no

Font
Theme

Chapter 5 ( လူအများကြီးမရှိခြင်း )

တစ်ခုခုဖြစ်နေပြီ!

မြူခိုးလေ့လာရေးစင်တာမှ အချက်ပေးသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

"ညှန်ကြားရေးမှူး......မြို့ထဲမှာ မြူမှုန်တွေ ပေါ်ထွက်လာပါတယ်။လေ့လာမှုအရ မြူမှုန်အဆင့်က F နဲ့ E ကြားမှာ ရှိပါတယ်။မြို့တွင်းနဲ့ ဥမင်လိုဏ်ခေါင်းတွေရဲ့3 ပုံ 2ပုံလောက်နေရာယူထားပြီး မြေအောက်ရထားလိုင်း 1 အတွင်းမှာ..... "

"အဆင့်နိမ့် မြူခိုးတွေပဲမလား?"

ထိုနေ့တာဝန်ကျသော ညွှန်ကြားရေးမှူးက သူ့အလုပ်ကြားက ခေါင်းပင်မမော့ဘဲ ပြောလိုက်သည်။

"တာဝန်ကျတပ်ဖွဲ့ကို အစီရင်ခံစာပို့လိုက်"

"ဒါပေမဲ့ ....ညွှန်ကြားရေးမှူး အခုဟာက အနီရောင်အဆင့်ပါ" 

အဖွဲ့ဝင်က တုန်ယင်စွာပြောလိုက်သည်။ထိုအခါ ညွှန်ကြားရေးမှူးသည် သူ၏ အလုပ်ထဲမှခေါင်းမော့လိုက်ပြီး "ဘာလဲ အခုချက်ချင်း အသေးစိတ်တင်ပြ"

စောင့်ကြည့်ရေးစင်တာရှိ သတိပေးချက်များကို အဝါရောင်၊ အနီနှင့် အနက်ဟူ၍ သုံးမျိုးခွဲခြားထား၏။ယေဘူယျအားဖြင့် အဝါရောင်သတိပေးချက်သည် အတွေ့ရအများဆုံးဖြစ်ပြီး မြို့၌ တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက် ပျမ်းမျှဖြစ်ပေါ်တတ်သည်။ထိုသတိပေးချက်သည် မြို့တွင်းတွင် အဆင့်နိမ့် မြူနှင်းများကျရောက်မှုကို ညွှန်ပြနေ၏။သို့သော် အနီရောင်သတိပေးချက်များသည် တစ်နှစ်လျှင် တစ်ကြိမ်လောက်သာ ဖြစ်ပေါ်တတ်ပြီး အန္တရာယ်အရှိဆုံးအဆင့်အဖြစ် သတ်မှတ်ထားခဲ့သည်။

အနီရောင်သတိပေးချက်ကို ဖြစ်ပေါ်စေသည့် လက်ရှိမြူနှင်းကပ်ဆိုးကို F နှင့် E အဆင့်ကြားတွင် ခွဲခြားထားသည်။သို့သော် ညွှန်ကြားရေးမှူးသည် ယခုအခြေအနေကို သာမန်C အဆင့်မြူကပ်ဘေးဟု သတ်မှတ်ထားလေသည်။

"မြို့တွင်းရှိ မြေအောက်ရထားဘူတာရုံများအားလုံး၏ စောင့်ကြည့်ချက်အရ၊ လိုင်း ၁ မြေအောက်ရထားတွဲတွင် လက်ရှိပိတ်မိနေသူ ၁၄၄၄ ဦးရှိပါတယ်။ ထိုသူတို့မှာ အသေးစား ဘေးဥပါဒ်၏ နယ်ပယ်အတွင်း ကျရောက်နေဆဲဖြစ်ပြီး အနီရောင်သတိပေးချက် ဖြစ်ပေါ်လာရခြင်းအကြောင်းရင်းမှာ ပိတ်မိနေသော ပုဂ္ဂိုလ်များထဲမှ တစ်ဦးမှာ SSS အဆင့်စာရင်းသွင်းထားသောညွန်ကြားရေးမှူး၏ မိသားစုဝင်တစ်ဦးဖြစ်ပါတယ်။ကျွန်တော့်မှာ ထိုလူရဲ့ ပုဂ္ဂိုလ်ရေးအကျဥ်းကို ဝင်ရောက်ကြည့်ရှုခွင့်မရှိပါဘူး"

မိသားစုဝင်အကြောင်းအရာဖိုင်ကို တစ်ခြားသူဝင်ကြည့်လို့မရဘူးလား! ဒီလူက တော်တော်လေး အကာကွယ်ခံထားရတာပဲ!

ညွှန်ကြားရေးမှူးသည် မျက်ခုံးကိုပင့်လိုက်ကာ သူ၏IDကဒ်ကို စက်တွင်တင်လိုက်သည်။

"မြေအောက်ရထားလိုင်း၁ရှိ အထူးပုဂ္ဂိုလ်များ၏လက်ရှိဖိုင်များကို ဝင်ရောက်ကြည့်ရှုမယ်"

အမည်: ရှန်ဂျီ

ID: 010******7309

လိင်: အမျိုးသား

အသက်:*****

အလုပ်အကိုင်: *****

လိပ်စာ: ******* ******

ထူးခြားစွမ်းရည်: မရှိ

တရားဝင်လက်တွဲဖော်: ဇန်လင်

ညွှန်ကြားရေးမှူး တန်လင်သည် ကိုယ်ရေးအကျဥ်း၏ အောက်ဆုံးစာကြောင်းကို စိုက်ကြည့်လိုက်သည်။

ဇန်လင်ရဲ့ လက်တွဲဖော်!

ဇန်လင်ဟူသော စကားလုံးနှစ်လုံးကိုမြင်လိုက်သည်နှင့် ဗီဇပြောင်းလဲမှုနှုန်းများ မြင့်တက်ကာ ပျက်စီးလုနီးပါးဖြစ်နေသော လူတစ်ယောက် သူ့အာရုံထဲ၌ပေါ်လာ၏။ဤသည်မှာ ထူးခြားစွမ်းအင်အသုံးများမှု၏ နောက်ဆက်တွဲရလဒ်တစ်ခုပင်။ညွှန်ကြားရေးမှူးတန်လင်သည်  ခေါင်းပါကိုက်လာရသည်။သူသည် ဇန်လင်၏ ဆိုးရွားသောအခြေအနေကို သတိထားမိပြီး မြို့ထဲမှ ထုတ်ပစ်ရန် အကြံပြုချက်များကိုပင် ပေးပို့ခဲ့ဖူးသူဖြစ်သည်။

ကြောက်မက်ဖွယ်ကောင်းသည့် အကျိုးဆက်အချို့ကို ချက်ခြင်းပင် တွေးလိုက်မိပြီး တန်လင်၏ မျက်ခုံးတို့ တွန့်သွားရ၏။

"အဖွဲ့ကို ကိုယ်တိုင်ဦးဆောင်ဖို့ မြို့တော် ကာကွယ်ရေးတပ်ရဲ့ အဖွဲ့ခေါင်းဆောင်ကို မြန်မြန် အကြောင်းကြားပါ ! ဆယ်မိနစ်အတွင်း... မဟုတ်ဘူး ငါးမိနစ်အတွင်း အခြေအနေကို အမြန်ဆုံးဖြေရှင်းပြီး ရထားပေါ်က ခရီးသည်တွေရဲ့ အသက်ကို မဖြစ်မနေကယ်ဆယ်ရမယ်"

"ဒါ့အပြင်အချက်အလက်နဲ့ မီဒီယာသတင်းဋ္ဌာနတွေအားလုံးကို ပိတ်ထားဖို့ အကြောင်းကြားလိုက်။အထူးသဖြင့် လေယာဉ်ပေါ်ကလူ ဒီကိစ္စကို လုံးဝမသိပါစေနဲ့"

..............

မြေအောက်ရထားလိုင်း ၁တွင်.....

"Happy Workers" အဖွဲ့စကားပြောဆိုခြင်း....

အဖွဲ့ထဲတွင် မည်သူမျှစကား မပြောရဲကြပေ။တုန်လှုပ်ချောက်ချားဖွယ်ကောင်းသော လေထုသည် လူထုကိုလွှမ်းခြုံထားလျက်ရှိ၏။ ရှန်ဂျီသည် စွမ်းရည်ရှိသောလက်တွဲဖော်နှင့် Happy worker တို့ရှိနေသော သူ့ဖုန်းမျက်နှာပြင်ကို အပေါ်မှအောက်သို့ဆွဲလိုက် အောက်မှအပေါ်သို့ဆွဲလိုက်နှင့် အလုပ်ရှုပ်နေခဲ့သည်။Systemသည် ဖုန်းမျက်နှာပြင်အကူးအပြောင်းကို လိုက်မမှီနိုင်ပေ။သူ၏လက်ချောင်းလှုပ်ရှားမှုများသည် အမှန်တကယ်ပင် လျင်မြန်လွန်းလှ၏။

System: " မင်းဘာတွေတွေးနေတာလဲ ရှန်ဂျီ"

ရှန်ဂျီ  : ငါ ဒီည ညစာအတွက် စဉ်းစားနေတာ။သိုးသားကိုနူးနပ်ပြီး အရသာရှိအောင် အနည်းဆုံး တစ်နာရီခွဲလောက် ပြုတ်ထားသင့်တယ်။ အချိန်မလောက်တော့ရင် ပြသနာပဲ"

System:" တကယ်တော့ သိုးသားစွပ်ပြုတ်အတွက် တစ်နာရီက လုံလောက်ပါတယ်။ ဟင်းချက်နည်းကို တိတိကျကျ လိုက်နာဖို့ မလိုပါဘူး"

ရှန်ဂျီ: "အဲ့လို လုပ်လို့မရဘူး။ ပါဝင်ပစ္စည်းတွေကမတူဘူးလေ။ ဒါကြောင့်ချက်ပြုတ်ချိန်က အရေးပါတယ်"

System: " ငါ့ရဲ့မိုက်မဲမှုကို ခွင့်လွှတ်ပါ။ ဒါပေမယ့်  အခု ဒါကိုစဉ်းစားရမယ့် အချိန်မဟုတ်သေးဘူးလေ။ ရှန်ဂျီ မင်း မြူထဲမှာပိတ်မိနေတာနော်"

ရုပ်ပိုင်းဆိုင်ရာပုံစံသာ ရှိခဲ့မည်ဆိုပါက system သည် ရှန်ဂျီ၏ပုခုံးကိုကိုင်ကာ လှုပ်ယမ်းနေလိမ့်မည်။ မင်း ရောက်နေတာ မြူနှင်းကပ်ဆိုးထဲမှာလေ။ သိုးသားဟင်းဆယ်အိုး ချက်တာထက်အရေးပါတယ် !

ထိုအချိန်တွင် ရှန်ဂျီ၏ ဖုန်းတုန်ခါသွား၏။ ဖုန်းမျက်နှာပြင်ရှိ သူ၏လက်ချောင်းများ ရပ်တန့်သွားပြီး "Happy Worker" အဖွဲ့မှ message အသစ်ရောက်လာခဲ့သည်။ အနက်ရောင်ပရိုဖိုင်ပုံနှင့် အမည်မပါသည့်တစ်စုံတစ်ဦးသည် အဖွဲ့တွင် မက်ဆေ့ခ်ျတစ်စောင် ပို့လိုက်၏။

“ဂုဏ်ယူပါတယ် စက်မှုဝန်ထမ်းအဖြစ် ခန့်အပ်ခံလိုက်ပါပြီ

ကျေးဇူးပြု၍ ဝန်ထမ်းစည်းမျဉ်းများကို လိုက်နာပါ။

1. အလုပ်ချိန်အတွင်း အလုပ်ရုံ၏ထိုင်ခုံတွင် အမြဲရှိရမည်။ ပြင်းထန်သောလိပ်ခေါင်းရောဂါ ရှိလျှင်ပင် လှည့်ပတ်ခြင်းမပြုပါနှင့်။မည့်သည့် အကြောင်းပြချက်မျှလက်မခံပါ။

2. စေ့စေ့စပ်စပ်လုပ်ပါ။ စက်ရုံသည် သန့်စင်ခန်းဝင်ချိန်အတွက် အခကြေးငွေပေးမည်မဟုတ်ပါ။ တွေ့ရှိပါက ထိရောက်စွာအပြစ်ပေးခြင်းခံရမည်။

3. စစ်ဆေးရေးမှူးများသည် အလုပ်ရုံဆွေးနွေးပွဲ အမျိုးမျိုးတွင် ကင်းလှည့်မှုများ ပြုလုပ်သွားမည်။ သင့်လုပ်ငန်းကို မနာခံ အာရုံမစိုက်ပါကအပြစ်ပေးခံရမည်။

4. အထက်လူကြီးသည် ဝန်ထမ်းများ၏ အလုပ်အခြေအနေကို စစ်ဆေးပါမည်။သူဌေးသည် မည်မျှရယ်စရာကောင်းသည်ဖြစ်စေ ရယ်မောခြင်းကို ခွင့်မပြုပါ။

5. သူဌေးသည် ဆေးလိပ်သောက်ခြင်းကို နှစ်သက်သည်။သူဌေးက မင်းကို စီးကရက်တစ်လိပ်တောင်းပါက ကျေးဇူးပြုပြီး လက်နှစ်ဘက်နဲ့ ကမ်းလှမ်းပြီး ဆေးလိပ်မီးညှိရန် မီးခြစ်ကိုအသုံးပြုပါ။

6. အထက်လူကြီးသည် နာခံမှုမရှိသောဝန်ခမ်းများကို မကြိုက်ပေ။ သူဌေး၏ ညွှန်ကြားချက်များသည် မည်မျှပင်မည်မျှပင် ယုတ္တိမတန်ဟု ထင်ရစေကာမူ လိုက်နာရပါမည်။

7. အလုပ်သည် အနာဂတ်ကို ဖန်တီးပေးသည်။ဘဝတွင် အောင်မြင်ရန် ကြိုးစားရမည်။

ဤနောက်ဆုံးစာကြောင်းကို အနီရောင်စာလုံးဖြင့် ပီသစွာ ဖော်ပြထား၏။

အားလုံးပဲ ပျော်ပျော်ရွှင်ရွှင်နဲ့ သဟဇာတဖြစ်အောင် အလုပ်လုပ်ကြပါ"

မက်ဆေ့ချ်က အရမ်းထူးဆန်းတယ်!

System: " ရှန်ဂျီ မင်းက ဒီစည်းမျဥ်းတွေကို ခုမှတွေ့ဖူးတာမလား။ နားမလည်ရင် ငါကူညီပေးမယ်။ အဲ့ဒီစည်းမျဥ်းတွေကလေ.....

ရှန်ဂျီ: "ဒီ ဒုတိယစည်းမျဉ်းနဲ့ ပြဿနာရှိနေတယ်လို့ ငါ ထင်ပါတယ်"

System- [ဟင်?]

ရှန်ဂျီ:  "သန့်စင်ခန်းအသုံးပြုချိန်ကို လုပ်အားခငွေထဲကလျှော့တာက လူတွေရဲ့ ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်ကို  ချိုးနှိမ်လိုက်တာပဲ။သန့်စင်ခန်းမသုံးတာက ဒီစက်ရုံကိုဘယ်လိုများပိုပြီးအထောက်အပံ့ပေးနိုင်မှာလဲ"

[ဒီစည်းမျဥ်းတွေကို ရေးဆွဲတဲ့သူက ဟာသတစ်ခုလုပ်တာဖြစ်လောက်ပါတယ်။ ခဏနေအုံး ငါက မင်းနဲ့ဘာကြောင့် ဒီလိုပြဿနာမျိုး ဆွေးနွေးနေရတာလဲ???]

Systemက စိတ်ရှုပ်သွားသည်။

"လူသား" ဆိုတဲ့ စကားလုံးကို ဘာလို့ထည့်ပြောလိုက်တာလဲ။ပြီးတော့ မင်းက စွမ်းအင်လူသားဖိနှိပ်သူတွေကို သုတေသနလုပ်နေရတာ မဟုတ်ဘူးလား။ လူ့ဇီဝကမ္မဗေဒကို ဘာလို့အဲ့လောက် ကျွမ်းကျင်နေတာလဲ!

ရှန်ဂျီ: " system မင်းမှာ ဒေတာဘေ့စ်ရှိလား" 

System: " ရှိပါတယ် "

Systemသည် သူ၏အသုံးဝင်မှုကိုပြသရန် အခွင့်အရေးတစ်ခုဟုယူဆကာ အားပါးတရနှင့် ချက်ခြင်းဖြေလိုက်သည်။

System: " စွမ်းအင်ဆင့်ကဲဖြစ်စဉ် အမျိုးအစားခုနစ်မျိုးရှိပါတယ်။ 'ဘဝ' 'မရဏ' 'ဝိညာဉ်' 'စည်းမျဥ်း' 'အာကာသ' နှင့် 'သဘာဝ' ပါ။ငါ့ရဲ့ဒေတာဘေ့စ်မှာ အနိမ့်ဆုံးအဆင့် 9မှ အမြင့်ဆုံးအဆင့်1 အထိ သိမ်းဆည်းထားတဲ့ စွမ်းရည်အမျိုးအစား စုစုပေါင်း 73,219 မျိုးရှိပါတယ်။ သူတို့ကို သုံးနိုင်ပါတယ်"

ရှန်ဂျီ : " ဝတ္တုတွေက ဒီလောက် အသေးစိတ် ရေးရတာလား?"

System ချောင်းဆိုးသွားရလေသည်။

System: " ဒါက စာအုပ်ရဲ့ထပ်ဆောင်းရေးသားချက်တွေပါ။ငါရဲ့ စက်ပိုင်းဆိုင်ရာ စနစ်က ပုံသွင်းခဲ့တာလေ"

"အိုး"

ရှန်ဂျီ အံ့အားသင့်သွားပေ၏။

မြူမှုန်များ ပျံ့လွင့်မှု ပျောက်ကွယ်သွားပြီးနောက် ပတ်ဝန်းကျင်တွင် ပိုမိုရှင်းလင်းသော မြင်ကွင်းတစ်ခုပေါ်လာခဲ့သည်။ မြေအောက်ရထား၏ ရွေ့လျားသံများ ပျောက်ကွယ်သွားခဲ့ပြီး သူတို့၏ရှေ့တွင် စက်ပြင်ဌာနမှ ဝန်ထမ်းအစုသည် မရေမတွက်နိုင်သောစက်ကိရိယာများဖြင့်တကွ ရောက်ရှိလာပေပြီ။ရှန်ဂျီသည် သူ၏ဖုန်းမှ ဝန်ထမ်းစည်းမျဥ်းကို အသေအချာစိုက်ကြည့်နေ၏။

"မဆင်မခြင် မရွေ့လျားပါနဲ့"

သူက ဘယ်လိုရွေ့လျားမှုတွေလုပ်ရတာမှ မကြိုက်တာ! ဤနေရာသည် မြေအောက်ရထား၏အရှေ့ဘက် တတိယအပိုင်းဖြစ်သည်။ အနောက်ဘက်မှ မြူခိုးများဝင်လာချိန်တွင် ခရီးသည်အများစုသည် ပထမအပိုင်းနှစ်ပိုင်းသို့ ပြေးလာကြသောကြောင့် ရထားတွဲတွင်နေရာလွတ်သိပ်မကျန်တော့ချေ။ စက်ပိုင်းဆိုင်ရာဋ္ဌာနမှ ဝန်ထမ်းများထပ်မံရောက်ရှိလာသောအခါ ထိုလူအုပ်ကြီးမှာ ငါးသေတ္တာဗူးများကိုပြွတ်သိပ်ကာ စီထားသကဲ့သို့ ပြည့်ကြပ်သွားလေသည်။လူများအားလုံး၏ မျက်နှာသည်ဖြူဖပ်ဖြူလျော်နှင် အမူအရာတို့မှာလည်း ဖရိုဖရဲပင်။

ရှန်ဂျီ: " လူတွေအများကြီးပဲ "

သုတေသနအဖွဲ့အစည်းတွင် အလုပ်လုပ်နေသော သူ့လိုဝန်ထမ်းအဖို့ ဤကျဥ်းကျူတ်လှသော မြေအောက်ရထားကိုစီးရန် စိတ်ကူးပင်မရှိခဲ့ချေ။

ဇန်လင် အိမ်ပြန်လာမှာမလို့ပေါ့။ နမို့ဆို မြေအောက်ရထားကို ဘယ်တော့မှမစီးဘူး။ ဒါနဲ့သိုးသားပြုတ်ဖို့အတွက် လေလုံပေါင်းအိုးဝယ်ရရင်ကောင်းမလား!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment