no

Font
Theme

🩺 Chapter 129

စုယွီမှ ယွီကျွီရုန် ချစ်ကျွမ်းဝင်နေသည်ဟု ပြောသောအခါ ရှန်းထင်းကျိုး၏ ပထမဆုံး တုံ့ပြန်မှုသည် ကျိုးဇီထန်းလား ဟူ၍ ဖြစ်သည်။

ဒါပေမယ့် ဒါက ဖြစ်နိုင်လို့လား? ရှောင်ကျိုး၏ စရိုက်အရ ယွီကျွီရုန်နှင့် တွဲနေကြမည်မဟုတ်ချေ၊ သူတို့ ခေါင်းချင်းဆောင့်နေကြတယ်ဆိုတာကမှ ပိုဖြစ်နိုင်ချေရှိသေးတယ်။

ရှန်းထင်းကျိုး အမူအရာအကြိမ်ကြိမ် ပြောင်းလဲနေသည်ကို မြင်လိုက်ရသော စုယွီ ခေါင်းစောင်းလိုက်ကာ မေးလိုက်သည်။

"မင်း ဖိုရမ်မှာ မတွေ့လိုက်ဘူးလား?"

ရှန်းထင်းကျိုး စိတ်ရှုပ်ထွေးစွာဖြင့် ခေါင်းယမ်းလိုက်သည်။ ဖိုရမ်မှာ ဘာဖြစ်လို့လဲ?

စုယွီ သူ့သကြားလုံးကို လျက်လိုက်သည်။

"ဖိုရမ်ပေါ်က လူတိုင်း ယွီကျွီရုန် ချစ်မိနေပြီလို့ ပြောနေကြတယ်လေ၊ ငါထင်တာတော့ သူ့ပါတနာက မင်းရဲ့ အချစ်လေး ရှောင်ကျိုး ဖြစ်လောက်တယ်"

"..."

ရှန်းထင်းကျိုး စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။

"ရှောင်ကျိုးက ငါ့ရဲ့ သူငယ်ချင်းပါ"

စုယွီ သူ၏ဗိုက်ကို ကိုင်ပြီး ညည်းညူလိုက်သည်။

"ဟုတ်ပါတယ်၊ ရှောင်ကျိုးက အခုတော့ အတိတ်ဖြစ်သွားပြီပေါ့၊ မင်းရဲ့ လက်ရှိအချစ်လေးက ရှုရွှင်းပါ၊ ငါနဲ့ ငါ့ရဲ့ ကလေးက ဘယ်တော့မှမဖြစ်နိုင်ပါဘူး"

ရှန်းထင်းကျိုး ချောချောမွေ့မွေ့နှင့် အကြောင်းအရာပြောင်းလိုက်သည်။

"မင်းမွေးရက်က ဖေဖော်ဝါရီလလယ်လောက် မဟုတ်လား?"

စုယွီ ပြန်မဖြေဘဲ ရှန်းထင်းကျိုးကို မေးလိုက်သည်။

"ငါမွေးတဲ့နေ့မှာ ဒေါက်တာရှန်း လာမှာလား?"

ရှန်းထင်းကျိုး ခိုင်မာစွာဖြင့် ပြန်ဖြေလိုက်သည်။

"ငါ သေချာပေါက် လာခဲ့မယ်"

သူသာ မလာဘူးလို့ပြောရဲရင် စုယွီ ဒီနေ့ မဟာတံတိုင်းကြီးကို ပြိုကျအောင် ငိုလောက်သည်။

စုယွီ ကျိန်းသေပင် စိတ်တိုင်းကျသွားသည်။ ယွီမင်ယန် အောက်ထပ်ဆင်းလာသောအခါ သူ ပျော်ရွှင်စွာဖြင့် ပြေးသွားပြီး

"အားယန်၊ ဒေါက်တာရှန်းက ငါ့အတွက် သူကိုယ်တိုင် ကလေးမွေးပေးမယ်လို့ ပြောတယ်"

ရှန်းထင်းကျိုး တုန်လှုပ်သွားသည်။ သူက သားဖွားဆရာဝန်မဟုတ်ဘူးလေ၊ သူ ကလေးမမွေးတတ်ဘူး!!!

စုယွီ ဆက်ပြောသည်။

"ငါ ဗိုက်ခွဲမွေးရင်လည်း ဒေါက်တာရှန်းက သူ ချုပ်ရိုးချုပ်ပေးမယ်တဲ့"

ရှန်းထင်းကျိုး: ငါ မပြောခဲ့ပါဘူးဟ!

သူ့ချုပ်ရိုးချုပ်ခြင်း စကေးမှာ ကောင်းသော်လည်း နှစ်ပေါင်းများစွာ အလေ့အကျင့်မရှိတော့သောကြောင့် သူ့ကိုယ်သူပင် မယုံကြည်နိုင်ချေ။

စုယွီ ထပ်ပြောပြန်သည်။

"ဒေါက်တာရှန်းက မွေးပြီးကာစ ကလေးလေးကို သူကိုယ်တိုင် ရေချိုးပေးမယ်လို့လည်း ပြောသေးတယ်"

ရှန်းထင်းကျိုး မွေးကင်းစကလေးကို တစ်ခါမှ မကိုင်ဖူးချေ။ သူတို့၏အတွင်းအင်္ဂါအစိတ်အပိုင်း အများစုမှာ အပြည့်အဝမဖွံဖြိုးသေးချေ၊ သူ ဘယ်လိုလုပ် ရေချိုးပေးရဲမှာလဲ? နားမှာပိုးဝင်သွားရင် ဘယ်လိုလုပ်မလဲ?!

စုယွီ ဆက်လက်ပြောဆိုနေဆဲပင်။

"ဒေါက်တာရှန်းက ပြောသေးတယ်..."

စုယွီ ပိုပြီး အဓိပ္ပာယ်မရှိတာတွေ ပြောလာမည်ကို စိုးရိမ်သော ကြောင့် ရှန်းထင်းကျိုးက အမြန်စကားဖြတ်ပြောလိုက်သည်။

"ငါက... ဘာမှမလုပ်ရတဲ့ လာဘ်ကောင်လေးအဖြစ်ပဲ နေမယ်လေ"

သားဖွားပညာက သူ့ ကျွမ်းကျင်မှုနယ်ပယ်မဟုတ်ပါချေ။

ရှန်းထင်းကျိုးက သူ့စွမ်းရည်ကို ရှင်းရှင်းလင်းလင်း နားလည်ထားသော်လည်း စုယွီသည် နားမလည်ချေ။ သူ ခေါင်းလှည့်ကြည့်လာပြီး "ဒေါက်တာရှန်း၊ မင်းက ဘယ်လိုလုပ်ပြီး လာဘ်ကောင်လေးဖြစ်နိုင်မှာလဲ? မင်းက ငါတို့မိသားစုရဲ့ အရေးအကြီးဆုံးနဲ့ မရှိမဖြစ် အဖွဲ့ဝင်လေ၊ ဟုတ်တယ်မလား အားယန်"

ယွီမင်ယန် ပြုံးလျှက် ခေါင်းညိတ်လိုက်သည်။ "ဒါပေါ့"

ရှန်းထင်းကျိုး: ...မင်းတို့ မိသားစုရဲ့ အသိအမှတ်ပြုပေးမှုအတွက် ကျေးဇူးတင်ပါတယ်လို့

ယွီမင်ယန် စုယွီ၏ ခေါင်းကို ပုတ်ပေးရင်း "မင်း ကြိုက်ရင် ဒေါက်တာရှန်းကို ချုပ်ခိုင်းလိုက်လေ"

ရှန်းထင်းကျိုး အံ့အားသင့်သွားပြီး "ငါ့ကို အဲ့လောက် မယုံ ကြည်နဲ့လေ!"

စုယွီ သူ့ကို လျစ်လျူရှုကာ ယွီမင်ယန်ကိုသာ ခေါင်းတဆတ် ဆတ်ညိတ်ပြလိုက်ပြီး

"ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ ဒေါက်တာရှန်းကို ချက်ကြိုးလည်း ဖြတ်ခိုင်းချင်သေးတယ်"

ယွီမင်ယန် ရှန်းထင်းကျိုးကို ပြုံးပြလိုက်သည်။

"ဒါဆိုလည်း ဒေါက်တာရှန်းကို ဒုက္ခပေးရပြီ"

ရှန်းထင်းကျိုး: ...

ဒီနှစ်ယောက် နောက်နေတာလား၊ တစ်ကယ်ပြောနေတာလားဆိုတာတောင် ငါ မသိတော့ဘူး!

¡

ကိုယ်ဝန်နှောင်းပိုင်းတွင် ပင်ပန်းလွယ်သည်၊ ဟူစီရင်စု၏ ထူးခြားသော ဖွဲစည်းပုံနှင့်ပင် ခြွင်းချက်မဟုတ်ချေ။

သူ ထကြွသောင်းကျန်းပြီးနောက်မှာတော့ ဆိုဖာပေါ်မှာ ထိုင်လျှက် ယွီမင်ယန်ကို မှီကာ အိပ်ပျော်သွားတော့သည်။

ရှန်းထင်းကျိုး တိတ်တိတ်လေး ထရပ်ပြီး ယွီမင်ယန်ကို မေးသည်။

"စောင် ယူလာပေးရမလား?"

ယွီမင်ယန် ခေါင်းယမ်းကာ "မလိုပါဘူး၊ ဒီမှာ အိပ်ရင် သက်တောင့်သက်သာ မရှိဘူး၊ သူ့ကို ချီပြီး အိပ်ရာထဲ သယ်ပေး လိုက်မယ်"

ရှန်းထင်းကျိုး ဆက်မနေချင်တော့ချေ။ မထွက်ခင် ယွီမင်ယန်နှင့် အတည်ပြုသည်။

"ဗိုက်ခွဲမွေးတာက..."

ယွီမင်ယန် ပြုံးလိုက်ကာ "နောက်တစ်ခါ ဒေါက်တာရှန်း လာရင် အရုပ်တုတစ်ခုယူလာပြီး ရှောင်ယွီ ကြည့်လို့ရအောင် ချုပ်ပြလိုက်ပါ"

"ဒါက သိပ်မကောင်းဘူး"

ရှန်းထင်းကျိုးက အိပ်နေသော စုယွီကို ကြည့်ပြီး စိုးရိမ်စွာဖြင့် ပြောလိုက်သည်။

"မစ္စတာရှောင်ယွီကို လန့်အောင်လုပ်မိသွားလိမ့်မယ်မလား ?"

ယွီမင်ယန် စုယွီ၏ ဒူးအောက်မှ ကိုင်ပြီး အားစိုက်ထုတ်စရာပင် မလိုဘဲ ချီလိုက်သည်။

"စိတ်မပူပါနဲ့၊ သူကို မလန့်စေပါဘူး"

ယွီမင်ယန် ဤကဲ့သို့ ပြောသည်ကို ကြားချိန် လက်မှုပညာတွင် စိတ်ဝင်စားသော ရှောင်ရှန်းစိတ်ကူးရသွားသည်။ သူ လုပ်ပြီး ဗိုက်ခွဲပြီးနောက် အရုပ်သေးသေးလေး ဆွဲထုတ်ယူ၍ ရသော ကိုယ်ဝန်ဆောင် အရုပ်တုတစ်ခု ပြုလုပ်ရန် စီစဥ်လိုက်သည်။

ယွီမင်ယန် စုယွီကို ဖြေးဖြေးနှင့် မှန်မှန် အခန်းထဲ ပို့ပြီး အိပ်ရာထဲ ထည့်လိုက်သည်။ အိပ်နေသော ကိုယ်ဝန်ဆောင်သည် ဖခင်ဖြစ်သူမှာ အနည်းငယ် လှုပ်ရှားသွားပြီး မျက်စိကို ဖွဖွဖွင့်လာသည်။

စုယွီ အိပ်ချင်မူးတူးနှင့် မျက်လုံးကို ပွတ်သပ်ရင်း"ဒေါက်တာရှန်း ထွက်သွားပြီလား?"

ယွီမင်ယန် သူ့လက်ကို ဖယ်ပေးလိုက်ပြီး သူ့မျက်ခွံကို နှစ်ကြိမ်မျှ နမ်းလိုက်ကာ "ထွက်သွားပြီ၊ ဆက်အိပ်တော့"

စုယွီ ယွီမင်ယန်ကို ပွေ့ဖက်ပြီး သူ့ပခုံးတွင် ပွတ်သပ်ရင်း "ဒေါက်တာရှန်းကို ငါ့ ခွဲရာချုပ်ခိုင်းချင်တယ်"

ယွီမင်ယန် စုယွီကျောကို ပွတ်သပ်ရင်း "ဒေါက်တာရှန်းကို တုန်ယင်သွားလောက်အောင် မင်းလေး ခြောက်လန့်ချင်နေတာပေါ့လေ"

စုယွီ နှုတ်ခမ်းများ ကွေးညွတ်သွားပြီး "ဒါပေမယ့် ဒီလို လန့်နေတဲ့ ဒေါက်တာရှန်းက ချစ်စရာအကောင်းဆုံးပဲ"

ယွီမင်ယန် စုယွီကို ထပ်နမ်းလိုက်ပြီး "အိပ်တော့"

စုယွီ ဖြည်းဖြည်းချင်း သူ့မျက်လုံးများကို မှိတ်လိုက်ကာ ယွီမင်ယန့်ရင်ခွင်ထဲတွင် လုံးလုံးအိပ်ပျော်သွားသည်။

ရှန်းထင်းကျိုး စုယွီအိမ်မှ ထွက်လာသည်။ သူ့ကား ထွက်လိုက်သည်နှင့် ချင်ရှစ်ယောင်၏ဗီဒီယိုကောလ် ခေါ်ဆိုမှုပေါ်လာခဲ့သည်။

ချင်ရှစ်ယောင်သည် ပုံမှန်အားဖြင့် ဖုန်းခေါ်ဆိုခြင်း၊ သို့မဟုတ် မက်ဆေ့ချ်ပို့ခြင်းကိုသာလုပ်တတ်သည်။ တိုက်ရိုက် ဗီဒီယိုကောလ် ခေါ်ဆိုခြင်းမှာ ရှားလှသောကြောင့် ရှန်းထင်းကျိုး စိတ်ဝင်တစားနှင့် လက်ခံလိုက်သည်။

တုန်နေသော ကင်မရာမြင်ကွင်းထဲတွင် ချင်ရှစ်ယောင်၏ စိတ်လှုပ်ရှားနေသော အသံက ထွက်ပေါ်လာသည်။

"သူ့မိန်းမကို မီးသင်္ဂြိုဟ်ရုံထိလိုက်နေတာဟဲ့၊ မြန်မြန် ကြည့်ကြည့်လိုက်!"

ရှန်းထင်းကျိုး ချင်ရှစ်ယောင်အား ဖုန်းချချင်သွားရသည်။ သူ့မှာ "သူ့ဇနီးကို မီးသင်္ဂြိုဟ်ရုံထိ လိုက်တယ်" ဆိုသော မြင်ကွင်းကို အကြိမ်ကြိမ်ကြည့်ဖူးသောကြောင့် အထူးတလည် အသစ် အဆန်းမဟုတ်တော့ချေ။

ဤသည်မှာ သူ ကျိုးဇီထန်းနှင့် ယွီကျွီရုန်တို့အား မြင်လိုက်သည်အထိသာ ဖြစ်သည်။ ရှန်းထင်းကျိုး၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားရသည်။

သူ စကားတစ်သွားရပြီး "ဒီနှစ်ယောက်က..."

ချင်ရှစ်ယောင် သူ့အော်ဟစ်ချင်စိတ်ကို ဖိနှိပ်ထားရသည်။ "ဟုတ်တယ်၊ ဟဲရန်ထင်းက နောက်ဆုံးတော့ သူ့ဇနီးကို လိုက်နေပြီဟေ့!"

ဟဲရန်ထင်း ?

ရှန်းထင်းကျိုး အာရုံစိုက်ကြည့်လိုက်ချိန် ဟဲရန်ထင်းမှာလည်း အမှန်ပင် ရိုက်ကွက်ထဲတွင် ရှိနေသည်ကို တွေ့လိုက်ရသည်။

သုံးယောက်သား ပေါယွဲဟိုတယ် ရှေ့တွင် ရှိနေကြသည့်ပုံ ရပြီး ကျိုးဇီထန်း နောက်မှာ စကျင်ရုပ်တုများကို ဝိုးတဝါးမြင်နေရသည်။

ချင်ရှစ်ယောင် သူ့ပစ်မှတ်ဆီသို့ထူးဆန်းသည့်ဟန်ဖြင့် ရွေ့လျား နေသောကြောင့်ထင် ကင်မရာမှာ မငြိမ်ချေ။

တခဏအကြာတွင် ကျိုးဇီထန်းသည် ရိုက်ကွက်ထဲတွင် ရှိနေပြီး သူ့ဘေးမှာတော့ ဟဲရန်ထင်း၏တင်းမာနေသော မျက်နှာကို မြင်လိုက်ရကာ ယွီကျွီရုန်ကတော့ ကားကို မှီပြီး ရပ်နေလျှက်ရှိပြီး ဒေါသထွက်ချင်စရာ အပြုံးကြီးဆက်ပြုံးနေဆဲပင်။

သူ့ကို ဒီလိုမြင်လိုက်ရချိန် သူမှာ စီစဉ်ထားတဲ့ အကြံအစည် တစ်ခုခု ရှိနေမယ်ဟု ရှန်းထင်းကျိုးက ခံစားလိုက်မိသည်။

ချင်ရှစ်ယောင် အကောင်းဆုံးထောင့်ကို ရှာတွေ့ချိန်မှာတွင် သုံးယောက်စလုံးမှာ နောက်ဆုံးတော့ ရှန်းထင်းကျိုးရဲ့ "မြင်ကွင်း" ထဲတွင် ပေါ်လာခဲ့သည်။

"ဒါက..." ရှန်းထင်းကျိုး အံ့အားသင့်ပြီး စိတ်ရှုပ်ထွေးသွားကာ

"ဘာဖြစ်နေကြတာလဲ ?"

ဤအကြောင်းကို ပြောရမယ်ဆိုလျှင် ချင်ရှစ်ယောင်တွင် မကျေနပ်ချက် အပြည့်ရှိနေခဲ့သည်။

"ငါလည်း မသိဘူးလေ။ ငါ့မှာ ဘီလီယံနဲ့ချီတဲ့ ပိုင်ဆိုင်မှုတွေရှိနေတယ်၊ ဒါပေမယ် ညဘက် အလုပ်လေးတောင်မလုပ်နိုင်ဘူးဘယ်လောက် မုန်းစရာကောင်းလိုက်လဲ!"

ရှန်းထင်းကျိုး ဒီလူချမ်းသာတွေ တကယ်ကို မုန်းစရာကောင်းတယ်၊ သူတို့ရဲ့ ချမ်းသာကြွယ်ဝမှုတွေကို ဒီလိုထူးခြားတဲ့နည်းနဲ့ ပြနေကြတယ်ဟု တွေးလိုက်မိသည်။

ချင်ရှစ်ယောင် ဖုန်းကို ပိုနီးအောင် ကိုင်ထားလိုက်ပြီး ကျိုးဇီထန်းအသံကို ကြားလာရသည်။

သူ ယွီကျွီရုန်ဆီသို့ လမ်းလျှောက်သွားရင်း ကိုယ်ကိုလှည့်လျှက် ဟဲရန်ထင်းကို ပြောလိုက်သည်။

"အစ်ကို၊ အခု အရေးကြီးကိစ္စရှိနေလို့။ နောက်နေ့မှ ပြောကြရအောင်"

ဤစကားကို ကြားချိန် ဟဲရန်ထင်း၏ မျက်နှာမှာ ပိုပြီးမည်းမှောင်သွားသည်။

"အရင်ဆုံး ငါနဲ့ ပြန်လိုက်ခဲ့"

ကျိုးဇီထန်း ရပ်သွားပြီး ဒုက္ခရောက်နေသည့်ပုံနှင့် "ဒါပေမယ့်..."

တစ်ဖက်မှ ယွီကျွီရုန်က လောဆော်လိုက်သည်။

"မြန်မြန်လုပ်၊ ငါတို့ အချိန်မရှိတော့ဘူး"

ကျိုးဇီထန်း မျက်မှောင်ကျုံ့ပြီး ဘေးကို တစ်ချက် လှည့်ကြည့်လိုက်ကာ နောက်ဆုံးမှာ အံကြိတ်ပြီး ယွီကျွီရုန်ဆီသို့ လျှောက်သွားတော့သည်။

ဟဲရန်ထင်း မျက်လုံးထဲတွင် ဒေါသများ လက်သွားကာ

"ဟဲဇီထန်း!"

ချင်ရှစ်ယောင်၏ မျက်လုံးများ ကားမီးများကဲ့သို့ အလင်း ရောင်များ တောက်ပလာပြီး "'သူ့ဇနီးကို မီးသင်္ဂြိုဟ်ရုံထိ လိုက်တယ်' ရဲ့ ဂန္ထဝင်မြင်ကွင်း ‘- သူ့ဇနီးက သူ့မျက်စိရှေ့မှာပဲ အခြားယောက်ျားနဲ့ ထွက်သွားတာပဲဟ! ရှောင်ကျိုး၊ နောက်ဆုံးတော့ မှန်ကန်တဲ့ အရာကိုလုပ်ခဲ့တာပဲ ဒီမားမားက မင်းကို ဂုဏ်ယူတယ်"

ရှန်းထင်းကျိုး: ...

သူက "ဇနီး" ဆိုတဲ့ စကားလုံးနဲ့ ကျိုးဇီထန်းကိုရော၊ ချင်ရှစ်ယောင်ကို ကျိုးဇီထန်းရဲ့ "မားမား" အဖြစ်နဲရော တွဲမမြင်နိုင်ဘူးပဲ။

ကျိုးဇီထန်းက ယွီကျွီရုန်၏ခရီးသည်ထိုင်ခုံ တံခါးကို ဆွဲဖွင့်လိုက်ပြီး ဟဲရန်ထင်းဘက် လှည့်ကာ "အစ်ကို၊ တကယ်ကို အရေးကြီးတဲ့ ကိစ္စရှိနေလို့ပါ"

ဟဲရန်ထင်း မလှုပ်မယှက်နှင့်ဘဲ အေးစက်စွာပြောလိုက်သည်။ "အခု ငါနဲ့ ပြန်လိုက်ခဲ့၊ ငါ မင်း မားဆီဖုန်းခေါ်လိုက်ရမှာလား?"

ဟဲရန်ကျယ်ကို ဟဲရန်ထင်းမှထုတ်ပြောမယ်လို့ မမျှော်လင့်ထားမိပုံရပြီး ကျိုးဇီထန်း ခဏမျှ တုံ့ဆိုင်းသွားသည်။

ယွီကျွီရုန် စိတ်ရှည်မှု ကုန်ဆုံးသွားကာ ကျိုးဇီထန်းကို ကားထဲသို့ ဆွဲသွင်းလိုက်သည်။

ဟဲရန်ထင်း ခြေလှမ်း အနည်းငယ် ရှေ့တိုးလိုက်သော်လည်း ယွီကျွီရုန်မှာ ကားကို ပြန်လှည့်လိုက်ကာ ဟဲရန်ထင်းနှင့် မီတာဝက်မျှ နီးသော နေရာတွင် ကားနောက်မြီးကို ပွတ်ဆွဲသွားကာ ကျိုးဇီထန်းနှင့်အတူ ထွက်ခွာသွားသည်။

ချင်ရှစ်ယောင် ပျော်ရွှင်စွာနှင့် ပြောလိုက်သည်။ "အရမ်းကို အားရတာပဲ!"

ရှန်းထင်းကျိုး ဟဲရန်ထင်းမှာ ထိုနေရာတွင် ဒေါသထွက်ပြီး ရပ်နေသည်ကို ကြည့်ရင်း ကျိုးဇီထန်းကို အခြားတစ်ယောက် ယောက်များ ဝင်ပူးသွားသလားဟု တွေးမိသွားသည်။ သူသည် ဟဲရန်ထင်းနှင့်အတူ မပြန်ခဲ့ဘဲ ယွီကျွီရုန်နှင့်အတူ ထွက်ခွာသွားရန် ရွေးချယ်ခဲ့သည်။

ဤသည်မှာ ရှန်းထင်းကျိုးအတွက် နားလည်ရန် အလွန် ခက်ခဲလှသည်။

ရှန်းထင်းကျိုး အံ့အားသင့်နေချိန်မှာပဲ ဟဲရန်ထင်းမှ ဖုန်းခေါ်လာခဲ့သည်။

ရှန်းထင်းကျိုးလက်မှာ အနည်းငယ် တုန်ယင်သွားပြီး မတော် တဆ ဖုန်းကို လက်ခံလိုက်မိသည်။ သူ့ကိုယ်သူတည်ငြိမ်အောင် လုပ်လိုက်ပြီး မေးလိုက်သည်။

"ဘာကိစ္စရှိလို့လဲ ဥက္ကဌဟယ် ?"

ဟဲရန်ထင်း၏ အေးစက်သော အသံကို ကြားလိုက်ရသည်။

"ဒေါက်တာရှန်း၊ ဇီထန်း လတ်တလော ဘာတွေလုပ်နေတယ်ဆိုတာ သိလား?"

စကားလုံးတွေက သူ့ပါးစပ်ကို ပူလောင်သွားစေသကဲသို့ပင် ရှန်းထင်းကျိုး ခဏမျှ အာစေးမိနေပြီးနောက်မှ ပြန်ဖြေလိုက်သည်။

"ကျွန်တော်လည်း... မသိပါဘူး"

ဟဲရန်ထင်းက ကျိုးဇီထန်းနှင့်ပတ်သတ်ပြီး ဘာကြောင့် သူ့ကို ဖုန်းခေါ်သည်ကိုလည်း သူ နားမလည်ချေ။

ဟဲရန်ထင်းက ပြောလိုက်သည်။

"သူ လတ်တလော မကောင်းတဲ့ သူငယ်ချင်းတွေနဲ့ ပေါင်းနေတာထင်တယ်၊ ဒေါက်တာရှန်း၊ ကျေးဇူးပြုပြီး ငါ့ဒေါ်လေးကို တွေ့ရင် သူ့ကို ပြောပြပေးပါဦး၊ သူ့ကိုယ်သူ ပျက်စီးသွားအောင် မလုပ်မိအောင်လို့ပေါ့"

ရှန်းထင်းကျိုး သဘောတူလိုက်သည်။

"...အိုကေ"

ဟဲရန်ထင်း နောက်ထပ် ဘာမှထပ်မပြောတော့ဘဲ ဖုန်းချသွားသည်။

ချင်ရှစ်ယောင်မှ မေးခွန်းအမှတ်အသားတစ်စုံ ပို့လာပြီး ဘာလို့ ရုတ်တရက် ဖုန်းချသွားတာလဲဟု မေးလာသည်။

ရှန်းထင်းကျိုးက ဖုန်းဝင်လာလို့ဟု ရှင်းပြလိုက်သော်ငြား ချင်ရှစ်ယောင်ကို ဟဲရန်ထင်းဆီမှ ဖုန်းလို့တော့ မပြောလိုက်ပေ။

ချင်ရှစ်ယောင်မှာတော့ ချင်ရှစ်ယောင်ဆိုသည့်အတိုင်း ချက် ချင်း သိသွားပြီး စိတ်လှုပ်ရှားစွာနှင့် မေးလာသည်။

"ဟဲရန်ထင်းမလား? ရှောင်ကျိုး ဘယ်သူနဲ့ထွက်သွားတယ်ဆိုတာ နင့်ကို မေးတာလား? ဟုတ်လား၊ ငါ့ကို ပြောပြ၊ ဟုတ်တယ်မလား!"

ရှန်းထင်းကျိုး၏ နားစည်များမှာ ချင်ရှစ်ယောင်မေးခွန်းများကြောင့် ပေါက်ကွဲသွားတော့မတတ်ပင်ဖြစ်သွားသည်။

ရှန်းထင်းကျိုး ဆိတ်ဆိတ်နေသည်ကို မြင်သော ချင်ရှစ်ယောင် ရယ်မောလိုက်သည်။

"သူပဲဆိုတာ သေချာတယ်! ဒါက မီးသင်္ဂြိုဟ်ရုံကို လိုက်တာရဲ့ ဆွဲဆောင်မှုပဲ! သူ မင်းကို လိုက်တုန်းက မင်းက မောက်မာပြီး အေးစက်နေခဲ့တယ်၊ အခု မင်းကို မလိုက်တော့တဲ့အခါ မင်းက စိတ်ပူနေရပြီ၊ ဟားဟား၊ မင်းနဲ့ ထိုက်တန်တယ်!"

ရှန်းထင်းကျိုး မနေနိုင်ဘဲ ပြောလိုက်သည်။

"အများဆုံး အဲဒါက 'ညီကို လိုက်တဲ့'အခြေအနေပဲရှိသေးတာပါ"

ချင်ရှစ်ယောင် ရက်စက်သော အမှန်တရားကို မကြားလိုဘဲ ရှန်းထင်းကျိုး၏ ဖုန်းကို ချလိုက်သည်။

ရှန်းထင်းကျိုး: ...

¡

ကျိုးဇီထန်းနှင့် ယွီကျွီရုန်တို့ ကြားတွင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာ သိနိုင်ရန် ရှန်းထင်းကျိုးက အိမ်ရောက်ရောက်ချင်း တစ် ခါတည်း ဧည့်ခန်းထဲကို တိုက်ရိုက်ဝင်သွားပြီး ဟူစီရင်စု တက်ဘလက်ကို ထုတ်ယူလိုက်သည်။

စုယွီ ဖိုရမ်ပေါ်မှ လူတိုင်းသည် ယွီကျွီရုန်မှာ ချစ်ကျွမ်းဝင်နေတဲ့ အကြောင်းကို ဆွေးနွေးနေကြတယ်ဟု ပြောခဲ့သည်။ သေချာ ပေါက်ပင်၊ သူဖိုရမ်ကို ဝင်လိုက်သည်နှင့် ပင်မစာမျက်နှာမှာ hotဖြစ်နေသော ခေါင်းစဉ်တစ်ခု ရှိနေသည်။

ဟူစီရင်စု ဖိုရမ်၏ နေ့စဉ်လှုပ်ရှားမှုမှာ အလွန်များပြားလေ့မရှိချေ။ hot အဖြစ်ဆုံးပို့စ်မှာကပင် ပျမ်းမျှအားဖြင့် reply ရာကျော်လောက်သာရှိလေ့ရှိသည်။

သို့သော် ဤပို့စ်တွင် reply ရှစ်ရာကျော်ဝန်းကျင်ရှိပြီး ခေါင်း စဉ်မှာ ပေါက်ကွဲအားပြင်းလှသည်—

"ခွေးကောင်လေး ယွီအာ ချစ်ကျွမ်းဝင်နေတာလား ?"

မူရင်း ပို့စ်တင်သူသည် ယွီကျွီရုန်၏ လက်ရာများကို အလွတ်ရနေသူဖြစ်ဟန်တူသည်။

"ယွီအာရဲ့ ရုပ်ရှင်တွေရဲ့ စတိုင်က စပြီး ပြောင်းလဲနေတယ်လို့ အခြားသူတွေ ခံစားမိကြလား? အထူးသဖြင့် နောက်ဆုံး ရုပ်ရှင် 'အိမ်ထောင်ရေး'မှာပဲ၊ ဒီရုပ်ရှင်က သူ့ ပုံမှန်စတိုက်နဲ့ မတူဘူး၊ ဒီရက်ပိုင်း အလုပ်မရှိတော့အိမ်မှာ သူ့ ရုပ်ရှင်တွေ အားလုံးကို ပြန်ကြည့်ဖြစ်သွားတယ်၊ ထူးဆန်းတာက'လေနှင့်လ' မှာ စပြီး ထူးဆန်းလာတာပဲ အစောဆုံး မူမမှန်တာက 'ဆရာဝန်' ဖြစ်လောက်တယ်..."

မူရင်းပို့စ်တင်သူသည် ယွီကျွီရုန်၏လတ်တလော ရိုက်ကူးမှု နည်းပညာများကို ကျွမ်းကျင်သူ ရှုထောင့်မှ ခွဲခြမ်းစိတ်ဖြာခဲ့သည်။

ရှန်းထင်းကျိုး သူ့ကိုယ်သူ လူကဲခတ်ကျွမ်းကျင်လှသည်ဟု ယူဆခဲ့သော်လည်း မူလပိုစ်တင်သူနှင့် နှိုင်းယှဉ်လျှင် သူသည် ဝက်စား ဂျင်ဆင်းသီးကဲ့သို့ ခံစားလိုက်ရသည်။

မူလပိုစ်တင်သူသည် ယွီကျွီရုန်၏လတ်တလော ရုပ်ရှင်များကို မှန်ဘီလူးဖြင့် စစ်ဆေးခဲ့ပြီး နောက်ဆုံးတွင်ကောက်ချက်ချခဲ့သည်- ယွီအာ တကယ်ချစ်ကျွမ်းဝင်နေတာဖြစ်နိုင်တယ်!

ဟူစီရင်စုဖိုရမ်မှ မည်သူမျှ ယွီကျွီရုန်ကို သဘောမကျကြသောကြောင့် ဤသတင်းကို ကြားသည့်အခါ လူတိုင်း ပေါက် ကွဲသွားသည်။

" မျက်စိကန်းနေတဲ့ ဘယ်လိုလူက ယွီအာကို ချစ်မှာလဲ ?"

"မယုံပါဘူး၊ ယွီအာလို လူမျိုးမှာ ရည်းစားရှိမှာတဲ့လား? သူ့ကို ဘယ်သူက သည်းခံနိုင်မှာလဲ ?"

"မဖြစ်နိုင်တာတွေ၊ လုံးဝမဖြစ်နိုင်ဘူး! သူ့မှာ ရည်းစားရှိရင် ငါ့ရဲ့နေ့တိုင်း သုံးခါရွတ်ခဲ့တဲ့ ကျိန်စာတွေက ဒီလောက်နှစ်တွေ အကြာကြီး အလုပ်မဖြစ်ခဲ့ဘူးလို့ပြောချင်တာလား ?"

လူတိုင်း ယွီကျွီရုန်ကို ကျိန်ဆဲကြသော်လည်း အများအားဖြင့် ဟာသအရသာဖြစ်ပြီး သူ့မှာ အဖော်ရှိသည်ဟု တကယ်မယုံ ကြည်ကြပါချေ။

ယွီကျွီရုန် ပေါ်လာသည့်အခါတိုင်း ပို့စ်မှာ အမှန်တကယ်ပင် လူကြိုက်များသည်။

မော်ဒရိတ်တာသည် ဖိုရမ်ပေါ်တွင် မုန်းလည်းမုန်းခံရသလို လူကြိုက်လည်း များသည်။ သူ ပေါ်လာသည့် အခါတိုင်း အာရုံ စိုက်မှုရလေ့ရှိသည်။

ဖိုရမ်တွင် မပေါ်ခဲ့သည်မှာ ကြာလှပြီဖြစ်သော ယွီကျွီရုန်မှာ ပိုစ်တွင် “.”ဖြင့် replyပြန်လာသည်။

သူ့ reply အောက်တွင် “.”များလည်း တန်းစီပေါ်လာတော့ သည်။

ရှစ်ဆယ့်တစ်ထပ် ရောက်မှသာ လူတစ်ဦးက “.”ကို ရပ်လိုက် ကာ မူလပိုစ်တင်သူကို tagလုပ်လိုက်သည်—

"နိုးထလော့၊ ဆက်မအိပ်နဲ့တော့၊ ဒီမှာ အလုပ်ရှိနေသေးတယ်လေ"

မူလပိုစ်တင်သူ အမြန်ပင် ပေါ်လာပြီး—

"ယွီအာ ပေါ်လာတယ်ပေါ့? ငါ သူ့ကို နားလည်သလောက်ဆိုလျှင် ဒီ”.”မှာ နက်နဲတဲ့ အဓိပ္ပာယ်ရှိတယ်။ ဘာကိုဆိုလိုတာလဲဆိုရင်၊ နေဦး ငါ သွားတိုက်ချည်ဦးမယ်"

အောက်မှ လူများသည် “.”ကို တကယ်ပင် စတင်ပြီး ခွဲခြမ်း စိတ်ဖြာကြတော့သည်။

"ဒီလို ပို့စ်တွေဆို ယွီအာရဲ့ ပုံမှန်အပြုအမူအရတော့ သူ လျစ် လျူရှုလိုက်မှာ၊ဒါမှမဟုတ် ဖျက်လိုက်မှာ၊ ဒါပေမယ့် ဒီနေ့ သူပြန်ဖြေလာတယ်၊ မူရင်းပိုစ်တင်တဲ့သူ ပြောတာမှန်တယ်လို့ ငါ ထင်တယ်— ယွီအာခွေးလေးက တကယ်ကို ချစ်ကျွမ်းဝင်နေပြီ!"

"အပေါ်လူကို ထောက်ခံတယ်"

"ငါလည်း အပေါ်ကလူကို ထောက်ခံတယ်"

"သဘောမတူဘူး။ ယွီအာက ဒီအတိုင်း သောက်ကျင့်ပုတ်နေရုံပဲ! ရည်ရွယ်ချက်ရှိရှိ “.”နဲ့ ပြန်ဖြေလာတာ၊ အဲဒါရဲ့ အဓိပ္ပာယ်ကို နေ့နေ့၊ညည ခန့်မှန်းခိုင်းပြီး ငါတို့ကို ဆံပင်ကျွတ်စေချင်၊ ကိုယ်အလေးချိန်တက်စေချင်၊ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်စေချင်ပြီး သူကတော့ ဟူစီရင်စုရဲ့ အချောဆုံး ယောက်ျားဖြစ်ချင်နေတာ၊ အရှက်မရှိတဲ့ကောင်!"

"အပေါ်ကလူ ပြောတာ မှန်တယ်!"

"၁၇၅ ထပ်မှာ ဉာဏ်ကြီးရှင်ပေါ်လာပြီဟ!”

“ ငါလည်း ယွီအာက တွေးတာက... ပြီးတော့ ငါတို့... နောက် ဆုံးမှာ ငါတို့... ဖြစ်သွား၊ မင်းလည်း ငါ့နဲ့ အတွေးတူရင် သဘောတူကြလား?"

“ ၂၄၅ကို သဘောတူတယ်၊ ငါ့လည်း ၂၄၅ထပ်နဲ့ အတွေးတူတယ်၊ ယွီအာက ဖြစ်ရ….ပြီးရင် ငါတို့….နောက်ဆုံး ငါတို့မှာ ….လူတိုင်း ငါပြောတာ သဘောတူကြလား?”

ယွီကျွီရုန် ထပ်မပေါ်တော့သော်လည်း အုပ်စုမှာ ဆက်လက်စနောက်ရယ်မောနေကြတုန်းပင်။

အစကတော့ ရှန်းထင်းကျိုးမှာ ကျိုးဇီထန်းနှင့် ယွီကျွီရုန် တွဲနေကြသည်ဟု မယုံကြည်သော်လည်း ယနေ့ ကျိုးဇီထန်း၏ ဟဲရန်ထင်းနှင့် ယွီကျွီရုန်အပေါ် သဘောထားနှင့်၊ ယွီကျွီရုန်၏ ပို့စ်ထဲတွင်  ဤကဲ့သို့ ရုတ်တရက် ထွက်ပေါ်လာမှုမှာ အတော်လေး ထူးဆန်းသည်။

ရှန်းထင်းကျိုး ပို့စ်မှ ထွက်လာပြီးနောက် ယွီကျွီရုန်၏ နောက် ဆုံး ရုပ်ရှင် "အိမ်ထောင်ရေး" ကို ဖွင့်ကြည့်လိုက်သည်။

ရုပ်ရှင်သည် ဗီဒီယိုအတိုလေးဖြစ်ပြီး လိုရင်းတိုရှင်းပင်၊ နတ် ဆိုးနှင့် နတ်ဘုရားတို့ အိမ်ထောင်ရေးဇာတ်လမ်းကို ဆယ်မိနစ်အတွင်း ပြောပြထားခြင်းဖြစ်သည်။

လက်ထပ်ပြီးနောက် နှစ်ဦးစလုံးတွင် ကိုယ်စီ ရည်ရွယ်ချက်များ ရှိပြီး တစ်ဦးမှာ နောက်တစ်ဦးထံမှ တစ်စုံတစ်ခု ရယူရန် ကြိုးစားကာ အိပ်ရာမှ ကြမ်းပြင်၊ထို့နောက် အိပ်ရာ တိုက်ခိုက်ကြခြင်းဖြစ်သည်။

ပထမဆုံးအကြိမ် ကြည့်လိုက်လျှင်တော့ ရှန်းထင်းကျိုးမှာ ၎င်းကို ယွီကျွီရုန်၏ပုံမှန် ရုပ်ရှင်ဟုသာ ထင်မိမည်ပင်။

အပြာဆန်သော်လည်း နက်နဲစွာ ရင်တထိတ်ထိတ်ဖြစ်စရာကောင်းပြီး ဘယ်တောမဆို သာမန်လမ်းကြောင်းအတိုင်း မလျှောက်ပါချေ။

သို့သော် မူလပိုစ်တင်သူ၏ လွှမ်းမိုးမှုကြောင့် ရှန်းထင်းကျိုးလည်း ၎င်းသည် သူ့ယခင် ရုပ်ရှင်များနှင့် မတူဘဲ ရလဒ်ကို ပိုမို အာရုံစိုက်နေသည်ဟု ခံစားရသည်။

မူလပိုစ်တင်သူက အနှစ်ချုပ်ပြောခဲ့သည်မှာ ယွီကျွီရုန်၏ ယခင်ရုပ်ရှင်များမှာ ရလဒ်ကို အာရုံမစိုက်ကာ၊ သူသည် မတူ ညီစွာဖြင့် ရလဒ်မှ နောက်ပြန်လည် အလုပ်လုပ်ခြင်းဖြစ်ပြီး လတ်တလော သူ့ရုပ်ရှင်များမှာတော့ ရလဒ်သို့ ဦးတည်ကာ အာရုံစိုက်နေသည်ဟု ဆိုသည်။

ရှန်းထင်းကျိုး "အိမ်ထောင်ရေး" ကို နှစ်ကြိမ်ကြည့်ပြီးနောက် သူ့ယခင်လက်ရာများနှင့် အနည်းငယ် ကွဲပြားမှုရှိနေသည်ဟု ခံစားရသည်။

တံခါးဖွင့်လာပြီး ရှုရွှင်း တိတ်ဆိတ်စွာဖြင့် ဝင်လာသည်။

ရှန်းထင်းကျိုး ဖိုရမ်မှ ထွက်ပြီး တက်ဘလက်ကို အံဆွဲထဲသို့သို့ ပြန်ထည့်လိုက်သည်။ ရှုရွှင်း၏ ပုံမှန်မဟုတ်သော အမူအ ရာကို မြင်လျှင် သူမေးလိုက်သည်။

"ဘာဖြစ်လို့လဲ?"

ရှုရွှင်း ဘာမျှမပြောဘဲ လက်ကို ဆန့်ထုတ်လိုက်သည်။

ရှန်းထင်းကျိုး ခဏ စဉ်းစားပြီးနောက် ရှုရွှင်းလက်ကို ကိုင်လိုက်သည်။

ရှုရွှင်း စက္ကန့် အနည်းငယ်ကြာ တိတ်ဆိတ်သွားပြီးနောက် သူ့လက်ကို ဖြည်းဖြည်းချင်း ပြန်ဆွဲထုတ်လိုက် သူ့ လက်ပေါ်ရှိ မှန်ဘီလူးဖြင့်သာ မြင်နိုင်သော အစက်သေးသေးလေးတစ်ခုကို ညွှန်ပြလိုက်သည်။

ရှန်းထင်းကျိုး လက်ကိုအကြာကြီး ကြည့်ပြီးနောက်မှသာ ဒဏ်ရာကို သတိထားမိလိုက်ပြီး

"ဒါက... ဘယ်လိုဖြစ်ရတာလဲ?"

ရှုရွှင်း အမူအရာမဲစွာနှင့် ပြောလာသည်။

"အိမ်တော်ထိန်း အချွန်နဲ့ထိုးလိုက်တာ"

ရှန်းထင်းကျိုး: !

ရှုရွှင်း: "ဆူးဘော်လုံးပင်နဲ့ ထိုးလိုက်တာ"

ရှန်းထင်းကျိုးက သူ့လက်ကို ပွတ်ပေးရင်း

"အိမ်တော်ထိန်း မရည်ရွယ်ဘဲ လုပ်လိုက်မိတာနေမှာပါ"

ရှုရွှင်း ရှန်းထင်းကျိုးကို စူပုတ်ပုတ် မျက်နှာဖြင့်ကြည့်ကာ

"ရည်ရွယ်ချက်ရှိရှိလုပ်လိုက်တာ၊ သူက ဆူးဘောလုံးဆီ ကိုယ့်လက်ပေါ် ဖိချလိုက်တာ"

ရှန်းထင်းကျိုး ပတ်တီးဖြည်လိုက်သည်နှင့် ရှုရွှင်း၏လက်ပေါ်ရှိ နီရဲနေသည်များ ပျောက်ကွယ်သွားလိမ့်မည်ဟု ခံစားလိုက်ရသည်။

ရှုရွှင်း အတွေးကို မှန်းမိသော ရှန်းထင်းကျိုးမှပြောလာသည်။ "...ငါ အောက်ထပ်သွားပြီး သူနဲ့ စကားပြောကြည့်ရမလား ?"

ရှုရွှင်းမှာ ရှန်းထင်းကျိုးသည် သူ့ဘက်မှ ရပ်တည်မပေးချင်သည့်ဟန်ပေါ်နေသောကြောင့်

"ထားလိုက်တော့၊ ဒီနေ့ည အပြင်မှာ ညစာစားကြမယ်"

ရှန်းထင်းကျိုး ရယ်ချင်သွားရသည်။

"ဟုတ်ပါပြီ၊ ဘယ်မှာစားချင်လဲ ?"

ရှုရွှင်း အိမ်တွင်သာ နေရသော အမျိုးသမီးတစ်ဦးမကျေမနပ်ဖြစ်နေသော အသံဖြင့်

"ဘယ်နေရာမဆိုရတယ်၊ အိမ်မှာ မဟုတ်ရင် ပြီးရော"

ရှန်းထင်းကျိုး၏ သူရဲကောင်းဆန်သော စိတ်ဓာတ်မှာ အကြိမ်းပေါင်းရာချီပြီး တက်ကြွလာကာ ရှုရွှင်းလက်ကို ကိုင်ကာ

"ကောင်းပြီလေ!"

အောက်ထပ်ဆင်းသောအခါ အိမ်တော်ထိန်းမှာ ဘွန်ဆိုင်းပင်အား ကြေးနန်းကြိုးဖြင့်ချည်နေပြီး ရှုရွှင်းကို မျက်လုံးထောင့်မှ တစ်ချက်ကြည့်လိုက်ကာ "ထပ်ပြီး တိုင်တောနေပြန်ပြီလား?"

ရှုရွှင်းသည် နှာပြင်းပြင်း မှုတ်လိုက်ကာ ရှန်းထင်းကျိုးကို ဆွဲပြီး ဧည့်ခန်းမှ အင်အားအပြည့်နှင့်ထွက်သွားတော့သည်။

ရှန်းထင်းကျိုးက အိမ်တော်ထိန်းဆီသို့ လှည့်ကာ "ဒီနေ့ည ကျွန်တော်တို့ အပြင်မှာ ညစာစားလိုက်မယ်"

အိမ်တော်ထိန်းက ပြန်ပြောသည်၊ "သေချာတယ်၊ ယောက်ျားတစ်ယောက်က အလိုလိုက်ခံရသလို လုပ်နေရင် ကံအကောင်းဆုံးပဲ၊ သူ့ကို အလိုလိုက်ပါ သူ့ဦးလေးလိုပဲ အလိုလိုက် လိုက်"

ရှန်းထင်းကျိုး: ...

မဟုတ်ပါဘူးနော်။ ရှောင်ကျိုးက ချဲ့ကားပြောတတ်ပေမယ့် မစ္စတာဖုနဲ့တော့ မတူပါဘူး…. သူ မစ္စတာဖုကို မကောင်းပြောချင်တာ မဟုတ်ပါဘူး…. ရှောင်ကျိုးက အဲ့လို မဟုတ်ပါဘူးလို့ပြောချင်တာ။

....

ရှန်းထင်းကျိုးတွင် ချင်ရှစ်ယောင် ပေးထားသော ကတ်ရှိပြီး မည်သည့်အချိန်တွင်မဆို ကြိုတင်ဘိုကင်ချိတ်စရာ မလိုဘဲ သူမ စားသောက်ဆိုင်တွင် စားနိုင်သည်။

ရှန်းထင်းကျိုး ရှုရွှင်းအားစားသောက်ဆိုင်သို့ ခေါ်သွားပြီး ကတ်ကို ဝန်ထမ်းများထံ ပေးလိုက်ကာ ဝန်ထမ်းမှ မြို့တော်၏ ညအလှကို ရှုစားနိုင်သော ပြတင်းနားရှိ အကောင်းဆုံးနေရာတွင် စီစဉ်ပေးသည်။

ရှုရွှင်း အရသာကိုလိုက်၍ ရှန်းထင်းကျိုးသည် ဟင်းလျာ အနည်းငယ် မှာယူလိုက်သည်။

စားသောက်ဆိုင် ဝန်ထမ်းသည် သစ်သီးဗန်းနှင့် အစာစားချင်စိတ်ဖြစ်စေသော ရှန်ပိန်ကိုယူလာသည်။ ရှန်းထင်းကျိုး သခွားမွှေးသီးမှာ အလွန်ချိုသည်ဟု ခံစားလိုက်ရပြီး ရှုရွှင်းထံ တစ်စိတ် ပေးလိုက်သည်။

ရှန်းထင်းကျိုးမှ မေးလာသည်။

"လက်ကရော နာနေသေးလား?"

လက်တွင် ပြဿနာမရှိသော်လည်း ရှုရွှင်းက "နည်းနည်း" ဟု ဆိုနေဆဲပင်။

ရှန်းထင်းကျိုးမှာ မနာတော့လျှင် အိမ်တော်ထိန်းနှင့် ဆက် လက် စကားမများတော့ရန်အကြံပြုဖို့ စဉ်းစားနေခြင်းဖြစ်ပြီး ဤ "နည်းနည်း"မှာ သူ့ကို စကားမပြောနိုင်ဖြစ်သွားစေသည်။

သူ ဘာပြောရမည်ကို စဉ်းစားနေစဉ် နောက်မှ အသံတစ်သံ ထွက်လာသည်−

"ဒေါက်တာရှန်း"

ရှန်းထင်းကျိုး လှည့်ကြည့်လိုက်ရာ ကျိုးဇီထန်းနှင့် ယွီကျွီရုန် နောက်မှာ ရှိနေသည်ကို တွေ့ရပြီး အတော်လေး နက်နဲသွားရသည်။ သူတို့ တကယ်ပင် ချစ်ကျွမ်းဝင်နေကြတာလား?

ကျိုးဇီထန်း ဝမ်းသာ၊ အံ့သြစွာဖြင့် အမြန် လျှောက်လာပြီး "ဒေါက်တာရှန်း၊ ခင်ဗျားလည်း ဒီမှာ လာစားတာလား?"

ရှန်းထင်းကျိုး ခေါင်းညိတ်ကာ မျက်လုံးများမှည ကျိုးဇီထန်းမှတစ်ဆင့် ယွီကျွီရုန်ဆီသို့ ရောက်သွားပြီး တဖန် ကျိုးဇီထန်းဆီသို့ ပြန်ရောက်သွားကာ "မင်းနဲ့ မစ္စတာယွီကရော?"

ကျိုးဇီထန်း၏ အမူအရာမှာ ဆိုးရွားသွားပြီး စကားပြောမည့်အချိန်တွင် သူ့ဖုန်းမှာ ရုတ်တရက် မြည်လာသည်။

ခေါ်ဆိုသူကိုမြင်ချိန် ကျိုးဇီထန်း သူ့အလိုလို ယွီကျွီရုန်ကို ကြည့်မိပြီး ဖုန်းဖြေလိုက်သည်။

"အစ်ကို၊ ကျွန်တော် အပြင်မှာ စားနေတာ"

ဟဲရန်ထင်းဟု ကြားလိုက်ရသည်နှင့် ရှန်းထင်းကျိုး မသိစိတ်မှ အသက်အောင့်ထားလိုက်မိသည်။

"ကျွန်တော်နဲ့အတူ အကျင့်မကောင်းတဲ့ကောင် မရှိပါဘူး" ကျိုးဇီထန်းက စားပွဲခုံအနားကို ကိုင်လိုက်ရင်း "...ဘယ်လိုလုပ် ယွီကျွီရုန်ကို ထည့်တွက်ရမှာလဲ ? ကျွန်တော်သိပြီ၊ အစ်ကို နောက်မှ လာမှာလား ?"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment