သူမ ကျောင်းကို ရောက်တဲ့အချိန်က သန်းခေါင်ယံဖြစ်၍ တစ်ကျောင်းလုံး.မှောင်မဲ နေသော်ငြား တံတားပေါ်က ဆင်းလိုက်တာနဲ့ အဆောက်အဦးလေးခုကို ဝေဝေဝါးဝါး.မြင်နေရသည်။ အဆောက်အဦးလေးခုရဲ့ ဒီဇိုင်းတွေက တစ်ခုကို တစ်မျိုးပဲ။ အဆ တစ်သောင်းလောက် ကွာတယ်လို့ ပြောလို့ရသည်။
ခေတ်သတ်ဋ္ဌာနရဲ့ အဆောက်အဦးကတော့ နာမည်နဲ့အညီ ခေတ်ဆန်တဲ့ အဆောက်အဦးရှည်များပင်။ သူမ အရင် နေထိုင်ခဲ့တဲ့ ကမ္ဘာပေါ်က အဆောက်အအုံတွေနဲ့ အတူတူပဲ။
ရှေးဟောင်းဋ္ဌာနကတော့ ရှေးခတ်က အိမ်တော်ဝန်းကြီးတွေပဲ။ အနီရောင်ခေါင်မိုးတွေနဲ့ နံရံစိမ်းများသာ ရှိသည်။ အရင်ခေတ်ရဲ့ တားမြစ်မြို့တော်ကြီး တစ်ခုလုံးကို ရွှေ့ထားသလိုမျိုး.ကျယ်ဝန်း လှသည်။
ရှန်းရှဋ္ဌာနရဲ့ စာသင်ဆောင်တွေကကျ ကောင်းကင်မြို့တော်ကြီးလို့ ပြောရပေမည်။ မသေမျိုးစံအိမ်တော်ကြီးတစ်ခုအပြီးမှာ နောက်ထပ် လေပေါ်ဝဲနေတဲ့ စံအိမ်ပျံကြီးကို တွေ့ရလိမ့်မည်။
အံ့ဖွယ်ဋ္ဌာနရဲ့ အဆောက်အဦးတွေကတော့ ရှေးရဲတိုက်ကြီးများနဲ့ ဆင်တူသည်။ ဥရောပခေတ်က အဆောက်အဦးကြီးတွေ ဒီကို ရွှေ့လာသလိုမျိုးပဲ။
ကြီးမားတဲ့ ကျောင်းတော်ကြီးအတွင်းမှာ အဆောက်အဦးကြီးလေးမျိုးကို ထားရှိထားပေးသည်။
အရမ်းထူးဆန်းတာပဲ။
….သူမ.ဘယ်လိုထူးဆန်းတဲ့ နေရာထဲ ဝင်လာမိတာများလဲ?
“ ဒါနဲ့ မင်းရဲ့ အထူးတတ်ကျွမ်းတာက ဘာလဲ?” လုချင် ရုတ်တရက် မေးလာသည်။
လင်းရှင်းဟဲ့ တွေးလိုက်ကာ
“ ငါက ကံကောင်းတယ်”
လုချင် မျက်လုံးလှိမ့်ချင်လာပြီ။
… ဒီကောင်မလေး ရူးနေတာလား? ကံကောင်းတယ်ဆိုတာက ဘယ်လိုလုပ် အထူးစွမ်းရည် ဖြစ်ရမှာလဲ? သူမမှာ ချပြစရာ.ဘာစွမ်းရည်မှ မရှိလောက်ဘူး။ ရုပ်ရည်ကလွဲရင် အသုံးဝင်တာ ရှိပုံမရှိဘူးရယ်။ ခေတ်သစ်ဋ္ဌာနအနေနဲ့ ဒီကျောင်းတော်ကြီးမှာ ရှင်သန်ချင်ရင် ကျန်တဲ့သူတွေကို ရုပ်လေးနဲ့ လုပ်စားပြီး ကျေနပ်အောင် ပေါင်းဖို့ပဲ တတ်နိုင်တော့မယ်။ သူမမှာ ထူးခြားတဲ့ အရည်အချင်းမျိုး မရှိရင် ပထမစာမေးပွဲတောင် အောင်မှာ မဟုတ်ဘူး။ လင်းရှင်းဟဲ့လို လူသစ်လေးက ရက်အနည်းငယ်ကြာတာနဲ့ ကျောင်းထဲမှာ ပျောက်သွားမှာပဲ။
လုချင် ခဏတွေးလိုက်ပြီး မျက်တောင်တစ်ချက် ခတ်ကာ ပြုံးလိုက်သည်။
“ နောက်ကျနေပြီ။ ငါနင့်ကို အိပ်ဆောင်အရင် ခေါ်သွားပေးမယ်။ မနက်ဆယ်နာရီဆို အတန်းစတယ်။ အခုတော့ နင်ရှစ်နာရီလောက် နားလို့ရသေးတယ်။ ကျောင်းအိပ်ဆောင်မှာ နေ့စဥ်လိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းတွေ ထားထားပေးတယ်။ နင် ဝင်သွားတာနဲ့ နားလို့ရပြီ။ နင် နားမလည်တာရှိရင် စားပွဲပေါ်မှာ လူသစ်တွေအတွက် လမ်းညွှန်လဲ ထားပေးထားတယ်။.အဲ့ဒါမှ နားမလည်ရင် ငါ့အခန်း 605ကို လာရှာလဲရတယ်”
အိပ်ဆောင်နေရာကို ရောက်ချိန်မှာ ဘက်စ်ကားက ရပ်သွားလေ၏။
လုချင် ပြောလိုက်သည်။
“ အိပ်ဆောင်နေရာကို ပထမပိုင်းနဲ့ ဒုတိယပိုင်းဆိုပြီး နှစ်ပိုင်းခွဲထားတယ်။ ငါနေတဲ့ 605 က ဒုတိယပိုင်းမှာ။ နင်ရဲ့ အခန်း 303က ပထမပိုင်းမှာ။ အိပ်ဆောင်ထဲ ဝင်သွားတာနဲ့ နင် ဆိုင်းဘုတ်တွေ့ရလိမ့်မယ်။ မနက်ဆယ်နာရီ မထိုးခင်သာ စာသင်ဆောင်1 ကို လာခဲ့နော်။ ငါနင့်ကို လိုက်မပို့တော့ဘူး”
လင်းရှင်းဟဲ့ ယဥ်ကျေးစွာ ခေါင်းညိတ်လိုက်ပြီး
“ ကောင်းပြီ ကျေးဇူးပဲ အတန်းခေါင်းဆောင်”
လုချင် လက်သာ ယမ်းပြလိုက်သည်။ လင်းရှင်းဟဲ့ရဲ့ ပုံရိပ်က တစ်ဖြည်းဖြည်း အမှောင်ထဲမှာ ပျောက်ကွယ်သွားတာမြင်မှ သူမ မက်ဆေ့တစ်စောင် ပို့လိုက်လေသည်။
( မစ္စတာကျွင်း သူမအခု အိပ်ဆောင် ပထမပိုင်းကို သွားနေပြီ။ နောက်စာမေးပွဲမှာ ငါတို့ထပ်တွေ့ရင် ငါ့ကို ဂရုစိုက်ပေးပါအုံး)
……
လီကျွင်း သစ်ပင်နောက်မှာ မှီကာရပ်နေခဲ့သည်။ သူ့ရဲ့မျက်လုံးများက အဝေးကို စိုက်ကြည့်နေလေ၏။
သူ့ဘေးတွင် ကပ်ဖားယပ်ဖား.လုပ်နေသူ တစ်ယောက်ရှိသည်။ ထိုလူက သူ့ကို စီးကရတ် တစ်လိပ် ကမ်းပေးလာတာမို့
လီကျွင်း စီးကရတ်ကို ပါးစပ်မှာ ခဲလိုက်သည်။
ဘေးမှ ကောင်လေးက တစ်ခါထဲ မီးညှိပေးလိုက်ပြီး
“ မစ္စတာကျွင်းက နောက်ဆုံးစာမေးပွဲမှာ သေစေလောက်တဲ့အစွမ်းတွေ ထုတ်ပြနိုင်ခဲ့ပြီး top 10 ထဲ ဝင်ခဲ့တယ်။ အခု လုချင်က မစ္စတာကျွင်းကို စိတ်ကျေနပ်အောင် လုပ်နိုင်ဖို့ လက်ဆောင်တွေ ပို့ပေးနေပြီ။ ဒီတစ်ခေါက် မစ္စတာကျွင်း.စိတ်ကျေနပ်မယ် မျှော်လင့်ပါတယ်။ သူမက အသက်ရှင်စဥ်က သရုပ်ဆောင်လုပ်ခဲ့တာနော်။ သူမရဲ့ ရုပ်က ခေတ်သစ်ဋ္ဌာနက သူတွေအားလုံးထက် လှတယ်။ ပြီးတော့ သရုပ်ဆောင် အများစုက ပွင့်လင်းတယ်.. အဲ့ဒီရှေးခေတ်ဋ္ဌာနက မိန်းကလေးတွေလို အားတိုင်းငိုတွေ မဟုတ်ဘူး။ သူမ မစ္စတာကျွင်းကို ကောင်းကောင်း ဝန်ဆောင်မှုပေးနိုင်မှာ ကျွန်တော် အာမခံတယ်”
လီကျွင်း မျက်နှာမဲ့လိုက်ကာ
“ မင်းတို့ ခေတ်သစ်ဋ္ဌာနက မိန်းမတွေက အိပ်ယာနွေးအောင်လုပ်တဲ့နေရာမှာပဲ အသုံးဝင်တယ်”
“ ဟုတ်တယ်။ အမှန်ပဲမလား? မစ္စတာကျွင်းကသာ စွမ်းအားကြီးတဲ့ အရည်အချင်းတွေကြောင့် အံ့ဖွယ်ဋ္ဌာနကို တန်းဝင်နိုင်ခဲ့တာပဲ။ မစ္စတာကျွင်းရဲ့ နောက်ဆုံးစာမေးပွဲကို ကျွန်တော် live ကြည့်ပြီးပြီ။ နောက်ဆုံးတစ်ခေါက်က မိုးကြိုးရိုက်ချက်ကြီးက မိုက်လိုက်တာဗျာ။ သန်မာတဲ့ လူတစ်ယောက်ရဲ့ လွှမ်းမိုးနိုင်စွမ်းအပြည့်ပဲ!”
ဖင်မတဲ့ စကားတွေ ကြားရတော့ လီကျွင်း တော်တော်လေး နေလို့ထိုင်လို့ ကောင်းနေသည်။ သူ မျက်ခုံးတစ်ဖက် ပင့်ကာ အဆောင်ပထမပိုင်းကို သွားဖို့ ဖြတ်ရသည့် လမ်းကို လှမ်းကြည့်လိုက်လေ၏။
ငါးမိနစ်လောက်ကြာသွားခဲ့တာတောင်မှ လူရိပ်လူချေ မတွေ့ရချေ။
“ မစ္စတာကျွင်း စိတ်မပူပါနဲ့။ မိန်းကလေးတွေက လမ်းလျှောက်တာ နှေးတယ်။ ပြီးသူမက ဘယ်သူမလို့လဲ? ဘာမှ မသိတဲ့ အသစ်လေးလေ။ လမ်းက ပန်းတွေ အပင်တွေမှာ အာရုံရနေမှာပဲ”
နောက်နာရီဝက်ကြာတဲ့အထိ လီကျွင်း ငါးလိပ်မြှောက် ဆေးလိပ် ကုန်သွားတဲ့အခါမှာလဲ လူရိပ်လူချေ မတွေ့ရသေးပြန်ချေ။
သူ စိတ်မရှည်စွာ ပြောလိုက်တော့သည်။
“ မင်း သွားကြည့်စမ်းပါ။ ဘာကိစ္စ သူမ အခုထိ မရောက်သေးတာလဲ?”
ထိုကောင်လေးက အမြန်ထွက်သွားလေသည်။
သိပ်မကြာဘူး။ ပြန်ရောက်လာခဲ့သည်။ သူ့ရဲ့ မျက်နှာက သရဲတစ်ကောင်တွေ့ခဲ့ရသလို အထိတ်တလန့်နှင့်။
“ ဘယ်သူမှမရှိဘူး”
ထိုအချိန်မှာ လင်းရှင်းဟဲ့ကတော့ ခက်ခက်ခဲခဲနဲ့ ခြံစည်းရိုးကို ကျော်ခွနေလေရဲ့။
သူမရဲ့ တစ်ကိုယ်လုံး ပေပွနေခဲ့သည်။
လွန်ခဲ့တဲ့ နာရီဝက်ကမှ သူမသည် လမ်းတစ်လျှောက်ကို အကဲခတ်နေခဲ့သည်။ အိပ်ဆောင်ရှိရာသို့ သွားရန် တစ်လမ်းသာ ရှိ၏။ ဘေးနှစ်ဖက်သည် အမည်မဖော်နိုင်တဲ့ စိမ်းစိုစို အပင်များပြည့်ကျပ်နေပြီး လူတစ်ရပ်လောက်နီးနီး ရှိတဲ့ စည်းရိုးလေးနဲ့ ကာပေးထားလေ၏။
ပြောရမယ်ဆိုရင် ဒီလောက်အနေအထားက ပြုတ်ကျစရာ မလိုအပ်သေးဘူး။
ဒါပေမဲ့ သူမက လမ်းလျှောက်တယ်.. သိပ်မကြာဘူး.. ခုန်ပေါက်တယ်.. လှည့်ပတ်တယ်..သိပ်မကြာဘူး ပြုတ်ကျတော့တယ်။
လင်းရှင်းဟဲ့ မြေကြီးနဲ့ မိတ်ဆတ်ပြီး ထင်ခဲ့ပေမဲ့ ကံကောင်းလေတော့ ဆင်ခြေလျှော ဖြစ်နေလေရဲ့။ နှင်းလုံးတစ်ခုလိုမျိုး သူမ လျှောကျသွားတော့သည်။ သူမ ကံကောင်းတာလား ကံဆိုးတာလား မသိတော့ပါချေ။ ဒါပေမဲ့ ထိုနှင်းလုံး ပြုတ်ကျမှုက သူမကို ဒဏ်ရာမရစေခဲ့ဘူး။ သူမ မတ်တပ်ရပ်လိုက်ချိန်မှာ ခန္ဓာကိုယ်၌ ခြစ်ရာတစ်ခုတောင် မရှိခဲ့ချေ။
တစ်ကိုယ်လုံးအနှံ့ ဗွက်တွေပေပွနေပြီး ကိုယ့်လက်ချောင်းကိုယ်ပင် သေချာ မမြင်ရတော့သည်အထိပဲ။
လင်းရှင်းဟဲ့တို့က ဒီလောက်နဲ့ မကြောက်ပါချေ။ အပေါ်ပြန်တက်ဖို့ရန် အားကြိုးမာန်တက် ကြိုးပမ်းလေ၏။
ကံကောင်းသည်က သူမ ရိုက်ကူးခဲ့ရတဲ့ ဇာတ်လမ်းရဲ့ မင်းသမီးသည် ကျွမ်းကျင် တောင်တက်သမားဖြစ်သည်။ ထို့ကြောင့် သူမလဲ တစ်လတိတိ ဆရာခေါ်ပြီး သင်ခဲ့ရသည်။ ဒီလိုမှမဟုတ်ဘဲ သာမာန်သူ သာဆိုရင်တော့ ဒီဆင်ခြေလျှောကို တက်နိုင်မည့် လမ်းမမြင်ချေ။
သူမ အပေါ်ရောက်တဲ့အခါမှာ မျက်စိရှေ့တည့်တည့်က အိပ်ဆောင်ကို မြင်လိုက်ရတော့သည်။