no

Font
Theme

(4)အမြှောက်စာခံဇာတ်ကောင်လေးက အရာအားလုံးကို ပြန်စတော့မှာ


ဖူချန်းပုဂ္ဂလိကဆေးရုံကြီး၊ VIPခန်း


ရုန်ကျန်းရဲ့လက်ထောက် လျို့ရှင်းက ရုန်ကျန်းလက်မှတ်ထိုးပြီးသား စာရွက်စာတန်းတွေကို ပြန်ယူလိုက်ပြီး အိတ်ထဲကိုပြန်ထည့်ကာ ဆေးရုံခုတင်ရှေ့မှာထိုင်နေတဲ့ ရုန်ကျန်းကို ဦးညွတ်ရင်းပြောလာတယ်။


"ဥက္ကဋ္ဌ ဒါဆို ကျွန်တော်အရင်ပြန်နှင့်လိုက်ပါ့မယ်"


ရုန်ကျန်းရဲ့မျက်လုံးက ဆေးရုံခုတင်ပေါ်မှာလှဲနေဆဲဖြစ်တဲ့ ရုန်ရုန်ကိုသာစိုက်ကြည့်နေခဲ့တယ်။


"ကောင်းပြီ"


လီရှင်း တံခါးကိုပိတ်ပေးပြီး ထွက်သွားခဲ့တယ်။


ထွက်မသွားခင်မှာ သူ ရုန်ကျန်းကိုစိုက်ကြည့်ပြီး သူ့မျက်လုံးထဲမှာ သံသယအလင်းတစ်ချက်လင်းသွားခဲ့တယ်။


အရင်တုန်းက ဒုတိယသခင်လေးက တစ်ယောက်ယောက်နဲ့ ရန်ဖြစ်ပြီး ဆေးရုံကိုရောက်တဲ့အချိန်တွေမှာ သူ့တို့ရဲ့ဥက္ကဋ္ဌအလွန်ဆုံးလုပ်ခဲ့တာက  သူ့ကို ဓာတ်ဖြည့်စာတွေဝယ်ပြီး သွားပို့ပေးခိုင်းခဲ့ရုံပဲ။  သူကိုယ်တိုင်ကတော့ မျက်နှာတောင်မပြခဲ့ဘူး။ 


အခုတစ်ခေါက်ကျတော့ ဘာလိုဖြစ်သွားတာလဲ?


သူက လူကိုယ်တိုင် ဆေးရုံမှာတစ်ညလုံးစောင့်နေပေးခဲ့ရုံသာမက ထိုဒုတိယသခင်လေးဘေးမှာနေရဖို့အတွက် အလုပ်ရုံးခန်းကိုတောင် ပြောင်းလဲလိုက်သေးတယ်။


သူက ဥက္ကဋ္ဌရဲ့ဘေးနားမှာ ရှိနေတာ ခုနှစ်နှစ်တောင်ရှိခဲ့ပြီ။ သူ့ရဲ့အလုပ်စွဲနေတဲ့ဥက္ကဋ္ဌ နေ့တစ်ဝက်လောက်တောင် ခွင့်ယူတာမရှိခဲ့ဘူး.


"ကလစ်"


တံခါးက ဖြည်းညှင်းစွာပိတ်ဆို့သွားခဲ့တယ်။


ရုန်ကျန်းက ဆေးရုံခုတင်ရှေ့မှာ တည်ကြည်လေးနက်တဲ့အမူအယာနဲ့ ထိုင်နေခဲ့တယ်။


သူက ရုန်ရုန်သတိမလစ်ခင်တုန်းက ပြောခဲ့တဲ့စကားတွေကို တွေးတောနေခဲ့တာ__


"ကောကော ကျွန်တော် ထွက်မသွားချင်ဘူး"


ကျွန်တော် မသွားချင်ဘူး။ ဒါပေမဲ့ သွားရလိမ့်မယ်။


ဒီတော့ ဒီစာကြောင်းက ထွက်သွားဖို့မလိုလားဘူးဆိုတဲ့ အဓိပ္ပါယ်ပဲ။


သူ့ညီလေးပြောခဲ့တဲ့စကားက ဘယ်လိုအဓိပ္ပါယ်ကိုဆောင်ထားတာလဲ။


တစ်၀ုံတစ်ယောက်က သူတို့ရဲ့နောက်မှာ သူ့ကိုတစ်ခုခုပြောခဲ့ကျလို့လား?


မနက်ကိုးနာရီထိုးတော့ ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့ရောက်လာကြတယ်။


"ပါး .. မား"


ရုန်ကျန်းထရပ်ပြီး သူတို့ကိုနှုတ်ဆက်လိုက်တယ်။


ရုန်ဝေ့ရှန်နဲ့ ယင်းလန်တို့ကလည်း တစ်ညလုံးမအိပ်နိုင်ခဲ့ကြဘူး။


ရုန်ဝေ့ရှန်ရဲ့မျက်ဝန်းတွေက အနက်ရောင်စက်ဝိုင်းကြီးဖြစ်နေခဲ့ပြီး မစ်ရုန်ကတော့ မျက်တွင်းချောင်ကျနေခဲ့တယ်။


မစ်ရုန် ဆေးရုံခုတင်နားကို လျှောက်လာပြီး သူမရဲ့သားငယ်လေးသတိလစ်နေဆဲဖြစ်နေတာကို ကြည့်ရင်း မျက်မှောင်ကြုတ်ရင်း စိတ်ပူစွာမေးလာတယ်။


"ရုန်ရုန် မနိုးလာသေးဘူးလား"


ရုန်ဝေ့ရှန်ကလည်းမေးလာတယ်။


"မနက်ပိုင်း ဆရာဝန်လာသွားပြီလား"


" လာသွားတယ်.. အခြေအနေတွေက မနေ့ညတုန်းကနဲ့အတူတူပဲတဲ့.. ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးက ပုံမှန်အတိုင်းပဲလို့ ပြောသွားတယ်"


သူမနေ့ညတုန်းက သတိလစ်သွားတာက သူ့ရဲ့ခံစားချက်တွေ ပြင်းထန်လွန်းနေလို့ပဲ။  ဦးနှောက်က မနိုင်နင်းနိုင်လောက်အောင် ဝန်တွေထမ်းခဲ့ရတာကြောင့် မွန်းကြပ်မှုတွေနဲ့အတူ သတိလစ်သွားခဲ့တယ်။


" ခန္ဓာကိုယ်က ပုံမှန်အတိုင်းပဲဆိုရင် ဘာလို့ မနိုးလာရသေးတာလဲ.. ဒါရိုက်တာက မှားပြီးဆုံးဖြတ်မိတာများလား.. ရုန်ရုန်ကို ထပ်ပြီး စစ်ဆေးခိုးကြမလား"


ရုန်ကျန်း သူ့အမေကိုတားလိုက်တယ်။


"မား ခန္ဓာကိုယ်ကပုံမှန်ပဲ.. မနိုးလာရုံပဲဖြစ်နေတာ.. ကျွန်တော်တို့ ကျွမ်းကျင်ပါရဂူတွေကို ယုံသင့်တယ်"


မစ်ရုန် တုန့်ဆိုင်းစွာ ခေါင်းညိတ်လာတယ်။


"မားက စိတ်ပူလွန်းလို့ပါ"


"စကားမစပ်.. မင်း မနေ့ညတုန်းကလည်း မွေးနေ့ကိတ်ကိုမစားခဲ့ရဘူး တစ်ညလုံးလည်း ညီလေးကိုစောင့်ပေးနေခဲ့တာဆိုတော့ ဗိုက်ဆာနေမှာပဲ.. သန့်ရှင်းရေးလုပ်ပြီး အရင်ဆုံးစားလိုက်လေ.. မား မနက်စာယူလာတယ်"


မစ်ရုန်ပြောရင်းနဲ့ သူမအိမ်ကနေယူလာတဲ့ အစားအသောက်ဘူးကို စားပွဲပေါ်မှာချလိုက်တယ်။


ရုန်ကျန်း  မနေ့ကတည်းက လူနာတင်ကားနဲ့လိုက်လာခဲ့တာ။


မစ်ရုန်က အိမ်အကူတွေကို ပစ္စည်းတွေ ပို့ခိုင်းခဲ့တယ်။


ရုန်ကျန်းက ကိုယ်ပိုင်စည်းမျဥ်းတွေနဲ့ နေထိုင်တတ်ခဲ့တာကြောင့် အစောကြီးကတည်းက သန့်စင်ပြီးသွားခဲ့ပြီ။


***


မနက်စာက အတော်လေးစုံလင်တယ်။


ကောင်းမွန်စွာချက်ထားတဲ့ နံရိုးဆန်ပြုတ်၊ ခရစ်စတယ်လိုကြည်လင်နေတဲ့ ဖက်ထုပ်ပြုတ်၊ ဖက်ထုပ်အိုးကပ်နဲ့ ဖရုံသီးဘန်းမုန့်တွေ...


တစ်ယောက်တည်းစာအတွက် မဟုတ်တဲ့ပုံပဲ။


မစ်ရုန်က ရုန်ကျန်းဆီကို တူလှမ်းပေးလိုက်တယ်။


"ဒေါက်တာက ရုန်ရုန် အချိန်မရွေးနိုးလာနိုင်တယ်လို့ပြောခဲ့လို့ မား သူ့အတွက်ပါလုပ်ခိုင်းခဲ့တာ.. ဒီကလေးက ငယ်ငယ်လေးကတည်းက အစားရွေးလွန်းတယ်.. သူနိုးလာရင် ဘာစားချင်မလဲဆိုတာမသိလို့ သူကြိုက်တာအကုန်လုံးကို ချက်ခိုင်းခဲ့တာ"


ရုန်ကျန်း တူကိုယူရင်း ခေါင်းညိတ်လိုက်တယ်။ ဒီမနက်စာထဲမှာ သူကြိုက်တာတစ်ခုမှမပါဘူးဆိုတာကိုတော့ မပြောပြခဲ့ဘူး။


သူက ကြိုက်နှစ်သက်တဲ့ အစားအသောက်ရှိပေမဲ့ အစားရွေးတဲ့သူတော့မဟုတ်ဘူးလေ။


ရုန်ကျန်း  မနက်စာစားပြီးပေမဲ့ ရုန်ရုန်က နိုးမလာသေးဘူး။


မစ်ရုန်က ရုန်ကျန်းမထိခဲ့တဲ့ စားစရာတွေကို ပြန်သိမ်းပြီး အပူခံဘူးထဲကို ထည့်ပေးလိုက်တယ်။


သူမရဲ့သားကြီးဖြစ်သူက ဆေးရုံမှာတစ်ညလုံးစောင့်နေခဲ့ရပြီး မစ်ရုန်ကလည်း စိတ်ဆင်းရဲနေခဲ့တယ်။


"ရုန်ရုန်က ဘယ်အချိန်မှနိုးလာမှာလဲမသိဘူး.. မင်းအဖေက ကုမ္ပဏီကိုသွားဦးမှာဆိုတော့ မင်းအဖေရဲ့ကားနဲ့ပြန်လိုက်ပြီး အိမ်ကိုပြန်ပို့ခိုင်းလိုက်..မားဒီမှာနေလိုက်မယ် ပြန်သွားပြီးရေချိုးပြီးမှ တစ်ရေးလောက်အိပ်လိုက်ဦး"


"အမ်"


ရုန်ကျန်း မိဘဆွေရဲ့စေတနာကိုလက်ခံလိုက်တယ်။


သူ့ဆီမှာ ညနေပိုင်းအတွက် အရေးကြီးအစည်းအဝေးတစ်ခုရှိနေသေးတာကြောင့် ခဏလောက်အနားယူဖို့ တကယ်လိုအပ်နေပြီ။


ရုန်ကျန်းထွက်သွားပြီး သိပ်မကြာခင်မှာပဲ ဆေးရုန်ခုတင်ပေါ်မှာ တစ်ညလုံးအိပ်ပျော်နေခဲ့တဲ့ ရုန်ရုန်က နိုးလာခဲ့တယ်။


ရုန်ရုန် မျက်လုံးကိုဖွင့်ဟလိုက်တယ်။


သူ့ရဲ့မျက်လုံးထဲမှာမြင်နေရတဲ့အရာအားလုံးကအဖြူရောင်ပဲ။


အဖြူရောင် မျပ်နှာပျက်၊ အဖြူရောင်မီးဆိုင်းနဲ့ အဖြူရောင်နံရံတွေ။


ရုန်ရုန် သူ့ရဲ့နှုတ်ခမ်းကို လျှာနဲ့လျက်လိုက်တယ်။


သူ့လိုလူမျိုးက သေပြီးတဲ့နောက်မှာ နတ်ပြည်ကိုရောက်နိုင်ပါ့မလား?


မစ်ရုန်က ခုတင်ရှေ့မှခုံမှာထိုင်ရင်း ရုန်ရုန်ကြိုက်တတ်တဲ့ လိုက်ချီးသီးတွေ အခွံနွှာနေခဲ့တယ်။


ဒီလိုခွာထားရင် သူနိုးလာလာချင်းစားလို့ရမှာလေ။


မစ်ရုန် အခွံနွှာပြီးသားညလိုက်ချီးသီးကို ကြွေပန်းကန်ထဲသို့ ထည့်နေရင်း ရုန်ရုန် သတိရလာတာကို တွေ့လိုက်ရတာကြောင့် အလွန်အမင်းပျော်ရွှင်သွားရတယ်။


သူမက ခုတင်ဘေးစားပွဲပေါ်မှ တစ်သျှူးအစိုကိုယူသုတ်လိုက်ပြီး ရုန်ရုန်ရဲ့ရှေ့မှာ လက်ကိုလှုပ်ယမ်းပြကာ ဂရုတစိုက်နဲ့မေးလိုက်တယ်။


"ရုန်ရုန် မင်းနိုးပြီလား.. ဘယ်လိုခံစားရလဲ? အဆင်မပြေတဲ့နေရာရှိလား"


ရုန်ရုန် ပါးစပ်ကိုဖွင့်ဟလိုက်တယ်။


"မား...."


သူ့ရဲ့လည်ချောင်းတွေက အသံထွက်ဖို့ပိုတောင်ခြောက်ကပ်လွန်းနေခဲ့တယ်။


သူ့ရဲ့နားထဲမှာတော့ အသံတစ်ခုက ပဲ့တင်ထပ်စွာ ထွက်ပေါ်နေတယ်___


"ငါက မင်းရဲ့အမေမဟုတ်ဘူး.. မင်းရဲ့အမေရင်းက နောက်တစ်ယောက်ပဲ.. အနာဂတ်မှာ ငါ့ဆီကိုထပ်မလာခဲ့နဲ့.. မင်းတို့အမေနဲ့သားက အတူရှိနိုင်သွားပြီဆိုတော့ အနာဂတ်မှာ အချင်းချင်းချစ်ပေးကြပေါ့"


ရုန်ရုန်ရဲ့ ဖြူဖျော့နေတဲ့နှုတ်ခမ်းတွေက အပြုံးတစ်ခုဖြစ်ညစ်ထုတ်ပေးလာပြီး နာမ်စားကိုပြောင်းလဲပြီးခေါ်လိုက်တယ်။


"မစ်ရုန်"


မစ်ရုန် ရှော့ရသွားတယ်။


"ဒေါက်တာ!  ဒေါက်တာ!"


***


မစ်ရုန် အရေးပေါ်ဘဲလ်ကို စိတ်ပူစွာနဲ့ နှိပ်နေခဲ့တယ်။


ခုတင်ပေါ်မှာရှိနေတဲ့ ရုန်ရုန်ကတော့ နာကျင်မှုကြောင့် ကိုယ်ကိုကွေးညွတ်ရင်း ခေါင်းကိုလက်နဲ့ဆုတ်ကိုင်ထားလိုက်မိတယ်။


အခုလေးတင် မစ်ရုန်ဘဲလ်တီးလိုက်ကတည်းက သူ့ရဲ့ဦးနှောက်က ရုတ်တရက်ဆိုးဆိုးရွားရွားကိုက်ခဲလာရတယ်။


သူ့ရဲ့ဦးနှောက်က သူနဲ့ပတ်သက်တဲ့အချက်အလက်တွေရော၊ သူနဲ့မသက်ဆိုင်တဲ့ အချက်အလက်တွေကိုပါ သွန်ချလာပြီး သူ့ရဲ့ဦးနှောက်ကို  အပြားနှစ်ခုနဲ့ဖိချေနေသလိုပဲ။  နာကျင်လွန်းလို့ တစ်ဝက်လောက်မှာပဲ မျက်ရည်တွေထွက်လာခဲ့တယ်။


ရုန်ရုန် နာကျင်မှုကြောင့် ညည်းညူနေမိတယ်။


"ရုန်ရုန် မကြောက်နဲ့ မကြောက်နဲ့နော်.. အား.. ဒေါက်တာ လာတော့မှာပါ!"


မစ်ရုန် သူမရဲ့သားလေးကို ရင်နာစွာပွေ့ဖက်ပေးထားကာ တံခါးဆီကို စိတ်ပူပန်စွာပြည့်နေခဲ့တယ်။


ဒေါက်တာက ဘာလို့ မရောက်လာရသေးတာလဲ?!


မစ်ရုန်က အချိန်အကြာကြီးစောင့်နေခဲ့ရတယ်လို့ထင်နေပေမဲ့ ဒေါက်တာနဲ့ နာစ့်က ဘဲသံကြားကတည်းက ပြေးလာနေခဲ့ကြတာ။


သူနာပြုက ရုန်ရုန်ရဲ့ကိုယ်ကို ထိန်းကိုင်ပေးကာ ဆရာဝန်က ရုန်ရုန်ကို လေဆာအလင်းနဲ့ စစ်ဆေးကြည့်ခဲ့ပေမဲ့ ဘာတစ်ခုမှ မှားယွင်းမနေခဲ့ဘူး။


ဒါပေမဲ့ လူနာက အရမ်းကိုနာကျင်နေတဲ့ပုံပဲ။


ဒီမချိန်မှာတော့ ဒေါက်တာက တကယ်ရှုပ်ထွေးနေပြီ။


"ဒေါက်တာ ကျွန်မရဲ့သားလေးဘာဖြစ်နေတာလဲ"


မစ်ရုန်က မေးလာတော့ ဆရာဝန်က အမှန်အတိုင်းဖြေပေးလာတယ်။


အမြဲတမ်း ကိုယ်အမူအယာကောင်းမွန်ယဥ်ကျေးခဲ့တဲ့ မစ်ရုန်က ဒီအချိန်မှာတော့ ဒေါသမထွက်ပဲမနေနိုင်ဘူး။ သူမက ဒေါသထွက်လွန်းတာကြောင့် လေသံကလည်း မြင့်တက်လာတယ်။


"ပုံမှန်ပဲ? သူ အရမ်းနာကျင်နေတာကို ရှင်မမြင်ဘူ့လား? သူ့ရဲ့ကိုယ်ကသာ အကောင်းအတိုင်းရှိနေရင် ဘာလို့ ဒီလောက်တောင် နာကျင်နေရမှာလဲ"


"ဒါက..."


လက်တစ်ဖက်က မစ်ရုန်ရဲ့လက်ကောက်ဝတ်ကို လှမ်းကိုင်လာတယ်။


ဒါက အခုလေးတင် နာကျင်နေခဲ့တဲ့ ရုန်ရုန်ပဲ။ သူက ထိုင်နေပြီဖြစ်ကာ ရှည်လျားတဲ့မျက်တောင်တွေက သူ့ရဲ့နီရဲနေတဲ့ မျက်လုံးထောင့်တွေကို ဖုံးကွယ်ပေးထားတယ်။


"မား.. ကျွန်တော်.. ကျွန်တော် အဆင်ပြေပါတယ်"


မစ်ရုန်က  ခုတင်ပေါ်မှာ ချက်ချင်းထိုင်လိုက်ပြီး သူမသားလေးရဲ့ လက်ကို သိတ်လှုပ်ရှားစွာကိုင်လိုက်တယ်။


"ရုန်ရုန်.. ရုန်ရုန်.. မားကိုမှတ်မိလား.. အခုလေးတင် မင်းရဲ့မားကို သေလာက်အောင်ခြောက်လှန့်ခဲ့တာကို သိရဲ့လား?!"


ရုန်ရုန် အသံတိုးတိုးနဲ့ပြောလိုက်တယ်။


"ကျွန်တော်.. ကျွန်တော်က ထူးဆန်းတဲ့အိပ်မက်တစ်ခု မက်ခဲ့လို့ပါ.. မား ကျွန်တော့်ကို ထပ်ပြီးမလိုချင်တော့ဘူးလို့ အိပ်မက်မက်တယ်.. မားကို  မားလို့  ဆက်မခေါ်နဲ့တော့ဆိုပြီး ပြောတာကိုမက်ခဲ့တယ်"


မစ်ရုန် ရင်နာစွာနဲ့ သားငယ်လေးကိုပွေ့ဖက်လိုက်တယ်။ သူငယ်စဥ်တုန်းက အိပ်မက်ဆိုးတွေ မက်ခဲ့တုန်းကလိုမျိုး နောက်ကျောကိုပုတ်ပေးလာတယ်။


"ငတုံးလေး.. ဘယ်လိုအဓိပ္ပါယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ! မင်းက မားရဲ့ကလေးပဲ.. ဘာလို့ မဟုတ်ရမှာလဲ"


ရုန်ရုန်ရဲ့လက်တွေက အနည်းငယ်တုန်ယင်နေခဲ့ပြီး မစ်ရုန်ရဲ့ခါးကို ပြန်ဖက်လိုက်တယ်။


သူ ရုန်မိသားစုမှ ကန်ထုတ်ခံခဲ့ရတဲ့နေ့ရက်တွေမှာ ဒါက အိပ်မက်ဆိုးတစ်ခုဖြစ်စေဖို့ တစ်ကြိမ်ထက်မနည်း မျှော်လင့်ခဲ့ဖူးတယ်။


သူနိုးလာတဲ့အချိန်မှာ သူ့အမေက သူ့ကို ပွေ့ဖက်ပေးပြီး ဒါက အိပ်မက်တစ်ခုပါလို့ ပြောပေးစေချင်ခဲ့တယ်။ သူ့ အမေက သူ့ကိုမလိုချင်တော့တာ မဖြစ်နိုင်ဘူးဆိုပြီး ပြောစေချင်ခဲ့တယ်။


****


ရုန်ရုန် သူ့ရဲ့ခေါင်းကို မစ်ရုန်ရဲ့ပုခုံးမှာပွတ်သတ်လိုက်ပြီး မျက်ဝန်းတွေကို ပိတ်ဆို့လိုက်ကာ သူလက်ခံရရှိခဲ့တဲ့ အချက်အလက်တွေကို ချေဖျက်ဖို့ ကြိုးစားလိုက်တယ်။


မစ်ရုန် သူ့ကိုအာရုံမစိုက်တဲ့အချိန်မှာ ရုန်ရုန် သူ့ပေါင်ကိုယ်သူ ပြင်းပြင်းထန်ထန် လိမ်ဆွဲလိုက်တယ်။


ပြင်းထန်တဲ့နာကျင်မှုက ရုန်ရုန်ကိုအော်မိလုမတတ်ပဲ။ ဒါပေမဲ့ မယုံနိုင်လောက်တဲ့ပျော်ရွှင်မှုက ထိုထက်ပိုနေခဲ့တယ်!


သူ ပြန်မွေးဖွားလာတာပဲ။


ဘုရားသခင်က သူကို အစကနေပြန်စဖို့ အခွင့်အရေးပေးလိုက်တယ်!


ဟုတ်တယ်။


အခုပဲ ရုန်ရုန် အရာအာစလုံးကိုပြန်မှတ်မိသွားခဲ့ပြီ။


သူ ဆရာဝန်နဲ့ ပြသနိုင်ဖို့အတွက် ပိုက်ဆံရှာဖို့ ဆောက်လုပ်ရေးဆိုဒ်မှ အပြင်ဘက်နံရံကိုဆေးသုတ်တဲ့အလုပ် ဝင်လုပ်ခဲ့တယ်။


လုံခြုံရေးခါးပတ်က ပြုတ်ထွက်သွားပြီး သူ အထပ်သုံးဆယ်ကနေ ပြုတ်ကျသွားခဲ့တယ်။


ထို ပြုတ်ကျနေတဲ့အချိန်မှာ သူ့ရဲ့ဦးနှောက်ထဲကို ရှုတ်ထွေးပြီးများပြားလွန်းတဲ့ မှတ်ဥာဏ်တွေ ဖြတ်ခနဲဝင်ရောက်လာခဲ့တယ်။


သူ့ရဲ့စိတ်ထဲမှ ခြားနားလွန်းတဲ့ မှတ်ဥာဏ်နှစ်ခုရဲ့ တွန်းတိုက်မှုကြောင့် သူ ငိုမိလောက်အောင် နာကျင်ခဲ့ရတာ။


ခုနလေးကမှ ထိုတိုက်ခိုက်နေတဲ့ မှတ်ဥာဏ်နှစ်ခုက သူ့ရဲ့စိတ်ထဲမှာ အစီအစဥ်ကျသွားခဲ့တယ်။


သူက နိုဗယ်တစ်ခုထဲက အမြှောက်စာခံ အရံဇာတ်ကောင်လေးပဲ။ နောက်ပြီး BL သန်းမေ့စာအုပ်ထဲမှ အမှားတွေဆက်တိုက်လုပ်ခဲ့တဲ့ သခင်လေးအတုပဲ။


သူက ဇာတ်လိုက် ကျိုးယွီကိုရဖို့အတွက် သူ့နောက်ကနေ တကောက်ကောက်လိုက်ခဲ့တယ်။


သူ့ရဲ့မိဘတွေနဲ့သူ့ရဲ့အစ်ကို သဘောမကျတာတွေကို လုပ်ခဲ့တယ်။


သူတို့တွေက သူက ရုန်ရုန်အစစ်မဟုတ်ဘဲ ရုန်မိသားစုရဲ့ ဒုတိယသခင်လေးက တခြားတစ်ယောက်ဖြစ်ကြောင်းသိရှိခဲ့ချိန်မှာ သခင်လေးအစစ်ကို ပြန်ခေါ်ခဲ့ကြပြီး သူ့ကိုတော့ အိမ်ကနေကန်ထုတ်ခဲ့ကြတယ်။


သူ့ရဲ့စရိုက်က ထောင်လွှားမောက်မာပြီး လူတွေအများကြီးကို အပြစ်ပြုမိထားခဲ့တယ်။ ဒါပေမဲ့ ရုန်မိသားစုရဲ့ ဒုတိယသားဆိုတဲ့အဆင့်အတန်းကြောင့် ဘယ်သူကမှ သူ့ကိုမထိရဲကြဘူး။


သူက အတုဖြစ်ပြီး ရုန်မိသားစုက ကန်ထုတ်ခံလိုက်ရပြီဆိုတာကို သိသွားကြတော့ သူ့ကိုအပြုံးမျက်နှာနဲ့ နှုတ်ဆက်ခဲ့တဲ့ လူတွေက အစစ်အမှန်အရောင်တွေကို ဖော်ပြလာကြတယ်။ 


သူတို့တွေက သူ့ကို အလုပ်ခန့်ခဲ့တဲ့ ကုမ္ပဏီတွေဆီကိုပါလိုက်လာကြပြီး သူနဲ့အတူ အလုပ်တွဲလုပ်ချင်ကြောင်းတွေ ဖော်ပြလာတယ်။ သူသာ ဆန္ဒရှိရင် သူတို့တွေက ချက်ချင်းပဲ စာချုပ်ချုပ်မဲ့အကြောင်း သူ့ရဲ့အထက်လူကြီးကို ပြောလာကြတယ်။


သူက တစ်ဖက်လူတွေရဲ့ဆန္ဒတွေကိုမလိုက်လျောချင်ခဲ့တော့ မနှစ်မြို့ဖွယ်ရာ  စော်ကားခံရမှုတွေဆီကို ဦးတည်စေခဲ့တယ်။


သူ ရွံ့နွံတွေထဲကို ဆွဲချခံလိုက်ရပြီး လူတိုင်းဆီမှာ အရိုက်နှက်ခံရတဲ့ လမ်းဘေးခွေးတစ်ကောင်ဖြစ်လာတယ်။


ထို ဆောက်လုပ်ရေးဆိုဒ်က သူ့ရဲ့အချိန်အကြာဆုံးသောအလုပ်ပဲ။


ထိုကဲ့သို့ လူချမ်းသာတွေအတွက် ဆောက်လုပ်ရေးဆိုဒ်ကို ရောက်လာဖို့ဆိုတာ ဘယ်လိုမှမဖြစ်နိုင်သလို သူတို့တွေက ရုန်မိသားစုရဲ့ သခင်ငယ်လေးဟောင်းက ဆောက်လုပ်ရေးဆိုဒ်မှာ အလုပ်ဝင်လုပ်နေမယ်ဆိုတာကိုလည်း သူတို့တွေ မျှော်လင့်ထားကြမှာမဟုတ်ဘူးလေ။


သူ့မှာ ပင်စိမ်းလေးလည်းရှိခဲ့ပြီး နောက်ဆုံးတော့ အမြစ်မရှိတဲ့ မြက်ပင်မဟုတ်တော့ဘူး။


ရလဒ်ကတော့ အလွန်အမင်းဖြစ်နိုင်ခြေနည်းပါးလွန်းတဲ့ လုံခြုံရေးကြိုးပြုတ်ကျတာက သူ့ဆီမှာဖြစ်လာခဲ့တယ်။


သူ ပြုတ်ကျခဲ့တဲ့အချိန်မှာ သေဆုံးသွားသင့်တာ။


ဒါပေမဲ့ ထူးဆန်းစွာ ပြန်လည်မွေးဖွားလာခဲ့တယ်။


ဒါက သူ့အနေနဲ့ စာအုပ်ထဲက အမြှောက်စာခံဆိုတဲ့ ကံကြမ္မာကိုပြောင်းလဲလိုက်နိုင်တယ်လို့ဆိုလိုတာလား?


သူသာ ကျိုးယွီနဲ့ အဝေးမှာနေသရွေ့ သူ့ရဲ့ဘဝက အမြင့်ကြီးကနေ ပြုတ်ကျတာမျိုးဖြစ်မှာမဟုတ်တော့ဘူးလား?


နောက်ပြီး သူ့ရဲ့ အကောင်ပေါက်လေး ၊ပင်စိမ်းက...


သူက ပြန်လည်မွေးဖွားပြီး အရာအားလုံးကို အစသို့ပြန်ရောက်လာနိုင်တယ်ဆိုမှတော့ ပင်စိမ်းလေးကိုလည်း ထပ်တွေ့ဖို့ အခွင့်အရေးရှိသေးတယ်မလား?


ရုန်ရုန် သူ့ရဲ့အောက်နှုတ်ခမ်းကို ဖိကိုက်မိထားကာ မျက်လုံးတွေက နီရဲနေခဲ့တယ်။


***


There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment