no

Font
Theme

ကာစီနိုယူနီဖောင်းက လင်းဖန်နဲ့မတော်ပေမယ့် သူရဲ့တည်ငြိမ်တဲ့အမူအရာကြောင့် သူ့ပုံစံကကြည့်ရတာ အလွန်ထူးဆန်းမနေပေ။ သူ့ဘေးပတ်လည်က ထူးဆန်းသည့်အကြည့်များကို လျစ်လျူရှုကာ လင်းဖန်ကာစီနိုဝင်ပေါက် ရှိရာဆီသွားလိုက်သည်။ သူထောင့်တစ်နေရာမှာထိုင်လိုက်ပြီး သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ကာလှည့်နေသည်။

သူ တစ်ကနေ တစ်ရာထိရေတွက် ပြီးသွားတဲ့အခါမှာ မျက်လုံးထောင့်ကပ်ပြီးကြည့်လိုက်တော့ ဇိမ်ခံကားတစ်စီးဆိုက်ရောက်လာတာကို တွေ့လိုက်သည်။ သူစောင့်နေတဲ့ အရာကနောက်ဆုံးတော့ ရောက်လာခဲ့ပြီ။ လင်းဖန် သူ့နှုတ်ခမ်းကိုလျှာဖြင့်သပ်လိုက်ကာ အပြုံးလေးဖြင့် ထရပ်လိုက်သည်။

ဒီဇိမ်ခံကားပိုင်ရှင်က ကျူချန်းရှန်။ သူက N မြို့တော်၏ အကြီးမားဆုံး သံနှင့်သံမဏိလုပ်ငန်းရဲ့ ဥက္ကဌတစ်ယောက်ဖြစ်သည်။ သူက စက်ဆုပ်ဖွယ်ကောင်းလောက်အောင် သောက်စားမူးယစ်ခြင်းနဲ့ လောင်းကစားလုပ်ခြင်းကို ဝါသနာထုံသည်။ ထို့အပြင် သူအကြိုက်ဆုံးဝါသနာကတော့ အသက်မပြည့်သေးတဲ့ကောင်လေးတွေနဲ့ ကစားခြင်းဖြစ်သည်။ နောက်နှစ်အနည်းငယ်အကြာမှာ ကျူချင်းရှန်အသက်မပြည့်သေးတဲ့ကောင်လေးနှစ်ယောက်ကို အနိုင်ကျင့်ပြီး လက်လွန်သွားကာ သူ့အပိုင်ဗီလာတွင် သတ်မိခဲ့ကြောင်း သတင်းထွက်လာသည်။ထိုအခါမှသာ သူ့လျှို့ဝှက်ဝါသနာအကြောင်း ပြည်သူတွေသိကုန်သည်။

လင်းဖန်ကကျူချင်းရှန်ရဲ့ လျှို့ဝှက်ချက်ကိုသိတဲ့အတွက် ထိုအရာကိုအခွင့်ကောင်းယူရန် ဆုံးဖြတ်ခဲ့သည်။ ဒါပေမယ့် သူကနာကျင်မှုမှာသာယာတဲ့သူတော့ မဟုတ်‌ပေ။ သူလိုချင်တာက ကာစီနိုထဲဝင်ခွင့်ရဖို့ဖြစ်သည်။ ကားရပ်သွားတဲ့အခါမှာ အခြားရပ်ပြီးဆွဲဆောင်နေကြတဲ့သူတွေနဲ့မတူဘဲ လင်းဖန်ကတိုက်ရိုက်ကားတံခါးသွားဖွင့်ပေးလိုက်သည်။

"မင်း...."

ကားထဲကသူကနည်းနည်းအံ့ဩသွားသည်။လင်းဖန်ပြုံးပြီးပြောလိုက်သည်။

"ဗေဒင်ဆရာကပြောလိုက်တယ် ဒီနေ့ကကျွန်တော်ကံကောင်းတဲ့နေ့တဲ့"

"အိုး...ဟားဟား....မင်းကစိတ်ဝင်စားဖို့ကောင်းတဲ့သူပဲ။ ငါနဲ့လိုက်ခဲ့"

သူက လင်းဖန်ကိုမငြင်းပယ်လိုက်ပေ။ ဒါက လင်းဖန်ပြောတဲ့စကားကိုယုံသွားလို့တော့မဟုတ်‌ချေ။ သူက ချူရှောက်ရဲ့ ကာစီနိုမှာ အသက်မပြည့်သေးတဲ့ AG လုံးဝမရှိဘူးဆိုတာသိပေမယ့် လင်းဖန်ရဲ့ငယ်ရွယ်တဲ့သွင်ပြင်ကြောင့် သူ့ကို ရွေးချယ်ခဲ့တာဖြစ်သည်။မနာလိုတဲ့အကြည့်ပေါင်းများစွာ လင်းဖန်အပေါ်ကျရောက်လာသည်။လင်းဖန်က ဘယ်သူ့ကိုမှဂရုမစိုက်ဘဲ ထိုလူ့နောက်ကနေ ကာစီနိုထဲလိုက်ဝင်သွားသည်။

မိန်းမပျိုလေးတစ်ဦးက မကျေမနပ်နဲ့နှာမှုတ်ကာပြောလိုက်သည်။

"ဟွန့် !သူကကြည့်လို့လည်းမကောင်းဘဲနဲ့...ဘယ်လို လုပ် အောင်မြင်သွားရတာလဲ"

လင်းဖန်က ဘယ်သူ့ကိုမှဆွဲဆောင်ဖို့ မစီစဉ်ထားဘူးဆိုတာသူမ မသိပေ။ကာစီနိုထဲရောက်ပြီးသွားတဲ့အချိန်မှာ လင်းဖန် ထိုလူကြည့်မနေတဲ့အချိန်လစ်ထွက်လာသည်။ သူ့မှတ်ဉာဏ်များအရ လင်းဖန်ကာစီနိုကိုနှစ်ပတ် ပတ်ပြီးနောက် လောင်းကစားစားပွဲတစ်ခုရှေ့မှာ ရပ်လိုက်သည်။

"အပွင့်ကြီး 11 to 17 "

လင်းဖန် ထိုသို့ပြောပြီး အဝါရောင်ချစ်ပ်ပြား ၅၀ ကို စားပွဲပေါ်တင်လိုက်သည်။ဒီချစ်ပ်ပြား ၅၀ ကိုယွမ် ၅၀ လို့သာ သတ်မှတ်လိုက်ရင် မင်းမှားသွားလိမ့်မည်။ အမှန်က၎င်းမှာ ယွမ် ၅သိန်းတန်ဖိုးရှိသည်။ လင်းဖန် ဒီချစ်ပ်ပြားတွေကိုဘယ်လိုရလဲဆိုတော့.....

အာ...ဒါကသိပ်မခက်ပေ။သူကာစီနိုကိုပတ်ပြီး လောင်းကစားစားပွဲရုံဆီတွေကနေ ခိုးလာတာဖြစ်သည်။ အရင်ဘဝတုန်းက နိုင်ငံ့ရတနာကိုခိုးတယ်ဆိုပြီး အစွပ်စွဲခံခဲ့ရသည့် သူ့ ထောင်အခန်းဖော်က သူ့ကို ဘယ်သူမှမသိစေဘဲ ပစ္စည်းတွေခိုးနိုင်မယ့်နည်းလမ်းတွေကို သင်ပေးခဲ့သည်။

ဒိုင်က အံစာတုံးကိုခလောက်ကာ ချစ်ပ်ပြားတွေကို ကြည့်ပြီးနောက် လင်းဖန်ကိုကြည့်လိုက်သည်။သူ မအံ့ဩသွားပါပေ။တစ်ချို့ချမ်းသာသည့် ဧည့်သည်တွေက လှပတဲ့ကောင်လေး ၊ ကောင်မလေးတွေကို ရက်ရောစွာ ပေးကမ်းကြသည်။

"ဒါတွေက မင်း sugar daddy ပေးထားတာလား။ မင်းအသေးစားလောက်ပဲ မလောင်းဘူးလား"

ဒိုင်ကမေးလိုက်သည်။သူ့အမြင်အရ ဒီလိုတစ်ချက်ထဲပုံအောလိုက်တာက ဉာဏ်နည်းလွန်းသည်။

"ဟင့်အင်း။ဗေဒင်ဆရာကပြောတယ် ကျွန်တော်ဒီနေ့ ကံကောင်းမယ်တဲ့"

"ကောင်းပြီလေ ဒါဆိုလည်း အံစာတုံးဘူးကိုဖွင့်ကြည့် ကြတာပေါ့"

"ခြောက် ၊ ငါး ၊ ငါး ။ အပွင့်ကြီးပဲ" ဟု စားပွဲထိုးမတစ်ဦးက ပြောလိုက်သည်။

လင်းဖန်က လောင်းကစားမှာသိပ်မကျွမ်းကျင်ပေမယ့် အခြားကစားသမားများနှင့် မတူစွာလောင်းရဲခဲ့ သောကြောင့် သူငွေအမြောက်အမြားနိုင်ခဲ့သည်။နောက်အလှည့်တွေမှာတော့ သူ ချိစ်ပ်ပြားကို တစ်ဝက်ဆီသာ အကြိမ်တိုင်းလောင်းခဲ့သည်။ သူ လေးခါနိုင်ပြီး တစ်ခါသာရှုံးသွားခဲ့သည်။နောက်ဆုံးမှာတော့ သူက အများဆုံး အနိုင်ရသူဖြစ်ခဲ့သည်။ဒိုင်က လင်းဖန်ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။

"မင်းက လောင်းကစားလုပ်တဲ့နေရာမှာတော်တယ်"

လင်းဖန် ပုခုံးတွန့်ပြီး ပြုံးပြလိုက်သည်။

"ကျွန်တော် ဒီနေ့ကံကောင်းတယ်လို့ ပြောသားပဲ"

တကယ်တော့ သူလောင်းကစားနဲ့ပတ်သက်ပြီး တစ်လုံးမှနားမလည်ပေ။သူကျပန်းရွေးပြီး လောင်းလိုက်တာကြီးပဲ။ဒါကြောင့် သူကံကောင်းပြီး နိုင်တာလို့ ပြောလို့ရသည်။သူရှုံးသွားရင်ရော?? သူဝမ်းမနည်းသွား‌ပေ။ဘာလို့လဲဆိုတော့ သူ့ပိုက်ဆံ တစ်ပြားမှမပါလို့ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment