Ch-7 : နှင်းမိန်းကလေး-3
ဝန်ထမ်းတုံ့ဆိုင်းသွား၏။
လင်းရှင်းဟယ် သည် ရုတ်တရက် မျက်ရည်တွေကျလာကာပြောလေသည်။ "ညီမလေး၊သူ့မိန်းမ ဘယ်မှာနေလဲ ပြောပြပါဦး။အဝေးကြီးကနေဘဲ လှမ်းကြည့်ပါ့မယ် လို့ ကတိပေးတယ်။သူ့ကို စိတ်အနှောင့်အယှက် မပေးပါ ဘူး ကျွန်မအမြန်ဆုံးလက်လျော့ပါမယ်။ကျွန်မကို တချက်ငဲ့ပေးပါ။သူ့မှာမိန်းမရှိတယ်၊သို့သော်သူက လူပျိုလို့ပြောပြီး ကျွန်မကိုလိမ်ညာခဲ့တယ်။ဒီလိုဒေါသ ထွက်ပြီး ကျွန်မရဲ့ ခံစားချက်တွေကိုဖြုန်းတီးဖို့မထိုက်တန်ဘူး။ကျွန်မ— အဝေးကြီးကနေ ကြည့်ရုံလေးပါပဲ”
သူမ မျက်ရည်များမိုးရွာသွန်းသလို ငိုယိုလိုက်သည်။
ဝန်ထမ်း ကလည်း မိန်းမသားဖြစ်လို့ ကိုယ်ချင်းစာနာသည်။လင်းရှင်းဟယ်က လှည့်စားခံရသော မိန်းကလေးငယ်ဖြစ်သည်ကိုကြည့်ရင်း ထိုဝန်ထမ်းမှာပျော့ပျောင်းသွား၏။သူမသည် လင်းချင်းဟယ်အား လိပ်စာတစ်ခုပေးရင်း တီးတိုးပြောပြသည်။"အစ်မမော့က သနားဖို့ကောင်းတဲ့သူပါ။အဝေးကနေကြည့်ပါ။သူ့ကို မနှောင့်ယှက်ပါနဲ့"
လင်းရှင်းဟယ် သည် လိပ်စာကိုရခဲ့ပြီး ကယ်ဆယ်ရေးစခန်းမှ ချက်ချင်းထွက်လာခဲ့သည်။
တောင်ခြေရင်းတွင်မြို့ငယ်လေးရှိသည်။အထပ်မြင့် အဆောက်အအုံတွေ မရှိပါ။အိမ်များအားလုံး ကိုယ်တိုင်ဆောက်လုပ်ထားသောအိမ်များဖြစ်သည်။အိမ်အမြင့်သည် တိုသည်။အများစုမှာ နှစ်ထပ်အိမ်များဖြစ်သည်။လမ်းမပေါ်ဘယ်သူမှ မရှိသလောက်ပင်။အိမ်တိုင်း သည်တံခါးကိုပိတ်ပြီး ကုလားကာများကို တင်းတင်းကျပ်ကျပ်ဆွဲထားသည်။
အရောင်းဆိုင် အနည်းငယ်သာ ဖွင့်လှစ်သည်။
လေထန်နေတာကြောင့် ပုံသဏ္ဌန်တစ်ခု သို့မဟုတ် နှစ်ခုကို ယောင်ဝါးဝါးမြင်နိုင်သည်။သူတို့အားလုံးက အမျိုးသမီး တွေဖြစ်သည်။
တံခါးနတ်ဘုရားကို အိမ်တိုင်းရဲ့တံခါး (၂)ခုတွင် တင်ထားသည်။သာမန်တံခါးအများစုမှာ ရိူးတု၊ယုလိန်၊ကျန်းဖေး၊ကွမ်ယုတို့ ဖြစ်သည်။
အနီရောင် စက္ကူပေါ်တွင် အမြဲတမ်း ရေးဆွဲထားသည်။သို့ပေမဲ့ ဒီမြို့လေးက တံခါးနတ်ဘုရားသည် အနီရောင်စကတ်ဝတ်ဆင်ထားသော အမျိုးသမီးပုံဖြစ်သည်. စက္ကူဖြူပေါ်တွင်ရေးဆွဲထားသည်။အနက်ရောင်ဆံပင်များခြေထောက်ပေါ် ပုံကျနေပြီး လက်ဖဝါးအရွယ်အစားရှိတဲ့ မျက်နှာငယ်လေးတွင် ခံစားချက်ကင်းမဲ့၏။
ဒီအမျိုးသမီးရဲ့ပုံက တံခါးတိုင်း၏စက္ကူဖြူပေါ်ရှိသည်။
နေ့ခင်းနှစ်နာရီအချိန်သည် နေ့ခင်းဘက်အတက်ကြွဆုံးအချိန်ဖြစ်သည်။သို့သော်လည်း လင်းရှင်းဟယ်သည်မြင်ကွင်းကို ကြည့်ရုံဖြင့် ရင်တထိတ်ထိတ် ဖြစ်နေသည်။
မကြာခင် သူမ ထိုမြို့ရှိအခြားအိမ်များကဲ့သို့ တင်းကျပ်စွာ ပိတ်ထားသည့်တံခါးကို တွေ့ရှိခဲ့သည်။
သူမ တံခါး ခေါက်ဖို့ကြိုးစားလိုက်သည်။
ဘယ်သူမှ မဖြေဘူး။
... အိမ်ထဲမှာ တစ်ယောက်ယောက်ရှိရမည်။မဟုတ်ရင် ဝန်ထမ်းက သူမကို လိပ်စာပေးမှာ မဟုတ်ဘူး၊အစ်မမော့ က မြို့ထဲမှာမနေဘူးဟုပြောခဲ့သည်။
လင်းရှင်းဟယ်တံခါးကို ထပ်ခေါက်လိုက်သည်။ "ဟယ်လို၊ဟယ်လို၊တစ်ယောက်ယောက် ရှိလား? ကျွန်မ ပိုက်ဆံပြန်ပေးဖို့ရောက်နေတာပါ”
စကားမဆုံးခင် အိမ်အတွင်း၌ လှုပ်ရှားမှုများ ထွက်လာခဲ့သည်။တံခါး၏ညာဘက်ရှိ ပြတင်းပေါက်ကို တစ်ဝက်တစ်ပျက် တွန်းဖွင့်လာသည်။ခေါင်းထွက်လာပြီး သူမကိုစိုက်ကြည့်၍မေးသည်။ "မင်းဘယ်သူလဲ၊ပိုက်ဆံဘယ်လောက်လဲ"
ထိုမိန်းမ သည်အသက် 30 သို့မဟုတ် 40 နှစ် ရှိမိန်းမတစ်ယောက်ဖြစ်သည်။ထိုသူ သည် အစ်မမော့ဖြစ်ရမည်။
"ရှင်က အစ်မမော့ ထင်တယ်။ရှင့်ခင်ပွန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်မကို ပိုက်ဆံနည်းနည်းချေးခဲ့ တယ်။ကျွန်မငွေရေးကြေးရေး အဆင်မပြေလို့ ပြန်မဆပ်နိုင်ခဲ့ဘူး။ဒီနှစ် ကျွန်မရဲ့ အခြေအနေကပိုကောင်းလာတယ်။
ပိုက်ဆံအလုံအလောက် ချွေတာမိခဲ့တယ် …” သူမ ကျောပိုးအိတ်ကို လက်ဖြင့် ပုတ်၍ပြောလိုက်သည်။ “တစ်စုံတစ်ယောက်အပေါ် အကြွေးတင်တဲ့အခါ စိတ်ထဲက ဝန်ထုပ်ဝန်ပိုးကို မကျော်နိုင်ပါဘူး၊လူကိုယ်တိုင် ပြန်ဆပ်ချင်ပေမယ့် သူနဲ့ အဆက်အသွယ် မရခဲ့ဘူး၊သူ ကျွန်မကိုဒီလိပ်စာ ပြောပြဖူးတာကိုသတိရမိသွားပြီး လာခဲ့ရတာပါ။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကိစ္စတွေပါ စိတ်မပူပါနဲ့။"
သူမ ပြောရင်း နှာချေလိုက်သည်။
"... အပြင်မှာ အရမ်းအေးတယ်။လက်ဖက်ရည်သောက်လို့ရမလား၊ပိုက်ဆံပြန်ပေးပြီး လက်ဖက်ရည်သောက်ပြီးရင် ထွက်သွားမှာပါ။ဒုက္ခမပေးပါဘူး”
အစ်မမော့သည် သူမအား အကြိမ်အနည်းငယ် စိုက်ကြည့်နေသည်။လင်းချင်းဟယ်၏ အန္တရာယ်ကင်းသော လိမ္မာရေးခြားရှိသော အသွင်အပြင်နှင့်ရိုးသားသော လေသံကြောင့်အထဲသို့ခွင့်ပြုခဲ့သည်။
လင်းရှင်းဟယ် သည် ဝင်လာပြီးပတ်ဝန်းကျင်ကို အေးအေးဆေးဆေး အကဲဖြတ်သည်။
မျှော်လင့်ထားသလိုပဲ ရှဲ့ဂျီလေး သည်သေဆုံးသွားသော ယောကျာ်း၏ အိမ်အပြင်အဆင်အတိုင်းထင်ယောင်ထင်မှားဖန်တီးခဲ့သည်။ထိုယောကျာ်း သည် ဒီအိမ်၏ ဝင်ပေါက်ရှေ့တွင် တွဲလောင်းချိတ်ရှိနေခဲ့တာဖြစ်သည်။
ယောကျာ်း၏ အလောင်းအောက်တွင် သွေးအိုင်များရှိသည်။ဒီကော်ဇောက ဒီမှာ မဟုတ်ဘူး။
ယခုကောဇောသည် အသုံးပြုထားတာ ကြာလွန်းသော ကောဇောနှင့်မတူပဲအသစ်စက်စက် ဖြစ်နေပုံရသည်။
နံရံများသည် သွေးစွန်းထင်းစရာများမရှိအလွန်သန့်ရှင်းနေသော်လည်း သုတ်ဆေး၏ အနံ့အသက်များ ရှိသည်။
လင်းရှင်းဟယ်သည် အကဲဖြတ်ပြီးနောက် အစ်မမော့ကိုပြောလိုက်သည်။"အစ်မက အိမ်ကို မကြာသေးခင်ကမှ ပြုပြင်မွမ်းမံထားတာများလား?ဆေးနံ့နည်းနည်းပြင်းတယ်။"
"အချိန်အကြာကြီးအသုံးပြုပြီးရင် သဘာဝအတိုင်း ဟောင်းနွမ်းသွားတတ်တယ်။နံရံကို လွန်ခဲ့သည့် ရက်အနည်းငယ်ကပြန်လည်ဆေးသုတ်ခဲ့တယ်။" အစ်မမော့ က ရေနွေးခွက်ကို ယူလာပြီး ဆိုဖာရဲ့ အဆုံးတစ်ဖက်၌ထိုင်ချလိုက်တယ်။သူမ၏ အမူအရာမှာ ကြမ်းတမ်းနေပြီး သူမ၏ မျက်လုံးအောက်တွင် ဖုံးကွယ်၍မရသော အနက်ရောင်ကွင်း(မျက်ကွင်းညိုညို)များရှိသည်။သူမ သည် ထိုင်ချလိုက်ပြီး သူမ၏အဝတ်ထောင့်များကို တင်းတင်းဆုပ်ထားသည်။သူမ အလွန် မသက်မသာဖြစ်နေပုံပင်။
"အစ်မရဲ့ယောကျာ်း အိမ်မှာရှိလား။ကျွန်မ သူ့ကို လူကိုယ်တိုင် ကျေးဇူးတင်ချင်လို့ “
"မရှိဘူး။သူက အလုပ်ကိစ္စနဲ့ အဝေးသွားနေတာ။မင်း သူ့ကို ဘယ်လောက်ပေးရမှာလဲ?”
"လွန်ခဲ့တဲ့နှစ်အနည်းငယ်က သူ ကျွန်မကို ယွမ် ၅၀၀၀ ချေးခဲ့တယ်။အတိုးအပါအဝင် ယွမ် ၆၀၀၀ ပေးပါ့မယ်..." လင်းရှင်းဟယ် သည် သူမရဲ့ ကျောပိုးအိတ်ကိုဖွင့်ပြီး ပိုက်ဆံပေးဖို့ ဟန်ဆောင်သည်။သူမ ဆွဲထုတ်ခါနီးနှာခေါင်းရှုံ့၍ပြောလိုက်သည်။ “အစ်မမော့ ဘာလို့ သွေးနံ့ရနေတာလဲ? ဟိုက ကော်ဇောနားက ရတာ”
အစ်မမော့၏ အမူအရာ အနည်းငယ် တင်းမာသွားသည်။ "မဟုတ်ဘူး၊ငါအိမ်ဖျက်လိုက်လို့”
"သြော်၊ကျွန်မရဲ့ နှာခေါင်းမှာ တစ်ခုခုမှားနေတာနေမယ် စကားမစပ်၊ဒီမြို့က တံခါးနတ်ဘုရားက နှင်းမိန်းကလေးလား? မင်းတို့မြို့မှာ နှင်းမိန်းကလေး ရှိတယ်ဆိုတဲ့ ဒဏ္ဍာရီကို ကျွန်မ ကြားဖူးတယ်။လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အစ်မရဲ့ ယောက်ျားပြောတာကို ကြားဖူးတယ်။သူ ၂၀၁၉ လောက်က နှင်းမိန်းကလေး အကြောင်းပြောခဲ့တယ်”
မငြိမ်မသက်ဖြစ်နေသော အစ်မမော့သည် ရုတ်တရတ် ထရပ်လိုက်ပြီး စူးရှရှအသံထွက်လာသည်။ “နှင်းမိန်းကလေး မရှိဘူး။အပြင်လူတွေကောလာဟလတွေကို မယုံသင့်ဘူး။ပိုက်ဆံမလိုချင်ဘူး။မြန်မြန်ထွက်သွားတော့"
လင်းရှင်းဟယ်သည် လိုချင်တဲ့ အချက်အလက်ကို ရပြီးနောက် ကြာကြာမနေဘဲ အစ်မမော့၏အိမ်က ထွက်လာခဲ့သည်။
လင်းရှင်းဟယ်သည် ဒီခရီးစဥ်တွင် အချက်အလက်များစွာရခဲ့ပြီး ကိစ္စတစ်ခုကို သက်သေပြခနိုင်ခဲ့သည်။
ရှဲ့ဂျီလေး ဖန်တီးထားတဲ့ထင်ယောင်ထင်မှားသည် လက်တွေ့ဘဝကနေ ယူဆောင်ထားတာဖြစ်သည်။
ထင်ယောင်ထင်မှားထဲရှိနေခဲ့သော အစ်မော့ ၏ ယောကျာ်းသည် သေဆုံးသွားခဲ့ပြီဖြစ်သည်။
သို့သော် ကယ်ဆယ်ရေးစင်တာက ဝန်ထမ်းတွေရော အစ်မမော့ကော ထိုယောကျာ်း၏သေဆုံးမှုနဲ့ ပတ်သက်ပြီး ဘာစကားမှ မပြောခဲ့ကြချေ။ဆန့်ကျင်ဘက်အနေနဲ့ ဖုံးကွယ်ဖို့ ကြိုးစားခဲ့ကြသည်။
... ဘာကြောင့်လဲ?
ကယ်ဆယ်ရေးစခန်းကိုလျှောက်လာချိန် ကောင်းကင် မှောင်နေပြီဖြစ်သည်။
မီးတိုင်များ တစ်ခုပြီးတစ်ခုလင်းလက်ချိန် မြို့တစ်မြို့လုံးလင်းလက်သွားသည်။အိမ်တိုင်း သည် မီးများကိုမထွန်းထားပေ။ လမ်းမမီးတိုင်များသည် မြို့တစ်ခုလုံး၏ ပုံရိပ်ကိုအောင်အောင်မြင်မြင်ထင်ဟပ်စေသည်။လမ်းမီးတိုင်များလင်းလက်သွားသောအခါ အိမ်တိုင်း ကပ်ထားသောအနီရောင်ဝတ်စုံဝတ်ဆင်ထားသော တံခါးနတ်ဘုရားမ ပုံရိပ်သည် ပိုပိုကြောက်ဖို့ကောင်းလာခဲ့သည်။
မျက်နှာအသွင်အပြင်မရှိသော်ငြား အနီရောင်မိန်းမ၏မျက်ဝန်းတိုင်းက သူမ ၏အနောက်နီးကပ်စွာကပ်သပ်နေသလိုပင်။
လင်းရှင်းဟယ်,တစ်ယောက် ကယ်ဆယရေးစခန်းကိုပြန်ရောက်ချိန် နောက်ဆုံး တခြားကိုယ်စားလှယ် ၄ ယောက်နှင့်ဆုံခဲ့သည်။
သူတို့ သည် အလွန်အမင်းအေးစက်တုန်ယင်နေကြသည်။သူသည် အပူပေးစက်မှ ရေနွေးကိုသောက်နေကြသည်။
သူတို့ သည် ပင်ပန်းနေကာ မျက်တွင်းချောင်နေ၏။ထောင့်တထောင်ကမိန်းကလေး ၏ပါးနှစ်ဖက်သည် အတွင်းကြေနေလေသည်။
ချဲ့ယောင်နှင့်တခြားသူများသည် လင်းရှင်းဟယ်ကိုမြင်ချိန်တွင် အလွန်အံ့အားသင့်နေသည်။အထူးသဖြင့်လင်းရှင်းဟယ်သည် အသက်ရှင်နေသည်။ကျောပိုးအိတ်လွယ်ထားကာ သူမ၏စိတ်အခြေအနေမှာ ကြိုက်သလောက် စားသောက်ပြီးပုံပေါ်သည်။ထိုကျောင်းသားများ၏မျက်နှာအမူအရာတို့မှာ အံ့အားသင့်နေသောအရိပ်အယောင်တို့ရှိနေသည်။
“မင်း နှင်းတောင်ပေါ် က ဆင်းလာတယ်လား?”
မေးလိုက်သော သူ က ချဲ့ယောင်ဖြစ်သည်။
သူ သည်တောင်အောက် ဆင်းချိန် နှေးကွေးလေးလံသော လူ ၃ ယောက်ကိုခေါ် လာခဲ့ရသည်။လမ်းတလျှောက် တွားသွား သွားရသည်။သူ့အသက်ကိုအကြိမ်များစွာဆုံးရူံးလုနီးပါးဖြစ်ခဲ့သည်။သူ သည် လုံလုံခြုံရှိသော ကယ်ဆယ်ရေးစခန်းကို ရောက်နိုင်ခဲ့သည်။သူ့ကိုယ်သူ အလွန်ဂုဏ်ယူချိန် အကောင်းပကတိရှိနေသောနူးညံ့သော စိတ်အခြေအနေ ထဲဝင်နေသော လင်းချင်းဟယ်ကို တွေ့လိုက်သည်။
သို့ပေမဲ့ လင်းချင်းဟယ်ကလည်း ပြောလာသည်။ “ကျွန်မ တောင်အောက်ဆင်းပြီး ပြေးလာချိန် ကယ်ဆယ်ရေးစခန်းက လူတချို့နဲ့ဆုံခဲ့တယ်။ ကယ်ဆယ်ရေးစခန်းက ဟယ်လီကော်ပတာနဲ့ခေါ် သွားပေးခဲ့တယ်။စကားမစပ် ဒီမှာ အလကားရတဲ့နေ့လည်စာဘူးတွေလည်းရှိတယ်။အနောက်ဘက်၏ညာလက်ခြမ်းမှာ ကန်တင်းရှိတယ်”
ဆန့်ကျင်ဘက် ချဲ့ယောင်၏ အတွင်းထဲက အောင်မြင်ကြွားဝါလိုစိတ် ချက်ချင်းသေသွား၏။ကယ်ဆယ်ရေး ဝန်ထမ်းက ရောက်လာပြီးလင်းချင်းဟယ်ကိုပြောပြသည်. “မင်းရဲ့ပျောက်သွားတဲ့ ပါတနာတွေလား?”
“အင်း ဟုတ်တယ်”
“နှင်းတောင်အောက်ကို ဆင်းဖို့မလွယ်ဘူး။ငါတို့မှာအခန်းပိုရှိသေးတယ်။ညဘက်ကောင်းကောင်းအနားယူကြပေါ့။ငါတို့မြို့မှာ ရာသီကုန်ချိန်ဆို ဟိုတယ်တွေ မဖွင့်တော့ဘူး။မင်းတို့ခြေထောက်နဲ့မင်းတို့ ဟိုတယ်ဆက်ရှာချင်ရင်တောင် မနက်ဖြန်အထိတော့ ငါတို့နဲ့အတူနေလိုက်ပါ”သူမ သည် ရုတ်တရက်ပြုံး၍ပြောလာသည်။ “ခန့်မှန်းချက်အရ ဒီနေ့ဘယ်သူမှလာမှာမဟုတ်လောက်ဘူး။အခန်းတွေက ဗလာသပ်သပ်လည်းဖြစ်နေတာ”
ဝန်ထမ်းက သော့ကို သူတို့ဆီ ဝေငှလိုက်သည်။တစ်ယောက် တခန်း ဖြစ်သည်။
လင်းရှင်းဟယ်၏ အသွင်အပြင် က လှည့်စားဖို့တအားလွယ်လွန်းသည်။ကမ္ဘာကြီးကိုမသိသော ရူးကြောင်ကြောင်နိုင်သည့် အဖြူရောင်ချိုမြိန်သော ကောင်မလေးနှင့်တူသည်။ချဲ့ယောင် သည် တန်ရှင်းနဲ့လင်းရှင်းဟယ်တို့ကို တူညီသောအုပ်စုထဲ ထည့်ထားသည်။သူတို့ သည် ထိန်းချုပ်ဖို့ရန် စကားပြောဖို့သာလိုသည်။“လူသစ်စာမေးပွဲခန်း မှာ ဖယ်ရှားလို့ရတဲ့စနစ်မရှိဘူး။ငါတို့က ရန်သူမဟုတ်ဘူး။ငါတို့အတူပူးပေါင်းပြီးwin-win ဆက်ဆံရေး တည်ဆောက်မယ်။စာမေးပွဲမေးခွန်းက နှင်းမိန်းကလေးကို သတ်ဖို့ပဲ။ငါတို့ ၅ ယောက်အတူလုပ်ဆောင်မယ်။ရှင်သန်ဖို့ ငါ့အမိန့်ကို နာခံပါ။ငါက အပြင်မှာနေရတာကိုအသားကျနေပြီ။ရှင်သန်ခြင်းပြိုင်ပွဲတွေမှာလည်း ပါဝင်ဖူးတယ်။ ကျားတစ်ကောင်ကို ငါ့လက်နဲ့သတ်ဖူးတယ်။ငါ အခုဒီစာမေးပွဲခန်းမှာရှိနေတယ်။ ခေါင်းဆောင်တာဝန်နဲ့ပတ်သက်လို့ ဘယ်သူမှသံသယမဖြစ်ဘူးမလား?”
“မရှိပါဘူး ငါတို့ အစ်ကိုချဲ့ စကားကိုနားထောင်ပါမယ်”
“ဟုတ်တယ် အစ်ကိုချဲ့ က ငါတို့စာမေးပွဲခန်းထဲ ခေါင်းဆောင်ဖြစ်ထိုက်တယ်!”
ဖန်ဇီယွဲ့နှင့်လီချဲ့ယောင်တို့ ပဲ့တင်ထပ်လျက်ကြွေးကြော်ကြသည်။
တန်ရှင်း သည်ဖန်ဇီယွဲ့ သူမကိုစိုက်မကြည့်ခင်အထိ စကားမပြောပေ။သူမ တီးတိုးပြောလာလေသည်။ “... ဟုတ်တယ်”
ချဲ့ယောင် သည် စိတ်ကျေနပ်စွာ ပြောလာသည်။“မင်းတို့ ငါ့စကားနားထောင်သရွေ့ မင်းတို့ ရှင်သန်နိုင်ဖို့ ကတိပေးတယ်. ဒီစာမေးပွဲခန်းထဲ မင်းတို့ကံကောင်းရင်တောင် အသက်ရှင်လျက်မထွက်နိုင်ဘူး။ မင်းတို့စားသောက်ထားတဲ့ တိရိစ္ဆာန်အကောင်ထက်ပိုများတဲ့ သားရဲတွေကိုငါသတ်ခဲ့ဖူးတယ်.။မိန်းကလေး မင်း ငါ့စကားနားထောင်တာ ပိုမှန်တယ်”
လင်းရှင်းဟယ်က ဖြေးဖြေးချင်းပြောလိုက်သည်။“စာမေးပွဲခန်းထဲဖယ်ရှားတဲ့စနစ်မရှိသော်လည်း ကောင်းကောင်းပြုမူသရွေ့ အမှတ်ရနိုင်တယ်။ဒီအချက်ကနေ ပြောရရင် ကျွန်မတို့က ယှဥ်ပြိုင်သူတွေပဲ ရှင့်ကြင်နာမှုကိုနားလည်ပါတယ်”
လင်းရှင်းဟယ် သည် သူတို့ကိုလက်ခါယမ်းပြလိုက်သည်။
“နှုတ်ဆက်ပါတယ် ကျွန်မအရင် ပြန်ပြီးအနားယူလိုက်မယ်”
ချဲ့ယောင် နှာခေါင်းရူံ့၏။“ ငါ ဘာမှမသိပေမဲ့ ငါ့ကောင်းတဲ့ကံက အသားတနှပ်တော့စားနိုင်တယ်လို့တကယ်ထင်တယ်။ငါ့မှာ စိတ်ရှည်မှုများစွာလည်းရှိတယ်လို့ ငါတကယ်ထင်တယ်”
ဖန်ဇီယွဲ့မှ “အစ်ကိုချဲ့ သူမနဲ့မရင်းနှီးနဲ့။သူမ နှင်းမိန်းကလေးနဲ့ဆုံချိန် အစ်ကိုချဲ့ကိုအကူအညီတောင်းလိမ့်မယ်။အဲအချိန်ကျရင် သူမဆီက ကျွန်တော်တို့အမှတ်တွေအများကြီးတောင်းမယ်။သူမ ဆီမှာ မှော်တံမြတ်စည်းရှိတယ်မဟုတ်လား? ကျွန်တော်တို့ ရနိုင်တယ်”
တန်ရှင်း၏ မျက်ဝန်းများ သည် မော့ကာ လင်းရှင်းဟယ်၏ နောက်ကျောကိုကြည့်နေခဲ့သည်။
ချဲ့ယောင် သိရှိသွားကာ တန်ရှင်းကိုဆူပူတော့သည်။“ဒီကောင်မ ကိုကြည့်စမ်း ငါ့မပါရင် မင်းတောင်အောက် ကိုလုံလုံခြုံခြုံဆင်းနိုင်မယ်ထင်လား? ကျက်သရေမရှိတဲ့ခွေးမ မင်း သူမအနောက်ချင်ရင် လိုက်သွား။ဒီညအသက်ရှင်ပါ့မလား ကြည့်နေဦးမယ်”
တန်ရှင်း သည် ခေါင်းငုံ့၍ပြောသည်။ “ဟုတ်ကဲ့ တောင်းပန်ပါတယ်”
ချဲ့ယောင် ထပ်ဆဲဆိုတော့သည်။
ဖန်ဇီယွဲ့နှင့်လီချန်း တို့ကောင်းမွန်သောစကားနှင့်ဆွဲဆောင်တော့မှ ချဲ့ယောင်,တစ်ယောက် လက်လျော့သွားတော့သည်။