N မြို့တော်မှာ ရွှေကမ်းခြေဖျော်ဖြေရေး ဆိုတဲ့ ကာစီနို ရှိသည်။ထိုနေရာမှာ ဧည့်ကြိုတွေနဲ့ အမြင့်တွယ်တက်ချင်သူတစ်ချို့ကလွဲရင် ကျန်တဲ့လူတွေက အာဏာရှိပြီးချမ်းသာကြသည်။ကာစီနိုတံခါးဝနဲ့ မနီးမဝေးနားမှာအနက်ရောင် ဘေ့စ်ဘောအင်္ကျီနဲ့ကောင်လေးတစ်ယောက်ရပ်နေကာ ကာစီနိုကိုစိုက်ကြည့်နေသည်။ထိုကောင်လေး နာမည်က လင်းဖန်ဖြစ်သည်။
လွန်ခဲ့တဲ့ ဆယ်ရက်ကနဲ့ယှဉ်ရင် သူကအခြားသူတစ်ယောက်လိုပြောင်းလဲသွားပြီ။သို့သော် သူဘယ်လိုပဲပြောင်းလဲပါစေ ဒီလိုဇိမ်ခံကာစီနိုလိုနေရာမျိုးမှာ ရပ်လိုက်တဲ့အခါပိုက်ဆံချမ်းသာတဲ့ပုံမပေါက်သည့်အပြင် သူ့ပုံစံကလက်နှီးစုတ် နဲ့တူနေသည်။သို့ပေမယ့် အခြားလူတွေသူ့ကိုဘယ်လိုမြင်မြင် သူဂရုမစိုက်ပေ။သူကာစီနိုထဲ
ကိုပဲ ဝင်ချင်နေသည်။
ရွှေကမ်းခြေဖျော်ဖြေရေး က N မြို့
ရဲ့နာမည်ကြီးကာစီနိုတွေထဲက တစ်ခုဖြစ်သည်။သူက အကြီးဆုံးကာစီနိုတစ်ခုမဟုတ်ပေမယ့် ဘယ်သူကမှဒီနေရာမှာပြဿနာမရှာရဲပေ။အကြောင်းရင်းကတော့ ဒီကာစီနိုကိုပိုင်တဲ့သူက ချူရှောက်ဖြစ်နေလို့ပဲ။ချူရှောက်က N မြို့တော်ရဲ့မြေအောက်လောကဘုရင် ဖြစ်ရုံသာမကJ စီရင်စုတစ်ခုလုံးမှာပါ ဩဇာလွှမ်းမိုးထားသည်။
ချူရှောက်က အသက် ၂၈ နှစ်ရှိနေပြီဖြစ်ပြီး N မြို့တော်ရဲ့ဖျော်ဖြေရေးလုပ်ငန်း 90% ကို
ပိုင်ဆိုင်သည်။ပြီးတော့သူ့မှာ အစိုးရအရာရှိတွေနဲ့ရော ဒေသခံဂိုဏ်းခေါင်းဆောင်တွေနဲ့ရောအဆက်အသွယ်ရှိသည်။သူက မိသားစု
လုပ်ငန်းကိုတစ်နေ့အတွင်းဒေဝါလီခံသွားအောင်
လွယ်လွယ်ကူကူလုပ်နိုင်တဲ့အထိ ချမ်းသာပြီး
အာဏာရှိတဲ့ အတွက်ကြောင့်ပဲသူ့ကို N မြို့တော်ရဲ့မြေအောက်လောကဘုရင်လို့ခေါ်ကြတာဖြစ်သည်။
လင်းဖန်နဲ့ချူရှောက်ကြားက ဆက်ဆံရေးကတော့.......
လင်းဖန်သည် သူတို့နှစ်ယောက်က အချစ်ပြိုင်
ဖက်တွေလို့ တစ်ဖက်သက်တွေးထင်ခဲ့ဖူးသည်။လင်းဖန်က လောင်လိကိုကြိုက်ပေမယ့် လောင်လိကတော့ ချူရှောက်နဲ့ဆက်ဆံရေးတည်ဆောက်ခဲ့သည်။နောက်ပိုင်း သူထောင်ထဲမှာ လောင်လိနဲ့ချူရှောက်တို့ F နိုင်ငံမှာလက်ထပ်သွား
ကြောင်း သတင်းစာကနေတစ်ဆင့်သိခဲ့ရသည်။
ထို့ကြောင့် သူကချူရှောက်ကိုအချစ်ပြိုင်ဘက်အဖြစ်သတ်မှတ်ခဲ့သည်။ထိုလူက လူများအကြားအထက်တွင်ရပ်လျက် သူကတော့ လူမသိသူမသိဖြစ်နေပေမယ့်ပေါ့။အရင်ဘဝတုန်းက ချူရှောက်ကသူ့ကိုလွယ်လွယ်ကူကူဖျက်စီးခဲ့သည်။လင်းဖန်သည် တစ်နေ့သူအာဏာလုံလောက်စွာရှိလာတဲ့အခါ ထိုသူကိုလက်စားချေမည်ဟုစိတ်ထဲတွင် မှတ်ထားခဲ့သည်။
ဒီနေ့ သူဒီနေရာလာခဲ့ရတဲ့အကြောင်းအရင်းက...
ရန်ဖြစ်ချင်လို့လား?ဘယ်ဟုတ်ပါ့မလဲ။
သူ့ခန္တာကိုယ်က အားနည်းနေသေးသည့်အတွက်
ရန်ဖြစ်ခဲ့ရင် သူသာသေတဲ့ထိရိုက်ခံရလိမ့်မည်။
သူဒီနေရာကိုလာတာ လောင်းကစားလုပ်ရန်အတွက်ဖြစ်သည်။ဒီတိုင်းဆို သူငွေသိပ်မလိုပေမယ့် သူ့အစီအစဉ်အောင်မြင်ဖို့ဆို ငွေကြေးအမြောက်အမြားလိုအပ်သည်။ကံမကောင်းစွာနဲ့ သူကအရမ်းငယ်နေသေးသည်။
သူအစက ဂျူနီယာကျောင်းသားလေးတွေကို စာသင်ပေးပြီးပိုက်ဆံရှာဖို့စဉ်းစားခဲ့ပေမယ့် သူ့အခြေအနေမကောင်းသည့်အမှတ်များကြောင့်
လက်လျှော့လိုက်ရသည်။
ထို့ကြောင့် သူ့အတွက်ငွေမြန်မြန်ရနိုင်မယ့်နည်းလမ်းကလောင်းကစားလုပ်တာပဲ ဖြစ်သည်။သူဘာလို့ ချူရှောက်ပိုင်တဲ့ကာစီနိုကိုရွေးချယ်ခဲ့လည်းဆိုတာကတော့..........
ကောင်းပြီ သူပိုင်ရှင်ကိုမုန်းတာဝန်ခံတယ်။ဒါပေမယ့်ချူရှောက်ပိုင်တဲ့ကာစီနို ၁၀၀ ကျော်ထဲမှာ ရွှေကမ်းခြေဖျော်ဖြေရေးက သူ့အတွက်အသင့်တော်ဆုံးကာစီနိုပဲ။
သူဒီကာစီနိုရွေးချယ်ခဲ့တာက သူ့အိမ်မဲ့နီးနေလို့မဟုတ်သလိုဆင်းရဲတဲ့သူတွေအတွက်သင့်တော်လို့လည်းမဟုတ်ဘူး။ ပြီးတော့ အနာဂတ်မှာသူဒီနေရာကနေ ပိုက်ဆံတွေနိုင်ခဲ့လို့လည်းမဟုတ်ဘူး။အကြောင်းရင်းကတော့
သူရွှေကမ်းခြေဖျော်ဖြေရေး ကိုအခြားကာစီနိတွေထက်ပိုရင်းနှီးနေလို့ပဲ။
သူဒီကာစီနိုကို ရင်းနှီးနေရတဲ့အကြောင်းအရင်းက သူ့ဆရာလောင်လိကြောင့်ဖြစ်သည်။အရင်ဘဝတုန်းက လောင်လိက သူ့ကို စောင့်ကြည့်ကင်မရာတွေနဲ့လုံခြုံရေးအစောင့်တွေရှိတဲ့တည်နေရာပြ မြေပုံကိုပေးကာ လျှို့ဝှက်စွာနဲ့ချူရှောက်ထံသို့ ဓာတ်ပုံတွေနှစ်ကြိမ်ပေးပို့ခိုင်းခဲ့သည်။
သူသိချင်စိတ်ဖြင့် စာအိတ်ကို
ဖွင့်ကာ ဓာတ်ပုံတွေကိုကြည့်ဖူးသည်။ထိုပုံတွေက
သိပ်စိတ်ဝင်စားစရာမရှိပါပေ။ဘာလို့ဆို ထိုပုံတွေကချူရှောက်အချစ်လေးတွေက အခြားလူတွေနဲ့
ရောထွေးနေသည်များကို ထင်းထင်းလင်းလင်းဖြစ်အောင်ရိုက်ထားတဲ့အတွက်ဖြစ်သည်။