Chapter 20: နှင်းမိန်းကလေး (16)【End】……
လင်းရှင်းဟယ် သည် နှင်းမိန်းကလေးတွင် မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်ချိန် နှင်းမိန်းကလေးတွင် စရိုက်နှစ်မျိုးရှိနေသည်ကို မသိမသာ ယုံကြည်သွားသည်။
မျက်ဝန်းတွေကို ဖုံးကွယ်ထားလို့မရပေ။
နှင်းမိန်းကလေးမှ ရှောင်ရှဲ့ဂျီလေးကို နူးညံ့စွာဆက်ဆံသည့်အပြုအမူကို ကြည့်ရင် နှင်းမိန်းကလေး မြို့တော်ဝန်ကျား၏သမီးကို ကြည့်သည့်အကြည့်သည် နူးညံ့၍ အတုအယောင်မဟုတ်ပေ။
သို့ပေမဲ့ သူမ ရှောင်ရှဲ့ဂျီလေးကို ကြာပွတ်နှင့်ရိုက်နှက်တာကလည်း အမှန်ဖြစ်သည်။
သူမ ရှောင်ရှဲ့ဂျီ ကိုမုန်းတီးတာအမှန်ဖြစ်သည်။
လူတစ်ယောက်တည်း၌ ဆန့်ကျင်ဘက်စိတ်ထားမျိုးရှိနေတယ်ဆိုရင် ထိုလူ၏ စရိုက်နှစ်မျိုးရှိနိုင်ချေ ပိုမြင့်သည်။
လင်းရှင်းဟယ် မေးလိုက်သည်။"မင်း ရဲ့အဖေ ဘယ်လိုသေသွားတာလဲ?"
ရှောင်ရှဲ့ဂျီ သည် လင်းချင်းဟယ်ကို ထင်ယောင်ထင်မှားထဲ ထပ်ဖြေသည်။
ထိုလူသည် ပထမဆုံးတွေ့မြင်သူ၏အမြင်မှဖြစ်သည်။
ထင်ယောင်ထင်မှားထဲယိမ်းယိုင်နေသည်။ရှောင်ရှဲ့ဂျီလေး လမ်းလျှောက်တက်စအရွယ်ဖြစ်ပြီးယိုင်တိုင်တိုင်လမ်းလျှောက်နေသည်။ဂူထဲရှိ ပတ်ဝန်းကျင်နှင့် ရင်းနှီးသည်။ရှောင်ရှဲ့ဂျီ ၏ ကလေးအခန်းလေးထဲဖြစ်သည်။မော်ဒန်ခတ်က အရုပ်များ၊ဘာဘီမအရုပ်များ မရှိရုံကလွဲ၍ ကျန်သည့်အရာများ အတိအကျကိုအတူတူဖြစ်သည်။
"ဟွတ်.. ဟွတ်.." ရှောင်ရှဲ့ဂျီ လဲကျသွား၏။
ပင့်ကူတစ်ကောင် သူမရှေ့ မှ ဖြတ်သွား၏။ရှောင်ရှဲ့ဂျီ လိုက်ဖမ်းရင်း စိတ်အားထက်သန်စွာကြည့်နေသည်။
ထိုအခိုက်အတန့် ရှောင်ရှဲ့ဂျီ ပင့်ကူ ကိုလွှတ်လိုက်သည်။သူမ ကိုယ်တိုင် ပင့်ကူတစ်ကောင်ဖြစ်သွား၏။
သူမ တွားသွား သွားလာ၏။သူမ သည် အဝတ်အစား ထည့်ထားသော စားပွဲမှ နောက်တော့ ဗီဒိုဆီပြေးသွား၏။သူမအနီရောင်ကြမ်းခင်ပေါ် တက်သို့ တက်စဥ် ကျဥ်းမြောင်းသောလမ်း၌ အစောပိုင်းက ပင့်ကူနဲ့ဆုံခဲ့သည်။
ရှောင်ရှဲ့ဂျီ သည် ထိုအကောင်ကို ခြေဖဝါးဖြင့်ထိကြည့်ရင်း အနောက်သို့ လှန်ချလိုက်သည်။
ပိုးထည်ကြမ်းခင်းအပေါ် ပင့်ကူနှစ်ကောင် ခက်ထန်စွာတိုက်ခိုက်ကြသည်။အစပိုင်းတွင် ရှောင်ရှဲ့ဂျီ လက်ဦးမှုမရခဲ့။သို့ပေမဲ့ သူမ သည် ကျဆုံးဖို့ကို အပြင်းအထန်ငြင်းဆန်ခဲ့သည်။မရင်းနှီးသေးသော ခန္ဓာကိုယ် နှင့် ပါးစပ်၊ခြေထောက်များကို အသုံးပြုပြီး လွတ်မြောက်ဖို့ ကြိုးစားသည်။
ထိုအချိန် နှင်းမိန်းကလေး ရောက်လာသည်။
"ရှဲ့ယွမ် မင်း ဘယ်မှာလဲ?"
"အမေ.."
နှင်းမိန်းကလေး ၏ အသားအရည် ရုတ်တရက်ပြောင်းလဲသွား၏။သူမ ကအိပ်ရာဆီ အမြန်လျှောက်လာကာ အေးစက်စက်ပြော၏။"အမေ မင်းကိုအကြိမ်များစွာပြောခဲ့တယ်နော်။မင်း မွန်းစတားတစ်ကောင်ဆိုတာ လူတိုင်းကိုသိခွင့်ပြုလို့မရဘူး။မင်း ပင့်ကူတစ်ကောင် ဖြစ်လာလို့မရဘူး။မြွေတစ်ကောင်ဖြစ်လို့မရဘူး မင်း ဘယ်လိုတိရိစ္ဆာန်မှ ဖြစ်လို့မရဘူး.."
"အမေ.."
"ပြန်ပြောင်း.."
ရှောင်ရှဲ့ဂျီ သည် လူသား ပုံစံ ပြန်ပြောင်းချင်ပေမဲ့ ခေါင်းသာ ပြန်ပြောင်းနိုင်ခဲ့သည်။သူ၏ ခြေထောက်နှင့်လက်များကို ပြန်ငုံ့ကြည့်ပြီး နှာခေါင်းရူံ့မိ၏။
နှင်းမိန်းကလေး သည် အညိုရောင်ကြေးမုံကို လက်ညိုးထိုးပြီး အော်ပြောလေသည်။"မင်း ဘယ်လိုပုံစံဖြစ်နေပြီလဲ? မင်း ရဲ့အဖေ ကိုကြောက်အောင်လုပ်နေတာ သိရဲ့လား? မင်းရဲ့အဖေ က ပညာရှိကျောင်းသား သူက မွန်းစတားတွေကိုအကြောက်ဆုံးပဲ.."
သူမ ထပ်အော်ပြောပြန်သည်။"ပြန်ပြောင်းစမ်း!"
ရှောင်ရှဲ့ဂျီ လေး သည် အညိုရောင်ကြေးမုံ ထဲက သူမကိုယ်သူ ကြည့်ရင်း ပြောင်းလဲသော်ငြား သေးငယ်သော ပင့်ကူလေး ပြန်ဖြစ်သွား၏။
"မင်းရဲ့ကျင့်ကြံခြင်းအဆင့် ဘယ်လောက်များလဲ? မင်း ရေမတွက်ဘူးလား? ငါ့မှာ ကောင်းမွန်တဲ့ကျင့်ကြံခြင်းအဆင့်မရှိဘူး။ငါ မင်းကို ကူနေရတုန်းပဲ.."
နှင်းမိန်းကလေး ပြောရင်း သူမကိုမူလအတိုင်း ဖြစ်အောင် ကူညီပေး၏။
ရှောင်ရှဲ့ဂျီ သည်ပေါက်စီလုံးနှင့်တူပြီး နှင်းမိန်းကလေးကို စိုက်ကြည့်နေလေသည်။
နှင်းမိန်းကလေးက သူမကို ကြည့်၍ပြောလာသည်။ "ဒါကို ဥပမာယူ နောက်ထပ်မလုပ်နဲ့.."
ထိုအချိန် မင်းလန်သည်လိုက်ကာကိုဖွင့်ပြီး ဝင်လာသည်။
သူ သည် နှင်းမိန်းကလေး ရဲ့ခါးကိုဖက်ကာ ရှောင်ရှဲ့ဂျီကို ကြည့်ပြီး ပြုံး၏။
"ရှဲ့ယွမ်၊ဒီညသမီးအကြိုက်ဆုံး ကြာပန်းစွပ်ပြုတ်သောက်ဖို့တောင်အောက် ကိုခေါ် သွားပေးမယ်.."
တစ်ခုခုကိုတွေးမိပြီး သူ ပြုံးကာ နှင်းမိန်းကလေးကို ပြောလိုက်သည်။
"ဒီနေ့ ချီချောင်ပွဲတော်နေ့လေ တောင်ခြေမှာ မီးပုံးပွဲတော်ရှိတယ်။ကိုယ်တို့ ညစာစားပြီးရင် မီးပုံးပွဲတော် ဆီအတူသွားကြမယ်.."
နှင်းမိန်းကလေး ၏ မျက်ခုံးများ အောက်ကျနေကာ အပြုံးဖြင့် ချစ်စရာခံစားချက်လေးထုတ်ဖော်ပြသ၏။
မင်းလန် သည် ခေါင်းငုံ့ကာ ဘာတီးတိုးပြောလိုက်သည်မလဲ နှင်းမိန်းကလေး၏ နားရွက်များ ချက်ပြုတ်ထားသောပုစွန်လိုရဲတက်သွားတော့သည်။
သူတို့နှစ်ယောက် လက်ချင်းတွဲကာ ထွက်သွားကြသည်။
သိပ်မကြာခင်သိပ်မဝေးသောနေရာမှ မိန်းမတစ်ယောက်၏ ရယ်သံနှင့်ယောကျာ်း၏ ညည်းသံကိုကြားရသည်။အချိန်တချို့ကြာပြီးနောက် မင်လန်နှင့်နှင်းမိန်းကလေးတို့ သူတို့အလုပ်ပြီးမြောက်သွားသောအခါ ရှောင်ရှဲ့ဂျီ ရှေ့ထပ်ပေါ် လာကသည်။
မိသားစု ၃ ယောက်တောင်အောက်ကိုဆင်းကြသည်။တောင်အောက်ဆင်းချိန် တွင်နှင်းဝံပုလွေများနှင့်ဆုံခဲ့သည်။
နှင်းဝံပုလွေ သည် ဒဏ်ရာရနေပြီး သူစိမ်းကိုမြင်တော့ ပြေးဝင်လာသည်။မင်းလန်သည်အရှေ့မှ လျှောက်၏။ရှဲ့ ယွမ် ချက်ချင်းဝံပုလွေကို ထိုးလိုက်သည်။
ရှောင်ရှဲ့ဂျီ သည် 'အဖေ' ဟုအော်ခေါ် ပြီး နှင်းဝံပုလွေ ဘက်လှည့်ကြည့်ကာနှင်းဝံပုလွေ ၏ လည်ပင်းကိုခက်ထန်စွာကိုက်၏။ရှောင်ရှဲ့ဂျီ သည် တဖက်သတ်အနိုင်ရခဲ့ပြီး မင်းလန်ဆီ လှည့်ကြည့်တော့ မင်လန်၏ ကြောက်နေသည့်မျက်နှာကိုမြင်လိုက်သည်။
"မင်းက ဘယ်လိုနတ်ဆိုးလဲ?"
"အဖေ .. ရှဲ့ယွမ်ပါ.."
ရှောင်ရှဲ့ဂျီ အရှေ့သို့ခြေ ၁ လှမ်းတိုးလာ၏။
"ဒီကိုမလာနဲ့!"
ရှောင်ရှဲ့ဂျီ သည် သူမ၏လက်သည်းများကိုငုံ့ကြည့်ကာ တစ်ခုခုတွေးတောမိပြီး ခန္ဓာကိုယ် ကို ပြန်ပြောင်းလဲလိုက်သည်။သို့ပေမဲ့ သူမ၏လိုအပ်နေသော ကျင့်ကြံစွမ်းအားများကြောင့် မအောင်မြင်ခဲ့ပေ။သူမ သည် လူခေါင်းတစ်ဝက်၊ဝံပုလွေတစ်ဝက် မွန်းစတားအဖြစ်ပြောင်းလဲသွားလေသည်။
မင်လန်၏ မျက်နှာပေါ်ပိုလို့တောင် ကြောက်လန့်သည့်အမူအရာဖြစ်သွား၏။
ရှောင်ရှဲ့ဂျီ သည် သူ့အမေကို အကူအညီပေးဖို့ ကြည့်လိုက်သည်။
နှင်းမိန်းကလေး သည် တည်တည်ငြိမ်ငြိမ် မန္တန်ရွတ်ဆို၍ သူမကို မူလအသွင်အပြင် ပြန်ပြောင်းလဲပေးခဲ့သည်။
သူမက မင်းလန်ကို ညင်သာစွာပြောလိုက်၏။"နတ်ဆိုး သတ္တဝါက ရှဲ့ယွမ်ကိုဝင်စီးထားလို့ပါ ကျွန်မတို့တောင်အောက်ကိုခေါ် ပြီး နတ်ဆိုးကို မောင်းထုတ်ရမယ်.."
ရှောင်ရှဲ့ဂျီ ညင်သာစွာအော်ခေါ်၏။"ဖေဖေ.."
သူမခြေ၂ လှမ်းတိုးပြီးနောက် မင်းလန်သည် အထပ်အထပ်အခါခါအနောက်ဆက်သွားပြီး သစ်ပင်သေ နှင့်ဝင်စောင့်မိကာမမျှော်လင့်စွာ သတိမေ့သွားလေသည်။နှင်းမိန်းကလေးကစိုးရိမ်တကြီးအော်ပြော၏။
"မင်းလန်..မင်းလန်.."
ရှောင်ရှဲ့ဂျီ သည် ခြေ၁လှမ်းထပ်တိုးချင်ပေမဲ့ နှင်းမိန်းကလေးက သူမကိုဆူပူကြိမ်းမောင်းတော့သည်။"မင်းလန် မင်းကြောင့် ကြောက်လန့်သွားပြီ ငါ မင်းကို ဘာပြောခဲ့သလဲ"
ရှောင်ရှဲ့ဂျီ သည် သနားစဖွယ်ကူရာမဲ့နေသော အကြည့်ဖြင့် ခေါင်းငုံ့ကျသွား၏။သူမ ခေါင်းပြန်မော့လာပြီး ကြည့်ချိန်နှင်းမိန်းကလေးနှင့် မင်းလန်မရှိတော့။
သူမ သည် ဆုံးရူံးမှုများဖြင့် ထိုနေရာတွင် ရပ်ကျန်ခဲ့ကာတစ်ညလုံးဂူထဲ ပြန်မလာခဲ့ပေ။
မမျှော်လင့်ထားသည်က သူမ ဂူထဲဝင်ချိန် မင်းလန်နှင့်နှင်းမိန်းကလေး ပြောသည်ကို ကြားသိခဲ့သည်။
"ကိုယ်တောင်အောက်ဆင်းပြီး ဘေကျင်းမှာ စာမေးပွဲသွားဖြေရမယ်။ကိုယ်နာမည်ကြီးလာတာနဲ့ကိုယ် မင်းကိုလက်ထပ်မယ်။မင်းအတွက် ဆီးဒန်းထိုင်ခုံ လွှတ်ပေးမယ်။မင်းကိုဇနီးအနေနဲ့လက်ထပ်မယ်။ကိုယ့်အတွက် စောင့်ပေးနိုင်မလား? ဘေကျင်းကိုဝင်ရောက်ဖို့ အားလုံးစီမံဖို့လိုတယ်.."
နှင်းမိန်းကလေး သည် သူ့လက်ထဲလေးလံသော အထုတ်ကိုပေး၍ တွန့်ဆုတ်စွာပြော၏။"ရှဲ့ယွမ်နဲ့ကျွန်မ ရှင်အလာကိုစောင့်နေမယ်။မနက်ဖြန် နတ်ဆိုးဖယ်ထုတ်ဖို့ သူမကို ခေါ်သွားမယ်.."
"ကောင်းတယ်.."
မင်းလန်သည် အာရုဏ်မတက်ခင် ဂူထဲမှထွက်သွားတော့သည်။နှင်းမိန်းကလေး သည် သူထွက်သွားသည်ကို ရူးမိုက်စွာ ကြည့်နေခဲ့သည်။ရှောင်ရှဲ့ဂျီ ပြန်ရောက်နေတာ ဘယ်သူမှမသိခဲ့။
လင်းရှင်းဟယ် ဒါကိုကြည့်ရင်း ဘာတွေဆက်ဖြစ်မလဲ အကြမ်းပြင်း ခန့်မှန်းနိုင်ခဲ့သည်။
မင်းလန် သည် နှင်းမိန်းကလေးကို တကယ်ချစ်ပုံမပေါ်ပေ။မဟုတ်ရင် နှင်းမိန်းကလေးကိုလက်မထပ်ပဲသူ၏ကလေးကိုမွေးခွင့်ပြုမည်မဟုတ်။အခု ရှောင်ရှဲ့ဂျီ သည်မွန်းစတား တစ်ကောင်ဆိုတာ သိရှိပြီး တစ်ညတည်းနဲ့ထွက်သွားခဲ့သည်။
သူတို့ပြောသည်ကိုနားထောင်ကြည့်ရင် ရူးကြောင်ကြောင်နိုင်သောစကားဝိုင်းဖြစ်သည်။
နှင်းမိန်းကလေးတွင် ချစ်တက်သော ဦးနှောက်ပဲရှိသည်။သူမ သည် ချိုမြိန်သောစကားများကိုသာကြားလိုသည်။တအားအပြစ်ကင်းလွန်းသည်။
ယောကျာ်းအနည်းငယ်နဲ့ဆုံခဲ့ရင် ယောကျာ်းများ သည် ချိုမြိန်သော စကားများကိုပြောတက်သော သတ္တဝါတွေဆိုတာ သိသင့်သည်။
ဘယ်လိုပဲဖြစ်ဖြစ် နှလုံးသားထဲထည့်သူက အရူံး ဖြစ်သည်။ချိုမြိန်သော စကားလုံးများသည် နားကို ကျေနပ်စေသည်။
လင်းရှင်းဟယ် သည် ထိုသို့ပုံပြင်အမျိုးအစားများကိုဖတ်ဖို့ရန် စိတ်အနှောက်အယှက်မဖြစ်ပါပေ။သူမ ရှောင်ရှဲ့ဂျီကို တည့်တိုးမေးလိုက်သည်။ "နောက်တော့ မင်းအမေက မင်းအဖေ ပြန်မလာတာကို သွားခဲ့တယ်။စာတစ်စောင်တောင် မရခဲ့ဘူး။အချိန်အတော်ကြာတော့ မင်းအဖေ ကို လာရှာခဲ့တယ်။မင်းအဖေ လက်ထက်ပြီးပြီဆိုတာသိခဲ့တယ်။မင်းအဖေကို ကိုယ်တိုင်မေးခဲ့တယ်. မင်းရဲ့အဖေ က မင်းက မွန်းစတားဖြစ်လို့ မင်း အမေရဲ့သာမန်လူမဟုတ်ဘူးလို့ပြောခဲ့မှာပဲ။ဒီအဖြစ်အပျက်က ကောင်းမွန်တဲ့ရလဒ်တော့ ရမှာမဟုတ်ဘူး။မင်းရဲ့အမေကိုဖယ်ထုတ်ခဲ့တယ်။မင်းရဲ့အမေကိုဝမ်းနည်းသွားခဲ့ပြီး အချိန်အတော်ကြာခံစားခဲ့ရတယ် နောက်တော့ မင်းအဖေကို သတ်ပစ်လိုက်တယ်? ဟုတ်တယ်မလား?"
ရှောင်ရှဲ့ဂျီ စိတ်အားထက်ထက်သန်သန်ခေါင်းညိတ်ပြ၏။
"..သေချာပေါက်မှ ရှေးခေတ်ပညာရှိကျောင်းသားနဲ့ မွန်းစတားတစ်ကောင်တို့ရဲ့ဇာတ်လမ်းအများစု ကဒီလိုလမ်းကြောင်းကနေမလွတ်မြောက်နိုင်ဘူး.."
ထိုအချိန် ဂူထဲမှ နှင်းမိန်းကလေး၏ အသံကိုရုတ်တရက် ကြားလိုက်ရသည်။
"မင်းဘာလို့ ငါ့ ဂူထဲရောက်နေတာလဲ?" သို့ပေမဲ့ နှင်းမိန်းကလေး၏ အသံမဆုံးခင် နှင်းမိန်းကလေး၏ မျက်ဝန်းရှောင်ရှဲ့ဂျီ၏ထင်ယောင်ထင်မှားဆီ ကျရောက်သွား၏။
ထိုထင်ယောင်ထင်မှားထဲ၌ နှင်းမိန်းကလေး သည် ဂူဝင်ပေါက်၌ မင်းလန်၏ နောက်ကျောကိုစိုက်ကြည့်နေခဲ့သည်။
"ခွေးမလေး! ဘယ်လိုမျက်နှာနဲ့ မင်းဒီလိုထင်ယောင်ထင်မှားကိုဖန်တီးတာလဲမင်းနဲ့မထိုက်တန်ဘူး!"
"မင်းကြောင့်သာမဟုတ်ရင် မင်းလန် ငါ့ကို ထားသွားမှာမဟုတ်ဘူး! "
"မင်းကြောင့်သာမဟုတ်ရင် မင်းလန် က ငါနဲ့ အသက်အတူကြီးမှာ!"
"မင်းကြောင့်သာမဟုတ်ရင် မင်လန်သေမှာမဟုတ်ဘူး! "
နှင်းမိန်းကလေး ပြေးဝင်လာကာ ရှောင်ရှဲ့ဂျီ ၏ လည်ပင်းကိုညှစ်လိုက်၏။ထင်ယောင်ထင်မှား သည် ရုတ်တရက်ပျောက်သွား၏။
ရှောင်ရှဲ့ဂျီ၏ ခန္ဓာကိုယ် ပြေလျော့နေ၏။သူမ သည် ရုန်းကန်နေသည်ကို လက်လျော့ထားပြီး ဒီလိုဆက်ဆံခံရသည့်ပုံစံနှင့်အသားကျနေပုံပေါ်သည်။
သူမ သည်နှင်းမိန်းကလေး၏ ဝမ်းနည်းနေသော ၊တည်ငြိမ်နေသော မျက်ဝန်းများကို ကြည့်၍ ပါးစပ်ဖွင့်လိုက်သည်။သူမ စကားပြောချင်ရင်တောင် ဘာမှပြောလို့မရပေ။သားရဲကောင်လိုအသံမျိုးသာ ညည်းနိုင်လေသည်။
လင်းရှင်းဟယ် ရုတ်တရက်နှာခေါင်းရူံ့၍ပြောလေသည်။"တကယ်? စဥ်းစားကြည့် နင့်သမီး မှားလို့လား? နင့်သမီး ရဲ့အမှားကြောင့် မင်းလန်ထွက်သွားတာဟုတ်လို့လား? မဟုတ်ဘူး နင့်အမှားပဲ။နင်က မွန်းစတားလေ။မင်းလန်က နင့်အကြောင်းမသိထားဘူး။နင် သာ မွန်းစတားဆိုတာ မင်းလန်ဆီက အရင်ဖုံးကွယ်ခဲ့တဲ့လူ။မင်းလန်က နင့်ကိုလူထင်လို့ ချစ်မြတ်နိုးခဲ့တာ။နင်က မင်းလန်ကို မပြောခဲ့တာ ဒါနင့်အမှားပဲ။သူရဲ့ကျန်ရှိတဲ့တစ်ဘဝလုံး ဒီအချက်ကိုဖုံးကွထားဖို့မဖြစ်နိုင်ဘူး။နင့်သမီးတောင် ဖုံးကွယ်လို့မရဘူး မင်းလန်တနေ့သိမှာပဲ။သေချာပေါက် မင်းလန်မှာလည်း အမှားရှိတယ်။နင်က နတ်ဆိုးတာ သိတဲ့အချိန် မှားခဲ့တာ။သူ့အကြောက်တရားကိုဝန်ခံမဲ့အစား သူ နင့်ကိုလှည့်စားခဲ့တယ်။ငွေတွေနဲ့အတူထွက်ပြေးသေးတယ်။နင်တို့အားလုံးမှားတယ် သို့ပေမဲ့ နင့် သမီး ရှဲ့ယွမ် ဘာမှားလို့လဲ?"
"စိတ်ပိုင်းဆိုင်ရာ ကွဲလွဲမှု၊မိသားစုကြားကွဲလွဲမှုတွေနင် ဘာကြောင့် နင့်ကလေးအပေါ် အပြစ်တင်သင့်တာလဲ? နင့်အမှားကိုဝန်ခံဖို့ တအားအားနည်းနေလို့များလား?'
နှင်းမိန်းကလေး သည် ရှောင်ရှဲ့ဂျီကိုလွတ်ပေးလိုက်၏။သူမ လင်းချင်းဟယ်ကို မုန်းသည်။
"နင် ဘာသိသလဲ? သူက ငါ့ သမီး သူမကို ထိန်းချုပ်တက်ဖို့ ငါ ဘယ်လောက် သင်ပေးခဲ့ရသလဲ? သူမကို သင်ဖို့ နင့်မှာကော အရည်အချင်းရှိလို့လား? နင် ငါ့ကိုအရမ်းစိတ်ပျက်နေတယ်။ငါက နင့်ကို တခြားသူတွေနဲ့မတူဘူးလို့တွေးခဲ့တာ နင်ကငါ့ အကြောင်းကိုသိတယ်။အခု နင့်ရဲ့အထက်ဆီးဆန်တဲ့လူသားစရိုက်ပေါ်လာပြီ။နင့်မှာ ငါ့ကိုမှတ်ချက်ပြုဖို့ တာဝန်လည်းမရှိသလိုအရည်အချင်းမရှိဘူး။ဒီကလေးကို ငါမွေးခဲ့တာ ငါ သူမကိုဘဝတစ်ခုပေးခဲ့တာ ငါ အချိန်မရွေး ပြန်ယူလို့ရတယ်ငါဆုံးမလို့ရတယ်.."
ဂူအတွင်းရှိ မြေပြင်ပေါ်တွင် စုပုံထားသော ကျောက်စိမ်းများအေးခဲလာပြီး တဖြည်းဖြည်း ပျံ့နှံ့လာသည်။
ရေခဲများဖြတ်သွားသည့် နေရာတွင် နှင်းခဲများ ထူထပ်စွာ ဖုံးလွှမ်းသွား၏။
လင်းရှင်းဟယ် အလွန်တည်ငြိမ်နေဆဲပင်။
"နင်မှားနေသေးတယ်။နင့်က သူမကိုမွေးဖွားတာ မဟုတ်ဘူး။သူမရဲ့ကံကိုကနင့်ဆီမွေးလာဖို့ ကံပါလာတာ။ဒီကလေး မွေးချိန် သူမရဲ့မိဘကိုရွေးချယ်ဖို့ နည်းလမ်းမရှိဘူး။ယုံချင်ယုံ မယုံချင်နေ နင့်သမီးမှာ ရွေးချယ်ခွင့်ရှိရင် သူမ နင့်ကလေး ဖြစ်လာဖို့ရွေးချယ်မှာမဟုတ်ဘူး။သူမမှာရွေးချယ်ခွင့်မရှိရုံတင်သူမ ကိုမွေးလာတာကို နင်ကျေးဇူးတင်ရမှာ။နင့်မှာ သူမရဲ့ဘဝကို လက်ခံသင့် လက်မခံသင့်နဲ့ ပတ်သက်လို့ အရည်အချင်းမပြည့်မှီဘူး။နင် ငါ့ ကို ယုံကြည်ရင်သူမ နင့်သမီးဖြစ်ချင်ရဲ့လား နင် ကိုယ်တိုင်မေးကြည့်လိုက်.."
နှင်းမိန်းကလေး သည် သူ့သမီးကိုကြည့်လိုက်သည်။ရှောင်ရှဲ့ဂျီ သည်ဖျော့တော့နေကာ စိတ်အားထက်ထက်သန်သန် ခေါင်းခါယမ်း၏။
နှင်းမိန်းကလေး၏အသားအရည် ဆိုးဝါးစွာပြောင်းလဲသွား၏။
ရေခဲမျက်နှာပြင်သည်အရှိန်မြှင့်လာကာ လင်းချင်းဟယ်၏ ခြေထောက်ဆီ တည့်တိုးတိုးဝင်သည်။သူမ ၏ခြေထောက်ဆီ တက်လာတော့မည် သည်ကိုကြည့်ရင်း ရှောင်ရှဲ့ဂျီရှေ့ က ကာကွယ်ပေးသည်။
ရေခဲမျက်နှာပြင်သည် ရှောင်ရှဲ့ဂျီ၏ ခြေထောက်ကိုတက်ပြီး သူမ၏ခန္ဓာကိုယ် ပေါ် တဖြေးဖြေးပျံ့နှံလာသည်။သူမ ၏ နှလုံးသားကို မရောက်ခင် နှင်းမိန်းကလေး အော်ပြော၏။
"သစ္စာဖောက်!"
လင်းရှင်းဟယ် တီးတိုးပြော၏။"စိတ်ကူးယဥ်နေတာပဲ ဒီမှာ မင်းလန်ရဲ့စိတ်ကူးယဥ်မှုပဲရှိတယ်.."
ရှောင်ရှဲ့ဂျီ သည် ချက်ချင်း ထင်ယောင်ထင်မှားအသစ်ဖန်တီးလိုက်၏။
ဂူဝင်ပေါက်တွင်ချောမောသောအမျိုးသား မတ်တရပ်နေ၏။
သူသည်အဝတ်ဖြူဝတ်ဆင်ထားပြီး ကျောက်စိမ်းယပ်တောင်လေး ကိုင်ကာ သူ၏မျက်ခုံးများမြင့်တက်နေကာ အပြုံးဖြင့် နှင်းမိန်းကလေးကိုပြောခဲ့သည်။ "ကိုယ်နာမည်ကြီးနေပြီ၊မင်းအိမ်ပြန်တော့ .."
လင်းရှင်းဟယ် သည် ရှောင်ရှဲ့ဂျီ ကို ရှေးခေတ်ရုပ်ရှင်ကားမပြခဲ့ပါဘူးဟုခံစားရသည်။ဒီမြင်ကွင်း နှင့်အရမ်းရင်းနှီးသည်။ရှေးခေတ်အမျိုးသမီးတစ္ဆေ တွင် တစ္ဆေ မဖြစ်လာခင် အတိတ်တစ်ခုရှိခဲ့သည်။လက်မထပ်ပဲ ပျက်ကွက်ခဲ့သော လူယုတ်မာတစ်ယောက်။နှင်းမိန်းကလေးသည် ကြောင်အစွာကြည့်နေသည်။
လင်းရှင်းဟယ် သည် မိတ်ကပ်သေတ္တာထဲမှ ရွှေရောင် ဆံထိုးကိုယူကာ တုံ့ဆိုင်းခြင်းမရှိပဲ နှင်းမိန်းကလေး၏
နှလုံးသားကိုထိုးသွင်းလိုက်၏။
သွေးများစီးကျလာ၏။
နှင်းမိန်းကလေး သည် အံ့အားတကြီးလှည့်ကြည့်၏။သူမ ၏ရင်ဘတ်ကိုကြည့်ကာ ခေါင်းပြန်မော့လာပြီး သူမ၏မျက်ဝန်းထဲအမုန်းတရားများရှိနေ၏။သူမ ရုတ်တရက် ဝမ်းနည်းစွာပြုံး၍ပြောသည်။ "ငါက သေမျိုးမဟုတ်ဘူးငါ့ နှလုံးသားကိုထိုးတာ အသုံးဝင်မယ်ထင်နေသလား?"
သို့ပေမဲ့ ထိုစကားမဆုံးခင် လင်းရှင်းဟယ် နှင်းမိန်းကလေး ၏ မျက်ခုံးထဲ ပြင်းပြင်းထန်ထန် ထိုးသွင်းလိုက်၏။
နှင်းမိန်းကလေး ကြောင်အစွာပြောလာလေသည်။ "နင်.. နင် ဘယ်လိုသိ..."
"ခန့်မှန်းကြည့်လိုက်တာ နင်ပဲ နှလုံးသား က အသုံးမဝင်ဘူးဆို ဒါဆို အသုံးဝင်တဲ့တခြားနေရာရှိရမယ်.. ငါက ကံကောင်းတယ်။ငါ ကြိုးစားလိုက်တာမှန်သွားတယ်.."
[Sorry ငါ စောစောက အတော်လေးဝမ်းနည်းနေတာ၊အခု သူမက ဥရောပဧကရာဇ် ဆိုတာ ငါ တခဏမေ့သွားခဲ့တယ်】
[ပြောရရင် ခေါင်းဆောင်က သတ္တိရှိတယ်။လူအများစု နှင်းမိန်းကလေးကိုထိုးသွင်းဖို့သတ္တိမရှိကြဘူး။သူမ ထိုးသွင်းတဲ့နေရာ မှားနေတာသိပြီးနောက် သူမ အလျင်မလိုပဲ တခြားနေရာကို ပြောင်းလဲလိုက်နိုင်တယ်】
[ခေါင်းဆောင်က အတော််လေးကံကောင်းပြီး သတ္တိရှိတယ်။သူမ နှင်းမိန်းကလေးကို မသတ်ရင် ဒီစာမေးပွဲခန်းက ဘယ်သူမှနှင်းမိန်းကလေးကို သတ်နိုင်မှာမဟုတ်ဘူး】
[သုတ်သင်ပစ်!】
[လင်းရှင်းဟယ် လုပ်တာအတော်ကောင်းတယ်။အနိမ့်ဆုံးရမှတ်ပါ ပေါင်းရင် သူမ စူပါအမှတ်အမြင့်ဆုံးရနိုင်တယ်။လူသစ်စာမေးပွဲဖြေတုန်းက အမှတ်အများဆုံးထိပ်ဆုံး ၃ ယောက်ရှိတာမှတ်မိသေးတယ်။ရှန်းရှဌာနက ရှဲ့ချွမ်၊ရှေးခေတ်ဌာနက ချီချင်း၊Fantasy ဌာနက အဲလ်ဖရက် ရူဒေါ့ဖ်။သူမ က ဒီစစ်ဆင်ရေးမှာ ထိပ်ဆုံး ၃ ယောက်ထဲဝင်နိုင်တယ်။ဒါက ခေတ်သစ်ဌာနအတွက် ကျက်သရေပဲ】
ကြမ်းပြင်ပေါ် က ရေခဲတွေချက်ချင်း အရည်ပျော်လာသည်။နှင်းမိန်းကလေး မြေပြင်ပေါ် ကျသွား၏။သူမ တွားသွားရင်း ရှောင်ရှဲ့ဂျီ ဦးတည်လာသည်။
ရှောင်ရှဲ့ဂျီ သည် အကြောက်တလန့် လင်းချင်းဟယ်၏အနောက်တွင် ဝင်ပုန်း၏။
နှင်းမိန်းကလေးသည် လှုပ်ရှားမှုရပ်တန့်သွားပြီး လက်ဆန့်ထုတ်ကာလင်းချင်းဟယ်၏အနောက်က ရှောင်ရှဲ့ဂျီကိုထိချင်ပေမဲ့ ရပ်တန့်သွား၏။
သူမ ၏မျက်ခုံးနှင့်မျက်ဝန်းများ ထဲ နူးညံ့မှုအပြည့်ရှိ၏။သူမက ဆိုးဝါးသော လေသံဖြင့်ပြောလာသည်။ "တောင်းပန်ပါတယ် အမေ မင်းကို ချစ်တယ်.."
ရှောင်ရှဲ့ဂျီ သည် ဂရုတစိုက် ခေါင်းလေးထွက်လာပြီး သူမ၏ လက်ချောင်းထိပ် ညင်သာစွာထိ၏။
နှင်းမိန်းကလေ၏မျက်ဝန်းထဲမျက်ရည်များရှိနေ၏။
သူမ ခေါင်းမော့ပြီး လင်းချင်းဟယ်ကိုကြည့်၏။
"ငါ .. ငါ.. ငါ့ ကိုယ်ငါ မထိန်းချုပ်နိုင်ဘူး။ရှဲ့ယွမ်လေးကို ဂရုစိုက်ပေးပါ.."
သူမ၏ စကားမဆုံးခင် နှင်းမိန်းကလေး၏လက်ပြုတ်ကျသွားကာ နှင်းပုံကြီးတဖွယ်ပြောင်းလဲသွားတော့သည်။
လင်းချင်းဟယ်၏တာဝန်ခံအသံ သည် သူမ၏စိတ်ထဲပေါ်လာတော့သည်။
"စာမေးပွဲအောင်မြင်သည့်အတွက် ဂုဏ်ယူပါတယ်. ဒီစာမေးပွဲအခန်းသည် စက္ကန့် ၆၀ စက္ကန့်အတွင်းပိတ်မှာဖြစ်ပါတယ်. ဒီစာမေးပွဲခန်းထဲ အသက်ရှင်လျက် အရာများ ယူခွင့်မပြုပါ။စာမေးပွဲခန်း စည်းကမ်းကိုလိုက်နာပေးပါ။၆၀စက္ကန့်ပြီးရင် ဝင်ဖြေဆိုသူများကို ရမှတ်ကြေငြာပေးမှာပါဖြစ်ပါတယ်.."