Ch-14 : နှင်းမိန်းကလေး -10
ဒေါင်မြောင် သည် အရမ်းလက်တွေ့ဆန်သော အိမ်မက်တစ်ခုမက်ခဲ့သည်။
မြို့ထဲကလူများသည် အမှတ်အသားအလုပ်ခံရသည့်လူတိုင်းကို နှင်းမိန်းကလေးက အချိန်မရွေးသတ်နိုင်သည်ဟု ပြောနေခဲ့ကြသည်။နှင်းမိန်းကလေး၏ အမှတ်အသားအပြုခံရသရွေ့ ကမ္ဘာကြီးအဆုံးသတ်ရင်တောင် ပြန်ဖမ်းနိုင်သည်။
ဒေါင်မြောင် သည် ဒါ အမှန်တရားဆိုတာ သိသည်။
သူ့အစ်ကို သည် နှင်းနှင့်ရေခဲမြို့လေးကထွက်ပြေးသွားခဲ့ပေမဲ့ ၃ ရက်အတွင်း သူမ အစ်ကိုဖြစ်သူကိုမြင်ချိန် သူမ၏ အစ်ကိုသည် ရေခဲပန်းပုဥယျာဥ်၏ တံခါးရှေ့ချိတ်ဆွဲခံရသည်။
ထိုအချိန်ကစလို့ မြို့ထဲ ဘယ်သူမှမထွက်ပြေးရဲတော့။
ပထမဆုံး ၃ ရက်တွင် ၊အမှတ်အသားအပြုခံရသည့်လူ၏ခန္ဓာကိုယ်တွင် သန်မာသော ရနံ့ ရှိတယ်။ဘာရနံ့လည်း မပြောနိုင်ပေမဲ့ ရနံ့ က ကြောက်ဖို့ကောင်းသည်။မြို့ထဲကလူတွေက သေခြင်း၏အနံ့အသက်လို့ပြောကြသည်။
မြို့ထဲက လူအများစုသည် နှင်းမိန်းကလေးကိုမြင်ဖူးသည်။ဒေါင်မြောင်လည်းမြင်ဖူးသည်။နှင်းမိန်းကလေး သူမရဲ့အစ်ကို ကို ရေခဲပန်းပုဥယျာဥ်တွင်ချိတ်ဆွဲစဥ်အချိန်ကဖြစ်သည်။နှင်းမိန်းကလေး တွင် ခြေထောက် အောက်ခြေထိ ပုံကျနေသော ဆံပင်များရှိသည်။အနီရောင်စကတ်ကိုဝတ်ဆင်ထားသည်။သူမ သည် လက်ရှိအခြေအနေ ကို သတိပြုမိပြီး ဖြေးဖြေးချင်းလှည့်ကြည့်သည်။သူမနှင့်တိုက်ရိုက်မျက်နှာချင်းဆိုင်ချိန် မျက်နှာအသွင်အပြင် မရှိပေ။
သူမရဲ့မျက်ဝန်းတွေက မြင်သူတိုင်း၏ခြေထောက်အထိ အေးစက်သွားစေသည်။
ထိုနေ့ကစလို့ နှင်းမိန်းကလေးက အိမ်မက်ဆိုးတည်ရှိမှုဖြစ်လာခဲ့သည်။သူမ သည် ညသန်းခေါင်ယံတွင် အိမ်မက်ပေးပြီး သူမကိုအမြဲတမ်းစိုက်ကြည့်နေသည်ဟု ခံစားရသည်။နောက်ကျ မြို့ထဲက လူများသည် နှင်းမိန်းကလေး သည် အိမ်မက်ထဲ လူသတ်ရတာကြိုက်သည်ဟု ပြောကြသည်။အရက်စက်ဆုံး အရာများပေးပြီး အိမ်မက်ထဲဖော်ပြသည်။နှင်းမိန်းကလေး ကို အိမ်မက်ထဲမက်မြင်ခဲ့ရင် သေခြင်းတရားနဲ့မဝေးတော့ပေ။
ဒေါင်မြောင် သည် တုန်တုန်ယင်ယင်အသက်ရှင်နေရကာ သူမ ဆီ မလာဖို့ တောင်းပန်နေခဲ့သည်။
တညတွင် သူမ၏အိမ်မက်ထဲ စစ်မှန်ပြီး အိမ်မက်ဆန်သော ရင်းနှီးနေကျ အိပ်ရာတွင် ဝိုင်းရံခံရသည်။မျက်ဝန်းဖွင့်ကြည့်၍ နှင်းမိန်းကလေးကိုမြင်ရလိမ့်မလား ဟု တွေးမိပေမဲ့ အခန်းထဲက ပရိဘောဂတိုင်း သွေးများစီးကျနေသည်ကိုမြင်ရသည်။သွေးများ တဖြေးဖြေးစီးကျနေသည့် မြင်ကွင်းကြောင့် သူမ တံခါးဖွင့်တုန့်ပြန်ခဲ့သည်။
သို့ပေမဲ့ သူမ တံခါးဖွင့်အပြင်ထွက်ချိန် သူမ၏ ဘဝတွင် လက်မခံနိုင်ဖွယ်မြင်ကွင်းကိုမြင်လိုက်ရသည်။
သူမ၏မိဘများ သည် အချင်းချင်း လည်ပင်းတွေကို ကိုက်နေကြကာ သူတို့ခေါင်းများ သူမရဲ့ခြေထောက်ဆီ ဘောလုံးတဖွယ် ရောက်လာသည်။အဖြူရောင် ဝတ်ဆင်ထားသော ပုံရိပ်သည် တဖြေးဖြေးခေါင်းလှည့်လာကာ သူ့သွေးများပြည့်နှက်နေသော နှုတ်ခမ်းများ ပြုံးရယ်လာသည်။
ဒေါင်မြောင် ထိတ်လန့်သွား၏။
နှင်းမိန်းကလေး မဟုတ်ဘူး။သူမ ကယ်ဆယ်ရေးစခန်းတွင်တွေ့ခဲ့သော ချိုမြိန်သော မိန်းကလေး။
အမှောင်ညယံထဲတွင် သူမ၏ အသွင်အပြင်သည် အလွန်အမင်းတောက်ပနေသည်။သူမ အနောက်တွင် မီးအလင်းရှိသည်နှင့်တူသည်။သူမ ၏မျက်ခုံးများကွေးတက်နေကာ မျက်ဝန်းတွေက ဆောင်းဦးရေ အလား တောက်ပကြည်လင်သည်။သူမ ၏မသိမသာအပြုံးလေးက နွေဦးအလယ်ရှိ တောက်ပသော လရောင်နှင့်တူပေမဲ့ သွေးများစွန်းထင်နေသည်။အနီရောင်နှုတ်ခမ်း ... သူမ၏ ပါးစပ်ထောင့်တွင် လက်တချောင်းရှိသည်.. ထိုလက်ပေါ် သူမ၏အမေရဲ့ မင်္ဂလာဦးလက်စွပ်ဆိုတာ ရှင်းလင်းသည်။
ဆန့်ကျင်ဘက် ... နှင်းမိန်းကလေး၏ မျက်နှာမရှိသောအသွင်အပြင်ထက်ပိုကြောက်ဖို့ကောင်းသည်။သူမ သည် ဒီနေ့ ကယ်ဆယ်ရေးစခန်းတွင် လင်းရှင်းဟယ်ပြောခဲ့သည်ကို ရုတ်တရက် မှတ်မိသွား၏။
"ရှင်တို့မြို့လေးက အနည်းငယ်စိတ်ဝင်စားဖို့ကောင်းသား။ကျွန်မတို့ ရေခဲပန်းပုဥယျာဥ် ထဲ ပျော်စရာလုပ်ဖို့လာလည်တာ။ရေခဲပန်းပုတွေ ရုတ်တရက် လှုပ်ရှားတယ်လေ။သူတို့ ကျွန်မကို တိုက်ခိုက်ချင်ခဲ့တယ် သို့ပေမဲ့ ရေခဲပန်းပုအဖွဲ့ကိုမကြောက်မိပါဘူး..."
"...ကျွန်မ မီးရိူ့ပစ်ခဲ့တယ် .."
ဒီအကြောင်း စဥ်းစားနေစဉ် အဖြူရောင်ဝတ်စုံဝတ်ဆင်ထားသော လင်းရှင်းဟယ် သည် မျက်မှောင်ကြုံ့နေသည်။သူမ တစ်ခုခုကိုသတိပြုမိချိန် လင်းချင်းဟယ်၏အနောက်တွင် ရုတ်တရက်ဆိုသလို မီးတောက်မီးလျှံ ပေါ်ထွက်လာကာ မီးထဲမှ ပြေးထွက်သွားချိန် မီးတောက်လည်း အနောက်က လိုက်လာသည်ကိုတွေ့လိုက်ရသည်။
ဒေါင်မြောင် လိုက်လာခဲ့ကာ ကြည့်လိုက်တော့ အတော်ကြာ ပျောက်ဆုံးနေသော နှင်းမိန်းကလေးကို တွေ့လိုက်ရသည်။
လင်းချင်းဟယ်ကို မီးတောက်များလွှမ်းမိုးနေပြီး နှင်းမိန်းကလေး ထိပ်တိုက်တွေ့နေ၏။နှင်းမိန်းလေး သည် တစ်ဖက်သတ်နှိပ်စက်ခံရပုံပေါ်သည်။နှင်းမိန်းကလေး မတုန့်ပြန်ခင် မီးတောက်များသည် နှင်းများကိုဖုံးလွှမ်းသွားကာ လင်းရှင်းဟယ်မှ သတ်ပစ်လိုက်ပုံပေါ်၏။
သို့ပေမဲ့ လင်းချင်းဟယ်၏ ဝတ်စုံပေါ် သွေးအစွန်းအထင်းမရှိပေ။သူမ၏ အနောက်က မီးတောက်သည် ထက်မြက်သည် အစွန်းအထင်းများကိုဖယ်ရှားပေးခဲ့သည်။သူမ သည် ငရဲမှ ပြုတ်ကျလာသောနတ်သမီးနှင့်တူပြီး နတ်ဆိုးဆန်မှု အပြည့်ရှိနေ၏။
ဒေါင်မြောင် ကယ်ဆယ်ရေးစခန်းကို အလုပ်လုပ်ဖို့ထွက်လာချိန် လူတိုင်းရှက်ရွံ့နေသည်ကိုရှာတွေ့လိုက်သည်။ကန်တင်းအလယ်တွင် လူတိုင်းမနေ့ညက အိမ်မက်ဆိုးအကြောင်း ပြောနေကြသည်။
လင်းချင်းဟယ် သည် မနက်စာကိုဖြေးဖြေးချင်းစားနေသည်။သူမ၏ဆန့်ကျင်ဘက်တွင် သူမ၏ အပေါင်းအပါ ၃ ယောက်ရှိသည်။
သူမ ဘေးတွင်မိန်းကလေး တစ်ယောက်ရှိသည်။အဲနေ့နှင်းတောင်မှ ခေါ် လာသော မိန်းကလေးမဟုတ်ပေ။ပါးစပ် ၅ ပေါက်ရှိသော မျက်ဝန်းထဲအဖြူရောင်မျက်သားမရှိသော သွေးစွန်းနေသောနှုတ်ခမ်းများရှိသော မိန်းကလေးဖြစ်သည်။
ဒေါင်မြောင်၏အကြည့်ကြောင့် ထိုမိန်းကလေး သတိကပ်သွားပြီး ပါးစပ် ၅ ပေါက်က ပြုံးရယ်ပြသည်။
ဒေါင်မြောင်မှာ လန့်ဖြန့်သွား၏။ထို့နောက် လင်းရှင်းဟယ် မတ်တပ်ထရပ်ပြီး သူမဆီလျှောက်လာသည်ကိုတွေ့လိုက်သည်။
ဒေါင်မြောင် ကို မနေ့ညအိမ်မက်ဆိုး ၏ ကြောက်လန့်မှု တစ်ခါထပ်လွှမ်းမိုးသွားပြန်သည်။လင်းချင်းဟယ်၏ အကြည့်သည် မနေ့ကနဲ့ လုံးဝမတူပေ။ဒေါင်မြောင် တုန်ယင်လာကာ စကားတခွန်းမှပြောမထွက်တော့။သူမ လင်းချင်းဟယ်ကို မကြည့်ရဲ တော့ပဲ အိမ်မက်ထဲက လို ကြောက်လန့်မှုရှိနေ၏။
"၁၀မိနစ်အတွင်း ငါ မင်းတို့ မြို့တော်ဝန်ကိုတွေ့ချင်တယ် ဒီမှာ တွေ့မယ်.."
ဒေါင်မြောင် သည် တုန်တုန်ယင်ယင်ဖြင့် ခေါင်းဆောင်ကိုမေးလိုက်သည်။
ခေါင်းဆောင် သည် မြို့တော် ဝန်နှင့်ဆက်သွယ်ပေးခဲ့သည်။
"မြို့တော် .ဝန်.. မိန်းကလေး ရှိနေတယ်.. မင်းကို ..တွေ့ချင်နေတယ်.."
၅ မိနစ်ကြာပြီးနောက် မြို့တော်ဝန်,တစ်ယောက် အလျင်စလိုရောက်ချလာသည်ကို တွေ့ရသည်။
မြို့တော်ဝန် သည် ရေခဲနှင့်နှင်းမြို့လေး၏ အမျိုးသားမြို့တော်ဝန် ကျားရှီရီ ဖြစ်သည်။သူသည် မွေးတည်းက အရပ်အရမ်းမရှည်ပေ။1.7 မီတာရှိပေမဲ့ သူသည် မငယ်တော့တာသိသည်။ခေါင်းတစ်ဝက် ဆံဖြူများရှိပြီး လင်းရှင်းဟယ် ရှေ့ အကြောက်တလန့်ရပ်နေသည်။
"မြို့တော်ဝန်ကျား ဟုတ်သလား? မင်း ဒီမြို့ကို ကောင်းကောင်းစီမံနေတာပဲ ငါ မင်းရဲ့အရည်အချင်းကို သဘောကျမိတယ် .. ငါ က နှင်းမိန်းကလေး နဲ့မတူဘူး။သူမမှာ ပညာရေးမရှိဘူး။ ငါ သူမကို လူမူရေးသင်ကြားပေးဖို့လက်ခံရရှိခဲ့တယ်။ငါက ယဥ်ကျေးတဲ့လူတစ်ယောက်ပါ။ဒီမြို့က လူတွေ တိုက်ခိုက်သတ်ဖြတ်တာတွေကိုနားမလည်နိုင်လောက်အောင်ပဲ နှင်းမိန်းကလေး ဒီမြို့ကို ဘာလုပ်ခဲ့သလဲ ငါနားမလည်ဘူး ဒါ့ကြောင့် ငါ့ဓားကိုထုတ်ပြီး ကူညီမယ်.."
မြို့တော်ဝန်ကျား သည် အလွန်အမင်းထိတ်လန့်နေ၏.
မီးမိန်းကလေး၏ စကားများသည် ကောင်းပေမဲ့ သူမ သည် မမျှတသည်ကိုမြင်ပြီးနောက် ကူညီဖို့ ဓားထုတ်တာကိုကြည့်ရင် ဒီနည်းလမ်းနှင့် မြို့က လူတွေကိုခြိမ်းခြောက်နေတာဖြစ်သည်။နှင်းမိန်းကလေးနှင့်ယှဥ်ရင် သူတို့နှစ်ယောက် သည် ဗီလိန်တွေဖြစ်ပြီး ဘယ်သူ ပို ဗီလိန်ဆန်သလဲပဲ ကြည့်ရမည်။နှင်းမိန်းကလေး သည် ယောကျာ်း များကို သတ်ပေမဲ့ သူ့အရှေ့မိန်းကလေးကတော့ အားလုံးကိုသတ်သည်။
"နှင်းမိန်းကလေး မသေသေးဘူး ပြန်လာလိမ့်မယ် သို့ပေမဲ့မင်းတို့ စိတ်ပူဖို့မလိုဘူး။ငါ မင်းတို့မြို့ကို ကာကွယ်မယ်.. ငါ ကအမြတ်လိုချင်တယ်လို့မင်းတို့မစဥ်းစားနဲ့ ဘာကြောင့်လဲဆိုတော့ ငါ တကယ်အမြတ်လိုချင်လို့ပဲ မင်းတို့ကိုအလကားမကူညီဘူး .. ပြန်တောင်းမှာ..."
မြို့တော်ဝန်ကျား သည် အံ့အားတကြီးကြည့်နေစဥ် လင်းချင်းဟယ်က ဖြေးဖြေးချင်း ပြော၏။"ငါ ငွေလက်ခံပေမဲ့ ငါ စက္ကူငွေလက်မခံသလို ဘဏ်စနစ်တွေ လက်မခံဘူး။ငါ ရွှေပဲလက်ခံတယ်မင်းတို့ ပြန်ပြီး လူတွေစုပြီး ပြောလိုက်ချည်။ရွှေတုံးဆိုပိုကောင်းတယ်။မင်းမှာ ရွှေတုံးမရှိရင် .. ရွှေဆိုရင်ပဲရတယ်. သေချာပေါက် ငါ မင်းတို့ဟာကိုအချည်းအနှီးမစုဆောင်းဘူး။အပြန်အလှန် ငါ မင်းတို့ကို နှင်းမိန်းကလေး ဆီကနေ ကာကွယ်ပေးမယ် အခုကစလို့ အပြင်လူတွေကို ယဇ်ပူဇော်ဖို့မလိုတော့ဘူး။မင်းတို့မြို့ထဲက ယောကျာ်းတွေ အားလုံး ကောင်းကင်အောက် လွတ်လွတ်လပ်လပ်ရှင်သန်နိုင်ပြီ!"
စားသောက်ပြီးနောက် လင်းရှင်းဟယ် ထပ်ပြော၏။"ထပ်ပေါင်းထည့်ပြောရရင် ဒီက နေရာအစီအမံကလည်း အနည်းငယ်မကောင်းဘူး။ငါ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့နေရာ လိုချင်တယ် နားလည်လား?"
"... နားလည်ပါပြီ.."
လင်းရှင်းဟယ် ရှောင်ရှဲ့ဂျီ ၏ လက်လေးကိုဆုပ်ကိုင်ကာပြောလိုက်သည်။ "ကလေးခန်းတစ်ခန်း ပြင်ဆင်ပေး.."
မြို့တော်ဝန်ကျား သည် ရှောင်ရှဲ့ဂျီလေးကိုကြည့်ရင်း သူ၏အသားအရည်ပြောင်းလဲသွား၏။အတော်ကြာမှ ပြန်ဖြေ၏။" .. ကျွန်တော် နားလည်ပါပြီ.."
မြို့တော်ဝန်ကျား သည် ချက်ချင်း စီမံပေးခဲ့သည်။
နေ့လည်ခင်း ၁၂ နာရီ။
လင်းချင်းဟယ်တို့အဖွဲ့သည် နှိမ့်ချသော ကယ်ဆယ်ရေးစခန်းမှ မြို့လယ်ခေါင်ရှိ ဥယျာဥ်ပါ၊ရေပူစမ်းပါ ၃ ထပ်ဗီလာ ဆီ ပြောင်းရွေ့ခဲ့သည်။အပြင်အဆင်သည် ထူးဆန်းပြီး နန်းတော်သေးတစ်ခုနှင့်တူ၏။
စားပွဲရှည်ပေါ် ဖုံးအုပ်ထားသော စားပွဲခင်း သည် နှစ်လိုဖွယ်အပြည့်ရှိ၏။
တန်ရှင်း၊ဖန်ဇီယွဲ့ တို့ သည် ပထဆုံးစာမေးပွဲတွင် အားလပ်ရက်ပျော်ပွဲစားထွက်ရလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူတို့တွေ သည်မိန်းကလေးများဖြစ်သည်။နှင်းမိန်းကလေး မိန်းမတွေကိုသတ်ရတာ မကြိုက်မှန်းသိပြီးနောက် အခုဗီလာ၏ ပတ်ဝန်းကျင်ကိုကြည့်ရင်း သူတို့နှလုံးသား ပျော်ရွှင်မှုများပြည့်နှက်နေ၏။
သို့ပေမဲ့ တန်ရှင်း အနည်းငယ်စိတ်ပူနေ၏။"NPC ကို ဖျံကျတာ အဆင်ပြေပါ့မလား?စာမေးပွဲခန်းထဲ ခြိမ်းခြောက်တဲ့စည်းကမ်းနဲ့ညှိနေမလား?"
လင်းရှင်းဟယ် မှ "ခြိမ်းခြောက်တာမဟုတ်ဘူး တခြားစာမေးပွဲဖြေဆိုသူတွေကကြားထားတယ်။အပြင်ကို သယ်ယူလို့ရသရွေ့ ကိုယ့်ပိုင်ဆိုင်မှုအဖြစ် ထည့်တွက်တဲ့ ငါတို့အဲအရာတွေ ယူသွားနိုင်တာပဲ ဘာလို့ အပြင်သယ်မထုတ်ရမှာလဲ?"
တန်ရှင်း မှ "အင်း.."
"နောက်စာမေးပွဲခန်းက ဘယ်လိုလာမလဲ ဘယ်သူမှမသိဘူး။သို့ပေမဲ့ ရွှေက နိုင်ငံတကာငွေကြေး အဖြစ်အသုံးပြုလို့ရတယ်။အများဆုံး စာမေးပွဲခန်းထဲ အသုံးပြုလို့ရတယ် ငွေက အမြဲတမ်းကောင်းတဲ့အရာပဲ။လူအိုကြီးတွေက ပြောတယ် ငွေက သုံးရင် ကုန်တယ်တဲ့ .. ငါ့ဘဝကဲ့သို့ အရေးကြီးတာမရှိဘူး ဒါ့အပြင် သူတို့ငွေက အသုံးမဝင်လို့ ငါမယူဘူး။သူတို့ငွေက အရေးမကြီးဘူး.."
လင်းရှင်းဟယ် အပြုံးဖြင့်ပြောသည်။ "လူတိုင်း ကိုယ်ဝေစု ကိုယ် ရမှာပါ .."
တန်ရှင်း သည် နိုင်မယ်လို့ မထင်ထားသည့်အပြင် ရွှေပါရဦးမည်ဆိုတော့ ခေါင်းဆောင်လင်းရှင်းဟယ် ၏ ဂိုဏ်းတပည့်သားအဖြစ်နေဖို့ပိုဆုံးဖြတ်ချက် ချလိုက်တော့သည်။
နောက်ကျမကျန်ခဲ့ချင်သည့် ဖန်ဇီယွဲ့ သည် လည်း လင်းရှင်းဟယ် ဘက်ဆီ အမြန်ရောက်လာကာ ရေပူရေချမ်းကမ်းလှမ်းတော့သည်။
လီချန်ရန်သည် လင်းချင်းဟယ်ကို သံသယဝင်ဆဲပင်။မနေ့ည ရိူး operation ကို မြင်ပြီးနောက် ဒီနေ့ ရွှေပါ ရဦးမည်ဆိုတော့ တုန့်ဆိုင်းချင်းမရှိပဲ လင်းချင်းဟယ်၏ ဂိုဏ်းထဲဝင်ပါလိုက်တော့သည်။
သူတို့ ၃ ယောက် သည် လင်းချင်းဟယ်၏ ဂိုဏ်းနာမည်ကိုသီးသန့်အမည်တစ်ခုပေးခဲ့သည်.- Koi နတ်ဘုရားမဂိုဏ်း။
တိုက်ရိုက်ထုတ်လွှင့်မှု ထဲတွင် မြည်ဟီးနေခဲ့သည်။
[ငါ တအားရယ်ချင်တာပဲ။လူးလှိမ့်ပြီး ရယ်နေပါပြီ နော် .. ဟား..ဟား.. အရမ်းရယ်ရတာပဲ။လင်းချင်းဟယ်ရဲ့ရိူး operation အောက် လူသစ်လေး တန်ရှင်းရဲ့တိုက်ရိုက်ထုတ်လွှင့်မှုလည်း အရမ်းစိတ်ဝင်စားဖို့ကောင်းလာတယ်】
[ဝူး.. ငါ လည်း လင်းရှင်းဟယ် နဲ့စာမေးပွဲတခန်းထဲကျချင်တယ်.. ငါလည်း အနိုင်ယူချင်တယ်။ရွှေလည်း ဝေစုလိုချင်တယ် ငါဆုံးဖြတ်လိုက်ပြီ! ငါလည်း Koi နတ်ဘုရားမ ဂိုဏ်းထဲဝင်မယ်!! အခုကစလို့ ငါက Koi နတ်ဘုရားမရဲ့ ဂိုဏ်းထဲက တပည့်သားပဲ!】
[လင်းရှင်းဟယ် ငါ့ကို ကြည့်ပါ! ငါလည်း လုပ်နိုင်တယ်..! ငါ လည်း ရှောင်ရှဲ့ဂျီလေးအတူ ချိတ်ဆက်တက်တယ်..! ငါလည်း အသုံးဝင်တဲ့လူ ဖြစ်ချင်တယ်။ငါ မင်းရဲ့အိပ်ရာ ကိုနွေးအောင် လုပ်ပေးနိုင်တယ်!】
[မနေ့က လင်းရှင်းဟယ်က ဒီမြို့လေးကိုမသိမ်းပိုက်ဘူးလို့ ပြောခဲ့တဲ့လူ ဘယ်မှာလဲ? မျက်နှာအရိုက်ခံရနေပြီ ဟား..ဟား..】
[ဒီoperation က လူသစ်လေး anchor မွေးဖွားလာပြီ လုံးဝကို 666 ပဲ။သူမက နှင်းမိန်းကလေး ရဲ့အုပ်ချုပ်မှုအောက်က မြို့ကိုသိမ်းပိုက်ပစ်ခဲ့တယ်။အခု သူမက မိုးရွာသွန်းတဲ့နေ့လိုဟန်မဆောင်ပဲ စတင် ခြိမ်းခြောက်ငွေတောင်းနေပြီ.. ။အာမဟုတ်ဘူး .. သူမက မြို့တော်ဝန် နဲ့ အပေးအယူလုပ်တာ.. သူမ က ဗီလိန်ကြီးမဟုတ်ရင် ဘယ်သူက ဗီလိန်ဖြစ်မလဲ လို့တွေးမိတယ်】
[အိမ်တော် ၂ ခု : ရေခဲနှင့်မီးက ကောင်းကင်ကို လွှမ်းမိုးနိုင်တဲ့ အကြောက်တရားပဲ။အရမ်းမိုက်လိုက်တာ ဟားဟား.】
[လင်းရှင်းဟယ် က နွားဖြူကြီး!】
[တိတ်တဆိတ်စကားပြောကြနော်၊ နှင်းမိန်းကလေး မပေါ် လာသေးဘူး။လင်းချင်းဟယ်မှာအခွင့်အရေးရှိတယ်။နှင်းမိန်းကလေးရဲ့ခေါင်းပေါ် တက်ရုံနဲ့တောင် အနိုင်ရဖို့ ဖြစ်နိုင်ချေ 20% လောက်ပဲရှိတယ်။အဲဒီ20% လောက်ကို ရှောင်ရှဲ့ဂျီလေး က ယူဆောင်ပေးထားတာ】
မြို့တော်ဝန်ကျား ၏ ခြေထောက်တွင် ၂၀ လက်မ ခရီးဆောင်အိတ်ရှိသည်။
သူအိတ်ကိုဖွင့်၍ပြောသည်။ " ငါ... ငါ ဒီပမာဏာပဲစုဆောင်းနိုင်ခဲ့ပါတယ် မင်းရဲ့ကာကွယ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ် ငါတို့ ရှိတဲ့အရာအားလုံးထုတ်လာခဲ့ကြတယ်.. သေချာပေါက် ဖုံးကွယ်ထားတာမရှိပါဘူး.."
၂၀လက်မခရီးဆောင်အိတ်ထဲ အပြည့်မရှိပေမဲ့ လင်းချင်းဟယ် သည် အကြမ်းပြင်း ရေတွက်လိုက်သည်။အနည်းဆုံး ရွှေတုံး ၄၀ ကျော်ရှိသည်။တခြားတဖက်တွင် ရွှေလက်ဝက်ရတနာတချို့ရှိသည်။
သေတ္တာကိုဖွင့်ချိန် ရွှေများသည် လူတိုင်း၏ မျက်လုံးကိုမူးဝေလုနီပါးဖြစ်သွားခဲ့သည်။
လင်းချင်းဟယ်မှ "မင်းတို့ စိတ်ရင်းကိုမြင်ပြီးပြီမို့ အနာဂတ်မှာ မင်းတို့ ငါ့ စိတ်ရင်းကိုမြင်ရလိမ့်မယ်.."