no
Updating
Tang Ye x Su Chiyue (CP name - Suxingtang)
🔥 ရသစုံရှိုးတစ်ခုမှာ ရုပ်ရှင်ဘုရင်ကြီးနှင့် ချစ်ကြိုက်သွားပြီးနောက် ငါနာမည်ကြီးလာခဲ့တယ် ~အကျဥ်းချုပ်~ စုချီယွဲ့က Danmei ဝတ္ထုသို့ ကူးပြောင်းသွားခဲ့ပြီး အသုံးအဖြုန်းကြီးတဲ့ ဆန်ကုန်မြေလေး လူယုတ်မာတစ်ယောက်ဖြစ်လာခဲ့တယ်။ သူက ပရောပရည်လုပ်တတ်သူမို့ နောက်ဆုံးမှာတော့ ဝမ်းနည်းဖွယ်ကောင်းလောက်အောင် သေဆုံးသွားခဲ့လေရဲ့။ စုချီယွဲ့က သူ့ကိုယ်ပိုင်သေဆုံးခြင်းနည်းလမ်းကို ပြန်သုံးသပ်ကြည့်ပြီး တိတ်ဆိတ်စွာ ပြောလိုက်လေရဲ့ - လိင်မှုကိစ္စကို ရှောင်ကြဥ်ရမယ်၊ လုံခြုံအောင်နေထိုင်ရမယ်။ အချစ်ရသစုံရှိုးအဖွဲ့မှ ဖိတ်ကြားချက်အကြောင်း စုချီယွဲ့က ပိုတွေးကြည့်လေလေ၊ ငြင်းပယ်မိလေလေပင်! ပရိုဂရမ်အဖွဲ့: ငွေပမာဏထပ်တိုးပေးမယ်။ စုချီယွဲ့: ငါ့ကို စဉ်းစားခွင့်ပေးဦး။ အစီအစဉ်အဖွဲ့: နှစ်ဆ! စုချီယွဲ့: စိတ်ဝင်စားမှုတွေ၊ ငွေကြေးကိစ္စနှင့် ရင်ဆိုင်ကြုံတွေ့ရပါက တစ်ခါတစ်လေမှာ မင်းရွေးချယ်တတ်ဖို့လည်း သင်ယူရမယ်လေ။ ဒီတော့ သူ ရွေးချယ်လိုက်တာက ... လက်ခံတာပဲပေါ့။ ရသစုံရှိုးတွင် စုချီယွဲ့မှာ ပိုသတိရှိနေကာ နာနာခံခံရှိလျက် ယဥ်ကျေးချိုသာနေပြီး ကိုယ့်ကိုယ်ကို ခုခံကာကွယ်မှုအပြည့်ရှိနေခဲ့လေသည်။ သို့သော် အေးတိအေးစက်မျက်နှာနှင့် အဆိပ်ပြင်းတဲ့လျှာရှိသော ဒဏ္ဍာရီဆန်ဆန် ရုပ်ရှင်မင်းသားဖြစ်တဲ့ ထန်ယဲ့မှာ အနည်းငယ် ထူးဆန်းနေလျက်။ စုချီယွဲ့ ရေသောက်ချင်လေလေ၊ ထန်ယဲ့က သူ့ပါးစပ်ဆီ ခွံ့တိုက်လာတယ်။ စုချီယွဲ့ ပိုစားချင်လေလေ၊ ထန်ယဲ့က သူ့ပါးစပ်ထဲကို ခွံ့ပေးလာပြန်တယ်။ စုချီယွဲ့က လမ်းလျှောက်ချင်လေလေ ထန်ယဲ့က မင်းသမီးစတိုင် ပွေ့ချီလိုက်ပြန်ရော။ စုချီယွဲ့ ဘာပဲလိုချင်နေပါစေ... ထန်ယဲ့: မင်းကိုပေးမယ်၊ အားလုံး မင်းအတွက်ချည်းပဲ။ #အားအားအား ဘယ်လိုတောင် ပြိုင်ဘက်ကင်းနတ်ဘုရားCPမျိုးလဲကွာ မြန်မြန်လက်ထပ်လိုက်ကြပါတော့# သိပ်မကြာခင်မှာပဲ ထန်ယဲ့က ဝေ့ပေါ်မှာ ပို့စ်တစ်ခုတင်လိုက်လေသည်။ @ထန်ယဲ့: ငါ့ချစ်သူကောင်လေး @စုချီယွဲ့ [လက်တွဲထားတဲ့ဓာတ်ပုံ.jpg] ပို့စ်တင်ပြီးပြီးချင်းမှာပင် #ထန်ရန့်ကွမ်းယောက်# ဆိုတဲ့ hashtagမှာ hotဖြစ်လာခဲ့လျက်။ (ထန်ယဲ့က officialချပြလိုက်ပြီလို့ပြောတာပါ) Fanအုပ်စုကြီးအတွက်မူ မီးပန်းတွေဖောက်ကာ ပွဲကျင်းပကြတော့မည့်အလား၊ ဗုံတွေ မောင်းတွေ တီးခတ်နေကြသည်မှာ အားရပျော်မြူးဖွယ်ပင်။ ဖြတ်သွားဖြတ်လာများ: ဒီfanအုပ်စုကြီးက ရူးနေပြီပဲဟ! idolအချစ်က အလုပ်အပေါ် သက်ရောက်မှုရှိတယ်လေ။ သူတို့က သူတို့ idolကို ချစ်ကြိုက်ဖို့ ဘယ်လိုလုပ်ပြီး တိုက်တွန်းနိုင်ရတာတုန်းဟ? #စုရှောင်ကောရဲ့မျက်နှာဖြူဖြူလေးကလှလိုက်တာ၊ ခြေတံရှည်ရှည်၊ ပျော့ပျောင်းနူးညံ့တဲ့ ခန္ဓာကိုယ်လေးက တွန်းလှဲချဖို့လွယ်လို့ ငါ့ရဲ့ကောကောက အရင်ဆုံးလုပ်လိုက်လိမ့်မယ်၊ တခြားသူတွေကို လုယူခွင့်မပေးနိုင်ဘူး!# စုချီယွဲ့က ထန်ယဲ့ရဲ့ ပေါင်ပေါ်မှာ လှဲအိပ်နေပြီး weiboကို ပွတ်နေကာ ကွန့်မန့်တွေကို ကြည့်ရင်း လွန်စွာ မကျေမနပ်ဖြစ်လာလျက် "ကျွန်တော်က တွန်းလှဲခံရလောက်အောင်ထိ ဘယ်တုန်းက ဒီလောက်နူးညံ့ပြီး အားနည်းသွားရတာလဲ?" ထန်ယဲ့ အနားကပ်လာရင်း "အခုလေးတင်ပဲ..." ပြန်လည်မွေးဖွားလာသော တိုက်ခိုက်သူတွေဟာ နေ့တိုင်း ကောင်းကင်မှ ကျလာတဲ့ ခွေးစာတွေကို စားနေခဲ့ရသလို၊ မီးနဲ့ ရေထဲမှ ထန်ယဲ့အား ကယ်တင်ကြရန် ဆုံးဖြတ်ခဲ့ကြပြီး သူတို့ရဲ့ အမှားတွေကို ဘယ်တော့မှထပ်မလုပ်ကြတော့။ ထန်ယဲ့က သူ့ရဲ့ weiboအကောင့်အတုကို ဖွင့်ကာ - ငါ့ရဲ့ CPက ကောင်းကင်ဘုံက ရွေးချယ်ပေးထားတာပဲ! ဆန်ကုန်မြေလေးဖြစ်ခဲ့ဖူးသော တိုက်ခိုက်သူတစ်သိုက် - ဒီမင်းသားက ရူးနေတာပဲကွာ၊ သူ့ရဲ့ CP fanအဖြစ် သရုပ်ဆောင်ဖို့ အကောင့်အတုဖွင့်တဲ့သူကို မင်းတို့မြင်ဖူးကြလားဟေ? Total Chapters: 190 ++ Genre: BL, Showbiz, Transmigration, Fluff, Romance, Modern Note: ဒီတစ်ပုဒ်ကတော့ Showbizလေးပေါ့နော်။ ကိုယ်ဖတ်ကြည့်နေရင်း သဘောကျသွားလို့ ပြန်ဖို့ ဆုံးဖြတ်လိုက်တာပါ။ ကိုယ်က အချိုကြိုက်လို့ပါ 😘😘 သူက တပိုင်းတပိုင်းကို မဟားတရာရှည်တာမို့လို့ အပိုင်းတွေခွဲပြန်ဖြစ်မှာပါ... M T L က ပြန်မှာဆိုတော့ အဆင်ပြေသလို ပြန်ပေးသွားမှာမို့ လက်ခံနိုင်မှ ဖတ်ပေးကြပါနော်....
Chapter21
fallinginlovewithmovieemperor
1
Chapter22
fallinginlovewithmovieemperor
1
Chapter23
fallinginlovewithmovieemperor
1
Chapter24
fallinginlovewithmovieemperor
1
Chapter25
fallinginlovewithmovieemperor
1
Chapter26
fallinginlovewithmovieemperor
1
Chapter27
fallinginlovewithmovieemperor
1
Chapter28
fallinginlovewithmovieemperor
1
Chapter29
fallinginlovewithmovieemperor
1
Chapter30
fallinginlovewithmovieemperor
1
Chapter31
fallinginlovewithmovieemperor
1
Chapter32
fallinginlovewithmovieemperor
1
Chapter33
fallinginlovewithmovieemperor
1
Chapter34
fallinginlovewithmovieemperor
1
Chapter35
fallinginlovewithmovieemperor
1