ညနက်လာတော့ လေကပို၍ပင် ပြင်းထန်လာခဲ့သည်။
အပူပေးစက် ရပ်ဆိုင်းသွားပြီးနောက် အဆောင်ခန်းတွင်း၌ အအေးဓာတ်များ မြင့်တက်လာ၏။ စုန့်ဖေးသည် အပေါ်က အဝတ်နှစ်ထပ် ဝတ်ထားပြီး စောင်နှင့် သူ့ကိုယ်သူ တင်းတင်းပတ်ထားတာတောင်မှ သူ့ခြေလက်များက အေးခဲနေသလို ခံစားနေရဆဲဖြစ်သည်။ သူ လှုပ်ရှားလိုက်တာနဲ့ အအေးဓာတ်တွေ ဝင်ရောက်လာမှာစိုးလို့ သူ လှုပ်တောင်မလှုပ်ရဲခဲ့ပါ။
“မင်းတို့တွေ အိပ်ပျော်နေပြီလား” အမှောင်ထဲတွင် ချောင်စီချီးက အသံတိုးတိုးလေးနှင့် မေးလာခဲ့သည်။
စုန့်ဖေးကလည်း သူ့အသံကိုနှိမ့်ပြီး ပြန်ဖြေလိုက်၏။ “ဟင့်အင်း”
အချိန်တစ်ခုကြာပြီးနောက် ဘေးကပ်ရပ်မှာ အိပ်နေသော ချီယန်ကလည်း အသံပြုလာသည်။ “အေး”
ချောင်စီချီးက မျက်နှာမဲ့လိုက်သည်။သူတို့ထဲက ဘယ်သူမှ အိပ်မပျော်သေးဘူးဆိုတော့ သာမန်အသံနှုန်းသို့ ပြန်သွားလိုက်သည်။သို့သော် သူ့အသံသည် တွေဝေမှုများဖြင့်လည်း ပြည့်နေဆဲပင်။
“ငါတို့... အသက်ရှင်အောင် လုပ်နိုင်ပါ့မလား”
ချီယန်က တိတ်ဆိတ်နေခဲ့သည်။
စုန့်ဖေးကတော့ ဒီပြဿနာအကြောင်းကို အသေးစိတ် မတွေးချင်တာကြောင့် သူ့ရဲ့အလိုလို သိစိတ်ဖြင့်သာ ဖြေလိုက်သည်။
“သေချာတာပေါ့”
ချောင်စီချီးက စိတ်အားတက်ကြွသွားပြီး ရယ်လိုက်ကာ “ မင်းကို ဒီလိုယုံကြည်ချက် ဘယ်သူပေးထားတာလဲ”
“မင်းတို့နှစ်ယောက်လေ”
စုန့်ဖေးသည် တွေးတောင်မတွေးဘဲ ပြန်ပြောလိုက်သည်။
“ငါ တစ်ယောက်တည်းသာဆိုရင် အခုထိကြာကြာ အသက်ရှင်နေလောက်မှာ မဟုတ်ဘူး။ ဆိုရိုးစကားရှိတယ်မလား၊ သေခြင်းတရားက ကြောက်စရာမကောင်းဘူး၊ ကြောက်စရာကောင်းတာက သေဖို့စောင့်နေတာပဲ။ ဒါပေမယ့် အခု ငါတို့သုံးယောက် အတူတူရှိနေပြီဆိုတော့ ငါတို့သာ အတူတူရုန်းကန်သွားကြရင် သေချာပေါက်လုပ်နိုင်လိမ့်မယ်”
ချောင်စီချီးသည် သူ ပြောချင်သောစကားများကို ပြန်မျိုချလိုက်တော့သည်။
သူသည် သူ့အကြောက်တရားများကို ဟာသပြက်လုံးတွေနဲ့ ဖုံးကွယ်နိုင်ဖို့ ကြိုးစားခဲ့ပြီး စုန့်ဖေးကိုတောင် ပရိုဆန်ဆန် ဇွန်ဘီတွေအကြောင်းကို သင်ခန်းစာ ပို့ချပေးလိုက်သေးသည်။သို့သော် သူ တကယ်သေရမှာကို ကြောက်ပြီး စုန့်ဖေးလည်း ကြောက်နေမှန်း သူသိပေသည်။ ဒီလို အခြေနေမျိုးသာ ကြုံလာခဲ့ရင် မကြောက်နေဘူးဆိုတာက တကယ့်ကို သိပ္ပံနည်းမကျပါ။ သို့သော် စုန့်ဖေး၏ အကြောက်တရားသည် စစ်မှန်ပြီး စုန့်ဖေး၏ ခံယူချက်သည်လည်း စစ်မှန်၏။ သူ့လိုမျိုး ဂိုက်ပေးမနေပေ။ သူသည် အမှန်တကယ် သူတို့လုပ်နိုင်သည်ဟု ယုံကြည်နေလေသည်။ ဒီခံယူချက်က အတုယူစရာကောင်းရုံမက တခြားသူများကိုလည်း ခွန်အားဖြစ်စေနိုင်၏။
“အင်း ငါတို့ သေချာပေါက် လုပ်နိုင်လိမ့်မယ်”
ချောင်စီချီးက ညင်သာစွာ တိုးတိုးလေး ပြောလိုက်သည်။ သူ့အဖော်တွေကိုသာမက သူ့ကို သူပါ ပြောလိုက်ခြင်းပင်။
အစမှအဆုံးထိ နားထောင်နေသော ချီယန်သည် လရောင်ဖြင့် တိတ်ဆိတ်စွာ မျက်နှာကျက်ကို မော့ကြည့်လိုက်ပြီး သူ့နှုတ်ခမ်းထောင့်များက ပြုံးလုနီးပါး မသိမသာ ကွေးတက်နေခဲ့သည်။ စုန့်ဖေးကို သူကြိုက်နေမှန်း သိပေမယ့် ဒီခံစားချက်များက ဘယ်ကဖြစ်တည်လာမှန်း သူ မသိခဲ့ပါ။ထိုကောင်လေးက ဒေါသကြီးပြီး အဆင့်လည်းမကောင်းကာ ရုပ်ရည်ကပင်လျှင် သူ့အကြိုက်မဟုတ်ပေ။ညှို့ဓာတ်ရှိခြင်းကလွဲ၍ ချီယန်သည် သူ ဘာကြောင့် တစ်ဖက်လူအပေါ် ကျရှုံးသွားခဲ့လည်းဆိုသော အကြောင်းအရင်းကို မတွေးနိုင်ခဲ့ပေ။
ယခုချိန်ထိသာပင်။
သူ့ကို စွဲဆောင်ခဲ့သည်မှာ သည်အချက်ကြောင့်ပင် ဖြစ်နိုင်လောက်သည်။တစ်ချက်ကြည့်လိုက်သည်နှင့် ထိုကောင်လေးမှာ နားမလည်နိုင်လောက်သော ကိုယ့်ကိုယ်ကို ယုံကြည်ချက် အပြည့်ရှိပြီး အနီးကပ်ပေါင်းကြည့်လိုက်လျှင်လည်း ဆိုးဆိုးကောင်းကောင်း သတ္တိရှိစွာ ရှေ့ဆက်သွားနိုင်သော အကောင်းမြင်စိတ်ရှိခြင်းနှင့် ဆုံးဖြတ်ချက်ခိုင်မာခြင်းတို့က သူ့ဘာသာ ထင်ပေါ်နေကာ နေရောင်ကို ထာဝရခံယူနေသော နေကြာပန်းလေးတစ်ပွင့်လိုပင်။
........
စုန့်ဖေး သဘာဝအတိုင်း နိုးထလာသောအခါ အရုဏ်တက်ပေတော့မည်။
အဆောင်များတွင် လျှပ်စစ်မီးများပြန်ရနေပြီဖြစ်ပြီး ချီယန်က လက်ရှိတွင် စားပွဲပေါ်ထိုင်နေကာ စာကြည့်မီးအိမ်ငယ်နှင့် စာအုပ်တစ်အုပ်ကို ဖတ်နေပေသည်။ ချောင်စီချီးကတော့ သူ့ဘေးက ထိုင်ခုံတွင်ထိုင်နေလျက် ခေါက်ဆွဲကို တတိတိဝါးလျက် ရှိသည်။ သူ ထလာတာ မြင်တော့ ဗလုံးဗထွေးနိုင်စွာ သူ့ကို နှုတ်ဆက်လာသည်။
“ဂွတ်မောနင်း...”
စုန့်ဖေးသည် အတွေးထဲမှာ နစ်မြုပ်နေပြီး တွေဝေစွာ ထထိုင်လိုက်သည်။ “ဘာလို့ ကျောင်းက အခြေအနေတွေကိုတော့ မထိန်းချုပ်နိုင်သေးပေမယ့် မီးပိတ်ချိန်တော့ မမေ့သေးတာလဲ”
ချောင်စီချီးလည်း ထိုအကြောင်းကိုကြားသောအခါ ခေါက်ဆွဲကို တတိတိဝါးနေရင်း တန်းလန်း ရပ်တန့်လိုက်သည်။သက်သေခိုင်လုံစွာ သုံးသပ်ချက်အောက်က လွန်ကဲစွာ ရင်းနှီးနေသော သည်လည်ပတ်ပုံကို ကောက်နုတ်ရန် လစ်လျူရှုထားလိုက်ပြီး မှင်တက်မိစွာဖြင့် သူ့ပါးစပ်ကို အကျယ်ကြီး ဟထားမိကာ “ငါဘယ်သူလဲ၊ ငါဘယ်မှာလဲ၊ ဘာဖြစ်သွားလဲ” အမူအရာမျိုးကို ချိတ်ဆွဲထားခဲ့သည်။ အချိန်ကြာပြီးနောက်မှ သူ တိုးတိုးလေး ရေရွတ်လိုက်သည်။
“မှန်တယ် အဲ့ဒါဘာကြောင့်လဲ။ ကျောင်းက ပျက်စီးသွားပြီဆိုရင်တောင်မှ အမှောင်ထောင့်တစ်နေရာမှာ တချို့နားလည်ရခက်တဲ့ မကျွတ်မလွတ်သေးတဲ့သူတစ်ယောက်က ကြံ့ကြံ့ခံနေသေးတာ ဖြစ်နိုင်မလား”
ချီယန်က သူ့ကို မသင်္ကာသလို ကြည့်လာပြီးနောက် စိတ်ရင်းနှင့် အကြံပေးလာသည်။
“အနာဂတ်မှာ ရုပ်ရှင်လျှော့ကြည့်အုံး”
စုန့်ဖေးက သူ့မျက်ခုံးတစ်ဖက်ကို စိန်ခေါ်သလို ပင့်ပြလိုက်ပြီး “ဘာကြောင့်လဲ မင်းသိလား”
ချီယန်က ဝမ်ချင်းယန်၏ “မနုဿဗေဒ ခရီးသည်” စာအုပ်ကို လက်ထဲက ချလိုက်ပြီး သူ့အသင်းသားနှစ်ယောက်ကို သဘောပေါက်အောင် ရှင်းပြပေးလိုက်သည်။
“ငါတို့ တက္ကသိုလ်နယ်မြေအသစ်မှာ မီးပိတ်ချိန်ဇယားကို ကျောင်းရဲ့ဖြန့်ချီရေးဘုတ်က မိုက်ခရိုကွန်ပျူတာတွက်ချက်မှု ထိန်းချုပ်စနစ်ကနေ အလိုလျောက်ထိန်းချုပ်ထားတယ်။ ဖြန့်ချီရေးဘုတ်ဆီသွားနေတဲ့ စွမ်းအင်ကို မဖြတ်သရွေ့ မီးပိတ်ချိန်က အမြဲတမ်းဇယားအတိုင်းပဲ ဆက်သွားနေလိမ့်မယ်။ နားလည်လား”
စုန့်ဖေးနှင့် ချောင်စီချီးသည် အကြည့်ချင်း ဖလှယ်လိုက်ပြီး သူတို့၏ မရှင်းမရှင်း အကြည့်တို့က လေထဲတွင် ပေါင်းစည်းသွားကာ မသိနားမလည်မှု မီးပွားများ တောက်လောင်လာခဲ့သည်။
သူတို့တွေ ကျောင်းရဲ့စည်းမျဉ်းတွေကို နားမလည်တော့လည်း ဘာအရေးလဲ။ အရေးမပါတော့ပေ___
ချောင်စီချီး “ဘယ်လိုဖြစ်ဖြစ် ကမ္ဘာကြီး အဆုံးသတ်သွားပြီ ဆိုရင်တောင်မှ...”
စုန့်ဖေး “မီးဖြတ်ဖို့က ရှိသေးတယ်”
နေ့တစ်ရက်ကို ကောင်းမွန်သောစတင်ခြင်းနှင့် အစပြုရမည့်အစား စုန့်ဖေးသည် အဆုံးမဲ့ ဝမ်းနည်းမှုနှင့် တစ်နေ့တာကို စတင်လိုက်ရသည်။
သူသည် သနားကမားနှင့် အိပ်ရာမှ တွားထွက်လာလျက် သူ့နှလုံးအိမ်ထဲက ဝေဒနာတချို့ကို သက်သာစေလိုငြား သူ့ကိုယ်သူအတွက် ရေတစ်ခွက် ခပ်သောက်ချင်ခဲ့သည်။သို့သော် သူသည် ဓာတ်ဘူးတစ်ခုပြီးတစ်ခု လိုက်လှုပ်ကြည့်လိုက်သော်လည်း တစ်ဘူးတည်းသာ ရေလှုပ်သံ ကြားရတော့သည်။
“ကျန်တာ ဒါအကုန်ပဲ၊ ချွေတာသောက်”
ချောင်စီချီးတွင် ညက သေချာပေါက် ကောင်းကောင်းမအိပ်ထားမှန်း သိသာစွာ သူ့မျက်လုံးအောက်တွင် အမည်းကွက်နှစ်ကွင်းနှင့် ဖြစ်နေခဲ့သည်။
“ဒါပေမယ့် အဲ့ဒါကို သိမ်းထားလို့လည်း ဘာဖြစ်ဖြစ် အသုံးမဝင်ပါဘူး။ နောက်ဆုံးကျ ငါတို့ရေအေးပဲ သောက်ရမှာပဲ”
စုန့်ဖေးက ချီယန်ကို မျက်စောင်းလှမ်းထိုးလိုက်သည်။ “အရင်ကတော့ ငါတို့ဘာသာ ရေနွေးတည်နိုင်ပါတယ်။ ဒါပေမယ့် ငါတို့ရဲ့ လျှပ်စစ်ရေနွေးဘူးကို လွန်ခဲ့တဲ့နှစ်ရက်က လူယုတ်မာတစ်ကောင်ကြောင့် အဆောင်စစ်ဆေးတုန်း ဖမ်းမိသွားတယ်လေ”
ချောင်စီချီးသည် ဖုံးကွယ်နေသော နာကြည်းချက်များကိုမသိတာကြောင့် စုန့်ဖေး၏ပြောစကားများကို သေချာနားမလည်လိုက်ဘဲ တခြားတစ်ခုကို သတိရသွားခဲ့သည်။ “လျှပ်စစ်ရေနွေးဘူးလား။ ငါတို့ အဆောင်ခန်းမှာ တစ်ခုရှိတယ်”
စုန့်ဖေးသည် ငိုရမလား ရယ်ရမလား မသိတော့ပေ။
“ငါတို့ အခု အသက်ရှင်နိုင်ရုံလေးအတွက်တောင် စောက်ရမ်းရုန်းကန်နေရတာနော်။ ရေနွေးတည်ဖို့ကိုမေ့ပြီး ဘုံပိုင်ခေါင်းက ရေတွေကိုသာ သောက်လိုက်စမ်းပါ။ငါတို့တွေ သိပ်ကြီး အထက်တန်းကျနေဖို့ မလိုပါဘူး”
ချောင်စီချီးက သူတို့ကျောင်း၏ ဘုံပိုင်ရေက ရေ၏အရည်အသွေးကို သိတာကြောင့် အနည်းငယ် တွေဝေသွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတရံ ရေတွေက ကော်ဖီအရသာပင် ရနိုင်လို့ပင်။ထို့ကြောင့် ၎င်း၏ အရင်းအမြစ်ကို စိတ်ကူးကြည့်လို့ရနိုင်ပေသည်။ ရေနွေးတည်ဖို့တောင်မှ သူ စိတ်မချနိုင်တာ ဘုံပိုင်ခေါင်းရေကို တိုက်ရိုက်သောက်ရမယ်ဆိုရင်တော့ သူ လုံးဝမလုပ်နိုင်ဘူး။
အတန်းဖော်ဂျွန်၏ စိတ်ပြင်းပြမှု၊ အသနားခံသော ငေးစိုက်မှုကို သတိထားမိလိုက်လားတော့ မသိပေ။ချီယန်က သူ့စာအုပ်ကိုချလိုက်ပြီး မော့ကြည့်လာခဲ့သည်။
“ဘယ်တစ်ခုက မင်းအဆောင်ခန်းလဲ”
ချောင်စီချီးက မဆိုင်းမတွ ပြန်ဖြေလိုက်သည်။ " ၆၃၇ ဒီအပေါ်ထပ်ပဲ၊ ထောင့်စောင့်နည်းနည်း ကျတယ်”
ချီယန်က ခေါင်းညိတ်လိုက်သည်။ “နံနက်မိုး သောက်ရင် ငါ တစ်ခြားအဆောင်ခန်းတွေကို သွားပြီး အစာသွားရှာမလို့။အဲ့ဒါကို လမ်းကြုံ ဝင်ယူလိုက်မယ်”
ချောင်စီချီးသည် သူ ရိုးရိုအဖြောင့်ယောကျာ်းလေးတစ်ယောက် ဖြစ်နေသည်ကို နောင်တရသွားမိသည်။မဟုတ်ရင် သူ သေချာပေါက် ချစ်ခြင်းမေတ္တာအတွက် စုန့်ဖေးနဲ့ တိုက်ခိုက်မိတော့မည်ပင်။
*********
နေရောင်ရပြီး တောက်ပနေသော မနက်၈နာရီ.....
ချီယန် အဆောင်ကိုထွက်ပြေးလွတ်မြောက်လာသော နှစ်ရက်အကြာဖြစ်ပြီး အဆောင်ထဲ၌ ပိတ်မိနေသည့် ၃ရက်မြောက်လည်းဖြစ်သည်။အစတည်းက အဆောင်မှာနေထိုင်သော စုန့်ဖေးတို့လိုကျောင်းသားများ၌ စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာခွန်အားများ ကြီးမားစွာ ကုန်ခမ်းလျော့ကျနေပြီဖြစ်သည့်အပြင် အစားအစာလည်း လိုအပ်နေပြီဖြစ်သည်။ဒါ့အပြင် စုန့်ဖေးတို့ အခန်း၌သာ အစာလိုအပ်နေခြင်း မဟုတ်ပေ။
မနက်ခင်းစောစောတွင် ပုံစံအရွယ်စုံ ကျောင်းသားများအားလုံး အဆောက်အဦးပေါ်၌ တွဲလောင်းချိတ်နေသည်ကို မြင်ရနိုင်ပေသည်။ တချို့ကတော့ လျှပ်စီးလိုမြန်ကြပေမယ့် တချို့ကတော့ ရုန်းရင်းဆန်ခတ်ဖြစ်နေကာ ဟောဟဲလိုက်နေကြသည်။ အတော်များများ ထွက်လာကြပေမယ့် သူတို့မလုပ်နိုင်ဘူးလို့ထင်တဲ့ ကျောင်းသားတစ်ချို့က လက်လျော့ပြီး ပြန်သွားသည့်အတွက် အနည်းငယ်သာ အပြင်ကို ထွက်လာနိုင်ကြပေသည်။
ပုံမှန်အားဖြင့် ဒီလိုမျိုးမြင်ကွင်းမျိုးသည် သေချာပေါက် ပျင်းရိပျင်းတွဲထိုင်ပြီး ဖရဲစေ့တချို့ထိုင်ဝါးရင်း အရသာခံဖို့ ထိုက်တန်ပေသည်။ သို့သော် ယခုတွင် သူတို့သုံးယောက်လုံး ချီယန်၊ စုန့်ဖေးနှင့် ချောင်စီချီးတို့သည် လသာဆောင်တွင်ရပ်နေကြပြီး အနှီသက်ဝင်လှုပ်ရှား ပျားပန်းခပ်မှုများနှင့် ကြောက်လန့်စရာကောင်းမှုမှ ရင်တလှပ်လှပ်ခံစားရခြင်းကိုသာ ဇာတ်လမ်းတိုဆန်ဆန် ပွဲသဘင်လိုလိုကို ကြည့်နေကြရသည်။ သူတို့ကြားက စကားစမြည်ပြောခြင်းနှင့် စိတ်အားတက်ကြွမှုတို့သည် ညတုန်းက မီးပိတ်ချိန်တွင် ဆပ်ပြာပူဖောင်းတစ်ခုလိုဖြစ်သွားပုံရပြီးနောက် လက်တွေ့ဆန်စွာ လက်တစ်ကမ်းအလို နီးနီးကပ်ကပ်ဖြစ်နေသော ကမ္ဘာပျက်သည့်ပမာ ဒီလိုမြင်ကွင်းကို ရင်ဆိုင်နေရသော်လည်း တစ်ပြိုင်နက်တည်း တောင့်ခံရန်မစွမ်းသာပါ။
ဟုတ်တယ်၊ ကမ္ဘာပျက်ကိန်း။
ယခုတွင် အပြင်ဘက်လောက၌ ဘယ်လိုမျိုးလဲဆိုသည်ကို သုံးယောက်လုံးမသိကြပါ။ မကြာခဏ ဇွန်ဘီလှိုင်းကြီးက ရှိနေခြင်းဖြစ်ကောင်းဖြစ်နိုင်ပြီး အခြေနေကိုထိန်းချုပ်နိုင်ပြီးခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။သို့သော် ၎င်းက ဘာဖြစ်ပါစေ၊ သူတို့စိတ်မပါကြသလို ၎င်းကိုစိတ်ထဲထည့်ရန်လည်း အာရုံမရှိကြပါ။ သူတို့က အသက် ၂၀ပင် မပြည့်သေးသူများဖြစ်ကြပြီး ပြင်ပကမ္ဘာကြီးက သူတို့အဖို့ ကျယ်ဝန်းလွန်းလှသည်။သူတို့မြေပြင်ပေါ် မကြာမကြာ ပြန်ခြေချတိုင်း လောကကြီးက ကျဉ်းလွန်းလှတာမလို့ ဒီတက္ကသိုလ်နယ်မြေသာ ကျန်ရစ်ခဲ့ပေလိမ့်မည်။
သူတို့မျက်စိရှေ့မြင်ရသမျှတို့က အရာအားလုံးဖြစ်သည်။