no

Font
Theme

🩺 Chapter 135

ရှန်းထင်းကျိုး၏ထူးဆန်းသော အပြုအမူကို သတိထားမိလိုက်သော ရှုရွှင်း ခြံဝန်းထဲ၌ သန့်ရှင်းရေးလုပ်နေသူကို လှမ်းကြည့်လိုက်သည်။

ထိုလူ၏မျက်နှာမှာ သွယ်ပြီး ဆံပင်နက်နက်၊ မျက်လုံးနက်နက်များရှိကာ ရှန်းထင်းကျိုးအား ကြည့်နေသော သူ့အကြည့်များမှာ အံ့အားသင့်မှုများဖြင့် ပြည့်နေသည်။

ရှုရွှင်း ရှန်းထင်းကျိုးအား မေးလိုက်သည်။

"မင်း သူ့ကို သိလို့လား?"

ရှန်းထင်းကျိုးနှုတ်ခမ်းများ အနည်းငယ်လှုပ်သွားသော်လည်း အခြားလူသည် အမြန်ပင် အကြည့်လွှဲသွားသည်ကို မြင်လိုက်ရသောအခါ "သိတယ်" ဟူသော စကားကိုမပြောတော့ပေ။

သူ့ရှေ့ရှိလူမှာ ယနေ့မနက် ချင်စစ်ပြောခဲ့သူ ဖုယွီရှန်းမှလွဲ အခြားသူ မဟုတ်ချေ။

ယခင်က ချင်စစ်မှာ ဖုယွီရှန်းက အရမ်း ကံဆိုးတဲ့လူဟု ပြောခဲ့သော်လည်း "ကံဆိုးတယ်" ဆိုသည်မှာ မည်သို့မည်ပုံမှန်း ရှန်းထင်းကျိုး သေသေချောချာနားမလည်ခဲ့ပေ။ ယနေ့ သူ့ကို မြင်လိုက်ရချိန်မှသာ သူ နားလည်သွားသည်။

ဌာနပန်းကလေးကို ရည်းစားစကားပြောရန် မိန်းကလေးအ ဆောင်အောက်တွင် ဂီတာ တီးခဲ့သော သက်ဝင်လှုပ်ရှားလှသည့် ဖုယွီရှန်းနှင့် ယခု သူ့ရှေ့တွင်ရှိနေသော လူကို ရှန်းထင်းကျိုးသည် နှိုင်း၍ပင် မရချေ။

နှစ်များကြာပြီးနောက် ဖုယွီရှန်းမှာ အမှန်ပင်အများကြီးပြောင်း လဲသွားခဲ့သည်။

"ဒေါက်တာရှန်း ?"

ရှေ့နားမှ ပျော်ရွှင်နေသော အသံတစ်သံ ကြားလိုက်ရသည်။

ရှန်းထင်းကျိုးသည် ဤအသံကို အလွန် ထိရှလွန်သွားသည်။ သူ နှလုံးခုန်သံ တစ်ချက်လွဲသွားပြီး ကြည့်လိုက်သောအခါ အသန်မာဆုံးသော ကိုယ်ဝန်ဆောင်လူသား စုယွီကိုတွေ့လိုက်ရသည်။

စုယွီနောက်တွင် စုချမ်းရှိနေပြီး စုယွီထက်ပင် ပိုမိုစိတ်အားထက်သန်စွာ၊ ပိုမိုကျယ်လောင်စွာ ရှန်းထင်းကျိုးကိုနှုတ် ဆက်လာသည်။

"ဒေါက်တာရှန်း၊ ငါ မင်းကို အရမ်းလွမ်းနေတာ"

မင်း ငါ့ကို သေစေချင်နေတာပဲ...

ရှန်းထင်းကျိုးသည် ရှုရွှင်းကို တိတ်တဆိတ် တစ်ချက်ကြည့်လိုက်သည်။ ရှုရွှင်းဘေးဘက်မျက်နှာသည် အမှန်ပင် တောင့် တင်းနေသည်။

ရှန်းထင်းကျိုးသည် ဤသုံးယောက် အတူရှိစဉ်အခါက အဖြစ် အပျက်ကို ထင်ထင်းရှားရှားမှတ်မိပြီး ထိုနှလုံးရပ်သွားလောက်စရာ အခြေအနေကို ထပ်မံ မကြုံတွေ့ချင်တော့ပေ။

သို့သော် ကံကြမ္မာကတော့ ဤသို့တွေးသည်မထင်၊ ပြဿနာအိုး စုယွီမှာ ချဉ်းကပ်လာပြီး ရှန်းထင်းကျိုးအား ထိလို့ရစေရန် သူ့ ကိုယ်ဝန်ဆောင်ဗိုက်ကိုပင့်ပြလာသည်။

"အထဲက ကလေးလေးက မင်း ရောက်နေတယ်ဆိုတာ ကြားတာနဲ့ အရမ်းစိတ်လှုပ်ရှားနေတာပဲ၊ ဒေါက်တာရှန်း ထိကြည့် ပါဦး"

"..."

ဘေးမှာရှိ ရှုရွှင်းနှင့်အတူ ရှန်းထင်းကျိုးမှာ ပရော်ဖက်ရှင်နယ် ဟန်ကို ထိန်းလိုက်ရင်း “သန္ဓေသား လှုပ်ရှားမှုကလတ်တလော များလာလား?"

စုယွီမျက်လုံးများမှာ လခြမ်းပုံသဏ္ဍာန် ကွေးသွားပြီး ခေါင်းငဲ့ကာ ပြုံးလျှက်"ကလေးက မင်းကို လွမ်းနေလို့ ထင်တယ်၊ မင်းကိုတွေ့တဲ့အခါဆို ထူးထူခြားခြား အများကြီးလှုပ်ရှားတယ်"

စုချမ်း မျက်လုံးလှန်လိုက်ပြီး "ငါ ထင်တာတော့ ဒေါက်တာရှန်းကိုတွေ့တိုင်း ဂဏာမငြိမ်တဲ့သူက မင်း လားလို့”

ရှန်းထင်းကျိုးကျောရိုးတစ်လျှောက်အေးစိမ့်သွားသည်။ အကယ် ဤဒီနှစ်ယောက် ဤနေရာတွင် ရှိနေမည်ကို သူ သိခဲ့လျှင် ရှောင်ရှုအား ခေါ်လာခဲ့မည် မဟုတ်ပေ။

စုယွီက မျက်မှောက်ကြုတ်လိုက်ရင်း "ဒါက ပါးပါးရဲ့ သီးခြားနေနေတဲ့ နေရာနော်၊ မင်း တကယ် ဒီမှာရန်ဖြစ်ချင်တာလား?"

စုချမ်း နင်သွားသော်လည်း စုယွီအား အရှုံးပေးရန် ငြင်းဆန်ကာ

"ဘယ်သူက မင်းနဲ့ ရန်ဖြစ်ချင်လို့လဲ? ဒီအတိုင်း မင်းရဲ့ ငါးညှီနံ့ကိုမခံနိုင်ရုံပဲ!"

သူတို့ ငြင်းခုံနေကြစဉ် ရှုရွှင်း ရှန်းထင်းကျိုး လက်ကိုဆွဲလျှင် ရှေ့ဆက်သွားသည်။

ဖုယွီရှန်းမှာတော့ ထွက်ခွာသွားပြီးပြီဖြစ်သည်။ ရှန်းထင်းကျိုး ဗလာဖြစ်နေသော ခြံဝန်ကို ကြည့်ကာ ရှုရွှင်းနောက်သို့ နာခံစွာ လိုက်သွားလိုက်သည်။

စုယွီ ချက်ချင်း နောာက်မှလိုက်လာပြီး "ဒေါက်တာရှန်း လမ်း လျှောက်တာအရမ်းမြန်တာပဲ၊ ငါနဲ့ ကလေးလေးမှာ အမှီလိုက်လို့တောင်မရဘူး"

စုချမ်း စုယွီကို ဆက်လက်ပြီးရန်စောင်လိုက်သည်။

"ဒေါက်တာရှန်းက မင်းကို နောက်က မလိုက်စေချင်လို့လေ၊ မင်းကို စိတ်ပျက်နေလို့နေမှာပေါ၊ မင်း မသိဘူးလား?"

စုယွီက ယင်ကောင်ခြောက်လိုက်သကဲ့သို့ လက်ရမ်းလိုက်ကာ "လောင်ချမ်း မင်း ပိုးဟပ်တွေ ဆီသာသွားစမ်းပါ၊ ငါ့နား တဝီဝီလာလုပ်မနေနဲ့”

စုချမ်း အံကြိတ်ကာ "မင်း နံစော်နေတဲ့ ငါးပုတ်ကောင်! မင်း ဘာလို့ ပုဇွန်ပုတ် ယွီမင်ယန်ကို သွားမရှာတာလဲ ?"

စုယွီ ရွံ့ရှာစွာဖြင့် "စကားအရမ်းများမနေနဲ့ ဒေါက်တာရှန်းက တစ်ယောက်ယောက်နဲ့ လိုက်ပြေးတော့မယ်၊ မင်းကတော့ ဒီမှာပဲ ပိုးဟပ်ဥ ဥနေတုန်းပဲလား"

ရှန်းထင်းကျိုး: ...

ဤ"လိုက်ပြေးတော့မယ်" ဟူသော စကားလုံးကို ကြားကြားချင်း ရှုရွှင်း အမှန်ပင်ရပ်သွားသည်။

ရှန်းထင်းကျိုးနှလုံးမှာ လည်ချောင်းထဲသို့ခုန်တက်လာပြီး ရှုရွှင်းလက်ကို ဆွဲကာတိတ်တိတ်သာ အမြန်ထွက်ခွာရန်လော ဆော်လိုက်သည်။

ရှုရွှင်း ငြင်းခုံတော့မည်ကို မြင်လိုက်သောအခါ စုယွီ ဤသည်ကို အခွင့်အရေးယူပြီး ရှုရွှင်းအား လက်ဖက်ရည်လောင်းလိုက်သည်။

"ဒေါက်တာရှန်းလို ပါတနာကောင်းရထားတဲ့ မင်းကို ငါအရမ်းအားကျတာပဲ၊ သူ့ စကေးတွေက အရမ်းကောင်းတာနော်"

ရှန်းထင်းကျိုး အံသြသွားပြီး "စကေးတွေက ကောင်းတယ်" ဆိုတာ ဘာကိုပြောချင်တာလဲဟ ?

ထူးဆန်းစွာပင် ရှုရွှင်းမှာ စုယွီအတွေးရထားနောက်သို့ အမှီလိုက်နိုင်သည်။

"ဗိုက်ခွဲမွေးတဲ့ ခွဲစိတ်မှုအကြောင်း ပြောနေတာလား"

ရှုရွှင်း၏ အသံမှာ ထူးမခြားနာပင် "ယဥ်ကျေးနေဖို့ မလိုပါ ဘူး၊ အဲဒီ အရုပ်က ငါတို့ ကြောင်အတွက် အဝတ်အစားလုပ်ပေးတုန်းက ကျန်ခဲ့တဲ့ အစနဲ့လုပ်ထားတာလေ”

ရှန်းထင်းကျိုး: ...

ငါတို့ကြောင်အတွက် အဝတ်အစားဘယ်တုန်းက လုပ်ပေးဖူးတာလဲ ? အကုန်လုံး ရယ်ဒီမိတ်တွေချည်းပဲလေ?

စုယွီ၏လှပသော မျက်လုံးများတောက်သွားပြီး ခဏအကြာ ပြုံးလိုက်ကာ

"ဒေါက်တာရှန်းက ငါ မွေးခန်းထဲတစ်ယောက်တည်း ဝင်ရမှာ စိတ်ပူလို့ ငါ့နဲ့ အတူ လိုက်ပေးချင်တယ်လို့ပြောခဲ့တာ"

ရှုရွှင်းက ရှန်းထင်းကျိုးအား လှည့်ကြည့်ပြီး မေးလိုက်သည်။

"အဲဒါ အမှန်လား?"

စုယွီကလည်း ရှန်းထင်းကျိုးကို စိုက်ကြည့်ကာ "မှန်တယ် မလား၊ ဒေါက်တာရှန်း?"

နှစ်ဘက်၏ပြင်းထန်လှသော အကြည့်အောက်တွင် ရှန်းထင်းကျိုးမှာ ကျောက်ဆောင်များနှင့် ခက်ခဲလှသော နေရာသို့ ရောက်နေသကဲ့သို့ ခံစားရကာ လုပ်ကြံပြောဆိုရန်သာ လုပ်ရတော့သည်။

"မွေးခန်းထဲ မိသားစုဝင် တစ်ယောက်တည်းဝင်ခွင့်ရှိတာလေ"

စုယွီ အသံရှည်ဆွဲပြီး "အိုး... ဒေါက်တာရှန်းက ငါ့ကို လိုက်ပို့ပေးချင်ပေမယ့် စည်းမျဉ်းတွေက ခွင့်မပြုဘူးပေါ့"

ရှန်းထင်းကျိုး: ... မင်းကတော့ တကယ် အဓိပ္ပာယ်ကောက် တော်သောပါလား

ဝါကျတစ်ခုတည်းဖြစ်သော်ငြား ရှုရွှင်းက မတူညီစွာဖြင့် အဓိပ္ပာယ်ကောက်ပြီး နှမြောတသဖြစ်နေသော အမူအရာဖြင့်

"ထင်းကျိုးနဲ့ မင်းက ဆက်စပ်မှုမရှိတော့ ဗိုက်ခွဲ မွေးတာကို သေသေချာချာလေ့လာဖို့ မွေးခန်းထဲလိုက်ဝင်လို့မရဘူးပဲ"

စုယွီက နှုတ်ခမ်းစူကာ တတိယမြောက် တိုက်ခိုက်မှုကို စတင်လိုက်သည်။

"ဒေါက်တာရှန်းက ငါ့ရှေ့မှာ အဖြုရောင်ကုတ်ကိုဝတ်ဖူးတယ်"

ရှင်းမပြနိုင်စွာ ရှန်းထင်းကျိုး သူ့ကျောတစ်လျှောက် အေးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ထိုက်တောင်ကြီး ပြိုကျသွားလျှင်ပင် တည်ငြိမ်နေဦးမည်ဖြစ်သည့် ရှုရွှင်းမှာ နောက်ဆုံးတွင် အက်ကြောင်း အနည်းငယ် ပြလာခဲ့သည်။

Uniform Play မှာ သူ တစ်ခါမှ မစဉ်းစားဖူးသော အကြံတစ်ခုပင်။ သူတို့ ဒီနေ့ည စမ်းကြည့်လို့ရတယ်။

ရှုရွှင်း အမူအရာမှာ ချက်ချင်းပျော့ပျောင်းသွားပြီး ပြုံးလိုက် ကာ "ဒါ တကယ် ပြောစရာလိုတဲ့အရာမို့လို့လား ?"

သူပြောသည့်ပုံမှာ စုယွီ အပိုတွေလုပ်နေသေည့် ပုံနှယ်။

"မင်း ထင်းကျိုးကို သိတာ သိပ်မကြာသေးဘူးနဲ့တူတယ်၊ ငါတို့ဆို သိတာ သုံးနှစ်ကြာပြီလေ ဟုတ်တယ်မလား?"

သူတို့ သိခဲ့သည်မှာ သုံးနှစ်ရှိပြီဖြစ်သော်လည်း အတူရှိခဲ့သည် မှာ သုံးနှစ်ပင် မရှိသေးချေ။

သို့သော် ရှန်းထင်းကျိုး ဘယ်လိုလုပ် သူ့အားအမှန်ပြင်ပေးဝံ့မည်နည်း ? သူ တောင့်တင်းစွာဖြင့် ခေါင်းညိတ်ကာ "အမ်းး"

စုယွီက နှုတ်ခမ်းစူကာ ရှန်းထင်းကျိုးမှာ ရှုရွှင်းအားမျက်နှာ သာပေးနေသည်အား သိသိသာသာမကျေမနပ်ဖြစ်နေခြင်းဖြစ်သည်။

ဘေးရှိစုချမ်းမှာ မည်သည့်နေရာမှ ထုတ်ယူထားမှန်းမသိဘောပင်နှင့်စာရွက်ဖြင့် ရှုရွှင်းပြောသမျှ စကားလုံးတိုင်းကိုရေး မှတ်နေသည်။ သူတို့ ဆက်လက်မငြင်းခုံကြတော့သည်ကို မြင်သောအခါ စုချမ်း စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်ရင်း

"မင်းတို့ ပြောနိုင်သေးရင် ဆက်ပြောကြလေ၊ ဒီနေ့ ရေမသောက်ရသေးဘူးလား ?"

ရှန်းထင်းကျိုး: ...

ခဏစောင့်ပြီးနောက် ရှန်းထင်းကျိုးမှာ စုချမ်းသည် သူတို့ထံမှ သင်ယူနေကြောင်းကို သတိထားမိသည်။ ဒါပေမယ့် ရှောင်ရှုရဲ့ စကားပြောဟန်က... ဤသည်မှာ မိသားစု၏နှစ်ရှည်လွှမ်းမိုးမှုရလဒ်ဖြစ်ပြီး အခြားသူများတုပရန်မှာ မလွယ်ကူလှပေ။

စုချမ်း ရက်ရောစွာ လောဆော်လိုက်သည်။

"ဒီနေ့ မင်းတို့အတွက် အချိုရည် ငါ ဝယ်တိုက်မယ်လေ၊ အဲ့တော့ ဆက်ပြောကြ!"

စုယွီမှာ စုချမ်းအားကိုင်တွယ်ရန် နည်းလမ်းများရှိသည်။

"တချမ်း နွေဦးရောက်တော့မယ်၊ မင်း လူတွေကိုပိုပြီး ရှောင်သင့်တယ်နော်၊ အလွန်အကျွံလုပ်နေတာ မကောင်းဘူး"

စုချမ်း ဒေါသထွက်သွားသော်လည်း စုယွီမှာကိုယ်ဝန်ရှိနေသောကြောင့် ဘာမှမလုပ်နိုင်ခဲ့ချေ။

ရှေ့မှတံခါးပွင့်လာပြီး ပါးပါးစုထွက်လာသည်။

ပါးပါးစုကို မြင်လိုက်ရသောအခါ ရှန်းထင်းကျိုးမှာ ကယ်တင် ရှင်ကြီးအား မြင်လိုက်ရသကဲ့သို့ခံစားမိပြီး ထိုလူမှာ သူ့မျက် လုံးထဲတွင် တောက်ပလာရသည်။

ပါးပါးစု ပေါ်လာပြီးနောက် စုယွီနှင့် စုချမ်းတို့ နှစ်ယောက်လုံး တိတ်သွားကြသည်။

ရှန်းထင်းကျိုး သက်သောင့်သက်သာဖြစ်သွားပြီး ကျောင်းထိုင် ဆရာတော်အား ရွှေကတ်ကြေးကို ကောင်းချီးပေးရန် အမြန် တောင်းဆိုလိုက်ကာ ရှုရွှင်းနှင့်အတူ ကျောင်းမှအမြန်ထွက်ခွာခဲ့ကြသည်။

-

အိမ်ပြန်လမ်းတွင် ရှန်းထင်းကျိုး ရှင်းပြလိုက်သည်။

"ရှောင်စုက လျှောက်ကစားရတာကို ကြိုက်လို့ပါ၊ သူပြောတာတွေ စိတ်ထဲမထားနဲ့"

ရှုရွှင်း ညင်သာစွာ ပြောလာသည်။

"သိပါတယ်၊ ကိုယ် အတည်မထားပါဘူး"

ရှန်းထင်းကျိုး စိတ်သက်သာရာရသွားပြီး ရှုရွှင်းလို နားလည်‌ ပေးနိုင်သူ ပါတနာမျိုးရှာတွေရန်ခက်ခဲလှသည်ဟု မတွေးဘဲမနေနိုင်တော့ချေ။

အိမ်ရောက်ချိန် ရှုရွှင်းမှ အဖြူရောင်ကုတ်အားမှာနေသည်ကို သတိထားမိပြီး မျက်မှောင်ကြုတ်သွားရသည်။

...ဒါ သူ စိတ်ထဲ တကယ်ထားနေတာ ရှင်းနေတာပဲကို!

ရှုရွှင်းသည် မှာလိုက်ပြီးပြီးနှင့် အဖြူရောင်ကုတ်မှာ ညစာမစားမီရောက်ရှိလာသည်။

ညစာစားပြီးနောက် ရှန်းထင်းကျိုးကြောင်ကို ပွတ်နေစဉ်တွင် ဘေးနားမှ လူသည် သူအနားကပ်လာသည်ကို ခံစားမိလိုက်ပြီး အာရုံကြောများ တောင့်တင်းသွားရသည်။

ရှုရွှင်းအသက်ရှူသံသည် ရှန်းထင်းကျိုးပါးပြင်ကို ရိုက်ခတ်နေသည်။

ရှုရွှင်း လုပ်တော့မည့်အရာကို သိလိုက်သော ရှန်းထင်းကျိုး တံတွေးမျိုကာ မနေနိုင်တော့ဘဲ ပြောလိုက်သည်။

"ငါတို့ အခုမှ စားလို့ပြီးတာလေ... ပြင်းထန်တဲ့ လှုပ်ရှားမှုတွေ လုပ်တာ သိပ်မကောင်းဘူး"

ရှုရွှင်း ရှန်းထင်းကျိုးလည်ပင်းတွင် မျက်နှာဝှက်ကာ ရယ်ချင်စိတ်ပါနေသော အသံဖြင့် "ဒါဆို မင်း ပိုပြီးမြန်မြန်အစာချေဖို့လိုနေပြီနော်"

ဤသို့ပြောပြီး သူ့လက်ကို ရှန်းထင်းကျိုးဗိုက်ပေါ် တင်လိုက် ကာ အစာချေမှုကို ပိုမြန်ဆန်ရန်နာရီလက်တံအတိုင်းပွတ်ပေး လိုက်သည်။

ဒေါက်တာရှန်း အနည်းငယ် ရှက်သွားသော်လည်း သူ့အားဆက်လက်ပြီး ပညာပေးနေသေးသည်။

"...အစာအိမ်က အဲဒီ့ နေရာမှာ မဟုတ်ဘူး"

"ဘယ်နေရာမှာလဲ ?"

ရှုရွှင်း ရှန်းထင်းကျိုးကိုယ်တစ်ဝက်ကို ပွေ့လိုက်ကာ သူ့လက်မှာ ရှန်းထင်းကျိုးခါးတစ်ဝိုက်တွင် ပတ်နေပြီး

"ဒီနေရာမှာလား ? ဒါမှမဟုတ် ဒီနေရာမှာလား"

ရှန်းထင်းကျိုး လျှောက်သွားနေသော လက်ကို ကိုင်လိုက်ပြီး သူ့အစာအိမ်ပေါ်တွင် ထားလိုက်သည်။

ရှုရွှင်းလက်ဖဝါးသည် စက္ကန့်အနည်းငယ်ကြာ ထိုနေရာတွင် ရပ်နေပြီးနောက် ဖြေးဖြေးချင်းပွတ်ပေးလာသည်။

အနွေးဓာတ်များထုတ်လွှတ်နေကာ ရှန်းထင်းကျိုး နားရွက်များအား နီရဲသွားစေသည်။ ရှုရွှင်း ရှန်းထင်းကျိုး နားသံသီးအားကိုက်လိုက်ကာ "ကိုယ် မမြင်ဖူးတဲ့အဝတ်အစားတွေကို သူများ ရှေ့မှာ မဝတ်ပြနဲ့"

ရှန်းထင်းကျိုး လွှမ်းမိုးနိုင်စွမ်းရှိသော ရှုရွှင်းအားကြည့်လိုက်ရင်း ပြုံးကာ "မိုးကာအင်္ကျီရော"

ရှုရွှင်း : "အဲတာလည်း ခွင့်မပြုဘူး"

ရှန်းထင်းကျိုး၏ အပြုံးမှာ ပိုမို ကျယ်ပြန့်လာပြီး "မိုးကာတောင် မဝတ်ရဘူးလား ?"

ရယ်မောနေသည်ကို ခံစားရသော ရှုရွှင်းမှာ ရှန်းထင်းကျိုး

နှုတ်ခမ်းကို ပြင်းထန်စွာကိုက်လိုက်သည်။

-

နောက်နေ့မနက်စောစောတွင် ခုတင်ဘေးစားပွဲပေါ်ရှိ ရှန်းထင်းကျိုးဖုန်းမှာ နောက်တစ်ခေါက် တုန်ခါလာပြန်သည်။

သူ မည်မျှ ပင်ပန်းနွမ်းနယ်နေပါစေ ရှန်းထင်းကျိုးမှာ အသံစမြည်သည်နှင့် အလိုလိုမျက်လုံးပွင့်လာသည်။

မနက်ခင်းတွင် စိတ်မကြည်သော ရှုရွှင်းမှာ ရှန်းထင်းကျိုးကို စပါးအုံးမြွေတစ်ကောင်ကဲ့သို့ လက်မောင်းများဖြင့် ပွေ့ဖက်ကာ သူ့ဘေးသို့ဆွဲလိုက်ပြီး သူ့မျက်ခုံးကြားတွင် အကြောင်း လေးနှစ်ကြောင်းပေါ်စေသည်။

ဤအခြေအနေကို မြင်လိုက်ရသော ရှန်းထင်းကျိုး ရှုရွှင်းအား ပြန်လည် ပွတ်သပ်ပေးရင်း ဖုန်းကိုယူရန် လက်ဆန့်လိုက်ရသည်။

ဤအကြိမ်တွင် ဖုန်းခေါ်ဆိုသူမှာ ချင်စစ် မဟုတ်ဘဲ ကျိုးဇီထန်းဖြစ်သည်။

မနက် ငါးနာရီကျော်ကျော်သာရှိသေးပြီး အပြင်ဘက်ရှိ ကောင်းကင်မှာ မှောင်နေဆဲဖြစ်သည်။ ကျိုးဇီထန်း ဤအချိန်ကြီး ဖုန်းခေါ်လာသောကြောင့် ရှန်းထင်းကျိုး လျစ်လျူမရှုရဲပေ။

သူ အမြန်ဖုန်းကိုကိုင်လိုက်ကာ စိုးရိမ်စွာဖြင့်မေးလိုက်သည်။

"ဘာဖြစ်လို့လဲ ?"

ကျိုးဇီထန်းအသံမှာ သိသိသာသာ စိတ်ရှုပ်ထွေးနေဟန်နှင့် “ဒေါက်တာရှန်း၊ ခင်ဗျားရော ကျွန်တော့်ကို ဂေးလို့ထင်လား?"

အိပ်ချင်မူးတူး ရှန်းထင်းကျိုး ဦးနှောက်မှာ ရှုပ်ထွေးလှသော ဤမေးခွန်းကို ချက်ချင်းအလုပ်မလုပ်နိုင်ခဲ့ချေ။

ကျိုးဇီထန်းမှာ အကြောင်းပြချက် မရှိ ဤသို့ မေးမည်မဟုတ်ချေ။ ရှန်းထင်းကျိုး သူ့လည်ပင်းကို ပွတ်လိုက်ကာ သူ့အသံမှာ အနည်းငယ် သြရှနေပြီး "မင်း ဘာလို့ ဒီလိုမေးတာလဲ ?"

ကျိုးဇီထန်း တုံ့ဆိုင်းသွားပြီး "အင်း... တစ်ယောက်ယောက်က အဲ့လို ပြောတယ်"

ရှန်းထင်းကျိုး သုံးစက္ကန့်မျှ စဥ်းစားပြီ: ထိုလူမှာ ယွီကျွီရုန်ဖြစ် ကြောင်း တပ်အပ်သိလိုက်သည်။

"ဒါက ရှုပ်ထွေးတဲ့ ကိစ္စပဲ"

ရှုရွှင်း ဆက်တိုက် မျက်မှောင်ကြုတ်နေသည်ကို ကြည့်ရင်း ရှန်းထင်းကျိုး သူ့ နားထင်ကိုနှိပ်ကာ "ငါတို့ လူချင်းတွေ့ပြီး ဆွေးနွေးကြမလား ?"

ကျိုးဇီထန်း: "အိုကေ"

ရှန်းထင်းကျိုးသည် ကျိုးဇီထန်းနှင့် ချိန်းလိုက်ပြီးနောက် ဖုန်းကိုပြန်ချလိုက်ကာ အမြန်လဲလျောင်းလိုက်သည်။

ရှုရွှင်း ရှန်းထင်းကျိုးအား မကျေမနပ်နှင့် ပွတ်သပ်ကာ

"သူတို့ ဘာလို့ မင်းကို အမြဲ ဒီလိုအစောကြီးခေါ်ကြတာလဲ?"

"အမြဲ"တော့ မဟုတ်ချ။ တစ်လအတွင်း ဤသို့သော ဖုန်းခေါ်ဆိုမှုမျိုး နှစ်ခေါက်၊ သုံးခေါက်သာရှိပါသေးသည်။

ရှန်းထင်းကျိုး အများကြီး ရှင်းပြမနေဘဲ ရှုရွှင်းဆံပင်ကိုဖွလိုက်ကာ "နောက်တစ်ခါကျရင် သူတို့ကိုပြောလိုက်မယ်၊ ဆက်အိပ်တော့"

ရှုရွှင်း ရှန်းထင်းကျိုးအား ဘေးဘက်သို့ ဆွဲလိုက်ကာ သူ့ မျက် ခွံများကို မှန်းဆ၍နမ်းလိုက်သည်။

ရှန်းထင်းကျိုး မထိန်းနိုင်စွာ မျက်လုံးများမှိတ်လိုက်ပြီး မကြာမီမှာပင် အိပ်ပျော်သွားသည်။

သူတို့သည် မနက်ခင်း တော်တော်နောက်ကျပြီးမှာသာ အောက်ထပ်သို့ ဆင်းနိုင်ကြသည်။ မနက်စာ စားပြီးနောက် ရှန်းထင်းကျိုးသည် ကျိုးဇီထန်း ရှိရာနေရာသို့ ကားမောင်း၍ ထွက်လာခဲ့သည်။

ကျိုးဇီထန်းခြံဝန်းဘက်သို့ ရောက်သောအခါ ရှန်းထင်းကျိုး ကားထဲမှ ထွက်ပြီး ပုံမှန်လိုပင် ရှုရွှင်းအား သူဘေးကင်းကြောင်းသိစေရန် မက်ဆေ့ချ်ပို့လိုက်သည်။

ရှုရွှင်း ချက်ချင်း ကြောင်ရုပ်အီမိုဂျီပို့လာသည်။

ရှန်းထင်းကျိုး ပြုံးလိုက်သော်လည်း စာမပြန်တော့ဘဲ ဖုန်းကို အိတ်ထဲ ထည့်ရန်ပြင်လိုက်စဉ် ချင်စစ်မှ မက်ဆေ့ချ် ပို့လာသည်။

"ဖုယွီရှန်းအကြောင်း အံ့အားသင့်လောက်စရာကောင်းတဲ့ ကောလဟာလတစ်ခုကြားလိုက်ရတယ်၊ မင်း နားထောင်ချင်လား?"

ရှန်းထင်းကျိုး အံ့အားသင့်သွားသည်။ ချင်စစ်မှာ ကောလဟာလများကို အလွန်အမင်း စိတ်ဝင်စားသူမဟုတ်ချေ။ ထို့ကြောင့် သူ့ကို အံ့အားသင့်စေသည့်အရာမှာ အမှန်ပင် အံ့အားသင့်စရာကောင်းလောက်မည်။

ရှန်းထင်းကျိုးက ပြန်ဖြေလိုက်သည်။

"ငါ အခု အလုပ်ရှုပ်နေလို့၊ နောက်မှ ပြောကြမယ်"

ချင်စစ်: "အိုကေ"

ရှန်းထင်းကျိုး ဖုန်းကို အိတ်ထဲသို့ထည့်ကာ ခေါင်းမော့ကြည့်လိုက်သောအခါ တွေ့လိုက်ရသည်မှာ ဖုယွီရှန်း!

ဘယ်လောက်တောင် တိုက်ဆိုင်လိုက်လဲ! သူ့ အကြောင်းပြောနေတုန်း ဖုယွီရှန်းက သူ့ရှေ့မှာ ရောက်နေတယ် !!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment