Ch-4 : လူသစ်စာမေးပွဲ။
လင်းရှင်းဟယ်သည် ဗီလိန်ကျောင်း၏ စည်းကမ်းများကိုသိရှိခဲ့သည်။စိတ်ပူရမည်မှာ လူသစ်စာမေးပွဲဖြစ်သည်ကိုလည်း အတည်ပြုနိုင်ခဲ့သည်။
ပြောရရင်ဘာစမ်းသပ်စစ်ဆေးမည်ကို မသိသေးချေ။
ဘာမှမသိသောအရာသည်သူမကို ကြောက်လန့်စေသည်။
ကုထောင်ယောင် သည်လည်းလင်းရှင်းဟယ်အတွက် ဘယ်လိုစာမေးပွဲခန်းထဲကျမည်ကိုမသိချေ။
စာမေးပွဲအခန်းအားလုံး ကို ဘယ်သူမှသိမထားကြပါ။ဖြေဆိုရသောစာမေးပွဲအခန်း သည်လည်းမတူသလို အကြောင်းအရာများသည်လည်းအမြဲမတူချေ။
သို့ပေမဲ့လင်းချင်းဟယ်ရဲ့နှလုံးသား သက်သာရာရစေဖို့ အတွက် ကုထောင်ယောင်သည် နေ့လည်ခင်းမရောက်ခင်အထိ စောင့်ဆိုင်းပေးခဲ့သည်။လင်းရှင်းဟယ် သည် နေ့လည်စာစားချိန်အတွင်း အခန်းဆီ ပြန်လာခဲ့သည်။သူမ သည် ကွန်ပြူတာဖွင့်လိုက်ပြီး စာမေးပွဲတိုက်ရိုက်ထုတ်လွှင့်မှုပလက်ဖောင်းကိုဖွင့်လိုက်သည်။
လင်းရှင်းဟယ်,တစ်ယောက် အနည်းငယ်သတိကပ်သွား၏။“တိုက်ရိုက်ထုတ်လွှင့်မှုစာမေးပွဲတောင် ရှိတယ်လား?”
"ဟုတ်တယ်။လေယာဥ်မောလ်ရှိနိုင်ရင် လေယာဥ်ပရိတ်သတ်လည်း ရှိနိုင်တယ်။ဒီလူတွေက ဘယ်ကမ္ဘာက လာသလဲ ဒါမှမဟုတ် ဥာဏ်ရည်ဥာဏ်သွေး မြင့်မားတဲ့ သတ္တဝါတွေလားဆိုတာငါတို့မသိဘူး။ငါတို့စာမေးပွဲများကို စိတ်ပါဝင်စားကြလို့ ကျောင်း က စာမေးပွဲခန်း၏ တိုက်ရိုက်ထုတ်လွှင့်မှုတစ်ခုစီကို ကျောင်းသားများနှင့် သူတို့အားပြသနိုင်စေရန်အတွက် သူတို့နှင့် ပူးပေါင်းဆောင်ရွက်တယ်။နင် စာမေးပွဲခန်းတွင် ကောင်းစွာလုပ်ဆောင်ရင် သူတို့ထံမှဆုလာဘ်များကို ရရှိနိုင်ပြီး ဆုလက်ဆောင်များအဖြစ် ပြောင်းလဲနိုင်တယ်။ဒါပေမဲ့ ထိုအချက်များကို လေယာဥ်မော်လ် ထဲက ဝယ်ယူမှုများအတွက်သာ အသုံးပြုနိုင်ပြီး မင်းရဲ့ အဆင့်သတ်မှတ်ချက်မှာအဲဒါကိုထည့်သွင်းစဉ်းစားမှာမဟုတ်ဘူး”
" ငါတို့အဆင့်သတ်မှတ်ချက်နဲ့ အမှတ်များနဲ့ လေယာဥ် မော်လ်က ပစ္စည်းများဝယ်ရန် အသုံးပြုနိုင်လား?”
“လုပ်နိုင်တယ်၊သို့သော် အဲဒါက မတန်ဘူး။ဖြုန်းတီးဖို့ အမှတ်များလွန်းတဲ့သူတွေကသာ ကုန်တိုက်ထဲမှာပဲ ဖြစ်ဖြစ်၊ကိုယ့်ကိုယ်ကို ကယ်တင်နိုင်တဲ့ ခံစစ်စွမ်းရည် မရှိတဲ့သူတွေကသာ ဖြုန်းတီးပစ်ကြတယ်။ငါတို့ တော်ရုံတန်ရုံ အမှတ်တွေရနေပြီး အသက်ကယ်ကိရိယာတွေ ဝယ်ရုံနဲ့ရှင်သန်နိုင်တယ်။"
ကုထောင်ယောင်က ကျောင်းသားသစ်များ၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေစဥ် လင်းရှင်းဟယ် မှ"လေယာဥ်အမျိုးမျိုးမှ ကမ္ဘာများနှင့် ချိတ်ဆက်နိုင်မှုစွမ်းရည်က ငါတို့ခေတ်သစ်ခေတ်ဌာနရဲ့ နားလည်မှုကို ကျော်လွန်နေတယ်ဆိုတာသက်သေပြနေတယ်။ဘာလို့ ကွန်ပြူတာနဲ့ဖုန်း သုံးနေသေးတာလဲ?optical brains လို နည်းပညာမြင့် ထုတ်ကုန်များကိုဘာလို့မသုံးကြတာလဲ?’
" ငါ ဒီကိုလာတုန်းကလည်း အလားတူမေးခွန်းတစ်ခုရှိခဲ့တယ်။ကျောင်းအုပ်ဝမ် က ဆိုင်ဘာပန့်ခ်စတိုင် ကို နှစ်သက်သူတစ်ယောက်ဖြစ်ကြောင်း နောက်ပိုင်း သိခဲ့တယ်။ ။လက်ကောက်တွေက holographic projections တွေကဖုန်းတွေ၊ကွန်ပျူတာတွေ နဲ့လုံးလုံးအစားထိုးနိုင်တယ်ဆိုတာ သိသာတယ်၊ဒါပေမဲ့ အဲဒီလုပ်ဆောင်ချက်တွေကိုကန့်သတ်ထားတယ် ဒါ့ကြောင့် ငါတို့မှာကွန်ပျူတာတွေကို အသုံးပြုဖို့ကလွဲပြီး ရွေးချယ်စရာမရှိဘူး”
ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကုထောင်ယောင် မှ ပြောလာသည်။"ဟေး၊အခုတလော ကျောင်းသားသစ်တွေ အများကြီး မရှိသေးဘူးဆိုတော့ လူဝင်စာမေးပွဲတွေ နည်းနည်းပဲ ရှိတော့တယ်။အနီးနားရှေးဟောင်းဌာန မှာ လူသစ်စာမေးပွဲအတွက် ကျောင်းသား၁၀ယောက်ရှိတယ်။လူသစ်ကာကွယ်မှုကာလကြောင့်၊ဖယ်ရှားရေးစနစ် မရှိဘူး။အဆုံးထိအသက်ရှင်နေသရွေ့၊အမှတ်ရဖို့အာမခံတယ်”
မျက်နှာပြင်ပေါ်တွင် ကျွန်းတစ်ကျွန်းရှိသည်။
Host ၏ ရှုထောင့်မှ ထုတ်လွှင့်သည်။မြင့်မားသောမြက်ခင်းများဖြင့် ဝန်းရံထားသည်။အန္တရာယ်သည် နေရာအနှံ့တွင် ရှိနေပုံရပြီး အဝေးမှ ဝံပုလွေများ အော်ဟစ်သံကို တိုးတိုးလေး ကြားနေရသည်။
Host သည် အလွန်သိမ်မွေ့သောပုံပေါက်သည့် အမျိုးသမီးငယ်ဖြစ်ပြီး၊သူမသည် ရှေးခေတ်ဌာနမှ ဖြစ်သောကြောင့် ဖြစ်နိုင်သည်။စိမ်းပြာရောင်လက်ကောက် မှ စာမေးပွဲခန်းနှင့်ပတ်သက်သည့် အချက်အလက်ပါသော ပေါ်လာသည့်အချက်များပြသသောအခါ အနည်းငယ် စိတ်ရှုပ်သွားသည်။
လက်ကောက်မှစာမေးပွဲမေးခွန်းကို ပြသပေးလာသည်။.. -‘ကျေးဇူးပြု၍ ကျွန်းပေါ်တွင် သုံးရက် အသက်ရှင်ပါ။’
ကုထောင်ယောင် မှ"ဒါက တကယ်ကို ကောင်းမွန်တယ်။ဖယ်ရှားရေးစနစ်မရှိလို့ မခက်ဘူး။သူမက ရှေးခေတ်ဌာနက အခြားကျောင်းသားကိုးယောက်နဲ့ ဆက်ဆံရေးကောင်းပြီး အစာနဲ့ရေကို ရှာနိုင်သရွေ့တော့ သူမ ၃ ရက်အတွင်း အလွယ်တကူ ရှင်သန်နိုင်တယ်။သူမ အာမခံအမှတ်ကို ရနိုင်တယ်”
ကုထောင်ယောင် သည် အခြားတစ်ခုကို နှိပ်လိုက်သည်။
"ချင်းဟယ်၊ဒါကိုကြည့်။အနောက်စိတ်ကူးယဥ်ဌာနရဲ့လူသစ်စာမေးပွဲက နည်းနည်းပိုခက်တယ်။စာမေးပွဲခန်းက ရှေးခေတ်စစ်မြေပြင်မှာ ရှိတယ်။စာမေးပွဲက သူတို့ကို စစ်မြေပြင်ထဲ စိမ့်ဝင်ပြီး ရန်သူနိုင်ငံထဲက စစ်သားတစ်ယောက်ကို စွမ်းအားမသုံးဘဲ သတ်ခိုင်းတာ။သူတို့က စစ်သားတစ်ယောက်သာသာပဲဆိုတော့ အရေးမပါတဲ့ဇာတ်ကောင်ပဲ။တစ်စုံတစ်ယောက်ကိုသတ်ဖြတ်တာက အနောက်တိုင်း စိတ်ကူးယဥ်ဌာန အတွက် လွယ်တယ်၊သို့သော် စာမေးပွဲမေးခွန်းထဲ သူတို့ အရည်အချင်းကို အသုံးမချခိုင်းတာ ဆိုးလွန်းတယ်။နည်းနည်းပိုခက်တယ်။"
တိုက်ရိုက်ထုတ်လွှင့်မှုတွင် ကြည့်ရှုသူအရေအတွက်ကိုလည်း ပြသထားကြောင်း လင်းရှင်းဟယ် သတိပြုမိသည်။
သို့သော် အများကြီးမရှိပါ။ရှေးခေတ်ဌာန၏ လူသစ်စာမေးပွဲ တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုသူအရေအတွက်သည် ဂဏန်းတစ်လုံးတည်းဖြစ်သည်။အနောက်တိုင်း စိတ်ကူးယဥ်ဌာန အပေါ်ကြည့်ရှုသူအရေအတွက်မှာ ဂဏန်းနှစ်လုံးရှိသော်လည်း ဆယ်ဂဏန်းသာရှိသေးသည်။
"လူသစ်တွေအတွက်တော့ မလွယ်ဘူးထင်တယ်"
"ယေဘုယျအားဖြင့် ခေတ်သစ်ဌာနနဲ့ ရှေးခေတ်ဌာနကို ကြည့်ရှုတဲ့လူတော်တော်နည်းတယ်။ရှေးခေတ်ဌာနမှာက သိုင်းပညာနဲ့ အဆိပ်ကို ကျွမ်းကျင်တဲ့သူတွေရှိတာကြောင့် ရှေးခေတ်ဌာနက အနည်းငယ် ပိုကောင်းတယ်။ရှေးခေတ်ဌာနအတွက်ပရိတ်သတ်ဘယ်လောက်ဆိုတာ သတ်မှတ်လို့တောင်ရတယ်။ဆန်းကြယ်သောသတ္တဝါတွေက သိုင်းပညာကို သဘောကျတယ်လေ..ဒါ့ကြောင့် ရှေးခေတ်ဌာနက ကြည့်ရူသူက ပုံသေဖြစ်နေတာ။တိုက်ရိုက်ထုတ်လွှင့်မှု လမ်းကြောင်းက ယေဘုယျအားဖြင့် A အဆင့်နှင့် S အဆင့် ကျောင်းသားများကိုပဲ အာရုံစိုက်ကြတယ်လေ.. .”
လင်းရှင်းဟယ် သည် ဤကျောင်းတွင် စာမေးပွဲများ မည်သို့လုပ်ဆောင်ခဲ့သည်ကို ကောင်းစွာ သဘောပေါက်သွားသည်။သူမက ကုထောင်ယောင် ကိုပြောလိုက်သည်။“ငါ့ကို နင် အများကြီးပြောခဲ့တယ်။ကျေးဇူးအများကြီးတင်ပါတယ်။ငါ ညစာကျွေးမယ်"
ကုထောင်ယောင် ခေါင်းအမြန်ခါလိုက်သည်။ "မလိုပါဘူး၊မလိုပါဘူး နင် က ကျောင်းသားသစ်လေ။နင့် စတင် အမှတ်တွေကိုထိန်းသိမ်းသင့်တယ်”
အဆင်ပြေပါတယ်။အမှတ်တွေ စုဆောင်းရတာ ခက်ခဲပုံမပေါ်ဘူး။ဒီနေ့ မှော်ဆေးရောင်းတဲ့ ရောင်းသူ ရဲ့ တံမြက်စည်းက အမှတ် ၅၀ တန်တယ်လို့ ပြောတယ်။ဒီနေ့ အနိမ့်ဆုံးရမှတ်နဲ့ ညီမျှတဲ့ ရမှတ်ကိုငါ ရှာဖွေနိုင်ခဲ့တယ်”
ကုထောင်ယောင် : “…”
*မနာလိုမျက်ရည်ကျသွား၏။’
ကုထောင်ယောင် မတုံ့ပြန်မီ လင်းရှင်းဟယ်၏လက်ကောက်ပေါ်တွင် မက်ဆေ့ချ်တစ်ခု ထွက်ပေါ်လာသည်-
‘လင်းရှင်းဟယ်၊ကျေးဇူးပြု၍ စာမေးပွဲခန်း A သို့ နေ့လယ် ၁ နာရီတွင် အချိန်မှန် လူဝင်စာမေးပွဲဖြေဆိုပါရန်။နောက်ကျမနေပါနဲ့။စာမေးပွဲမလွတ်ပါစေနှင့်။စာမေးပွဲ ဖြေဆိုခွင့် လွတ်သွားသူများကို ဒဏ်ကြေးအဖြစ် အမှတ် ၁၀၀၀ နုတ်ယူမည် ဖြစ်သည်။’
ကုထောင်ယောင် ဒီစာကိုမြင်သောအခါ အံ့ဩသွားသည်။" ပထမဆုံးအကြိမ် ကျောင်းသားအသစ် ကိုစာမေးပွဲ မြန်မြန်ဆန်ဆန်ဖြေဆိုခိုင်းတာကိုမြင်ဖူးတာဘဲ။အများအားဖြင့်တော့ ဝင်ခွင့်ရပြီး ရက်အနည်းငယ်ကြာကာလတစ်ခု ရှိတယ်။အတိုဆုံးက တစ်ရက်။အဲဒီတုန်းက ရှန်းရှဌာနက ရှဲ့ချွမ်လေ။နင် ...က မြန်လွန်းတယ်။နေ့တစ်ဝက်တောင်မကျိုးသေးဘူးလေ”
လင်းရှင်းဟယ် သည် အချိန်ကို တစ်ချက်ကြည့်လိုက်သည်။ "နာရီဝက်ရှိသေးတယ်၊ငါ စာမေးပွဲခန်းကို အရင်သွားလိုက်မယ်။ငါ ပြန်ရောက်တာ နဲ့ညစာကျွေးမယ်"
သူမ သည် ကုထောင်ယောင် ကို လက်ပြနှုတ်ဆက်၍ မှော်တံမြက်စည်းဖြင့် ထွက်ခွာလာခဲ့သည်။
ကုထောင်ယောင် မှာ ခံစားချက်ပြင်းပြင်းဖြင့် သက်ပြင်းချလိုက်မိသည်-
သူမ၏ထိုင်ဖော်ထိုင်ဖက်ရဲ့ စိတ်အခြေအနေက ကောင်းလွန်းသည်။
တကယ်တော့ လင်းရှင်းဟယ်ရဲ့ စိတ်နေစိတ်ထား သည် အခြေခံမရှိပေမယ့် အခြေအနေ ဘယ်လောက်ဆိုးနေပါစေ ကံကောင်းခြင်းနည်းနည်းနဲ့ လှည့်ပြန်နိုင်သည်ဟုယုံကြည်ထားသူဖြစ်သည်။ထို့အတွက်ကြောင့် သူမ ဟာသာမန်လူများထက် ပိုမိုယုံကြည်မှုရှိသည်။တစ်ဖက်ကလည်း သူမကိုယ်သူမ ယုံကြည်သလို တစ်ဖက်ကလည်း သူမ၏ကံကို ယုံကြည်သည်။
ထို့အပြင် သူမ သည် ခွဲခြမ်းစိတ်ဖြာတက်သည်။လူသစ်စာမေးပွဲက သူမ အတွက် သိပ်ခက်ခဲမည်မဟုတ်ပါ။
ပထမအချက်၊ခေတ်သစ်ကျောင်းသားများအတွက် လူသစ်စာမေးပွဲကိုကန့်သတ်ထားသည်။ဒုတိယအချက် ဖယ်ရှားရေးစနစ် မရှိပါ။တတိယအချက် သူမတွင် တံမြက်စည်းရှိပြီး စာမေးပွဲမေးခွန်းတွင် ကန့်သတ်ချက်များမရှိသရွေ့၊အခြေခံအားဖြင့် လှည့်စားလို့ရသည်။
လင်းရှင်းဟယ် သည် အဆောင်ခန်းသို့ ဦးစွာပြန်သွားကာ သွားလာရအဆင်ပြေသည့် ယူနီဖောင်းကိုပြောင်းလဲဝတ်ဆင်လိုက်သည်။
အိပ်ဆောင်ရှိဗီရိုတွင် နွေဦး၊နွေရာသီ၊ဆောင်းဦးနှင့် ဆောင်းရာသီအတွက် ကျောင်းဝတ်စုံများရှိသည်။စကတ်နဲ့ ဘောင်းဘီရှည်တွေရှိတယ်။စကတ်ဝတ်ထားပါက စာမေးပွဲဖြေဖို့ မသင့်တော်ချေ။ရှေးခေတ်ဌာနရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုလို စာမေးပွဲခန်းနှင့် ကြုံတွေ့ခဲ့ရရင် စကတ်တစ်ထည်က ကျွန်းပေါ်မှာ ဝန်ထုပ်ဝန်ပိုးဖြစ်စေမည်။အဆိပ်ရှိသော အင်းဆက်နှင့် မြွေများ ရှိ၊မရှိ မသိနိုင်ပါ။ဒါတောင် ခြင်ကိုက်တာကိုထည့်မပြောရသေးဘူး။
လင်းရှင်းဟယ် သည် ခဏမျှ စဥ်းစားလိုက်သည်။စာမေးပွဲမေးခွန်းကိုမသိသောကြောင့် လုံလောက်သော ပြင်ဆင်မှုများ ပြုလုပ်ရမည်။
သူမ ဗီရိုထဲမှ ကျောပိုးအိတ်ကို ဆွဲထုတ်၍ ဓာတ်မီးတစ်လက်၊မီးခြစ်တစ်လုံးနှင့် သာမိုမီတာ အပါအဝင် အဆောင်ထဲမှလိုအပ်သည့် ပစ္စည်းအချို့ကို ထုပ်ပိုးလိုက်သည်။
သူမ သည်မှော်တံမြက်စည်းကိုစီးပြီး ကန်တင်း သို့သွားသည်။ သူမ သာမန်စူပါမားကတ်တစ်ခုကို တွေ့ရှိခဲ့သည်။သူမ အစားအစာခြောက်နှင့် ရေအချို့ကို ဝယ်ယူရန်အမှတ်တချို့ကိုသုံးစွဲခဲ့သည်။သူမ ကန်တင်းမှ ထွက်လာချိန် လေထု ထဲမှ အသားမုန့်အနံ့ကို ရူရိူက်မိပြီး မထိန်းနိုင်ပဲ ၂ ခု ဝယ်ယူခဲ့သည်။
ထို့နောက် နောက်ဆုံးတွင် စာမေးပွဲခန်း A သို့ အမြန်ပြေးလာခဲ့သည်။ လင်းချင်းဟယ်က နောက်ဆုံးရောက်လာသူဖြစ်သည်။
စာမေးပွဲအခန်း A သည် ဗြောင်အလွတ်နီးပါးရှိသည်။
လက်ရှိတွင်လင်းရှင်းဟယ်အပါအဝင် စုစုပေါင်း၆ ဦးရှိသည်။သူတို့ထဲက စားပွဲနောက်တွင်ထိုင်နေသော တစ်ယောက်မှာတင်းမာတဲ့အမူအရာရှိကာ ဆရာတစ်ယောက်ဆိုတာ ထင်ရှားသည်။
လင်းရှင်းဟယ် သည် အခြားကျောင်းသား ၄ ဥ◌ီး ကိုကြည့်လိုက်သည်။
ယောက်ျား နှစ်ယောက် ၊မိန်းမ နှစ်ယောက်။သူတို့ထဲတွင် သုံးယောက်သည် သိပြီးသား
ပုံပေါက်ပြီး အားလုံးက ခပ်ဖောင်းပွ ကျောပိုးအိတ်တွေ သယ်လာကြတယ်။ကျန်တစ်ဦးမှာ အနည်းငယ် ကြောက်လန့်နေပုံပေါ်သည်။
"ငါကမင်းတို့ရဲ့ကြီးကြပ်သူ မစ်စတာချင်း ပါ။ဒီစာမေးပွဲခန်းကို ငါကြီးကြပ်မယ်။စာမေးပွဲစတော့မှာမို့စာမေးပွဲခန်းထဲဝင်ပြီးရင် စာမေးပွဲမေးခွန်းကို ကြေညာလိမ့်မယ်။"
သူ့အသံဆုံးချိန်တွင် လေထဲတွင် အက်ကြောင်းတစ်ခုပေါ်လာသည်။
တစ်ယောက်နဲ့တစ်ယောက်သိသော လူ၃သုံးယောက်ဦးဆောင်၍ ဝင်သွားသည်။ရှက်ရွံ့သောမိန်းကလေး သည် လင်းရှင်းဟယ်ကိုကြည့်ကာ မလှုပ်ရှားချေ။လင်းရှင်းဟယ် သည်အာကာသအချိန်အက်ကြောင်း နှင့် တစ်ခါမျှ မကြုံဖူးပေ။စိတ်ဝင်စားစရာကောင်းသည်ဟု တွေးမိသည်။စာစစ်သည် စိတ်မရှည်တော့ဘဲပြောလာသည်။ "အချိန်မဖြုန်းနဲ့၊မြန်မြန်ဝင်တော့..”
လင်းရှင်းဟယ်,တစ်ယောက် အက်ကြောင်းထဲသို့တိုးဝင်လာပြီးနောက် သူမ၏မျက်လုံးများရှေ့ တောက်ပသော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။သူမ၏မျက်လုံးတွေ လိုက်လျောညီထွေဖြစ်ကာမှအေးခဲတဲ့ လေတွေ တိုက်ခတ်နေတဲ့ ကမ္ဘာကြီးထဲသူမကိုယ်သူမ တွေ့လိုက်ရသည်။
သူမ ကို အဖြူရောင်များ ဝန်းရံထားသည်။သူမနှင့်အတူဝင်ရောက်ယှဥ်ပြိုင်မည့် ကျောင်းသားများကို မည်သည့်နေရာမှ မတွေ့ရတော့။
ထိုအချိန်စာမေးပွဲမေးခွန်းက သူ့လက်ကောက်ပေါ်ပေါ်လာသည်။
‘နှင်းမိန်းကလေး ကိုသတ်ပြီး အသက်ရှင်လျက် ထွက်လာပါ။ဤစာမေးပွဲခန်းတွင် မှော်အတတ်အားလုံးကို အသုံးပြုခြင်းကို တင်းကြပ်စွာတားမြစ်ထားသည်’
ကုထောင်ယောင် သည် နေ့ခင်းဘက်တွင်အတန်းရှိသော်ငြား စာမေးပွဲတိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းကိုဖွင့်ရန် ဖုန်းကို တိတ်တဆိတ်အသုံးပြုကာ လင်းရှင်းဟယ်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းသို့ ဝင်ရောက်လာခဲ့သည်။
စာမေးပွဲဘာသာရပ်နှင့် သတ်မှတ်ချက်ကို မြင်သောအခါ တုန်လှုပ်သွားလေသည်။
ဒီအခန်းက ဘယ်လို စာမေးပွဲခန်းလဲ?
ခေတ်သစ်ကျောင်းသားများအတွက်၊ဤအရာကို ငရဲအဆင့် ဟု ယူဆနိုင်သည် မဟုတ်လား။
ခေတ်သစ်ခေတ်ဌာန၏ လူသစ်စာမေးပွဲ၏ တိုက်ရိုက်ထုတ်လွှင့်မှုများသည် အမြဲအာရုံစိုက်မှု
အနည်းငယ်ရသည်။သို့ပေမဲ့အလွန်အကျွံအခက်အခဲကြောင့် လူတစ်စု၊ကျောင်းသားများနှင့် လေယာဥ်အမျိုးမျိုးမှ ဥာဏ်ရည်ဥာဏ်သွေးမြင့်မားသော သတ္တဝါများကိုသာ စောင့်ကြည့်ဖို့ဆွဲဆောင်မိခဲ့သည်။
【ကျောင်းသားတွေ ပစ်မှတ်ထားခံရတာများလား?ဒီလိုခက်ခဲကြမ်းတမ်းတဲ့ စာမေးပွဲခန်းမှာ ရှင်သန်ရမှာအံ့ဩစရာပဲ။】
【ဒါပေမဲ့သူတို့က ခေတ်သစ်ဌာနမှ လူငယ်လေးတွေလေ။ဟမ်? ဒီကျောင်းသားက မှော်တံမြက်စည်းကို ယူဆောင်လာတယ်။စာမေးပွဲမဖြေခင်မှာ အဆင့်အတန်းမြင့်တဲ့ ပစ္စည်းတစ်ခု ရခဲ့တယ်။ကြည့်စမ်း၊သူ့မှာ အရည်အချင်းရှိတယ်။】
[ဒီမှာ မှော်တံမြက်စည်းက အသုံးမဝင်ဘူး။စာမေးပွဲခန်းရဲ့ စည်းကမ်းတွေကို မမြင်ဘူးလား။မှော်ဆန်သောပစ္စည်းများကို ပိတ်ပင်ထားတယ်။】
【... အဲဒီ မှော်တံမြက်စည်းကိုငါ့ဆိုင်ကဆွတ်ခူးသွားတာ။အဲဒီပုဂ္ဂိုလ် ကဥရောပဧကရာဇ်တစ်ပါးပဲ!!】(၂)
【သူမ က ကံလည်းကောင်းတယ်။ကံတရားတစ်ခုတည်းနဲ့ ဝေးဝေးသွားလို့မရဘူး။အခု မှော်ဆန်သည့်ပစ္စည်းများကို တားမြစ်ထားတယ်။သူမက ပါးလွှာသောအဝတ်အစားများသာ ဝတ်ဆင်ထားပြီး အလွန်အေးလွန်းသော သဘာဝလွန်သတ္တဝါဖြစ်သည့် နှင်းမိန်းကလေး ကို သတ်ပစ်ရမှာလေ။အဲဒါ ခက်တယ်】
စာမေးပွဲခန်းထဲတွင် လင်းရှင်းဟယ်သည် ကျောပိုးအိတ်ထဲက အောက်ခံအင်္ကျီတစ်ထည်ကို ချက်ချင်းထုတ်လိုက်သည်။ဝတ်ဆင်ပြီးနောက်သူမ၏ပတ်ဝန်းကျင်ကို ဂရုတစိုက်လေ့လာသည်။
အောက်ခြေမှတ်ချက်များ-
(1) နှင်းမိန်းကလေး- "Yuki-onna" ဟုလည်းလူသိများသည်။ဂျပန်ရိုးရာပုံပြင်တွင် ဝိညာဥ် သို့မဟုတ် ယိုကိုင်း၊လူမဆန်စွာ လှပပြီး သံသယကင်းသော လူများကို ဆွဲဆောင်ရာတွင် ကျွမ်းကျင်သူဖြစ်သည်။
(၂) ဥရောပဧကရာဇ်- အလွန်ကံကောင်းသည့် ကစားသမားကို ရည်ညွှန်းသည့် ဂိမ်းအသုံးအနှုန်း