no

Font
Theme

(4)

“ မဟုတ်.. အဲလိုမဟုတ်ဘူးလေ စုန့်ကျဲ.. အဲ့လိုမဟုတ်ဘူး.. ဒီအစီအစဥ် ရဲ့ပရိုဂျူဆာက ဒီအတိုင်း လူစိတ်ဝင်စားမှုကို ရှာချင်နေတာ!!!”

ဒါက ဒီအတိုင်းဟာသ show ကြီးဆိုတာ သိသာနေတာပဲ။ နောက်ပြီး အဲဒီအစီအစဥ်က လူစိတ်ဝင်စားမှုခံရဖို့အတွက် ဘာမဆိုလုပ်မှာပဲ ။ လုံးဝကိုလေးနက်တဲ့ ရည်မှန်းချက်မျိုး မရှိနေဘူး ! ၊

ပထမစီစဥ် နှစ်ခုမှာ ပါဝင်ခဲ့ပြီး ဒီ ပရိုဂရမ်ကို ရိုက်ကူးခဲ့ကြတဲ့ ဧည့်သည်တွေက အင်တာနက်ဆယ်လီတွေ ဖြစ်လာကြပြီး သူတို့ရဲ့ကောင်းကျိုး တွေကိုသာ ရှာဖွေနေခဲ့ကြတယ်။

သို့ပေမယ့် စနစ်က ဘယ်တွေပဲ ပြောနေပါစေ ကုကျစ်စုန့်ကတော့ ဒီ ပရိုဂရမ်မှာ ပါဝင်ဖို့အတွက် စိတ်ပိုင်းဖြတ်ထားခဲ့ပြီ။

သူမက မှန်ရှေ့မှာရပ်ကာ သူမရဲ့ ကော်လံကိုပြင်ဆင်လိုက်ပြီး သူမကိုယ်သူမ ခဏလောက်စိုက်ကြည့်ပြီး ပြောလိုက်တယ်။

“ ကျစ်.. မင်းရဲ့မျက်နှာကတော့ တကယ်ကို မည်းမှောင်လွန်းနေတာပဲ”

မှန်ရှေ့မှ အမျိုးသမီးက နဖူးမှာ အဝတ်စတစ်ခုနှင့် စည်းနှောင်ကထားကာ၊ ဖီးနစ်လို ကြည်လင်နက်မှောင်နေတဲ့ မျက်ဝန်းတစ်စုံကိုပိုင်ဆိုင်ထားတယ်။ သူမရဲ့ နှင်းလိုဖြူတဲ့အသားအရေပေါ်မှာ နှာခေါင်းထိပ်ပေါ်မှာရှိနေတဲ့ အနီရောင်မှဲ့လေးတစ်ခုက သူမရဲ အလှအပကို ပိုပြီးပံ့ပိုးပေးနေခဲ့တယ်။

သို့ပေမဲ့ သူမရဲ့ဘယ်ဘက်မျက်ခုံးမွှေးက ဒဏ်ရာကြောင့် ရိတ်ထားခဲ့ရပြီး ဆံပင်ထိပ်ဖျားတွေကလည်း ရှုပ်ပွနေခဲ့ကာ သူမရဲ့ အရှိန်အဝါကို နှောက်ယှက်နေခဲ့တယ်။

ဒါ့အပြင် အနက်နဲ့ နက်ပြာရောင်ရောနှောနေတဲ့ အရှိန်အဝါက သူမရဲ့ မျက်ခုံး အလယ်တည်တည့်မှာ တွယ်ကပ်နေခဲ့တယ်။

ဒီလိုမျိုး ကြမ်းတမ်းပြီး ကံမကောင်းတဲ့အသွင်အပြင်ကိုနှင့် တကယ်လို့ သူမသာ သာမန်လူတစ်ယောက်ဖြစ်နေခဲ့မယ်ဆိုရင် လွန်ခဲ့တဲ့ အချိန်တွေကတည်းက အကြိမ်ရှစ်ရာလောက်တောင် သေသင့်နေပြီ။

သို့ပေမဲ့ မူလခန္ဓာရဲ့ မှတ်ဉာဏ်တွေအရ သူမရဲ့အရာအားလုံးက မှားယွင်းနေပြီး မကြာခဏ ဒဏ်ရာ ရရှိတတ်တယ်ဆိုရင်တောင်သူမက မတော်တဆဖြစ်ရပ်တိုင်းမှာ အသက်ရှင်နေခဲ့တုန်းပဲ။

ပြောရရင် သူမ ကံဆိုးမှုတွေ ပြည့်နေရုံသာမကဘဲ သူမရဲ့ဘဝကိုလည်း အလွန်ခက်ခဲစွာရှင်သန်ဖို့ ကံပါလာခဲ့တယ်။

စိတ်ဝင်စားစရာပဲ။

ကုကျစ်စုန့် ပြုံးလိုက်တော့ မှန်ထဲမှ လူကလည်း လိုက်ပါပြုံးလာခဲ့တယ်။

သူမအနေနဲ့ ဆုံးဖြတ်ချက်ချပြီးသွားပြီဖြစ်ပေမဲ့ သူမရဲ့ကံကြမ္မာကိုတော့ ကောက်ချက်မချနိုင်သေးဘူး။

ကုကျစ်စုန့် မှန်ကိုထိလိုက်ပြီး တိုးတိုးရေရွတ်လိုက်တယ်။

“ ငါ မင်းကို ကောင်းကောင်းရှင်သန်နိုင်အောင် လုပ်ပေးမယ်”

သူမပြောပြီးတဲ့နောက်မှာပဲ ဟောင်းနွမ်းတဲ့ အိတ်ကို ကောက်ကိုင်ကာ ဖြည်းညှင်းစွာ ထွက်ခွာသွားခဲ့တယ်။

*

ဓာတ်လှေကား တံခါးပွင့်သွားခဲ့ပြီး ဥိီးထုပ်ကို ခပ်ငိုက်ငိုက်ဆောင်းထားတဲ့ အမျိုးသမီးတစ်ယောက်က အတွင်းဘက်မှ အလျှင်အမြန်ထွက်လာခဲ့ကာ ကုကျစ်စုန့်ကို ဝင်တိုက်မိသွားခဲ့တယ်။

သူမရဲ့မျက်နှာကိုလည်း ကြီးမားတဲ့mask တစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး မက်မွန်ပွင့်လို မျက်လုံးအစုံကိုသာ ဖော်လှစ်ထားခဲ့တယ်။

သူမက ကုကျစ်စုန့်ကို မြင်တော့ ခဏလောက်ရပ်တန့်သွားခဲ့တယ်။

ကုကျစ်စုန့် သူမရဲ့ မျက်လွှာကို ပင့်မပြီး နှုတ်ဆက်လိုက်တယ်။

“အစ်မလျို့”

ထိုအမျိုးသမီးက ရုတ်တရက် ခေါင်းကိုမော့လာခဲ့တယ်။ သူမက သူမကိုမှတ်မိနေတဲ့အပေါ် အံ့သြသွားတဲ့ပုံပဲ။

သူမက ခဏလောက်တုံ့ဆိုင်းနေပြီးမှ တုံ့ပြန်လာတယ်။

“ ရှောင်ကု.. မင်း ဆေးရုံက ဆင်းတော့မလို့လား “

“ဟုတ်တယ်”

ယွီထုန်လျို့က “ မျောလွင့်နေသောပင်လယ်ပြင်ရဲ့ ဒဏ္ဍာရီ” ဇာတ်လမ်းမှ အမျိုးသမီးဇာတ်လိုက်ပဲ

သူမက ဆုတွေအများကြီးကို သိမ်းပိုက်ရရှိထားတဲ့ ပထမအဆင့် သရုပ်ဆောင်တစ်ယောက်လည်းဖြစ်တယ်။

သူမက တခြားလူတွေအပေါ်မှာ နက်နက်ရှိုင်းရှိုင်း အာရုံစွဲထင်စေတဲ့သူဖြစ်ပြီး လူတွေက သူမကို သူမရဲ့ စိတ်နှစ်သရုပ်ဆောင်မှုတွေ၊ ကျွမ်းကျင်တဲ့ သရုပ်ဆောင်စွမ်းရည်တွေနှင့် အေးတိအေးစက် ပင်ကိုယ်စရိုက်တွေကြောင့် ပိုပြီး အသိများတယ်။

ယွီထုန်လျို့ရဲ့ မျက်နှာပေါ်မှ သိသာထင်ရှားနေတဲ့ တင်းအားနှင် စိုးရိမ်ကြောင့်ကျမှုတွေကြောင့် ကုကျစ်စုန့် ဘေးကို သူမအတွက် လမ်းဖယ်ပေးလိုက်တယ်။

ဒီလိုရွေ့လျားမှုက ယွီထုန်လျို့ကို စိတ်ခံစားချင်းကို ကောင်မွန်သွားစေပြီး စိတ်သဘောထားကို ပြောင်းလဲသွားစေခဲ့တယ်။

ရုပ်ရှင်ရိုက်ကွင်းမှာတုန်းက သူမ ကုကျစ်စုန့်အပေါ်မှာ ထင်မြင်ချက်ကောင်းတွေမရှိခဲ့ဘူး။

ကုကျစ်စုန့်ရဲ့ သရုပ်ဆောင်စွမ်းရည်က ဆိုးရွားတဲ့အပြင် သူမရဲ့ သဘောထားကလည်း ဝတ်ကျေတမ်းကျေဆန်လွန်းတယ်။

ဒါ့အပြင် သူမက တစ်ခြားသူတွေနဲ့ အမြဲတမ်းလိုလို သဘောထားကွဲလွဲနေတတ်လေ့ရှိတယ်။

ဒါကြောင့် ကုကျစ်စုန့်က သူမကို မှတ်မိသွားတဲ့အချိန်မှာ တစ်ဖက်လူက သူမကို ဘာလို့ ဆေးရုံကိုရောက်လာတာလဲဆိုတဲ့ စိတ်ပျက်စရာမေးခွန်းမျိုးတွေ မေးလာမှာကို အမှန်တကယ်စိုးရိမ်နေခဲ့တယ်။

ပြောရရင် ဒီရက်ပိုင်းတွေမှာ သူမနဲ့ ပက်သက်တဲ့ ကောလဟာလတွေကအင်တာနက်တခွင်မှာ ပျံ့နှံ့နေခဲ့တယ်။

သူမက တိတ်တိတ်ပုန်းလက်ထပ်ထားပြီး မိသားစုထူထောင်ထားပြီဆိုတဲ့သတင်းက ပျံ့နှံ့နေခဲ့ကာ အလွန်အမင်း နာမည်ကြီးနေတာကြောင့် ပိုပြီးဆိုးရွားလာခဲ့တယ်။

သူမရဲ့ အေးဂျင့်ကိုယ်တိုင်ကတောင် သူမကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ထပ်ခါတလဲလဲမေးနေခဲ့ကာ သူမကို စိတ်ဆင်းရဲအောင်လုပ်နေခဲ့တယ်။တကယ်လို့ ဒိီလိုအချိန်မျိုးမှာသာ သူမ ဆေးရုံကိုရောက်နေတယ်ဆိုတဲ့ သတင်း ထပ်ပြီးပျံ့သွားခဲ့ရင် ဘယ်လိုတွေဖြစ်လာမလဲဆိုတာကိုတောင် မတွေးတောနိုင်တော့ဘူး!

ဒါပေမဲ့ယွီထုန်လျို့မှာလည်း လာကိုလာရမဲ့အကြောင်းအရင်းရှိနေခဲ့တယ်။

သူမရဲ့ အချစ်ရဆုံးသောအဖွားက မနေ့က နေ့လည်လောက်မှာ ကားမတော်တဆဖြစ်ခဲ့ပြီး ဆေးရုံကိုတင်လိုက်ရတယ်ဆိုတာကို သူမ အခုလေးတင်ကမှ သိခဲ့ရတယ်။

တကယ်တမ်းမှာတော့ အသက်အန္တရာယ်ကနေ ကယ်တင်နိုင်ခဲ့မာကြောင့်လည်း သူမရဲ့မိသားစုက သူမကို ချက်ချင်းအကြောင်းမကြားခဲ့တာ။

သို့ပေမယ့် အခြေအနေက မမျှော်လင့်စွန့် ညဘက်ကိုရောက်ချိန်မှာ ဆိုးရွားသွားခဲ့တာကြောင့် သူမက ဖုန်းလက်ခံရရှိပြီးတဲ့အချိန်မှာပဲ ချက်ချင်းအပြေးရောက်လာခဲ့တာဖြစ်လေတယ်။

ယွီထုန်လျို့တစ်ယောက် အားအင်ကုန်ခန်းနေတာကြောင့် အနည်းငယ်မူးဝေနေခဲ့တယ်။ ဒီခဏအတွင်းမှာပဲ သူမရဲ့ မျက်လုံးတွေက မှောင်မည်းသွားခဲ့ရပြီး ယိုင်လဲလုမတတ်ဖြစ်သွားရတယ်။

ကုကျစ်စုန့်က သူမရဲ့လက်ကိုမြှောက်လိုက်ပြီး ယွီထုန်လျို့ရဲ့လက်မောင်းကို ခိုင်မြဲစွာ ဆုပ်ကိုင်ကာ မတ်မတ်ရပ်နိုင်အောင်ကူညီပေးလိုက်တယ်။

သူမ တစ်ဖက်လူရဲ့အနီးကိုကပ်သွားမှ သူမရဲ့ မျက်ခွံအောက်မှာရှိနေတဲ့ အနက်ရောင်အခိုးအငွေ့အလွှာပါးလေးကို တွေ့လိုက်ရတယ်။

ယွီထုန်လျို့ရဲ့မျက်လုံးတွေက အလွန်အမင်းလှပတဲ့ မက်မွန်ပွင့်လွှာ မျက်ဝန်းတွေပဲ။

ဒီအချိန်မှာတော့ သူမရဲ့ မျက်ထောင့်တွေက အနည်းငယ်နီမြန်းနေခဲ့တယ်။

ဒါက အနည်းငယ်လောက် ထူးဆန်းတဲ့ ချစ်ခြင်းအတွက် အာရုံခံစားမှုတွေရှိနေသလိုပဲ။

“ ကျေးဇူးပဲ.. ငါအခုလေးတင် လဲတော့မလို့ ဖြစ်သွားတာ “

ကုကျစ်စုန့်က သူမရဲ့မျက်လုံးတွေဆီကနေ နောက်ကျောဘက်ကို အကြည့်ရွှေ့လိုက်ပြီး ပြန်ပြောလိုက်တယ်။

“ ရပါတယ်. တကယ်လို့ လျို့ကျဲ အားနည်းသလို ခံစားနေရပြီး ညဘက်တွေမှာ အိမ်မက်ဆိုးတွေမက်နေတယ်ဆိုရင် အခန်းထဲမှာ ဒေါနနဲ့ စန္ဒကူးသားတွေကို အမွှေးရနံ့အဖြစ် မီးရှို့ထားသင့်တယ်.. အဲဒီရနံ့က ကျဲကို စိတ်တည်ငြိမ်ပြီး အိပ်ပျော်အောင် ကူညီပေးလိမ့်မယ်”

ဒီတစ်ကြိမ်မှာတော့ ယွီထုန်လျို့ျစ်ယောက် လုံးဝကို အံ့သြသင့်သွားခဲ့ရတယ်။ ဘာလို့လဲဆိုတော့ ကုကျစ်စုန့်ပြောသွားတာတွေက သူမ လက်ရှိခံစားနေရတဲ့ ရောဂါတွေပဲ။ နောက်ပြီး တချို့က ဘယ်သူ့ကိုမှ ပြောမပြထားတဲ့ လျို့ဝှက်ချက်တွေလေ..

သူမ တစ်ဖက်လူရဲ့နောက်ကျောကိုပြန်ကြည့်လိုက်ပြီး လှမ်းအော်လိုက်တယ်။

“ ရှောင်ကု.. မင်းရဲ့ အေးဂျင့်က မင်းအတွက် ပရိုဂရမ်တစ်ခုကို ရွေးပေးထားတယ်.. အဲဒါကို မင်းသာ တတ်နိုင်ရင် လက်မခံလိုက်နဲ့”

ဒီကိစ္စက ဒီနယ်ပယ်ထဲမှာလျို့ဝှက်ချက်တစ်ခု မဟုတ်တော့ဘူး။

ဒီအကြောင်းက တစ်နိုင်ငံလုံးကိုတောင့် ပျံ့နှံ့နေပြီဖြစ်ပြီး ဒါက ထောင်ချောက်ကျင်းထဲမှ မီးတစ်ခုပဲဆိာတာကို လူတိုင်းသိနေခဲ့တယ်။

ထိုစကားကိုပြောပြီးနောက် ယွီထုန်လျို့ ထပ်မံအချိန်ဆွဲမနေတော့ဘဲ သူမရဲ့ ဦးထုပ်အစွန်းကို နှိမ့်ကာ အလျှင်အမြန် ထွက်သွားခဲ့တယ်။

ဓာတ်လှေကားတံခါး ပိတ်သွားပြီးနောက် မှိန်ဖျော့တဲ့ အဖြူရောင်အခိုးအဝေ့တစ်ခုက သေးငယ်နတဲ့ အပေါက်ကျဥ်းလေးထဲမှ ဝင်လာခဲ့ပြီး “ ရှီ” ခနဲ အသံတစ်ခု ထွက်ပေါ်လာကာ အလင်းရောင်တစ်ခုက ဖြတ်ခနဲ တောက်ပသွားတယ်။

“ အဖွားအိုတစ်ယောက်က ကျွန်မနောက်ကို ဘာလို့ လိုက်နေတာလဲ”

ကုကျစ်စုန့် မျက်လုံးကို ဖွင့်ဟလိုက်တယ်။

“ လူဝင်စားဖို့ သွားသင့်နေပြီနော်”

ကုကျစ်စုန့် တစ်ယောက်တည်းသာရှိနေသင့်နေတဲ့နေရာမှာ ခြောက်နေတဲ့သွေးကွက်ကြီးတစ်ခု ပေစွန်းနေတဲ့ မီးခိုးရောင်ဝတ်စုံဝတ် အဖွားကြီးတစ်ယောက်ရှိနေခဲ့တယ်။

ထိုအဖွားအိုက လက်တလောမှာ သေထားတဲ့ ဝိညာဥ်တစ်ခုဖြစ်ပြီး သူမကလူဘဝမှာတုန်းက အလွန်စိတ်ထားကောင်းခဲ့ပုံရပြီး သူမရဲ့ဝိဥာဥ်ခန္ဓာပေါ်မှာ ကုသိုလ်အပြည့်ရှိနေခဲ့ကာ ဝိဥာဥ်ကိုယ်ထည်က တခြား တစ္ဆေတွေထက် ပိုပြီး ထူထဲခိုင်မာနေခဲ့တယ်။

သူမက ယွီထုန်လျို့ရဲ့ နောက်ကနေ လိုက်ပါလာခဲ့တာပဲ။

တောက်ဓမ္မဆရာတစ်ယောက်အနေနဲ့ ကုကျစ်စုန့်က သူမရဲ့ဘဝတစ်လျှောက်လုံးမှာ တစ္ဆေဝိဥာဥ်ရေးရာကိစ္စတွေကို ဝင်ရောက်ကိုင်တွယ်ဖြေရှင်းရတာကို သဘောကျခဲ့တယ်။

တစ်ခါတုန်းကလည်း သူမနဲ့ ဘာမှမပတ်သက်တဲ့ တစ္ဆေတစ်ကောင်နဲ့အတူ အချိန်သုံးနှစ်လောက် ပြေးလွှားနေခဲ့ဖူးတယ်။

မူလတုန်းကတော့ သူမအနေနဲ့ ထိုဝိညာဉ်ကို တိုက်ရိုက်ကျော်ဖြတ်သွားဖို့ စီစဉ်ခဲ့ပေမဲ့လည်း တစ်ဖက်မှ သူမအနားသို့ အရင်ချည်းကပာလာတာကိုတွေ့လိုက်ရတယ်။

သူမအနေနဲ့ ဒီဝိညာဉ်က ဘာတွေလုပ်ချင်တာလဲဆိုတာကို သိချင်ခဲ့တာကြောင်း ဓာတ်လှေကားထဲကို ဝင်လာခွင့်ပြုပေးလိုက်တာပဲ။

အဖွားအိုမှ အက်ကွဲတဲ့အသံဖြင့် ပြောလာတယ်။

“တောက်ကျန်း.. ကျွန်မကို မြင်ရတယ်မလား.. ဟုတ်တယ်မလား.. ကျွန်မ တောင်းဆိုပါတယ်.. ကျွန်မရဲ့ ရှောင်လျို့ကို ကူညီပေးပါဦး”

ကုကျစ်စုန့် တစ်ဖက်သူက ဘယ်သူလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်တယ်။

ဒီဝိဉာဉ်နဲ့ ယွီထုန်လျို့က မြေးအဖွားဆက်ဆံရေးရှိတယ်။

သေလွန်ပြီးနောက်မှာ သူမရဲ့ စွဲလမ်းမှုကြောင့် မြေအောက်လောကဆီသို့ ချက်ချင်းမသွားခဲ့ဘဲ ဆေးရုံမှာ ရှိနေခဲ့တာပဲ။ ကြည့်ရတာ သူမရဲ့ မြေးမလေးကို နောက်ဆုံးအနေနဲ့ မြင်ချင်နေသေးတာကြောင့် ဖြစ်နိုင်တယ်။ဝိညာဥ်တွေက ယင်ဓာတ်နဲ့ သက်ဆိုင်ပြီး သူတို့တွေက ဒေါသ၊ သေခြင်းတရားနဲ့ ကံဆိုးမှုတွေကို အလိုအလျောက်သိမြင်နိုင်ကြတယ်။

ဒီဝိညာဉ်က ယွီထုန်လျို့ကို မြင်တွေ့လိုက်ရချိန်မှာ သူမရဲ့ မြေးမလေးက သေခြင်းတရားနဲ့ နီးကပ်နေတာကိုသိလိုက်ရတယ်။

သူမရဲ့မြေးမလေးက ကြာကြာမနေရတော့ဘူးဆိုတာကို ပြသနေခဲ့တယ်။

အဖွားအိုကြီးက သူမရဲ့မြေးမလေး မကြာသေးခင်တုန်းက ကျန်းမာရေး စစ်ဆေးမှုပြုလုပ်ခဲ့ပြီး ပြင်းထန်တဲ့ရောဂါမျိုးမရှိဘူးဆိုတာကို သိထားခဲ့တယ်။

ဘာအတွက်ကြောင့် အခုလိုမျိုး သေခါနီးအခြေအနေကို ပြသနေရတာလဲ?

တစ်စုံတစ်ယောက်ကများ သူမရဲ့မြေးမလေးကို သတ်ချင်နေတာများလားလို့ တွေးမိခဲ့တယ်။

“ ကျွန်မ ငြင်းတယ် “

ဓာတ်လှေကားတံခါး ပွင့်သွားပြီး ကုကျစ်စုန့် အပြင်ကို ထွက်လိုက်တယ်။

“ အဖွား.. ကျွန်မက ကမ္ဘာကြီးရဲ့ အကျိုးတရားနဲ့ အကျိုးသက်ရောက်မှုတွေကို ဘယ်တော့မှ မနှောက်ယှက်ဘူး.. ဒါကြောင့် ကျွန်မ ရှင့်ကို မကူညီနိုင်ဘူး “

“ မင်း ..မင်းက တောက်ဓမ္မရဲ့ဆရာသခင်တစ်ယောက် မဟုတ်ဘူးလား? ဘယ်လိုလုပ်ပြီး တစ်ခြားလူတွေကို ကယ်တင်ဖို့ ငြင်းဆန်နိုင်ရတာလဲ “

ကုကျစ်စုန့်ရဲ့ ခြေလှမ်းတွေ ရပ်တန့်သွားရတယ်။ သူမက ပြုံးလိုက်ပေမဲ့ ထိုအပြုံးက မျက်လုံးတွေထိ မရောက်ခဲ့ဘူး။

“ ကျွန်မက တောက်ဓမ္မဆရာတစ်ယောက်ဖြစ်နေတော့ရော ဘာဖြစ်လဲ ? တောက်ဓမ္မဆရာဆိုတာကလည်း လူပဲလေ .. ရှင်က တစ္ဆေဖြစ်နေပြီဆိုတော့ ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စည်းမျဥ်းစည်းကမ်းတွေကို ရှင်းရှင်းလင်းလင်း သိလောက်ပါပြီ .. ဒီတောက်ကျန်းက ဘာကြောင့်များ ရှင့်ရဲ့ တောင်းဆိုမှုကို လိုက်လျောပေးသင့်တာလဲ”

ဝိဥာဥ်အဘွားအိုရဲ့ ယုံကြည်မှုတွေ ပျောက်ဆုံးသွားရတယ်။ သူမက တစ္ဆေဖြစ်လာပြီးနောက်မှာ ကောင်းကင်နှင့်မြေကြီးမှာ စည်းမျဥ်းတွေရှိကြောင်းကိုသိရှိလာခဲ့တယ်။

ဝိဉာဉ်တွေ နဲ့ အနာဂတ်ကို အာရုံခံနိုင်တဲ့ လျို့ဝှက်ဆန်းကျယ်တဲ့ဆရာသခင်တွေမှာ အားနည်းချက် (၃)ခု နဲ့ ချို့ယွင်းချက် (၅)ခု ရှိတယ်။

သူတို့သာ စည်းကမ်းတစ်ခုခုကိုချိုးဖျက်မိခဲ့ရင် သူတို့ရဲ့ သက်တမုးတွေက တိုတောင်းသွားတာတွေဖြစ်လာနိုင်ပြီး နာမကျန်းဖြစ်တတာတွေနဲ့ တခြားပြသနာတွေကိုပါ ရရှိနိုင်လာတယ်။

သူတို့တွေက ဘဝရဲ့လျို့ဝှက်ချက်တွေကိုပြောနိုင်ပေမဲ့လည်း ထိုဥပဒေတွေက သူတို့ကို ချုပ်နှောင်တားဆီးထားခဲ့တယ်။

သူတို့ရဲ့အစွမ်းကို အသုံးပြုလေလေ သူတို့ရဲ့ နာမကျန်းမှုက ပိုပြီး ပြင်ထန်လာလေလေပဲ။

ဒီတားမြစ်ချက်တွေသာမရှိဘူးဆိုရင် တောက်ဆရာတွေမှာ တားမြစ်ချက်တွေမရှိတော့ဘဲ သာမန်လူတွေကို စိတ်ရှိသလို သတ်ဖြတ်တာတွေ၊ အနိုင်ကျင့်တာတွေ ရှိလာနိုင်မှာဖြစ်ပြီး ကမ္ဘာကြီးက ကပ်ဆိုးနဲ့ ရင်ဆိုင်ရလိမ့်မယ်။

ကုကျစ်စုန့်အနေနဲ့ အရင်ဘဝမှာတုန်းက ထုတ်ဖော်ပြောပြတာတွေ သိပ်မလုပ်ခဲ့ဖူးပေမဲ့ တခြားသော တောက်ဓမ္မဆရာတွေရဲ့ လှည့်ကွက်တွေကို မြင်တွေ့ခဲ့ရဖူးတယ်။

သူတို့အများစုက ငွေကြေးနဲ့ ဂုဏ်ဒြပ်တွေအတွက် အကြင်နာတရားကင်းမဲ့လာကြပြီး မကောင်းဆိုးရွားတွေကိုတောင် ကူညီခဲ့ကြတယ်။

လူတွေအများကြီးကလည်းသူတို့ရဲ့ အမျုးမျိုးသော လိုအင်ဆန္ဒတွေအတွက် တောက်ဓမ္မနည်းလမ်းတွေကိုသုံးပြီး ကူညီပေးဖို့ တောင်းဆိုတတ်ကြတယ်။ သို့ပေမယ့် ......နောက်ထပ်.. နောက်ထပ်.. နောက်ထပ်တွေ များလွန်းအားကြီးပြီး လူသားတွေရဲ့ လိုအင်ဆန္ဒက အဆုံးမရှိဘူး။

တိုတိုပြောရရင်တော့ သူမအနေနဲ့ အကျိုးတရားနှင့် အကြောင်းတရားကို မဆန့်ကျင်နိုင်ဘူး။

သူမဆီမှာလည်း ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းနှင့် အဆင့်အတန်း ရှိတယ်။

သူမက တောက်ဓမ္မစွမ်းရည်ကို အသုံးချပြီး ဒီကမ္ဘာကြီးရဲ့ ကံကြမ္မာတိုးတက်ပြောင်းလဲလာအောင် နှောင့်ယှက်မှာမဟုတ်ဘူး။

“ တကယ်လို့ ရှင်သာ ရှင့်ရဲ့မြေးမကို နောက်ဆုံးအနေနဲ့မြင်ချင်သေးတယ်ဆိုရင် မြန်မြန်လေး တက်သွားသင့်တယ်..

ရှင့်ဆီမှာ တခြားသူတွေကိုဒုက္ခရောက်စေချင်တဲ့ စိတ်မရှိဘူးဆိုရင်တောင် ရှင်သာ ဇာတာခွင်အနိမ့်ပိုင်းကိုရောက်နေပြီး ကံဆိုးတဲ့ လူတစ်ယောက်နဲ့ တိုက်မိသွားခဲ့မယ်ဆိုရင် တစ်ဖက်လူကို ရှင် ဒုက္ခပေးတာလို့ ယူဆရဦးမှာပဲ’

ကုကျစ်စုန့်က ပြောလိုက်တယ်။

“ တကယ်လို့ ရှင်သာ စည်းမျဥ်းတွေကို ဖောက်ဖျက်ဖို့ ကြိုးစားမယ်ဆိုရင်တော့ ကျွန်မ ကိုယ်တိုင် ရှင့်ကို ဖမ်းဆီးရလိမ့်မယ် “

အဖွားအိုကြီးက အချိန်အကြာကြီးတိတ်ဆိတ်နေခဲ့ပြီး သူမရဲ့ရင်ဘတ်ကိုထိလိုက်တယ်။ ထို့နောက် အတွင်းပိုင်းမှ ရွေရောင်အလင်းတန်းတစ်ခုကိုဆွဲထုတ်လိုက်ပြီး သူမရဲ့ ဝိညာဥ်ကတော့ ချက်ချင်းပဲ အားနည်းသွားခဲ့တယ်။

“ တောက်ကျန်း.. ကျွန်မ ဒါနဲ့လဲဖို့ ဆန္ဒရှိပါတယ်.. သူမက အရမ်းကိုငယ်ရွယ်လွန်းပါသေးတယ်.. အခုလိုမျိုး စောစောမသေသင့်သေးဘူး “

သူမ ထပ်ပေါင်းပြောလိုက်တယ်။

“တောက်ကျန်းသာ ကူညီပေးသရွေ့ ကျွန်မ အခုချက်ချင်း မြေအောက်လောကကို သွားဖို့ ဆန္ဒရှုပါတယ်.. ဒီမှာ ထပ်ပြီး မနေတော့ပါဘူး”

ကုကျစ်စုန့် ရပ်တန့်သွားရပြီး အတော်လေး အံ့သြသင့်နေမိတယ်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment