no

Font
Theme

အခန်းကတ်နှင့်ဆို လင်းဖန်အချိန်မရွေးဒီနေရာကနေ ထွက်သွားနိုင်သည်။ဒါပေမယ့် လင်းဖန်ထွက်မသွားခဲ့ပေ။သူ့ အတန်းပိုင်ဆရာလောင်လိ့က မနက်ဖြန်မှာ သူ့ကိုလာကယ်လိမ့်မည်။ထို့ကြောင့် သူ လောင်လိ့ဖျော်ဖြေတဲ့အတိုင်း ပူးပေါင်းဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်သည်။

လောင်လိ့ အကြောင်းပြောရမယ်ဆိုရင်... အို... မဟုတ်သေးပါဘူး... တိတိကျကျပြောရမယ်ဆိုရင် သူ့နာမည်အရင်းက လန်လောင်လိ့.... သူက N မြို့တော်ရှိတတိယအကြီးမားဆုံးလုပ်ငန်းရဲ့ ဥက္ကဌနှင့် လန်ကလန်၏ ခေါင်းဆောင်ဖြစ်သည့် လန်ယန်ရှင်းရဲ့ တရားမဝင်သားတွေထဲက တစ်ယောက်ဖြစ်သည်.... လောင်လိ့အမေက လန်ယန်ရှင်း၏ မယားငယ်တစ်ယောက်ဖြစ်သည်။

သူမက လောင်လိ့ကိုမွေးပေးခဲ့ပေမယ့်လည်း

အမြင့်ကိုမတက်လှမ်းနိုင်ခဲ့‌ပေ။နောက်ကျတော့ သူမကသေလမ်းရှာခဲ့တဲ့အတွက်လား ဒါမှမဟုတ် ကံမကောင်းလို့လား တော့မသိပေမယ့် လန်ယန်ရှင်းရဲ့တရားဝင်ဇနီးကြောင့် သေခဲ့ရသည်။ ပြောရမယ်ဆိုရင် ,

"ကိုယ်ပြုသည့်ကံ ကိုယ်ထံပြန်လာတာပဲ"

တတိယမြောက် မယားငယ်တစ်ယောက်အနေနဲ့ လောင်လိ့အမေက သဘာဝအလျောက် တရားဝင်ဇနီး၏မုန်းတီးခြင်းကိုခံရသည်။ သူ့အမေသေဆုံးပြီးတဲ့နောက်မှာ လောင်လိ့က မစ္စလန်နဲ့လန်မိသားစုတစ်စုလုံးကို အငြိုးအတေးထားခဲ့သည်။အပေါ်ယံမှာတော့ လောင်လိ့က ရည်ရွယ်ချက်သိပ်မရှိတဲ့ အထက်တန်းကျောင်းက ဆရာတစ်ယောက်ဖြစ်သည်။တကယ်ကတော့ လောင်လိ့က လန် ကလန်တစ်ခုလုံးကို ပစ်မှတ် ထားခဲ့သည်။

သူက သူ့အဖေ၏အာဏာတွေကိုအကုန်သိမ်းဖို့ အစောကြီးကတည်းက ကြံစည်ထားသည်။ ထို့ကြောင့် သူက မြေအောက်ဧကရာဇ်ချူရှောက်ရဲ့ လက်တွဲဖော်ဖြစ်လာဖို့ ပထမဆုံးပြုလုပ်သည်။ ပြောရမယ်ဆိုရင်သူ့အရင်ဘဝမှာတုန်းက လောင်လိ့ကအောင်မြင်ခဲ့သည်။

သူထောင်ထဲရောက်နေသည့်အချိန်တုန်းက TV ကသာလျှင် လောင်လိ့အကြောင်းသိဖို့ တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ ထိုအချိန်တုန်းက လောင်လိ့က ချူရှောက်၏ အကူအညီဖြင့် လန် ကလန်ကိုထိန်းချုပ်နိုင်ခဲ့သည်။

သူက ချူရှောက်ရဲ့နှလုံးသားကိုရရှိသွားကာ

သူတို့လက်ထပ်လိုက်ကြသည်။လောင်လိ့ကသာ အနိုင်ရသွားတဲ့သူဖြစ်သွားသည့်အတွက် လူများစွာက သူ့ကိုလက်စားချေချင်ကြသည်။ သို့သော်လည်း သူတို့သေသွားတာ ဒါမှမဟုတ် မသန်မစွမ်း ဖြစ်သွားကြသည်။

'ငါကတော့ သိပ်ကိုတုံးအခဲ့တယ်။ငါက လောင်လိ့ရဲ့ ဂိမ်းလေးကိုတောင် မမြင်နိုင်ခဲ့ဘူး။ လောင်လိ့က နောက်နေ့မှာ ငါ့ကိုလာကယ်ပြီး ထွက်သွားခိုင်းတဲ့အတွက် ငါက သူ့ကို ကယ်တင်ရှင် အဖြစ်တောင် သတ်မှတ်ခဲ့သေးတယ်။ ပြန်တွေးကြည့်မှပဲ...ချူရှောက်က လောင်လိ့ရဲ့ ဆွဲဆောင်ခြင်းကိုခံခဲ့ပြီး လက်ထပ်ခဲ့တာက လောင်လိ့က ကြည့်ကောင်းပြီး ထက်မြက်ခဲ့တာ ကြောင့်တင်မဟုတ်ဘူး...သူက လိမ္မာပါးနပ်တာ ကြောင့်လည်း ပါဝင်သည်။

အခုလောင်လိ့က ချူရှောက်နဲ့ခင်မင်ရင်းနှီးနေပြီ။ နောက်တစ်မျိုးပြောရရင် သူကချူရှောက်ကို သဘောကျမိနေပြီ။ဒါပေမယ့် သူတို့အချင်းချင်းတော့ မချစ်မိကြသေးသလို ခိုင်မာတဲ့သံယောဇဉ်လည်း မတည်ဆောက်ရသေးဘူး။ ထို့ကြောင့် သူတို့ဆက်ဆံရေးကိုဖြတ်တောက်ဖို့က အရမ်းမခက်ခဲဘူး။

ငါဘာလို့ထိုသို့ လုပ်ချင်ရတာလဲလို့မေးချင်လား?? သူတို့က လိုက်ဖက်တဲ့စုံတွဲဆိုတာတော့ ငါဝန်ခံပါတယ်။ သူတို့ရဲ့ကြီးကျယ်ခမ်းနားတဲ့အချစ်အကြောင်းကို လူတိုင်းကပြောကြတယ်။ဒါပေမယ့် သူတို့ရဲ့ ပျော်ရွှင်မှုတွေက ငါ့ရဲ့ကံဆိုးမှုတွေအပေါ်အခြေခံတယ်ဆိုတာတော့ မသိကြဘူး။

ချူရှောက်ရဲ့အကူအညီမပါဘဲနဲ့ လောင်လိ့က အခြားသူတွေအပေါ်လက်စားချေနိုင်ဖို့ အရည်အချင်း မရှိသလို ငါ့ကိုအရှက်ခွဲဖို့လည်း အရည်အချင်းမရှိဘူး။ ချူရှောက်ကသာ လောင်လိ့ကိုမချစ်မိခဲ့ရင် ငါ့ကိုသတိပြုမိမှာမဟုတ်သလို ထောင်ထဲကိုလည်း ထည့်ခဲ့မှာမဟုတ်ဘူး။အဆုံးသတ်မှာတော့ ငါကဘယ်သူ့အတွက်မှ အရေးမပါခဲ့ဘူး။

အရင်ဘဝက ဒီဘားမှာဖြစ်ခဲ့တာတွေကို ဘေးကရပ်ကြည့်သူတစ်ယောက်အနေနဲ့ ပြန်တွေးကြည့်ရင် လောင်လိ့က တကယ်တော်တဲ့ ဇာတ်လမ်းရေးသူပဲ။ကံမကောင်းစွာနဲ့ပဲ ဒီဘဝမှာတော့ ငါကသူ့ဇာတ်လမ်းအတိုင်း လိုက်လုပ်မှာမဟုတ်တော့ဘူး။

သူက ငါ့ကိုအမြှောက်စာဇာတ်ကောင်လေး ဖြစ်စေချင်တာလား?? ဟမ့်!အိမ်မက်သာ မက်နေလိုက်....ငါကအရူးတစ်ယောက်မဟုတ်တော့ဘူး။ အရင်ဘဝကတော့ ရူးခဲ့တယ်ဆိုပေမယ့်ပေါ့....'

လင်းဖန် တစ်ယောက်တည်း တွေးတောနေခဲ့သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment