no

Font
Theme

Unicode

[အားးးးး ငါဘာတွေ့လိုက်ရတာလဲ? ငါ့ကိုနှိုးပြီးတော့ ဒီလူက ထန်ယဲ့လို့ပြောပေးကြ!]

[အား အား အား အား အား အားးးးး အောင်း အောင်း အောင်း ... ! ! ! ! ! ]

[နင့်အသံတွေက ငါ့မျက်လုံးတွေနာကျင်စေတယ်နော်၊ နင့်အသံကိုလျှော့ပါဦး~]

[ဘုရားရေ ဒါတကယ်ကြီး ထန်ယဲ့ပဲဟ၊ ဒီတော့ လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ထန်ယဲ့တဲ့လားဟေ?]

[သူတို့ပြောတော့ အဲလူက ညနေမှရောက်မှာဆို? အခု ညနေမရောက်သေးဘူးလေ]

[ဒါဆို လျှို့ဝှက်ဆန်းကြယ်ဧည့်သည်က ထန်ယဲ့မဖြစ်သင့်ဘူးပေါ့နော်]

[ဖြစ်ရမယ်၊ ငါ့ထန်ကောပြောတာ နင်တို့မကြားလိုက်ကြဘူးလား? စုချီယွဲ့နှင့် ဒိတ်ဖို့လာတာလို့ သူပြောလိုက်တာ! ]

[ဘယ်လိုတောင်မှော်ဆန်တဲ့အဖွဲ့မျိုးလဲဟေ? သူတို့က နတ်ဘုရားကို တကယ်ပဲဖိတ်နိုင်တယ်ပေါ့လေ။ ဒီရှိုးအဖွဲ့က ကံကောင်းလွန်းနေတာပဲဟ။ နာနတ်သီးTVကို ဖုန်းခေါ်ပေးကြပါ]

[ငါ့ထန်ကောနဲ့ စုရှောင်ကောကောက တကယ်ပဲ ကောင်းကင်ဘုံက ရွေးချယ်ပေးထားလားဟင်? အမှောင်ထဲကနေ စုရှောင်ကောကောက ငါ့ထန်ကောကို စောင့်နေတာပဲ၊ ​​ငါ့ထန်ကော အရင်တုန်းက တခြားသူတွေကို အရေးမလုပ်ခဲ့တာ အံ့သြစရာမရှိတော့ပါဘူးလေ]

[ပရိသတ်တွေ နိုးထလော့။ ဒါက ဒီတိုင်းရသစုံရှိုးလေးတစ်ခုပါပဲနော်။ ဘာလို့အတည်ကြီးယူနေကြတာတုန်း? အပျော်ပဲကြည့်ကြလေ]

[နောက်ဆုံးတော့ ငါ့ထန်ကော အချစ်နဲ့တွေ့နေပြီပဲ။ တော်သေးလို့ပေါ့ ငါလက်မလျှော့ရသေးတာ၊ ငါ စိတ်လှုပ်ရှားလွန်းလို့ငိုမိပြီ! ]

[ပြောရရင် ကောကောက အရမ်းကြောက်ဖို့ကောင်းနေလို့လား? ဟယ်ဝမ်ကျောင်းနဲ့ တခြားသူတွေ ထွက်ပြေးသွားတာကို ကြည့်လိုက်ဦး၊ သူတို့နောက်ကျောကတောင် နည်းနည်းလေးသောကရောက်နေသလိုလို]

[ဟီးဟီးဟီး... သူတို့ ထန်ကောအိမ်လာပြီး ညစာလာစားမှာကို စောင့်စားနေပါပြီနော်...]

[ညစာလာမစားကြတော့မှာကိုပဲ ငါစိုးရိမ်မိတယ်ဟယ်။ လာရဲတဲ့သူ ဘယ်သူမဆို ငါ့ထန်ကောရဲ့ အကြည့်စူးစူးနဲ့ ရင်ဆိုင်ရလိမ့်မယ်]

[အဲဒီစုချီယွဲ့က ထန်ယဲ့ရဲ့ နာမည်ကြီးမှုကို လိုက်စီးရုံလေးပဲဖြစ်မှာကို ငါကြောက်မိတယ်။ ထန်ယဲ့အတွက်သာမဟုတ်ရင် ပရိုဂရမ်အဖွဲ့က သူ့လို အပျော်တမ်းလေးကို ဖိတ်မှာမဟုတ်ဘူးလို့ ခန့်မှန်းမိတယ်နော်]

[ငါရောပဲ အဲလိုတွေးမိတာ၊ သူသာ ထန်ယဲ့နဲ့ဆက်နွယ်နေသရွေ့ သူ့ကျော်ကြားမှုက ကောင်းကင်ထိမြင့်တက်နေမှာလေ။ ဒီစုချီယွဲ့က ဒီပရိုဂရမ်ကနေ ပွဲဦးထွက်လိမ့်မယ်လို့ ငါမထင်ဘူး]

[ပွဲဦးထွက်တာက ကိစ္စကြီးမို့လို့လား? အနည်းဆုံးတော့ သူ့မှာ မျက်နှာလှလှလေးရှိတယ်လေ]

[အဲဒီနေ့က ထန်ယဲ့ရဲ့ကားကို စုချီယွဲ့လိုက်စီးပြီးနောက်ပိုင်း သူတို့ကြားမှာတစ်ခုခုဖြစ်သွားခဲ့မှာကိုပဲ ငါကြောက်မိတယ်နော်]

[ဝေါင်း တကယ်လား? ဒါ အမှန်ဖြစ်ရင်ကောင်းမှာပဲ!]

စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ထန်ယဲ့ပေါ်လာသည်ကိုမြင်လိုက်ရသောအခါ အင်တာနက်တစ်ခုလုံး ပေါက်ကွဲသွားလေပြီ။

ကွန်မန့်များ အလျင်အမြန်တက်နေပြီး Weiboတွင် #ထန်ယဲ့လျှို့ဝှက်ဆန်းကြယ်ဧည့်သည်# ဟူသောခေါင်းစဉ်မှာ "ပေါက်ကွဲ"နေလျက်။

ရသစုံရှိုးများတွင် တစ်ခါမှမပါဝင်ဖူးသူ ထန်ယဲ့က ဒိတ်တင်းရှိုးတစ်ခုမှာ ပါဝင်လာလိမ့်မည်ဟု မည်သူမျှမထင်မှတ်ထားခဲ့ကြ။

မူလက စုချီယွဲ့၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကို လူ၁၀၀၀ကျော်သာကြည့်ရှုခဲ့သော်လည်း ခုနက ဟယ်ဝမ်ကျောင်းတို့အုပ်စုရောက်လာချိန်တွင် ၂၀၀၀၀ကျော်အထိ မြင့်တက်လာခဲ့သည်။ ယခုအခါ ရုတ်တရက်ကြီး သန်း ၂၀ကျော်တိုးလာပြီး အရေအတွက်သည်လည်းဆက်လက်တိုးနေဆဲ။ အနှီရုတ်တရက်လှိုင်းလုံးကြီးကြောင့် ဆာဗာပင်ပျက်လုနီးပါးဖြစ်ခဲ့ရသည်။

စုချီယွဲ့ ဆိုဖာပေါ်တွင် လဲလျောင်းနေပြီး တဖြည်းဖြည်းနီးကပ်လာသော ထန်ယဲ့မျက်နှာကို ကြည့်ကာ အလိုအလျောက်တံတွေးမျိုချမိသွားလျက်။

မေးလိုက်ပါဦးမယ်... ဒီလိုနတ်ဘုရားလိုမျက်နှာမျိုးနှင့် စိုက်ကြည့်ခံရမယ်ဆိုရင် ဘယ်သူက ခံနိုင်ရည်ရှိမှာလဲလို့?

ဒါပေမယ့်​ သူ့ကိုယ်သူ ထိန်းချုပ်ရမယ်!

သူ ဘေးဘက်ကိုရွှေ့ပြီး ဘေးနားကခေါင်းအုံးကို ပွေ့ဖက်လိုက်ကာ

"ထန်လောင်ရှီး ဒါက တိုက်ရိုက်ထုတ်လွှင့်နေတာလို့၊ တိုက်ရိုက်ထုတ်လွှင့်နေတာ..."

ထန်ယဲ့ ထိုင်ချလိုက်ပြီး

"အင်း ဘာပြဿနာရှိလို့လဲ?"

စုချီယွဲ့: ... ဒါကပြဿနာမဟုတ်လို့လား? ပရိသတ်အားလုံးရှေ့မှာ ဒီလိုအပြုအမူမျိုးက ရှက်ဖို့ကောင်းလွန်းတယ်လေလို့။ ဒါ့အပြင် သူ့ကိုကြည့်နေတဲ့ ကျန်းဇီဖင်းလည်းရှိနေတာကို။

စုချီယွဲ့က ယောကျ်ားတစ်ယောက်အနေနှင့် လူတစ်ယောက်မှာ သမာဓိရှိရမည်ဟု ပိုပြီးခံစားမိသောကြောင့် သူထရပ်ကာ ထန်ယဲ့ကို လေးနက်စွာဖြင့်

"ဟုတ်ပါတယ်... ဘာပြဿနာမှမရှိပါဘူး..."

ထန်ယဲ့အကြည့်ကို ရင်ဆိုင်လိုက်ရသည့်အခါ စုချီယွဲ့၏မောက်မာမှုလေး ရုတ်တရက်ပျောက်ကွယ်သွားရလေပြီ။

ဟင်း... သူက တခြားသူရဲ့လက်မှတ်ထိုးထားတဲ့ဓာတ်ပုံတွေကို ပရိသတ်တွေဆီ မဲဖောက်ပေးခဲ့သေးတယ်...

ဒါ့အပြင် အဲဒီနေ့တုန်းက သူအမူးလွန်သွားပြီး ထန်ယဲ့ကို အိပ်ရာတစ်ခုတည်းမှာ သူနှင့်အတူတူအိပ်ဖို့ ဆွဲခေါ်မိခဲ့တဲ့ကိစ္စကိုလည်း အခုထိ မဖြေရှင်းရသေးဘူးလေနော်။

သူ အပြစ်ရှိသလိုခံစားရပါတယ်နော်!

[ဟား ဟား ဟား၊ ရှောင်ကောကော ရုတ်တရက် မီးငြိမ်းလိုက်ပုံက တအားချစ်စရာကောင်းတာပဲ~]

ထန်ယဲ့က စုချီယွဲ့ကိုခေါ်လိုက်ရာ စုချီယွဲ့ နာနာခံခံလေး အနားရောက်လာပြီး

"ထန်လောင်ရှီး ခင်ဗျားဘာလိုချင်လို့လဲဟင်?"

ထန်ယဲ့က သူ့၏သွယ်လျလျလက်ချောင်းများကိုဆန့်ထုတ်၍ အနက်ရောင်ရှပ်အင်္ကျီကြယ်သီးကိုဖြုတ်ပြီးနောက် ဆိုဖာနောက်ဘက်မှာ သဘာဝကျကျလက်တင်လိုက်ရာ ပျင်းရိပြီး နှစ်လိုဖွယ်ကောင်းသည့်ပုံပေါက်သွားလျက်။

"ထန်လောင်ရှီးလို့ခေါ်သံကြားရတာ အဆင်မပြေဘူး"

"ဒါဆို ကျွန်တော် ဘယ်လိုခေါ်ရမလဲဟင်?"

နာမည်ခေါ်ရတာက ရိုင်းသလိုပဲလေနော်...

ထန်ယဲ့ ခဏစဉ်းစားလိုက်ပြီး

"ကောကောလို့ခေါ်"

စုချီယွဲ့ သူ့တံတွေးသူသီးသွားရကာ မျက်နှာနီရဲသွားသည်အထိ ချောင်းဆိုးသွားရ၏။

ကောကောတဲ့! ရှက်စရာကောင်းလွန်းတယ်လေလို့၊ ဒီနေ့ ထန်ယဲ့က ဘာလို့တခြားတစ်ယောက်လိုမျိုးဖြစ်သွားရတာလဲ? သူသရဲပူးခံလိုက်ရတာများလား?

ထန်ယဲ့ ရေတစ်ခွက်ထည့်ပေးကာ သူ့နောက်ကျောကို ညင်သာစွာပုတ်ပေးလိုက်သည်။

စုချီယွဲ့ အချိန်အတော်ကြာချောင်းဆိုးနေပြီးမှ ရေတစ်ငုံသောက်လိုက်၏။

"ကျေးဇူးတင်ပါတယ် ထန်လောင်ရှီး"

"ကိုယ့်ကို ထန်လောင်ရှီးလို့ မခေါ်နဲ့"

ထန်ယဲ့ သိသိသာသာ မကျေမနပ်ဖြစ်နေချေ၏။ ထန်လောင်ရှီးဆိုတဲ့နာမည်က အရမ်းမရင်းနှီးသလိုကြီးဖြစ်နေတယ်လေ၊ သူတို့ အခုဒိတ်နေကြတာဆိုတော့ ဒီလိုမရင်းမနှီးအသုံးအနှုန်းတွေကို ဘယ်လိုလုပ်ပြီးသုံးရမှာလဲ?

"ကော?"

စုချီယွဲ့ သူ့လျှာသူကိုက်လုနီးပါးဖြစ်သွားရလျက်။ သူ ဘာလို့ ပိုက်ဆံနဲ့သွေးဆောင်ခံလိုက်ရတာပါလိမ့်? ဒါက ရှင်းရှင်းကြီးကို လူမှုရေးအရသေဆုံးခြင်းပဲ ဟုတ်ပြီလား?

စုချီယွဲ့ မူလအသံမှာ ကြည်လင်ပြီး တက်ကြွသည်ကြောင့် သူ့၏ "ကော"လို့ခေါ်သံဟာ သူတို့ပိုရင်းနှီးသွားပုံပေါက်၍ ထန်ယဲ့ကို အလွန်စိတ်ကျေနပ်သွားစေသည်။

[ကောကောက အရမ်းချောတာပဲ၊ အဲဒီလက်ချောင်းတွေ၊ ခြေထောက်တွေ၊ ခါးကိုကြည့်လိုက်၊ awsl ! !]

(awsl = a wo si le ငါသေတော့မှာပဲ)

[အား အား အား စတာနဲ့ အရမ်းချိုနေပြီ! ! !]

[စုရှင်းထန်ဘယ်မှာလဲ၊ ငါနှင့်အတူလိုက်အော်ကြ စုရှင်းထန် is szd!]

(Szd = shi zhen de အစစ်ပဲ)

[Kswl၊ kswl! ! !]

(kswl = ke si wo le ချစ်စရာကောင်း/ချိုလွန်းလို့ ငါ့ကိုသတ်နေတာပဲ)

[ထန်ယဲ့မှာ ဒီလိုဘက်ခြမ်းရှိသေးတာကိုး။ သူက ဘယ်တုန်းကမှ နူးညံ့သိမ်မွေ့ပြီး မပြုံးတတ်ဘူးလို့ ငါထင်ခဲ့တာ]

[စုရှောင်ကောကောရဲ့ အသံက အရမ်းကောင်းတာပဲနော်၊ သူ့အမူအရာလေးက အရမ်းချစ်စရာကောင်းတယ်~]

စုချီယွဲ့ မျက်လုံးမှိတ်ကာ အသက်ပြင်းပြင်းရှူလိုက်ပြီးနောက် ထန်ယဲ့အား မျက်ခုံးလေးတွေကွေးသွားသည်အထိ ချစ်စဖွယ်ကြောင်လေးလိုပြုံးရယ်ပြလိုက်ရင်း

"ရှဲ့ရှဲ့ ကောကော"

ထန်ယဲ့ လက်ဆန့်၍ သူ့ခေါင်းကိုပွတ်လျက်

"ကောင်းတယ်"

"ဒါဆို ကောက ပရိုဂရမ်အဖွဲ့ရဲ့ တရားဝင်မကြော်ငြာထားရသေးတဲ့လျှို့ဝှက်ဆန်းကြယ်ဧည့်သည်ပေါ့နော်?"

စုချီယွဲ့ ထန်ယဲ့ပစ္စည်းများကို ပြန်ကြည့်လိုက်ရာ အနက်ရောင်ခရီးဆောင်အိတ်တစ်လုံးကို တံခါးဝမှာတွေ့လိုက်ရသဖြင့် သူသယ်ပေးရန် လျှောက်သွားလိုက်သည်။

xxx

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment