Ch-15 : နှင်းမိန်းကလေး-11
လင်းရှင်းဟယ် သည် တဖက်က တန်ရှင်းကို ကြည့်လိုက်သည်။
တန်ရှင်း သည် ချက်ချင်းနားလည်သဘောပေါက်သွားကာ Koi နတ်ဘုရားမ ဂိုဏ်း ၏ တပည့်သားဖြစ်လာကာ သူမ၏ ခေါင်းဆောင်၏ ပါးစပ်ကဲ့သို့ အထက်ဆီးဆန်စွာ သရုပ်ဆောင်တော့သည်။ "နှင်းမိန်းကလေးအကြောင်း ပြောစို့ သူမ ဘယ်လို ပေါ်လာသလဲ? မင်းတို့နဲ့ ဘယ်လိုစကားပြောသလဲ? ဆက်သွယ်သလဲ? မင်းတို့ကိုဘာကြောင့်အခုလိုလုပ်တာလဲ? အားလုံးအသေးစိတ်ရှင်းပြပါ ငါတို့အသေးစိတ်သိဖို့လိုတယ်.."
မြို့တော်ဝန်ကျား သည် လစ်လျုမရူရဲပဲ ချက်ချင်းပြောပြသည်။
"နှင်းမိန်းကလေးက လွန်ခဲ့သော ၄ လလောက်က ပေါ် ထွက်လာခဲ့ပါတယ်။သူမ ထွက်ပေါ် လာချိန် မြို့ထဲက လူတိုင်းက ချောမောသော မိန်းကလေးလို့ ထင်ခဲ့တယ်။အဲဒီညမတိုင် ကျန့်ကျောင်းနှင့်နှင်းမိန်းကလေးတို့ ဟိုတယ်ထဲ ရှိနေတာ တစ်စုံတစ်ယောက် တွေ့ခဲ့တယ်"
"ညလယ်ခေါင် လက်ထပ်ထားပြီးသောယောကျ်ား နဲ့မိန်းမ ဟိုတယ်ထဲရှိနေတယ်။သူတို့ဘာလုပ်မယ်ဆိုတာ ကိုယ့်ခြေချောင်းပဲ ကိုယ်ကြည့်တောင် သိတယ်။ဒီမြို့က မကြီးမားဘူး လူတိုင်းက အိမ်နီးချင်းတွေ။နောက်တနေ့ မြို့ထဲကလူတိုင်း ကျန့်ကျောင်း လှည့်စားတာကို ကျန့်ကျောင်းရဲ့မိန်းမမော့မော့ကလွဲလို့ သိသွားကြတယ်.."
" အဲဒီအချိန် ထူးဆန်းပြီး လှပတဲ့မိန်းကလေးက အန္တရယ်များတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မယ်လို့ ဘယ်သူမှမသိခဲ့ဘူး။"
"တစ်စုံတစ်ယောက် က မော့မော့ရဲ့မမျှတမှုအတွက်အပြစ်တင်ဝေဖန်ခဲ့တယ်။အဲလူက နှင်းမိန်းကလေးဆီ တိတ်တဆိတ်ချဥ်းကပ်ပြီး ကျန့်ကျောင်းက လက်ထပ်ထားပြီးသားလူဆိုတာ ပြောပြခဲ့တယ်.."
လင်းရှင်းဟယ် ဒါကိုကြားတော့ မေးလိုက်သည်။" လွန်ခဲ့တဲ့ ၃ လလောက် က ပြောသွားခဲ့တာပေါ့?"
"ဟုတ်တယ် နှင်းမိန်းကလေး ဒီအကြောင်းသိပြီးလွန်ခဲ့တဲ့ ၃ လ လောက် က သေတာ။သို့ပေမဲ့ ဒီအဖြစ်အပျက် က ချက်ချင်းဖြစ်ပျက်ခဲ့တာမဟုတ်ဘူး။သူမ ဘာလို့မလုပ်သလဲ ငါတို့မသိဘူး။တစ်လကြာပြီးမှ ငါတို့သိတာ။နှင်းမိန်းကလေးက ကျန့်ကျောင်းကို သတ်ခဲ့တယ်။အနီရောင်ဝတ်ဆင်ပြီး မော့မော့ရဲ့အိမ်ထဲ သွားချိတ်ဆွဲခဲ့တယ်။အဲဒီအချိန်ကစလို့ နှင်းမိန်းကလေးက ရက်အနည်းငယ်အတွင်း ငါတို့မြို့ထဲက ယောကျာ်း တစ်ယောက်စီကို သတ်လေ့ရှိတယ်..."
"မိန်းမတွေကို ဘယ်တုန်းကမှ မသတ်ဘူးလား?"
"ဟုတ်တယ်.."
"တံခါးပေါ် က ပန်းချီက နှင်းမိန်းကလေးက လုပ်ခိုင်းတာလား?"
"ကျန့်ကျောင်း သေပြီးနောက် ငါတို့ သာယာဖွယ်အိမ်မက်တစ်ခုပြီးတစ်ခုမက်ခဲ့တယ်။ငါတို့ထူးဆန်းတဲ့ရနံ့ နဲ့အတူ နိုးခဲ့တယ်။ငါတို့ သတိမထားမိခဲ့ဘူး အဲဒီရနံ့က ၃ ရက်အတွင်း ပျောက်ကွယ်တယ်။နောက်ကျနှင်းမိန်းကလေး ကို အိမ်မက်မက်တာ သိခဲ့ကြတယ်။ဒါက ငါတို့အတွက် အမှတ်အသားပဲ သူမရဲ့သားကောင် ဆိုတဲ့ အမှတ်အသား။အမှတ်အသား အပြုခံရပြီးရင် နှင်းမိန်းကလေး က ငါတို့ရှိတဲ့ဘယ်နေရာမဆို ရှာနိုင်တယ်။တံခါးပေါ် ကပုံကလည်း ငါတို့အမှတ်အသားအပြုခံပြီးနောက် နှင်းမိန်းကလေးက ငါတို့ကို ကပ်ခိုင်းထားခဲ့တာ”
"နှင်းမိန်းကလေး မင်းကို ဘယ်လိုဆက်သွယ်လဲ?"
"သူမ ထွက်ပေါ် ချိန် ရုတ်တရက် နှင်းကျတယ်။သေချာပေါက် လယ်ဗယ်အထိလောက်ကိုနှင်းကျချိန် သူမ ညလယ်ခေါင် အနီရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ငါတို့ဆီမျက်နှာအသွင်အပြင် ထွက်မပြဘူး.."
လင်းရှင်းဟယ် စိတ်ခံစားချက်များဖြင့်သက်ပြင်းချရင်းပြောသည်။ "...သူမက ဗီလိန်ဆန်လွန်းတယ်.. သူမကိုကူညီနိုင်တဲ့ ညီငယ်လေးတွေတောင် မရှိဘူး ပဲ..."
မြို့တော်ဝန်ကျား သည် ဒီစာကြောင်းကိုဘယ်လိုဖြေရမှန်းမသိပေ။ဒါ့ကြောင့် သူက ချီးကျုးသည်။ "မင်းမှာ နာမည်ကောင်းပိုရှိသေးတာပဲ..."
"၁၆ ယောက်မြောက် ပျောက်သွားမဲ့လူက အပြင်လူက မင်းတို့ပဲဖြစ်မလား? ဒါမှမဟုတ် နှင်းမိန်းကလေးလား?"
မြို့တော်ဝန် သည် အနည်းငယ်အရှက်ရသွားကာပြောသည်။"ငါတို့မှာ ရွေးချယ်စရာမရှိဘူး နှင်းမိန်းကလေးကို ပူဇော်ဖို့လိုတယ်. ယောကျာ်း တစ်ယောက် ရှိသရွေ့..ပေါ့။သူမကို ယဇ် မပူဇော်ရင် သူမ ထွက်ပေါ် လာပြီး ငါတို့ကိုသတ်လိမ့်မယ်။ငါတို့ အပြင်လူတွေကို ဆွဲဆောင်ဖို့နှင်းမိန်းကလေး ရဲ့ ဒဏ္ဍာရီကို အသုံးပြုခဲ့တယ်။ယောကျာ်း တစ်ယောက်က ငါတို့အတွက် အချိန်တိုတစ်ခုလဲလှယ်ပေးတာပဲ။အပြင်လူအမှတ်အသားပြုခံရရင် ငါတို့ သူတို့ကို ရေခဲပန်းပု ဥယျာဥ် နဲ့ ရေခဲနှင့်နှင်းပန်းခြံဆီ ဦးဆောင်သွားတယ်။အဲဒီမှာ နှင်းမိန်းကလေးက သူတို့အသက်ကို ရိတ်သိမ်းတယ်။ပြီးရင် ရေခဲပန်းပုဥယျာဥ်ထဲ ချိတ်ဆွဲထားတယ်။အပြင်လူတွေ သိမှာစိုးလို့ ငါတို့ ခန္ဓာကိုယ်ကို ဖျက်စီးခဲ့ပြီး နှင်းတောင်ပေါ် ပျောက်ဆုံးသွားတယ်လို့ လိမ်ညာခဲ့တယ်..."
"နှင်းမိန်းကလေးက မိန်းမတွေကိုမသတ်ဘူးဆိုရင် ရေခဲပန်းပုဥယျာဥ်ထဲ ဘာကြောင့် မိန်းမတွေကိုပါခေါ်သွားတာလဲ? ခရီးသွားသည်က ယောကျာ်းတွေပဲ ရှိမှာမဟုတ်ဘူး မိန်းမတွေကိုမင်းတို့ဘယ်လိုကိုင်တွယ်လဲ?"
"သူတို့အပြင်လူတွေကို လျှောက်ပြောမှာစိုးလို့ တခြားနေရာက မြေအောက်ခန်းထဲ သော့ခတ်ထားတယ်"
လင်းရှင်းဟယ် မြို့တော်ဝန်ကျားကိုကြည့်ရင်း စာမေးပွဲခန်းထဲက NPC အားလုံးသည် ဗီလိန်များဟု စဥ်းစားနေခဲ့သည်။သူမ တစ်ခုခုပြောမည့်အချိန် မြို့တော်ဝန်ကျား၏မျက်ဝန်း သူမအနောက်ကိုကြည့်နေသည်ကိုမြင်လိုက်သည်။
သူမ ပြန်ကြည့်လိုက်သည်။သူမအနောက်တွင် ရှောင်ရှဲ့ဂျီ ဘယ်အချိန်ကမှန်းမသိ ရောက်နေသည်။
သူမတွင် ချယ်ရီပါးစပ် ၅ ပေါက်ရှိဆဲဖြစ်ပြီး လက်ထဲဖုန်းကိုင်ထားသူ သူမ အနောက် တိတ်တဆိတ်မတ်တပ်ရပ်နေသည်။သူမအကြည့်ကြောင့် မြို့တော်ဝန်ကျား သည် သတိကပ်သွားကာ မျက်တောင်များအနည်းငယ်တုန်ယင်သွားပြီး မလှုပ်ရှားပေမဲ့ ခေါင်းအနည်းငယ်ငုံ့ကျသွား၏။
လင်းရှင်းဟယ် ဒူးထောက်ထိုင်ချ၍ မေးလိုက်သည်။ "ဘာဖြစ်လို့လဲ?"
ရှောင်ရှဲ့ဂျီ သည် ဖုန်းကို ပေးပြီး စခရင်န်ကိုလက်ညိုးထိုးပြသည်။
လင်းရှင်းဟယ် ကြည့်လိုက်တော့ ရုပ်ရှင်ပြီးသွားတာနားလည်လိုက်သည်။လင်းရှင်းဟယ် နောက်ထပ် ရုပ်ရှင် တပုဒ်ကိုပြောင်းလဲပေးလိုက်သည်။
ရှောင်ရှဲ့ဂျီ သည် ဖုန်းပြန်ယူသွားကာ လေကိုသာချန်ရစ်ခဲ့သည်။
မြို့တော်ဝန်ကျား သည် တစ်ခုခုတွေးတောမိပြီး ပါးစပ်ဖွင့်ပေမဲ့ ပြန်ပိတ်သွား၏။
ထိုအချိန် လင်းရှင်းဟယ်က "နှင်းမိန်းကလေးက တကြိမ်မှာ ယောကျာ်း တစ်ယောက်ကိုသတ်တယ်။ယောကျာ်း တွေရှိနေတော့ သူမအရင်ဆုံး တစ်ယောက် သတ်မှာပဲ။ကျန်တဲ့လူတွေက ပန်းပုဥယျာဥ် နဲ့ ရေခဲနှင့်နှင်းပန်းခြံထဲ အသတ်ခံရမဲ့ သိုးငယ်လို ကျန်ရစ်ခဲ့မှာပေါ့ .."
"နှင်းမိန်းကလေးရဲ့စိတ်ခံစားချက်ကိုကြည့်ရမယ်။သို့ပေမဲ့ သူမ အမှတ်အသားပြုပြီးသရွေ့ နှင်းမိန်းကလေးက တစ်ယောက်ပြီးတစ်ယောက် သတ်ဖို့ရှာလို့ရတယ်.."
လီချန်ရန် ၏မျက်နှာ အနည်းငယ် ပြောင်းလဲသွားသည်။"အိုး ..အစ်ကိုချဲ့တစ်ယောက်တည်း..."
"သွားစို့ ..ချဲ့ယောင် ဆီ သွားစို့ ..."
လင်းရှင်းဟယ် ၏ ထူးချွန်သောစွမ်းဆောင်ရည်ကြောင့် သူမ၏ တိုက်ရိုက်ထုတ်လွှင့်သည့် အခန်းထဲ စိတ်လှုပ်ရှားဖွယ်အခန်း ကို လွတ်မည်ကိုကြောက်နေကြပြီးလူများစွာကို squat ထိုင်ဖို့ဖြစ်စေခဲ့သည်။လူများစွာ ရဲ့ သဘောတူညီချက်ကိုရပြီးနောက် ဒီနေ့ နေ့လည်စာစားချိန်တွင် လင်းရှင်းဟယ်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကန်တင်းရှိ စခရင်န်ကြီးတွင် ပြသထားသည်။
ကုထောင်ယောင် သည် Koi နတ်ဘုရားမဂိုဏ်ထဲ ပါဝင်ဖို့ ရန် တမှတ်တန် ဟင်းသီးဟင်းရွက်ကြော် ၂ ပွဲ၊စွပ်ပြုတ် ၁ ခွက်နှင့် အဝစား ထမင်းကိုစားရင်း sign up လုပ်နေသည်။
ကုထောင်ယောင် သည် ဆန်းကြယ်သလိုခံစားရသည်။သူမအနီးအနားတွင်ထိုင်နေကြသောမိန်းကလေးအများစု သည် လည်း လင်းချင်းဟယ်အကြောင်းဆွေးနွေးနေကြသည်။
"ငါ မနေ့က လင်းချင်းဟယ်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရင်း ဒီနေ့ နောက်ကျလုနီးပါးပဲ.."
"ငါကောပဲ လင်းချင်းဟယ်ရဲ့ မနေ့ညက ရိူးoperation ကိုလွတ်မှာစိုးနေတာ၊ ငါ မနက်ခင်း ၅ နာရီ ရောက်တာတောင် အိပ်ရာမဝင်ခဲ့ဘူး.."
"ငါ Koi နတ်ဘုရားမဂိုဏ်းထဲဝင်တော့မယ်! "
ကန်တင်းတွင် မငြိမ်မသက်တစ်ခုရှိဖြစ်သွားခဲ့သည်။ခေတ်သစ်ကျောင်းသားများ သည် လင်းရှင်းဟယ် အကြောင်း ဆွေးနွေးနေရင်း ရုတ်တရက် ရပ်တန့်သွားကာ အကြောင်းအရာအသစ် လုံးဝ ပြောင်းလဲသွားကြသည်။
"ရှဲ့ချွမ် ရဲ့မျက်နှာက ကစားဖို့ကောင်းလွန်းတယ်။360 ဒီကရီ ကြည့်လည်း မကောင်းတဲ့ဟာ ဘာမှမရှိဘူး ချောလိုက်တာဟယ်.."
"ရူူး…၊ရှဲ့ချွမ်ရဲ့ မျက်ဝန်းတွေနဲ့မဆုံမိစေနဲ့။သူက အကြီးမားဆုံးဖောက်လွဲဖောက်ပြန်အကောင်ပဲ ဘယ်လောက်ပဲ ကြည့်ကောင်း ကြည့်ကောင်းစိတ်လွတ်နေတာ"
"ငါ တိတ်တိတ်လေးကြည့်.."
"နင် သူ့ရုပ်သေးရုပ် ဖြစ်ချင်လို့လား?"
"ရှဲ့ချွမ်ရဲ့ကိုယ်ပိုင်နေရာလွတ်မှာ သူကိုယ်တိုင်လုပ်ထားတဲ့ ရုပ်သေးတွေအပြည့်ရှိတယ်လို့ကြားတယ်။သူတို့အားလုံးက စာမေးပွဲခန်းထဲ သူ့ကိုလှည့်စားတဲ့လူ ဒါမှမဟုတ် သူ့ကိုရူံးနိမ့်သွားတဲ့လူတွေပဲ.."
"အိုး ဘုရားရေ ငါ့သူငယ်ချင်းဟောင်းလေး ... ရှဲ့ချွမ် ထိုင်ချပြီး လင်းရှင်းဟယ် ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတယ်ဟ.."
"နောက်ဆုံး လူသစ်လေးက နောက်ကျ ရှဲ့ချွမ် ရဲ့ နေရာလွတ်ထဲက ရုပ်သေးဖြစ်လာတော့မဲ့ပုံပဲ"
သဘာဝကျစွာ ကုထောင်ယောင် သည် လည်း ရှန်းရှဌာန၏ကျောင်းမြက်လေး ကောလဟာလကိုကြားမိသည်။အခု သူသည် စခရင်န်ပေါ် က လင်းချင်းဟယ်၏ တိုက်ရိုက်ထုတ်လွှင့်မှိုကို ကြည့်နေသည်။သူမ ထိုင်ဖော်ထိုင်ဖက်လေး ကိုအနည်းငယ်စိတ်ပူမိသွားသည်။
ရှန်းရှဌာန၏ ကျောင်းမြက်လေးက တကယ့်အကောင်ကြီးပဲ! ပြောင်းလဲတယ်!စွမ်းအားကြီးတယ်! ဘာ! တစ်ခါ က ရှဲ့ချွမ်၏တိုက်ရိုက်ထုတ်လွှင့်မှုတွေ လူတိုင်း ရှဲ့ချွမ်၏ ကိုယ်ပိုင်နေရာလွတ်ကို မြင်သွားကြသည်။ကျယ်ပြောလှသော ဧရိယာဖြစ်ပြီး သူ့လက်ထဲအဆုံးမရှိ မြက်ခင်းပြင်တစ်ခုရှိသည်။နောက်ဆုံးစာမေးပွဲတွင် သူ တစ်စုံတစ်ယောက်ကိုသတ်ခဲ့သည်။ဘော့စ်ပင့်ကူမိန်းကလေး သည် အလောင်းကို ထုတ်ကာ ရုပ်သေး လို ပြန်သန့်စင်ပြီး သူ၏ နေရာလွတ်ထဲထည့်ပေးခဲ့သည်။
ကုထောင်ယောင် သည် ထိုတိုက်ရိုက်ထုတ်လွှင့်မှုကို သူမရဲ့မျက်ဝန်းဖြင့် ကိုယ်တိုင်ကိုယ်ကျ မြင်လိုက်တာ ကံကောင်းသည်။မနက်ခင်း ၂ နာရီတွင် သူမ ၏ လက်နှင့်ခြေထောက်များ ထုံကျင်နေခဲ့သည်။
ရုတ်တရက် ကုထောင်ယောင် သည် တစ်စုံတစ်ယောက် ပြောသည်ကိုကြားလိုက်သည်။"..အံ့အားသင့်ဖို့ကောင်းတဲ့နေရာ ရောက်နေပြီ.. ချဲ့ယောင်ရဲ့တိုက်ရိုက်ထုတ်လွှင့်မှုကိုသွားကြည်စို့.."
ထိုစကားကြားပြီးနောက် ကုထောင်ယောင် သည် ချက်ချင်း ချဲ့ယောင်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းကိုဖွင့်လိုက်သည်။
ချဲ့ယောင်သည် ဆေးရုံကုတင်ပေါ် လှဲလျောင်းနေကာ နှင်းမိန်းကလေး နှင့်ဆုံနေပြီဖြစ်သည်။
နှင်းမိန်းကလေး သည် လက် ၅ ချောင်းဖြင့် ချဲ့ယောင်၏ လည်ပင်းကိုဆုပ်ကိုင်ထား၏။
"ငါ့ကိုမသတ်ပါနဲ့ .. ရေခဲပန်းပုဥယျာဥ်ကိုမီးရိူ့တာ ငါမဟုတ်သလို ရေခဲနှင့်နှင်း ပန်းခြံကို မီးရိူ့တာလည်း ငါမဟုတ်ဘူး သို့ပေမဲ့ လင်းချင်းဟယ်လုပ်တာ။သူမ ကြံစည်တာ အခု မင်း ရဲ့အုပ်ချုပ်မှုအောက်က မြို့ကိုလည်းသိမ်းလိုက်ပြီ။မင်း လင်းရှင်းဟယ် ကို မသတ်နိုင်ဘူး မင်း ငါနဲ့ပူးပေါင်းရင် မင်း ငါ့ကိုမသတ်သရွေ့ လင်းချင်းဟယ်ကို သတ်ဖို့ကူညီပေးမယ်.."
နှင်းမိန်းကလေး ၏ လက်ထဲ အသားတစ်တုံး ရှိနေသည်။
ချဲ့ယောင် သည် အသက်ရူသွင်းရင်းပြောလိုက်သည်။ "သူမက နတ်ဆိုးပဲ သူမ မှာ ထင်ယောင်ထင်မှားကို ဖန်တီးပေးခဲ့အကူတစ်ယောက်ရှိတယ်။ငါ သူမရဲ့အားနည်းချက်ကိုသိတယ် မင်းကိုပြောပြမယ်။မင်း ငါ့ကို မသတ်သရွေ့ ငါ မင်းကို အကြံပေးနိုင်တယ်.. ငါ .. ငါ .."
နှင်းမိန်းကလေး၏ လက်သည်းရှည်များ ချဲ့ယောင်၏ လည်ပင်းကိုဖြတ်သွားကာ နေရာတိုင်း သွေးများစီးကျလာ၏။
သူမက ဖြေးဖြေးချင်းဆို၏။"ငါ.. ယောကျာ်းတွေ..ကို မယုံကြည်ဘူး.."
ချဲ့ယောင်၏တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် သတိပေးချက်များဆက်တိုက်ထွက်ပေါ်လာခဲ့သည်။
[Anchor ချဲ့ယောင် အသက်ပျောက်သွားပါပြီ ဒီတိုက်ရိုက်ထုတ်လွှင့်မှုအခန်း သည် ၁ မိနစ်အတွင်း အော်တို ပိတ်ကျသွားပါမည်】
[ရေတွက်မှု စတင်ပါပြီ။】
[60 စက္ကန့် ၊59 စက္ကန့်၊58 စက္ကန့် ..]
အနီရောင် နံပါတ်များ တိုက်ရိုက်ထုတ်လွှင့်မှုအလယ်တွင် ပေါ် လာ၏။
လူတိုင်း သည်အဝေးတနေရာမှ လီချန်ရန်၏ အသံကိုကြားရသည်။" အစ်ကိုချဲ့ ငါတို့ မင်းကိုလာတွေ့တယ်.."
တချိန်ထဲ နှင်းမိန်းကလေး သည် ချဲ့ယောင်၏ခန္ဓာကိုယ်ကိုစိုက်ကြည့်နေ၏။၅ စက္ကန့်အတွင်း သူမ သည် ချဲ့ယောင်၏ အသွင်ကို ပြောင်းပြီး ချဲ့ယောင် ၏ခန္ဓာကိုယ်ကိုဖွက်ထားလိုက်သည်။
သူမ ချဲ့ယောင် လိုမျက်နှာအမူအရာဖြင့် ဆေးရုံကုတင်ပေါ် လှဲလျောင်းနေ၏။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပေါက်ကွဲဆူညံသွား၏။
[အား..အား..အား .. ကြောက်စရာကြီးကွာ..】
[ငါတို့ ခေါင်းဆောင်က မမိုက်ဘူးလား? ဝူး..ဝူး..ဝူး.. ငါ ရွှေတုံး ကို ထိရင်း ပျော်ရွှင်စွာ မလှဲရတာကြာပြီ ငါ စတင်သင်ယူနေပြီ】
[နှင်းမိန်းကလေး ရဲ့ ခွန်အားက မြင့်တယ် လင်းချင်းဟယ်ရဲ့မျက်နှာက တကယ်မိုက်တာဟ】
[မာစတာလုပ်စမ်း! မာစတာ မင်းလုပ်နိုင်ပါတယ်!】
[နှင်းမိန်းကလေး ဘာလုပ်ချင်တာများလဲ? မီးမိန်းကလေး နဲ့မရင်ဆိုင်ချင်လို့ cosplay ကစားချင်တာလား?】
ကုထောင်ယောင်၏ နှလုံးခုန်သံ လည်ချောင်းအထိ ဆန်တက်လာတော့သည်။