no

Font
Theme

၇၀ခုနှစ်များတွင် ကလေးများပြုစုပျိုးထောင်ခြင်း

အပိုင်း (၁၇)

(Note: ဒီအပိုင်းမဖတ်ခင်လေးမှာ noteလေးထည့်ချင်ပါတယ်။ ရောကုန်ကြမှာစိုးလို့နော်။

လျောင်ထင်ထင်က ဘဝအစစ်ထဲက နာမည်၊

ရွှယ်ထင်ထင်က အခုဝတ္ထုထဲက နာမည်နော်

ပြီးတော့လေ ဇာတ်ကြောင်းကို ပြောနေသလိုရော၊ အရင်ဘဝအစစ်က အဖြစ်အပျက်တွေပါ ကြားထဲ ညှပ်ညှပ်ပါလာပါတယ်နော်။)

လျောင်ထင်ထင်သည် သူမကိုယ်သူမ ဇာတ်လိုက်မင်းသမီး ရွှယ်ထင်ထင်အဖြစ် ကိုယ်တိုင်ရေးသားထားခဲ့သည့် ဝတ္ထုထဲသို့ ကူးပြောင်းလာခဲ့လေသည်။

ဝတ္ထုထဲရှိ ဇာတ်လိုက်မင်းသမီး ရွှယ်ထင်ထင်ရဲ့ မူရင်းပုံစံမှာ သူမကိုယ်တိုင်ဖြစ်သလို ဇာတ်လိုက်မင်းသား လင်းချန်ရန်ရဲ့ မူရင်းပုံစံမှာလည်း သူမကောလိပ်တုန်းက တစ်ဖက်သတ်ချစ်ခဲ့ရတဲ့ စီနီယာဖြစ်သူ လင်းမင်ဟွေ့ပင်။

ကြေကွဲစရာအဆုံးသတ်နှင့် အမျိုးသမီးတွဲဖက်ဇာတ်ကောင် ချင်းရို့သည်ကား သူမအမြဲမုန်းတီးနေခဲ့ရသော ကောလိပ်တုန်းက မိန်းကလေးတစ်ဦးရဲ့ မူရင်းပုံစံဖြစ်လေသည်။

လျောင်ထင်ထင်သည် စာအုပ်ထဲရှိ သူမနှင့် လင်းမင်ဟွေ့ရဲ့ နာမည်တွေကို ပြောင်းထားခဲ့ပေမယ့် ချင်းရို့နာမည်ကိုတော့ မပြောင်းထားခဲ့ပေ။ ချင်းရို့က လှပသော်လည်း ဦးနှောက်မရှိဘူးလို့ သူမအမြဲထင်ခဲ့ခြင်းကြောင့်သာ။

ချင်းရို့ရဲ့ မာနကြီးတဲ့ ကိုယ်ရည်ကိုယ်သွေးနှင့် ယောကျ်ားသားများက သူမရဲ့ရုပ်ရည်ကို စွဲလမ်းကြမှာဖြစ်ပေမယ့် သူတို့သာအတူရှိသွားခဲ့ပြီဆိုရင်တော့ ဒီလိုမြေခွေးမမျိုးကို သူတို့မုန်းသွားကြမှာ အသေအချာပင်။

လင်းမင်ဟွေ့က ချင်းရို့ကို သုံးနှစ်သုံးမိုးကြာအောင် လိုက်ခဲ့သဖြင့် လျောင်ထင်ထင်သည်လည်း သူမအား မုန်းတီးနေခဲ့သည်မှာ သုံးနှစ်ကြာခဲ့ပြီဖြစ်၏။

ဘွဲ့ရပြီးနောက် လျောင်ထင်ထင်က လင်းမင်ဟွေ့နှင့် မတော်တဆတွေ့ဆုံခဲ့ကြပေမယ့်လည်း လင်းမင်ဟွေ့ဟာ ချင်းရို့ကို တစ်ဖက်သတ်ကြိုက်နေဆဲဖြစ်ကြောင်း သူမသိလိုက်ရသည်။

သူမနှင့် လင်းမင်ဟွေ့တို့က ဝတ္ထုထဲတွင် အချင်းချင်း ချစ်ခက်စုံမက်ကြမှာဖြစ်သလို ဆွဲဆောင်မှုရှိပြီး ကလူမြှူဆွယ်တတ်သော ချင်းရို့ကတော့ သူမတို့ကြား အနှောင့်အယှက်တွေပေးရင်းဖြင့် ကြေကွဲဖွယ်အဆုံးသတ်ရပေမည်။

ယခုအချိန်၌ သူမသည် ရွှယ်ထင်ထင်ဖြစ်လာလေပြီ။

ရွှယ်ထင်ထင်သည် မှန်ထဲတွင် သူမကိုယ်သူမ ကြည့်ပြီး မျက်လုံးထဲ၌ ကျေနပ်မှုအပြည့်ရှိနေလျက်။ သူမဟာ ၁၉၇၀ခုနှစ်တွေဆီကို ကူးပြောင်းသွားခဲ့ပေမယ့် သူမက ပိုငယ်ရွယ်လာခဲ့ပြီး ပိုမိုအရေးကြီးသည်မှာ သူမဟာ ပလတ်စတစ်ဆာဂျရီလုပ်ထားသကဲ့သို့ ပို၍ချောမောလှပလာခဲ့သည်ပင်။

သည့်အပြင် သူမက ဇာတ်ဆောင်မင်းသမီးရဲ့ အခန်းကဏ္ဍကို ရရှိထားဆဲ!

သူမကူးပြောင်းလာတဲ့ ပထမဆုံးနေ့မှာ ရွှယ်ထင်ထင်သည် သူမအမြဲမုန်းတီးခဲ့ရသော ချင်းရို့လည်း ကူးပြောင်းလာခဲ့မှန်း သိခဲ့ပေသည်။ သူမက ဇာတ်ကြောင်းမှ သွေဖယ်သွားခဲ့ပြီး ဖျော်ဖြေတင်ဆက်မှုတွင် ဆုတစ်ခုရရှိခဲ့ကာ ယခုဆို လုယန်နှင့်တောင် လက်ထပ်တော့မည်ဖြစ်၏။

မူလက ဤနောက်ခံရေတပ်အရာရှိကို ချင်းရို့မျက်နှာအား ဖြတ်ရိုက်ဖို့ အသုံးပြုခဲ့သော်လည်း သူတို့က တကယ်ပဲ လက်ထပ်သွားကြလိမ့်မယ်လို့ သူမလုံးဝမထင်ထားခဲ့ချေ!

ရွှယ်ထင်ထင်သည် အနှီအရာရှိအကြောင်းကို များများစားစားမရေးခဲ့မိသည်ကို တိတ်တခိုးမုန်းတီးနေမိလျက်။ သူမက လုယန်တွင် အလွန်ကောင်းမွန်တဲ့ မိသားစုနောက်ခံနှင့် စွမ်းရည်ရှိကြောင်းသာရေးခဲ့မိပြီး ချင်းရို့ဟာ သူ့နောက်လိုက်ကပ်ခဲ့၍ လူအများရယ်စရာဖြစ်စေခဲ့တာ...

သို့ပေသိ ချင်းရို့က အနှီနောက်ခံကြီးကို တကယ်ပဲ ချိတ်နိုင်သွားတယ်!

ရွှယ်ထင်ထင်ကို ပို၍ဒေါသထွက်စေသည်မှာ ချင်းရို့က "ရွှယ်ထင်ထင်" ရှေ့မှောက်၌ အမျိုးသားဇာတ်လိုက် လင်းချန်ရန်ကို မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့သည့်အခါ လင်းချန်ရန်သည် လင်းမင်ဟွေ့အစစ်ကဲ့သို့ပင် သူမရဲ့အလှမှာ ဆွဲဆောင်ခံလိုက်ရခြင်းပင်။

ချင်းရို့ဟာ တကယ့်ကို မြူဆွယ်တတ်တဲ့ မြေခွေးမပဲ။

"ရွှယ်ထင်ထင် နင် ဒီနေ့ သီချင်းဆို မလေ့ကျင့်တော့ဘူးလား?"

"ဒီနှစ်ရက်မှာ နင် ဘာဖြစ်နေတာလဲ? နင့်ရဲ့ သီချင်းဆိုတဲ့စွမ်းရည်က အရင်ကလောက် မကောင်းတော့ဘူးနော်"

ဖြတ်လျှောက်သွားတဲ့ ကျိုးမိန်လန်က ရွှယ်ထင်ထင်ကို ပြောလိုက်သဖြင့် သူမရဲ့မျက်နှာကို အလွန်အရုပ်ဆိုးသွားစေကာ "ငါ ခဏနေ လေ့ကျင့်ဖို့ သွားတော့မလို့ပဲ"

ကျိုးမိန်လန်ရဲ့ဘေးနားရှိ ကျိုးရှောင်လင်းက မတွေးမိဘဲ မနေနိုင်တော့ဘဲ "ချင်းရို့က သီချင်းဆိုခဲ့ပြီးတော့ ဆုရခဲ့ပေမယ့် ရွှယ်ထင်ထင်ကတော့ ဆုတ်ယုတ်သွားသလိုပဲနော်"

"ချင်းရို့က ပိုတော်လာပေမယ့် တပ်မတော်ကနေ ထွက်တော့မှာဆိုတော့ နှမြောစရာပဲဟယ်"

သူမရဲ့ မျက်နှာမှာ ပိုမိုအရုပ်ဆိုးလာလျက်။ ဒီရက်တွေထဲမှာ သူမက စိတ်အခြေအနေမကောင်းနေတာကြောင့်ဖြစ်ရာ ချင်းရို့လောက် သီချင်းဆိုမတော်ကြောင်းကို ဘယ်တော့အခါမျှ ဝန်ခံမည်မဟုတ်။

အတိတ်တုန်းကတော့ ချင်းရို့က ကြည့်ကောင်းလှသည့်အတွက် ဒိုင်များက သူမကို အမှတ်ပိုပေးခဲ့၍ သီချင်းဆိုပြိုင်ပွဲ၌ ပထမဆုရနိုင်ခဲ့သည်ဟု သူမထင်ခဲ့လေသည်။

နောက်ပိုင်းတွင် ဖျော်ဖြေရေးကုမ္ပဏီမှ တစ်စုံတစ်ယောက်က ချင်းရို့ဆီ ချဥ်းကပ်ခဲ့သော်လည်း ချင်းရို့ကငြင်းဆိုခဲ့သောကြောင့် လျောင်ထင်ထင်ကိုယ်၌က သူမကိုယ်သူမ အဆိုပြုခဲ့ပေမယ့် ဖျော်ဖြေရေးကုမ္ပဏီဆီမှ အငြင်းခံလိုက်ရသဖြင့် ချင်းရို့ကို ပိုလို့တောင် မုန်းတီးခဲ့သလို သူမရဲ့အတွေးတွေကို ပို၍ဆိုးရွားလာစေခဲ့၏။

ယခုတော့ သူမဟာ အမျိုးသမီးဇာတ်လိုက်ဖြစ်လာ၍ သူမနှင့် အမျိုးသားဇာတ်လိုက် လင်းချန်ရန်တို့က ချစ်မြတ်နိုးကြတဲ့ ဇနီးမောင်နှံအဖြစ် အသက်အတူတူကြီးလာကြမည့်အချိန်၌ ချင်းရို့ကတော့ အဲ့ဒီဒေါသကြီးတဲ့အရာရှိနှင့် လက်ထပ်ရမည်ပင်။

ရွှယ်ထင်ထင်သည် အနှီရေတပ်အရာရှိဟာ စိတ်တိုလွယ်ပြီး အကျင့်ဆိုးအများကြီးရှိ​မယ်လို့ မျှော်လင့်ထားလျက်။ သူက အိမ်တွင်းအကြမ်းဖက်တတ်ရင် အကောင်းဆုံးပေါ့၊ အဲ့ဒါမှ လက်ထပ်ပြီးတဲ့နောက် ချင်းရို့ဘဝဟာ သနားစရာဖြစ်နေမှာ၊ ပြီးတော့ သူမက အသားအရေမွဲခြောက်ခြောက်၊ ကြမ်းတမ်းတဲ့လက်တစ်စုံနှင့် သတ်လတ်ပိုင်းအရွယ်မိန်းမဖြစ်လာရင် ပိုကောင်းမယ်။

(Me: ယုတ်မာလိုက်တဲ့မိန်းမ၊ တကယ်ဆို ချင်းရို့က သူ့လဲ ဘာမှမလုပ်ဘဲ၊ တစ်ဖက်သတ်မနာလိုအူပုတ်ယုတ်မာနေတာ စိတ်ဓာတ်ကရွံ့စရာ၊ ဘာသာပြန်နေရင်းမနေနိုင်လွန်းလို့ ပြောမိပြီ 😡)

ပြီးတော့ သူမကိုယ်၌ကတော့ အမျိုးသားဇာတ်လိုက်ရဲ့ အလိုလိုက်ခြင်းကို ခံရလိမ့်မယ်။

ဒါကိုတွေးရင်း ရွှယ်ထင်ထင်ရဲ့ ပါးစပ်က တွန့်သွားလျက် ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ မပြုံးဘဲ မနေနိုင်တော့။

"အဘွားကြီးယန် ထပ်ရောက်လာပြန်ပြီ!"

"သူမက ချင်းရို့ကို ရှာနေတာလား? ချင်းရို့က ဒီမှာမရှိဘူးလေ!"

တံခါးဝ၌ လှုပ်ရှားမှုဟာ ဟာသကြည့်ရန်အတွက် လူအမြောက်အများကို ဆွဲဆောင်သွားခဲ့ကြ၏။ ရွှယ်ထင်ထင်၊ ကျိုးမိန်လန်နှင့် ကျန်းမင်တို့လည်း ဝန်းရံနေကြလျက်။ ကြည့်ရတာတော့ ချင်းရို့ကြောင့် ဆေးရုံတက်လိုက်ရသည့် ခေါင်းဆောင်ယန်ရဲ့ အမေဖြစ်သူ အဘွားကြီးယန်ဖြစ်ပုံပဲ။

ယနေ့တွင် မစ္စယန်သည် သူမရှာထားခဲ့သည့် ကျေးလက်ချွေးမလေးကိုပြရန် လာခဲ့ခြင်းပင်။ သူမဘေးမှာ ရပ်နေခဲ့သော ဝမ်ဖန်ဖန်ဟာ သူမသားအတွက် သူမစိတ်တိုင်းကျရွေးချယ်ထားခဲ့သည့် ချွေးမအသစ်စက်စက်လေးဖြစ်သလို သူမရဲ့မြေးများအတွက် မိထွေးကောင်းတစ်ယောက်ကို ရွေးထားခဲ့တာဖြစ်သည်။

ဟုတ်တာပေါ့ -- ဝမ်ဖန်ဖန်က သူမရဲ့ယောက္ခမစကားအကုန်လုံးကို နားထောင်တယ်လေ။

သူမသည် တပ်ရင်းခေါင်းဆောင်ဖြစ်သော သူမရဲ့သားအကြောင်းကို စဥ်းတောင်မစဥ်းစားစေရန်အတွက် ချင်းရို့လို့ခေါ်တဲ့ မြေခွေးမလေးကို သတိပေးရန် ရောက်လာခဲ့တာဖြစ်လေသည်။

"ချင်းရို့ကိုခေါ်လိုက်"

ထန်ရွေ့ပိုင်က ပြောလိုက်၏။ "ချင်းရို့ ဒီမှာမရှိဘူး"

"သူမက ဘယ်လိုလုပ် ဒီမှာမရှိရမှာတုန်း? လာဖြီးဖြန်းမနေနဲ့။ မင်းတို့မှာ နားရက်မရှိဘူးဆိုတာ ငါသိ..."

"ချင်းရို့က တပ်မတော်ကနေ ထွက်သွားတော့မှာလေ။"

"သူမက တပ်မတော်က ထွက်သွားတော့မယ်?" မစ္စယန်က အပျော်လွန်သွားလျက် "မင်းတို့ရဲ့ခေါင်းဆောင်က သူမကို ဂုဏ်သတင်းမကောင်းဘူးလို့ ထင်သွားတာလား?"

"သူမက တပ်မတော်ကထွက်သွားပြီးတော့ လက်ထပ်တော့မှာပါ"

မစ္စယန်သည် ထိုစကားကိုကြားပြီးနောက် ပို၍ပင် ဝမ်းသာသွားရလျက်။ သူမဆီမှ ကြိမ်းမောင်းခြင်းခံရပြီးနောက်တွင် အနှီမြေခွေးမလေးရဲ့ ဂုဏ်သတင်းဟာ ပုပ်သိုးသွားသည်ဟု ထင်သောကြောင့် တစ်စုံတစ်ဦးကို လက်ထပ်ရန် အမြန်ရှာခဲ့တာပဲဖြစ်ရမယ်။

"ဘယ်သူနဲ့ လက်ထပ်မှာတဲ့လဲ?"

"အဲ့ဒီလူက တပ်မတော်အရာရှိတစ်ယောက်ပဲ"

မစ္စယန်သည် ခဏမျှ အံ့အားသင့်သွားရကာ ထပ်ပြီးတော့ အရာရှိတစ်ယောက်ပဲလား။ သို့ပေသိ ဤအရာရှိဆိုသူက သူမရဲ့သားလောက် ကောင်းမှာမဟုတ်ဘူးဆိုတာ သေချာတယ် "သူက ဘယ်ရာထူးလဲ?"

"အရာရှိတွေရဲ့ တပ်ရင်းမှူးပါ"

တပ်ရင်းခေါင်းဆောင်နှင့် အရာရှိတွေရဲ့ တပ်ရင်းမှူးဆိုသည်က ဘယ်လောက်ကွာခြားသလဲဆိုတာကို မစ္စယန်လည်း နားမလည်ပေ။ သို့ရာတွင် အနောက်မှရာထူးဟာ အရှေ့ကရာထူးထက် စကားလုံးပိုများပြီး ပို၍အင်အားကြီးပုံပေါ်နေခဲ့သည်။

ဒီမြေခွေးမလေးက နောက်ထပ်လူအိုကြီးတစ်ယောက်နဲ့ ချိတ်နိုင်သွားပြီပေါ့လေ။

"လုမျိုးရိုးနှင့်လူက အသက်၄၉လောက်ရှိမှာပေါ့၊ သူက ဘယ်နှစ်ခါအိမ်ထောင်ပြုပြီးသားလဲ၊ သူ့မှာ ကလေးဘယ်နှစ်ယောက်ရှိတယ်တဲ့လဲ?"

"တစ်ခုမှမဟုတ်ဘူး"

"ဟ့ ဘယ်လိုလုပ်ဖြစ်နိုင်မှာတုန်း?"

သူမရဲ့သားဟာ တပ်ရင်းခေါင်းဆောင်ဖြစ်ပြီး ချင်းရို့က သူမရဲ့သားထက် ပိုငယ်ပြီး ပိုအင်အားကြီးတဲ့ ယောကျ်ားတစ်ယောက်နှင့် ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာတဲ့လဲ?!

ပြီးတော့ ရက်အနည်းငယ်ပဲရှိသေးတာလေ။

သူတို့က သူမကို လိမ်ညာနေတာပဲဖြစ်ရမယ်။

Thanks for reading!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment