no

Font
Theme

(2)

ခန္ဓာကိုယ်က အနည်းငယ်ဝပြီးအရပ်ပုကာ သက်လတ်ပိုင်းအရွယ်ရှိတဲ့ ယောကျာ်းတစ်ယောက်က ပင့်သက်ရှိုက်နေရင်းနှင့် ဆေးရုံခုတင်ပေါ်မှာရှိနေတဲ့ ကုကျစ်စုန့်ကို မျက်လုံးပြူးကာ ကြည့်နေခဲ့တယ်။

သူက အချိန်ခဏလောက်ကြာမှ ခါးသီးစွာနဲ့ ထပြောလလာခဲ့တယ်။

“ ကုကျစ်စုန့်.. မင်းကတော့ ငါ့အတွက်ပြသနာရှာပေးတဲ့နေရာမှာ တကယ့်ကိုတော်တာပဲ “

ဒီလူက ချင်းကျန်းလိုအမည်ရပြီး လက်ရှိသူမရဲ့အေးဂျင့်လည်း ဖြစ်လေတယ်။

မတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာ ထုတ်လုပ်ရေးအဖွဲ့က သူ့ကို ချက်ချင်းအကြောင်းကြားခဲ့သော်လည်း သူက နောက်ထပ်အနုပညာရှင်အသစ်တစ်ယောက်နဲ့ ကြော်ငြာရိုက်ကူးရင်း အလုပ်များနေခဲ့တယ်။

ဖုန်းကို ပြန်ကြည့်တဲ့အချိန်မှာ ကုကျစ်စုန့် အလုပ်ပြန်လုပ်နေလောက်ပြီလို့ တွေးခဲ့တာကြောင့် ပြန်မခေါ်ခဲ့ဘူး။ ဆေးဖိုးဝါးခကိုတောင်မှ ထုတ်လုပ်ရေးအဖွဲ့က ပေးချေခဲ့ရတယ်။

သူက အင်တာနက်ပေါ်မှာ တက်လာတဲ့ ဗီဒီယိုကို မြင်ပြီးတဲ့အချိန်မှသာ အခင်းဖြစ်ရာကို အပြေးအလွှားရောက်လာခဲ့တာဖြစ်လေတယ်။

ကုကျစ်စုန့်ရဲ့အကြည့်ကို မျက်နှာချင်းဆိုင်ရင်း သူမက ရက်အနည်းငယ်အတွင်းမှာပဲ တစ်ခြားသူတစ်ယောက်လို ဖြစ်သွားသလို ခံစားလိုက်မိပြီး ချင်းကျန်း အနည်းငယ် တုန်လှုပ်သွားခဲ့တယ်။

မျက်နှာအနေအထားတွေကတော့ အတူတူပါပဲ။ ဒါပေမဲ့ နည်းနည်းဖျော့တော့ နေပြီး သူမဆီမှာ တခြားလူတွေကို သိမ်ငယ်တယ်လို့ ခံစားစေနိုင်တဲ့ လိမ္မာပါးနပ်မှုနဲ့ ငြိမ်သက်မှု အရိပ်အယောင်တွေ ရှိနေခဲ့တယ်။

ချင်းကျန်း သူ မူးနေတုန်းပဲလို့ တွေးလိုက်မိပြီး စိတ်ထဲကနေရယ်မောရင်း ခေါင်းခါလိုက်တယ်။ ကုကျစ်စုန့်လို အလှပန်းအိုးဆီမှာ ဒီလိုအရှိန်အဝါမျိုးရှိနေလိမ့်မယ်လို့ သူ ဘယ်လိုများတွေးလိုက်မိတာပါလိမ့်။

သူ့ရဲ့နှလုံးသားထဲက စိုးရိမ်မှုနဲ့ကြောက်ရွံမှုလက်ကျန်ကတော့ လုံးဝကွယ်ပျောက်သွားခဲ့ပြီ။ ဒါကြောင့် သူရဲ့ပါးစပ်ကိုဖွင့်ဟပြီး စတင် ဆဲရေးတိုင်းထွာလာခဲ့တယ်။

“ အမှိုက်! မင်းက ပြဇာတ်ရုံထဲမှာနေရင်းနဲ့တောင် ခေါင်းကွဲနိုင်နေတယ်ပေါ့! ဒီကိစ္စက အခု hot searchပေါ်ကိုရောက်သွားပြီ! ဒါရိုက်တာလျို့က ဘယ်လောက်တောင်ဒေါကန်နေလဲဆိုတာ မင်းသိရဲ့လား!”

သူ့ရဲ့ ပါးတွေကအဆီတဝင်းဝင်းနဲ စုပုံနေပုံရပြီး စကားပြောလိုက်တိုင်းမှာ သူ့တံတွေးတွေ လွင့်ထွက်နေခဲ့တယ်။

“မင်းက နံရံတစ်ခုအဖြစ်တောင် မပံ့ပိုးနိုင်တဲ့ ရွှံ့တစ်စပဲ.. မင်းဆီမှာမှာ စီးပွားဖြစ်နိုင်တာဆိုလို့ အဲဒီတန်ဖိုးနည်းတဲ့ မျက်နှာတစ်ခုပဲရှိတယ်.. အခု ဒီအတိုင်းသာဆိုရင် မင်းရဲ့မျက်နှာမှာ အမာရွတ်တွေ မကျန်ပါစေနဲ့လို့သာ ဆုတောင်းနေလိုက်!

ဒါရိုက်တာလျို့က မင်းပြန်ကောင်းလာဖို့အတွက် တစ်လခွင့်ပေးပြီး မင်းရဲ့ဇာတ်ဝင်ခန်းတွေကို နောက်ဆုံးမှ ရိုက်ကူးမယ် လို့ ပြောခဲ့တယ်.. အဲဒီအချိန်ထိမှ မင်းပြန်ကောင်းမလာဘူးဆိုရင်တော့ မင်းရဲ့အထုတ်အပိုးတွေပြင်ပြီးသာ ထွက်သွားလိုက်တော့”

ကုကျစ်စုန့်အနေနဲ့ လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ဒီကုမ္ပဏီနဲ့ စာချုပ်ချုပ်ခဲ့တုန်းက သူမကိုတွေ့ကြတဲ့လူတိုင်းက ပြောခဲ့တာကို မှတ်မိနေသေးတယ်။

“ ဒီမျက်နှာလေးနဲဲ့သာဆို သူမက ဒီအနုပညာနယ်ပယ်မှာ သေချာပေါက်နာမည်ကြီးဖြစ်လာမှာပဲ” တဲ့။

ကုမ္ပဏီက သူမနဲ့ A အဆင့်ရှိတဲ့စာချုပ်ကိုတိုက်ရိုက်ချုပ်ဆိုခဲ့တယ်။

နောက်ပိုင်းမှာလည်း သူမကတကယ်ကိုနာမည်ကြီးလာခဲ့တယ်။ သူမအနေနဲ့ Talent show တွေမှာ ပါဝင်ခဲ့ပြီးချင်းချင်းပဲ ရေပန်းအစားဆုံးရှာဖွေမှုရဲ့ထိပ်ဆုံး (၃)ခုထဲမှာ ပါဝင်ခဲ့တယ်။

ပရိုဂရမ်ထဲမှ ကြော်ငြာတွေအကုန်လုံးကလည်း သူမနဲ့ ရိုက်ကူးဖို့အတွက် ကမ်းလှမ်းလာခဲ့ကြတယ်။

နောက်ဆက်တွဲရောက်လာတဲ့ ပရောဂျက်တွေမှာတော့ သူမအနေနဲ့ တုံးအ,စွာနဲ့ ကင်မရာရှေ့မှာ သူမရဲ့ ရူးသွပ်နေတဲ့တစ်ခြားတစ်ဖက်ကို ထုတ်ဖော်မိလိုက်တယ်။

အသင်းဖော်တွေနှင့်သီချင်းဆိုနေတာတွေ၊ ကခုန်နေခဲ့တာတွေက ပေါ်ထွက်လာခဲ့လိမ့်မယ်လို့ ဘယ်သူကများသိခဲ့မှာလဲ ။

မကြာခင်မှာပဲ နောက်ထပ် အရှုပ်တော်ပုံတွေကလည်း တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး သူမရဲ့ဂုဏ်သတင်းသည်လည်း သိသိသာသာ ကျဆင်းသွားခဲ့တယ်။

ဒါပေမဲ့ သူမရဲ့ မျက်နှာလေးက တန်ဖိုးကြီးတယ်ဆိုတာကတော့ အမှန်ပဲ။ လွန်ခဲ့တဲ့နှစ်နှစ်အတွင်းမှာ သူမက ခမ်းနားကြီးကျယ်တဲ့အလှမယ်လေး၊ ထူးခြားတဲ့ အလှမယ်လေး ပြီးတော့ တစ်ခြားသော ဇာတ်ကောင်တွေအများကြီးကိုသရုပ်ဆောင်ခဲ့တယ်။

သူမရဲ့ အဆင့်ကလည်း ပျမ်းမျှအားဖြင့် ပထမတန်း သို့မဟုတ် ဒုတိယတန်းသရုပ်ဆောင်တွေလောက် ရှိနေခဲ့တယ်။ ဒီလိုမှ မဟုတ်ရင်လည်း ဒါရိုက်တာလျို့က ရုပ်ရှင်အတွက် သူမကို ခေါ်ခဲ့မှာမဟုတ်ဘူး။

မီးဆိုင်းမှ မှန်အကွဲစတွေက ကုကျစ်စုန့်ရဲ့နဖူးကို ရှရှာတွေဖြစ်သွားခဲ့စေတယ်။ တကယ်လို့ အမာရွတ်သာကျန်ခဲ့မယ်ဆိုရင် ဒါရိုက်တာလျို့ရဲ့ရုပ်ရှင်ထဲက သရုပ်ဆောင်နေရာကလည်း အဆုံးသတ်သွားလိမ့်မယ်။

အင်တာနက်တစ်ခုလုံးရဲ့ ပျက်ရယ်ပြုခံနေရတဲ့ ကုကျစ်စုန့်အတွက် နေရာလုံးဝပျောက်ကွယ်သွားလိမ့်မယ်။

ဒါကိုတွေးမိတော့ ချင်းကျန်းရဲ့ လေသံက ပိုဆိုးလာခဲ့ပြီး ဆက်ပြီးအော်ဟစ်လာခဲ့ပြန်တယ်။

သူက ဆေးရုံခုတင်ပေါ်က ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့ မိန်းကလေးကိုကြည့်ရင် ပိုပြီး စိတ်လှုပ်ရှားလာခဲ့ပြီး လည်ပင်းကနေကို အညှစ်ခံထားရတဲ့ဘဲတစ်ကောင်လိုမျိုးကြည့်လာခဲ့တယ်။ကုကျစ်စုန့်က စကားတစ်လုံးမှပြောမလာခဲ့ဘဲ မျက်တောင်လည်း တစ်ချက်မှမခတ်ခဲ့ဘူး။ ဒါပေမဲ့ ချင်းကျန်းတစ်ယောက် သူမရဲ့မျက်လုံးတွေက အေးစက်ပြီးစူးရှနေတာကိုခံစားလိုက်ရတယ်။

သူမက သူ့ကိုလူရွှင်တော်တစ်ယောက်ကိုကြည့်သလိုကြည့်နေတာကြောင့် ချင်းကျန်းတစ်ယောက် ရှက်သွားရပြီး ဒေါသတကြီးပြောလိုက်တယ်။

“ မင်းငါ့ကို ဘာတွေကြည့်နေတာလဲ ..ငါပြောတာကို စိတ်မဝင်စားဘူးလား “

ကုကျစ်စုန့်က စိတ်မရှည်တော့သလိုကြည့်လိုက်တယ်။

“ ရှင်ပြောလို့ပြီးပြီလား? “

“ဘာ ..ဘာပြောတယ်”

ကုကျစ်စုန့် သူ့ရဲ့စကားကို မကြားချင်ယောင်ဆောင်ပြီး ခုတင်ခေါင်းရင်းဘက်မှာရှိတဲ့ ခေါင်းလောင်းကို လှမ်းနှိပ်လိုက်တယ် ။ သတိပေးခေါင်းလောင်းကိုနှိပ်ပြီး မကြာခင်မှာပဲ သူနာပြုမလေးတစ်ယောက်ဝင်လာပြီးပြောလာတယ်။

“ မင်္ဂလာပါ .. ဘာများကူညီပေးရမလဲ “

“ ဒီလူက ကျွန်မရဲ့အခန်းထဲကို ရုတ်တရက်ဝင်လာပြီး ဆူဆူညံညံတွေလုပ်နေတယ်..လူနာဆောင်ကို အပြင်လူတွေက စိတ်တိုင်းကျ ဝင်ထွက်နေလို့ ရတာလား “

ကုကျစ်ချန့် စဥ်းစားပြီး ဆက်ပြောလိုက်တယ်။

“ တစ်ခြားအဓိပ္ပါယ်တော့မရှိဘူး.. ဒါပေမယ့် ဒီခွေးက ကျွန်မရဲ့ ဘေးနားလာပြီး တစ်ချိန်လုံး လာဟောင်နေတော့ ကျွန်မ ခေါင်းကိုက်လာသလိုပဲ.. နားတွေလည်း တော်တော်လေးအူနေပြီ”

သူနာပြုလေးက ပြန်ပြောလာခဲ့တယ်။

“ ဒါပေမဲ့ ဒီကလူကြီးမင်းက အစ်မရဲ့ မန်နေဂျာလို့ပြောခဲ့ပါတယ်”

ကုကျစ်စုန့် သူမရဲ့ ဖီးနစ်မျက်လုံးတွေနဲ့ လှမ်းကြည့်လိုက်တယ်။ သူနာပြုဆရာမလေးလည်း ဒီအကြည့်အောက်မှာ အနည်းငယ်မူးဝေသွားရပြီးပြီး ချောင်းတစ်ချက်ဟန့်ကာ:

“ ကျေးဇူးပြု၍ ထွက်သွားပေးပါ ဆရာ.. လူနာက အနားယူဖို့အတွကာ တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်တစ်ခု လိုအပ်ပါတယ်.. လူနာက မလိုချင်ဘူးဆိုရင် သူရဲ့ ဆွေမျိုးတွေတောင်မှ နှောင့်ယှက်လို့ မရပါဘူး “

ချင်းကျန်းရဲ့ မျက်နှာကြီးက နီရဲသွားခဲ့ပြီး ကုကျစ်စုန့်ကို သတ်ဖြတ်ချင်တဲ့အကြည့်နဲ့ စိုက်ကြည့်လာပြီး လှောင်ပြောင်လိုက်တယ်။

“ ကောင်းပြီလေ ကုကျစ်စုန့်.. မင်းရူးသွားတာလား! မင်းက အခု ငါ့ကိုလာပြီး သွေးတိုးစမ်းနေတယ်ပေါ့! “

ကုတင်ပေါ်က မိန်းကလေးရဲ့ နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီး သူမရဲ့အကြည့် တွေကတော့ အေးစက်သွားခဲ့တယ်။

“ မန်နေဂျာချင်း .. ရှင့်မှာလုပ်စရာမရှိဘူးဆိုရင် အိမ်ကိုပြန်ပြီး ရှင့်ရဲ့ ကလေးကို အချိန်ပေးသင့်တယ်.. ကောင်းတာတွေ များများလုပ်ပြီး စကားများတာကိုလျှော့လိုက်.. ကျွန်မက သဘောထားကောင်းတယ်ဆိုပေမဲ့ ကလေးတွေက စိတ်ပျော့တယ်နော်.. သူတို့က လက်ခံနိုင်မှာမဟုတ်လောက်ဘူး .. ရှင် မကောင်းတာတွေအများကြီးလုပ်ရင် အပြစ်ပေးခံရမှာပဲ “

ဒီအခိုက်အတန့်မှာ ချင်ကျန်းရဲ့ လက်ဖျားခြေဖျားတွေက အေးစက်သွားခဲ့တယ် ။ သူဘာတွေ တွေးမိနေလဲဆိုတာကိုတောင် မသိတော့ဘူး။ သူက ကုကျစ်စုန့်ကို အံ့အားသင့်စွာလှမ်းကြည့်လိုက်ပေမဲ့ သူ့ရဲ့အကြည့်ကတော့ ကြမ်းကြမ်းတမ်းတမ်းဖြစ်နေတုန်းပဲ။

သူမက ဘယ်လိုလုပ်ပြီးသိနေတာလဲ ။ မဟုတ်ဘူး..မဟုတ်သေးဘူး ။ ဒီကိစ္စကဘယ်လိုမှ သိနိုင်တဲ့ကိစ္စမျိုးမဟုတ်ဘူး ။ ဒီခွေးမက တစ်နေရာရာကနေ သတင်းကြားခဲ့တာပဲ ဖြစ်ရမယ်။

“ ဆရာ ကျေးဇူးပြုပြီး ထွက်သွားပါတော့”

ချင်းကျန်း ရဲ့ ဝပြဲဖောင်းကားနေတဲ့မျက်နှာကြီးက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး ယိုင်တိယိုင်တိုင်ဖြစ်စွာနဲ့ ဆဲရေးတိုင်းထွာတဲ့စကားတွေကို ဆက်ပြောနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူနာပြုလေးကပဲ သူ့ကို ဆွဲထုတ်သွားတော့တယ်။

လူနာဆောင် ပြန်လည်တိတ်ဆိတ်သွားတဲ့အချိန်မှာ စနစ်ရဲ့ တုန်ယင်နေတဲ့အသံက ထွက်ပေါ်လာတယ်: “မာစတာ.. အဲဒါက....”

ဒီ ဝဖြီးတဲ့မျက်နှာနှင့် နားရွက်ကြီးတွေကိုပိုင်ဆိုင်ထားတဲ့ မန်နေဂျာချင်းရဲ့... သူ့ရဲ့ပုခုံးပေါ်မှာ ကလေးတစ်ယောက်ကို မြင်လိုက်ရတယ်။

အဲဒါက သာမန်ကလေးရဲ့ တစ်ဝက်နီးပါးအရွယ်လောက်သာရှိပြီး အရေပြားကလည်း ပြာနှမ်းနေခဲ့တယ်။ ပြီးတော့ သူ့ရဲ့မျက်လုံးတွေကလည်း အပေါက်တွေဖြစ်နေခဲ့ပြီး သွေးပေနေတဲ့ လက်မောင်းက ချင်းကျန်းရဲ့ ခေါင်းကိုတွယ်ဖက်ထားခဲ့ကာ ကုကျစ်စုန့် နဲ့ သူနာပြုကို ရက်စက်ကြမ်းကြုတ်စွာ အော်ဟစ်နေခဲ့တယ်။

ဒါပေမဲ့ သူနာပြုနဲ့ချင်းကျန်းတို့ရဲ့အမြင်မှာတော့ ပုံမှန်အတိုင်းပဲ။ သူတို့က ကလေးကို မမြင်နိုင်မကြားနိုင်ဘူးဆိုတာ သေချာပေါက်ပဲလေ။

ဆေးရုံကုတင်ပေါ်မှာရှိနေတဲ့ ကုကျစ်စုန့်က ထိုကလေးကို ဖြတ်ခနဲ တစ်ချက်ကြည့်လိုက်ရုံနှင်် ကလေးကကြောက်ရွံသွားခဲ့ပြီး ချင်းကျန်းရဲ့ အနောက်ဘက်မှာပုန်းကွယ်သွားခဲ့တယ်။

စနစ်က ကုကျစ်စုန့်နဲ့ ပေါင်းစပ်ခဲ့ပြီး ဝိညာဥ်ထဲမှာ ပေါင်းစပ်ပြီးသွားချိန်မှာသူသည်လည်း အလိုလိုက မျက်စိပွင့်လာပြီး ကုကျစ်စုန့် မြင်တာကိုလိုက်ပါမြင်တွေ့နိုင်လာခဲ့တယ်။

စနစ်ရဲ့ မျက်လုံးထဲကို ရုတ်တရက် ထိုးဖောက်ဝင်ရောက်လာခဲ့တဲ့ ပုံရိပ်က စနစ်ရဲ့ နုနယ်တဲ့စိတ်ဓာတ်လေးကို ထိခိုက်သွားစေခဲ့တယ်။

“အဲဒါက ကလေးတစ်ယောက်ပဲ”

ကုကျစ်စုန့် ဟာအနည်းငယ်ရွံရှာပုံနဲ့ပြောလာတယ်။

“ မင်းလို စာဂျပိုးက ဘယ်လိုလုပ်ပြီး သရဲကြောက်တတ်နေရတာလဲ”

စနစ်ဟာ ငိုချင်နေမိပြီ။

သူက ဖျော်ဖြေးရေးနယ်ပယ်ကမ္ဘာအမျိုးအစားထဲကို ဝင်ရောက်သွားတာမဟုတ်ဘူးလား ။ ဘာလို့များ ကြောက်မက်ဖွယ်ရာ horror အမျိုးအစားဖြစ်နေရတာလဲ။

“ ချင်းကျန်းရဲ့အနားမှာ ဘာလို့ သရဲတစ်ကောင်ရှိနေရတာလဲ “ကလေးသရဲက သူနဲ့သွေးချင်းပက်သက်မှုရှိပြီး တစ်ချိန်တည်းမှာပဲ ပြင်းထန်တဲ့ နာကြည်းမှုလည်းရှိနေတယ်။ သူနဲ့ ရောယှက်နေပြီး ထွက်သွားဖို့လည်း ဆန္ဒမရှိဘူး။

ဒီတော့ ဒါက ချင်းကျန်းရဲ့ အမှားကြောင့်ဖြစ်ခဲ့တာပဲ။ ကုကျစ်ချန့် လှောင်ပြောင်လိုက်တယ် :

သူ့ရဲ့အဆောင်ကြောင့်သာ မဟုတ်ရင် အဲဒီကလေးက သူ့ကို ကလဲ့စားချေနေလောက်ပြီ။သို့ပေမဲ့ သူ့မျက်နှာကလည်း မီးခိုးရောင်အငွေ့တစ်လွှာက ဖုံးလွှမ်းနေခဲ့ပြီ။

ကလေးသရဲရဲ့ နာကျည်းချက်တွေက ပိုပြီး အားကောင်းလာတယ်ဆိုတာ သိသာပါတယ်။ အဆောင်ယတြာကလည်းတားဆီးနိုင်မှာမဟုတ်တော့ဘူး။

*

ဆေးရုံမှ ထွက်လာပြီးနောက် ချင်းကျန်းရဲ့ ခန္ဓာကိုယ်က အေးစက်နေခဲ့တယ်။

သူ အခုလေးတင် ထိတ်လန့်နေခဲ့တာကိုတွေးမိပြီး တတွတ်တွတ်နဲ့ ဆဲရေးတိုင်းထွာနေခဲ့ပြန်တယ် :

မင်းက ငါ့ကို ခြိမ်းခြောက်တယ်ပေါ့လေး.. မင်းမျက်ရည်ကျပြီး လာမတောင်းပန်တဲ့အချိန်ထိ ဒီအဖိုးကြီးက မင်းရဲ့ဂုဏ်သိက္ခာကို ဖျက်ဆီးပေးမယ် !

သူက ဖောင်းကားနေတဲ့မျက်လုံးကြီးတွေကို ကျုံ့ပြီး ဖုန်းခေါ်လိုက်တယ်:

“ ဒါရိုက်တာဖန်း.. Variery show အတွက် တစ်ယောက်ယောက်ကို ရှာစရာ မလိုတော့ဘူး.. ကျွန်တော်တို့ရဲ့ စုန့်စုန့်က ပါဝင်သွားလိမ့်မယ်

သူ့ကို ဂရုစိုက်နေစရာမလိုဘူး.. ကြိုက်သလိုရိုက်လို့ရတယ်.. ပြောရရင် ပရိတ်သတ်ရဲ့ အားပေးမှုကသာ အဓိကပဲမလား.. တကယ်လို့ စုန့်စုန့်သာ အောင်မြင်သွားခဲ့ရင် ကျွန်တော်တို့ ဒါရိုက်တာဖန်း ဝကိုကျေးဇူးတင်ရမှာပဲ!”

ဖုန်းချလိုက်ပြီးတဲ့နောက် ချင်းကျန်းက သူရဲ့ဖြူဖပ်ဖြူရော်ဖြစ်နေတဲ့မျက်နှာပေါ်က ချွေးတွေကိုသုတ်လိုက်တယ်။

ကုကျစ်စုန့်က သူ့ရဲ့လက်ထဲရှိနေသရွေ့ သူ့သဘောအတိုင်းလုပ်ရမှာပဲ ။ သူ့အတွက်တော့ သူမကို ခံစားရအောင်လုပ်ဖို့ဆိုတာ အရမ်းလွယ်ကူတယ်။

ချင်းကျန်း ပျော်ရွှင်စွာနဲ့ခြေလှမ်းလိုက်တဲ့အချိန်မှာပဲ ရုတ်တရက် သူ့ခေါင်းထဲမှာ မူးဝေလာပြီး သူ့ရဲ့ခြေထောက်ကို မလှုပ်နိုင်တော့တာကို ခံစားလိုက်ရတယ်။ သူရဲ့တစ်ကိုယ်လုံကလည်း ဆေးရုံရဲ့အပြင်ဘက်က ပန်းခင်းပေါ်ကို ပစ်လဲသွားတော့တယ်။

ဖြတ်သွားတဲ့သူတစ်ယောက်က ဒါကိုမြင်တွေ့သွားပြီး မေးမြန်လိုက်တယ်။

“အစ်ကိုကြီး.. ခင်ဗျား အဆင်ပြေရဲ့လား.. ဆေးရုံသွကိုားပြီး စစ်ဆေးကြည့်ပါလား !”

ဒီအချိန်ကျမှ ချင်းကျန်းရဲ့သွားနှစ်ချောင်းကျိုးသွားပြီး မေးစေ့ကလည်းကွဲသွားကာ ပါးစပ်ထဲမှာ သွေးအပြည့်ဖြစ်နေတာကိုမြင်တွေ့လိုက်ရတယ်။

ချင်းကျန်းတစ်ယောက် ပန်းခင်းအစွန်းကို ကိုင်ပြီး သူ့ရဲ့ပတ်ဝန်းကျင်မှ ပြန့်ပြူးနေတဲ့ လမ်းတွေကို ကြည့်လိုက်တယ်။

ဘယ်လိုခလုတ်တိုက်စရာကိုမှ မတွေ့ခဲ့ဘူး။ အခုတင်ဖြစ်ပျက်သွားတဲ့ ထူးဆန်းတဲ့ မြင်ကွင်းကို တွေးလိုက်တော့ သူ ဘာမှကို မမြင်နိုင်တော့ဘဲ ကုကျစ်စုန့် ပြောခဲ့တဲ့ စကားတွေကို ရုတ်တရက် သတိရသွားပြီး သူ့ရဲ့ကျောရိုးထဲထိ အေးစက်သွားခဲ့တယ်။ သူ ဒီဆေးရုံမှာ ဘယ်လိုလုပ်ပြီး ဆက်နေရဲတော့မှာလဲ!

ချင်းကျန်း သူ့ရဲ့မေးစေ့မှ သွေးတွေကိုသုတ်လိုက်ပြီး ဖြတ်သွားတဲ့သူကို တွန်းထုတ်ကာ အလျှင်အမြန်ပဲပြေးထွက်သွားတော့တယ်။

ဖြတ်သွားဖြတ်လာလူ: “ဟေး ခင်ဗျားရဲ့ နောက်ကို သရဲတစ္ဆေများ လိုက်နေလို့လား”

*

အဲ့ဒီညမှာပဲ ရုပ်လွန်ပညာရပ်အကြောင်းကို ဖတ်ရှုနေတဲ့ ကုကျစ်စုန့်ရဲ့ လက်ကိုင်ဖုန်းထဲသို့ မတ်ဆေချ့် တစ်စောင်ဝင်လာခဲ့တယ်။

ပေးပို့လာသူက ကုမ္ပဏီဘက်ကသူတစ်ယောက်ပဲ။

[ ကုကျဲ .. ချင်းကျန်းကောက အစ်မအတွက် Variety show အသစ်တစ်ခုစီစဥ်ပေးထားတယ်.. နောက်တစ်ပတ်လောက်မှာ စတင်လိမ့်မယ်.. ကျွန်မ ခဏနေရင် ဇာတ်ညွန်းပို့ပေးလိုက်ပါ့မယ်]

သူမ စာဖတ်ပြီးတဲ့အချိန်မှာပဲ Variety Show အတွက် ဇာတ်ညွန်း file ရောက်လာခဲ့တယ်။

ကုကျစ်စုန့် မျက်တောင့်ကို ပင့်မ,ကာ ဖိုင်ပေါ်က Variety Show ရဲ့ နာမည်ကိုကြည့်လိုက်တယ်။

“ဝိဥာဥ်ရေးရာ”

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment