no

Font
Theme

တစ်ရာ , နှစ်ရာ , နှစ်ရာနဲ့ငါး , နှစ်ရာ စသည်ဖြင့် လင်းဖန် ၅ သိန်းခိုးခဲ့ပြီး လောင်းကစားလုပ်လိုက်ရာ သူ ၂.၈ သန်းထိ နိုင်ခဲ့သည်။ချမ်းသာသူတွေရဲ့ မျက်လုံးထဲမှာ ဒီငွေပမာဏက သူတို့အချစ်လေးတွေအတွက် ကားတစ်စီး ဝယ်ပေးစာလောက်ပဲရှိသည်။ဒါပေမယ့် ဆင်းရဲသားတွေရဲ့ မျက်လုံးထဲမှာတော့ ဒီငွေတွေက နေလုံးကြီးလောက် ကြီးမားတဲ့ပမာဏဖြစ်သည်။ သူတို့ထဲကတော်တော်များများက သူတို့တစ်ဘဝလုံးဒီပမာဏလောက်ထိ မရှာနိုင်ကြပေ။

'ကောင်းလိုက်တာ' လင်းဖန် တွေးလိုက်သည်။သူ့အောင်မြင်မှုအတွက် သူအလွန်ကျေနပ်အားရသည်။ လင်းဖန် ချိစ်ပ်ပြားတွေကိုစုလိုက်တာကို ဒိုင်ကမြင်လိုက်တော့ မျက်ခုံးပင့်ကာမေးလိုက်သည်။

"မင်းထပ်မလောင်းတော့ဘူးလား"

လင်းဖန် ပြုံးပြီးပြန်ဖြေလိုက်သည်။

"မလောင်းတော့ဘူး။ဒီလောက်ဆို လုံလောက်ပါပြီ"

သူ AG ကောင်လေးတစ်ယောက်ပုံစံအတိုင်း ပြန်တုံ့ပြန်လိုက်သည်။ အခုဆိုလင်းဖန် ၂သန်းထက်ပိုပြီးပိုင်ဆိုင်သွားပြီ။ ဒီပမာဏက အလှမက်တဲ့ကောင်လေးတစ်ယောက်အတွက် နောက်တစ်လ ၊ နှစ်လ လောက်ထိလုံလောက်သည်။ ဒီငွေတွေနဲ့ဆို ဒီဇိုင်နာအဝတ်တွေနဲ့ ကိုယ့်ကိုကိုယ်စမတ်ကျကျ နေနိုင်သည်။လင်းဖန်လို ဘယ်အချိန်ရပ်သင့်ပြီဆိုတာကိုသိတဲ့ ကောင်လေးတွေက ရှားသည်။

ထို့ကြောင့် ဒိုင်ကလင်းဖန်ကိုအထင်ကြီးသွားသည်။လင်းဖန်ကတော့ သူ့ကိုအခြားလူတွေဘယ်လိုထင်လဲ ဂရုမစိုက်ပေ။သူကသန့်စင်ခန်းထဲဝင်လိုက်ကာ သူ့နဂိုအဝတ်အစားတွေ ပြန်လဲလိုက်သည်။ထို့နောက် ထို့နောက် သူ့ချိစ်ပ်ပြားများနှင့်ကာစီနိုရဲ့ ငွေလဲကောင်တာကိုသွားလိုက်သည်။

"Sir , စုစုပေါင်း ယွမ် ၂.၈ သန်းပါ။ ကျေးဇူးပြုပြီး လူကြီးမင်းရဲ့ဘဏ်ကဒ်ကို ကျွန်မကိုပေးပါ။" ငွေကိုင်မိန်းမက ပြောလိုက်သည်။

"ကျွန်တော် ငွေသားလိုချင်တယ်။ပြီးရင် ဒီအိတ်ထဲထည့်ပေးပါ" လင်းဖန် ခရီးဆောင်အိတ်အမဲကို ငွေကိုင်အားပေးလိုက်သည်။

သူ့မှာ သူ့အမေငွေလွှဲပေးနေကြ ဘဏ်ကတ်ရှိသည်။ဒါပေမယ့် သူငွေအလွှဲအပြောင်းလုပ်တဲ့အချိန်ကျ သဲလွန်စကျန်ခဲ့မှာဆိုးတဲ့အတွက် သူအဲ့ကတ်ကိုအသုံးပြုဖို့ မစဉ်းစားထားပေ။ငွေသားအပြည့်ဖြည့်လိုက်တဲ့အတွက် အိတ်ရဲ့အလေးချိန်က ၃၀ကီလို အထိလေးသွားသည်။ လင်းဖန် အိတ်မလိုက်တဲ့အခါ အလွန်လေးကြောင်း ခံစားမိသည်။သူအိတ်ကိုမ မနိုင်ပေ။ဒါပေမယ့် သူယူလာတဲ့အိတ်ကဘီးပါနေတဲ့အတွက် ကိုယ့်ကိုကိုယ်တောင်အထင်ကြီးမိသွားသည်။

ငွေကိုင်မိန်းမရဲ့ စပ်စုနေတဲ့အကြည့်အောက်မှာပဲ လင်းဖန် ငွေအိတ်ကိုဆွဲပြီး ဘေးတံခါးကနေထွက်သွားသည်။သူပုံစံက တည်ငြိမ်နေပေမယ့် သူ့မျက်လုံးတွေကတော့ စိတ်လှုပ်ရှားမှုကြောင့်တောက်ပနေသည်။သူကာစီနိုနဲ့ဝေးရာကို ထွက်သွားတော့မယ့်အချိန်မှာ sport ကားအနက်ရောင်တစ်စီးက သူ့အာရုံကိုဖမ်းစားသွားသည်။ဟမ့်!ကြည့်ရတာ သူပြန်မွေးဖွားလာပြီးထဲက အရမ်းကံကောင်းနေတယ်ထင်သည်။

သူပြဿနာတွေကို ရှောင်ရှားဖို့ဘေးတံခါးကနေထွက်ဖို့ ရွေးချယ်ခဲ့ပေမယ့် သူမမျှော်လင့်ဘဲ မြေအောက်လောကဘုရင် ချူရှောက်ကိုတွေ့လိုက်ရမယ် လို့မထင်မိပေ။တကယ်တော့ ချူရှောက်က အလွန်အရေးပါသူဖြစ်သည်။လူပေါင်းများစွာက (ကုမ္ပဏီကြီးအချို့ရဲ့ CEO တွေအပါအဝင်) ချူရှောက်ကိုတွေ့ချင်ကြပေမယ့် တွေ့ခွင့်မရကြပေ။

ချူရှောက် ကားပေါ်ကနေ ဆင်းလာတာကို တွေ့တဲ့အခါ လင်းဖန်အနောက်သို့ ဆုတ်မိသည်။ အမှောင်ရဲ့အကာအကွယ်အောက်မှာ လင်းဖန်ပန်းခြုံနောက်သို့ တိတ်တဆိတ်ဝင်ပုန်းလိုက်သည်။ ဒါပေမယ့် သူ့မျက်လုံးတွေကတော့ ချူရှောက်ပေါ်မှာသာ ရှိသည်။

အရင်ဘဝတုန်းက ချူရှောက်ကြောင့် လင်းဖန် ကားအက်စီးဒင့်ဖြစ်ကာ သေလုမျောပါးဖြစ်ခဲ့ရသည်။ နောက်တော့ သူထောင်ထဲသို့အပို့ခံလိုက်ရသည်။ ဒါပေမယ့် သူချူရှောက်နဲ့တစ်ခါမှမျက်နှာချင်းဆိုင် မတွေ့ဖူးပေ။သူ TV ကနေပဲသူ့ကိုမြင်ဖူးခဲ့တာ။ လင်းဖန် ချူရှောက်ကိုဒီနေရာမှာတွေ့ရလိမ့်မယ်လို့ တစ်ခါမှမမျှော်လင့်ခဲ့ပေ။

သူတို့တွေပြောကြတာက ချူရှောက်က ထက်မြတ်သည်၊ ချောမောသည် ၊ ယုံကြည်ချက်ရှိသည် ၊ တစ်သီးတစ်ခြား နေတတ်သည် ပြီးတော့ ကိုယ်လုပ်ခဲ့တာကို တာဝန်ယူတတ်သည်။အခု ထိုအရာတွေက ကောလဟာလ သက်သက်မဟုတ်မှန်းသူသိသွားသည်။ထပ်ပြောရရင် ချူရှောက်က သူထင်ထားထက်ပိုကောင်းသည်။ အခြားသူတွေပြောကြတာက ,

"အချစ်ပြိုင်ဘက်တွေ အချင်းချင်းတွေ့ကြရင် မျက်ဝန်းတွေက အမုန်းတရားဖြင့်တောက်ပနေကြတယ်"

ဒါပေမယ့် လင်းဖန်ကတော့ ချူရှောက်ရဲ့ယောက်ျားဆန်ဆန် အလှတရားကြောင့် ဆွဲဆောင်ခံလိုက်သည်။ဒါပေမယ့် ခဏလောက်ကြာတော့ သူသတိပြန်ဝင်လာကာ ချူရှောက်ကိုမုန်းသည့်အမုန်းတရားများက နှလုံးသားထဲတွင် ပြည့်လျှံသွားသည်။

အကယ်၍ ချူရှောက်ကြောင့်သာမဟုတ်ရင် သူအရင်ဘဝမှာတုန်းက ငယ်ငယ်ရွယ်ရွယ်နဲ့ဝမ်းနည်းကြေကွဲစွာ သေဆုံးသွားရမှာမဟုတ်ပေ။ ဒါပေမယ့်တစ်ချိန်တည်းမှာပဲ သူချူရှောက်ကို ကျေးဇူးတင်ချင်သည်။ အကယ်၍ချူရှောက်ကြောင့်သာ မဟုတ်ရင် သူ့ဘဝကိုနောက်တစ်ကြိမ်ပြန်စဖို့ အခွင့်အရေးရခဲ့မှာမဟုတ်ပေ ။

အခုအချိန်မှာ သူတို့ကအချစ်ပြိုင်ဘက်တွေ မဟုတ်တော့ပေ။ဒါပေမယ့် ချူရှောက်ကို လွယ်လွယ်ကူကူတော့လွှတ်ပေးလိုက်မှာ မဟုတ်‌ပေ။ သူ့ပြိုင်ဘက်က အင်အားကြီးမားနေပေမယ့် သူ့ကိုယ်သူလည်းအင်အားကြီးလာဖို့ အချိန်လုံလောက်သေးသည်။တစ်နေ့မှာတော့ သူချူရှောက်ကို ပျက်စီးသွားအောင် လက်စားချေနိုင်မည့် အင်အားရှိလာရမည်။

လင်းဖန်လက်သီးဆုပ်လိုက်ကာ သူ့ရဲ့အညိုရောင်မျက်ဝန်းများက အမှောင်ထဲတွင် တောက်ပနေသည်။ လင်းဖန်ရဲ့အကြည့်က အရမ်းစူးရှသွားလို့လား ဒါမှမဟုတ် ယောက်ျားတစ်ယောက်ရဲ့ အလိုလိုသိစိတ်ကြောင့်လား မသိပေမယ့် ချူရှောက်က မကြာခင်မှာပဲ သူ့ကိုတစ်ယောက်ယောက်ကြည့်နေမှန်း သတိထားမိသွားသည်။

သူ့မျက်လုံးတွေက ဘေးတံခါးနားက ပန်းခြုံပေါ်ကျရောက်သွားသည်။ ဒါပေမယ့် သူအရမ်းနောက်ကျသွားပြီ။ လင်းဖန်က သူ့ခရီးဆောင်အိတ်နှင့်အတူ အမှောင်ထဲတွင်ပျောက်ကွယ်သွားနှင့်ပြီဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment