ရုပ်ဆိုးဆိုးကောလေး၏ လယ်ယာစိုက်ပျိုးရေးပုံပြင်လေးတစ်ပုဒ်
အခန်း (၂၈)
T/N: မက်ကျူးဝါးလေးတွေပါပါတယ်နော်...
လီချန်ဖုန်းအခန်းထဲကိုဝင်လိုက်သည်နှင့် မြင်လိုက်ရသည့်မြင်ကွင်းကြောင့် အာခေါင်ခြောက်သွားရ၏။ ရွှီချင်းက တစ်ရေးတစ်မောအိပ်ရန် ခပ်ပွပွအဝတ်အစား ပြောင်းဝတ်ထားပေသည်။ အင်္ကျီမှာ အရမ်းကြီးပြီး လျော့တိလျော့ရဲဖြစ်နေ၍ ဖြူဖြူဖွေးဖွေးရင်ဘတ်ကိုမြင်နိုင်လေသည်။ သူ့ရဲ့ချစ်စဖွယ်ခြေချောင်းသေးသေးလေးတွေကလည်း ယားယံနေသလိုမျိုး တလှုပ်လှုပ်ဖြစ်နေသည်။ ရွှီချင်းက စောင်ကိုဖက်လျက် ဘေးတစ်ဖက်မှာအိပ်နေသည်။ သူ့ရဲ့ခပ်ဝိုင်းဝိုင်းတင်ပါးလေးမှာ တံခါးဘက်သို့မျက်နှာမူနေတော့ မနေ့ညက နူးညံ့တဲ့အတွေ့အထိလေးတွေကို သတိပြန်ရမိစေသည်။
"ခြေချောင်းတွေယားနေလို့လား"
ရွှီချင်းက မျက်လုံးကိုမှိတ်ထားရင်း ခေါင်းညိတ်လိုက်သည်။ စားသောက်ပြီးသည်နှင့် အိပ်ငိုက်နေတဲ့အချိန်မှာ သူ့ခြေဖဝါးယားနေတာတောင် မကုတ်ချင်ပေ။ သို့သော် ယခုတော့ လီချန်ဖုန်းရဲ့မေးခွန်းကိုကြားလိုက်သဖြင့် သူ့ခြေထောက်တစ်ဖက်ကို လေထဲမြှောက်ကာ လီချန်ဖုန်းအား ကုတ်ပေးရန် အချက်ပြလိုက်၏။ "ကျွန်တော်မလှုပ်ချင်လို့၊ ခင်ဗျားကုတ်ပေးပါဦး"
လီချန်ဖုန်းလည်း အိပ်ရာပေါ်တက်ကာ ရွှီချင်းရဲ့မြှောက်ထားတဲ့ခြေဖဝါးကို သူ့လက်ထဲထားလျက် ညင်ညင်သာသာလေး ကုတ်ပေးလိုက်သည်။ ပထမတော့ သူက ရွှီချင်းအတွက် နာနာခံခံကုတ်ပေးနေပေမယ့် တဖြည်းဖြည်းနှင့် သူ့ရဲ့နောက်လက်တစ်ဖက်က ရွှီချင်းရဲ့နူးညံ့ပျော့ပျောင်းတဲ့ခြေထောက်ဆီ သာသာလေးစတင်ရွှေ့လျားနေလျက်...
မကြာခင်မှာပင် လီချန်ဖုန်းက သူ့ခေါင်းကိုမော့ကာ သူနမ်းထား၍ နီရဲနေဆဲနှုတ်ခမ်းလေးကို တစ်တိတိကိုက်လိုက်သည်။ ပထမတော့ ဖြေးဖြေးချင်း ညင်ညင်သာသာလေးနမ်းနေပြီးနောက် ရွှီချင်းရဲ့အောက်နှုတ်ခမ်းလေးကို သူ့ရဲ့ပူပူနွေးလျှာဖြင့် ဆော့ကစားနေလျက်။ လီချန်ဖုန်းက တဖြေးဖြေးနှင့် ရွှီချင်းနှုတ်ခမ်းနှစ်လွှာကိုဖွင့်ဟတိုးဝင်ကာ သိမ်းပိုက်ခြယ်လှယ်လိုက်သည်။ ရွှီချင်းလည်း သူ့ရဲ့စိတ်အားထက်သန်မှုကြောင့် အသက်ရှုကြပ်လုနီးပါးပင်။ လီချန်ဖုန်းကို သူ့လက်တွေနှင့် တွန်းထုတ်နေသော်လည်း ထိုလူရဲ့လက်ကြီးကြီးတစ်စုံက တင်းတင်းဖမ်းဆုပ်ထားလေသည်။
ခုနလေးကမှ ရေအေးဖြင့် လက်ဆေးလာခဲ့တဲ့ လီချန်ဖုန်းရဲ့ လက်တွေမှတစ်ဆင့် ရွှီချင်းမှာ အနည်းငယ်အေးစက်စက်ခံစားလိုက်ရ၏။ လီချန်ဖုန်းကြောင့် အတွင်းပူနေရာမှ စိတ်သက်သာရာရသွားပေ၏။
သို့သော် သူ့မှာ အသက်ရှုဖို့ အချိန်ပင်မရှိ။ လီချန်ဖုန်းရဲ့ ကျူးကျော်လာတဲ့လျှာကို တွန်းထုတ်ဖို့ ကြိုးစားရန် သူ့ခေါင်းကိုမော့လိုက်ရသည်။ သို့ရာတွင် မမျှော်လင့်စွာပင် လီချန်ဖုန်းက သူ့လည်တိုင်တစ်လျှောက် ဆက်နမ်းနေခဲ့ပြီး တင်းတင်းဆုပ်ကိုင်ထားတဲ့လက်အစုံကိုလွှတ်၍ ရွှီချင်းအား အိပ်ရာပေါ်မှပြုတ်မကျစေရန် သူ့ခါးကို တင်းတင်းဖက်ထားခဲ့သည်။
"ခင်ဗျား!"
လီချန်ဖုန်းက ရွှီချင်းကို တင်းတင်းဖက်ထားလျက် သူ့ကိုအော်ငိုအောင်လုပ်ခဲ့သည်။ လယ်အလုပ်ကြောင့် အသားမာတက်နေတဲ့လက်ရှည်ရှည်သွယ်သွယ်တစ်စုံမှာ ရွှီချင်းအား နှိုးဆွပေးနိုင်သော၊ ချစ်စိတ်ပြင်းပြစေသောအထိအတွေ့ကို ယူဆောင်ပေးလာ၏။ သူ့တစ်ကိုယ်လုံးမထိန်းနိုင်စွာ တုန်ယင်နေလျက် "စိုစိုစွတ်စွတ်"အသံတွေက သူ့နားထဲမှာ အဆက်မပြတ်ကြားနေခဲ့ရသည်။
ရွှီချင်းမှာ အထိတ်ထိတ်အပျာပျာဖြစ်ကာ ပူလောင်လာသလို ခံစားခဲ့ရ၏။ သူက လီချန်ဖုန်းရဲ့ကျူးကျော်နေတဲ့လက်မှ လွတ်မြောက်ချင်ပေမယ့် တစ်ဖက်သူမှာ သူ့ကိုတင်းတင်းဆုပ်ကိုင်ထား၍ ရွှေ့လို့တောင်မရခဲ့ချေ။ အိပ်ရာပေါ်မှာသာ သူ့ကိုယ်သူ လက်နှစ်ဖက်ဖြင့်ထောက်ပံ့ပေးထားနိုင်ပြီး သူ့ရဲ့အကာအကွယ်မဲ့နေတဲ့ကိုယ်အပေါ်ပိုင်းမှာ မြှောက်တက်နေခဲ့ရသည်။ သူ့ရဲ့မြှင့်တက်နေဆဲ ရင်ဘတ်ပေါ်မှာလည်း အမွှေးဖွာဖွာဦးခေါင်းတစ်လုံးက အဆက်မပြတ်လှုပ်ရှားနေသေးသည်။
"ပိုမြန်မြန်လေး..."
ဒါပေါ့! လီချန်ဖုန်းက ရွှီချင်းလိုချင်တာကို သိပေသည်။ ထို့ကြောင့် သူ့လှုပ်ရှားမှုတွေက ပြင်းထန်လာကာ ပို၍ပို၍အရှိန်မြန်လာခဲ့လျက်။ သူတို့ရဲ့လှုပ်ရှားမှုတွေမှတစ်ဆင့် သာယာမှုကလည်း အဆက်မပြတ်တိုးလာခဲ့ပြီး မကြာမီအချိန်တွင် ရွှီချင်းမှာ မခံနိုင်တော့ဘဲ လီချန်ဖုန်းလက်ထဲမှာ ပေါက်ကွဲထွက်လာတော့သည်။ သူ အိပ်ရာပေါ် လဲကျသွားကာ သူ့ရဲ့နီရဲရဲရင်ဘတ်အစုံမှာလည်း အဆက်မပြတ်အသက်လုရှူနေရခြင်းကြောင့် မြှင့်တက်နေလျက်။
"ခံစားလို့ကောင်းရဲ့လား?" လီချန်ဖုန်းက သူ့နှုတ်ခမ်းကို လျှက်လိုက်ပြီး ရွှီချင်းရဲ့တစ်ဖက်တစ်ချက်မှာ သူ့ရဲ့သန်မာလှတဲ့လက်အစုံကို ထောက်ကန်၍ ညှို့ဓာတ်အကြည့်ဖြင့် မေးလိုက်၏။
ရွှီချင်းက သူ့ရဲ့ကြည်လင်နေတဲ့မျက်လုံးတွေကို ဖွင့်လိုက်ပြီး လီချန်ဖုန်းရဲ့ ဘဝင်ခိုက်နေသည့်အမူအရာကိုကြည့်၍ အက်ရှရှအသံဖြင့် ပြောလိုက်သည်။ "ဒီရက်တွေထဲမှာ ကျွန်တော့်ကိုမထိပါနဲ့လို့ ခင်ဗျားကိုပြောခဲ့တယ်လေ!"
"ဟုတ်ပါပြီကွာ!"
ရွှီချင်းက သူ့အပေါ်မှာဖိထားသော လီချန်ဖုန်းရဲ့မာကျောနေဆဲအရာကိုသာ မခံစားမိခဲ့ပါက သူ့ရဲ့လေးနက်တဲ့အမူအရာမှာ ရွှီချင်းကို လှည့်စားသွားနိုင်လေ၏။ ရွှီချင်းမျက်လုံးတွေထဲက သံသယကိုတွေ့၍ လီချန်ဖုန်းက သူ့ကိုယ်သူ ရုတ်ချည်းအဝတ်အစားတွေချွတ်လိုက်ပြီး ရွှီချင်းဘေးမှာ အရှက်မရှိစွာ လှဲနေလိုက်သည်။ အားမရှိတဲ့ရွှီချင်းကို သူ့ကိုယ်ပေါ်ထိုင်ရန်ဆွဲတင်လိုက်ကာ သူ့အောက်က ထိုအရာကြီးကြောင့်မသက်မသာဖြစ်၍ ရွှီချင်းလည်း အနေအထားပြောင်းလိုက်၏။
"ကိုယ်မင်းကိုမထိဘူးနော်၊ မင်းပဲကိုယ့်ကိုထိလေ ဟမ်!" လီချန်ဖုန်း သူ့ခန္ဓာကိုယ်ကို တမင်တကာလှုပ်ခါလိုက်ရာ သူ့အပေါ်မှာထိုင်နေတဲ့ရွှီချင်းကို တုန်ယင်သွားစေသည်။
"တကယ်လား?!" လီချန်ဖုန်းကို သူထိရမယ်ဆိုရင်တော့ သူသေချာပေါက်လုပ်နိုင်တာပေါ့! သူက တန်ပြန်တိုက်စစ်ကိုမလုပ်နိုင်ပေမယ့် လီချန်ဖုန်းကို ကျီစားနိုင်သေးတာပဲ။ (T/N: ဟေ့ မင်းအတွေးလွန်နေပြန်ပြီကွာ...)
ရွှီချင်းက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် သူ့လက်ကိုဆန့်လျက် လီချန်ဖုန်းရဲ့မေးစေ့ကို ကုတ်ပေးလိုက်ရင်း "ဟေး ပြုံးပြပါဦး ကလေးလေး!" လီချန်ဖုန်းလည်း အမိန့်ပေးသည့်အတိုင်း အနည်းငယ်ပြုံးလိုက်၏။ သူ့ရဲ့အပြုံးမှာ ရွှီချင်းကို ပဟေဠိဖြစ်သွားအောင် သဘာဝဆန်လွန်းလှသည်ပင်။ ဖြစ်နိုင်တာက... ရွှီချင်းက လက်ဆန့်ထုတ်ကာ ထိုအရာကိုဆွဲကိုင်လျက် ကျီစယ်အပြုံးဖြင့် မေးလိုက်၏။ "ခင်ဗျားရှက်နေတာလား"
"မင်းဘယ်လိုထင်လဲ?" လီချန်ဖုန်းက ရွှီချင်းလက်ထဲမှာကိုင်ထားတဲ့ သူ့ရဲ့တက်ကြွနေတဲ့အရာကိုကြည့်ရန် ရွှီချင်းအား အမူအရာပြလိုက်သည်။ ရွှီချင်းရဲ့နီရဲရဲပါးပြင်လေးကို ညှစ်လိုက်သဖြင့် ရွှီချင်းလည်း ကြောက်စရာကောင်းအောင် မျက်လုံးကိုမှေးကျဥ်းပစ်လိုက်သည်။ ဖိအားအနည်းငယ်ကြောင့် လီချန်ဖုန်းလည်း အသက်ပြင်းပြင်းရှူလာခဲ့သည်။ တစ်ယောက်ယောက်ကို ဒီလိုဦးဆောင်ထိန်းချုပ်နေရတဲ့ခံစားချက်မှာ ရွှီချင်းကို စိတ်လှုပ်ရှားစေကာ သူ့မျက်လုံးတွေကလည်း စိတ်လှုပ်ရှားစွာ ပြူးကျယ်နေလျက်။
လီချန်ဖုန်းက သူ့မျက်လုံးထဲမှ တောက်လောင်နေတဲ့ရမ္မက်မီးကိုဖိနှိပ်ထားပြီး ရွှီချင်းကို စိတ်ထက်သန်စွာ စူးစမ်းခွင့်ပေးထားခဲ့၏။ သားကောင်ကိုဖမ်းဖို့ အချိန်ယူရမှာပေါ့၊ တစိမ့်စိမ့်အရသာခံရမှာပေါ့ မဟုတ်ဘူးလား။
ရွှီချင်းရဲ့လက်မှ အကြိမ်ပေါင်းများစွာလှုပ်ရှားပြီးနောက် လီချန်ဖုန်းက တကယ့်ကိုပြင်းပြင်းထန်ထန်တုံ့ပြန်လာတာကို မြင်လိုက်ရတော့ ပို၍တောင်စိတ်လှုပ်ရှားလာခဲ့သည်။ သူက ဆက်၍ကျီစားနေကာ မရပ်တန့်ခဲ့ချေ။ အချိန်အတော်ကြာလာသော် ရွှီချင်းလည်း သူ့လက်တွေက စတင်နာကျင်ညောင်းကိုက်လာခဲ့ပေမယ့် လီချန်ဖုန်းက သူ့ကိုမလွှတ်ပေးတော့ "ခင်ဗျားနည်းနည်းမြန်ပေးလို့ရမလား၊ ကျွန်တော်ပင်ပန်းလာပြီ!"
လီချန်ဖုန်းက သက်ပြင်းချလိုက်၏။ ရွှီချင်းမှာ အခန်းထဲမှ အနံ့အသက်တွေကြောင့် မသိစိတ်က ရေငတ်လာပြန်သည်။ သူ့နှုတ်ခမ်းတွေကိုလျှက်လိုက်၍ လီချန်ဖုန်းက သူ့ကိုစိုက်ကြည့်နေလျက်။ ရွှီချင်းရဲ့ပန်းရောင်လျှာလေးမှာ ကျီစယ်သလိုလုပ်ပြနေကာ ထိုသို့သောမြင်ကွင်းက လှုံ့ဆော်မှုကိုပြင်းထန်စေ၏။ သူ့တစ်ကိုယ်လုံးသွေးတွေပွက်ပွက်ဆူလာသည်ကို ခံစားလိုက်ရ၏။ သူက ရွှီချင်းကို အနိုင်ကျင့်ချင်ပေမယ့် သူ့ညီငယ်လေးက သူ့ဇနီးလက်ထဲမှာရှိနေတာကြောင့် ကမူးရှူးထိုးမလုပ်ဆောင်ဝံ့ပေ။
"မင်းရေငတ်နေလား"
ရွှီချင်းက လီချန်ဖုန်းရဲ့ခပ်ရှရှအသံကို မကြားလိုက်ဘဲ သတိလက်လွတ် ခေါင်းညိတ်လိုက်သည်။ သူတို့အချစ်တွေလုပ်နေတဲ့အချိန်မှာ လီချန်ဖုန်းက အမြဲတမ်းထိန်းချုပ်ထားသူဖြစ်ပြီး မနေ့ညကလည်း လီချန်ဖုန်းကသာ ကြိုးကြိုးစားစားလုပ်တဲ့သူဖြစ်ခဲ့ပေမယ့် သူကပဲ ဘာလို့များမောပန်းနွမ်းနယ်နေရတာလဲ။ လီချန်ဖုန်းကတော့ အရမ်းတက်ကြွနေတာပဲ! မတရားဘူး!
"လိမ္မာတဲ့ကောင်လေး၊ ကိုယ်မင်းကိုတိုက်မယ်လေ!"
ရွှီချင်းက ပတ်ဝန်းကျင်မြင်ကွင်းများ ရိပ်ခနဲဖြစ်သွားသည်ကိုသာ ခံစားလိုက်ရပြီး လီချန်ဖုန်းရဲ့အောက်မှာ အဖိခံလိုက်ရလေသည်။ လီချန်ဖုန်းကို သူ့စကားအတိုင်းမတည်ဘူးလို့ အပြစ်တင်ဖို့ သူ့ပါးစပ်ကိုဖွင့်တော့မည့်အချိန်မှာပင် ပူနွေးနွေးနှုတ်ခမ်းတစ်စုံဖြင့် အကြမ်းပတမ်းပိတ်ဆို့ခံလိုက်ရပြန်သည်။ ရွှီချင်းလည်း သူ့လက်ဖဝါးမှ ထိုအရာကြီးက တဖြေးဖြေးပိုကြီးလာသည်ကို ခံစားလိုက်ရသည့်အခါ မှင်တက်သွားရ၏။ ထိုအခါမှ သူ့လက်ထဲတွင် လီချန်ဖုန်းရဲ့ညီငယ်လေးရှိနေသေးမှန်း သဘောပေါက်သွားရသည်။
"လာပါ၊ ကိုယ် မင်းကိုလုပ်ပေးလေ့ရှိတဲ့အရှိန်နဲ့ ခွန်အားကိုသုံးပေးနော်" လီချန်ဖုန်းသည် သူ့နားကို နူးနူးညံ့ညံ့လေးတစ်တိတိကိုက်နေရင်း ခပ်တိုးတိုးပြောလိုက်ရာ အိပ်မွေ့ချခံလိုက်ရသလိုမျိုး သူ့နားထဲမှစကားလုံးများအတိုင်း ရွှီချင်းရဲ့လက်တွေက လုပ်ဆောင်နေလျက်။
လီချန်ဖုန်းရဲ့လက်တွေက ရွှီချင်းဆံပင်လေးကို ပွတ်သပ်နေခဲ့ပြီးနောက် သူ့ရဲ့နားရွက်လေး၊ ပါးပြင်နှင့် လည်ပင်းတစ်လျှောက် တဖြေးဖြေးအောက်ဆင်းလာခဲ့၏။ သူ့နှုတ်ခမ်းတွေက လည်တိုင်ကျော့ကျော့လေးပေါ် ရစ်ဝဲနေလျက်။ ရွှီချင်းရဲ့နူးနူးညံ့ညံ့ညည်းသံလေးကို နားထောင်ရင်း လီချန်ဖုန်းက အားတက်လာပုံရ၏။ သူက ရွှီချင်းရဲ့ရင်ဘတ်ကိုနမ်းနေခဲ့ရင်း ရွှီချင်းရဲ့စည်းချက်အတိုင်း သူ့လက်တွေကလည်း လှုပ်ယမ်းနေလျက်။
လီချန်ဖုန်းဆီမှ လှုံ့ဆော်နေတဲ့အပြုအမူတို့ကြောင့် ရွှီချင်းလည်း မထိန်းနိုင်အောင် တုန်ယင်နေလျက်။ ရွှီချင်းရဲ့လက်မှာ မသိစိတ်က အရှိန်နှေးလာကာ လက်ကြီးကြီးတစ်စုံက သူ့လက်ကိုရစ်ပတ်၍ နောက်တစ်ဖန် ဖြေးဖြေးချင်းလှုပ်ရှားစေပြန်၏။ လီချန်ဖုန်းက ဒီလိုအပြုအမူတွေနှင့် သူ့ကိုကူညီပေးခဲ့တာဖြစ်မှန်း ရွှီချင်းသဘောပေါက်သွားခဲ့ရသည်။
"ခံစားလို့ကောင်းတယ်မဟုတ်လား ဟင်?" လီချန်ဖုန်းက ရွှီချင်းရဲ့နဖူးကိုနမ်းကာ လက်တစ်ဖက်ကတော့ သူ့ကိုဆုပ်နယ်နေလျက် "ရေဆာနေသေးလား?" ရွှီချင်းလည်း အထိတ်တလန့်ဖြင့် ခေါင်းခါလျက်။ လီချန်ဖုန်းအနမ်းတွေကြောင့် သူ့ပါးစပ်တစ်ခုလုံး ဖူးရောင်နေပါပြီနော်!
"ခင်ဗျား ကျွန်တော့်ကိုထပ်ထိဦးမလို့လား" ရွှီချင်းက ထိတ်ထိတ်ပျာပျာခေါင်းယမ်းလိုက်သည်။ လီချန်ဖုန်းက သူ့လက်တွေကိုဆုပ်ကိုင်ထား၍ ထုံကျင်လုနီးပါးဖြစ်နေကာ မသက်မသာဖြစ်နေ၏။ သူ့စိတ်တွေက မီးတောက်နေသလိုခံစားရသဖြင့် သူ့ကိုယ်သူအေးစေရန် တစ်ခုခုကိုလိုချင်နေခဲ့သည်။
"ချန်ဖုန်း... ချန်ဖုန်း..." ရွှီချင်းသည် လီချန်ဖုန်းနာမည်ကို မသက်မသာဖြင့်အော်နေလျက်။ သူ့ကိုလိုချင်တယ်! သူ့တစ်ကိုယ်လုံး ရမ္မက်ဖြင့်တောက်လောင်နေလျက်!
လီချန်ဖုန်းလည်း သူ့လစ်မစ်ကို ရောက်နေခဲ့ပြီ။ ရွှီချင်းက အနည်းဆုံးတော့ တစ်ကြိမ်အထွတ်အထိပ်ရောက်ခဲ့ပြီးဖြစ်သော်လည်း သူကတော့ တစ်ခါမှမပြီးဆုံးရသေးပေ။ သူက ရွှီချင်းကို အိပ်ရာပေါ်မှာ တင်းတင်းကြပ်ကြပ်ဖက်ထားလိုက်ပြီး ဖြည်းဖြည်းချင်းစူးစမ်းနေလိုက်တော့သည်။ ရွှီချင်းက သူ့လက်ချောင်းတွေကို စိတ်ပါလက်ပါလက်ခံကြိုဆိုသည့်အချိန်အထိ စိတ်ရှည်ရှည်ဖြင့် စောင့်ဆိုင်းနေပြီးမှသာ ညင်ညင်သာသာလေး ရွှီချင်းကိုယ်ထဲတိုးဝင်လာကာ အားအင်အပြည့်စတင်လှုပ်ရှားလိုက်တော့သည်။
လီချန်ဖုန်းနှင့် ရွှီချင်းတို့မှာ တစ်သားတည်းဖြစ်နေသောကြောင့် ရွှီချင်းမှာ သူတို့ရဲ့ရင်းနှီးလှတဲ့အထိအတွေ့ကို ဖော်ပြဖို့ရာ စကားလုံးရှာမတွေ့နိုင်တော့ပေ။ သူ့ရင်ထဲတွင် ကြည်နူးပျော်ရွှင်မှုဖြင့်ပြည့်နေကာ ထူးဆန်းသလိုခံစားလိုက်ရ၏။ လီချန်ဖုန်းပြန်ဆွဲထုတ်လိုက်သည့်အခါ ရွှီချင်းလည်း သူ့ခန္ဓာကိုယ်မှာ ဗလာကျင်းသွားသလို ခံစားလိုက်ရပေမယ့် သူပြန်ဝင်လာသည်နှင့် လုံးဝပြည့်သွားသလိုခံစားလိုက်ရ၏။
လီချန်ဖုန်းသည် ရွှီချင်းခန္ဓာကိုယ်ရဲ့ ထိလွယ်ရှလွယ်အစိတ်အပိုင်းအားလုံးကို ကျွမ်းကျင်စွာ ကျီစယ်နေခဲ့၏။ ရွှီချင်းမှာ သူ့ခင်ပွန်းရဲ့အသက်ရှူသံစည်းချက်အတိုင်းသာ လိုက်နိုင်ပေသည်။ သူ့မျက်လုံးတွေက ဝေဝါးလာကာ သူ့စိတ်တွေကလည်းလွတ်ထွက်တော့မလိုပင်။ သူ့ရဲ့အသက်ကယ်ကြိုးပမာ၊ သူ့ရဲ့ကယ်တင်ရှင်ပမာ၊ သူ့ကိုယ်ပေါ်က လီချန်ဖုန်းကိုသာ ဆုပ်ကိုင်ထားနိုင်ပေ၏!
ရွှီချင်း နောက်တစ်ခေါက်နိုးလာတော့ ညနေစောင်းနေပြီ။
လီချန်ဖုန်းက သူ့ကိုသန့်ရှင်းပေးထား၍ သူ့ခန္ဓာကိုယ်မှာ စေးကပ်တာတွေမရှိတော့ဘူးဆိုရင်တောင် ရွှီချင်းက အဆင်မပြေဖြစ်နေပြီး သက်ပြင်းမချဘဲမနေနိုင်တော့။ ဒီဝံပုလွေက သူ့ကို အမြဲအငမ်းမရစားသောက်နေလိုက်တာ အနာဂတ်မှာ သူဘယ်လိုမျိုးနေရပါ့မလဲနော်။
"နိုးပြီလား? ရေငတ်နေလား။ ရေနွေးနည်းနည်းသောက်လိုက်နော်။ အခုလေးတင် ကိုယ်ကျိုထားတာလေ၊ သောက်လိုက်နော်" လီချန်ဖုန်းသည် အိပ်ခန်းတံခါးကိုဖွင့်လိုက်ပြီး အပြစ်တင်စွပ်စွဲနေတဲ့မျက်လုံးတစ်စုံကို တွေ့လိုက်ရသော်လည်း ရေတစ်ခွက်ဖြင့် ရွှင်ရွှင်မြူးမြူးလျှောက်လာကာ အားနည်းနေသေးတဲ့ရွှီချင်းကိုဖက်လျက် ချစ်မြတ်နိုးစွာအနမ်းပေးလိုက်၏။
"ရေငတ်နေလား"ဟူသော စကားလုံးကို ကြားလိုက်သည်နှင့် ရွှီချင်းလည်း မျက်နှာနီရဲသွားလျက်။ သူအများကြီးဂရုမစိုက်နိုင်ခဲ့ချေ။ သူတို့နှစ်ယောက်သား နေ့ခင်းတစ်ဝက်လုံးလုံး တက်တက်ကြွကြွလေ့ကျင့်ခန်းလုပ်ခဲ့ကြသဖြင့် တကယ့်ကို ရေငတ်နေခဲ့သည်! သူက ခြောက်သွေ့ညှိးနွမ်းသွားသလိုပင်!
"မင်းထပ်လိုချင်သေးလား?" လီချန်ဖုန်းသည် ရွှီချင်းက ရေတစ်ခွက်လုံးသောက်ချလိုက်သည်ကိုကြည့်ကာ သူ့ကိုယ်သူအပြစ်ရှိသလိုခံစားလိုက်ရသည်။
"ဟင့်အင်း! ထပ်မလုပ်တော့ဘူး! ကျွန်တော့်ခါးကနာနေတုန်းပဲ!" ရွှီချင်းရဲ့ဦးနှောက်မှာ နှေးကွေးနေကာ မစဥ်းစားတော့ဘဲ ပြောချလိုက်၏။ သူပြောလိုက်တာကို သဘောပေါက်သွားပြီးတော့မှ ရှက်လွန်းလို့ လီချန်ဖုန်းရဲ့ရင်ခွင်ထဲမှာ သူ့ခေါင်းကို မြှုပ်ထားလိုက်တော့သည်။ တကယ့်ကို အရှက်ကွဲတာပါပဲ!
လီချန်ဖုန်းက ရွှီချင်းကို ညင်ညင်သာသာလေးပုတ်လိုက်ပြီး မစနောက်တော့ဘဲ "ဟုတ်ပါပြီ ဟုတ်ပါပြီ၊ ထပ်မလုပ်တော့ဘူးနော်။ ဒါပေမယ့် မင်းရေထပ်သောက်ချင်သေးလား။" သူ့ဇနီးလေးက အရေပါးလွန်း၍ တစ်ခုခုသာမှားသွားခဲ့ရင် သူ့ကိုထပ်ထိလို့ရမှာမဟုတ်ဘူးလေ!
"ကျွန်တော်ရေသောက်ချင်သေးတယ်..." သူ့ရင်ခွင်ထဲမှ အသံသေးသေးလေး ထွက်လာခဲ့၏။ သူတို့ခန္ဓာကိုယ်က အရမ်းနီးကပ်လွန်းနေလို့သာ၊ မဟုတ်ရင် သူကြားလိုက်မှာမဟုတ်ဘူး!
လီချန်ဖုန်းက ရွှီချင်းအတွက် ပြုတ်ကျနေတဲ့စောင်လးကို ဆွဲတင်ပေးလိုက်ပြီးနောက် ရေခပ်ရန်လှည့်လိုက်၏။ ရွှီချင်းလည်း စောင်ထဲမှာဝင်နေလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်ရှိ မှောင်မည်းမည်းနေတဲ့ကောင်းကင်ကိုကြည့်လိုက်တော့မှ နောက်ထပ်နေ့ခင်းတစ်ချိန်ကိုဖြုန်းလိုက်မှန်း သိသွားတော့သည်။ အား ကိုယ်လူချောရဲ့ ညှို့ဓာတ်ကတော့ တကယ့်ကိုပျက်စီးစေတာပဲကွာ!
xxx