" မင်းပါလား"
လောင်လိ့က ချူရှောက်ကိုကြည့်လိုက်ကာ အံ့အားသင့် သွားသည့်ဟန်ဖြင့် ,
"ကူညီပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်"
"အို ,"
ချူရှောက်က လေးတွဲ့တွဲ့ပြောလိုက်သည်။
"ငါ့ကျောင်းသားလေးက ဒီကိုအပျော်လာတာလေ..ဒါပေမယ့် ထိုလူတွေဖမ်းထားတာခံလိုက်ရတယ် ..ဒါကြောင့်..."
"အို့" ချူရှောက်က အေးစက်စက်ပဲပြန်တုံ့ပြန်သည်။
သူအခုလေးတင် ဘာတွေဖြစ်ခဲ့တယ်ဆိုတာကို မြင်ပြီးပြီ။သူက အခြားသူတွေကိစ္စကိုဝင်စွက်ဖက်တတ်တဲ့ လူစားမျိုးမဟုတ်ပေ။ဒါပေမယ့် သူကလောင်လိ့နဲ့ လက်တွဲလုပ်ဖို့ စဉ်းစားထားတဲ့အတွက် ဝင်ကူညီခဲ့တာဖြစ်သည်။ချူရှောက်က လောင်လိ့ကိုကြည့်လိုက်ကာ သတိပေးလိုက်သည်။
"မင်း ဒီဘားကိုနောက်တစ်ကြိမ်ထပ်မလာတော့ရင် ကောင်းမယ်"
"အင်း ငါသိပါတယ်။ငါအခုချက်ချင်းထွက်သွားတော့မှာ"
"အင်း , နှုတ်ဆက်ပါတယ်"
ထိုစကားပြောပြီးနောက် ချူရှောက်လှည့်ထွက်သွားသည်။ချူရှောက်ကထွက်သွားပေမယ့် လောင်လိ့ကတော့မပြန်သေးပေ။ထို့အပြင် သူကထိုနေရာမှာပဲ ရပ်နေကာ ဆေးထကြွလာမည့် အချိန်ကိုရေတွက်ကာ စောင့်နေသည်။
ထိုအချိန်မှာပဲ လင်းဖန်ကလည်း ဆေးထကြွလာမည့် အချိန်ကိုရေတွက်နေသည့်အပြင် စိတ်လည်း လှုပ်ရှားနေသေးသည်။ပြောရမယ်ဆိုရင် အခုလောင်လိ့နဲ့ချူရှောက်ကြား ဖြစ်ပျက်တဲ့အရာက အလှလေးကို သူရဲကောင်းက ကယ်တင်ခြင်းတို့ဘာတို့ဖြစ်သည် ။သူတို့နှစ်ယောက်လုံးက ဉာဏ်ထက်ပြီး ချောမောကြသည်..ဒါကြောင့်မို့လည်း အနာဂတ်မှာ သူတို့တူတူရှိနေနိုင်တာဖြစ်သည်။
ဘေးကကြည့်သူတစ်ယောက်အနေနဲ့ လင်းဖန် အရိုးသားဆုံးပြောရရင် သူတို့နှစ်ယောက်ပုခုံးချင်းယှဉ်ရပ်တဲ့အခါ အမြင်တင့်တယ်သည်။ သူတို့နှစ်ယောက် ပျော်ရွှင်တဲ့အိမ်ထောင်ရေး တည်ဆောက်တာကို သူစိတ်ထဲမထားပါပေ။ ဒါပေမယ့် သူတို့ပျော်ရွှင်မှုက သူ့ရဲ့နာကျင်မှုတွေ အပေါ်အခြေခံတာဆိုရင်တော့ သူ့စိတ်ထဲရှိသွားပြီ။
ထို့ကြောင့် သူတို့ရဲ့ပျော်ရွှင်မှုတွေကို သူဖျက်စီးပစ်မည်။ပြီးတော့ ထိုလူကသူ့အတွက်ပဲ။
"မစ္စတာလောင်..."
"မင်း..ဘာလို့ပြန်လာတာလဲ..ငါမင်းကို ကျောင်းဆီ ပြန်ဖို့ပြောတယ်လေ"
လောင်လိ့က လင်းဖန်ပြန်လာတာကို မြင်ရသည့်အတွက် အံ့ဩသွားသည်။
"ဟို ကျွန်တော်ကဆရာတစ်ခုခုဖြစ်သွားမှာ စိုးရိမ်လို့ပါ..ဒါကြောင့် ကျောင်းအုပ်ကြီးနဲ့ရဲတွေဆီကို ဖုန်းဆက်ထားတယ်။"
သူကျောင်းအုပ်ကြီးဆီကို အခုလေးတင်ဖုန်းခေါ်ခဲ့တာဖြစ်သည်..ဒါပေမယ့် လောင်လိ့အကြောင်းပြောတာမဟုတ်ပါပေ။သူက ရက်အနည်းငယ်လောက်ကျောင်း ပျက်ဖို့ ခွင့်တိုင်ခဲ့သည် ။ရဲတွေကို ခေါ်တယ်ဆိုတာကတော့ လိမ်ညာခဲ့တာဖြစ်သည်။
ဒါပေမယ့် လောင်လိ့ကတော့ ယုံသွားခဲ့သည်။သူ့ရဲ့ဟန်ဆောင်မျက်နှာဖုံးက ကွဲကြေသွားသည်။
'ငတုံးကောင်!' သူ့စိတ်ထဲ ကျိန်ဆဲနေမိသည်။
"မင်း ရဲတွေကိုဖုန်းခေါ်လိုက်တော့ ..ရဲတွေက
ဘာပြန်ပြောလဲ"
"အာ...သူတို့ကကျွန်တော်ဘယ်နေရာမှာ ရှိနေတာလဲလို့မေးတယ်။မပူပါနဲ့..မစ္စတာလောင် ရဲတွေကမကြာခင်ဒီကိုရောက်လာပါလိမ့်မယ်"
"မင်း....ထားလိုက်တော့ ဒီကနေထွက်သွားကြစို့"
"ဟမ်!ကျွန်တော်တို့ဒီနေရာမှာပဲ ရဲတွေကိုစောင့်မနေသင့်ဘူးလား"
လောင်လိ့က မပျော်မရွှင်နဲ့ပြန်ဖြေသည်။
"မစောင့်တော့ဘူး။သွားကြမယ်"
သူရဲတွေကိုစောင့်နေလို့မရပေ။သူက အထက်တန်းကျောင်းဆရာတစ်ယောက်ဖြစ်နေရုံသာမက လန် ကလန်ရဲ့အနာဂတ်ခေါင်းဆောင် လောင်းတစ်ယောက်လည်းဖြစ်သည်။ ထို့ကြောင့် သူ့မှတ်တမ်းကသန့်ရှင်းနေမှ ဖြစ်မည်။ဘာအမှားအယွင်းမှ အဖြစ်ခံလို့မရပေ။
အမူအရာမဲ့နေသည့် မျက်နှာထားဖြင့် လင်းဖန်ပြောလိုက်သည်။
"အို..ကောင်းပါပြီ..သွားကြစို့"
လင်းဖန်စိတ်ထဲတွင် လှောင်နေကာတွေးလိုက်သည်။
'အခုဆို လောင်လိ့ကငါ့ကိုတုံးအပြီးအသုံးမ ဝင်တဲ့ကောင်လို့ တွေးနေတော့မယ်'
လောင်လိ့က သူ့နောက်ကနေလျှောက်ကာလိုက် လာသည့် လင်းဖန်အပေါ် လုံးဝဂရုမစိုက်ပါပေ။ထို့ကြောင့် လင်းဖန်ပျောက်သွားတာကို သူမသိလိုက် ပေ။
လောင်လိ့တည့်တည့်မတ်မတ် ထွက်သွားတာကို မြင်သည့်အခါ လင်းဖန်မျက်နှာပေါ်တွင် လှောင်ပြုံးတစ်ခုပေါ်လာပြီး ဘားထဲသို့ပြန်ဝင်လာခဲ့သည်။အတိတ်ဘဝတုန်းက လောင်လိ့သည် ချူရှောက်ပျောက်သွားသည့်အတွက် ဘားတစ်ခုလုံးကို လိုက်ရှာခဲ့ရသည်။ပြန်လည်မွေးဖွားလာသူတစ်ယောက်ဖြစ်တဲ့ လင်းဖန်အနေနဲ့ကတော့ ထိုသို့လုပ်စရာမလိုပါဘူး။ချူရှောက်ဘယ်မှာရှိလည်းဆိုတာ သူသိသည်။
လင်းဖန်က ဧည့်ကြိုဌာနထံလျှောက်လာကာ
ပြောလိုက်သည်။
"ဟယ်လို ငါ့အခန်းကအနံ့တွေနံနေတယ်။
ငါ့ကိုနောက်တစ်ခန်းပြောင်းပေးနိုင်မလား။"
မျောက်ထံမှခိုးလာသည့် အခန်းကတ်ကိုဧည့်ကြိုထံပေးလိုက်သည်။
"ကိစ္စမရှိပါဘူး။မင်းအတွက်နောက်တစ်ခန်းကိုငါအခုချက်ချင်းပဲ စီစဉ်ပေးပါ့မယ်။ကျေးဇူးပြုပြီး ခဏလောက်စောင့်ပါ"
"ငါ အခန်းနံပါတ် 1707 ကိုလိုချင်တယ်"
"ကောင်းပါပြီ"
__