no

Font
Theme

🩺 Chapter 8

မိသားစုဆရာဝန်တစ်ယောက်အနေဖြင့် အလုပ်ရှင်၏လိုအပ် ချက်ပေါ်မူတည်ပြီး ပုံသေပိတ်ရက်မရှိပေ။

လျော်ကြေးမှာ အလွန်များပြားလှသဖြင့် Weekened ရက်များ၌ လူနာကြည့်စရာရှိရင်လည်း ရှန်းထင်းကျိုး Compain မတက်ရဲလှ။

မနက်မိုးလင်းသည်နှင့် ရှန်းထင်းကျိုးသည် ဟဲရန်ထင်း၏အိမ်သို့ ကားမောင်းထွက်လာခဲ့သည်။ အလုပ်ရှင်အိမ်ရောက်တော့ အတွေးများဖြင့် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ကျန်းကျီကိုတွေ့လိုက်ရသည်။ သူ၏မှေးစင်းနေသော မျက်လုံးများနှင့် ဖြူဖျော့သော အသားအရေကြောင့် နုနယ်ပြီးအသက်မပါသလို ခံစားချက်မျိုးထင်ဟပ်စေသည်။

ထိုအသွင်အပြင်မှာ တစ်ချိန်က လန်းဆန်းနေသော အပင်တစ်ပင်ကို ခမ်းနားထည်ဝါသော ပြခန်းတစ်ခုတွင် အတင်းအကြပ် ထည့်ထားကာ တဖြည်းဖြည်းညှိုးနွမ်းလာသည်ကို မြင်တွေ့နေရသလိုပင်။

ရှန်းထင်းကျိုးသည် သူ့အကြည့်ကိုပြောင်းလိုက်ပြီး ဟဲရန်ထင်း ၏သွေးထွက်ဒဏ်ရာကိုကူညီရန် အပေါ်ထပ်သို့တက်သွားသည်။

ဟဲရန်ထင်း၏ ကော်လာအတွင်းရှိ ကိုက်ရာများနှင့်နက်ရှိုင်း သောခြစ်ရာများမှာ အဘယ်ကြောင့် မပျောက်ကင်းနိုင်မှန်းခန့်မှန်းဖို့မခက်ပေ။

ရှန်းထင်းကျိုးသည် ရှပ်အင်္ကျီအရေးကို လျစ်လျူရှုကာ ဟဲရန်ထင်း၏လက်မောင်းကို အမြန်ကုသလိုက်သည်။

အားလုံးပြီးဆုံးပြီးနောက် ရှန်းထင်းကျိုး ဗီလာထဲက ထွက်လာချိန်တွင် သူ့နာမည်အား တစ်စုံတစ်ယောက်ခေါ်နေသည်ကို ကြားလိုက်ရသည်။

သူ လှည့်ပတ်ကြည့်သော်လည်း မည်သူမျှမတွေ့ရပဲ လေထဲတွင် သစ်ရွက်ခြောက်များကြွေကျသွားသည်ကိုသာ တွေ့ရသည်။

သူ တစ်ခုခု မှားနေပြီဟုတွေးနေစဉ် "ဒေါက်တာရှန်း" ဟူသော ခေါ်သံထပ်ထွက်လာသည်။

နောက်ဆုံးတွင် ရှန်းထင်းကျိုးသည် ပန်းခင်းများကြားပုန်း အောင်းနေသည့် ကျိုးဇီထန်၏အရိပ်အယောင်ကို တွေ့လိုက်ရသည်။

စောစောက သူ့ကို သတိမထားမိသည်မှာ ရှန်းထင်းကျိုးအပြစ်တော့မဟုတ်။ ကျိုးဇီထန်၏ပန်းရောင် ဆံပင်သည် ပန်းခင်းရှိ အရောင်အသွေးစုံလင်သော ပန်းများနှင့်လုံးလုံးနီးပါးရောစပ်ထားသလို ဖြစ်နေပြီး သူ့မျက်နှာမှာလည်း ဖူးယောင်ကာ မနှစ်မြို့ဖွယ်ကောင်းသော ဆွဲဆောင်မှုတစ်ခုကိုတိုးစေသည်။

သူ ချင်ယန်ဆီက အရိုက်ခံခဲ့ရတဲ့ပုံပဲ…

ဒီချင်ကောင်လေးဟည် ကျဲဖြစ်သူထံမှ အကြမ်းဖက်တက်သည့် ဝါသနာကို လက်ဆင့်ကမ်းခဲ့ပုံရသည်။

ကျိုးဇီထန်၏မျက်နှာအဘယ်ကြောင့် ထိုပုံစံဖြစ်နေမှန်း ရှန်းထင်းကျိုး သိသော်လည်း သူ ဘာကြောင့် ထိုနေရာတွင် ထိုင်နေမှန်းနားမလည်ပေ။

ကျိုးဇီထန် ရှုံ့မဲ့ကာ "အထဲက ဟိုဘဲ ကျနော့်ကိုကြည့်ပြီး ရယ်နေမှာစိုးလို့..."

ချင်ယန်၏ရုပ်ပိုင်းဆိုင်ရာ ရိုက်နှက်မှုသည် ကျိုးဇီထန်၏ နှလုံးသားကိုတော့ သန့်စင်မပေးနိုင်ကြောင်း ထင်ရှားပေသည်။

ရှန်းထင်းကျိုးက ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်ရင်း ကျိုးဇီထန်အားပြောလိုက်သည်။

"တစ်နေရာရာမှာ ထိုင်လိုက်… ငါ မင်းမျက်နှာကို ကုပေးမယ်"

ကျိုးဇီထန်သည် ပန်းပွင့်ကုတင်အစွန်းတွင် ပေါ့ပေါ့ပါးပါးထိုင်ကာ ရှန်းထင်းကျိုးအား သူ၏ ဖူးယောင်နေသောမျက်နှာကို ပြသရန် မေးစေ့ကိုမြှောက်ထားလိုက်သည်။

ရှန်းထင်းကျိုးသည် ဆေးပစ္စည်းဘူးကိုဖွင့်ကာ ဆေးမလိမ်းမီ ဒဏ်ရာများကို ဦးစွာပိုးသတ်ပေးလိုက်သည်။

ကျိုးဇီထန်၏ပါးစပ်မှာကွဲနေပြီး ရှန်းထင်းကျိုးအား Complain တက်လာတော့သည်။

"ချင်ကောင်စုတ်လေးက လိင်တူကြိုက်တဲ့သူကို ခွဲခြားဆက်ဆံတယ်…သူ့မှာ Respect လုံးဝမရှိဘူး...”

သို့ရာတွင် ကျိုးဇီထန်သည် လိင်တူဆက်ဆံသူများအပေါ် ခွဲခြားဆက်ဆံခဲ့သည့် ၎င်း၏အတိတ် အကြောင်းအရာများကိုတော့ ထုတ်ဖော်ပြောလာခဲ့ခြင်းမရှိပေ။

ကျိုးဇီထန် အထက်တန်းကျောင်းတက်စဥ်တုန်းက အတန်းတူကောင်လေးတစ်ယောက်သည် ကျိုးဇီထန်ကိုသဘောကျနေပြီး သူ၏လျှို့ဝှက်အချစ်အကြောင်း ဒိုင်ယာရီရေးခဲ့သည်။

တစ်စုံတစ်ယောက်သည် ထိုဒိုင်ယာရီကိုတွေ့သွားပြီး ကျောင်းအနှံ့ကပ်ထားလိုက်လေသည်။

ထိုအကြောင်းကို သိပြီးနောက် ကျိုးဇီထန်က ထိုကောင်လေး ၏အတန်းကိုသွားပြီး လူမြင်ကွင်းမှာပင် ရိုက်နှက်ဆုံးမကာ ကျောင်းမှာ မျက်နှာမဖော်ရဲအောင် လုပ်ခဲ့သည်။

တစ်နှစ်အကြာတွင် မမျှော်လင့်ဘဲ ဟဲရန်ထင်းရောက်လာပြီး ကျိုးဇီထန်၏ သဘောထားသည် 180 ဒီဂရီ လှည့်သွားလေသည်။ သူသည် ကောင်လေး၏အတန်းထဲသို့ ပြန်သွားကာ သူ့လည်ပင်းကို လက်နှစ်ဖက်ဖြင့်သိုင်းဖက်ပြီး လိင်တူဆက်ဆံသူများကိုအမိုက်ဆုံးအဖွဲ့ အဖြစ် ချီးကျူးခဲ့သည်။

ထိုနေ့မှာပဲ ကျိုးဇီထန်က ထိုကောင်လေးအား အနိုင်ကျင့်တဲ့သူတိုင်းကိုအပြစ်ပေးခဲ့သည်။

ထိုအချိန်မှစ၍ ကျိုးဇီထန်၏ဆက်ဆံရေးသည် ယောက်ျားလေးများနှင့်သာဖြစ်ပြီး နာရီအနည်းငယ်မှတစ်လအထိကြာ ရှည်လာကာ အများအမြင်မှာ ဟာသတစ်ခုလိုဖြစ်နေသည်။

ကျိုးဇီထန်သည် ဟဲရန်ထင်းကို အစွဲအလမ်းကြီးသည့် အဆင့်အထိသဘောကျနေပုံရသည်။

သူ ချင်ယန်ဆီမှ ရိုက်နှက်ခံရပြီးသည်တောင် ဟဲရန်ထင်းအ တွက်စိုးရိမ်နေသေးသည်။

"ဒေါက်တာရှန်း...ချင်ယန့်ကျဲလည်း ဒီလိုစိတ်ကြီးလောက်မယ်လို့ မင်း ထင်လား...?"

ရှန်းထင်းကျိုး : "အင်း ဖြစ်နိုင်တယ်"

ကျိုးဇီထန် ပြင်းပြင်းထန်ထန်တုံ့ပြန်လိုက်သည်။

"အာ...အဲ့လိုဆို မဖြစ်ဘူး၊ အဲ့လို ဒေါသကြီးတဲ့သူလက်ထဲ ငါ့ကောကို အပ်လိုက်ရင် သူအနာဂတ်က သနားစရာကောင်းသွားလိမ့်မယ်"

ရှန်းထင်းကျိုးက ပေါ့ပေါ့ပါးပါးပင်... "အင်း..."

သူ့ထောက်ခံမှုကြောင့် ကျိုးဇီထန်၏လေသံက အားတက်သ ရောဖြင့် "သူတို့ အတူတူ နေလို့မရဘူး၊ ငါ သူတို့ကို ခွဲထုတ်ဖို့ နည်းလမ်းရှာရမယ်"

ရှန်းထင်းကျိုးသည် တိတ်ဆိတ်နေပြီး ဂွမ်းအသစ်အစားထိုးရန် ခေါင်းကို ငုံ့ထားကာ နေရောင်အောက် တွင် နူးညံအိစက်နေသော သူ၏ကိုယ်ရေးအကျဉ်းကို ရှင်းရှင်းလင်းလင်း ပေါ်လွင်စေသည်။

ကျိုးဇီထန်က သူ့ကို ကြည့်ပြီး "ဒေါက်တာရှန်း၊ မင်းက စိတ် ကောင်းရှိမယ့်ပုံပဲ..မင်းမှာ ညီမတွေ ဘာတွေများ ရှိလား?"

ရှန်းထင်းကျိုး : ...!

ဒီကောင်လေး ခေါင်းထဲမှာ ဘာတွေကြံနေတာလဲ ?

အဓိပ္ပါယ်မရှိလိုက်တာ...

ရှန်းထင်းကျိုးသည် သူ့မျက်လုံးများကို ပေါ့ပေါ့ပါးပါးမှိတ်ထားလိုက်ပြီး သူ့လေသံကို တည်ငြိမ်အောင်ကြိုးစားကာ

"မရှိဘူး"

ကျိုးဇီထန် အနည်းငယ် စိတ်ပျက်သွားပြီး "အော်..."

ရှန်းထင်းကျိုးသည် ဆေးထည့်ထားသောဂွမ်းကို ကျိုးဇီထန် ၏ပါးစပ်ထောင့်ရှိ ဒဏ်ရာထဲသို့ တွန်းထည့်ပေးလိုက်သည်။

ကျိုးဇီထန် ချက်ချင်းတုန်လှုပ်သွားပြီး အလိုလိုနောက်ပြန်ဆုတ်သွားကာ "ဒေါက်တာရှန်း၊ ဖြည်းဖြည်းလုပ်ပါ..."

ရှန်းထင်းကျိုးက အနည်းငယ်ပြုံးလိုက်ပြီး "ကောင်းပြီ..."

ကျိုးဇီထန်ကခေါင်းငုံ့ပြီး"ကျွန်တော့်အစ်ကိုရဲ့မိန်းမဖြစ်မယ့်သူကနူးညံ့သိမ်မွေ့ပြီး အကျင့်သိက္ခာရှိရမယ်၊ ချင်ရှစ်ယောင် သေချာပေါက် မဖြစ်နိုင်ဘူး"

ရှန်းထင်းကျိုး : "မင်း ပြောတာမှန်တယ်။"

ချင်ရှစ်ယောင်လို ကြမ်းတမ်းတဲ့ မိန်းကလေးနဲ့ မင်းကောနဲ့ ဘယ်လိုလိုက်ဖက်မှာလဲ...?

ကျိုးဇီထန်၏မျက်နှာသည် အသိအမှတ်ပြုခံရခြင်းအတွက် ရွှင်လန်းမှုနှင့်အတူ သူ့မျက်လုံးများတောက်ပသွားသည်။

"ဒေါက်တာရှန်း၊ မင်းက ကျွန်တော့်အပေါ်ကို နားလည်မှုပေးနိုင်ဆုံး သူပဲ..."

ရှန်းထင်းကျိုး: ???

တကယ်တော့ ရှန်းထင်းကျိုးနားမလည်ပေမယ့် လူကြီးလူ ကောင်းဆန်သော အပြုံးတစ်ခုသာပေးလိုက်သည်။

ကျိုးဇီထန် အားတက်တရောဖြင့်

"ဒေါက်တာရှန်း၊ မင်းက အရမ်းတော်တဲ့လူပဲ"

ရှန်းထင်းကျိုး ထပ်ပြီးပြုံးပြလိုက်သည်။

ရုတ်တရက် သူ့နားထဲတွင် စည်းချက်ကျတဲ့အသံတစ်ခု ထွက်ပေါ်လာသည်။

"ဒေါက်...ဒေါက်...ဒေါက်.."

ဒေါက်မြင့်ဖိနပ်၏ အပြာရောင်အောက်ခင်းကြမ်းပြင်ကို ထိတွေ့နေသည့် အသံတစ်ခုချင်းစီက ရှန်းထင်းကျိုး နားစည်ကို ရိုက်ခက်လို့ လာသည်။

ဒီလမ်းလျှောက်သံက မဖြစ်နိုင်ဘူး...

ရှန်းထင်းကျိုးသည် ခေါင်းကိုဖြည်းညှင်းစွာမော့လိုက်ရာ အရပ်ရှည်သောအသွင်အပြင်တစ်ခု သူ့မြင်ကွင်းတည့်တည့်တွင် ပေါ်လာသဖြင့် သူ့သူငယ်အိမ်များပင် တုန်လှုပ်သွားလေသည်။

ထိုအမျိုးသမီးသည် အနက်ရောင်ကတ္တီပါဝတ်စုံကို ၀တ်ဆင်ထားကာ ဆံပင်မှာ ကောက်ထားပြီး ရှည်လျားသွယ်လျသော လည်ပင်းကို တောက်ပြောင်သော ပုလဲကြိုးဖြင့် စီခြယ်ထား သည်။

ဒါက အတော်လေးကို အံ့သြစရာကောင်းတဲ့ ဝင်ပေါက်တစ်ခုပဲ။

များသောအားဖြင့် ခေါင်းပင် မော်မကြည့်တတ်သည့် ကျိုးဇီထန်ပင်လျှင် အံ့အားသင့်သွားသည်။

"ဘယ်က Disney ရောက်လာတာလဲ ?"

တစ်ဖက်လူမှ သူ၏နေကာမျက်မှန်ကြီးကို ဖြုတ်ပြီးသိသိသာ သာလှပတဲ့မျက်နှာကို မပြမချင်း ရှန်းထင်းကျိုးနှင့် ကျိုးဇီထန် တို့နှစ်ယောက်လုံး နှုတ်ဆိတ်နေဆဲပင်။

ရှန်းထင်းကျိုး ထိတ်လန့်သွားသည်။

သူသည် သမားရိုးကျမဟုတ်သော နည်းလမ်းဖြင့် ဖုန်းနံပါတ်အသစ်တစ်ခုကိုရယူခဲ့ပြီး ချင်ရှစ်ယောင်ထံသို့ စာတိုပေးပို့ခဲ့ခြင်းပင်။

အကြောင်းအရာသည် ရိုးရိုးရှင်းရှင်းသာ… စကားလုံးလေးလုံးပါသော ဤနေရာ၏ လိပ်စာကိုပေးပို့လိုက်ရုံပင်— Golden Chamber Hidden Beauty။

ရှန်းထင်းကျိုးသည် ချင်ရှစ်ယောင်အပေါ် သူ၏နားလည်မှုအပေါ် အခြေခံပြီး ထိုအမျိုးသမီးသည် ငါးစာချ၍ဆွဲဆောင်လို့ရမည့် အမျိုးအစားဖြစ်မှန်းသိသည်။

မမျှော်လင့်ဘဲ သူ၏မှန်းဆချက်တို့ လုံးဝမတိမ်မြုပ်ခဲ့ပေ။ ချင်ရှစ်ယောင် အမှန်ပင်ရောက်လာသည်။

သူ အထက်တန်းကျကျ ၀တ်ဆင်ထားသော်လည်း သူ့ LV လက်ကိုင်အိတ်ထဲ နေကြာစေ့များဖြင့် ပြည့်နှက်နေလောက်မည်ဟု ရှန်းထင်းကျိုးသံသယရှိသည်။

ရှန်းထင်းကျိုးသည် သူနှင့် ထိပ်တိုက်မတွေ့ချင်သော်လည်း အရမ်းနောက်ကျသွားလေပြီ။ ချင်ရှစ်ယောင်က သူ့ကို တွေ့သွားသည်။

"ယွင်ယွင့် ပြောင်ကောဆိုတဲ့ တစ်ယောက်မဟုတ်လား?"

ရှန်းထင်းကျိုးနှင့် ဟဲရန်ထင်းတို့နှစ်ယောက်ကြား ချင်ရှစ်ယောင်၏အကြည့်သည် တုန်လှုပ်သွားလေသည်။

"ရှင်က ဘာလို့ဒီကိုရောက်နေတာလဲ ?"

ရှန်းထင်းကျိုးသည် အနည်းငယ်အပြစ်ရှိသလို ခံစားလိုက်ရပြီး မည်သို့တုံ့ပြန်ရမည်ကို မသိပေ။

ထိုအခိုက်တွင် ကျိုးဇီထန် မတ်တပ်ထရပ်လိုက်ပြီး "မရီး" ဟူ သော စကားတစ်ခွန်းဖြင့် ချင်ရှစ်ယောင်၏အာရုံကို ချက်ချင်း ဖမ်းစားလိုက်လေသည်။

ရှန်းထင်းကျိုး စိတ်သက်သာရာရသွားသလိုခံစားလိုက်ရသည်။

ရှောင်ကျိ၊ ငါတို့ရဲ့ အရှေ့ပိုင်းဌာန... မဟုတ်ဘူး၊ ငါတို့ရဲ့ ဧကရာဇ်ရုံးတော်က မင်းလိုလူကို အပြစ်ပေးဖို့လိုတယ်။

ချင်ရှစ်ယောင် မျက်ခုံးကိုအနည်းငယ်ပင့်လိုက်သည်။

"နင်က ဘယ်သူလဲ ?"

ကျိုးဇီထန် : "ကျွန်တော်က ဟဲရန်ထင်းရဲ့တိတိ…"

ချင်ရှစ်ယောင် ခဏရပ်လိုက်သည်။

"ငါ့ကို မရီးလို့ခေါ်ဖို့က နည်းနည်းစောနေသေးသလားလို့…"

ကျိုးဇီထန်သည် ပို၍ရင်းနှီးသောအပြုံးတို့ဖြင့်

"မစောပါဘူး… ဒါနဲ့ ခင်ဗျား ဒီနေ့ အစ်ကို့နဲ့တွေ့ဖို့ရှိလို့လား…?"

ချင်ရှစ်ယောင်သည် သူ့နောက်ဘက်ရှိ ဗီလာကို တစ်ချက်ဝေ့ကြည့်လိုက်သည်။

"ဒါ နင့်ကောရဲ့ အိမ်လား…?"

ကျိုးဇီထန် ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်၊ အထဲကို လိုက်ပြပေးမယ်လေ…ကျွန်တော့် ကော ဒီနေ့ အိမ်မှာရှိတယ်"

စာသားမက်ဆေ့ချ်အကြောင်း စဉ်းစားရင်း ချင်ရှစ်ယောင်ပိုစိတ်ဝင်စားလာသည်။

"ကောင်းပြီလေ..ကျေးဇူး တိတိ…”

ကျိုးဇီထန်သည် ချင်ရှစ်ယောင်ကို အရှေ့မှခေါ်သွားပြီး သူမအတွက် တံခါးခေါက်ပေးလိုက်သည်။ သူမ အထဲကိုဝင်သွားသည်နှင့် ကျိုးဇီထန်မျက်နှာပေါ်ရှိ အပြုံးက မှေးမှိန်သွားလေသည်။

ရှန်းထင်းကျိုးသည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းသွားသော် လည်း ကျိုးဇီထန်နှင့်အတူ ဗီလာထဲသို့လိုက်လာသည်။

သူ ဒီမြင်ကွင်းကို ကြည့်ဖို့ ရှိမနေသင့်ပေ။ သွေးချောင်းစီးနိုင်ချေရှိသည့် အနေအထားအတွက် သူ ရှင်းရှင်းလင်းလင်းပဲ စိုးရိမ်နေမိသည်။

"ကော"

ကျိုးဇီထန် ကျယ်လောင်စွာအော်လိုက်သည်။

"ကောရဲ့သတို့သမီးလောင်းရောက်နေတယ်…"

ရှန်းထင်းကျိုးသည် ပင်မစစ်မြေပြင်မှ မထင်ရှားသောထောင့်သို့လျင်မြန်စွာ ရှောင်ထွက်သွားသည်။

ဟဲရန်ထင်းသည် ဒုတိယထပ်မှ ဆင်းလာကာ ဧည့်ခန်းထဲတွင် ဝတ်စုံပြည့်ဖြင့်ရပ်နေသော ချင်ရှီယောင်ကို တောက်ပသော မျက်လုံးများဖြင့် မကျေမနပ်လှမ်းကြည့်လိုက်သည်။

ချင်ရှစ်ယောင် ဟဲရန်ထင်းကို ပြုံးပြလိုက်ရင်း

"လမ်းမှာ ရှင့်တိတိနဲ့တွေ့လို့ သူ ကျွန်မကိုခေါ်လာပေးတာ… ကျွန်မလာလို့ ရှင် အနှောင့်အယှက်တော့ မဖြစ်သွားပါဘူးနော်…”

ထိုစကားအနည်းငယ်ဖြင့် သူ ရောက်ရှိလာခြင်း၏ရည်ရွယ် ချက်ကို ပြတ်ပြတ်သားသားရှင်းပြလိုက်သည်။

"ကျွန်မ ဘာသာ ဝင်လာတာမဟုတ်ဘူးနော်...ရှင့်တိတိ ခေါ်လို့လိုက်လာတာ…"

ကျိုးဇီထန်သည် နောက်ဆုံးတွင် အပြစ်အားလုံးကိုခံယူလိုက်ရလေသည်။

ရှန်းထင်းကျိုး : ရှောင်ကျိုးကိုလည်း ကိုယ်ချင်းစာပါဦး…

ဟဲရန်ထင်းသည် ချင်ရှစ်ယောင် ဘက်မလှည့်ခင် ကျိုးဇီထန်ထံသို့ အေးအေးစက်စက်အကြည့် တစ်ချက်ကိုပေးလိုက်သည်။

"ကိစ္စမရှိပါဘူး…ဒါပေမယ့် အခု အိမ်ကနည်းနည်းရှုပ်နေသေးလို့… ငါ မင်းကို နောက်မှ ဖိတ်လိုက်ပါ့မယ်…”

ချင်ရှစ်ယောင်: အော်… သူ ငါ့ကို အတင်းတွေ နှင်ထုတ်ဖို့ စိတ်အားထက်သန်နေတာပဲ... ဒီမှာ တစ်ယောက်ယောက်ကိုဝှက် ထားတဲ့ပုံပဲ..

ချင်ရှစ်ယောင်သည် တည်ငြိမ်သောအမူအရာကိုထိန်းလိုက်သည်။

"ကောင်းပြီလေ …"

သူ စကားပြောပြီးသည်နှင့် အရပ်ရှည်ရှည် ပိန်ပိန်ပါးပါးပုံစံနဲ့ လူတစ်ယောက် ဒုတိယထပ်တွင်ပေါ် လာသည်။

ကျန်းကျီသည် လှေကားထစ်တွင်ရပ်နေကာ သူ့အဝတ်အစားများမှာ အနည်းငယ်တွန့်ကျေနေပြီး နှုတ်ခမ်းဖျော့ဖျော့တွင် သွေးထွက်နေသော ကိုက်ရာ အမှတ်အသားတစ်ခုရှိနေသည်။

ရှန်းထင်းကျိုး : "မြတ်စွာဘုရား… သူတို့ အပေါ်ထပ်မှာ ဘာလုပ်နေကြတာလဲ..?"

ကျန်းကျီ၏ ရှုံ့မဲ့နေသော အသွင်အပြင်ကို မြင်လိုက်ရတော့ ဟဲရန်ထင်းက မေးလိုက်သည်။

"မင်း အဲ့မှာ ဘာလုပ်နေတာလဲ…?"

ကျန်းကျီက ဟဲရန်ထင်းကို အသက်မပါသော မျက်နှာဖြင့် စိုက်ကြည့်ရင်း

"ငါလည်း မင်းရဲ့သတိုးသမီးလောင်းနဲ့ တွေ့လို့မရဘူးလား...?

ဟဲရန်ထင်း၏မျက်လုံးများ မှိတ်တုတ်မှိတ်တုတ်ဖြစ်ကာ အသက်ရှုကြပ်ပြီး မည်သည့်တုံ့ပြန်မှုမှမရှိပေ။

ကျိုးဇီထန်သည် ကျန်းကျီ၏ ဟန်ဆောင်ထားသော လုပ်ရပ်ကို သည်းမခံနိုင်တော့ဘဲ "မင်းကိုယ် မင်း ဘာထင်နေလဲ...? မင်း မနာလိုပြီး ဒီနေရာကို ရောက်နေတာမဟုတ်လား..?"

"မနာလိုတယ် ဟုတ်လား?"

ကျန်းကျီသည် ရယ်ချင်သွားပြီး သူ့ပါးစပ်ထောင့်တွင် လှောင် ပြောင်လိုက်သည့် မျဉ်းကွေးတစ်ခု ကွေးညွတ်သွားသည်။

"John ကို မနာလိုဘူးလား?"

ရှန်းထင်းကျိုး : "ဝိုး"

ချင်ရှစ်ယောင်: "ဝိုး"

ခိုက်ရန်ဖြစ်တော့မည် အနေအထားကိုမြင်လိုက်ရသဖြင့် ချင်ရှစ်ယောင်သည် ကြည့်ရှုရန်အကောင်းဆုံးနေရာဖြစ်သော ရှန်းထင်းကျိုးဘေးသို့ ဆုတ်ခွာသွားသည်။

ဟဲရန်ထင်းမျက်နှာသည် ဖြူဖပ်ဖြူလျော်ဖြစ်သွားပေမယ့် ဒေါသကိုထိန်းပြီး ကျန်းကျီအား

"ဒေါသနဲ့ မပြောနဲ့၊ ငါ ပြီးမှ အကုန်ရှင်းပြမယ်"

ကျန်းကျီက အေးစက်စွာပြန်ပြောသည်။

"ငါ လိုချင်တာ မင်းရဲ့ရှင်းပြချက်မဟုတ်ဘူး၊ ဒါပေမယ့် မင်း ငါ့ကို ဒီလိုမျိုး ဘယ်ချိန်ထိ မလှိမ့်တပတ်လုပ်နေဦးမယ်ဆိုတာတော့ သိရမှဖြစ်မယ်"

ကျိုးဇီထန်က မီးလောင်ရာလေပင့်လိုက်သည်။

"ကော၊ ဒီ အပျော်ဘဲက ကောနဲ့မတန်ပါဘူးလို့ ကျွန်တော်မပြောခဲ့ဘူးလား..?"

သူ စကားမပြီးခင်မှာပင် ဟဲရန်ထင်းက လှည့်လာပြီး ကျိုးဇီထန်ကိုပါးရိုက်လိုက်သည်။

ရှန်းထင်းကျိုး : "အရူးကောက အရူးတိတိကို ရိုက်လိုက်ပြီ..."

ချင်ရှစ်ယောင်သည် လုံးဝစိတ်လှုပ်ရှားသွားပြီး သူ့ လက်ကိုင် အိတ်ကိုဖွင့်ကာ နေကြာစေ့တစ်ထုပ် ထုတ်ပြီး ရှန်းထင်းကျိုးအား လိုချင်လားဟုမေးလိုက်သည်။

ရှန်းထင်းကျိုး - "... အထဲမှာ နေကြာစေ့တွေ တကယ်ရှိနေတာပဲ"

ချင်ရှစ်ယောင်သည် ရှန်းထင်းကျိုး၏လက်ထဲသို့ လက်တစ် ဆုပ်စာထည့်ပေးလိုက်ကာ စတင်ခွာလိုက်ပြီး သိန်းပေါင်းများစွာတန်သောအိတ်ထဲသို့ အခွံများကိုပစ်ထည့်နေပါတော့သည်။

ချကုန်ပြီ..! ချကုန်ပြီ...!

ကျိုးဇီထန်သည် သူ့မျက်နှာကို လှည့်လိုက်ပြီး ပန်းနုရောင်ဆံပင်များက သူ့မျက်နှာကို ဖုံးအုပ်နေသဖြင့် ရှုပ်ပွနေပြီး သူ့အမူအရာကို မြင်ရန်ခက်ခဲသွားသည်။

ခုနစ်စက္ကန့် ရှစ်စက္ကန့်ကြာပြီးနောက် ကျိုးဇီထန်သည် ခေါင်းကိုပြန်မော့ကာ နီရဲသောမျက်လုံးများဖြင့်

"ကော ကျွန်တော့်ကို ရိုက်လိုက်တာလား...?"

"ကော ကျွန်တော့်ကို အမြဲတမ်းအနိုင်ကျင့်နေတာပဲ၊ ကျွန်တော် ကောဘက်မှာ အမြဲမားမား မတ်မတ်ရှိနေပေးခဲ့တာ...ဒါပေမယ့် အခု ဒီအပျော်လင်ကြောင့် ကျွန်တော်ကို ရိုက်လိုက်တာပေါ့!"

ဒီစကားဝိုင်း...

ချင်ရှစ်ယောင်သည် ရှုပ်ပွနေပြီး ရှန်းထင်းကျိုးရဲ့လက်မောင်းကို လှမ်းဆွဲလိုက်ရင်း

"နေပါဦး…ဒီမှာ ဘယ်သူက ဘယ်သူလဲ…?"

ရှန်းထင်းကျိုးက ခပ်တိုးတိုး ပြောလိုက်သည်။

"ရှောင်းကျိုးက ဟဲရန်ထင်းရဲ့အမြီးလေးလေ"

ချင်ရှစ်ယောင် ရှန်းထင်းကျိုးအား "ရှင် ကျွန်မကို နောက်နေတာလား" ဟူသော အကြည့်တစ်ချက်ပေးလိုက်သည်။

ဒီညီအစ်ကိုက ရှုပ်ထွေးနေကြတာလား…?

ကျိုးဇီထန်၏ ရိုးစွပ်စွဲမှုများကို ရင်ဆိုင်ရင်း ဟဲရန်ထင်းမျက် ခုံးပင့်ကာ

"မင်း နေမကောင်းရင် ဆေးရုံသွား…"

ခွက်…~

အသံလာရာမှာ ကျိုးဇီထန်ထံမှ မဟုတ်ပဲ နေကြာစေ့အိတ်ကို လှုပ်ခါရာမှ သိသိသာသာအသံထွက်နေခြင်းပင်။

သူမသည် လေထုအဖွဲ့ဖြစ်သည်။

အသံအကျိုးသက်ရောက်မှုကိုပေးပြီးနောက် ချင်ရှစ်ယောင် က

"သူ အရမ်းရူးတာပဲ၊ သူ့ကို ဆေးထိုးပြီး ရှောင်ကျိုးရဲ့အိပ်ရာပေါ်တင်လိုက်ရအောင်"

ရှန်းထင်းကျိုးက အံ့အားသင့်သွားပြီး "ဘယ်စုံတွဲကိုမဆို အဲ့လိုလုပ်မလို့လား..."

ချင်ရှစ်ယောင်က "တစ်ဖက်က ချစ်ခြင်း‌မေတ္တာမှန်ရင်ပေါ့"

ရှန်းထင်းကျိုး : "..."

စာရေးသူမှတ်စု-

ချင်ကျဲ- "ဒရာမာအတွက် အချိန်တန်ပြီ!"

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment