no

Font
Theme

[Unicode]

ယခင်ဘဝက မူလပိုင်ရှင်ကြောင့် ဖျော်ဖြေရေးနယ်ပယ်ထိပ်ဆုံးမှနိမ့်ကျသွားခဲ့ပြီး နှင်းတောထဲမှာ ပုန်းရှောင်ခဲ့ရသော ပြန်လည်မွေးဖွားလာသည့်လူတစ်ယောက်ဟာ သူ့ကို မည်သို့ဆက်ဆံလိမ့်မည်လဲဆိုသည်ကို စုချီယွဲ့တွေးပင်မတွေးဝံ့ပါချေ။

ထိုနေ့က ကျန်းဇီဖျင်၏အကြည့်များကို စုချီယွဲ့ ပြန်တွေးမိရင်း တုန်လှုပ်သွားရလျက်။

စုချီယွဲ့သည် Weiboကြည့်ပြီးနောက် အမူအရာပြောင်းလဲသွားသည်ကို ကင်မရာမန်း သတိထားမိလိုက်၍

"ဧည့်သည်တွေနဲ့ အဆင်မပြေမှာကို စိုးရိမ်နေတာလား?"

စုချီယွဲ့လည်း ကင်မရာမန်း၏လက်ကို ဆုပ်ကိုင်မိတော့မလိုပင်။ သူ​ပြောတာ ဘာလို့အရမ်းမှန်နေရတာလဲလို့? သူ အရူးအမူးခေါင်းညိတ်ပြလိုက်ပြီး "ကျွန်တော်က ဆက်ဆံ​ပြောဆိုရာမှာသိပ်မတော်လို့" အထူးသဖြင့် ကျန်းဇီဖျင်နဲ့ပေါ့...

"စိတ်မပူပါနဲ့ ဒီတစ်ခေါက် ဖိတ်ကြားထားတဲ့ ဧည့်သည်တွေရဲ့ ဂုဏ်သတင်းတွေက ဒီအသိုင်းအဝိုင်းထဲမှာ အရမ်းကောင်းကြတယ်" ကင်မရာမန်းက နှစ်သိမ့်ပေးလေသည်။

စုချီယွဲ့လည်း ကင်မရာမန်း၏စကားကို သဘောတူလိုက်သည်။ သူတို့အားလုံးနီးပါး နာမည်ကြီးတွေဖြစ်ကြပေမယ့် အဲဒီထဲမှာ ကျန်းဇီဖျင်က ဘာကြောင့်ရောပါနေရတာလဲလို့?

မဟုတ်သေးဘူး... ကျန်းဇီဖျင်လောက် မတော်တဲ့အတွေ့အကြုံနုသူနောက်တစ်ယောက်ရှိသေးတာပဲ... အဲဒါ သူပဲလေ။

"ဒီလျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ဘယ်သူလဲဗျ?"

ကင်မရာမန်းလည်း ခေါင်းခါပြလာ၏။ "ငါလည်းမသိဘူး"

စုချီယွဲ့သည် Weiboအောက်ရှိ ပရိသတ်တို့၏ မှတ်ချက်များကို ကြည့်ရှုလိုက်သည့်အခါ တခြားဘာကိုမှမမြင်ရဘဲ သူ့အကြောင်း မည်သူမှမှတ်ချက်မပေးထားသည့်နှယ်... တော်ပါသေးရဲ့ တော်ပါသေးရဲ့။

သို့သော်လည်း သူ နောက်တစ်မျက်နှာလှန်လိုက်သည့်အခါ သူ့အကြောင်းအများကြီးအာရုံစိုက်နေကြသည်ကို တွေ့လိုက်ရ၍ အံ့အားသင့်သွားရ၏။

(cmtတွေကို see moreလုပ်တဲ့သဘောပါနော်)

[ဒီအသစ်လေးက ဘယ်သူလဲဟ? သူတို့က နာမည်ကြီးတွေအများကြီး ဖိတ်ခေါ်ထားတာကို၊ ဒီအသစ်လေးက ဘယ်ကပါလာရတာတုန်း?]

[သူက အဆက်အသွယ်နဲ့ဝင်လာတာပဲဖြစ်ရမယ်၊ သူက အရူးအမူးနာမည်ကျော်ချင်လို့ဖြစ်နိုင်တယ်ဟေ့]

[လူတိုင်း သတိထားသင့်ပြီနော်၊ စုချီယွဲ့ဆိုတဲ့ ဒီအသစ်လေးနဲ့ သွားမရှုပ်ကြနဲ့ဦး၊ သူဘယ်လိုပြဿနာတွေရှာမလဲဆိုတာ ဘယ်သူသိမှာလဲ]

[အပေါ်ထပ်​ရေ +1 ငါ့ကောကောကျဲကျဲတို့ကို တကယ်စိတ်ပူလာပြီလို့။ ဒါက Dating reality showလေ၊ အချိန်တန်ရင် CPစန်းတင်ဖို့အတွက် အတင်းအဖျင်းတွေလာတော့မှာ]

[နင်တို့က ဘာလို့ ဒီအပျော်တမ်းလေးအကြောင်းပဲ ပြောနေကြတာလဲဟင်? တစ်ခါမှတောင်မမြင်ဖူးသေးတဲ့လူတစ်ယောက်ကို ဒီလောက်ပြောဆိုနေလိုက်ကြတာ ကောင်းကြသေးရဲ့လား?]

[သူက Weiboမှာ ပို့စ်တောင်မတင်ရဲဘူးဆိုတော့ သူ့ရုပ်က ဒိုင်နိုဆောနဲ့များတူနေလို့များလားနော်? အနက်ရောင်နဲ့ အနီရောင်ဟာ အနီရောင်ပဲလေ နားလည်ရဲ့လားဟယ်?]

[နင်တို့မကြည့်ချင်ရင် မကြည့်နဲ့ပေါ့။ ပြီးတော့ ကျန်းဇီဖျင်နဲ့ ယန်ယွဲ့ကတော့ရော? သူတို့လည်း နာမည်မကြီးကြပါဘူးဟယ်၊ သူတို့အကြောင်းတော့ နင်တို့ဘာလို့မပြောကြလဲ?]

[ကျန်းဇီဖျင်က နာမည်မကြီးပေမယ့် သူ့မှာ တရားဝင်ကုမ္ပဏီရှိတယ်လေ၊ ပြီးတော့ ရှောင်ကောကောက အရမ်းချောတာကို၊ ဘယ်လိုလုပ်တူမှာတုန်းဟဲ့]

[ဒီအပျော်တမ်းလေးက ရုပ်ချောနေရင် ငါ တိုက်ရိုက်လွှင့်ပြီး ချီးစားပြမယ်!]

[အပေါ်ထပ်ကတစ်ယောက်ရေ မလိုပါဘူးနော်၊ သူက ကြည့်ကောင်းတယ်ဆိုရင်ရော]

[ချီးစားချင်နေတဲ့အပေါ်ထပ်ကတစ်ယောက်ရေ liveဘယ်မှာလွှင့်မလဲပြောထားဦး၊ ငါလာစောင့်နေမလို့]

စုချီယွဲ့လည်း အချိန်နှင့်တစ်ပြေးညီလွှင့်နေတဲ့စခရင်လေးထောင့်ကွက်ကို နှိပ်လိုက်သည်...

[တိုက်ရိုက်ထုတ်လွှင့်မှုက မကြာခင်စတော့မှာနော်၊ ငါကတော့ လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်ကဘယ်သူလဲဆိုတာ သိချင်နေတာဟေ့]

[ဒီအပျော်တမ်းလေးက ဘယ်လိုပုံစံရှိမလဲ ငါကြည့်ချင်နေပြီ၊ သူအရမ်းရုပ်ဆိုးရင်တော့ ငါမကြည့်တော့ဘူးလို့]

[အွန်လိုင်းမှာ ဆုတောင်းနေပါတယ်။ လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်က ငါ့ထန်ကောဖြစ်ရင်တော့ အဲဒီအပျော်တမ်းလေး ဘယ်လောက်ပဲရုပ်ဆိုးနေပါစေ သူ့နောက်ကိုလိုက်မယ်ကွာ!]

[ဧည့်သည်က ထန်ယဲ့ဖြစ်စေချင်တယ်ဆိုတဲ့ ဆုတောင်းတဲ့သူရေ နင့်ဦးနှောက်ပျက်နေတာလားလို့၊ ထန်ယဲ့က ရသစုံရှိုးတွေမှာ တစ်ခါမှမပါဝင်ဘူးဆိုတာ မသိဘူးလားဟ?]

စုချီယွဲ့ ခေါင်းညိတ်သဘောတူလိုက်၏။ မည်သည့်ရသစုံရှိုးကမှ ထန်ယဲ့ကို ဖိတ်ခေါ်လို့မရခဲ့ကြပေ။ ထန်ယဲ့ကို ဖိတ်ခေါ်နိုင်ပြီဆိုပါက ratingအတွက် ပူနေစရာမလိုတော့ဘူးလေ။ စပွန်ဆာတွေလည်း ထုတ်လုပ်ရေးအဖွဲ့ဆီကို အရူးအမူးဖုန်းခေါ်ကြမှာ ဖြစ်ကောင်းဖြစ်နိုင်တယ်။

သို့သော်လည်း စုချီယွဲ့ လေယာဉ်ပေါ်မှဆင်းပြီးနောက် မကြာမီ တိုက်ရိုက်ထုတ်လွှင့်မှုစတင်တော့မည်ဖြစ်ကြောင်း အချိန်နှင့်တစ်ပြေးညီစခရင်လေးထောင့်ကွက်က သူ့ကို သတိပေးနေခဲ့သည်။ ဧည့်သည်တစ်ဦးစီတွင် တိုက်ရိုက်ထုတ်လွှင့်သည့်သီးခြားအခန်းတစ်ခုစီရှိကြပြီး ပရိသတ်များက လိုသလိုပြောင်းကြည့်နိုင်ကြသည်။ စုချီယွဲ့က သူ့တိုက်ရိုက်ထုတ်လွှင့်သည့်အခန်းတွင် မည်သူမျှရှိမည်မဟုတ်ကြောင်း တွေးစရာပင်မလို သိထားပေသည်။

အဆိုပါပရိုဂရမ်ကို နာနတ်သီးဗီဒီယိုချန်နယ်တွင် သီးသန့်ထုတ်လွှင့်မည်ဖြစ်ပြီး တည်းဖြတ်ထားသည့်အပိုင်းများကို နာနတ်သီးတီဗွီရုပ်သံတွင် တစ်ပတ်အတွင်းရရှိမည်ဖြစ်သည်။

တစ်နာရီကျော်ကြာပြီးနောက် စုချီယွဲ့သည် သူ့၏ခရီးဆောင်အိတ်ကိုဆွဲကာ လေဆိပ်မှထွက်လာခဲ့ပြီး ကင်မရာမန်းကလည်း သူ့ကင်မရာကိုထမ်း၍ စုချီယွဲ့နောက်မှလိုက်ပါလာခဲ့သည်။

မွန်းတည့်ချိန်တွင် လေယာဉ်ဆင်းသက်ခဲ့၏။ စုချီယွဲ့လည်း နွေးထွေးပူပြင်းလှသော အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး သူ့ခရီးဆောင်အိတ်ထဲမှာ နေရာအများကြီးယူထားသည့် လေဖောင်းဂျာကင်ဟာ သိပ်မလိုအပ်လောက်ဘူးလို့ ခံစားလိုက်ရသည်။

သူသည် အဖြူရောင်ရှပ်လက်တို၊ အပြာနုရောင် ဂျင်းဘောင်းဘီနှင့် အဖြူရောင်အားကစားဖိနပ်ကိုစီးထားပြီး သူ့ရှုပ်ပွနေသောဆံပင်တိုတိုလေးကြောင့် သူ့ကိုကြည့်ရသည်မှာ သန့်ရှင်းပြီး လန်းဆန်းနေပုံရသည်။ သူကား ရွှင်ပြသောကောင်လေးအစစ်ပါပင်။

သူဟာ မူလက အသားဖြူသူဖြစ်၍ ယခု ကောင်းကင်ကြီးကိုမော့ကြည့်လိုက်ချိန်တွင် ရွှေရောင်အလွှာဖြင့်အုပ်ထားသကဲ့သို့ သူ့မျက်နှာပေါ်မှာ နေရောင်ခြည်ဖြာကျနေလျက်၊ သူ့၏အသားအရေမှာလည်း ချွေးပေါက်များကို မမြင်နိုင်လောက်အောင် နူးညံ့လွန်းလှ၏။ အပြာရောင်ကောင်းကင်ကြီး၏နောက်ခံနှင့် သူ့၏မျက်တောင်ရှည်ရှည်များနှင့် ဆွဲဆောင်မှုရှိရှိလည်တိုင်ဖြင့် သူဟာ လှပသောဆီဆေးပန်းချီကားတစ်ချပ်ကဲ့သို့ပင်၊ ကမ္ဘာကြီးထဲကို ဝင်ရောက်လာသည့် elfတစ်ကောင်နှင့်တူနေ၍ လူများကိုအကြည့်ပင်မလွှဲနိုင်စေတော့။

အမှန်တကယ်တွင်မူ စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှာ ဒီအပျော်တမ်းလေးဟာ ဘယ်လိုပုံစံရှိမလဲဆိုသည်ကို သိချင်နေကြသည့်၊ အပျော်လာကြည့်ကြသည့် ကြည့်ရှုသူများဖြင့်ပြည့်နှက်နေလေ၏။

သူတို့မြင်လိုက်ရသည်ကား စုချီယွဲ့က ခရီးဆောင်အိတ်နှင့် လျှောက်ထွက်လာခဲ့ပြီး၊ သည့်နောက် ဤပန်းချီကားအသွင်ဖြစ်ပေါ်လာခဲ့ခြင်းပင်။

[ဖာ့ခ် ဒီလိုအလှလေးက တကယ်ရှိတာလားဟ?]

[ဘုရားရေ ဒါဘယ်လိုအလှတရားမျိုးလဲဟယ်? ပရိုဂရမ်အဖွဲ့က ဘယ်ကတူးထားတာလဲလို့။ ငါဘာလို့မမြင်နိုင်ခဲ့ရတာလဲ?]

[ဒီတော့ ရှောင်ကောကောက ကြာမြစ်ကိုစားတယ်လို့ Weiboမှာပြောခဲ့တဲ့လူရော?]

[Weiboမှာတစ်စုံတစ်ယောက်က ရှောင်ကောကောသာ ရုပ်ချောနေရင် liveလွှင့်ပြီးချီးစားပြမယ်လို့ပြောခဲ့တာကို ငါဘာလို့မှတ်မိနေရတာလဲနော်?]

[ချီးစားပြမယ့်တိုက်ရိုက်ထုတ်လွှင့်မှုကို စောင့်မျှော်နေပြီလို့]

[ဒီရှောင်ကောကောလေးက မဟားတရားရင်းနှီးလွန်းနေတယ်လို့ ဘယ်သူမှမထင်ကြဘူးလားဟင်?]

[ငါရောပဲ... အဲဒါက ထန်ယဲ့ အရင်တစ်ခေါက်က ပွေ့ဖက်ခဲ့တဲ့သူနဲ့တူတယ်နော်]

[အား အား အား... နင်ပြောလိုက်တော့မှပဲ... တကယ်ကြီး ထန်ယဲ့အရင်တစ်ခေါက်ကပွေ့ဖက်ခဲ့တဲ့ ရှောင်ကောကောလေးပဲဟ၊ သူ့မျိုးရိုးနာမည်က စုလေ]

[ဒါဆို လျှို့ဝှက်ဆန်းကြယ်တဲ့ဧည့်သည်က ထန်ကောလို့ ငါမျှော်လင့်လို့ရပြီလားဟင်?]

[ငါတို့ထန်ကော ဒီရှိုးအကြောင်း မသိရင်ပိုကောင်းမှာဘဲနော်။ သူပွေ့ဖက်ခဲ့တဲ့လူက dating reality showတစ်ခုမှာပါဝင်နေပြီး တစ်ခြားတစ်ယောက်နဲ့ အချစ်တွေပြလာခဲ့ရင် ထန်ကော အရမ်းဝမ်းနည်းနေမှာ]

[တော်ပြီ၊ သူက ရုပ်ချောနေရင်တောင် သူကလူယုတ်မာပဲ!]

စုချီယွဲ့သည် သူဟာ ရုတ်ချည်းလူယုတ်မာတစ်ယောက်ဖြစ်သွားခဲ့ကြောင်း မသိခဲ့ချေ။ သူက ပရိုဂရမ်အဖွဲ့၏ ကားပေါ်တက်လိုက်ပြီး အမည်မသိနေရာတစ်ခုဆီသို့ အပြေးအလွှားသွားနေရပြီဖြစ်သည်။

နှစ်နာရီခန့်ကားစီးပြီးနောက် နောက်ဆုံးတွင် ဆုံရပ်သို့ ရောက်ရှိလာလေပြီ။

စုချီယွဲ့ ကားပေါ်မှဆင်းလိုက်သည်နှင့် သူ့မျက်နှာဆီသို့ တိုက်ခတ်လာသောလေမှာ သစ်ပင်ရနံ့၊ မြေဆီလွှာရနံ့များဖြင့် ပြည့်နှက်နေလျက်၊ သစ်သားနှင့်ဆောက်လုပ်ထားသည့် အပန်းဖြေစခန်းတစ်ခုပင်။

ဤနေရာရှိ ရှုခင်းမှာလှပသည့်အပြင် ပတ်ဝန်းကျင်လည်း သာယာလှ၏။ စုချီယွဲ့ ခေါင်းလှည့်ပြီး ကင်မရာမနိးကိုကြည့်၍

"ဒီတော့ ပရိုဂရမ်အဖွဲ့က အားလပ်ရက်အတွက် ဒီလိုနေရာကောင်းတစ်ခု စီစဉ်ပေးထားတာပေါ့နော်?"

ကင်မရာမန်းက စကားတစ်ခွန်းမှပြန်မပြောဘဲ သူ့ကို အလေးအနက်စိုက်ကြည့်နေလျက်၊ အဓိပ္ပါယ်ကတော့ သူ့ဘာသာသူ သဘောပေါက်အောင်လုပ်ပေါ့လေ...

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment