no

Font
Theme

🩺 Chapter 13

အဆုံးမှာတော့ ရှန်းထင်းကျိုး နှင့် အိမ်တော်ထိန်းတို့ နှစ်ယောက်တည်းသာ နေ့လယ်စာ စားလိုက်ကြရသည်။

ထမင်းစားပွဲတွင် ရှန်းထင်းကျိုး တိုးတိုးလေးပြောလိုက်တယ်၊ "အအေးမိထားတာကို အစာမစားရင် သွေးတွင်းသကြားဓာတ်ကျသွားနိုင်တယ်။"

အိမ်တော်ထိန်းမှ ပြန်ပြောလာသည်။ “ ရပါတယ်၊ ထမင်းမစားခင် စွပ်ပြုတ်တစ်ခွက်သောက်ထားပါတယ်။”

ရှန်းထင်းကျိုး ခေတ္တမျှ အံ့အားသင့်သွားသည်။ စဉ်းစားကြည့်လိုက်တော့ အိမ်တော်ထိန်းသည် ရှုရွှင်းအား ဗိုက်ဆာအောင် ထားမည့်သူ မဟုတ်ဘူးဆိုတာ သတိရသွားသည်။

ထို့နောက်မှာတော့ ရှန်းထင်းကျိုး စိတ်ချလက်ချပင် ထမင်းစားလိုက်သည်။

သခင်လေးနဲ့ အိမ်တော်ထိန်းတို့မှာ သူတို့အချင်းချင်း ဆက်ဆံတဲ့ နည်းရှိမှာပဲ။ ကြားမဝင်တာ အကောင်းဆုံးပဲ။

နေ့လည်ခင်းတွင် ရှန်းထင်းကျိုး အလုပ်ရှိသေးသည်။ ထမင်း စားပြီးနောက်တွင် အိမ်တော်ထိန်းမှ တံခါးအထိ လိုက်ပို့ပေးခဲ့သည်။

အိမ်တော်ထိန်း မေးလိုက်သည်။ "ဒေါက်တာရှန်း မနက်ဖြန်လာမှာဦးမှာလား? မင်းရှိတဲ့အချိန်ဆို ကြောင်လေးက ပိုပျော်နေသလိုပဲ။" (ကြောင်လေးလား ကြောင်ကြီးလားတော့မသိ~~)

ကြောင်ချစ်သူ ရှောင်ရှန်းမှာ ချီးကျူးစကားကိုဝမ်းသာစွာလက်ခံပြီး ရိုးသားစွာ ပြန်ဖြေလိုက်သည်။

"အဲ့လောက်တော့ မလိုပါဘူး၊ သူက အစကတည်းက စိတ်ထားကောင်းတဲ့ကြောင်လေးပါ။"

အိမ်တော်ထိန်းသည် ဆိုဖာပေါ်က အဖုလေးကိုလှမ်းကြည့်လိုက်တယ်။

ဒီတစ်ကောင်ကတော့ စိတ်ထားမကောင်းဘူး၊ လုပ်ချင်ရာလုပ်ပြီး ဂရုစိုက်ရလည်းခက်တယ်။

သူတို့ စကားပြောနေစဥ် ရှန်းထင်းကျိုး၏ဖုန်းမှာ မြည်လာခဲ့သည်။ စုယွီမှ ဘယ်ချိန်လာမှာလဲလို့ မေးလာခြင်းဖြစ်သည်။

စုယွီသည် အပြင်ထွက်လည်ချင်နေသော်လည်း ယွီမင်ယန်မှာ နေ့လည်ပိုင်းတွင် ဗီဒီယိုအစည်းအဝေးရှိနေသောကြောင့် ရှန်းထင်းကျိုး၏တာဝန်ဖြစ်သွားတော့သည်။

ဗုဒ္ဓဟူးနေ့တိုင်း သူ့အလုပ်မှာ ဖခင်ဖြစ်လာမယ့်သူအား စိတ်ပျော်နေအောင်ထားပေးဖို့ပင်။

ရှန်းထင်းကျိုး ဖုန်းချလိုက်ချိန်တွင် အိမ်တော်ထိန်းမှ မေးလာခဲ့သည်။

“သခင်လေး ရှောင်ယွီလား။”

ရှန်းထင်းကျိုး တော်တော်လေး အံ့အားသင့်သွားသည်။

"မစ်စတာစုကို သိတာလား။"

အိမ်တော်ထိန်းမှ "သူ ကလေးတုန်းကတော့ တွေ့ဖူးတယ်။ ယွီမိသားစုရဲ့ အကြီးဆုံးသားနဲ့လက်ထပ်သွားတာ မဟုတ်လား?”

ရှန်းထင်းကျိုး ပြန်ဖြေလိုက်သည်။

"ဟုတ်တယ်။ သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးက အရမ်းကောင်းတယ်။”

အိမ်တော်ထိန်းမှာ အံ့အားသင့်သွားပုံမပေါ်ပေ။

"သူတို့က ငယ်ငယ်ကတည်းက အရမ်းရင်းနှီးကြတာ။"

စုယွီနှင့် ယွီမင်ယန်တို့ ငယ်သူငယ်ချင်းများဆိုသည်ကို ရှန်းထင်းကျိုး ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သောကြောင့် သူ မနေနိုင်ဘဲ ထပ်မေးလိုက်သည်။

အိမ်တော်ထိန်းဆီမှ သိရသလောက်တော့ သူတို့သည် ငယ်သူငယ်ချင်းသာမက အချင်းချင်း၏ပထမဆုံးအချစ်လည်း ဖြစ်သည်ဟုဆိုသည်။

စုယွီနှင့် ယွီမင်ယန်တို့သည် ဆယ်ကျော်ကတည်းက ချစ်ကြိုက်ခဲ့ကြပြီး တက္ကသိုလ်ပြီးသည်နှင့်လက်ထပ်ခဲ့ကြခြင်းဖြစ်သည်။ အိမ်တော်ထိန်းတောင်မှ ၎င်းတို့၏ မင်္ဂလာပွဲကို တက်ရောက်ခဲ့သည်။

ရှန်းထင်းကျိုး ဇာတ်လမ်းတစ်ပုဒ်၏နောက်ဆက်တွဲဇာတ်လမ်း အား ကြည့်နေရသလိုခံစားလိုက်ရသည်။

အံ့အားသင့်စရာ အကောင်းဆုံးမှာ ယွီမင်ယန်ပင်။ သူပုံစံမှာ ချစ်သူများ အများကြီး ရှိမယ့်ပုံပေါက်သော်လည်း တကယ် တမ်းမှာတော့ စုယွီ တစ်ယောက်တည်းသာ ရှိခဲ့သည်။

ပြီးပြည့်စုံတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပဲ!

သူတို့ ပုံမှန်စကားစမည်ပြောရင်းဖြင့် စုယွီနှင့် ယွီမင်ယန်မှ သူအား သူတို့ကလေး၏  ခေါင်းကိုင်အဖေဖြစ်စေချင်သည့် အကြောင်းအား အိမ်တော်ထိန်းကို ရှန်းထင်းကျိုး ပြောပြလိုက်သည်။

အိမ်တော်ထိန်း၏မျက်လုံးထဲတွင် အလင်းတစ်ချက်လက်သွားပြီး အံ့အားသင့်သွားပုံဖြင့်မေးလာသည်။

"သခင်လေး စုယွီက ဒီလိုပြောခဲ့တာလား ?”

ရှန်းထင်းကျိုး ခေါင်းညိတ်လိုက်သည်။

အိမ်တော်ထိန်းမှ မေးလာခဲ့သည်။

“မင်းသူတို့နဲ့ ဘယ်လိုတွေ့ခဲ့ကြတာလဲ။”

ရှန်းထင်းကျိုး ပြန်ဖြေလိုက်သည်။

"ဆေးရုံမှာတွေ့ခဲ့ကြတာဗျ။”

ထိုနေ့က ချင်စစ်သည် သူ့အား ညစာစားရန်ဖိတ်ခဲ့သည်။ ညစာမှာ ဒုတိယနေရာမှဖြစ်သည် အရေးအကြီးဆုံးမှာ ရှန်းထင်းကျိုးသည် ချင်စစ်၏ကြောင်ကိုပွတ်ချင်သောကြောင့်ဖြစ် သည်။

ရှန်းထင်းကျိုး ဆေးရုံရောက်ချိန်တွင် ထောင့်တစ်နေရာတွင် ဆောင်ကြောင့်ထိုင်နေသည့် စုယွီအား တွေ့လိုက်ရသည်။

စုယွီမှာ သွေးတွင်းသကြားဓာတ်ကျနေသော လက္ခဏာများ ပြနေသည်ကိုမြင်သော် အနီးရှိအကြွေစေ့ထည့်ဝယ်ရသည့် စက်မှ အချိုရည်တစ်ဗူးဝယ်ပေးလိုက်သည်။

သို့သော်ငြား စုယုသည် လက်မခံခဲ့ပေ။ သူ၏ မျက်နှာမှာ ဖြူ ရော်နေပြီး ပုံမှန်အားဖြင့် လန်းဆန်းတက်ကြွနေတဲ့ မျက်လုံးများဟာ နေရောင်အောက်မှာအေးစက်နေခဲ့သည်။

စုယွီမှ သူ့အား မကောင်းသည့်လူဟု သံသယဝင်သွားသည်ဟု ရှန်းထင်းကျိုး ထင်လိုက်သောကြောင့် စိတ်ရှည်စွာဖြင့် ရှင်းပြလိုက်သည်။

“ငါက ဆရာဝန်ပါ။ ဒီအချိုရည်သောက်လိုက်ရင် မင်း သွေးတွင်း သကြားဓာတ်ကျတာက မြန်မြန်ပြန်ကောင်းသွားမှာ။”

စုယု၏ ရှန်းထင်းကျိုးအား ကြည့်နေသည့် အကြည့်များထဲတွင် အေးစက်မှုများ ပျောက်သွားပြီး အပြစ်ကင်းစင်ပုံ ပေါ် လာခဲ့သည်။

“ဒါပေမယ့် ငါက သွေးတွင်းသကြားဓာတ်ကျနေတာ မဟုတ်ဘူး၊ ကိုယ်ဝန်ကြောင့် ပျို့အန်ချင်နေတာ။ ငါ့မှာ ကိုယ်ဝန်ရှိနေတာ။”

အမျိုးသားကိုယ်ဝန်ဆောင်သည်ဆိုသည်မှာ မယုံနိုင်စရာဖြစ်နေသော်လည်း မကြားဖူးသည်အရာတော့ မဟုတ်ပေ။

ရှန်းထင်းကျိုး အလျှင်အမြန် တုံ့ပြန်လိုက်သည်။

"ဒါဆို... ရေနွေးတစ်ခွက်ယူလာပေးရမလား။"

စုယွီ ပြုံးလိုက်သည်။ "ကျေးဇူးတင်ပါတယ် ဒေါက်တာ။”

ရှန်းထင်းကျိုး ရေနွေးယူပြီး ပြန်လာချိန်မှတော့ ထိုနေရာတွင် ထိုင်နေခဲ့သည့် ဖခင်ဖြစ်လာမယ့်သူမှာ မရှိတော့ပေ။

သူ ထိုအချိန်က သိပ်မတွေးခဲ့ပေ။ သူမိသားစုနဲ့ ပြန်သွားခြင်းဖြစ်မည်ဟုသာ တွေးလိုက်သည်။

သို့သော် ရက်အနည်းငယ်ကြာသော် ကိုယ်ဝန်ဆောင်သည့်တစ်ဦးအတွက် ပုဂ္ဂလိကဆရာဝန်အဖြစ် အလုပ်ကမ်းလှမ်းမှုကို ရှန်းထင်းကျိုး လက်ခံရရှိခဲ့သည်။

သူသည် သားဖွားဆရာဝန် မဟုတ်သည့်အပြင် သားဖွားနှင့် ပတ်သတ်ပြီးလည်း အနည်းငယ်သာ သိသောကြောင့် သူတို့ အမှားလုပ်မိသည်ဟုသာ ယူဆလိုက်သည်။

သူ ငြင်းပယ်ခဲ့သော်လည်း တစ်ဖက်လူမှာ သူနှင့် တွေ့ဆုံရန် တောင်းဆိုခဲ့သည်။

တွေ့ဆုံပြီးနောက်မှာမှ ကိုယ်ဝန်ဆောင်သည် မိခင်မဟုတ်ဘဲ ကိုယ်ဝန်ဆောင်သည် ဖခင်ဖြစ်နေသည်ကို ရှန်းထင်းကျိုးသိလိုက်ရသည်။

ထိုကိုယ်ဝန်ဆောင်ဖခင်မှာ စုယွီဖြစ်ပြီး အထူးကုဆရာဝန်မလိုအပ်ဘဲ ရှန်းထင်းကျိုးနှင့်သာ သင့်တော်သည်ဟု ပြောခဲ့သူဖြစ်သည်။

ရှန်းထင်းကျိုးသည် စုယု၏ အကြောင်းပြချက်ကို အပြည့်အဝ နားမလည်ခဲ့သော်လည်း စုယွီ၏မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် နောက်ဆုံးတွင် သဘောတူလိုက်ရသည်။

အဓိကအကြောင်းရင်းမှာ ထိုအချိန်က သူ အလွန်အလုပ်မများခဲ့သောကြောင့်ဖြစ်သည်။

သူ၏လူနာလေးဦးအနက် သူရှုရွှင်းဆီသို့ အသွားရဆုံးဖြစ် သည်။ ယခင်က နေ့တိုင်းနီးပါးသွားခဲ့သော်လည်း ရှုရွှင်း အောင်မြင်စွာ ပြန်လည်ထူထောင်နိုင်ခဲ့ပြီးနောက်တစ်ပတ်လျှင် နှစ်ကြိမ်၊ သုံးကြိမ်သာသွားတော့သည်။

နောက်တစ်ဦးမှာ တတိယအလုပ်ရှင် စုယွီဖြစ်ပြီး အထူးအခြေ အနေမရှိပါက ရှန်းထင်းကျိုး တစ်ပတ်လျှင်တစ်ကြိမ်သာ သွားသည်။

နံပါတ်တစ်နှင့် နံပါတ်နှစ်မှာမူ တစ်လလျှင် အကြိမ်ရေနည်းနည်းသာသွားရပြီ: အထူးသဖြင့် ပထမအလုပ်ရှင်ဆီသို့ဖြစ် သည်။

သို့သော် နံပါတ်တစ် CEO မှ ဖိအားပေးသည် အချစ်ကိုစတင်သည့်နေ့မှစပြီး ရှန်းထင်းကျိုး မကြာခဏသွားရတော့သည်။

---

ရှန်းထင်းကျိုး နှင့် စုယွီတို့ တွေ့ဆုံခဲ့ကြပုံကို သိသွားပြီးနောက် အိမ်တော်ထိန်း နားလည်သွားသည်။

“သခင်လေး စုယွီက မင်းကို တော်တော်လေး သဘောကျတယ်ထင်သည်။”

ရှန်းထင်းကျိုး မထိုက်တန်သည်ဟု ခံစားရပြီး "အဓိကကတော့ မစ္စတာစုက လူကောင်းတစ်ယောက်ဖြစ်နေလို့ပါ။ ကျွန်တော် တကယ်အများကြီး လုပ်မပေးနိုင်ခဲ့ပါဘူး။”

သူသည် အဓိကအားဖြင့် စိတ်ပိုင်းဆိုင်ရာထောက်ပံ့ပေးရသည်။ သူ၏ကျွမ်းကျင်မှုများမှာမူ... မလိုအပ်သလောက်ပင်။

သူ၏အထူးပြုမှုသည် သားဖွားနှင့် သားဖွားမီးယပ်ပညာမဟုတ်ကာ သူဆေးခန်းလက်တွေ့သင်တန်းတွင် သီအိုရီအရ ဗဟုသုတများကိုသာ လေ့လာခဲ့ရသောကြောင့် ကောင်းမွန်သည့် ဆရာဝန်တစ်ဦးဟု မသတ်မှတ်နိုင်ပေ။

"မစ္စတာစုက လူကောင်းတစ်ယောက်" ဆိုသည့် ရှန်းထင်းကျိုး၏ပြောဆိုမှုနှင့် ပတ်သက်ပြီးတော့ အိမ်တော်ထိန်းသည် မည်သည့်မှတ်ချက်မှ မပေးခဲ့ပေ။

---

ရှန်းထင်းကျိုး ထွက်သွားပြီးနောက် အိမ်တော်ထိန်း ဧည့်ခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။

ဆိုဖာပေါ်ရှိ အဖုလေးမှာ စောင်ဖြင့် ဖုံးအုပ်ထားဆဲသာသည်။ အိမ်တော်ထိန်းသည် ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒေါက်တာရှန်း ကလေးရတော့မှာပဲ။”

နောက်စက္ကန့်မှာပင် ဆိုဖာနောက်မှီမှ ခေါင်းတစ်လုံးထွက်လာတော့သည်။

---

နေ့လည်ခင်းတွင် ရှန်းထင်းကျိုးသည် စုယွီနှင့်အတူ ဈေးဝယ်ထွက်ခဲ့သည်။

စုယွီသည် ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့် "ပုလဲဝယ်ရင်း ကမာကောင်ရခြင်း" ကို အဓိကထားကာ ဈေးဝယ်ထွက်ခဲ့သည်။

သူတို့သွားခဲ့သော စျေးဆိုင်မှာ ထိုနေ့တွင် သိန်းတစ်ရာကျော်သုံးစွဲပါက Montblanc ဘောပင် သို့မဟုတ် Cartier နက်တိုင် ကလစ်ကို လက်ဆောင်ရရှိမည့်အစီအစဉ်ရှိသည်။

နှစ်မျိုးလုံးမှာ တန်ဖိုးမြင့်လက်ဆောင်များဖြစ်သည်။

စုယွီသည် Montblanc ဘောပင်သည် ကြည့်ကောင်းသည် ထင်သောကြောင့် ထိုဘောပင်ကိုရရှိရန် ယွမ်သန်းချီသုံးခဲ့သည်။

နီလာရောင် ဘောပင်အား အောင်မြင်စွာရရှိပြီးနောက် စုယွီသည် စာမေးပွဲတွင် အမှတ်ပြည့်ရခဲ့ပြီး မိဘများထံမှ အသိအ မှတ်ပြုမှုလိုချင်သည့် ကလေးတစ်ယောက်ကဲ့သို့ ရှန်းထင်းကျိုးအားတောက်ပသည့် မျက်လုံးများဖြင့် လှည့်ကြည့်လာသည်။

စုယွီသည် ဘောပင်ကို သူ့အား ပေးလာသည်။

"ဒေါက်တာရှန်း ဒါ မင်းအတွက်။"

"..." ရှန်းထင်းကျိုး တုံ့ဆိုင်းသွားသည်။

"ဒါ အရမ်းဈေးကြီးလွန်းတယ်"

စုယွီ အပြစ်ကင်းစင်စွာ ခေါင်းစောင်းလိုက်သည်။

“ဒါက ပိုက်ဆံမပေးရဘူးလေ၊ ကုန်တိုက်က ငါတို့ကိုအလကား ပေးတာကို။”

*အလကား*

*ကုန်တိုက်က ငါတို့ကို အလကားပေးတာ*

ရှန်းထင်းကျိုး Montblanc ဘောပင်ကို မသုံးနိုင်တာ မဟုတ်ပေ။ အမှန်မှာ သူ့တွင် သုံးချောင်းရှိပြီး အားလုံးမှ သူများဆီမှ လက်ဆောင်းရခဲ့ခြင်းဖြစ်သည်။

သူ့မိဘတွေ၊ သူ့အဒေါ်နှင့် သူ့သူငယ်ချင်းဆီကရခဲ့ခြင်းပင်။

စုယွီသည် သူအလုပ်ရှင်ဖြစ်ပြီး လက်ဆောင်အား လက်ခံရန် မသင့်တော်ဟု ရှန်းထင်းကျိုး ခံစားရသည်။ သို့သော်ငြား တစ် ဖက်လူမှာ သူ့အား သူ့ကလေး၏ခေါင်းကိုင် အဖေဖြစ်စေချင်သည်ဟု ပြောခဲ့သောကြောင့် သူ့အား သူငယ်ချင်းတစ်ယောက်အဖြစ် သတ်မှတ်ထားသည့်သဘောဖြစ်သည်။

ဤသို့ တွေးလိုက်ကာ ရှန်းထင်းကျိုး စိတ်အေးစွာဖြင့် လက်ခံလိုက်သည်။

စုယွီ၏မွေးနေ့ သို့မဟုတ် ကလေးမွေးဖွားသည့်အချိန်တွင် သင့်တော်သည့် လက်ဆောင်တစ်ခုပြန်ပေးမည်ဟု စဉ်းစားလိုက်သည်။

ရှန်းထင်းကျိုး ပြုံးလိုက်သည်။

"မင်း ငါ့ကို လက်ဆောင်ပေးတော့ ငါက မင်းကို တစ်ခုခုလိုက်ကျွေးမယ်။”

စုယွီ စိတ်အားထက်သန်စွာဖြင့် ကြည့်လာသည်။

"ဒေါက်တာရှန်း ငါ ရေခဲမုန့်စားလို့ရမလား။"

ရှန်းထင်းကျိုး : " ဒါပေါ့ စားလို့ရတယ်"

ကိုယ်ဝန်ဆောင်သည်၏အကြိုက်ကို လိုက်လျောပေးရန်မှာ အဓိကဦးစားပေးဖြစ်သည်။

အလွန်အကျူးမစားသရွေ့ စုယွီ သူ စားချင်သည်ကို စားလို့ရသည်။

တတိယထပ်တွင် သောက်စရာများ ရောင်းသည့် ဆိုင်တစ်ဆိုင်ရှိပြီး နာမည်မှာ ထူးဆန်းသော်လည်း အခြားဆိုင်များနှင့် အတူ တူပင်။ မီးရောင်များ လင်းနေအောင် ထွန်းထားကာ နွေးထွေးသည့် လိမ္မော်ရောင်အလင်းသည် ဖောက်ထွင်းမြင်ရသည့် အေးခဲသေတ္တာထဲမှ ရေခဲမုန့်များအပေါ် ဖြာကျနေတာ အိမ် မက်ဆန်သည့် filterတစ်ထပ် ထည့်ထားသလိုပင်။

ရှန်းထင်းကျိုးသည် ရိုးရိုးစတော်ဘယ်ရီအရသာကိုမှာယူခဲ့သည်။

စုယွီ ရွေးနေပြီး နောက်ဆုံးတွင် ရှန်းထင်းကျိုး မကြားဖူးသည့် camellia orange sorbet ကိုရွေးခဲ့သည်။ အွန်လိုင်းတွင် လူကြိုက်များနေသည့်ဟာဟု ဆိုသည်။

ရေခဲမုန့်ဝယ်ပြီးနောက် ရှန်းထင်းကျိုးနှင့် စုယွီတို့သည် ဆိုင်အပြင်ရှိ အများသုံး စားပွဲတွင် ထိုင်ခဲ့ကြသည်။

စုယွီမှ သူ၏စတော်ဘယ်ရီရေခဲမုန့်ကို စိုက်ကြည့်နေသည်ကိုမြင်သော် ရှန်းထင်းကျိုး သစ်သီးများပါသည့် အစိတ်အပိုင်းများကို ဇွန်းဖြင့်ခပ်ကာ စုယွီအား ပေးလိုက်သည်။

စုယွီ၏မျက်လုံးများသည် တောက်ပသွားသည်။

"ကျေးဇူးတင်ပါတယ်။"

စတော်ဘယ်ရီဆော့စ်ကို ဇွန်းဖြင့် ခပ်စားလိုက်ကာ ပိုချိုမြသည့် လေသံဖြင့်ပြောလာသည်။

"ဒေါက်တာရှန်း သေချာပေါက်ကို မင်းကို သဘောကျတဲ့သူတွေ အများကြီးရှိလောက်တယ်။”

အမှန်တော့ အများကြီးမရှိပါချေ။

ရှန်းထင်းကျိုး ဘဝတစ်လျှောက်လုံး တစ်ခါမှချစ်ရေးဆို မခံရဘူးပေ။

စုယွီ ဤသည်ကို ကြားသော် ရယ်မောလိုက်ကာ

"သေချာပေါက်ရှိမှာ ပြီးတော့ အများကြီးတောင် ရှိလောက်သေးတယ်၊ ဒေါက်တာရှန်းက သတိမထားမိတာဘဲနေမှာ။ ငါတို့နောက်က မိန်းကလေးဆို မင်းကိုကြည့်နေတာ။"

ရှန်းထင်းကျိုး ဘယ်မိန်းကလေးမှ မမြင်မိပါချေ။

စုယွီ ရုတ်တရက် အသံတိုးတိုးလေးနှင့်ပြောလာသည်။

"ငါတို့ဘယ်ဘက်စားပွဲက မိန်းကလေးနှစ်ယောက်က ငါတို့အကြောင်းပြောနေကြတာလေ။"

ရှန်းထင်းကျိုး အံ့အားသင့်သွားပြီး ဘယ်ဘက်စားပွဲကိုမျက် လုံးထောင့်စွန်းမှ လှမ်းကြည့်လိုက်သည်။

ဖူယွင်ယွင်နှင့် အရွယ်လောက်ရှိသည့် ပိုနီတေးနှင့် ကောင်မ လေးနှစ်ယောက်ဖြစ်ကာ ရေခဲမုန့်စားနေကြပြီး တစ်ခါတစ်ရံစကားပြောနေကြသော်လည်း သူတို့ဘက်သို့ လုံးဝကြည့်မနေကြပါ။

စုယွီ ဇွတ်ထပ်ပြောလိုက်သည်။

“သူတို့ဟန်ဆောင်နေကြတာ"

သူ နောက်ထပ် ရေခဲမုန့်ကို ဇွန်းအပြည့် ခပ်စားလိုက်ပြီး ဇွန်းပေါ်ရှိ ဆော့စ်ကိုလည်း လျက်ကာ ဆိုလာသည်။

“သူတို့ ငါတို့အကြောင်းကို ဆက်ပြောနေတုန်းပဲ။ ငါတို့ကို စုံတွဲလို့ ထင်နေကြထင်တယ်။ ခဏနေ သူတို့ထဲက တစ်ယောက် ဒီကို ရောက်လာလိမ့်မယ်။”

ဟင် ?

ရှန်းထင်းကျိုး မယုံသော်လည်း သဘာဝအရလှည့်ကြည့်လိုက်မိသည်။

အဖြူရောင် hoodie ဝတ်ထားသော မိန်းကလေးသည် လည် ပင်းဆန့်ကာ ခေါင်းစောင်းရင်း သူနှင့် စုယွီအားကြည့်နေသည်။

မမျှော်လင့်ဘဲ ရှန်းထင်းကျိုး နှင့် အကြည့်စုံသွားချိန်တွင် ချက် ချင်းအကြည့်ပြန်ရုတ်သွားသည်။

ရှန်းထင်းကျိုး : ...

စုယွီ ပြုံးရယ်ကာ "တွေ့လား ? ငါပြောပါတယ်၊ ငါ လူ အကဲ ခတ်တော်တယ်လေ။ အဲဒါ အပြင်…….”

သူက ရှန်းထင်းကျိုးအနား ယိမ်းကာ တီးတိုးပြောလာသည်။ “ ငါ့တို့ရှေ့က အဲဒီလူဖုန်းထဲမှာ သေချာပေါက် ခိုးရိုက်ထားတဲ့ဓာတ်ပုံတွေအများကြီးရှိတယ်။”

ရှန်းထင်းကျိုး အံ့အားသင့်သွားသည်။

"ခိုးရိုက်ထားတဲ့ ဓာတ်ပုံတွေလား?"

စုယွီ ခေါင်းညိတ်သည်။

"မိန်းကလေးတွေရဲ့ ကိုယ်ရေးကိုယ်တာ အစိတ်အပိုင်းတွေကို ရိုက်ထားတဲ့ ဓာတ်ပုံတွေ။"

ရှန်းထင်းကျိုး : !

စုယွီပြောသောလူသည် အသက်သုံးဆယ်ဝန်းကျင်ရှိပြီး သိက္ခာရှိသည့် ပုံပန်းသွင်ပြင်နှင့် သာမန်သာ ပြုမူနေသော ကြောင့် ရှန်းထင်းကျိုးသည် နှာဗူးတစ်ယောက်နှင့် တူသည်ဟု မထင်ပါချေ။

သူ စုယွီအား အကြောင်းပြချက်ကို မေးမည်ကြံချိန်တွင် စုယွီမှာ ထရပ်ကာ ထိုလူဆီ သွားတော့သည်။

ရှန်းထင်းကျိုး အလန့်တကြားနှင့် သူ့နောက် လိုက်ရတော့ သည်။

စုယွီသည် ထိုလူထံ ချဉ်းကပ်သွားပြီး ထိုသူမှကြည့်လာချိန်တွင် သူဖုန်းကို ဆွဲယူလိုက်သည်။

ရှန်းထင်းကျိုးသည် စုယွီ ဤမျှတည့်တိုးလုပ်လာမည်ဟု မထင်ထားသောကြောင့် နားထင်ကြောများပင် တဒုတ်ဒုတ်ခုန်သွားသည်။

ထိုလူဒေါသထွက်သွားပြီး အော်ဟစ်လာသည်။

"မင်းဘာလုပ်နေတာလဲကွ ? ငါ့ဖုန်းပြန်ပေးစမ်း၊"

ရှန်းထင်းကျိုး စုယွီရှေ့ရပ်ကာ "ကျွန်တော် တောင်းပန်….."

သို့သော် ထိုအချိန်မှာပင် စုယွီ ဖုန်းကိုကိုင်ကာ ထိုလူ့ galleryရှိ မိန်းကလေးများကို ခိုးရိုက်ထားသည့် အမျိုးမျိုးသော ဓာတ်ပုံများကို လက်ဖြင့် ရွှေ့ပြလာသောကြောင့် သူ့စကားများမှာ လည်ပင်းတွင် ‘တစ်’သွားရသည်။

နေရာများမှာ စုံလင်လှကာ မြေအောက်ရထား၊ ကုန်တိုက်၊ စားသောက်ဆိုင်များတွင် ဖြစ်ပြီး ငယ်ရွယ်သည့် ကလေးမလေးများ၏ ဓာတ်ပုံများပင်ရှိသည်။

အပြစ်ကင်းစင်လှသည့် မိန်းကလေးများအား ဖျက်လိုဖျက်စီး ရိုက်ထားသည့် ဓာတ်ပုံများကို မြင်လိုက်ရသည့်အပြင် ကိုယ် ဝန်ဆောင်သည် စုယွီအား လက်သီးနှင့်ပါ ရွယ်နေသောကြောင့် ရှန်းထင်းကျိုး ဒေါသပေါက်ကွဲထွက်သွားရသည်။

နှာဗူးကောင်!

ရှန်းထင်းကျိုး ထိုလူ၏ကော်လံကို ဆုပ်ကိုင်ကာ ဆွဲထိုးလိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment