no

Font
Theme

" ဟေ့ကောင်လေး မင်း ၁၈ နှစ်ပြည့်ပြီးပြီလား?"

"မင်းအိမ်စာတွေရော လုပ်ပြီးပြီလား။လူကောင်းလေးတွေကဒီကိုမလာသင့်ဘူးနော်"

လင်းဖန် ကာစီနိုတံခါးကိုမရောက်ခင် လူငယ်ယောက်ျားလေးတွေနဲ့ မိန်းကလေးတွေရဲ့ တားဆီးခြင်းကိုခံလိုက်ရသည်။ သူတို့တွေက မဖော်ရွေတဲ့ပုံစံနဲ့လှောင်ပြုံး ပြုံးထားကြသည်။သူတို့အားလုံးက ဆင်တူ အဖြူရောင်ရှပ်အင်္ကျီနဲ့ အပြာရောင်ဘောင်းဘီရှည် သို့မဟုတ် စကတ်တွေကို ဝတ်ထားကြပေမယ့် သူတို့ကကာစီနိုရဲ့ဧည့်ကြိုတွေတော့ မဟုတ်ကြ‌ပေ။

သူတို့က ကာစီနိုနဲ့စာချုပ်ချုပ်ထားကြပေမယ့် သူတို့ကို ကာစီနိုကမထိန်းချုပ်ထား‌ပေ။တိတိကျကျပြောရရင် သူတို့ကို 'AG' လို့ခေါ်သည်။ဒီ့ထက်ပိုပြီး ပြောရရင် သူတို့အလုပ်က ဂုဏ်သရေရှိဧည့်သည်ကို ဧည့်ခံရာမှာ ကူညီပေးဖို့ဖြစ်သည်။ သူတို့နေ့တိုင်း ဒီကိုလာနေကြတာက Sugar Daddy ရှာဖို့အတွက်ဖြစ်သည်။ဈေးကွက်ရှိတဲ့နေရာမှာ ယှဉ်ပြိုင်မှုဆိုတာရှိသည်။သိသာထင်ရှားစွာပင် သူတို့က လင်းဖန်ကိုပြိုင်ဘက်တစ်ယောက်အဖြစ် မြင်ကြသည်။

ချူရှောက်က အရွယ်မရောက်သေးတဲ့လူငယ်တွေ ဒီလိုအလုပ်လုပ်တာကို တားမြစ်သည့် ကိုယ်ကျင့်တရားကောင်းသူတစ်ယောက်ဖြစ်သည်။ ထို့ကြောင့် ကာစီနိုမှာ အရွယ်မရောက်သေးတဲ့သူတွေကို ငှားရမ်းခြင်းမပြုပေမယ့် အချို့ဆယ်ကျော်သက်လေးတွေက အထက်သို့တက်နိုင်မည့် နည်းလမ်းကို အမြဲတမ်းလာရောက်ရှာဖွေကြသည်။ အကယ်၍ ချမ်းသာသည့်ဧည့်သည်များက သူတို့စိတ်ဝင်စားသည့် ဆယ်ကျော်သက်များကိုခေါ်ဆောင်သွားပါက ကာစီနိုရှိအလုပ်သမားများက ဝင်ရောက်စွက်ဖက်မည်မဟုတ်‌ပေ။

ထိုအရာက ရှားပါးသည့်ဖြစ်ရပ်ဖြစ်ပေမယ့် ဆယ်ကျော်သက်လေးများကတော့ သူတို့ကံကောင်းမှုများကို လာရောက်စမ်းသပ်ကြသည်။ နောက်ဆုံးတွင်တော့ အချို့ချမ်းသာသည့်သူများက ဆယ်ကျော်သက်လေးများနှင့် လိင်ဆက်ဆံလိုကြသည်။ထိုအကြောင်းများကြောင့် လူငယ်လေးများက သူတို့နေရာကိုကာကွယ်ကြသည်။ သူတို့ လင်းဖန်ကိုရန်လိုမုန်းတီးစွာကြည့်ကြသည်။

"ကောင်လေး ရိုးရိုးသားသားပြောရရင် မင်းက ဆွဲဆောင်မှုလုံးဝမရှိဘူး။ မင်းကံကောင်းလားစမ်းသပ်ချင်ရင် အဝတ်အစားကို ဒီထက်ပိုပြီး ကောင်းကောင်းမွန်မွန် ဝတ်ဆင်သင့်တယ်။"

လင်းဖန် မျက်လွှာချကာ လက်ဆစ်ချိုးလိုက်သည်။

"အကြံကောင်းပဲ"

သူထိုကောင်လေးအကြည့်အောက်မှာ ပြောလိုက်တယ်။

"မင်း ဘာပြောလိုက်တာ"

"ဘာမှ မဟုတ်ပါဘူး။ ငါဒီကိုလာတာ မင်းနဲ့ပြိုင်ဖို့မဟုတ်ဘူး။ ငါဒီကိုလာတာ ရုဟုန် ကသူဌေးချူဆီ သတင်းတစ်ခုပါးခိုင်းလိုက်လို့ပဲ"

လင်းဖန် လေးလေးနက်နက်အမူအရာနဲ့ပြောလိုက်သည်။ရုဟုန် ကချူရှောက်ရဲ့ဝန်ထမ်းတစ်ဦးပဲ။သူမက ချူရှောက်၏မြေအောက်စီးပွားရေးလုပ်ငန်းများကို ကိုင်တွယ်ရာတွင် ကျွမ်းကျင်သောမိန်းမတစ်ယောက်ဖြစ်သည်။လူတော်တော်များများက သူမအကြောင်းကြားဖူးပေမယ့် သူမနာမည်အပြည့်အစုံတော့မသိကြ‌ပေ။ထူးဆန်းတာက လင်းဖန်သည် ရုဟုန် အကြောင်းမှန်သမျှလောင်လိထံမှ သိခဲ့ရသည်။

ဒီစကားကိုကြားတဲ့အချိန်မှာ လူငယ်များ၏အမူအရာပြောင်းလဲသွားသည်။ သူတို့အတွက် ချူရှောက်ကိုသတင်းပို့ဖို့ဆိုတာ တစ်သက်မှာတစ်ခါရတဲ့ အခွင့်အရေးပဲဖြစ်သည်။ သူတို့အားလုံး၏ ရင်ထဲတွင် ချူရှောက်အချစ်လေးဖြစ်လာဖို့ အိမ်မက်မက်ခဲ့ကြသည်။ လူငယ်လေးတစ်ယောက်ကပြောလိုက်သည်။

"ကောင်လေး ညဘက်အပြင်ထွက်တာ မလုံခြုံဘူး။ ငါမင်းအစားသတင်းပို့ပေးမယ်။မင်းကတော့ အိမ်ပြန်လိုက်တာပိုကောင်းမယ်။"

"ကောင်းပြီ"

လင်းဖန်လွယ်လွယ်ကူကူ သဘောတူလိုက်သဖြင့် ထိုကောင်လေးအံ့ဩသွားသည်။ထို့နောက် လောဘကြီးသည့်အမူအရာဖြင့် လင်းဖန်ဆက်ပြောလိုက်သည်။

"ဒါပေမယ့် မင်းငါ့ကိုယွမ် ၅၀၀ ပေးရမယ်"

"ဟားဟား...ပြဿနာမရှိဘူး"

ထိုလူငယ်လေးအတွက် ယွမ်၅၀၀ ဆိုတာ အတွင်းခံဘောင်းဘီတိုတစ်စုံဝယ်ဖို့တောင်မလုံလောက်‌ပေ။လင်းဖန် ထိုလူငယ်လေးထံမှ ယွမ်၁၀၀တန်ငွေစက္ကူများကို ယူကာ ပြောလိုက်သည်။

"မင်းကအရမ်းကိုရက်ရောတဲ့အတွက် ငါမင်းကိုသတင်းလွှဲပေးလိုက်မယ်။ဒါပေမယ့် သတင်းကအရမ်းအရေးကြီးတဲ့အတွက် ငါတို့ တိတ်ဆိတ်တဲ့နေရာကိုသွားပြီး ပြောကြမယ်"

"ကောင်းပြီ သွားကြစို့"

ထိုကောင်လေးက ကာစီနိုဘေးရှိလမ်းကြားလေးထဲသို့ လင်းဖန်ကိုခေါ်ဆောင်သွားသည်။

"အခုငါ့ကိုပြောကြလို့ရပြီ"

"ကောင်းပြီ..အနားကိုပိုတိုးလာပါဦး....ငါပြောချင်တာက.....မင်းဒီနေ့အိမ်ကိုအဝတ်မပါဘဲ ပြန်ရလိမ့်မယ်"

"ဘာ..မင်းဘာကိုပြောချင်....အား...."

လင်းဖန်က ထိုကောင်လေးသူဘာလုပ်မယ်ကိုမသိခင် တုတ်နှင့်ရိုက်လိုက်သည့်အတွက် ထိုကောင်လေးသတိလစ်သွားသည်။ ငါးမိနစ်ကြာသောအခါ ကာစီနိုယူနီဖောင်းဝတ်ဆင်ထားသည့် လူငယ်လေးတစ်ယောက် ကာစီနိုဘေးလမ်းကြားလေးထဲမှ ထွက်လာသည်။ထပ်ပြီးပြောရရင် ထိုကောင်လေးက ၁၈နှစ်မပြည့်သေးတဲ့ဆယ်ကျော်သက်လေးတစ်ယောက်......

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment