Ch- 12 : နှင်းမိန်းကလေး - 8
တန်ရှင်းသည် လင်းရှင်းဟယ်၏ ဗီဒီယိုကင်မရာထဲကလူကဲ့သို့ ရှောင်ရှဲ့ဂျီ နှင့်ကျင့်သားရနေပြီဖြစ်သည်။သူမသည် လင်းရှင်းဟယ်ရဲ့ ယုတ်မာသော စွမ်းရည်ကိုတောင် ခံစားမိသည်။သူမ ပန်းပုများ ရွေ့လျားနေသည်ကို ကြည့်ရင်း ဘာမှမခံစားရပါ။
ဒီမြင်ကွင်းက ဘော့စ် ဘေးကနေ ကြည့်နေရသလိုနဲ့တူတယ်!
ဖန်ဇီယွဲ့ သည် ငိုယိုရင်း ကတုန်ကယင်ဖြစ်နေ၏။
တန်ရှင်းက လင်းရှင်းဟယ်ကို တည်တည်ငြိမ်ငြိမ်မေးလိုက်သည်။" ကျန်နေတဲ့ရေခဲပန်းပု တွေ ကော?"
သူမ သည်မီးနှင့် သိပ်မဝေးသော နေရာတွင် ကြောက်လန့်နေသည် အိုဟောင်းပြီး ၊အားနည်းသော၊အဆင်မပြေသော မသန်မစွမ်းဖြစ်နေသော ရေခဲပန်းပုများကိုလက်ညိုးထိုးပြ၏။
"အားလုံးလောင်ကျွမ်းနေတယ်။ဖုံးကွယ်ထားတဲ့အန္တရယ်ရှိတာတွေ မချန်ရစ်ဘူး ဒါ နှင်းမိန်းကလေးရဲ့လက်နက်လေ။အခု သူတို့အားနည်းချက်ကို သူတို့သိသွားကြပြီ ။သေချာပေါက်သူတို့ကို တရှိန်ထိုး သုတ်ပစ်ပစ်ရမယ် နှင်းမိန်းကလေးအတွက် အညစ်အကြေးကိုတောင် ချန်ထားလို့မရဘူး"
"အိုကေ ငါနားလည်ပြီ"
ဖန်ဇီယွဲ့ သည် ထိုအခိုက်အတန့် ကြောက်ဖို့ကောင်းသော အဖွဲ့၏ သဘောသဘာဝကိုခံစားလိုက်ရသည်။သူမ ခွေးခြေထောက်စွမ်းရည်ကိုအသုံးပြု၍ နှာခေါင်းတရူတ်ရူတ်နဲ့ပြောသည်။ "ငါ.. ငါ လည်း ကူညီနိုင်တယ်.."
ဒါကို ကြည့်ရင်း လီချန်ရန် လည်းမတုန့်ဆိုင်းပဲ ချဲ့ယောင်၏ လှေပေါ် မှ ခုန်ဆင်းလိုက်သည်။
ပြောရရင် ချဲ့ယောင် သည် လက်တစ်ဖက် ဆုံးရူံးနေပြီဖြစ်သည်။သူ့ညာလက်သည် မြှားထိမှန်ထားသည်။
"ငါလည်း ကူညီမယ်.."
ချဲ့ ယောင်၏ အပြုအမူ ရုပ်ဆိုးသွားသည်။သူ ဘယ်လောက် ရူးမိုက်သလဲ နားလည်သွား၏။NPC က သူ့ကိုလှည့်စားခဲ့သည်။ရေခဲပန်းပုဥယျာဥ်ထဲ နှင်းမိန်းကလေး၏ လျို့ဝှက်ချက်မရှိဘူး။နှင်းမိန်းကလေး သူတို့ကိုသတ်ဖို့ ကစားမည့် လက်နက်တွေပဲရှိသည်။
ဒီနေရာ မြို့လေးထဲက လူများသည် နှင်းမိန်းကလေးနှင့်အဖွဲ့တူသည်။ဒီနှင်းဖုံးလွှမ်းနေသောမြို့လေး သည် နှင်းမိန်းကလေး၏ စခန်းဖြစ်သည်။
"ငါ .. မမျှော်လင့်ထားခဲ့ဘူး"
ထိုအချိန် ချဲ့ယောင် သည် သူ့မျက်နှာ ဆုံးရူံးမှုကို ဂရုမစိုက်တော့။အရေးအကြီးဆုံး အချက်က ရှင်သန်ဖို့နဲ့ စာမေးပွဲကို ကျော်ဖြတ်ဖို့ဖြစ်သည်။သူသည် ဆွဲ့နိုင် ကွေးနိုင်သေးသည်။သူ ဒဏ်ရာ ၂ ခု ခံစားခဲ့ရသည်။သူ့ နှုတ်ခမ်း သည် တဖြေးဖြေး သွေးရောင်မဲ့နေပြီး သူ့အသံ အားနည်းလာ၏။"ဟုတ်တယ် ငါမမျှော်လင့်ထားဘူး NPC က ငါ့ကို သဲလွန်စ အမှားပေးခဲ့တယ်။ ငါက အမှန်ဖြစ်ရမယ်လို့ ယုံကြည်ခဲ့မိတယ်.."
"ဝန်ထမ်း ရှင့် ကိုပေးတဲ့ သဲလွန်စက လုံးဝအတု မဟုတ်ဘူး။ အဲဒီ သဲလွန်စ က နှင်းမိန်းကလေး နဲ့ ဆက်စပ်နေတာ ဒီဥယျာဥ် ကို နှင်းမိန်းကလေးရဲ့လျို့ဝှက်ချက် လို့ ခေါ် တယ်.."
ချဲ့ယောင် သတိကပ်သွားသည်။ "ငါ ရေခဲပန်းပုကိုရှာနေတာ ကြာပြီရေခဲပန်းပုတွေကို ဂရုတစိုက်ကြည့်ခဲ့တယ် ဘာမှမတွေ့ဘူး"
"ရှင် ဂရုစိုက်တာမလုံလောက်လို့ မဟုတ်ဘူး နားမလည်လို့ပဲ သို့ပေမဲ့ရှင် စာမေးပွဲမေးခွန်းအပြည့်အစုံကိုမတူးခဲ့ဘူး။ငါတို့စာမေးပွဲမေးခွန်းက အချက်အလက်အများကြီးထုတ်ပြထားတယ်။'နှင်းမိန်းကလေးကို သတ်ဖြတ်ပါ'။ဘာလို့ နှင်းမိန်းကလေးကို သတ်ရမှာလဲ? နှင်းမိန်းကလေး ဘာလုပ်လို့လဲ?ငါတို့ အချက်အလက်တွေကိုအရင်စဥ်းစားရမယ် ပြီးမှ နှင်းမိန်းကလေးကို သတ်ပစ်ရမယ်။နှင်းမိန်းကလေး ကို ဘယ်လိုသတ်ပစ်ကြမလဲ?နှင်းမိန်းကလေးမှာ ဘာစွမ်းရည်ရှိမှန်းမသိပဲ သာမန်လူတွေ သတ်ဖို့ကဖြစ်နိုင်ပါ့မလား? မဖြစ်နိုင်ဘူး။ဒါဆို နှင်းမိန်းကလေး မှာ အားနည်းချက်ရှိရမယ်။ဆိုတော့ကားစာမေးပွဲခန်းထဲဝင်ရောက်ပြီးနောက် ရှင် နောက်ခံကို တူးဖော်ရမယ်။အားနည်းချက်ကိုထူးဖော်ပြီးရင် နှင်းမိန်းကလေးကို သတ်နိုင်တဲ့လက်နက်ကို ရှာရမယ်"
[ဒါ မှတ်စုပဲ မှတ်ထား】
[နတ်ဆိုးလင်းရှင်းဟယ်က အွန်လိုင်းမေးခွန်းကို ဘယ်လိုပြန်သုံးသပ်ရမလဲ သင်ပေးနေတာ ]
[ကျောင်းသားဟောင်းတစ်ယောက်အနေနဲ့ လင်းရှင်းဟယ်ပြောတာ အဓိပ္ပာယ်ရှိတယ် လို့ ငါထင်တယ်။ခေါင်းစဥ်အကြောင်းအရာကို ကြည့်ဖို့ ခြေလှမ်း ၃ လှမ်း ယူရမယ်။လူသစ်တွေက တတိယမြောက်၊စတုတ္ထမြောက် စာမေးပွဲကျမှ နားလည်ကြတာ။ပထမဆုံး စာမေးပွဲမှာ သတိမဲ့ကြတယ်။လူသစ်တွေမှာ တောက်ပတဲ့အနာဂတ်ရှိတယ်။】
[ရွယ်ပါ့လင်းရှင်းဟယ်!】
"ကျွန်မ ဒီကိုရောက်တဲ့ ပထမနေ့မှာ ကျွန်မ မော်ကွန်းခန်းထဲ ကို သွားတယ်။ဒီက လူ ၁၆ ယောက် ပျောက်နေတာ သိခဲ့တယ်။သူတို့အားလုံးက ခရီးသွားတွေ၊ဒေသခံ လူတွေမပါဘူး၊အားလုံးက ယောကျာ်းတွေ ချည်းပဲ။သိပ်မကြာဘူး အချိန်က ၃ လလောက်ပဲ။၅ ရက်၊၆ ရက် မြို့ကယောကျာ်တစ်ယောက်ပျောက်တယ်။ရှင်တို့တောင်အောက် မဆင်းခင် ဒီမြို့က လူသူကင်းမဲ့နေတာ လမ်းမပေါ် ဘယ်သူမှမရှိဘူး။ကယ်ဆယ်ရေးစခန်းမှာ ယောကျာ်းတစ်ယောက်မှမရှိဘူး။ကျွန်မ ကို ကယ်ဆယ်တဲ့ လူကလည်း ဒီနေရာ နဲ့ ပတ်သက်လို့ အရမ်းရှောင်တိမ်းတက်တယ်။”
လင်းရှင်းဟယ်က ထပ်ပေါင်းထပ်ပြော၏။"ပြီးတော့ ဒီနေ့ ရှင်တို့ အမှတ်အသားလုပ်ခံရပြီးနောက် မြို့က အသက်ဝင်လာတယ်။ဈေးတောင် ရှိတယ်။အပြင်ဘက်မှာ လမ်းလျှောက်နေတဲ့ ယောကျာ်း တွေရှိတယ်။ဒီနေ့ဈေးမှာ စက်ပစ္စည်းအသေးတွေ၊နေ့စဥ်သုံးလိုအပ်တဲ့ပစ္စည်းတွေ ရောင်းတယ်။ဆန်ခေါက်ဆွဲတန်းမှာလူအပြည့်ရှိတယ်. ။ကျွန်မ အဲဒီ စူပါမားကတ်ထဲ သွားတော့ အစားအသောက်တန်းမှာ ဘာမှကိုမရှိတော့ဘူး။အသင့်စားခေါက်ဆွဲ သိပ်မကျန်တော့ဘူး"
ချဲ့ယောင် သည် လင်းချင်းဟယ်၏ ဂရုစိုက်မှုကြောင့် ထိတ်လန့်သွားသည်။သူ သူမပြောသည်ကို သတိမထားမိခဲ့။သူမြင်ရင်တောင် စဥ်းစားမိမှာမဟုတ်ဘူး။ဒီအတိုင်း ရေခဲနှင့်နှင်းဖုံးလွှမ်းနေတဲ့မြို့လေး လို့ ထင်မိမှာဖြစ်သည်။
"စမ်းသပ်မေးခွန်းရဲ့ ပုံပြင် နောက်ခံကို ကျွန်မ အခြေခံအားဖြင့်မိတ်ဆက်ပေးမယ်။ဇာတ်လိုက် နှင်းမိန်ကလေးနဲ့သူရဲကောင်း ကျန့်ကျောင်း တို့ က လက်ထပ်ထားတာ။သူရဲကောင်းနာမည်တော့မသိဘူး။သို့ပေမဲ့နှင်းမိန်းကလေးနဲ့ ကျန့်ကျောင်း တို့ကို ရေခဲပန်းပု ဥယျာဥ် ထဲ ကျွန်မ ရှာတွေ့ခဲ့တယ်။ကျန့်ကျောင်းက သဲလွန်စချန်ရစ်ခဲ့တယ်။အမှန်ပြောရင် ပုံပြင်တစ်ပုဒ်လုံးကအရမ်းယုတ်မာရက်စက်တယ်။နှင်းမိန်းကလေးနဲ့ ကျန့်ကျောင်းတို့ ဆုံခဲ့တယ်။ကျန့်ကျောင်းက single ၊ နှင်းမိန်းကလေး ကို ချစ်ခဲ့တယ်။သူမကိုလက်ထပ်မယ်လို့ ကတိပေးခဲ့တယ်။သူတို့နှစ်ယောက် ချိုမြိန်တဲ့အချိန်ရှိခဲ့တယ်။သူတို့လည်း နှင်းပန်းပုဥယျာဥ်ဆီ သွားလည်ပတ်ကြတယ်။တူညီသောခရီးသည် တွေဟာ အထူးသဖြင့် နှင်းမိန်းကလေးလို ချစ်မြတ်နိုးတက်တဲ့ မိန်းကလေးကို သတိရဖို့ တစ်ခုခုကို ချန်ရစ်တာကို သဘောကျတယ်။ရေခဲပန်းပုဥယျာဥ်ထဲက အချစ်ရဲ့ဆိုလိုရင်းသင်္ကေတ က ပန်းပုရဲ့အချစ်ပဲ။ချစ်သူတွေရဲ့နာမည်ကို ရေခဲပန်းပုအောက် ရေးထိုးထားခဲ့တယ်..."
"..သို့ပေမဲ့ ကျန့်ကျောင်းမှာ လက်ထပ်ထားတဲ့ မိန်းမ ရှိတယ်။သဘာဝကျစွာနှင်းမိန်းကလေး ရဲ့နာမည်ကို ချန်ရစ်ဖို့က မဖြစ်နိုင်ဘူး။ဒီမြို့က သိပ်မကြီးဘူး။တခြားသူတွေ ရှာတွေ့သွားဖို့က အချိန်မရွေးဖြစ်သွားနိုင်တယ်။သို့ပေမဲ့ နှင်းမိန်းကလေးကို ချောမော့ဖို့ သူ တခြားတစ်ခုကိုသုံးခဲ့တယ်။ဒီနည်းလမ်းကသူတို့နှစ်ယောက်ရဲ့နာမည်ကိုရေးထိုးထားတဲ့ အရုပ်တွေကို ရေခဲပန်းပုတွေအရှေ့ မြုပ်နှံခဲ့တယ်။ကျွန်မရေခဲပန်းပုတွေကို ဖျက်စီးချိန်လှည့်စားတက်တဲ့ ကျန့်ကျောင်းရဲ့အတွေးတွေကိုအစားထိုးခဲ့တယ်။စိတ်အားထက်ထက်သန်သန်ချစ်မြတ်နိုးတဲ့မိန်းမ ကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တယ်”
လင်းရှင်းဟယ်သည် သူမ၏အိတ်ကပ်မှ ရွံ့အရုပ်နှစ်ခုကိုထုတ်လိုက်သည်။
"..နောက်တော့ နှင်းမိန်းကလေးကသူမရဲ့ခံစားချက်တွေကို လှည့်စားခဲ့တာကို ရှာတွေ့ခဲ့တယ်။သူမက ဒေါသတကြီး ကျန့်ကျောင်းကို သတ်ပစ်ခဲ့ပြီး သူ့မိန်းမရဲ့အိမ် ထဲ ချိတ်ဆွဲခဲ့တယ်။ကျွန်မ သူ့မိန်းမမော့ရဲ့အိမ် ဆီ သွားခဲ့တော့ သွေးတွေကိုဖုံးထားတယ်။နံရံကိုဆေးအသစ်သုတ်ထားတယ်။အနံ့အသက်ပဲကျန်ခဲ့တယ်။လွန်ခဲ့တဲ့ ၃လ လောက်က အသတ်ခံရတာလို့ခန့်မှန်းမိတယ်။ပုံပြင်တစ်ပုဒ်လုံးက အရမ်းကိုရိုးရှင်းတယ်။နှင်းမိန်းကလေးက ကျန့်ကျောင်းကို သတ်ခဲ့ပေမဲ့ သူ့မိန်းမကို မသတ်ခဲ့ဘူး။ထို့အစား သူမက အာဏာရှင်နဲ့တူတယ်။တမြို့လုံး ကို နာခံခွင့်ပြုပြီး နောက်ရက်အနည်းငယ်ကြာရင် ယောကျာ်းတစ်ယောက် ယဇ်ပူဇော်ဖို့လိုတယ်။နောက်ပိုင်း မြို့ထဲက လူတွေက ဒါကို ရှာတွေ့သွားပြီး သူတို့အသက်ကိုကယ်ဆယ်ဖို့တခြားနေရာက ယောကျာ်းတွေကို နှင်းမိန်းကလေး ဆီ ပူဇော်ဖို့ နည်းလမ်းရှာဖွေခဲ့ကြတယ်။"
"နှင်းမိန်းကလေးက ဆက်ဆံရေး မကောင်းလောက်ဘူး။ကျန့်ကျောင်း က လူယုတ်မာဖြစ်ပေမဲ့ ယောကျာ်းတွေ အားလုံးမှားယွင်းနေတာလို့ ထင်နေတယ်။အဲဒါကြောင့် ရက်အနည်းငယ်နေတိုင်း ပူဇော်ဖို့ ယောကျာ်းတွေကို ပို့ဖို့ မြို့ထဲက လူတွေကိုပြောခဲ့တယ်"
လင်းရှင်းဟယ်၏ စကားကိုကြားတော့ ရေခဲပန်းပုအဖွဲ့ထဲ ရှိ အသက်ကြီးပြီးအားနည်းတဲ့ စစ်သား ၃ ယောက် ရောက်လာကြသည်။
ဖန်ဇီယွဲ့ ကအားနည်းစွာမေးလိုက်သည်။ "နှင်းမိန်းကလေးက ယောကျာ်းတွေပဲ သတ်တယ် ဒါဆို သူမ ငါ့အပေါ် ဘာလို့အမှတ်အသား လုပ်တာလဲ?"
"နင် ယောကျာ်း သာ သတ်ခဲ့ရင်ယောကျာ်း ကိုသတ်လိုက်တာပဲလေ။နင် ဟင်းသီးဟင်းရွက်ဈေးထဲသွားပြီး အစိမ်းရောင် ကြက်သွန်နဲ့ကြက်သွန်ဖြူကို အမြဲတမ်း ယူရင်ကော အဆင်ပြေလား?"
အဓိပ္ပာယ်ရှိသည် ဖန်ဇီယွဲ့ မငြင်းဆန်နိုင်ပေ။
လင်းရှင်းဟယ်သည် ဖန်ဇီယွဲ့နှင့်တခြားသူများကိုအလွန်ကျေးဇူးတင်မိသည်။သူတို့သာ မရှိရင် နှင်းမိန်းကလေးကို နှောက်ယှက်ဖို့နည်းလမ်းမရှိပါ။အခန်းထဲ ကပ်ထားသော မျက်နှာမဲ့မိန်းမ ၏ အခန်းကဏ္ဍာ သည် အိမ်မက်မက်အောင်လုပ်တာ ဒါမှမဟုတ် အိမ်မက်မဟုတ်ပဲ ထင်ယောင်ထင်မှားဖန်တီးကာ ထင်ယောင်ထင်မှားထဲ အမှတ်အသားပြုကာ အရူးလုပ်ခဲ့သည်။
ပြီးတော့ သူမရဲ့အခန်းထဲက မျက်နှာမဲ့မိန်းကလေး ရဲ့မျက်နှာကို တချက်ရေးဆွဲလိုက်ရုံနဲ့ သက်ရောက်မှု ပျောက်ကွယ်သွားခဲ့တာလေ။ဒါ့ကြောင့် နှင်းမိန်းကလေးက သူမအတွက် ထင်ယောင်ထင်မှားမဖန်တီးနိုင်ခဲ့ဘူး။ရှောင်ရှဲ့ဂျီ က တန်ရှင်းကို ကယ်တင်ခဲ့သည်။
ဒီအဖြစ်အပျက်ကနေ ရှောင်ရှဲ့ဂျီက နှင်းမိန်းကလေး မဟုတ်တာကို သက်သေပြဖို့ဖြစ်လာခဲ့တယ်။
လင်းရှင်းဟယ်သည် ချဲ့ယောင်ကို ဘယ်လိုအမှတ်အသားပြုခံရသလဲ ပြောဖို့အစီအစဥ်မရှိဘူး။သူတို့အားလုံး နှင်းမိန်းကလေး ရဲ့အမှတ်အသား ပြုခံခဲ့ရသည်။ထင်ယောင်ထင်မှားထဲ သူမကို ထိခိုက်စေတာ တစ်ခုခုလုပ်ခဲ့တာကို ပြောဖို့ရာလည်း ခက်ခဲသည်။
သူမ ဂရုစိုက်ရမယ်။
လင်းရှင်းဟယ်၏ စကားလုံးများသည်စာမေးပွဲခန်းထဲက သူမက ကျောရိုးတဖွယ် တဖြေးဖြေးဖြစ်လာစေခဲ့သည်။
"မင်း နှင်းမိန်းကလေးရဲ့ အားနည်းချက်ကိုတွေ့ပြီလား?"
"မတွေ့သေးဘူး သို့ပေမဲ့ နှင်းမိန်းကလေးမှာ အားနည်းချက်ရှိတယ်။အရာအားလုံး အပြန်အလှန်အားဖြည့်ထားပြီး နှင်းမိန်းကလေးက အရာခပ်သိမ်း နိယာမ ကနေလွတ်မြာက်ဖို့မဖြစ်နိုင်ဘူး။ကျွန်မ တို့ဒီရောက်တာ တရက်နဲ့တစ်ဝက်ရှိပြီ။နှင်းမိန်းကလေးရဲ့အကြောင်း မြို့ထဲမှာ ဘယ်သူမှမသိဘူး"
တန်ရှင်းမှ "သို့ပေမဲ့ မြို့ငယ်ထဲကလူတွေက နှင်းမိန်းကလေး ရဲ့ တူညီသော ဘက်တော်သားတွေမဟုတ်လား? သူတို့က ငါတို့ ရန်သူပဲ။ငါတို့ သူတို့ကိုအမှန်တိုင်းပြောရမှလား?”
တန်ရှင်း နည်းလမ်းတစ်ခုတွေးမိပြီးပြောလိုက်သည်။ "ငါတို့ မြို့လေးထဲက လူအချို့ကို မေးမြန်းလို့ရတယ် သူတို့နဲ့ စကားပြောကြည့်မယ်။သူတို့ နှင်းမိန်းကလေး ရဲ့ပတ်သက်တဲ့အကြောင်းအရာကို ထုတ်ဖော်ခွင့်ပြုမယ်။သူတို့ ပုံမှန် နှင်းမိန်းကလေးရဲ့ဘယ်လိုဆက်သွယ်သလဲ သိဖို့ လိုအပ်နေတုန်းပဲ ဒီနည်းလမ်းနဲ့ နှင်းမိန်းကလေးကိုရှာမယ်..အသိုက်ဟောင်းထဲ အိုးတစ်လုံးနဲ့တည်ခင်းရုံပဲ..."
သူမ လင်းချင်းဟယ်နှင့်နေတာ ကြာလို့လားမသိ သူမရဲ့သတ္တိတိုးလာသည်။သူတို့အားလုံး လွင့်မောနေသည်နှင့်တူတယ်။ဘော့စ်ကြီးရဲ့လှောင်အိမ်ကို အိုးထဲ ထည့်မယ်ဖို့ပြောရဲနေတယ်!
သူမ လင်းရှင်းဟယ်ကိုမျှော်လင့်တကြီး ကြည့်၍ပြောသည်။ "ဘယ်လိုထင်လဲ?"
မမျှော်လင့်ထားသည်က လင်းရှင်းဟယ်က "နှင်းမိန်းကလေးရဲ့လက်နက်က ရေခဲနဲ့နှင်းပန်းခြံမှာ ရှိလောက်တယ်။ငါတို့ နှင်းပန်းပု ဥယျာဥ် ကို မီးရိူ့ ပြီးရင်ရေနှင့်နှင်းပန်းခြံကို မီးရိူ့မယ်။အရက်က မလောက်ဘူး. ငါတို့ ဒီလာတဲ့လမ်းတလျှောက် ဆီဆိုင်တွေ့ခဲ့တယ်။နင် ဆီတချို့ သွားခိုးဖို့ စဥ်းစားနိုင်တယ်..."
သူမ လီချန်ရန်နှင့်ဖန်ဇီယွဲ့ ကို ကြည့်၍ပြောလိုက်သည်။ "ဒီတာဝန်ကို နင်တို့နဲ့ ထားလိုက်မယ် နင်တို့ ကိုင်တွယ်နိုင်လား?"
"..ရတယ်!"
လင်းရှင်းဟယ်ပြုံး၍ပြောသည်။ "အိုကေ နင်တို့နဲ့ထားခဲ့လိုက်မယ်.."
တန်ရှင်းက မေးလိုက်သည်။"ငါအခု တင်ပြတဲ့အဆိုပြုချက်က မဖြစ်နိုင်ဘူးပေါ့"
"မဖြစ်နိုင်တာမဟုတ်သလို မသေချာမှုတွေ တအားများတယ်။တစ်ယောက်ချင်းစီကို ကိုင်တွယ်ဖို့ အချိန် ဘယ်လောက် ယူရမလဲ? အချိန်ဘယ်လောက် ကြာသွားမလား? သူတို့ပြောတာ အမှန်ဖြစ်ပါ့မလား? တခြား ပြသာနာများလွန်းတယ်.."
လီချန်ရန်နှင့်ဖန်ဇီယွဲ့ တို့ ဆီဆိုင်မှ ဆီအနည်းငယ်မြန်မြန်ယူကာ ပြန်ရောက်လာကြသည်။
လင်းရှင်းဟယ်သည် သူတို့ ကို ရေခဲနှင့်နှင်း ပန်းခြံကို မီးရိူ့ဖို့ပြောခဲ့သည်။ရေခဲနှင့်နှင်းပန်းခြံ မီးလောင်ဖို့ နာရီဝက် အချိန်ယူရမည်။
လင်းရှင်းဟယ်သည် အရှေ့က မီးတောက်များကို မော့ကြည့်ရင်း တန်ရှင်းကိုပြောလိုက်သည်။ "မြို့ထဲက လူတွေက နှင်းမိန်းကလေးကို ကြောက်တယ်။ရှင်သန်ဖို့ သူတို့ နှင်းမိန်းကလေးနဲ့ အဆင်ပြေမှ ဖြစ်မယ်.."
"ဒါဆို ..နင်က ကျန်းမာရေးနဲ့မညီညွတ်တဲ့ ရေစီးကြောင်းကိုဖယ်ထုတ်ချင်တာလား?"
လင်းရှင်းဟယ်ခေါင်းခါယမ်း၍ပြောလိုက်သည်။ "မဟုတ်ဘူး ငါတို့တွေက ဗီလိန်တွေ။ဗီလိန်ရဲ့ထင်မြင်ချက်ကနေ တွေးရမယ်။ငါတို့နှင်းမိန်းကလေးရဲ့ အုပ်ချုပ်မှုအောက်က မြို့ကို မီးရိူ့ချင်တယ်။ငါတို့ ဒီမြို့ရဲ့ အာဏာရှင်ဖြစ်လာရမယ်!နှင်းမိန်းကလေးထက် ပိုဗီလိန်ဆန်ရမယ်!ဗီလိန်က ဗီလိန်ကိုဖိနှိပ်ရမယ်! ငါတို့ ကြောက်နေမယ်ဆိုရင် အရာအားလုံး အဆုံးမဲ့မှာကို သဘာဝကျစွာ သိထားရမယ်!"
လင်းရှင်းဟယ်အရင်က ဒီလိုဆိုးဝါးတာမျိုး ဘယ်တော့မှ မလုပ်ခဲ့ဖူးပေ။သူမ သည် သူမ၏ ငယ်ရွယ်သောဘဝတစ်ဝက် ထဲက ၏ စည်းမျဥ်းနောက် သို့ လိုက်ခဲ့သည်။သူမ သည်ငယ်ရွယ်သူဖြစ်ပြီး ကောင်းမွန်သော လမ်းကြောင်း ၅ ခုရှိခဲ့သည်။မမျှော်လင့်ထားစွာ စနစ်က သူမက ဗီလိန်ပါလို့ ပြောခဲ့ပြီးနောက် သူမ သည် ဗီလိန် ကမ္ဘာ၏ အပြုအမူများကို ခံစားမိတယ်။နည်းနည်းတော့ နားမလည်နိုင်ဘူးလို့ ခံစားမိသား။နည်းနည်းလေးမိုက်နေသလား လို့ ?"
လင်းချင်းဟယ်မှ "ရိုးသားမှုကတော့ .. ဗီလိန်တွေက ရိုးသားလို့မရနိုင်ဘူး.."