သူရုံးခန်းကိုမရောက်ခင်မှာဘဲ ဒေါသတကြီးအော်ဟစ်သံကို ကြားလိုက်ရသည်။
"မင်းဘယ်လိုလုပ်ပြီး အတန်းဖော်တွေနဲ့ရန်ဖြစ်ရဲရတာလဲ..ဟမ့်!ငြင်းဖို့တော့မကြိုးစားနဲ့ လုံခြုံရေးကအကုန်မြင်ထားပြီးပြီ။"
ထိုအသံက သင်ကြားရေးမှုးဆီကနေထွက်လာမှန်း လင်းဖန်သိသည်။သူတွေးလိုက်သည်။
'ဘယ်လောက်တောင်စိတ်ဝင်စားဖို့ ကောင်းလိုက်သလဲ။ဒီစကားတွေက သူအရင်ဘဝတုန်းကကြားခဲ့ရတာနဲ့ တစ်ထပ်ထည်းပဲ'
သူတိတ်ဆိတ်နေခဲ့သည်။သူလုံခြုံရေးကို ဘာကြောင့် အဲ့ဒီ့လူမိုက်လေးတွေရိုက်တာခံနေရချိန် ဝင်မတားတာလဲ လို့မမေးခဲ့ဘူး။အဲ့ဒီ့မေးခွန်းကအသုံးမဝင်တဲ့မေးခွန်း ဖြစ်မှန်း သူသိတဲ့အတွက်ကြောင့်ဖြစ်သည်။
"မင်း"
သင်ကြားရေးမှုးက လင်းဖန်ကိုဆက်လက်အပြစ်တင်ဖို့အနားချဉ်းကပ်လာချိန်မှာ လင်းဖန်ခေါင်းပေါ်က ပြင်းထန်သည့်ဒဏ်ရာကို တွေ့သွားတဲ့အတွက် သူ့လေသံရပ်တန့်သွားခဲ့သည်။
"ကောင်းပြီ။မင်းအမှားကိုနားလည်လိုက်ပြီလို့ ငါယူဆလိုက်မယ်။သွား...မင်းအတန်းပိုင်ဆရာကိုသွားရှင်းပြလိုက်။ပြီးရင် အိမ်ပြန်ပြီး မိသားစုနဲ့အတူဆေးရုံသွားလိုက်ဦး"
ဟု သင်ကြားရေးမှုးကပြောလိုက်သည်။ဘယ်လိုပဲဖြစ်ဖြစ် သူလင်းဖန်ကို ကျောင်းမှာသတိလစ်မသွားစေလိုပါ။
"ဟုတ်ကဲ့ပါ" , လင်းဖန်အသံတိုးတိုးလေးနဲ့ပြန်ပြောလိုက်သည်။ အနည်းဆုံးတော့ ဒီတစ်ကြိမ်မှာ စာလုံးရေသုံးထောင်ပါသည့် တောင်းပန်စာကို မရေးရတော့ပေ။
သူရုံးခန်းအတွင်းကိုဝင်လာချိန်မှာ ပြတင်းပေါက်နားမှာထိုင်နေတဲ့သူကို တွေ့လိုက်ရသည်။ထိုသူ၏ နာမည်မှာ လော့လိဖြစ်သည်။
လော့လိက သူတို့အတန်းပိုင်ဆရာဖြစ်သည့်အပြင် င်္သချာသင်ပေးတဲ့ဆရာတစ်ယောက်လည်း ဖြစ်သည်။ဘာထပ်ရှိဦးမှာလဲ။
သူ့အတွက်အရာရာကိုစွန့်လွှတ်ခဲ့သည်။သူလော့လိအရမ်းကြိုက်ခဲ့ပေမယ့် ထိုအရာက အချစ်မဟုတ်ခဲ့ဘူး။
နောက်တစ်ကြိမ်ပြန်တွေ့ခဲ့ရပြီ။ယခုအချိန်မှာတော့ သူထူးထူးဆန်းဆန်းတည်ငြိမ်နေခဲ့သည်။သူ့ရဲ့ချစ်ခင်မှုတွေက လော့လိအတွက်တော့ရယ်စရာတစ်ခုထက်မပိုဘူးလို့ တွေးမိသည်။
အဘယ်ကြောင့်ဆိုသော် လော့လိထံမှာ
ယောက်ျားလေးရော မိန်းမတွေပါ မနာလိုစေလောက်တဲ့အထိလှပတဲ့မျက်နှာလေးရှိသည်။
သူကလှပကျော့ရှင်းပြီး အရည်အချင်းရှိသည့်အတွက် လူတိုင်းကသူ့ကိုလိုချင်နေကြသည်။
သူကအရမ်းကို ဆွဲဆောင်မှုရှိတဲ့အတွက် အင်မတန်အစွမ်းထက်လွန်းသူလို့ခေါ်တဲ့ N မြို့ရဲ့မြေအောက်လောကဘုရင်တောင် သူ့ကိုကြွေသွားခဲ့သည်။
လင်းဖန်ကတော့ ချစ်ခြင်းမေတ္တာနဲ့နွေးထွေးမှုကို လိုလားတောင့်တနေတဲ့ ရူးမိုက်တဲ့ကောင်လေးတစ်ယောက်မျှသာ။
အထက်တန်းကျောင်းမှာ လူပေါင်းများစွာက သူ့ကိုအနိုင်ကျင့်ပြီးအထင်အမြင်သေးစွာဆက်ဆံကြသည်။
လော့လိကလွဲလို့ပေါ့။ဒါကြောင့် လော့လိကသူ့ကိုဂရုစိုက်တယ်ဆိုပြီးသူထင်ခဲ့တာဖြစ်သည်။
ထို့နောက် သူ့ကိုကြွေသွားမိခဲ့သည်။ အခုချိန်မှာတော့ ထိုတွေကရယ်စရာတွေပဲဆိုတာကို သဘောပေါက်ခဲ့သည်။သူထောင်ထဲမှာ ၁၀နှစ်နေခဲ့ရတုန်းက လော့လိမရှိတဲ့သူ့ဘဝကြီးက ဘယ်လိုနေမလဲဆိုတာကို မကြာမခဏတွေးတောခဲ့ဖူးသည်။
သူ့ဘဝကြီးကို သာမာန်ပေါ့ပေါ့ဖြတ်သန်းနိုင်လိမ့်မယ် အနည်းဆုံးတော့ဆင်းရဲဒုက္ခကြီးကြီးမားမားကျရောက်မှာမဟုတ်ပေ။
ထို့ကြောင့် သူလော့လိအပေါ်ကြိုက်နှစ်သက်တာတွေက သေချာပေါက်သေဆုံးသွားခဲ့ပြီ။
လင်းဖန်သည် တစ်ချိန်ကသူ့အားလျစ်လျူရှုခဲ့သောလော့လိအား အေးစက်တည်ငြိမ်စွာကြည့်လိုက်သည်။
"ဆရာလော့"
"စားပွဲခုံပေါ်မှာ ဘောပင်နဲ့စာရွက်လွတ်နည်းနည်းရှိတယ်။အဲ့မှာဒီနေ့ဖြစ်ပျက်ခဲ့သမျှကို တိတိကျကျချရေးပါ"
လင်းဖန်ကကန့်ကွက်ခြင်းမရှိပေ။သူဖြစ်ပျက်သမျှကိုစာလုံးရေ ၁၀၀ ထက်မနည်းချရေးကာ လော့လိကို ပေးလိုက်သည်။
သူက နုံအတဲ့အရူးတစ်ကောင်ပဲ။အရင်ဘဝတုန်းက သူဒီလူမိုက်တွေနဲ့ဖြစ်ခဲ့သမျှကို စာလုံးရေ ၂၀၀၀ ကျော်မကချရေးခဲ့သည်။ဒီဘဝမှာတော့ သူအရင်လို မလုပ်တော့ဘူး။
"မင်းအခုအိမ်ပြန်လို့ရပြီ။ဒါကဒီလအတွက် ရီပို့ကဒ်ပဲ။မင်းနောက်လကျရင်တော့ စာမေးပွဲအောင်မယ်လို့မျှော်လင့်
သူသည်အထင်သေးစွာနှင့်အနည်းငယ် မယဉ်ကျေးစွာဆက်ဆံသော်လည်း မည်သူကမှသတိပြုမိမှာမဟုတ်ပေ။အဘယ်ကြောင့်ဆိုသော် လူတိုင်းရဲ့မျက်လုံးထဲမှာ သူကမြင့်မြတ်ပြီး လေးစားစရာကောင်းသည်။
အရင်ဘဝတုန်းက လင်းဖန်သည် အတွေ့အကြုံမရှိသေးတဲ့ ကျောင်းသားလေးဖြစ်သည့်အတွက် လော့လိစကားတွေ အားလုံးကသူ့ကိုရင်ထဲထိစေသည်။သို့ပေမယ့် ကံကြမ္မာအပြောင်းအလဲများစွာ ကြုံတွေ့ပြီးနောက်မှာတော့ လော့လိမျက်ဝန်းထဲမှာ သူ့အတွက်စိုးရိမ်စိတ်များ
အကြောင်းအရင်းက သူသည် အသုံးမကျတဲ့သူတစ်ယောက်ဖြစ်နေလို့ပင်။သူ့ခေါင်းပေါ်မှဒဏ်ရာက အလွန်ကြောက်ဖို့ကောင်းသည့်အတွက် သင်ကြားရေးမှူးတောင်သတိထား
ယောက်ဖြစ်နေပါက လော့လိသည်သူ့အား အခုကဲ့သို့လျစ်လျူရှုနေလိမ့်မည်မဟုတ်ပေ။