စက္ကန့်ဝက်မပြည့်မီတွင်ပင် ရှန်ဂျီ၏ ကူးစက်မှုတန်ဖိုးသည် 77 မှ 79 အထိ မြင့်တက်လာခဲ့သည်။
Systemသည် သာမန်လူတစ်ဦးတွင် ကူးစက်မှုတန်ဖိုး လျင်မြန်စွာ မြင့်တက်လာသည်ကို ပထမဦးစွာ ကြုံတွေ့ခဲ့ရပြီး ထိုသူက မြူခိုးဖန်တီးသူအဖြစ် ရွေးချယ်ခြင်းခံရမှာဖြစ်သည်။ ရွေးချယ်ပြီးသည်နှင့်တပြိုင်နက် ရွေးချယ်ထားသော ခန္ဓာကိုယ်အတွင်းမှ မြူခိုးများ ပထမဆုံးထွက်လာပြီး လျင်မြန်သော ညစ်ညမ်းမှုနှင့် ဗီဇပြောင်းလဲခြင်းကို ဖြစ်စေသည်။
ပုံမှန်အားဖြင့် ယခင်က သာမန်လူတစ်ဦးသည် တစ်မိနစ်အတွင်းတွင် ကြောက်မက်ဖွယ် ကောင်းသော ဂြိုလ်သားအဖြစ်သို့ ရောက်ရှိသွားပြီး မြူခိုးများကို ထိန်းချုပ်နိုင်စွမ်း ရှိလာမည်ဖြစ်သည်။
ရှန်ဂျီ၏ ကူးစက်မှုတန်ဖိုးများ ပြင်းထန်စွာ ခုန်တက်သွားသဖြင့် systemသည် ကုန်ကျစရိတ်များကျခံကာ စီစဉ်ထားသည့် အရေးပေါ် အကာအကွယ်များကို အသုံးပြုရန် မေ့လျော့သွားပြီး ထိတ်လန့်စွာ စောင့်ကြည့်နေမိသည်။
79, 79.5, 80...
ထီးသည် ဝက်သူဋ္ဌေးကိုဆောင့်မိကာ အစိတ်စိတ်အမွှာ ကွဲထွက်သွား၏။
ရှန်ဂျီသည် သူ၏အမြင်အာရုံနယ်ပယ်မှ အနီရောင်လမ်းကြောင်းကို အဆုံးထိ ခြေရာခံလိုက်စဉ်တွင် ထီးသည် ပြန့်ကျဲနေသာမိုးရေစက်များကဲ့သို့ အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားသည်ကို တွေ့လိုက်ရသည်။
ယခုအခြေအနေတွင် သူဌေးနှင့်ရှန်ဂျီအကြား တွင် မည့်သည့်အတားအဆီးမှမရှိတော့ချေ။ ရက်စက်ကြမ်းကြုတ်သော ဝက်မျက်နှာက သွေးဆာနေသောအပြုံးကို ရှင်းရှင်းလင်းလင်းတွေ့လိုက်ရသည်။သို့သော်လည်း ရှန်ဂျီ၏ ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရှားသွားပြီး သူ့အိတ်ကပ်ထဲသို့ ထည့်ထားသောလက်သည် ရုတ်တရက် ထွက်လာကာ ဝက်၏ဝမ်းဗိုက်မှ ထွက်နေသည့် လက်တစ်ဖက်ကို လျင်မြန်စွာ ဆုပ်ကိုင်လိုက်လေသည်။
ထိုလက်သည် အေးခဲသွားပြီး လှုပ်ရှားမှုအားလုံးခေတ္တရပ်သွား၏။
ရှန်ဂျီသည် ၎င်းအား ကျွမ်းကျင်သော ကျွမ်းဘားအားကစားသမားကဲ့သို့သော အရှိန်အဟုန်ဖြင့် အရှိန်မြှင့်ကာ ဝက်သူဋ္ဌေး၏ အနောက်ဘက်ဆီသို့ ဘေးတိုက်ပျံသန်းမှုဖြင့်ရွေ့လျားလိုက်သည်။
ထီးနှင့်ဝက်ခန္ဓာကိုယ်တို့ ပြင်းထန်စွာ တိုက်မိခဲ့ခြင်းကြောင့် သူ့ခန္ဓာကိုယ်သည် တုန်ယင်နေတုန်းပင်။ထိုဝက်သူဋ္ဌေးသည် မဆင်းသက်ခင် သူ့ကိုယ်ဟန်အနေအထားကို အမြန်ဆုံးချိန်ညှိနေသော်လည်း သူ၏ခန္ဓာကိုယ်သည် မမြင်ရသည့်ထိုင်ခုံနှင့် ပြင်းပြင်းထန်ထန် တိုက်မိသွားကာ ကျယ်လောင်သော ဆူညံသံများထွက်ပေါ်လာ၏။
“အာ့”
ရှန်ဂျီ၏ နှုတ်ခမ်းများ မှ ညည်းတွားသံတစ်ခုထွက်လာပြီး သူ့မျက်ခုံးတို့ အလိုအလျောက် တွန့်ချိုးသွားရသည်။
ကျိုးကြေသံ!
ဝက်သူဋ္ဌေးသည် အရှိန်မြင့်သော ဘောလုံးအဖြစ်သို့ ပြောင်းလဲသွားသောအခါတွင် သူ၏သားကောင်သည် သီသီလေး လွတ်သွားသည်ကိုတွေ့လိုက်ရသဖြင့် သူ၏ သွေးနီရောင်မျက်လုံးငါးလုံးသည် ခေတ္တအရောင်မှိန်သွား၏။ သို့သော် ၎င်း၏ကြီးမားသောအရွယ်အစားကြောင့် ရှန်ဂျီကို နောက်ထပ်မလိုက်နိုင်တော့ပေ။သို့သော် သူ၏ အောက်ခြေတွင် သားကောင်များစွာရှိနေသေး၏။ဝက်ခေါင်းသည် ပို၍ပင် ပြင်းထန်သည့် အမူအရာဖြင့် ကြီးထွားလာခဲ့သည်။
“ မင်းတို့အားလုံးကို ငါဖျက်စီးပစ်မယ်!”
မပြေးသေးသော လူတို့၏ မျက်လုံးများတွင် စိတ်ပျက်အားငယ်မှုအရိပ်အယောင်များ ဖုံးလွှမ်းသွားခဲ့သည်။ အချို့သောသူများသည် မိမိတို့၏အသက်ကို ကံကြမ္မာပေါ်တွင်သာပုံထားလိုက်ပြီး သေခြင်းတရားကိုရင်ဆိုင်ရန် မျက်စိမှိတ်ထားလိုက်ကြသည်။ ဒါပေမယ့် ဝက်သူဌေး၏ဟောက်သံက ရုတ်တရက် လေသံပြောင်းသွား၏။
“ဂူး၊ဂူး၊ဂူး၊ဂူး၊ဂူး၊ဂူး၊အား?”
ထိုအခိုက်အတန့်တွင် ဝက်သူဌေး၏လုံးဝန်းကာ မာသောဗိုက်ပေါ်တွင် အက်ကွဲကြောင်းတစ်ခုပေါ်လာခဲ့သည်။
ထိုအက်ကွဲကြောင်းသည် အရှိန်ပြင်းပြင်းဖြင့် ခန္ဓာကိုယ်တစ်ခုလုံးသို့ လေ၏အလျင်နှင့်အတူ ပျံ့နှံ့သွား၏။
ဝက်သူဋ္ဌေးသည် ကြီးမားသော အသားလုံးအတုံးကြီးတစ်တုံးအဖြစ်မှ အသားပိုင်းနှစ်ပိုင်းအဖြစ်ကွဲသွားပြီး ခန္ဓာကိုယ်ထဲကအရာများသည် ဆူညံသံများနှင့်အတူ ထွက်ကျလာခဲ့သည်။
လူများ၏ ရုန်းရင်းဆန်ခတ် အော်ဟစ်သံများနှင့်အတူ ကောင်းကင်မှ မိုးရေများကဲ့သို့အရာများ ကျဆင်းလာခဲ့၏။
ထက်ခြမ်းကွဲသွားသောဝက်သူဋ္ဌေးသည် လေထီးနှင့်ဆင်တူသော အသွင်သဏ္ဍာန်ဖြင့် ဖွဲ့စည်းထားပြီး နောက်ဆုံးတွင် စောင်ကြီးတစ်ခုကဲ့သို့ ရုတ်တရက် လူများပေါ်သို့ပြုတ်ကျလာခဲ့သည်။
ထို့နောက်တွင် အသံကြီးတစ်ခုမြည်ဟည်းသွားတော့၏။
မျက်မှန်နှင့်လူသည် သူ့ကို သံတူနဲ့ရိုက်ချခံရတော့မည်ကဲ့သို့ သူ့ခေါင်းကို လက်နှစ်ဖက်နှင့်အုပ်ချလိုက်သည်။သို့သော် မည်သို့မျှမခံစားရချေ။ထို့နောက် ရုတ်တရက်သူ၏မျက်စိရှေ့မှ အရာအားလုံးသည် မည်းမှောင်သွားကာ တုန်လှုပ်သွားရသည်။
ခဏအကြာတွင် ထိုသူသည် ကြမ်းပြင်ပေါ်တွင်ဝပ်နေရင်းမှ ဖြစ်ပျက်ခဲ့သမျှကို ဖြည်းဖြည်းချင်း ပြန်သတိရလာခဲ့သည်။
အခုလေးတင်ပဲ သုတေသနအဖွဲ့အစည်းက လူငယ်လေးက ဝက်ရဲ့ဗိုက်ကို ထီးလေးတစ်ချောင်းနဲ့ပဲ ခွဲလိုက်တာလား။
သူနာပြုဆရာမက မြေအောက်ရထားပေါ်ကိုယူလာခဲ့သောထီးသည် သာမာန်ထီးတစ်လက် ပင်ဖြစ်ပြီး သုတေသနအဖွဲ့အစည်းမှ နည်းပညာမြင့်ထုတ်ကုန် မဟုတ်လောက်ပေ။
ဆေးထိုးအပ်တစ်ချောင်းက သန္ဓေပြောင်းလူသားတွေရဲ့ အရေပြားကို မဖောက်နိုင်ပေမယ့် သာမန်ထီးတစ်လက်နဲ့ လှီးဖြတ်နိုင်ခဲ့တာလား!
အဓိပ္ပာယ်မရှိစွာ သိပ္ပံပညာကိုကျော်လွန်သွားသည့် အဖြစ်အပျက်တစ်ခုပင်။သို့သော် တစ်ခါတစ်ရံတွင် ရှန်ဂျီကဲ့သို့ သြဇာတိက္ကမနှင့်ပြည့်စုံလှသူတို့၏ကမ္ဘာသည် သိပ်အဓိပ္ပါယ်မရှိလှချေ။
ဒါမှမဟုတ် အဲ့ဒီပုဂ္ဂိုလ်က အရည်အချင်းရှိတဲ့ လျှို့ဝှက်စွမ်းအားရှင် ဖြစ်နိုင်မလား...?
မျက်မှန်တပ်ထားသောလူ၏ အတွေးများသည် စက္ကန့်အနည်းငယ်မျှသာကြာပြီးနောက် သူသည် သွေးနံ့များကိုရလိုက်သည့်အတွက် လက်ရှိကမ္ဘာသို့ ပြန်ရောက်လာခဲ့သည်။
ယခု သူနှင့် မတူညီသောအဝတ်အစားများ၊ နာရီများ၊ လက်ကောက်များဝတ်ဆင်ထားသောသူအကုန်လုံးသည် ဝက်သူဋ္ဌေး၏ လက်များနှင့်ဝန်းရံထားသော ဝမ်းဗိုက်အရေခွံအောက်တွင် ရောက်ရှိနေကြ၏။
မျက်မှန်နှင့်လူသည် ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သော မြင်ကွင်းကို ပထမဆုံးအကြိမ် အနီးကပ်မြင်ဖူးခြင်းပင်။
ယခင်က သူသည် ”မြူခိုး”စူးစမ်းလေ့လာရေးစင်တာတွင် အလုပ်လုပ်ခဲ့ပြီး မြို့၏ပြိုကျသည့်နေရာများကို စူးစမ်းလေ့လာရေးကိရိယာများဖြင့် ကြည့်ရှုရသောအခါတွင် အလွန်ဆိုးရွားသော မြင်ကွင်းများကို မြင်တွေ့ခဲ့ရသည်။
သို့သော် ထိုအချိန်တွင် သူသည် ဘေးအကင်းဆုံးမြို့လယ်တွင်ရှိပြီး စောင့်ကြည့်ရေးမျှော်စင်မှ ထိုမြင်ကွင်းများကိုကြည့်ခဲ့ရခြင်းဖြစ်သည်။ ထိုကဲ့သို့ အနီးကပ်မြင်ကွင်းမျိုး တစ်ခါမျှမကြုံဖူးပေ။
မျက်မှန်တပ်ထားသော အမျိုးသားသည်အစာအိမ်ထဲမှ တလိပ်လိပ်တက်လာသလို ခံစားလိုက်ရသည်။ အထူးသဖြင့် သူ့ခေါင်းပေါ်ရှိ “စောင်” သည် ရွေ့လျားနေသေးသည်ကို ခံစားလိုက်ရသောအခါတွင်ပင်။
ထိုအရေပြားကြီးကိုလက်ဖြင့် မြှောက်ရန် ကြိုးစားလိုက်သော်လည်း ထိုအရာကြီးမှာ အလွန်ကြီးပြီး ထူသဖြင့် မမြှောက်နိုင်ခဲ့ပေ။
ထိုအချိန်တွင် တစ်စုံတစ်ယောက်၏ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရသည်။
“ဝက်သူဌေးက လုံးဝရူးသွပ်ပြီ။ သွေးထွက်သံယို ငရဲလိုပဲ Fuck** ။ အခုထိ မြုပ်နေတုန်းပဲ။ အများကြီးစားလို့ သေမသွားဘူးလား”
စောစောကမှ အဆင့်7 စွမ်းအင် နိုးထလာခဲ့သော လူငယ်လေးဆီမှအသံပင်။
ထို့နောက်တွင် လူတို့၏ခေါင်းပေါ်ရှိ အရေပြားစောင်ကြီးကို တစ်စုံတစ်ခုကမြှောက်လိုက်သလို ခံစားလိုက်ရပြီး အလင်းရောင်နှင့် လတ်ဆတ်သောလေများ ဝင်လာခဲ့၏။
နောက်ဆုံးတွင် သူသည် ပစ္စည်းအစုအပုံကြီးကြားမှ ရှောင်ရှားကာတွားသွားရင်း မျက်မှန်မှ သွေးများကို သုတ်လိုက်သည်။ထိုနောက် သူဌေး၏ဗိုက်ကို ကိုင်ထားသည့်အရာကိုရှင်းရှင်းလင်းလင်း မြင်လိုက်ရသည် ။
ထိုအရာသည် “Fuck” ဟု စာလုံးအကြီးကြီးနဲ့ စာလုံးပေါင်းထားတဲ့ စာတန်းတစ်ခုပင်။
ဤစာများကိုရွတ်ဆိုလိုက်သော ချန်ရှုးရှူးသည် ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းတွင် ရပ်နေကာ သူ၏ လက်နှစ်ဘက်လုံးတွင် “not” သင်္ကေတကို ဆုပ်ကိုင်ထားပြီး သူ့နဖူးတွင် သွေးကြောများ ထောင်နေ၏။
သူသည် ထို “not” ကို အစွမ်းကုန်ကန်ထုတ်ပစ်လိုက်သည့်အခါ ထိုစာလုံးသည် သူဌေး၏ နှလုံးသားနေရာတွင် တန်းလန်းကြီးဖြစ်နေပြီး တုန်ခါနေ၏။
ထို “not” သင်္ကေတသည် ချွန်ထက်သော ဓားရှည်နှင့်တူပြီး လျင်မြန်သော လှုပ်ရှားမှုတစ်ခုဖြင့် နှလုံးကိုဖြတ်၍ အပေါက်ကြီးတစ်ခုဖြစ်သွားစေခဲ့သည်။
ထိုဗိုက်ကြီးသည် တခဏလောက် ပြင်းထန်စွာ လှုပ်သွားပြီးနောက် လုံးဝငြိမ်သွားတော့၏။
သေပြီလား?
မျက်မှန်နှင့်လူသည် အကြွင်းအကျန်များကို တွန်းဖယ်ကာ သူဌေး၏ဝမ်းဗိုက်အောက်မှ ရုန်းထွက်လိုက်သည်။သူ လှည့်ကြည့်လိုက်ရာ သူဌေး၏ဝက်ခေါင်းတွင် အတိအကျ ပြတ်တောက်နေသော ထီးတစ်ပိုင်းက ကပ်လျက်ရှိသည်ကို တွေ့လိုက်ရသည်။ ချိုးခံထားရသောထိပ်ဖျားသည် ယခင်ကထက် ပိုမိုချွန်ထက်နေပြီး ထိုဝက်မျက်လုံးကိုဖောက်ကာ ဦးနှောက်ကို တိုက်ရိုက်ထိထား၏။
နှလုံးရော ဦးနှောက်ရော ပျက်စီးသွားပြီ။
ဒီတစ်ခါတော့ အဲ့ဝက်က မထနိုင်တော့ဘူး!
လူများသည် ဝက်အရေပြားအောက်မှ တဖြေးဖြေး တွားထွက်လာကြပြီး နေရာတိုင်းတွင် ပွက်ပွက်ဆူနေသော အညစ်အကြေးများနှင့် ဖုံးလွှမ်းနေ၏။
အချို့က အော့အန်ကြပြီး အချို့က တစ်ချိန်တည်းတွင် ရယ်လိုက် ငိုလိုက်ဖြစ်နေကြသည်။
“ဟားဟား၊ ငါတို့မသေဘူးကွ ငါတို့ လွတ်မြောက်ခဲ့ပြီ!”
ရထားတွဲ၏တစ်ဖက်တွင် ဝက်သူဌေး၏အလောင်းနှင့် အသက်ရှင်ကျန်ရစ်သူများဝေးရာတွင် ရှန်ဂျီသည် သူ၏ ညာဖက်လက်မောင်းကိုကိုင်ကာ မြေပြင်ပေါ်တွင် ထိုင်နေ၏။
(ညာလက်မောင်း-ကျိုးအက်သွားခြင်းနှင့်အတူ တစ်ရှူးပျော့ဒဏ်ရာ ၃ ချက်)
Systemက ပြောလိုက်သည်။ “ရှန်ဂျီ မင်းနာနေရင် အသံထွက်ပြီး ညည်းထုတ်လိုက်လေ”
ရှန်ဂျီ : “ညည်းတွားတာလား?”
အချိန်အတော်ကြာ စဉ်းစားပြီးနောက် System က " ရှန်ဂျီသည် E အဆင့်မျိုးကွဲကို အနိုင်ယူနိုင်ခဲ့ပါတယ်။ ယခု စတင်သူ၏လက်ဆောင်ပက်ကေ့ချ် (package)မှ ပစ္စည်းတစ်ခုကို ကျွန်ုပ်တို့ ပေးအပ်လိုက်ပါတယ်"
“ဂုဏ်ယူပါတယ် ရှန်ဂျီ အခြေခံကုသရေးပတ်တီးလိပ်ကို လက်ခံရရှိပါပြီ"
ရှန်ဂျီ၏ အိတ်ကပ်ထဲသို့ ပတ်တီးလိပ်အနည်းငယ် ရောက်ရှိလာသည်။
" အခြေခံအနာရောဂါကုသရေးပတ်တီး
ညွှန်ကြားချက်များ:
အဆစ်အမြစ်ရောင်ရမ်းဝေဒနာကြောင့် ဒုက္ခရောက်နေပါသလား။ ဒဏ်ရာကနေ သွေးထွက်မှာကို စိုးရိမ်နေပါသလား။ 'Heal-It' အမှတ်တံဆိပ်အနာပျောက်ဆေးပတ်တီးကို ချက်ချင်းသုံးပါ။အဲဒါကို စီးလိုက်ရုံနဲ့ ချက်ချင်းရလာဒ်တွေကို တွေ့ပါလိမ့်မယ်။ ဝေဒနာကို ဂရုစိုက်ပါ။အနာကျက်အောင် ဂရုစိုက်ပါ။ ငါတို့က အကောင်းဆုံးအဖွဲ့သားတွေပါ "
ရှန်ဂျီသည် သူ၏ လှုပ်နိုင်သောဘယ်လက်ကို အသုံးပြု၍ ပတ်တီးလိပ်ကို ထုတ်ယူလိုက်သည်။ပတ်တီးကို ခေါင်းစောင်း၍ သွားများဖြင့် ဆုတ်ဖြဲကာ ဒဏ်ရာရနေသော လက်မောင်းကို ရစ်ပတ်လိုက်သည့်အခါ ချက်ခြင်း ဝေဒနာ ပျောက်သွား၏။
အေးမြသောခံစားမှုသည် သူ၏လက်မောင်းတစ်လျှောက် ပျံ့နှံ့သွားခဲ့ပြီး ဆေးက ကျိုးနေသောအရွတ်များနှင့် အရိုးများကို လျင်မြန်စွာပြုပြင်ပေးနေသည်ကိုပင် ခံစားရသည်။ အကျိုးသက်ရောက်မှုက သိသိသာသာ မြန်ဆန်လှ၏။
Systemက အနည်းငယ် ကျေနပ်သွားရသည်။
System: “ရှန်ဂျီဘယ်လိုလဲ? လက်ဆောင်ပစ္စည်းက အသုံးဝင်တယ်မလား? ငါတို့မှာ ပိုအသုံးဝင်တဲ့ အရာတွေ ရှိနေသရွေ့......”
“ချက်ပြုတ်ဖို့ နာရီဝက်အတွင်း ငါ့လက် ပြန်ကောင်းနိုင်ပါ့မလား” ရှန်ဂျီက မေးခဲ့သည်။
System: […]
ဒီလိုအချိန်မျိုးမှာ ညစာချက်ပြုတ်ဖို့ စဉ်းစားနေသေးတာလား?