိုက်တယ်တဲ့၊ သူ့ကို မင်း ဘာသာပြောလိုက်"

ကောင်လေးမှာကြောင်အမ်းသွားပုံရပြီး ဖုန်းအား အာလူးပူတစ်လုံးအလား ကိုင်ထားလိုက်ရသည်။

အချိန်အတော်ကြာမှ ဆယ်ကျော်သက်လေး၏မဖော်ရွေသည့်အကြည့်အောက်တွင် ဖုန်းအားသူ့နားနားကပ်ကာ ယဉ်ယဉ်ကျေးကျေးဖြင့်ပင်ငြင်းဆန်လိုက်သည်။

"တောင်းပန်ပါတယ်၊ ငါ အခုစာလေ့လာတဲ့အပေါ်မှာပဲ အာရုံ စိုက်ချင်တာမလို့ပါ"

ဆယ်ကျော်သက်လေးသည် စိတ်ကျေနပ်သွားသည့် အမူအယာအားပြကာ ဘေ့စ်ဘောဦးထုပ်အားကောင်လေး၏ခေါင်းပေါ်ဆောင်းပေးကာ ဖုန်းအားပြန်ယူပြီး ဖုန်းတစ်ဖက်မှလူထံပြောလိုက်၏။

"သူက စာလုပ်ဖို့ပဲစိတ်ဝင်စားတဲ့ စာကြမ်းပိုးပါလို့ ငါ မင်းကိုမပြောခဲ့ဘူးလား"

ကောင်လေးသည် ခေါင်းငုံ့နေရာ ဦးထုပ်လျှာမှသူ့မျက်နှာအား ဖုံးကွယ်ထား၍ သူ့အမူအယာအား ဖတ်မရအောင်လုပ်နေလေသည်။

ဆယ်ကျော်သက်လေးသည် သန့်စင်ခန်းမှထွက်သွားရင်းပြောနေ၏။

"ငါ့ဘာသာ သွားမှာလေ၊ သူလား သူက အိမ်မှာပဲနေပြီး အိမ်အလုပ်လုပ်ရမှာပေါ့၊ သူ သွားရင်တောင် သူ ဘာမှနားလည်မှာမဟုတ်ဘဲ သူ့စာအုပ်တွေ ဖတ်နေရုံရှိလိမ့်မယ်"

ထိုနေရာ၌ရပ်နေသောကောင်လေးသည် တစ်စတစ်စဖျော့တော့သွားသည့်အသံအား နားထောင်နေပြီးမှထွက်သွားတော့သည်။

ရှန်းထင်းကျိုးသည် ကောင်လေးထံကြည့်နေရာမှ အမွှေးပွကီးချိန်းလေးကျခဲ့သည်ကို သတိပြုမိလိုက်၏။ သူ ထိုကာင်လေးအား လှမ်းခေါ်လိုက်သည်။

ကောင်လေးမှလှည့်ကြည့်လာရာ ရှန်းထင်းကျိုး ကြမ်းပြင်ထက်မှပစ္စည်းအားကောက်ကာ မေးလိုက်၏။

"ဒါ မင်းဟာမလား"

ကောင်လေးသည် မျက်မှန်အားပင့်တင်ကာ ပြန်လှည့်လာပြီးပြောလာသည်။

"ဟုတ်ပါတယ် ကျေးဇူးပါပဲ"

ရှန်းထင်းကျိုးမှာ ရုတ်တရက်ပြောလိုက်၏။

"ကိုယ်လည်း စာကြမ်းပိုးဆိုပြီးအခေါ်ခံခဲ့ရဖူးတယ်၊ ဒါပေမယ့် ကျောင်းနေအရွယ်မှာ စာကြိုးစားတာကစွမ်းရည်တစ်ခုပဲ၊ကောင်းကောင်းမွန်မွန်လေ့လာသင်ယူခြင်းကလည်းပဲ စွမ်းဆောင်ရည်အမျိုးအစားတစ်ခုပဲလေ"

ကောင်လေးသည် ကီးချိန်းအားပြန်ယူရင်း သိမ်မွေ့ငြင်သာစွာ ရှန်းထင်းကျိုးထံမော့ကြည့်လာကာ ထပ်ပြောလာ၏။

"ကျေးဇူးပါပဲ"

သူတို့စကားပြောနေစဉ်မှာပင် ဆယ်ကျော်သက်လေးမှာ ဒေါသတကြီးပြန်ရောက်လာပြီး ရှန်းထင်းကျိုးထံ ရန်လိုစိတ်ဖြင့်ကြည့်လာသည်။

ကောင်လေးသည် သူ့ရည်ရွယ်ချက်ဆိုးအား အာရုံခံမိရာဆယ် ကျော်သက်လေးကို မြန်မြန်‌ဆွဲထားလိုက်၏။

ဆယ်ကျော်သက်လေးသည် သူ့အားကြည့်ပြီးနောက် ရှန်းထင်းကျိုးထံပြောလာသည်။

"မင်းအသက်အရွယ်မှာ မင်းရဲ့ပင်စင်ငွေကိုပဲ စုဆောင်းနေသင့်တယ်၊ ကောင်လေးငယ်ငယ်လေးတွေကို အခွင့်ကောင်းယူဖို့လုပ်မနေနဲ့၊ မင်းကျန်းမာရေးကို ဂရုစိုက်တာပိုကောင်းတယ်လေ"

၂၈နှစ်အရွယ် ရှန်းထင်းကျိုး : ......ငါ့ ကြည့်ရတာ အဲ့လောက်အိုနေတဲ့ပုံပေါ်နေလို့လား ??

ဆယ်ကျော်သက်လေးမှ ရိုက်ပေါက်များဆက်ပြောရန်လုပ်လိုက်စဉ် သူ့ဂုတ်ပိုးအား လက်တစ်ဖက်မှရုတ်ချည်းဆွဲကုတ်လာ၏။ ထိုဆွဲကုတ်မှုမှာ ပြင်းထန်လှရာ သူ့ဂုတ်ပိုးတစ် လျှောက် ထုံကျဉ်စူးနင့်သွားတော့သည်။

ဆယ်ကျော်သက်လေးသည် သူ့လက်သီးအားဝှေ့ယမ်းကာ သူ့နောက်ရှိလူအား လှည့်ကြည့်လိုက်ရာ သူ့မျက်နှာထက်ရှိကြမ်း ကြုတ်မှုတို့မှာ ချက်ချင်းတောင့်တင်းသွားတော့၏။

အန္တရာယ်ရှိသော အရှိန်အဝါဖြင့်ရှုရွှင်းသည် အေးစက်စွာမေးလိုက်သည်။

"မင်း ဘဝကို ဘယ်သူက ဂရုစိုက်ပေးနေတာလဲ ?"

ဆယ်ကျော်သက်လေးသည် ခေတ္တမျှဆွံ့အသွားခဲ့ပြီး ဆွဲကုတ်မှုမှာလည်း သူ့ဂုတ်ပိုးအားနာကျင်နေစေ၏။

ကောင်လေးသည် ဆယ်ကျော်သက်လေးအား ကူညီချင်နေပေသိ ရှုရွှင်းအရှိန်အဝါကြောင့် ထိတ်လန့်သွားမိရာ သူ ရှန်းထင်းကျိုးအား အကူအညီတောင်းရန်ကြည့်လာသည်။

ရှုရွှင်းမှဆယ်ကျော်သက်လေးအား သိနေသည်ကိုမြင်လိုက်ရရာ ရှန်းထင်းကျိုးမှပြောလိုက်သည်။

"နားလည်မှုလွဲတာလေးပါပဲ၊ သူ့ကို တောင်းပန်ခိုင်းရုံနဲ့တင် ပြီးသွားမှာပါ"

ရှုရွှင်းသည် ဆယ်ကျော်သက်လေး၏ဂုတ်ပိုးအားဆုပ်ကိုင်ထားရင်း ရှန်းထင်းကျိုးဘက်သို့ သူ့မျက်နှာအား အားသုံးလှည့်ပေးလိုက်သည်။

"တောင်းပန်လိုက်"

ဆယ်ကျော်သက်လေးမှာ သတိထားနေပုံရပြီး တီးတိုးပြောလိုက်၏။

"ကျွန်တော် တောင်းပန်ပါတယ်"

ရှုရွှင်းသည် သူ့ ကုတ်ယူမှုထဲ အားထည့်ကာ "မင်း ဘာမှမစားရသေးဘူးလား"

ဆယ်ကျော်သက်လေး၏ဂုတ်ပိုးမှာနာကျင်နေပြီး သူသည်ရှန်းထင်းကျိုးရှေ့၌ ဦးညွှတ်ရန်ဖိအားပေးခံနေရသည်။ သူသည်မသိစိတ်အရ ရုန်ကန်လိုက်သော်ငြား ရှုရွှင်းမှာမြန်မြန်ထပ်ဖိချလိုက်၏။

ဆယ်ကျော်သက်လေးမှာ ကျယ်ကျယ်ပြောရုံမှတစ်ပါး ရွေး ချယ်စရာမရှိတော့၍ ရှန်းထင်းကျိုးထံပြောလိုက်သည်။

"ကျွန်တော် တောင်းပန်ပါတယ်"

တောင်းပန်ခိုင်းပြီးနောက် ရှုရွှင်းသည် လေသံပြောင်းသွားကာ

"တောင်းပန်စကားတစ်ခွန်းက လုံလောက်ပြီလား"

ရှန်းထင်းကျိုး : .....

ဆယ်ကျော်သက်လေး : ......

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment