no

Font
Theme

သူကတကယ့်ကိုဆင်းရဲတာပဲ...အရင်ကဆို 125.3 ယွမ်ကသူ့အတွက်တော့ လဝက်လောက်စားဖို့သောက်ဖို့ လုံလောက်သည်။သို့သော် အခုလင်းဖန်မျက်လုံးထဲတွင်တော့ မလုံလောက်သေးပေ။

ဒီပိုက်ဆံလောက်က နောက်နှစ်ဝက်အတွက် ကျောင်းလခပေးဖို့မလုံလောက်သလို တစ်လစာနို့ဝယ်ဖို့လည်းမလုံလောက်ချေ။ပြောရမယ်ဆိုရင်

အခုသူ့ဒဏ်ရာကိုကုသဖို့အတွက်တောင် မလုံလောက်ဘူး။

အမူအရာမဲ့စွာနဲ့ လင်းဖန်သေတ္တာကိုဘေးပြန်ချလိုက်သည်။

တစ်ခဏတာလောက် မိမိကိုယ်ကိုလှောင်ပြောင်ချင်သည့်အမူအရာ သူ့မျက်နှာတွင် ပေါ်လာသည်။သူအခုခက်ခဲတဲ့အချိန်ကို

ကျရောက်နေပေမယ့် စိတ်ဓာတ်မကျသည့်အပြင်

သူ့ဘဝကိုနောက်တစ်ကြိမ်ပြန်စခွင့် ရတဲ့အတွက် အရမ်း ကံကောင်းသည်ဟုတောင်တွေးမိသည်။သူဘယ်တော့မှသနားစရာကောင်းတဲ့အမြှောက်စာဇာတ်ကောင်လေး မဖြစ်ချင်တော့ဘူး။ထို့ကြောင့် သူအခုချိန်မှစ၍

ပြောင်းလဲမှုတွေလုပ်ရတော့မည်ဟု ဆုံးဖြတ်လိုက်သည်။

သူရဲဘောကြောင်တဲ့ကောင်အနေနဲ့လား?မဟုတ်ပါဘူး။

သူ..သူရဲဘောကြောင်တဲ့ကောင်အဖြစ်မနေတော့မယ့်အပြင် သူ့ဘဝအဆုံးသတ်တဲ့ထိ မတုန်မလှုပ်ဘဲနေတော့မည်။သူထောင်ထဲမှာ ဆယ်နှစ်ကြာနေခဲ့ရတုန်းက အချိန်တိုင်းနှလုံးရောဂါကြောင့် နာကျင်မှုကိုခံစားရသည်။

ထိုအချိန်ရောက်တိုင်း သူစိတ်ပျက်အားငယ်မှုနဲ့အကူအညီမဲ့မှုတွေကိုခံစားရကာ သန်မာသည့်ခန္ဓာကိုယ်ရရှိရန်ဆုတောင်းခဲ့သည်။

သူအခုကျန်းမာရေးသိပ်မကောင်းနေပေမယ့် ကံကောင်းစွာနဲ့အရမ်းနောက်မကျသေးပေ။ဒီနေရာမှာပြောချင်တာက ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဖြစ်သည်။လင်းဖန်

ဒီသုံးလအတွင်း ကျန်းမာသန်စွမ်းလာစေရန် ကြိုးစားဖို့အစီအစဉ်များချမှတ်ခဲ့သည်။သူအရင်ဘဝတုန်းကလိုဆိုးရွာသည့်အဖြစ်များ ထပ်မဖြစ်ချင်တော့ပေ။ဒါပေမယ့် သူ့မှာပိုက်ဆံလည်းမရှိသလို မိဘလည်းမရှိဘူး။ဘာဆိုဘာမှမရှိဘူး။

ထို့နောက်သူ့မျက်လုံးများက စားပွဲပေါ်မှာတင်ထားသည့် ရီပို့ကဒ်ပေါ်သို့ကျရောက်သွားသည်။သူအချိန်မဖြုန်းချင်သဖြင့် ချက်ချင်းပဲအောက်ခြေမှာသူ့နာမည်ထိုးထားသည့်

ရီပို့ကဒ်ကိုယူကြည့်လိုက်သည်။သူ တရုတ်စာ 54မှတ် , သင်္ချာ 23မှတ် , အင်္ဂလိပ်စာ 16မှတ် , ဓာတုဗေဒ 33မှတ်,ရူပဗေဒ 34 မှတ် ,ဇီဝဗေဒ 47 မှတ်.....တို့ရသည်။

စာမေးပွဲရလဒ်က လင်းဖန်ကိုတော်တော်အံ့ဩသင့်သွားကာ အချိန်အတော်ကြာဆွံအသွားတဲ့အထိဖြစ်စေသည်။

သူအလယ်တန်းကျောင်းတုန်းက ဒီလောက်ထိညံ့တယ်ဆိုတာကိုမယုံကြည်နိုင်သေးဘူး။သူအထက်ကျောင်းတတ်တဲ့အခါနှိမ့်ချနေထိုင်ခဲ့သည့်အတွက် သူဉာဏ်ကောင်းလား ၊မကောင်းဘူးလားဆိုတာ မသိတော့ပေ။အဲ့ဒီ့တုန်းက သူ

နေ့တိုင်း အနိုင်ကျင့်တဲ့သူတွေလက်ထဲကနေဘယ်လို ရှောင်ရှားရမလဲဆိုတာနဲ့ လက်ထဲရှိတဲ့ပိုက်ဆံလေးနဲ့ အစားအစာဘယ်လိုလောက်ငအောင်ဝယ်ရမလဲ ဆိုတာကို ပဲတွေးတောနေခဲ့သည်။

အခုပြန်တွေးကြည့်လိုက်တဲ့အခါ သူကအရူးတစ်ယောက်ပဲလို့ခံစားလိုက်ရသည်။သူစာကြိုးစားဖို့ လိုအပ်သည်။စာမတတ်တဲ့လူတစ်ဦးမှာ တောက်ပတဲ့အနာဂတ်မရှိပေ။စာမတတ်တဲ့သူတွေက အလုပ်အကိုင်ရှာဖွေဖို့ မလွယ်ကူသလို သူတို့ကိုယ်တိုင်လည်းမထောက်ပံ့နိုင်ဘူး။

သူဒီတိုင်းသာ ဆက်သွားနေမယ်ဆိုရင် သူ့ကိုထောင်ထဲပို့ခဲ့တဲ့သူနဲ့ သူ့ကိုသတ်ဖို့ကြိုးစားခဲ့တဲ့သူကို လက်စားချေနိုင်တဲ့အင်အားရှိလာမှာမဟုတ်ချေ။

အနှစ်ချုပ်ဆိုရသော် သူ့ရဲ့ရန်သူက N မြို့ရဲ့ မြေအောက်လောကဘုရင်လို့ခေါ်ကြတဲ့ ချမ်းသာပြီးအင်အားရှိတဲ့သူတစ်ယောက်ဖြစ်သည်။ထို့ကြောင့် သူလက်စားချေလိုပါက မိမိကံကြမ္မာကိုပြောင်းလဲကာ ဒီနှစ်အတွင်းချမ်းသာပြီးအင်အားရှိတဲ့သူဖြစ်လာမှရမည်။သူ့စိတ်ထဲ

တွေးနေတာတွေကို သိတဲ့ဘယ်သူမဆို သူ့ကိုအရူးတစ်ယောက်လို့ထင်ကြလိမ့်မည်။သို့ပေမယ့် နောက် ၁၁ နှစ်အတွင်း ဘာတွေဖြစ်လာနိုင်မလဲဆိုတာ သူသိသည်။

သူထောင်ထဲမှာ နေ့ခဲ့ရတဲ့နှစ်တွေတုန်းက နေ့တိုင်း သတင်းစာဖတ်ကာ သတင်းကြည့်တဲ့အတွက် အပြင်ဘက်မှာဘာတွေဖြစ်နေလဲအကုန်သိသည်။အဲ့လိုမှမဟုတ်ရင်သူထောင်ထဲကနေထွက်ပြေးလာနိုင်မှာ မဟုတ်ပေ။

သူ့မှာချမ်းသာကြွယ်ဝလာစေမယ့် နည်းလမ်းများစွာရှိသည်။သူကစတော့ရှယ်ရာဈေးကွက်ကိုမှန်းဆနိုင်သည်။အနာဂတ်မှာဖြစ်ပေါ်လာမယ့်ဒုက္ခတွေရယ် ရင်းနှီးမြှပ်နှံသင့်တဲ့ project တွေကအစပေါ့။

ဒါပေမယ့် ဘာပဲလုပ်လုပ် 125 ယွမ်လေးကမလုံလောက်ဘူး။သူသံသေတ္တာဘူးကိုစိုက်ကြည့်ကာ မျက်မှောက်ကျုံ့နေသည်။ထို့နောက် သူအချိန်အကြာကြီးတိတ်ဆိတ်နေကာ အဝေး

သို့ကြည့်လိုက်ရင်း အဓိပ္ပါယ်အပြည့်ပါသည့် အပြုံးကိုပြုံးလိုက်သည်။

ငွေရှာဖို့ အမြန်ဆုံးနည်းလမ်းက ........

သူရုတ်တရက်ရူးသွပ်တဲ့အကြံတစ်ခုကိုတွေးမိသွားခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment