no
-
-
ချောက်နက်ကြီးအား ကြာရှည်စွာစိုက်ကြည့်ပါက ချောက်နက်ကြီးကလည်း သင့်အား ပြန်စိုက်ကြည့်လာလိမ့်မည် နစ်ရှေး ထောင်ထဲမှာ ဆယ်နှစ်ကျော်အောင် နေထိုင်ခဲ့ရပြီးနောက် လူချမ်းသာမိသားစုက သားတစ်ယောက်ဖြစ်သော ရှန်ရှီးဟာ နေ့စဥ်နေ့တိုင်း ချောက်နက်ထဲမှာ နေနေရသလို ခံစားခဲ့ရသည်။ ထောင်တွင်းအဓိကရုဏ်းအတွင်း အသတ်ခံခဲ့ရသော ရှန်ရှီးတစ်ယောက် သူ့ကံကြမ္မာပြောင်းလဲမည့် ၁၈နှစ်အရွယ်သို့ ပြန်ရောက်လာခဲ့၏။ ဒီဘဝမှာတော့ ရှန်ရှီးဟာ သူနှင့်အတူ အကုန်လုံးကို ချောင်နက်ထဲ ဆွဲချသွားဖို့ သံဓိဌာန်ချထားခဲ့လေသည်။ •••••••• ဒီထဲက MC စိတ်ဓါတ်ကို ဘယ်သူနဲ့နှိုင်းရမလဲဆို ရှန်းမြောင်နဲ့ နှိုင်းရမယ်။ လက်စားချေဖို့အတွက်ဆို သွေးအေးအေး၊ ခေါင်းအေးအေးနဲ့ အကွက်ကိုထောင့်စေ့နေအောင် ချတတ်တယ်။ လက်စားချေဖို့ဆို သူချစ်ရသူကို လက်လွှတ်ဖို့တောင် ဝန်မလေးတဲ့လူစားမျိုး။ သူ့ချစ်သူကလည်း အစက သူနဲ့ဆန့်ကျင်ဘက်ကလူစား။ တဖြည်းဖြည်း သူ့ကို ချစ်မိသွားတဲ့အချိန်ကျမှ လုံးဝ ရှန်ရှီးမှ ရှန်ရှီးဖြစ်သွားတာ။ မျက်နှာဖြတ်ရိုက်ရုံလောက်မဟုတ်ဘဲ အကွက်ကျကျလက်စားချေမှုတွေကို ကြိုက်ရင်တော့ ဖတ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါကြောင်း။
hninwityikhine
3 months ago
ဥထားဦးမယ်