ချန်ရှူးရှူးသည် အစောပိုင်းကတည်းကပင် အလုပ်အလွန်များနေခဲ့သည်။ သူ၏စွမ်းရည်များ နိုးကြားလာပြီးနောက် သူ၏ခန္ဓာကိုယ်သည် ခွန်အားများပြည့်နေသဖြင့် သူသည် ရွေ့လျားသွားလာမှုဆိုင်ရာ ပြဿနာရှိသူများကို အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့သည်။ယခု သူချွေးသုတ်ကာ ထောင့်တစ်နေရာတွင် ထိုင်နေတာဖြစ်၏။
“ငါတို့ထွက်ကြမလား?”
ရှန်ဂျီက လမ်းလျှောက်ရင်း လှမ်းမေးလိုက်သည်။
ချန်ရှူးရှူးက မျက်တောင်ခတ်လိုက်၏။
“သွားမယ်ဟုတ်လား ဘယ်ကိုလဲ?”
“နောက်ကရထားတွဲကို” ဟု ရှန်ဂျီ ပြန်ပြောခဲ့သည်။
“ဘာလို့နောက်ကရထားကိုသွားရမှာလဲ?”
ရှန်ဂျီက အေးဆေးတည်ငြိမ်စွာပြောသည် ။
“မြူခိုးဖန်တီးသူကိုရှင်းဖို့အတွက်”
ဟင် ??????
System အံ့ဩသွား၏။
System: “ရှန်ဂျီ မင်းက ပျင်းတဲ့သူမဟုတ်ဘူးလား။ မြူခိုးဖန်တီးသူနဲ့တွေ့ဖို့ ဘာဖြစ်လို့ ရုတ်တရက် စိတ်ပြောင်းသွားတာလား?”
“စကားပုံတစ်ခုရှိတယ် ငါတို့ရောက်နေပြီဆိုမှတော့...”
ရှန်ဂျီသည် ပိုးသတ်ဆေးဂျယ်လ်ကိုထုတ်ပြီး သူ့လက်ချောင်းတွေကို ပွတ်သပ်ရင်းပြောနေခြင်းဖြစ်သည်။
ငါတို့ဒီကိုရောက်နေပြီဆိုတော့ ဘာဖြစ်လဲ?
ရှန်ဂျီက သက်ပြင်းတစ်ချက်ချလိုက်သည်။ “ငါတို့ရောက်နေပြီ ဝက်ကိုလည်းသတ်ပြီးပြီ။ ဒါဆို အလုပ်ကိုပြီးအောင် လုပ်ဖို့ပဲလိုတော့တယ်”
ချန်ရှုးရှူးသည် သူ၏ အကြံပြုချက်ကြောင့် အနည်းငယ် အံ့သြသွား၏။ထိုနောက် “ကျွန်တော့်စွမ်းရည်ကို ထိန်းချုပ်တာ မကျွမ်းကျင်သေးဘူး။ ကျွန်တော် ကြောက်.....တယ်” ချီတုံချတုံနှင့် ပြောလိုက်သည်။
ဝက်သူဋ္ဌေးသာ ယခု သူ့အပေါ်သို့ ခုန်ချလိုက်မည်ဆိုလျှင် အရှိန်မှာအလွန်မြန်သောကြောင့် သူ့တွင် စကားတစ်ခွန်းမှပြောရန် အချိန်ရမည်မဟုတ်ပေ။
ရှန်ဂျီ၏အကူအညီကြောင့်မဟုတ်ပါက သူသည် ယခုအချိန်တွင် ပါးပါးလှီးထားသောအသားအဖြစ်သို့ ပြောင်းလဲသွားပေလိမ့်မည်။
ချန်ရှုးရှူးသည် အပြစ်ရှိသလို ခံစားနေရသည်။
ရှင်းရှင်းလင်းလင်းပြောရမယ်ဆိုရင် လူများစွာက သူ့ကို အစကတည်းက မျှော်လင့်ထားခဲ့တာဖြစ်သည်။
ထို့အပြင် သူသည်သူ၏စွမ်းရည်ကို မြန်မြန်ဆန်ဆန်အသုံးချပြီး ဝက်ကို စောစောစီးစီးထိုးနိုင်လျှင် သူဌေးဝက်သည် ထိုအခြေအနေသို့ စောစောကတည်းက ပြောင်းလဲသွားမည်ဖြစ်ပြီး ရထားပေါ်ရှိလူတိုင်းကို ထိခိုက်နစ်နာစေမည်မဟုတ်ပေ။
“အဆင်ပြေပါတယ် စွမ်းရည်တွေနိုးလာပြီပဲ များများလေ့ကျင့်ပေါ့”
ရှန်ဂျီက ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိမနေသော ချန်ရှုးရှူးကို နူးညံ့နွေးထွေးစွာကြည့်လိုက်ပြီး တည်ငြိမ်သောလေသံနှင့် ပြောလိုက်သည်။
“ဒါ့အပြင် မင်းမသေချာရင် ငါမင်းကိုလမ်းပြပေးနိုင်တယ် မကြောက်နဲ့”
ချန်ရှုးရှူး၏မျက်နှာ အနည်းငယ်နီသွားခဲ့သည်။
“ဒါပေမယ့်...”
ရှန်ဂျီအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်မှာကို သူတကယ်ကြောက်ပါသည်။
မျက်မှန်နှင့်လူကပြောသည်။ “ငါလည်း မင်းနဲ့လိုက်ခဲ့မယ်။ ငါက အတွေ့အကြုံရှိတဲ့ အကဲခတ်သူတစ်ယောက်ပါ။ ဖန်တီးသူနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို ပိုင်းခြားနိုင်အောင် ငါကူညီပေးမယ်”
“မြို့ကာကွယ်ရေးတပ်က မရောက်သေးဘူး။ အခု ငါတို့လည်း မြူခိုးဖန်တီးသူကိုပဲ အားကိုးလို့ရတယ်"
အမြန်ဆုံးထွက်နိုင်ဖို့အတွက် မျှော်လင့်ချက်ရှိသေးတယ်!”
ထိုစကားကိုကြားလျှင် တခြားသူများကလည်း အသက်ကယ်တဲ့ ကောက်ရိုးတစ်မျှင်ကို ဆုပ်ကိုင်ထားမိသလို အားတက်လာကြသည်။
“ဟုတ်တယ်! ငါ့ကိုလည်းထည့်တွက် ငါလည်းပါမယ်!”
“ငါလည်းလိုက်မယ်!”
“ငါလည်းပဲ!”
လူများက စိတ်အားထက်သန်စွာလာကြသည်။
တင်ပါးတွင် မျက်လုံးများပေါက်နေသောလူကလည်း သူ့လက်ကို မြှောက်ရန် ပြင်လိုက်သည်။
သို့သော် မျက်မှန်နှင့်လူက တားလိုက်၏။ “ဒုက္ခမပေးနဲ့။ပိုးဝင်တဲ့ လက္ခဏာပြတဲ့သူတွေက ကျန်ခဲ့သင့်တယ်။ မျိုးပြောင်းရင် လူတိုင်းကို ဒုက္ခပေးလိမ့်မယ်”
နောက်ဆုံးတွင် လူလေးယောက်ကပဲ နောက်ဘက်ရထားတွဲပေါ်သွားရန် ဆုံးဖြတ်လိုက်သည်။
ရှန်ဂျီ၊ ချန်ရှုးရှူး ၊မျက်မှန်တပ်ထားသောသူနှင့် မျက်လုံးအောက်တွင် စက်ဝိုင်းပုံရှိသော ပန်ဒါဝက်ဝံနဲ့တူသောလူပင်။ထိုသူသည် တစ်ညလုံး မအိပ်ရသေးသဖြင့် သူ့မျက်လုံးအောက်တွင်အညိုရောင်အဝိုင်းတစ်ခုရှိနေ၏။
မထွက်ခင်တွင် မျက်မှန်တပ်ထားသော အမျိုးသားက ရောဂါပိုးကူးစက်မှု ထောက်လှမ်းကိရိယာ အသုံးပြုနည်းကို အသေးစိတ်ရှင်းပြပြီး သူနာပြုထံ ပေးအပ်လိုက်သည်။
“လူတိုင်းကို ငါးမိနစ်တိုင်း စစ်ဆေးပေးပါ။ ရောဂါပိုးကူးစက်မှု အဆင့် ၉၅ ထက်ကျော်လွန်လာရင် တစ်ခုခုနဲ့ ထိန်းထားလိုက်။ ဂရုစိုက်ပါ”
သူနာပြုဆရာမက ဖုန်းကိုယူကာ သူမ၏ကြွက်သားများကို ဆန့်ထုတ်လိုက်သည်။
“ကိစ္စမရှိပါဘူး စိတ်အေးအေးထားပြီးသွားကြပါ”
ချန်ရှုးရှုးက သူ၏ “不” (No) စကားလုံး ဓားရှည်ကို ကိုင်လိုက်သည်။
“ကျွန်တော် လမ်းပြမယ်။ ကျွန်တော့်မှာ ဓားတစ်ချောင်းရှိတာမလို့ အန္တရာယ်ကြုံရင် ခဏလောက်တော့ ထိန်းထားနိုင်မှာပါ"
ရှန်ဂျီက မသိမသာခေါင်းညိတ်ပြပြီး ထက်မြသောဓားရှည်ကို စိုက်ကြည့်လိုက်သည်။
ခဏလောက်စဉ်းစားပြီးနောက် ချန်ရှုးရှူးကို မေးလိုက်၏။
“မင်းကို မေးခွန်းတစ်ခုမေးလို့ရမလား?”
ချန်ရှုးရှူးသည် အလွန်စိတ်အားထက်သန်နေပြီး သူ့၏မျက်လုံးများက တောက်ပနေခဲ့သည်။
“အစ်ကို လွတ်လွတ်လပ်လပ် မေးနိုင်ပါတယ်။ ဘာမဆိုမေးလို့ရတယ်”
ရှန်ဂျီခေါင်းညိတ်လိုက်ပြီး “မင်းက 1 (Top)လား?”
“ကျွန်တော်...”
ချန်ရှူးရှူး အံ့အားသင့်သွားသည်။
ချောမောသောလူ၏ အမေးကို စူးစူးစိုက်စိုက်ကြည့်ရင်း ရုတ်တရက် ဘာပြောရမှန်းမသိဖြစ်သွားခဲ့သည်။
“တကယ်တော့ မသေချာဘူး။ ကျွန်တော်အရင်က ရည်းစားမထားဖူးဘူးလေ။ကျွန်တော်ထင်တယ် ကျွန်တော်က .. ထိပ်က..”
ရှန်ဂျီသည် အနည်းငယ် စိတ်ပျက်သွားဟန်ဖြင့် မျက်မှောင်ကြုတ်လိုက်သည်။ထိုအခါ ချန်ရှုးရှူးသည် ချက်ချင်း စိတ်ပြောင်းသွား၏။
“ကျွန်တော်က 1 တကယ် 1 !!!”
သူ၏ စိတ်လှုပ်ရှားစွာ တုံ့ပြန်မှုကြောင့် ဂဏန်း “1” သည် လေထဲတွင်ပေါ်လာပြီး မြေပြင်ပေါ်သို့ တည့်တည့်ဆင်းသက်လာခဲ့သည်။
ရှန်ဂျီသည် သည် “1” ကို ဆွဲထုတ်လိုက်ပြီး ကျေနပ်သွား၏။
“ကျေးဇူးပဲ "
ရှန်ဂျီက ချန်ရှုးရှုးအား ပြောခဲ့သည်။ “ဒီဓားက တော်တော်ကောင်းတယ်”
ချန်ရှုးရှူး: “ဟမ်??”
System: “ရှန်ဂျီ မင်း ဒီလိုလုပ်တာက အပြစ်ကင်းစင်တဲ့လူငယ်တစ်ဦးရဲ့ နှလုံးသားကို ထိခိုက်စေနိုင်တယ်နော် "
ရှန်ဂျီ တည်ငြိမ်စွာပြောလိုက်သည်။ “လမ်းပြခိုင်းတာက တစ်ယောက်ယောက်ကို နာကျင်စေတယ်လို့ ယူဆလို့မရပါဘူး။ နောက်ပြီး ဒီလိုမျိုး သူများကို ထိခိုက်စေတဲ့အလုပ်မျိုး ငါမလုပ်ဘူး”
System: “အင်းပါ မင်းပျော်ရင်ပြီးတာပဲ”
“သွားကြစို့” ရှန်ဂျီက ပြောလိုက်သည် ။
ချန်ရှုးရှူး ခဏတုံ့ဆိုင်းသွားသော်လည်း အမြန်လိုက်သွားလိုက်သည်။
လူတော်တော်များများက သူတို့ကိုမှီခိုနေတယ်!
ချန်ရှုးရှူးသည် လက်တစ်ဖက်စီတွင် ဓားတစ်ချောင်းစီ ကိုင်ဆောင်ထား၏။ မျက်မှန်တပ်ထားသည့် အမျိုးသားသည် အလယ်တွင်နေပြီး ကြက်တောင်ရိုက်တံကို ကိုင်ဆောင်ထားသည်။ မျက်လုံးအောက်ရှိ အနက်စက်ဝိုင်းရှိသူက ဘေ့စ်ဘောရိုက်တံတစ်ချောင်းကို ကိုင်ဆောင်ကာ ရှန်ဂျီသည် နောက်ဆုံးမှနေပြီး ဓားတစ်ချောင်းကို ကိုင်ဆောင်ထား၏။
ပူးပေါင်းဆောင်ရွက်မှု ပိုမိုလွယ်ကူစေရန်အတွက် သူတို့၏နာမည်များကို ဖလှယ်ခဲ့ကြသည်။
မျက်မှန်တပ်ထားသည့်လူကို ချူးဟန်ဟုခေါ်သည်။
(ဘာသာပြန်သူ၏မှတ်စု- 'မျက်မှန်နှင့်လူ”ဟု ရေးရတာ ပင်ပန်းခဲ့ပြီးနောက် သူ့တွင်နာမည်တစ်ခုရသွားပြီဖြစ်သည်)
မျက်လုံးအောက် ညိုမည်းနေသော ကောင်လေးကိုမူ အိုဒိုက်ဟုခေါ်သည်။
ချန်ရှုးရှူးသည် ရထားများကြားရှိ မမြင်ရသောနံရံများကို သတိထားပြီး ဖြတ်သွားခဲ့သည်။
ပတ်ဝန်းကျင်က သိပ်မပြောင်းလဲပေ။ ၎င်းသည် စက်ပိုင်းဆိုင်ရာ စက်ရုံ၏အတွင်းပိုင်း ဖြစ်နေဆဲပင်။
သို့သော် ဤရထားတွင် လူမရှိဘဲ မြေပြင်ပေါ်တွင်တော့ လတ်ဆတ်သောသွေးများ အများအပြားပင်။
ဤသည်ကိုမြင်လျှင် သူတို့၏နှလုံးသားများ တုန်လှုပ်သွားခဲ့သည်။
“အစ်ကိုလီယုနဲ့ တခြားသူတွေက ဒီရထားတွဲဆီသွားကြတာလေ ဘာလို့လဲ...?”
အိုဒိုက်၏အသံ ထွက်လာခဲ့သည်။
ချုးဟန်က ဝင်ပြောလိုက်သည်။ “သူတို့က ဒီထက်ပိုပြီး ရှေ့ကို ဆက်သွားနိုင်တယ်။ အဲဒါကို မစဉ်းစားနဲ့။ ဖန်တီးသူနဲ့တွေ့ဖို့က ငါတို့ရဲ့ ဦးစားပေးပဲ”
ရထားတွဲပေါင်းများစွာကို ဖြတ်သန်းပြီးနောက် မည်သူမျှ မတွေ့ရသေးပေ။ ချူးဟန်သည် နှုတ်ဆိတ်နေသော်လည်း သူ့နှလုံးသားသည် ပို၍နက်ရှိုင်းစွာ တုန်ယင်နေ၏။
မြို့တွင်းနှင့် မြို့ပြင်ခရီးသည်များပါဝင်သောမြေအောက်ရထားစနစ်တွင် ရထားများ၏ စွမ်းရည်ကို သူသိပေသည်။ မြူခိုးများ တိုက်ခိုက်ခံရပြီးနောက် အားလုံးက ရှေ့ရထားတွေဆီ ပြေးသွားလျှင်ပင် နောက်ဘက်ရထားတွဲများ ယခုလိုဖြစ်မည် မဟုတ်ပေ။
ဒါ့အပြင်...
စစ်ဆေးရေးမှူး စစ်ဆေးရေးမစခင်တွင် ရထားနှစ်စီးမှာ အပြင်ပြန်ထွက်ဖို့မလွယ်လောက်အောင် လူများပြည့်ကျပ်နေ၏။
ထိုင်ခုံနည်းနည်းနဲ့ လူအများကြီး!
စစ်ဆေးရေးမှူး ဖြတ်သွားပြီးနောက်တွင် ဘာဖြစ်မည်ကို တွေးရုံဖြင့် သိနိုင်၏။
ဤအဆင့်နိမ့် မြူခိုးများကြောင့် လူသေဆုံးမှုနှုန်းမှာ အလွန်မြင့်မားပြီး မြို့တော်ကာကွယ်ရေးတပ်မှ အမှုထမ်းများ၏ ကယ်ဆယ်မှုနှုန်းမှာလည်း နှေးကွေးလွန်း၏။
တစ်ခုခုတော့ မှားနေပြီ။ ချူးဟန် တွေးလိုက်သည်။တဖြေးဖြေးတိုးလာသော မသက်သာမှုနှင့်ကြောက်ရွံ့မှုတို့က သူ့ကိုလွှမ်းမိုးသွားပြီး သူ့ခြေလှမ်းများကို ပိုလေးလာစေ၏။
ဒါပေမယ့် ဒီအချိန်မှာမှ နောက်ပြန်မလှည့်နိုင်တော့ပေ။
သူတို့အား စောင့်ဆိုင်းနေသည့် ရောဂါပိုးရှိသူ နှစ်ဆယ်ကျော်ရှိသေးသည်။
နောက်ဆုံးတွင် ရထားတွဲဆယ့်သုံးသို့ရောက်သောအခါ လူများကိုတွေ့ခဲ့သည်။
ရှေ့ရထားတွဲမှ လွတ်မြောက်လာသော ယွမ်ဝေနှင့် လူတစ်ဒါဇင်တို့ဖြစ်သည်။
ယွမ်ဝေသည် လက်တစ်ဖက်ကျိုးကာ ထိုင်ခုံကို မှီထား၏။ သူ၏မျက်နှာမှာ ဖြူဖျော့နေကာ သူ၏ အရေပြားများကွဲအက်နေပြီး အကြေးခွံကဲ့သို့သောအရာများပေါ်နေ၏။ ထို့ပြင် အသက်ရှုရကျပ်နေပုံပင်။
သူ့ဘေးနားတွင်ရှိသော လူတစ်ဒါဇင်လောက်မှာလည်း ဒဏ်ရာများရနေပြီး ကူးစက်ပိုး ပိုးဝင်သော လက္ခဏာများကို အဆင့်
သတ်မှတ်ချက် အမျိုးမျိုးနှင့် တွေ့ရ၏။
“မင်းတို့လား ?”
“ဟမ် ဒီရထားပေါ်ကို ဘယ်လိုရောက်လာကြတာလဲ?”