no

Font
Theme

ဝမ်ကျစ်ချူးကြားပြီးပြီးချင်းမှာပင် အံအားသင့်သွားပြီး ခေါင်းကိုငုံကာတီးတိုးရေရွတ်ရင်း ''ဒါဆို ငါ စာဆက်ရေးနေတာပဲကောင်းမယ်'' ဟု ပြောသည်။

စနစ် : မင်းလုပ်ပေးမယ်လို့တောင် ကတိပေးထားပြီးပြီပဲ

သို့သော် ဆယ်မိနစ်ကျော်ကြာသွားသည့်တိုင်အောင် ဝမ်ကျစ်ချူးသည် စားပွဲ၌ထိုင်ကာ ဘောပင်ကို တုပ်တုပ်မျှမလှုပ်ဘဲ ဆက်နေလျက်ရှိခဲ့သည်။

နတ်သူငယ်လေးက ဆက်ပြီးကြည့်မနေနိုင်တော့ပေ။

စနစ် : '' မင်းမရေးတတ်တော့ရင်လည်း အင်တာနက်ပေါ်ကနေ ကူးရေးလိုက်လေ ''

ဝမ်ကျစ်ချူး မျက်မှောင်ကိုကျုံ့လျက် သူ၏လက်ထဲက ဘောပင်ကို တင်းတင်းကျပ်ကျပ် ဆုပ်ထားပြီး ''ဒါက စာဖတ်သူကို လိမ်လည်တာပဲ ''ဟု ပြန်ပြောသည်။

နတ်သူငယ်လေးကတော့ အရေးမစိုက်စွာဖြင့် ဂရုမစိုက်ဟန်နေလျက်ရှိသည်။

စနစ် : ''အဲဒီတော့ ဘာဖြစ်လဲ ?''

ဝမ်ကျစ်ချူးသည် လေးနက်သောမျက်နှာထားဖြင့် ''သူငါ့ကို 12315 ပုဒ်မနဲ့တရားစွဲလိုက်လို့ ရတယ်ကွ'' ဟုပြောသည်။

နတ်သူငယ်လေး .....

''အကယ်၍ တကယ်မူပိုင်ခွင့်တောင်းခံရင်လည်း ကုန်ကျစရိတ်ကို ဆယ်ဆလောက် ငါသူ့ကိုလျော်ပေးရဦးမယ် ''

''စာရေးခဝန်ဆောင်မှုကြေးက ၂၅ယွမ် ၊ အစီရင်ခံကြေးက ယွမ်၂၅၀ ၊ တကယ်သာ တိုင်ခံလိုက်ရလို့ကတော့ ယွမ်၂ရာလောက် ထပ်လျော်ရဦးမယ် ''

''နောက်ပြီး ယွမ်၂ရာက သူ့အတွက်ပိုက်ဆံတင်မကဘူး အသက်တမျှလောက်တန်ဖိုးရှိတဲ့ အဖိုးအခပဲ ''

ဝမ်ကျစ်ချူး ဦးနှောက်ဗလာနှင့် စာရွက်ဖြူကိုစိုက်ကြည့်လျက်ရှိပြီး ' ဒါကြောင့်မို့လိုလူတွေက စာရေးတတ်သူတွေကိုရှာကြတာကိုး' ဟုတွေးကာ '' တကယ်ကိုခက်တာပဲ '' ဟုရေရွတ်ခဲ့သည်။

စနစ် : ''မင်းအင်တာနက်ကနေ ကူးလိုက်စမ်းပါကွာ တဖက်သူကသိမှာမှမဟုတ်ပဲနဲ့ ''ဟုပြောသည်။

''ဒါဆိုရင် ဒါကခိုးချတာပဲမဟုတ်ဘူးလား ?''

စနစ် : '' မင်းကမလုပ်ဘူးပေါ့ ?''

ဝမ်ကျစ်ချူးခေါင်းကိုသွင်သွင်ခါကာ '' အဖွဲအစည်းနဲ့ လူတွေက စောင့်ကြည့်နေကြတယ်လေ ''

နောက်ဆုံးတော့ ၂နာရီကြာပြီးသည့်နောက်တွက် စာလုံးရေပေါင်းရာချီနှင့် ပြည့်နှက်နေသည့်ရည်းစားစာကို အပြီးသတ်နိုင်ခဲ့သည်။

ဝမ်ကျစ်ချူးစာရွက်ကို ဂရုတစိုက်ခေါက်သိမ်းကာ တဖက်သူမှ နာမည်မပေးရသေးသည့်အတွက် မနက်ဖြန်မှမေးမည်ဟု တွေးကာ စာအိတ်ထဲသို့ထည့်လိုက်သည်။

ထိုအခါမှသာ အိပ်ရာဝင်ပြီးအိပ်စက်နိုင်ခဲ့တော့သည်။

တစ်ညတာကုန်ဆုံးသွားပြီးနောက် ဝမ်ကျစ်ချူး အရင်ကလိုပင် ကျောင်းကိုသွားခဲ့သော်လည်း ဘတ်စ်ကားမှတ်တိုင်တွင် ဘတ်စ်ကားသည် အတော်လေးနောက်ကျသည့်တိုင်အောင် ရောက်မလာခဲ့ပေ။

ဝမ်ကျစ်ချူး နာရီကိုတစ်ချက်ထုတ်ကြည့်ကာ ကျောင်းသို ခြေကျင်သွားရန်ဆုံးဖြတ်လိုက်သည်။

စနစ် : ''အဲ့ဒါ ဘာလဲ?''

ဘတ်စ်ကားမှတ်တိုင်နှင့် အလှမ်းမဝေးသော တစ်နေရာအရောက်တွင် နတ်သူငယ်လေးအံ့သြတကြီးဖြင့် မေးခဲ့သည်။

စနစ် : ''မင်းရဲ့ဘယ်ဘက်မှာ ''

ဝမ်ကျစ်ချူး ခေါင်းကိုလှည့်ကြည့်လိုက်ရာတွင် လူနှစ်ယောက်ကို မလှမ်းမဝေးတစ်နေရာတွင် တွေ့လိုက်ရပြီး တစ်ယောက်သည် ဝတ်စုံအပြည့်နှင့်သားရေဖိနပ်ကိုဝတ်ဆင်ထားပြီး လက်ထဲတွင် မြေပုံကိုကိုင်ထားကာ ကျန်တစ်ယောက်သည် အလုပ်သမားဝတ်စုံနှင့် လက်ထဲတွင်အနီရောင်ဆေးပုံးကိုကိုင်၍ ထိုသူ၏ရှေ့ရှိနံရံပေါ်တွင် တစ်စုံတစ်ခုကိုရေးနေသည်ကို မြင်လိုက်ရသည်။

လူနှစ်ယောက်ထွက်သွားသောအခါ ဖြိုချရန်ဆိုသော စာလုံးတစ်လုံးကိုအထင်းသားမြင်လိုက်ရပြီး

စနစ် : ''အဲဒီအိမ်ကို ဖြိုကြတော့မှာလား ''ဟုမေးလိုက်သည်။

ဝမ်ကျစ်ချူးတစ်ယောက် တံတွေးကိုမြိုချရင်း တွေတွေကြီးစိုက်ကြည့်လျက် ''ဟုတ်တယ်''ဟုပြန်ဖြေခဲ့သည်။

စနစ် : ''ဒါဆို အဲဒီမိသားစုက နေစရာနေရာမရှိတော့ဘူးမလား ''

ဝမ်ကျစ်ချူးပြန်မပြောခင်မှာပဲ '' သူတို့တွေ သနားဖိုကောင်းလိုက်တာ'' ဟု စနစ်ရဲ့နောက်ဆက်တွဲစကားကို ကြားလိုက်ရသည်။

ဝမ်ကျစ်ချူး တစ်အောင့်ကြာအထိ အသံတိတ်သွားပြီးနောက် ထိုမိသားစုသည်လည်း သနားစရာကောင်းသည်ဟု သူတွေးနေမိသည်။

ကျောင်းရောက်သောအခါ ကိုယ်ပိုင်လေ့ကျင့်ချိန်ပြီးသည့် အချိန်ကိုအခွင့်ကောင်းယူ၍ ငှားရမ်းသူအတွက် စာသွားပို့တော့သည်။

မှိုစိမ်းအိမ် : ''နင့်ရဲ့နာမည်ကို မှတ်ထားဖို့လိုသေးလား? ''

ကမ္ဘာပေါ်ကအခန့်ဆုံးလူသား : ''မလိုဘူး အံ့သြသွားအောင်လုပ်ရမယ် ''

မှိုစိမ်းအိမ် : ''မုံ့ယန်က နင်ဘယ်သူလဲဆိုတာ မသိဘူးလေ နင်ဘယ်လိုပြန်ဖြေမှာလဲ ''

ကမ္ဘာပေါ်ကအခန့်ဆုံးလူသား : '' ငါသူ့ရဲ့လှုပ်ရှားမှုကို မျက်ခြေမပျက် စောင့်ကြည့်မှာပါ ''

ဝမ်ကျစ်ချူး သဘောပေါက်သွားပြီး ဘာမှထပ်မမေးတော့ပေ။

နတ်သူငယ်လေးသည် ဇဝေဇဝါဖြစ်နေခဲ့သည်။

စနစ် : '' ရည်းစားစာကိုပေးမဲ့သူက သူမှမဟုတ်တာကို သူက ဘယ်လိုလုပ် သူမရဲ့တုံပြန်မှုကို စောင့်ကြည့်မှာလဲ ''

ဝမ်ကျစ်ချူး ''သူတိုက တစ်ခန်းတည်းလေ''

.....

ဝမ်ကျစ်ချူး အမှန်တကယ်တော့ ဒီမနက်ခင်းကျောင်းကို စောစောရောက်ချိန်ကပင် စာကိုသွားပေးရန် ဖြစ်သော်လည်း အခြေအနေသည် သိပ်မဟန်ခဲ့ပေ။ သူမနက်ခင်းသွားသည့်အချိန်တုန်းက အတန်း၉တွင် ကျောင်းသားအတော်များများ ရောက်နှင့်နေကြပြီး မုံ့ယန်လည်း ရှိနေသည်ကိုတွေ့လိုက်ရ၍ သူ၏အစီအစဉ်ကို ဖျက်ခဲ့လိုက်ရခြင်းဖြစ်သည်။
နေ့လည်ခင်းပိုင်း လေးချိန်မြောက်အတန်းဖြစ်သည့် ကာယအချိန်မှသာ အားလပ်ချိန်ရတော့သည်။ အတန်း၁၁နဲ့ အတန်း၉တို့၏ ကာယအချိန်ကိုအတူတကွလုပ်ကြရပြီး  ကစားကွင်းကိုနှစ်ပတ်ပတ်ပြေးပြီးသည့်နောက် ကာယဆရာသည် ယနေ့အတွက်အတန်းချိန်ကို အပြီးသတ်ခဲ့သည်။

သူကစားကွင်းတွင် ခေါက်တုံ့ခေါက်ပြန်လမ်းလျှောက်နေခဲ့ပြီး ထိုနောက်တွင် သူခိုးတစ်ယောက်ကဲ့သို ခိုးကြောင်ခိုးဝှက်နှင့် ကျောင်းထဲသို့ပြန်လာခဲ့သည်။

ဝမ်ကျစ်ချူး အတန်း၉သို့ရောက်လာသည့်အခါ အတန်းထဲတွင် ကာယအချိန်တွင်ခွင့်တိုင်ထားသည့် လူနှစ်ယောက်ရှိနေသည်ကိုတွေ့လိုက်ရပြီး သူအခုဝင်သွားလျှင် သူတို့သိသွားမည်ဟု တွေးနေမိသည်။

စနစ် : '' ဝင်သွားလိုက်ပါကွာ တွေ့ရင်လည်းတွေ့ပါစေပေါ့ ''

''ဒီလိုဆို မကောင်းဘူး''ဟူ၍ ဝမ်ကျစ်ချူး တွန့်ဆုတ်နေမိသည်။

စနစ် : '' ဘာပဲဖြစ်ဖြစ် တကယ်စာပေးတဲ့သူက မင်းမှမဟုတ်တာ လူတွေသိသွားတော့ ဘာဖြစ်မှာလဲ ''

ဝမ်ကျစ်ချူး '' မုံ့ယန်က ငါပေးတာမှန်းမသိရင် အခွင့်အရေးရှိသေးတယ် တခြားသူသာငါ့ကို တွေ့သွားခဲ့ပြီး ငါပေးတာမှန်း မုံ့ယန်ကို ပြောပြလိုက်ရင် ငါအာမခံတယ်....''

စနစ် : ''ဘာအာမခံတာလဲ''

ဝမ်ကျစ်ချူး : ''သူစာကို ဖတ်တောင်မကြည့်ပဲနဲ့ အမှိုက်ပုံးထဲကို လွှင့်ပစ်လိမ့်မယ် ''

နတ်သူငယ်လေး....

ကြားရတာသည်မှာ အကျိုးအကြောင်းရှိသလိုပင်ဖြစ်သည်။

ထိုအပြင် လက်ရှိခန္ဓာကိုယ်၏ မူရင်းလူသည် မုံ့ယန်ကို လိုက်နှောက်ယှက်နေခဲ့သည်မှာအတော်ကြာပြီဖြစ်ပြီး တစ်ဖက်သူမှာ သူ့ကိုအတော်လေးအမြင်မကြည်ဖြစ်နေသည်။

အတန်း၉တွင် ယခုယောက်ျားလေးတစ်ယောက်နှင့်မိန်းကလေးတစ်ယောက်
ထိုလူနှစ်ယောက်ရှိနေပြီး မိန်းကလေးသည် စာလုပ်နေပြီး ယောက်ျားလေးသည် အိပ်နေသည်။

သူအခု ထိုမိန်းကလေးမသိအောင် ဝင်သွားနိုင်လျှင်အဆင်ပြေပြီဖြစ်သည်။

ဝမ်ကျစ်ချူးစာအိတ်ကို လက်နှစ်ဖက်နှင့်တင်းကြပ်စွာဆုပ်ကိုင်ထားပြီး အတန်း၉၏ အခြေအနေကို စိတ်ပူပန်စွာဖြင့်စောင့်ကြည့်နေသည်။

ထိုအချိန်တွင် သူ၏အနောက်မှအသံတစ်သံထွက်လာခဲ့သည် ''ဘာလုပ်နေတာလဲ''

ဝမ်ကျစ်ချူးသည် စိတ်ထဲရှိ  နတ်သူငယ်လေးကို သာ ပြန်ဖြေပေးခဲ့သည် ''ရှူး အသံမထွက်နဲ့''

ထိုအဖြေဆုံးသွားသည့်နောက် ''ဟုတ်ပြီ'' ဟူသော အသံကိုကြားလိုက်ရသည်။

''အခုဘာလုပ်ကြမလိုလဲ ''ဟု အံ့သြတကြီး ထပ်မေး ခံလိုက်ရသည့်အခါ

'' အထဲကိုဝင်ဖို့ နည်းလမ်းစဉ်းစားနေတာ '' ဟူ၍ ဝမ်ကျစ်ချူး အတန်းအခြေအနေကို စောင့်ကြည့်နေရင်း ပြောသည်။

''မင်းဘာလို ဒီအတိုင်းဝင် မသွားတာလဲ''

ဝမ်ကျစ်ချူး ခိုးကြောင်ခိုးဝှက်လေသံဖြင့် ''ဒီကိစ္စက လူသိလိုမရဘူးကွ ''ဟုပြောသည်။

'' သြော်သြော် '' ထိုသူ၏အဖြေကို ကြားပြီးနောက် ''ဒါဆို သတိထားဦးနော် အဖမ်းမခံရစေနဲ့ဦး'' ဟုပြန်ပြောလိုက်သည်။

ဝမ်ကျစ်ချူး ခေါင်းကိုငြိမ့်ပြပြီး '' ဟုတ်ပြီ ဟုတ်ပြီ ''

ဌာနမှူးနှင့် ဝမ်ကျစ်ချူးတို့  နံရံဘေး ကပ် ရပ်နေကြသည်ကို ကြည့်ပြီး ချင်ကျားရှု့ : ....

ကျောင်းသားသမ္မဂကိစ္စ ဆွေးနွေးရန်အတွက် ကာယအချိန်ကို သူခွင့်တောင်းထားတာဖြစ်ပြီး ကာယဆရာသည်လည်း အချိန်ရ၍ ဆွေးနွေးပွဲကို တက်ရန်အဆင်ပြေသည်ဆိုသည့်အတွက် အတူတူသွားရန် ဖြစ်သော်လည်း လမ်းတစ်ဝက်အရောက်တွင် အတန်း၉၏ရှေ့ဝယ် ခိုးကြောင်ခိုးဝှက်လုပ်နေသည့် လူအရိပ်ကို သူတွေ့လိုက်ခြင်းပင်ဖြစ်သည်။

ဌာနမှူးခြေအစုံကို ရပ်လိုက်ပြီး တစ်ချက်ကြည့်လိုက်သည်နှင့် မည်သူဆိုသည်ကို သိနေပြီးဖြစ်သည်။

ဒီကောင်လေးဖုန်မှုန့် ဖြစ်သွားရင်တောင် ငါမှတ်မိတယ်

အသက်ငယ်ငယ်ကောင်လေးသည် အခန်းအခြေအနေကို အသေအချာစိုက်ကြည့်ရင်း လက်ထဲတွင် ညိုဝါရောင်စာအိတ်ကို တင်းကြပ်စွာကိုင်ထားပြီး ထိုသို့အတင်းအကြပ်ကိုင်ထားသည့်အတွက် သူ၏လက်များသည်ပင် နီနေတော့သည်။

''မင်း ဒီမှာဘာလုပ်နေတာလဲ အခုကဘာအချိန်လဲ? ''

ကျောင်းသူမိန်းကလေးသည်လည်း စားပွဲပေါ်တွင်မှောက်အိပ်နေသည်ကို သူသုံးသပ်လိုက်ရင်း ''ကာယအချိန်''ဟု ဝမ်ကျစ်ချူး အလျင်စလိုပြန်ဖြေလိုက်သည်။

ဌာနမှူးသူ့ကို အသေအချာစိုက်ကြည့်ပေးလိုက်ရင်း ''မင်းအတန်းလစ်လာတာပေါ့လေ''ဟုမေးကာ

ဝမ်ကျစ်ချူး ''ဟုတ်ကဲ့''

''မင်းတကယ်တော်တာပဲ''

ဝမ်ကျစ်ချူး ''ဒါပေါ့ ဟဲဟဲဟဲ ''

ဌာနမှူးလည်း အတူတကွလိုက်ရယ်ပေးလိုက်သည်။

နတ်သူငယ်လေးသည် သူ့ကိုချီးကျူးသည်မှာ ခဲယဉ်းလှသည်။

ဝမ်ကျစ်ချူး၏မျက်နှာတွင် အနည်းငယ်ဝံ့ကြွားဟန်အနေအထားဖြင့် ''ငါတော်မှန်း မင်းဘယ်လိုသိတာလဲကွ? '' ဟုမေးလိုက်သည့်အခါ

''ဘာလိုလဲဆိုရင် ငါကမင်းရဲ့ဗိုက်ထဲက သန်ကောင်မလိုပဲကွ '' ဟု ကြောက်ဖို့ကောင်းသည့်လေသံဖြင့် ဌာနမှူး ပြန်ဖြေလိုက်တော့သည်။

ဝမ်ကျစ်ချူး :  ' ! '

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment