no

Font
Theme

“အဲ့ဒီလူတွေကို တိုက်ခိုက်တုန်းက သူတို့လက်တွေကို ခုတ်ဖြတ်တာပဲဖြစ်ဖြစ် ခြေကိုဖြတ်တာပဲဖြစ်ဖြစ် ဒါမှမဟုတ် ရင်ဘက်ကို ခုတ်ရင်တောင် သူတို့ကို ဘာမှမသက်ရောက်စေဘူး။သူတို့ထဲက တစ်ကောင်ရဲ့ ဦးခေါင်းခွံကို မီးဖိုချောင်ဓားနဲ့ ထိုးခွဲလိုက်မိတော့မှ တစ်ခုခု ကွာခြားနေမှန်း သိသွားတာ ”


“ဟုတ်တယ်” ချီယန် ရှင်းပြတာကို ချောင်စီချီးက ပြင်းပြင်းထန်ထန် ခေါင်းညိတ်လိုက်ပြီး ဆက်ပြောလာသည်။


“လဲကျပြီး လှုပ်ရှားတာရပ်သွားတဲ့ကောင်တွေက သူတို့ခေါင်းတွေကို တိုက်ရိုက်ဖွင့်ခွဲခံရတာ ဒါမှမဟုတ် သူတို့ရဲ့ခေါင်းကို ထိုးဖောက်ဖြတ်ဝင်သွားတဲ့အထိ မျက်နှာကို အကြိမ်ကြိမ်ထိုးခံရထားသူတွေချည်းပဲ။ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒါအကုန်လုံးက ခေါင်းကိုဖျက်ဆီးခံထားရသူတွေချည်း ဖြစ်နေပြီး ဇွန်ဘီတွေရဲ့ပုံစံနဲ့ အတိအကျကို တူညီနေခဲ့တယ်လေ။ နာကျင်မှုမရှိ၊ အသိဉာဏ်မရှိ၊ နှေးကွေးလေးလံပြီး သူတို့ဆီက အကိုက်ခံခဲ့ရတဲ့ လူတွေကလည်း ဇွန်ဘီအဖြစ်ကို ပြောင်းသွားခဲ့တာပဲ။မင်း ငါ နောက်ပြောင်နေတယ်လို့ ထင်နေတုန်းလား?”


စုန့်ဖေးသည် သည်အရာကို ပြန်မချေပနိုင်သော်လည်း သူကိုယ်တိုင်လည်း လက်ခံမယုံကြည်နိုင်သေးပေ။ 


“အဲ့ဒါအကုန်လုံးက ရုပ်ရှင်ထဲကလေ၊ အာ သိပ္ပံစိတ်ကူးယဉ်ဝတ္ထုထဲက စောက်ရမ်းတန်းထွက်လာသလိုပဲပေါ့”


ချောင်စီချီးက သက်ပြင်းချလိုက်ပြီး အကြာကြီးတိတ်နေခဲ့ပြီးနောက် လေးလေးနက်နက် ပြောလာခဲ့သည်။


“ထန်ခေတ်၊ စုန့်ခေတ် ဒါမှမဟုတ် ယွမ်ခေတ်ကို မင်းအခုနေ ကူးပြောင်းသွားခဲ့ရင် သူတို့ကို အနာဂတ်မှာ လူနှစ်ယောက်က မိုင်ပေါင်းသောင်းချီဝေးရင်တောင် တပြိုင်နက်တည်း ဖုန်းပြောနိုင်သေးတယ်။ ပြီးတော့ လူတွေက လကမ္ဘာကိုသွားနိုင်တယ်လို့ ပြောပြခဲ့ရင် သူတို့တွေ လည်း ဒါက သိပ္ပံဝတ္ထုထဲက တန်းထွက်လာတာ မျိုးပဲလို့ တွေးကြလိမ့်မယ်လို့ မထင်ဘူးလား?” 


စုန့်ဖေးက မကျေနပ်သေးတာကြောင့် ချောင်စီချီးရဲ့စကားများကို ဗလုံးဗထွေးနဲ့ ပြန်ချေပလိုက်သည်။ “အဲ့ဒါက နည်းပညာလေ၊ ဖြစ်ရပ်နှစ်ခုရဲ့ သဘာဝက ကွာသေးတယ်........”


“အဲ့ဒါက ဘာမှမကွာဘူး” 


ချီယန်က ကြားဖြတ်လိုက်ပြီး သက်သေခိုင်လုံစွာဖြင့် သူငယ်ချင်းဂျွန်၏ တပ်သားဝင်တစ်ယောက်ဖြစ်နှင့်နေ၏။ 


“နည်းပညာက ဆင့်ကဲပြောင်းလဲနိုင်တယ်၊ ဗိုင်းရပ်စ်တွေရောပဲ”


“ပြီးတော့ အနုပညာက သက်ရှိလောကကို တုပနိုင်တယ်” ချောင်စီချီးက ထပ်လောင်းပြောလိုက်သည်။ 


“အဲ့ဒီဇွန်ဘီရုပ်ရှင်တွေက လက်တွေ့မှာ အခြေခံအကြောင်းရင်းမရှိ၊ အားလုံးဘယ်ကလာမှန်းမသိဘဲ လုပ်ကြံရိုက်ထားတာလို့ မင်းဘယ်လိုသေချာသိနေတာလဲ?”


“...” 


စုန့်ဖေးမှာ‌တော့ သူလက်ခံထားသော ဆိုရှယ်လစ်ဝါဒီအပေါ် သံမဏိစိတ်ဓာတ်မှာ ကြေမွပျက်စီးသွားပြီဟု ခံစားနေရသည်။


အချိန်တစ်ခုအကြာ အခန်း၄၄၀သည် မကြုံစဖူး စိတ်လေးဖွယ်ကောင်းသော တိတ်ဆိတ်မှုထဲ သက်ဆင်းသွားလေ၏။ ဗီဒီယိုဂိမ်းများတွင်တော့ ဇွန်ဘီသတ်ပွဲ သို့မဟုတ် ဗိုင်းရပ်စ်ရောဂါကူးစက်ခံရခြင်းများ အကုန်လုံးကို ခက်ခဲဆုံးအဆင့်တွေဟု ခွဲခြားသတ်မှတ်ထားနိုင်ပေသည်။ တကယ့်လက်တွေ့ဘဝဆိုရင်တော့ အဆုံးမရှိငရဲခန်းအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။ 


စုန့်ဖေးရင်ထဲတွင်တော့ မေးခွန်းတစ်ခု ရှိနေတုန်းပင်။ မနေ့ကနေ ယနေ့ထိတိုင် ၎င်းကို မတွေးမိအောင် တွန်းအားပေးထားသော်လည်း ယခုမူ သူမအောင့်အီးနိုင်တော့ပေ။ “လူတွေ ဒီလောက်အများကြီး သေကုန်ပြီဆိုတော့ သေချာပေါက် တချို့စကားတွေ အပြင်ကို ပျံ့နှံ့နေသင့်လောက်ပြီလေ။ ဒါဆို ငါတို့ကိုလာကယ်ဖို့ ဘယ်သူမှ မရောက်လာကြသေးတာလဲ...”


လူတွေအကျယ်ကြီးပြောရန် ကြောက်မိသော တချို့အရာများရှိနေတတ်၏။ သို့သော် ၎င်းကိုမပြောခြင်းဖြင့် အရာအားလုံးအဆင်ပြေသည်ဟု ဟန်လုပ်ခြင်းက တစ်ခါတလေ ပိုတောင့်ခံရန်ပင် ခက်ခဲနေသေးသည်။


ချောင်စီချီးသည် သူ့ခေါင်းကို လေးပင်စွာ ခါလိုက်ပြီး “တကယ်လို့ အဲ့ဒါက ကူးစက်ဗိုင်းရစ်စ် အဓိကရုဏ်းဆိုရင် လူနေထူထပ်တဲ့ဧရိယာတွေက ပထမဦးဆုံး အပြင်းထန်ဆုံး ဒဏ်ကိုခံနေရလောက်မယ်။ ငါတို့ကျောင်းရဲ့ ကူးစက်မှုအရင်းအမြစ်က မြို့ပေါ်ကလာတယ်လို့ ငါ သံသယဝင်မိတယ်။မဟုတ်ရင် ဒီမြက်တောကနေ ဗိုင်းရပ်စ်တစ်ကောင်ကို ငါတို့ဘယ်ကနေရှာတွေ့ခဲ့ကြပြီး ကူးစက်ခံလာရမှာလဲ?”


“ဒါဆို ငါတို့ထဲက တစ်ယောက်ယောက်က မြို့ပေါ်တက်ခဲ့ပြီး မသိဘဲ ကူးစက်ခံခဲ့ရတယ်။ ပြီးတော့ ဗိုင်းရပ်စ်မတုန့်ပြန်ခင်မှာ ပြန်လာခဲ့တယ်လို့ မင်းဆိုလိုတာလား?” စုန့်ဖေးသည် စာမေးပွဲသွားဖြေတုန်းက တိုက်မိသော ရှုကျိုးလဲ့ကို အနည်းငယ်သတိရသွားမိသည်။


ချောင်စီချီးက ပြီးပြည့်စုံစွာ ပြောလိုက်သည်။ “ဖြစ်နိုင်တယ်”


“ဒါပေမယ့် အဲ့ဒါက မမှန်ဘူး‌လေ ” စုန့်ဖေးသည် ၎င်းကို နားမလည်နိုင်ပေ။


“အခု ငါတို့က အကိုက်ခံရပြီး မကြာခင် ဇီဝပြောင်းတာကို သိပြီးပြီ။ ဒါပေမယ့် မီးပွိုင့်မမိရင်တောင် မြို့ထဲကနေ ငါတို့ကျောင်းကို ရောက်ဖို့ တစ်နာရီကျော်ကြာတယ်။ ကျောင်းကိုပြန်ရောက်လာတဲ့ထိ ဘာလက္ခဏာမှ မပြဘူးဆိုတာ ဘယ်လိုဖြစ်နိုင်မလဲ”


ချီယန်သည် သူ့မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး “လမ်းတစ်ဝက်မှာ အဲ့ဒီလူက ဖျားလာပြီး တခြားလူတွေကို ကူးစက်ခဲ့ပြီးတော့ အဲ့ဒီလူရော အဲ့ဒီလူဆီက အကိုက်ခံရတဲ့သူရော ဘယ်လိုထူးဆန်းတဲ့အခြေနေရောထွေးနေပါစေ၊ ဖြတ်ကျော်ပြီး ကျောင်းရောက်အောင် ပြန်လာခဲ့တာ ဒါမှမဟုတ်...”


“ဒီဗိုင်းရပ်စ်က အချိန်တိုအတွင်းမှာ ဇီဝပြောင်းလိုက်တာပဲ” ချောင်စီချီးက အဆုံးသတ်ပေးလိုက်သည်။


စုန့်ဖေးက အနှီယောက်ျားနှစ်ဦး၏ တစ်ကိုယ်တော်ပြပွဲကို ဝမ်းနည်းဝမ်းသာနှင့် ကြည့်နေလိုက်သည်။ “မင်းတို့နှစ်ယောက်တည်းကပဲ အကုန်လုံးကို သိနေပြီး ငါက ငတုံးလို့ ဘာလို့ ခံစားနေရတာလဲ”


ထိုအချိန်မှာတော့ သူတို့သုံးယောက်သား မျက်နှာချင်းဆိုင်မိသွားကြပြီး သူတို့၏ ထိုင်ခုံများသည်လည်း လှစ်ခနဲ အတူတကွ ဖြစ်သွားကြသည်။ 


ချောင်စီချီးက လက်တစ်ဖက်ကိုမြှောက်ပြီး စုန့်ဖေး၏ပခုံးပေါ် ပုတ်ပေးလိုက်သည်။ ထို့နောက် အားကြိုးမာန်တက် ပြောလာ၏။ “Resident Evil, 28 Weeks Later, Zombieland, Land of the Dead, The Return of the Living Dead, Braindead, Doghouse, Dead Snow… လိုရုပ်ရှင်မျိုးတွေ မင်းများများ ကြည့်ရင် အဆင်ပြေသွားလိမ့်မယ်”


“ကျေးဇူးတင်ပါတယ်” 


စုန့်ဖေးသည် ဆက်ပြုံးထားပြီး သူ့ကို ဖြတ်ပြောလိုက်သည်။ ထို့နောက် ချီယန်ဘက်ကို လှည့်ကာ “မင်းလည်း ဒီလိုကားမျိုးတွေ ကြိုက်လား”


ချီယန်သည် ပခုံးတွန့်ပြီး သူ့မျက်ဝန်းတို့က အပြုံးအသွင် ကွေးစက်သွားလေသည်။ 


“ငါက ဦးနှောက်နဲ့ ခွဲခြမ်းစိတ်ဖြာနိုင်တယ်”


စုန့်ဖေးသည် စက်သေနတ်ယူပြီး ဤနှစ်ကောင်ကို တစ်ဒိုင်းဒိုင်းသာ ပစ်ချင်မိတော့သည်။


ချောင်စီချီးကတော့ ဟိုနေရာကနေ အမေရိကန်ထုတ်ကုန်အတွက် ကြော်ငြာပေးရန် ကြိုးစားနေသေးတုန်းပင်။ “တကယ်တော့ မင်းအဲ့ကားတွေ ကြည့်သင့်တယ်သိလား။ မင်းအတော်လေး လေ့လာနိုင်တယ်၊ ဒါပေမယ့် ငါ့မှတ်စုစာအုပ်က အဆောင်ခန်းထဲ ကျန်ခဲ့တာ ဆိုးတယ်၊ မဟုတ်လို့ကတော့ အခုချက်ချင်း သင်ခန်းစာတစ်ခု ငါပေးနိုင်တယ်...”


စုန့်ဖေး၏ အမူအရာ ပျက်ဆင်းသွားပြီးနောက် ရုတ်တရက် သိချင်စိတ်များလာကာ “ရွံရှာစရာဖြစ်နေတာကလွဲပြီး ဒီလိုရုပ်ရှင်မျိုးတွေက ဘာပျော်ဖို့ ကောင်းလို့လဲ”


ချောင်စီချီးက ခဏတွေးပြီးနောက် အတည်ပြုသောအသံဖြင့် ပြန်ဖြေလာသည်။ “ပထမဆုံး ငါလည်း မအီမသာဖြစ်ခဲ့တာ၊ ဒါပေမယ့် ငါ အများကြီး ကြည့်ပြီးနောက် တစ်နေ့မှာ ငါရုတ်တရက်ခံစားမိလာတယ်။ ဟေး၊ အဲ့ဒါက ချစ်စရာကောင်းတာပဲလို့!”


စုန့်ဖေး၏ နားများသည် အလိုအလျောက် နောက်ဆုံး နာမဝိသေသနကို ပိတ်ဆို့လိုက်သည်။သူ့အာမေဍိတ်က အဓိပ္ပာယ်မဲ့အဆုံးသတ်လိုက်သကဲ့သို့ “အဲ့ဒါက မင်းကို မအီမသာ ဖြစ်စေတယ်ဆိုရင် မင်းဘာလို့ အဆုံးထိ မရမက ကြည့်နေသေးတာလဲ”


ချောင်စီချီးသည် သူ့ကို ငြိမ်ငြိမ်လေး ကြည့်ပြီးနောက် သက်ပြင်းချလိုက်သည်။ “ကျန်းဟူက တစ်စုံတစ်ယောက်အတွက်တော့ သူ့ခန္ဓာက သူ့ကိုယ်ပိုင်မဟုတ်တော့လို့လေ၊ အာ”


စုန့်ဖေး မျက်မှောင်ကြုတ်လိုက်သည်။ “တခြားလူတွေကို ရုပ်ရှင် အတင်းကြည့်စေတဲ့သူတစ်ယောက်ရှိလို့လား?”


ချောင်စီချီးက “ဒါပေါ့” ဟု အတည်ပြုလိုက်သည်။


“မင်းဟာက ဘယ်လိုကျန်းဟူမျိုးပါလိမ့်?”


နိုင်ငံခြားဘာသာစကားဌာနက အင်္ဂလိပ်စာ မေဂျာဖြစ်သူ အတန်းဖော်ချောင်သည် သူ့အိပ်ကပ်ထဲမှ ဆေးလိပ်ကို မျက်လှည့်ပြသနေသလိုမျိုး ယူထုတ်လိုက်ပြီး မီးခြစ်မရှိသောကြောင့် မီးမညှိနိုင်သဖြင့် မမြင်နိုင်သော မီးခိုးကွင်းများကိုသာ မှုတ်ထုတ်လိုက်နိုင်လေသည်။


“ဘာသာပြန်ခြင်း Groupလေ"


အသေးစိတ်စကားစမြည်ပြောပြီးနောက် သူငယ်ချင်းချောင်နှင့် သူ့အဖွဲ့သည် ကြောက်စရာရုပ်ရှင်မျိုးစုံကို တရုတ်၊ အင်္ဂလိပ် နှစ်ဘာသာလုံးနှင့် ဘာသာပြန်နေကြောင်း သိလိုက်ရ၏။ စုန့်ဖေးသည် ဒီလိုကားများကို လက်ခံနိုင်စွမ်းရည် ပါရမီမပါလာခြင်းကြောင့် စိတ်မကောင်းဘူးဟုသာ ပြောနိုင်ပေလိမ့်မည်။ မဟုတ်လျှင် သူငယ်ချင်းချောင်၏ ဇာတ်ကားများ စုစည်းထားသော hard-drive တစ်ခုတည်းကတင် သူ့ကို သုံး ငါးနှစ်လောက် ဒုက္ခရောက်သွားရန် လုံလောက်မည်ဖြစ်သည်။


ဤလူနှစ်ဦးသည် ရုပ်ရှင်အကြောင်းပြောနေရင်းမှ Bromanceတွေ Donghuaတွေဘက်ရောက်သွားခဲ့ကာ တစ်ဖြည်းဖြည်း ပိုပို၍ စိတ်အားတက်ကြွလာသည်ကို မြင်တော့ ချီယန်က မသိမသာနှာမှုတ်လိုက်သည်။


“ပြောနေရင်းနဲ့မှ ငါ တစ်ခုခုကို သတိရလာတယ်...”


စုန့်ဖေးနှင့် ချောင်စီချီးတို့သည် အလွန်သဘာဝကျစွာ ရပ်တန့်လိုက်ပြီးနောက် တစ်ပြိုင်နက်တည်း သူ့ကို လှည့်ကြည့်လာကြလေသည်။


ချီယန်သည် သူ့လက်မောင်းကိုပင့်ပြီး စုန့်ဖေးရှေ့ ဝှေ့ယမ်းပြလိုက်သည်။ “ကန်တင်းမှာ ငါ ဒါကို ရခဲ့တယ်”


ချီယန်သည် အင်္ကျီလက်စကို တံတောင်ဆစ်ထိ လိပ်တင်ပြလိုက်တော့ လက်ဖျံပေါ်က နှစ်လက်မလောက်ရှည်သော ခြစ်ရာက ကြောက်မက်ဖွယ်ရာ ပေါ်ထွက်လာခဲ့၏။ ယင်းမှာ မနက်သော်လည်း ခြစ်ရာပေါ်နေပြီး မျက်စိစူးလောက်သည့် သွေးရောင်ဖြစ်နေခဲ့သည်။


ချောင်စီချီးသည် တန်းကနဲ မတ်တပ်ထရပ်လိုက်ပြီး ဒုံးပျံမီးပန်းတစ်ခုလို အဝေးဆုံးက ထပ်ခိုးမွေ့ရာထိပ်ဆီသို့ ခုန်လွှားတက်လိုက်သည်။


စုန့်ဖေးကတော့ သူ့လက်မောင်းကို ဆွဲယူလိုက်ပြီး သူ့မျက်ခုံးများက အလွန်အမင်း တွန့်သွားခဲ့ရသည်။ “မင်းဒါကို ဘယ်လိုရလာတာလဲ?”


ဤမြကွင်း၏ သက်ရောက်မှုက သူငယ်ချင်းချောင်နှင့် စုန့်ကို တစ်ခုခု မေ့သွားစေခဲ့သည်။သူတို့နှစ်ယောက်သား Bromanceအကြောင်း ထိုင်ပြောနေသည်ကို ဘေးကနားထောင်နေရင်းနဲ့ ရုတ်တရက်ကြီး " အခုမှ သတိရလာတာ " ဆိုပြီး သူ ဒဏ်ရာရထားသော လက်ဖျံကို လာပြတာက အနည်းငယ် ဖန်တီးလုပ်ကြံမှု ဖြစ်မနေဘူးလား။


ချီယန်က စုန့်ဖေးကို သူဆန္ဒရှိသလို ကိုင်ဆွဲခွင့် ပေးထားလိုက်သည်။သူသည် တစ်ဖက်လူ၏ မျက်နှာပေါ်က ပူပန်မှုကို ကြည့်ရတာ နှစ်သက်ပေ၏။ ထိုနားက သူငယ်ချင်းချောင်အတွက်တော့ သူ ဝေးဝေးကို ခုန်လွှားနိုင်လေလေ၊ ပိုကောင်းလေလေ ဖြစ်သည်။


“ငါ မိန်းကလေးတစ်ယောက်ကို ဝိုင်းကူချုပ်ထိန်းတော့ သူ့လက်သန်းက လက်သည်းနဲ့ ကုတ်မိတာ”


စုန့်ဖေးက တစ်ခုခုကို တွေးမိသွားရကာ သူ့သွားများပင် ကျိန်းသွားတာကို ခံစားမိလိုက်သည်။ “အာ၊ ဇီဝပြောင်းကောင်လား?”


ချီယန်က ခေါင်းညိတ်သည်။


စုန့်ဖေး၏ နှလုံးသားသည် အေးခဲသွားရပြီး သူ့စိတ်က လုံးဝစဉ်းစားမရ ဖြစ်သွားတော့သည်။


ချောင်စီချီးသည် ကျော့ကွင်းတံကိုယူလိုက်ပြီး သူ့ကို ဆွဲတင်နိုင်ရန် ဆုတောင်းလိုက်သည်။ “မင်းအဲ့ဒီမှာ ရပ်ပြီး ဘာငမ်းနေတာလဲ အာ၊ သူက ဇီဝပြောင်းတော့မှာ”


သူငယ်ချင်းချောင်၏ အော်ပြောမှုကြောင့် စုန့်ဖေး၏ ဗလာကျင်းနေသော စိတ်ထဲရှိ ဂီယာများသည် အမှန်တကယ် စတင်လှည့်ပတ်လာပြီး သူနှင့်အတွင်းကျကျ ရင်းနှီးဖူးသော ထာဝရစိတ်ညစ်စရာ ချီယန်က သေချာပေါက် ထင်ရှားနေသေးသော မြင်ကွင်းနှင့် ပူးတွဲလျက် သူ့နှလုံးသားသည် အပိုင်းအများဆုံးနေရာတကျ ပြန်ဖြစ်သွားပြီးနောက် လှည့်ကာချောင်းဟန့်လိုက်သည်။


“သူဇီဝပြောင်းတော့မယ်ဆိုရင် သူစောစောတည်းက ဖြစ်နေလောက်ပြီ။ အခုထိ စောင့်နေပါ့မလား”


ချောင်စီချီးသည်လည်း ဇဝေဇဝါဖြစ်သွားခဲ့သည်။ထိုသူ ဒီကို ပြန်ပြေးလာခြင်း သို့မဟုတ် လသာဆောင်ကို တွယ်တက်လာခြင်း သို့မဟုတ် ဘာဖြစ်ဖြစ်ကို ထည့်မတွေးသော်လည်း သူ့ကိုယ်တိုင်ကကို တစ်နာရီခွဲခန့်နီးပါး အတင်းအဖျင်း ထိုင်ပြောပြီးသွားပြီဖြစ်သည်။ ဒီလောက်အချိန်ကြာတာတောင် အဲဒီချီယန်သည် တကယ့်ကို ဇွန်ဘီဖြစ်နေသော ဘာလက္ခဏာမှ မပြခဲ့ပေ။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment