no

Font
Theme

(1)

“ အမျိုးသမီး ကု ရဲ့ ဒဏ်ရာက အရမ်းမပြင်းထန်ပါဘူး ဒါပေမဲ့ သွေးတွေဆုံးရှုံးထားတဲ့အတွက်ကြောင့် မူးဝေပြီး အားနည်းနေတာက ပုံမှန်ဖြစ်စဥ်ပါပဲ “

တာဝန်ကျဆရာဝန်မှ ပြောလိုက်ပြီးနောက်မှ ခုတင်ပေါ်၌ ထိုင်နေတဲ့ အမျိုးသမီးကို လှမ်းကြည့်လိုက်သည်။

ဒီအမျိုးသမီး၏ မျက်နှာပေါ်တွင်ရှိနေသည့် ဒဏ်ရာမှာ လက်ဖဝါးတစ်ခုစာလောက်ရှိနေခဲ့၏။

သူမ၏ မျက်နှာလေးမှာ သိမ်မွေ့ပြီး နူးညံ့လွန်းသည်။ လက်ရှိ သူမ၏နဖူးပေါ်၌ ရစ်ပတ်ထားသည့်အဝတ်စလေးရှိနေချိန်မှာတောင် သူမ၏ရုပ်ရည်အသွင်အပြင်သည်ကား နှင်းပွင့်လေးများလို လှပနေတုန်းပဲ။ သူမ၏အလှအပများက သာမန်လူတစ်ယောက်ဆီမှာတောင် တည်ရှိဖို့ မဖြစ်နိုင်လောက်သည့် အလှတရားမျိုးဟုတောင် ဆိုနိုင်လေ၏။

ထို့အပြင် သူမသည်လည်း အမှန်တကယ့်ကို သာမန်လူတစ်ယောက် မဟုတ်ခဲ့ပါချေ။

ဖျော်ဖြေရေးကြယ်ပွင့်တွေကို စိတ်မဝင်စားသည့် သက်လတ်ပိုင်း ဆရာဝန်တောင်မှ သူမက ကုကျစ်စုန့်ဆိုတာကိုသိနေခဲ့ချေသည်။ သူမသည်ကား လွန်ခဲ့သည့် နှစ်နှစ်လောက်အတွင်း online ပေါ်၌ စတင်လူသိများကျော်ကြားလာတခဲ့သော အနက်နဲ့ အနီ*ရောနှောနေသည့် သရုပ်ဆောင်တစ်ယောက်သာ ဖြစ်ပေသည်။

(T/n_ fan တွေကိုပြောတာထင်ပါတယ် black fan နှင့် Red fan )

သူမ၏ ဂုဏ်သတင်းမှာ အလွန်တရာ ဆိုးရွားလှပြီး မကောင်းသည့် ကိစ္စအမျိုးမျိုးအတွက်လည်း မကြာခဏ အဆူပူခံရလေ့ရှိသည်။

သို့ပေမဲ့ လူချင်းတွေ့သည့်အချိန်မှာတော့ သူ့အနေဖြင့် သူ့၏အရှေ့မှာရှိနေသည့် မိန်းကလေးအား Online ပေါ်၌  ရေးသားထားကြသည့် အဆိပ်အပြည့်နဲ့ရူးနေတဲ့ “ ကြမ္မာဆိုးကြယ် “အဖြစ် နာမည်အတပ်ခံထားရတဲ့ မိန်းကလေးနှင့် ယှဥ်တွဲမမြင်မိခဲ့ပါချေ။

ကုကျစ်စုန့်၏ မျက်နှာမှာ ဖြူဖပ်ဖြူရော်ဖြစ်နေကြောင်းကို မြင်တွေ့ရသောကြောင့် ဆရာဝန်မှ ထပ်ပြီးမှာကြားလိုက်ပြန်သည်။

“ ဦးခေါင်းပိုင်းကို ထိခိုက်ထားတဲ့ လူတွေက အနည်းငယ်မေ့လျော့နိုင်ပြီး ပျို့အန်တာ နဲ့ အစာစားချင်စိတ်တွေ လျော့နည်းတာမျိုး ဖြစ်နိုင်တယ်..အနားယူလိုက်ပါဦး “

ကုကျစ်စုန့် ပြုံးပြလိုက်သည် ။

“ ကျေးဇူးတင်ပါတယ် ဆရာ “

ဆရာဝန် လှည့်ထွက်သွားသည့်အချိန်တွင်ဆော့ သူမက ချက်ချင်းပဲ လက်ကိုမြှောက်ကြည့်လိုက်လေသည်။ သူမ၏ လက်ထိပ်တွင် မည့်သည့်အရာမျှရှိမနေခဲ့ပေ။  သို့သော်လည်း ခဏအကြာတွင်တော့ ဆရာဝန်၏ ပုခုံးပေါ်၌ ပျံ့နှံ့နေခဲ့သော မြူခိုးငွေ့အနည်းငယ်က သူမ၏လက်ချောင်းတွေဆီမှာ အစုပ်ယူခံလိုက်ရတော့သည်။

ထိုဆရာဝန် အပြင်ကိုထွက်လာပြိီးနောက်တွင့် သူ့၏ လုပ်ဖော်ကိုင်ဖက်များမှ ကုကျစ်စု့န်၏အကြောင်းတွေအား ပြောနေတာကိုကြားလိုက်ရလေသည်။

“ သူမရဲ့ ရိုက်ကူးရေးအဖွဲ့သားတွေထဲက တစ်ယောက်က ပြောခဲ့တယ်..  မတော်တဆမှု မဖြစ်ခင်တုန်းက သူမ တစ်ယောက်ယောက်နှင့် ငြင်းခုန်နေခဲ့တယ်တဲ့..  ဒါပေမဲ့ တစ်ဖက်လူက သူ့မကို ပြန်မပြောနိုင်ခဲ့ဘူး.... သူမက သေချာပေါက် နတ်ဆိုးလိုလူပဲ”

ဆရာဝန်၏ မျက်ခုံးများက သိသိသာသာကြုံ့သွားခဲ့ပြီး စကားလမ်းကြောင်းလွှဲလိုက်သည်။

“ အနုပညာ လောကထဲက ကိစ္စတွေ မှားလားမှန်လားဆိုတာကို ငါတို့သိနိုင်တာမဟုတ်ဘူး..  လူနာရဲ့ အတွင်းရေးတွေကို ဆက်မပြောနဲ့တော့.. တစ်ခြားလူနာအခန်းကိုပဲသွားတာက ပိုကောင်းလိမ့်မယ် “

သူသည်ကား ပုခုံးကိုအမြဲတစေ လှုပ်ခါလေ့ရှိပေလည်း ယခုအချိန်တွင်တော့ အမြဲတမ်း လှုပ်ခါနေရသည့် သူ့၏ပခုံးနှင့် လည်ပင်းတို့မှာ  နာကျင်နေခြင်း မရှိတော့သည်ကို သိလိုက်ရသောကြောင့် အနည်းငယ်အံ့သြသွားရချေသည်။

လူနာဆောင်အတွင်းပိုင်းမှာရှိနေသည့် ကုကျစ်စုန့်သည်ကတော့ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များအားလုံးကို ပြန်လည်မှတ်မိလာခဲ့သောကြောင့် သူမ၏လက်ထဲမှ “ မိုဘိုင်းဖုန်း “ ဟုခေါ်သည့် လေးထောင့်အပြားလေးကို ဖြည်းညှင်းစွာ ဆုတ်ကိုင်လိုက်တော့၏။

သူမ ဖုန်းထဲမှ လူသုံးများသည့် ဆော့ဝဲလ်ကိုဖွင့်လိုက်ပြီး ထိုအထဲမှ ရေပန်းစားနေသည့် ရှာဖွေမှုကို ရှာဖွေကြည့်ရင်း မိနစ်အနည်းငယ်လောက်ကြာမြင့်သွားခဲ့သည်။

ဒီအထဲ၌ လူစိတ်ဝင်စားမှုအမြင့်ဆုံး ခေါင်းစဥ်ထဲမှ သုံးခုက သူမ နဲ့ သက်ဆိုင်နေခဲ့လေ၏။

#ကုကျစ်စုန့်ရဲ့ ခေါင်းက ပြင်းထန်စွာ ထိခိုက်ထားပြီး အခု ကိုမာဝင်နေပါတယ်#

#ပင်လယ်မှာမျောလွင့်ခြင်း  ရိုက်ကူးရေးအဖွဲ့ရဲ့ မတော်တဆမှုဖြစ်စဥ်#

ကောမန့်တွေသည်လည်း သိပ်ပြီးသာယာနာပျော်ဖွယ်မရှိလှချေ။

[ ရေပန်းစားနေတဲ့ ရှာဖွေမှုမှာ ကုကျစ်စုန့်က ဘာလို့ထိပ်ဆုံးကတက်လာရတာလဲ? မကောင်းတဲ့အနုပညာရှင်ကို လူကြိုက်များနေကြတာလား? ]

[တစ်ခုခု ဖြစ်သွားတဲ့ပုံပဲ ၊ အဲဒီသင်္ဘောပေါ်မှာ ရိုက်ထားမိတဲ့ video မှာလည်း သွေးအပြည့်ပဲ.. ပြောကြတဲ့အတိုင်းဆိုရင် သူမက ကိုမာ ဝင်သွားပြီး ချက်ချင်းပဲ ဆေးရုံပို့လိုက်ရတယ်တဲ့.. အခုသေမလားရှင်မလား မသေချာသေးဘူး ၊ သူမကို အပြစ်မပြောပဲနေကြရအောင် ]

[ ကုကျစ်စုန့်က တကယ့်ကပ်ဆိုးမပဲ ၊ သူမ ပွဲဥိးထွက်လာကတည်းက ဖြစ်လိုက်တဲ့ accident တွေအများကြီးပဲ]

[သူမ မကောင်းတဲ့အရာတွေအများကြီးလုပ်ခဲ့တာ အပြစ်ပေးခံရသင့်တယ် ]

[…]

ရွဲ့စောင်းပြီးဆိုပြောဆိုထားကြသည့် comment များအား ကြည့်ရင်း၊ ကုကျစ်စုန့်  အေးတိအေးစက်ပြောလာခဲ့သည်။

“ ဒီတော့ မင်း ငါ့အတွက်ရှာတွေ့ခဲ့တဲ့ ကောင်းမွန်လွန်းတဲ့ ခန္ဓာကိုယ်ဆိုတာက ဒါလား “သူမ၏စိတ်အတွင်းမှ အပြစ်ရှိစိတ်များရောနှောပါဝင်နေသည့် အသံကို ကြားလိုက်ရလေသည်။

“ ဒိီခန္ဓာကိုယ်ရဲ့ အခြေကတော့ မင်းနဲ့ ရာနှုန်းပြည့်အသင့်တော်ဆုံးပဲ .. သူမရဲ့ ဂုဏ်သတင်းက နည်းနည်းလောက်ဆိုးပြီး ကံကလည်း ... သိပ်မကောင်းပေမဲ့ .. မင်းရဲ့ စွမ်းရည် နဲ့သာဆိုရင် အခြေအနေတွေကို ပြောင်းပြန်လှန်ပစ်နိုင်မယ်လို့ ငါယုံကြည်တယ်! “

မကြာသေးခင်တုန်းက နှစ်ပေါင်းထောင်ချီအချိန်အတွင်း ရှားပါးဉာဏ်ကြီးရှင်တစ်ယောက်အဖြစ် ပေါ်ထွန်းခဲ့တဲ့ ကုကျစ်စုန့်သည်ကား ရွှမ်းမင်ဂိုဏ်းရဲ့ ၄၆ ယောက်မြောက် ခေါင်းဆောင်အဖြစ် ရှိနေခဲ့ခြင်းဖြစ်လေ၏။

မိုးကြိုးအပစ်ခံပြီးနောက်တွင်တော့ သူမ၏ ဝိဉာဉ်မှာ ယခုခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး သူမ၏ခေါင်းထဲ၌လည်း သူမကိုခေါ်နေခဲ့သည့် အသံစနစ်တစ်ခု ရှိနေသေးသည်။

စနစ်၏ ပြောပုံအရ သူမသည်ကား စာအုပ်ကမ္ဘာအတွင်းသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်ပေသည်။

စာအုပ်ထဲ၌ ဇာတ်လိုက်မင်းသမီးမှာ ကံကြမ္မာကောင်းများဖြင့် မွေးဖွားလာခဲ့ပြီး ၊ သူမ၏ကံတရာ့မှာ ကောင်းကင်ဘုံကိုတောင် ဆန့်ကျင်နိုင်ခဲ့သည်။

သူမသည်ကား Talent Show တစ်ခုမှ တစ်ဆင့် အနုပညာလောကထဲသို့ စတင်ဝင်ရောက်ခဲ့ပြီး ရုပ်ရှင်နဲ့ တီဗီစီးရီးနယ်ပယ်အဆွင်း၌ နိုင်ငံတကာကို ထိုးဖောက်နိုင်ခဲ့သည့် ကြယ်ပွင့်တစ်ဦး ဖြစ်လာခဲ့လေသည်။

ဤခန္ဓာကိုယ်၏ ပိုင်ရှင်သည်ကတော့ ရက်စက်တတ်သည့် အမျိုးသမီးဇာတ်ရံဇာတ်ကောင်တစ်ခုဖြစ်ပြီး စွန့်ပစ်ခံတစ်ယောက်သာဖြစ်ခဲ့သည်။

အရေးကြီးဆုံးအချက်မှာတော့  ကောင်းမွန်တဲ့ကံကြမ္မာများဖြင့် ယှဥ်တွဲမွေးဖွားလာခဲ့သည့် ဇာတ်လိုက်မနှင့် မတူညီစွာ သူမသည်ကား ဆန့်ကျင်ဘက်ဖြစ်စွာ ကံဆိုးလွန်းနေခဲ့ပေသည်။

ဇာတ်လိုက်မင်းသမီး ကြင်နာတတ်ပြီး အလုပ်ကြိုးစားသလောက် ကုကျစ်စုန့်သည်ကတော့ ရက်စက်ကြမ်းကြုတ်လွန်းတယ်။

သူမ သရုတ်ဆောင်ရတဲ့ဇာတ်ကောင်များမှာ အမျိုးသမီး အရံဇာတ်ကောင်သရုပ်ဆောင်နှင့် ဗီလိန်ဇာတ်ကောင်များသာ ဖြစ်နေသောကြောင့် အင်တာနက်အသုံးပြုသူများက သူမ၏ထပ်လဲလဲကံဆိုးမှုအား အစွဲပြုပြီး “ ကပ်ဆိုးကြယ်ပွင့်” ဟုဝိုင်းဝန်းပြီး နာမည်ဆိုးပေးခဲ့ကြသည်။

ဇာတ်လမ်း၏အဆုံးသတ်တွင်တော့ ရူးသွပ်ပြီး အကျင့်မကောင်းသည့် အရံဇာတ်ကောင်ဖြစ်သော သူမ၏ မနာလိုမှုနဲ့ ရန်စခြင်းတို့ကြောင့် မကြာခဏ ရိုက်နှက်ခံခဲ့ရပြီး နောက်ဆုံးတွင်တော့ ကိုယ့်ကိုယ်ကိုယ်သတ်သေသွားခဲ့ရတော့သည်။

ကုကျစ်စုန့် ဤအရံဇာတ်ကောင်အမျိုးသမီးမှာ ပြဇာတ်ရုံမှာ မတော်တဆမှုဖြစ်ခဲ့ပြီး မျက်နှာကြပ်မှ တွဲလောင်းကျနေတဲ့ မီးဆိုင်းမှ သူမ၏ခေါင်းပေါ်သို့ပြုတ်ကျလာခဲ့ကာ  နေရာမှာတင် ကိုမာ ဝင်သွားခဲ့သည့်အချိန်အတွင်း အခွင့်ကောင်းယူပြီး ခန္ဓာကိုယ်ထဲသို့ ဝင်လာခြင်းဖြစ်သည်။

မူလဇာတ်ကြောင်းအရ ဤအရံဇာတ်ကောင်သရုပ်ဆောင်မှာ နိုးထလာဦးမှာဖြစ်သည်။ သို့ပေမဲ့ သူမ၏နဖူးတွင့် အမာရွက်ရရှိသွားခဲ့သောကြောင့် ပိုမိုရူးသွပ်လာခဲ့ပြီး သေခြင်းတရားဆီသို့သာ ဆက်လည်ဦးတည်သွားခဲ့လိမ့်မည်။

သို့သော်လည်း အကြောင်းအရာတချို့ကြောင့် ဇာတ်လမ်းဇာတ်ကွက်များက ပြောင်းလဲသွားခဲ့ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်က သေသွားခဲ့ပြီ။

အခုတော့ ကုကျစ်စုန့်မှ သူမ၏ကံကြမ္မာကိုပြောင်းလဲဖို့အတွက် တာဝန်ကျဒေါက်တာဆီမှ စုပ်ယူထားခဲ့တဲ့သေခြင်းစွမ်းအင်ကို ခြေရာခံကာ အသုံးချခဲ့သည်။ သူမ ဒီခန္ဓာကိုယ်အတွင်း၌ ကံဆိုးပြီး အားနည်းမှုများကို တွေ့ရှိရချိန်တွင် အတော်လေးအံ့သြသွားခဲ့ရလေသည်။

သူမ ဒီအချိန်ထိ အသက်ရှင်နေနိုင်တာကအံ့ဖွယ်လို့ဆိုနိုင်သည်။ ထပ်ပေါင်းပြောရမည်ဆိုပါက သူမ၏ကံကြမ္မာမှာ မြူခိုးအထူကြီးများနဲ့ ကာဆီးနေခဲ့ပြီး သူမတောင် မမြင်တွေ့နိုင်ခဲ့ချေ။ ထို့အတွက်ကြောင့် ရှာဖွေကြည့်ဖို့ကို သူမ ပိုပြီးစိတ်ဝင်စားလာခဲ့သည်။

သူမသည်ကား ကပ်ဘေးကြီးကို ဖြတ်ကျော်ရန်အတွက် ကောင်းကင်ဘုံကို အံတုခဲ့သည်။

သူမ ကျရှုံးခဲ့ချိန်၌ သူမ၏ ဝိညာဉ်အား  ထွက်ခွာရန် ပြင်ဆင်ထားခဲ့ပြီးဖြစ်သော်လည်း ယခုလိုမျိုး အသက်ပြန်ရှင်သန်လာပြီဆိုမှတော့ အသက်မွေးဝမ်းကြောင်းအလုပ်ကိုလည်း စတင်ရလိမ့်မည်။

ထပ်မံပြောရရင် ဤခန္ဓာကိုယ်၏ အရိုးမှစ၍ ပုံပန်းသွင်အထိ သူမ၏ မူလခန္ဓာကိုယ်ဖြင့် တူညီနေခဲ့သည်။ထို့ကြောင့်ပဲ သူမ၏ ဝိညာဥ် ခန္ဓာကိုယ်ထဲသို့ ဝင်လိုက်သည့်အချိန်၌ သူမ၏မူလကိုယ်အတွင်း၌ ရှိနေသလိုတူညီမှုကို ခံစားရနိုင်ခဲ့သည်။

ကုကျစ်စုန့်: ငါ့ရဲ့ဝိညာဥ်က ဒီခန္ဓာကိုယ်နဲ့ သက်ဆိုင်သွားပြီဖြစ်တဲ့အတွက် အခုအချိန်ကသပြီး ငါက ဒီမိန်းကလေးရဲ့ ကံကြမ္မာကို သဘာဝအတိုင်းဆက်ခဲသွားရလိမ့်မယ်။

သို့သော်လည်း သူမသည်က စာအုပ်အတွင်း၌ရေးသားထားသကဲ့သို့ မကြာခဏ ပါးအရိုက်ခံရသည့် အရံသရုပ်ဆောင်တော့ မဖြစ်ချင်ပါချေ။ ထို့အပြင် သူမ ဤဖျော်ဖြေရေး အသိုင်းဝိုင်းထဲအတွင်း၌လည်း မပါဝင်ချင်ခဲ့ပါပေ။

‘မင်းမှာ ထင်မြင်ချက်တစ်ခုခုရှိလား?’

စနစ်: ဟင်း.. ကျွန်တော်က ဟာကွက်တွေကိုပဲဖြည့်ပေးနိုင်တာ ၊ ဒါကြောင့် မင်းရဲ့ဘဝကို မင်းပြောင်းလဲနိုင်သရွေ့ ကျွန်တော့်မှာ ဘယ်လိုထင်မြင်ချက်မှမရှိဘူး

ဤခန္ဓာကိုယ်အတွင်းမှာ ရှိနေသည့် စွမ်းအားကြီးဝိညာဉ်၏ စွမ်းအင်များကို ခံစားမိသောကြောင့်စနစ်က တုန်ယင်မှုတွေကိုထိန်းထားရသည်။ သူ့အနေနဲ့ ငြင်းဆန်တဲ့ စကားမျိုး မပြောရဲရှာခဲ့ပေ။အချိန်အတော်ကြာအောင် တွေးတောပြီးနောက်၊ ကုကျစ်စုန့် ဖုန်းထဲမှ ရှာဖွေရေးဆော့ဖ်ဝဲလ်ကို လိုက်လျောညီထွေဖြစ်အောင် အသုံးချနိုင်ခဲ့ပြီ။

သူမ စုံစမ်းစစ်ဆေးမှုတွေများစွာပြုလုပ်ပြီးနောက်မှာ ရွှမ်းမင် နဲ့ ရွှမ်းရှီ တို့ရဲ့ မှတ်တမ်းတွေအများကြီးကို ဒီကမ္ဘာရဲ့ အွန်လိုင်းပေါ်မှာ ရှာတွေ့ခဲ့ပြီး လှုပ်လှုပ်ရှားရှားဖြစ်နေကြတဲ့ ရုပ်လွန်ဒသနိက ရှာဖွေရေး ဆွေးနွေးပွဲများကိုလည်းတွေ့ခဲ့သည်။

သမိုင်းမှာ ရုပ်လွန်ဒဿနိက ကျောင်းများက အဓိကဂိုဏ်းမျိုးစုံ နဲ့ ရုပ်လွန်ဒဿနိက တို့ရဲ့အတက်အကျတွေအကြောင်းကို အပြည့်အစုံမှတ်တမ်းတင်ထားခဲ့ကြသည်။

ရုပ်လွန်ဒဿနိကဆိုသည်က နိုင်ငံမှ အသိအမှတ်ပြုထားတဲ့အဖွဲ့အစည်းဖြစ်၏။ လွန်ခဲ့သည့် နှစ် ၂၀၀ သို့မဟုတ် ၃၀၀လောက်တုန်းက တောက်ဓမ္မဂိုဏ်းတွေက ဒီကမ္ဘာပေါ်ကနေ အပြီးသတ်ပျောက်ကွယ်သွားခဲ့သည်

တောက်ဓမ္မဆရာများကလည်း နည်းသထက်နည်းလာခဲ့ပြီး နောက်ဆုံးမှာ ပျောက်ကွယ်လုနီးပါးဖြစ်လာကာ သမိုင်းစာအုပ်များအတွင်းမှာ ဂန္ဓဝင်အချက်အလက်တွေနီးပါးဖြစ်လာခဲ့ပြီ။

ယနေ့ခေတ်လူအများစုက သိပ္ပံတရားကို ယုံကြည်သူတွေက ယုံကြည်ပြီး ၊ဘာသာမဲ့သူတွေကလည်း ရှိလာကြကာ၊ ဘုရား နဲ့ သရဲတွေဟာ စိတ်ကူးယဥ်သက်သက်သာဖြစ်တယ်လို့ယုံကြည်လာကြသည်။

ဆက်လက်ရှာဖွေပြီးနောက် ကုကျစ်စုန့် မျက်ဝန်းတွေ အရောင်ဝင်းလက်လာခဲ့ပြန်သည်။

သူမကမွေးဖွားလာကတည်းက ယင် နဲ့ ယန် ဖြင့် ချိန်ဆက်ထားပြီးသားလူဖြစ်ခဲ့သည်။ ထို့ကြောင့် သူမအနေဖြင့် ဘူမိဗေဒဆိုင်ရာ နိမိတ်လက္ခဏာများအတွက် မွေးဖွားလာခဲ့ပြီး ရွှမ်းမင်ရဲ့ ခေါင်းဆောင်ဖြစ်လာခဲ့သည်မှာ နှစ်ပေါင်းသုံးရာနီးပါးရှိနေခဲ့ပြီ။

တစ်နည်းအားဖြင့် သူမက ရွှမ်းမင်ရဲ့ အတက်အကျကိစ္စရပ်တွေကို  သူမရဲ့တာဝန်အဖြစ် မှတ်ယူခဲ့တာ အချိန်ကြာမြင့်ခဲ့ပြီ။ အခု ရွှမ်းမင် ဆုတ်ယုတ်နေတဲ့အချိန်အတွင့်မှာ သူမက ရွှမ်းမင်ကို  ပြန်လည်အသက်သွင်းရန်ဆိုတဲ့ အရေးကြီးတာဝန်ကို ထမ်းဆောင်ရလိမ့်မည်။

ရုပ်ရှင်ကြယ်ပွင့် တစ်ယောက်ဖြစ်ရမှာတဲ့လား? ဒီမှာ ဖုန်းရွှေနှင့် ရုပ်လွန် ပညာရပ်တွေရှိနေတာပဲလေ ။သာမန်ရိုးကျတွေကိုချိုးဖောက်ပြီး သရဲဖမ်းတာကပိုမကောင်းဘူးလား ?

အားနည်းနေတဲ့ စနစ်မှ ပြောလိုက်တယ် :

လက်မှတ်ထိုးထားတဲ့ အနုပညာရှင်တစ်ယောက်အနေနဲ့ မင်းမှာ ကုမ္ပဏီနဲ့ချုပ်ဆိုထားတဲ့ စာချုပ်ရှိပါတယ်.. စာချုပ်သက်တမ်းမကုန်ပဲထွက်ခွာသွားမယ်ဆိုရင် အရမ်းမြင့်မားတဲ့ လျော်ကြေးငွေ ပေးဆောင်ရလိမ့်မယ်..

သူ့၏စကားမဆုံးသေးခင် သူတို့တွေ ဘမ်းခနဲ အသံကျယ်ကြီးကိုကြားလိုက်ရပြီး လူနာဆောင်တံခါးသည်လည်း အပြင်ကနေ ရုတ်တရက်အဖွင့်ခံလိုက်ရချေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment