no

Font
Theme

Chapter 1 : ထွက်ပြေးလွတ်မြောက်ခြင်း

မနက်ခင်းစောစောမှာတိုက်ခတ်နေတဲ့လေညှင်းကလတ်ဆတ်သန့်ရှင်းနေပြီးစိမ်းစိုအုံ့မှိုင်းနေတဲ့သစ်ပင်ကြီးများဟာသူတို့ရဲ့မူလအရောင်ကိုထုတ်ဖော်လျက်သူတို့ရဲ့အရိပ်တွေဟာလည်းပြန့်ကြဲလျက်ရှိသည်။

ထွက်ပြူစနေရဲ့အာရုံဦးအလင်းရောင်ကတောအုပ်ထဲကတောင်ထိပ်ပေါ်သို့နွေးထွေးမှုမပေးနိုင်သေးပေ။ထိုအချိန်တွင်ရှုပ်ထွေးဆူညံနေသောခြေသံများထွက်လာကာတိတ်ဆိတ်မှုကိုဖျက်ဆီးလိုက်သည်။

"သူဟိုမှာဟေ့။ သူ့ကိုမြန်မြန်လိုက်ဖမ်းကြ !" လူငယ်၁၂ယောက်ဟာတောအုပ်ထဲကတစ်စုံတစ်ခုကိုလိုက်ဖမ်းနေရသောကြောင့်အမောတကောပြောနေကြသည်။

ရုတ်တရက်သူတို့ထဲကတစ်ယောက်ဟာသွေးရူးသွေးတန်းပြေးနေတဲ့ပုံရိပ်တစ်ခုကိုဖြတ်ခနဲတွေ့လိုက်သောကြောင့်စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။"ချီးပဲ သူကများဒီလူအိုကြီးလက်ကထွက်ပြေးရဲသေးတယ်ပေါ့လေ သူ့ကိုဖမ်းမိလို့ကတော့ဒီလောင်ဇီကသင်ခန်းစာကောင်းကောင်းကြီးပေးပစ်မယ်"

အသက်၃၀ခန့်ရှိသောရုပ်ကြမ်းကြမ်းနဲ့လူကြီးတစ်ယောက်ကဒေါသထွက်စွာကြိမ်းမောင်းလိုက်ပြီးသူ့မျက်လုံးတွေကတော့အသက်လုပြေးနေတဲ့သားကောင်ကိုမုန်းတီးစွာကြည့်နေလေသည်။

ထိုစကားတွေကိုကြားသောအခါရှုကျင်ထျန်းကနောက်ကိုလှည့်မကြည့်ဘဲသူ့ရဲ့နောက်ဆုံးလက်ကျန်ခွန်အားဖြင့်ပြေးနေတဲ့အရှိန်ကိုမြှင့်လိုက်လေသည်။

ဤတောနက်ကြီးထဲတွင်​လမ်းများမရှိဘဲချုံနွယ်တွေနှင့်မြင့်မားသောသစ်ပင်ကြီးများသာပြည့်နေသည်။ရှုကျင်ထျန်းမှာလမ်းရှင်းရန်သူ၏လက်နှစ်ဖက်ကိုသာအသုံးပြုခဲ့ရပြီးအမည်မသိသစ်မြစ်တွေမြက်ပင်တွေကိုအကြမ်းပတမ်းဖြတ်နင်း၍အသက်လုပြေးနေရလေသည်။

ထိုးထွက်နေသောအကိုင်းအခက်များကသူ့မျက်နှာကိုရိုက်မိကာအနီရောင်အရာများကိုကျန်ခဲ့စေပြီးအရွက်များကလည်းအရေပြားကိုရှကာသွေးထွက်စေခဲ့သည်။ရှုကျင်ထျန်းကထွက်ပြေးပြီးရင်းပြေးဖို့သာသိကာဒဏ်ရာများကိုအမှုမထားခဲ့ပါချေ။သူခဏလောက်နားလိုက်တာနှင့်သူ့ဘဝကြီးအဆုံးသတ်သွားမည်ဖြစ်သည်။

Sမြို့တော်၏စီးပွားရေးအသိုင်းအဝိုင်းကိုဦးဆောင်နေသောရှုမိသားစု၏အကြီးဆုံးသားဖြစ်သောကြောင့်အပြင်လူတွေကသူ့ကိုရှုမိသားစု၏ဆက်ခံသူဖြစ်လာမည်ဟုထင်ကြေးပေးခဲ့ကြသည်။

ရှုမိသားစုရဲ့စီးပွားရေးပြိုင်ဘက်တွေကလုပ်ငန်းပြိုလဲစေရန်အရိုးရှင်းဆုံးနှင့်အထိရောက်ဆုံးနည်းလမ်းဖြစ်သောသူ့ကိုတိုက်ခိုက်ကြလိမ့်မည်ဖြစ်သည်။အဲဒီနောက်မှာတော့ရှုပိုင်ထျန်းကဘယ်လောက်ပဲအင်အားကြီးမားနေပါစေ ဆက်ခံသူမရှိလျှင်ဤမျှကြီးမားသောချမ်းသာကြွယ်ဝမှုကိုမည်သို့ထိန်းသိမ်းမည်နည်း?

ရယ်စရာပဲ။သူမရှိတော့ရင်သူ့ရဲ့ပါးနပ်တဲ့အဖေကိုနိုင်မယ်လို့ဘာလို့များသူတို့ကထင်ခဲ့ကြတာလဲ?ပြင်ပကမ္ဘာမှာတော့သူ့ကိုသာရှုမိသားစုရဲ့ကလေးအဖြစ်သိထားခဲ့ကြပေမယ့်နောက်ကွယ်မှာတော့သူကစီးပွားဖြစ်လက်ထပ်မှုအတွက်အပိုပစ္စည်းမျှသာဖြစ်ခဲ့သည်။အသဲမာပြီးရက်စက်တဲ့ရှုပိုင်ထျန်းမှာအဖေအဖြစ်သူ့အတွက်ခံစားချက်နည်းနည်းတောင်မရှိခဲ့ပေ။

လွန်ခဲ့တဲ့၂နှစ်ခန့်ကသူ့ထက်၂လသာကြီးတဲ့သူတစ်ခါမှမတွေ့ဖူးတဲ့အကိုတစ်ယောက်ရှိတယ်ဆိုတာကိုသူမမျှော်လင့်ဘဲသိခဲ့ရသည်။

ဒီရှုမိသားစုကြီးတစ်ခုလုံးကိုရှုပိုင်ထျန်းကသူ့အကိုကြီးအတွက်ချန်ထားခဲ့ချင်မှန်းတဖြည်းဖြည်းသူသိလာရပြီးဆက်ခံသူတစ်ဦးအဖြစ်သူ့ရဲ့အထောက်အထားကသူ့အကိုကြီးကိုတိုက်ခိုက်မှုများမှကာကွယ်ရန်ပစ်မှတ်မျှသာဖြစ်ခဲ့သည်။

ဒါ့အပြင်လက်ရှိသူပိတ်မိနေတဲ့အန္တရာယ်များသောအခြေအနေများမှာလည်းသူ့အကိုကြီး၏အစီအစဥ်ဖြစ်သည်။အဲဒီလူကနည်းနည်းလေးတောင်မစောင့်နိုင်တော့ဘူးလား?ဆက်ခံသူဖြစ်ရတာကအဲလောက်ကောင်းလို့လား?သူတောင်ဆက်ခံသူမဖြစ်ချင်တော့ဘူး။သူ့ရဲ့အဲဒီအရူးအကိုကြီးကသူ့အတွက်အဟန့်အတားဖြစ်တဲ့ရှုကျင်ထျန်းသာမရှိရင်ရှုမိသားစုရဲ့လုပ်ငန်းကြီးတစ်ခုလုံးကိုဆက်ခံဖို့အသက်ရှင်နေနိုင်မှာတောင်မဟုတ်ဘူး။

သူ့နောက်ကအသံတွေကနီးလာပြီးသူ့နားရွက်တွေထဲကိုဖြတ်ဝင်လာတဲ့အသံတွေကြောင့်ရှုကျင်ထျန်းရဲ့နှလုံးကသူ့လည်ချောင်းထဲကနေခုန်ထွက်သွားတော့မလိုတောင်ဖြစ်နေသည်။

ရုတ်တရက်ရှုကျင်ထျန်းကတစုံတခုကိုထိုးဖောက်ဝင်ရောက်ခဲ့မိသလိုဖြစ်သွားပြီးခဏလောက်စိတ်ရှုပ်ထွေးသွားခဲ့သည်။

သူ့ခေါင်းထဲတွင်ဒိတ်ခနဲဖြစ်သွားပြီးပြေးနေတာကိုလည်းရပ်တန့်လိုက်ကာအရူးတစ်ယောက်လိုအဲဒီနေရာမှာပဲမြဲမြံစွာရပ်နေလိုက်မိသည်။

သူသတိပြန်ဝင်လာချိန်မှာတော့သူ့နှလုံးကပြင်းပြင်းထန်ထန်ခုန်လှုပ်နေတုန်းဖြစ်ကာသူ၏လက်တစ်ဖက်ဖြင့်ရင်အုပ်ပေါ်ဖိပြီးအသက်ပြင်းစွာရှူလိုက်သည်။

ဝေဝါးနေတဲ့အမြင်အာရုံကတဖြည်းဖြည်းကြည်လင်ပြတ်သားလာသည်။မူလကခြောက်သွေ့ညှိုးနွမ်းပြီးအဝါရောင်သမ်းနေတဲ့ဆောင်းဦးမြင်ကွင်းကအစိမ်းရင့်ရောင်တောက်ပနေသောအပင်တွေအပြည့်ဖြစ်လာခဲ့သည်။

ပုံမှန်မဟုတ်သောမိုးထိလုမတတ်မြင့်တဲ့သစ်ပင်ကြီးများလည်းရှိသည်။ထူထူထဲထဲချုံပုတ်ကြီးများကနေရာအကျယ်ကြီးယူထားသည်မှာခြေချစရာနေရာလွတ်ပင်မရှိပေ။

ရှုကျင်ထျန်းကသတိဝင်လာသည်နှင့်ချက်ချင်းနောက်ကိုလှည့်ကြည့်လိုက်သည်။သူ့နောက်ကိုအပူတပြင်းလိုက်နေတဲ့လူဆိုးတွေဟာပျောက်ကွယ်သွားပြီဖြစ်သည်။သူဖွင့်ခဲ့မိတဲ့ရှုပ်ထွေးသောလမ်းကြောင်းပင်​အစအနမကျန်အောင်ပျောက်သွားပြီးပြီဖြစ်သည်။

ငြိမ်သက်အေးချမ်းသောဤတောနက်ကြီးထဲမှာတော့အင်းဆက်ပိုးကောင်လေးများ၏မြည်ကြွေးသံကနားစည်ကွဲလုမတတ်ဆူညံနေပေ၏။ထူးခြားဆန်းကျယ်သောအရောင်ရှိသည့်ထန်းရွက်အရွယ်ရှိလိပ်ပြာကြီးတစ်ကောင်သည်မွှေးပျံ့သောရနံ့တစ်ခုကိုထုတ်လွှတ်ရင်းသူ့ရှေ့မှဖြတ်ပျံသွားလေ၏။၎င်းသည်ထူးဆန်းသောမျိုးစိတ်ဖြစ်ပြီးအဆိပ်ရှိသလားဆိုတာကိုသူမသိပေ။

ရှုကျင်ထျန်းသည်ဂရုမစိုက်စွာဖြင့်၎င်းကိုအဝေးသို့ထွက်သွားစေရန်လက်ဖြင့်ဝှေ့ယမ်းလိုက်ပြီးမြေပြင်ပေါ်သို့စိတ်ပျက်အားလျော့စွာထိုင်ချလိုက်သည်။

သူ့အနီးနားပတ်ဝန်းကျင်ကိုသတိကြီးစွာဖြင့်စူးစမ်းလိုက်ရာ​အများကြီးပြောင်းလဲသွားသည်ကိုတွေ့လိုက်ရသည်။တောအုပ်ထဲမှာရှိနေတုန်းဖြစ်သော်လည်းသူလာခဲ့သောအချိန်၊မဟုတ်သေးဘူး၊ လွန်ခဲ့တဲ့တစ်မိနစ်ကနှင့်ယှဥ်လျှင်ကမ္ဘာကြီးကနေနှင့်ညလိုကွာခြားနေခဲ့ချေ၏။အစောပိုင်းကသေချာပေါက်ဆောင်းဦးဖြစ်နေခဲ့သော်လည်းအခုတော့သည်းမခံနိုင်အောင်ကိုပူအိုက်နေလေသည်။

တခဏအကြာမှာပင်ရှုကျင်ထျန်း၏အတွင်းအဝတ်များကချွေးများဖြင့်စိုစွတ်လာပါတော့သည်။ထို့ကြောင့်အင်္ကျီတစ်ထည်တည်းသာချန်ခဲ့ပြီးသူ၏ဆွယ်တာနှင့်ဂျာကင်နှစ်ခုလုံးကိုချွတ်လိုက်ရသည်။စိုစွတ်နေသောပူအိုက်သည့်အဝတ်များမှချွေးများကအငွေ့ပျံသွားပြီးသူ့ကိုချက်ချင်းအေးမြသွားစေခဲ့လေသည်။

ထူးဆန်းတဲ့ရှုခင်းကရှုကျင်ထျန်းကိုအံ့အားသင့်စေခဲ့သည်။ပြောင်းလဲမှုတွေအားလုံးကသူ့မျက်စိရှေ့မှာတင်ချက်ချင်းဖြစ်သွားခဲ့ပြီး၎င်းကသူ့ကိုယုံကြည်ရန်ခက်ခဲစေသည်။

သူကမ္ဘာကူးပြောင်းခဲ့မိပြီလို့တောင်ထင်သွားသည်။

အဆုံးသတ်မှာတော့သူကပညာသင်ယူနေဆဲတက္ကသိုလ်ကျောင်းသားတစ်ယောက်ဖြစ်နေတုန်းပင်။သူကQidianကိုမကြာခဏဝင်သုံးခဲ့သူဖြစ်သောကြောင့်"ကမ္ဘာကူးပြောင်းခြင်း"ဆိုသောအသုံးအနှုန်းကသူနှင့်မစိမ်းပေ။

(T/N : Qidianဆိုတာကတရုတ်မှာတော့Wattpadလိုမျိုးauthorတွေစာရေးကြတဲ့Appပါ။wpလိုပဲwebsiteကနေလည်းဝင်ကြည့်လို့ရတယ်။ကိုယ်တွေမြန်မာမှာစာရေးလို့ရတဲ့AppတွေထဲWpကလူသုံးများနာမည်ကြီးသလိုပဲ တရုတ်မှာလည်းQidianကလူသုံးများနာမည်ကြီးတယ်)

ကမ်းကုန်အောင်ကံဆိုးလွန်းပေမယ့်အသက်ရှင်လျက်ရှိနေသေးလို့တော်ပါသေးတယ်။အခုချိန်မှာသူကမရင်းနှီးတဲ့ပတ်ဝန်းကျင်မှာရှိနေပေမယ့်ဒါကပဲအန္တရာယ်ကြားကမမျှော်လင့်ထားတဲ့အသက်ကယ်ဆေးလေးဖြစ်နေခဲ့ပြန်တယ်။ဘာပဲဖြစ်ဖြစ်အဖမ်းခံရပြီးပြန်ခေါ်သွားခံရတာထက်စာရင်ဒါကပိုကောင်းပါသေးတယ်။သက်သေဖျောက်ဖို့အတွက်သူ့ရဲ့အဲဒီအရူးအကိုကြီးကသူ့ကိုပြန်ပေးဆွဲဖို့ငွေနှင့်မျှားပြီးတစ်စုံတစ်ယောက်ကိုရှာခဲ့တယ်။ပိုပြီးယုတ္တိရှိအောင်အဲဒီလူကသူ့ကိုတိုက်ရိုက်မသတ်ဘဲရှင်သန်ဖို့ဒီအခွင့်အရေးကိုပေးခဲ့သေးတယ်။

ရှုကျင်ထျန်းကလဲကျမသွားခင်ခဏလောက်အနားယူနေခဲ့သည်။သို့သော်လည်းသူ၏တင်းမာနေသောကြွက်သားများကတုန်ရီနေဆဲဖြစ်သည်။

အစောင့်အနည်းဆုံးရှိချိန်ဖြစ်တဲ့ညသန်းခေါင်မှာသူကစပြီးထွက်ပြေးခဲ့ခြင်းဖြစ်ကာသူအနားမယူခင်ယခုချိန်ထိဆိုလျှင်နာရီများစွာကုန်ဆုံးပြီးပြီဖြစ်သည်။နာရီများစွာကြာအောင်အဆက်မပြတ်အသဲအသန်ပြေးနေခြင်းကသူ့ကိုရုပ်ပိုင်းဆိုင်ရာခံနိုင်ရည်အားများကုန်ဆုံးစေခဲ့ပေသည်။ယခုတော့ရှုကျင်ထျန်းကတစ်ကိုယ်လုံးအားမရှိတော့ပေ။

မြင့်မားသောသစ်ပင်ကြီးများကသူ့ကိုနေရောင်ခြည်အများစုထံမှအရိပ်မိုးကာကွယ်ပေးထားသော်လည််းသူ့မျက်စိများမှာနေရောင်​ကြောင့်ကျိန်းစပ်နေတုန်းပင်ဖြစ်သည်။သစ်ပင်ရိပ်များကိုဖြတ်လျှောက်သောအခါမြေကြီးပေါ်သို့နေပြောက်များကျလျက်ရှိသည်။

သူကူးပြောင်းလာခဲ့သောကမ္ဘာမှအချက်အလက်အရအတည်ပြုပါလျှင်မြေပြင်ပေါ်သို့ကျနေသောနေရောင်ခြည်လာရာထောင့်အရအခုချိန်မှာနေ့လည်ခင်းဖြစ်မည်ဟုရှုကျင်ထျန်းကဆုံးဖြတ်ခဲ့သည်။

ယာယီချိုင်းထောက်ကိုလက်တစ်ဖက်နှင့်ကိုင်လျက်၎င်းကိုလမ်းရှင်းဖို့နှင့်အဆိပ်ရှိတဲ့မြွေတွေကိုမောင်းထုတ်ဖို့သုံးခဲ့သည်။ရှုကျင်ထျန်းသည်တောအုပ်ထဲမှထွက်လမ်းကိုရှာဖို့စတင်ခဲ့ပေ၏။

သွားရာလမ်းတလျှောက်တွင်ရှုကျင်ထျန်းကပိုးကိုက်ရာများနှင့်အစိမ်းရောင်သစ်သီးများကိုစားခဲ့သည်။ထိုအသီးများကအလွန်ခါးသော်လည်းရေငတ်ပြေစေ၏။ထို့ကြောင့်သူရေငတ်သောအခါအသုံးပြုရန်အသီးတချို့ကိုသူ၏အိတ်ကပ်ထဲသို့ထည့်ယူလာခဲ့သည်။

သူ့ပတ်ဝန်းကျင်ကပုံမှန်မဟုတ်ဘဲတိတ်ဆိတ်လာသောအခါအကြောင်းအရင်းကိုမသိသော်လည်းရှုကျင်ထျန်းကသူ၏ခြေလှမ်းများကိုသတိကြီးစွာရပ်တန့်လိုက်သည်။

သူ့နားရွက်နောက်မှလေတိုးသံကြားလိုက်သောအခါရှုကျင်ထျန်းကဘယ်ဘက်သို့ရှောင်လိုက်သည်။ထိုအရာကလေဟာပြင်ထဲသို့ပစ်ကျသွားပြီးရှေ့သို့ခြေလှမ်းအနည်းငယ်တိုးလိုက်သည်။(T/N : အကောင်ကြီးကအရှိန်လွန်ပြီးလဲကျမလိုဖြစ်တာကိုလဲကျမသွားအောင်ကပျာကယာနဲ့ခြေလှမ်းနည်းနည်းဟိုယိုင်ဒီယိုင်လျှောက်ပြီးထိန်းလိုက်တာကိုဆိုလိုတယ်ထင်တာပဲ အရေးအသားမတတ်တော့မျက်လုံးထဲမပေါ်မှာစိုးလို့😁)

ရှုကျင်ထျန်းကထိုအခွင့်အရေးကိုအမိအရဆုပ်ကိုင်ကာလှည့်ကြည့်လိုက်သည်။ထိုအရာမှာအမည်မသိအဝါရောင်သားရဲကြီးဖြစ်ပြီးဝံပုလွေရိုင်းတစ်ကောင်အရွယ်ခန့်ရှိသည်။၎င်းမှာချွန်ထက်သောအစွယ်များရှိပြီးမျက်လုံးများကဆာလောင်စွာဖြင့်သူ့ကိုစိုက်ကြည့်နေခဲ့ချေ၏။

ဘုရားရေ ၊ ဘယ်လောက်တောင်ကံဆိုးလိုက်လဲ!

ရှုကျင်ထျန်းရဲ့အာရုံကြောတွေကရှုပ်ထွေးတင်းကြပ်နေပြီးငါးမီတာတောင်မကွာတော့တဲ့ထိသားရဲကြီးနီးကပ်လာနေတာကိုငေးကြည့်နေခဲ့မိသည်။

စက္ကန့်တွေကုန်ဆုံးသွားတာကိုရေတွက်ရင်းနှစ်ဦးသားထိပ်တိုက်တွေ့သောအခါသားရဲကြီးကတိုက်ခိုက်ရန်စတင်ခဲ့ပြီးရှုကျင်ထျန်းကိုရက်စက်စွာခုန်အုပ်လိုက်သည်။

ရှုကျင်ထျန်းကဘေးဘက်သို့ရှောင်လိုက်ပြီးသားရဲကြီး၏ဝမ်းဗိုက်ကိုဟက်တက်ခွဲလိုက်သည်။ဟက်တက်ကွဲဒဏ်ရာရသွားသောသားရဲကြီးကအံ့သြတုန်လှုပ်ဒေါသထွက်စွာဟိန်းဟောက်လိုက်၏။

ထိုဓါးမြှောင်ကလူဆိုးတွေဆီကသူထွက်ပြေးဖို့ကြိုးစားစဥ်ကခိုးယူဖန်တီးခဲ့သောအရာဖြစ်ပြီး၎င်းကယခုတော့အသုံးဝင်သွားပြီဖြစ်သည်။

သားရဲကြီးကပြင်းထန်စွာဒဏ်ရာရနေသော်လည်းတိုက်ခိုက်ဖို့သတ္တိရှိနေဆဲပင်။၎င်းအတွက်တော့ဒီလိုအားနည်းတဲ့အမတစ်ကောင်က၎င်းကိုဒဏ်ရာရစေတယ်ဆိုတာကရယ်စရာကောင်းလွန်းနေခဲ့သည်။အစကသူသည်အမတစ်ကောင်တည်းရှိနေတာကိုမြင်သောအခါအလွယ်တကူသုတ်သင်စားသောက်နိုင်မည်ထင်သောကြောင့်လာရဲခဲ့ခြင်းဖြစ်သည်။သားရဲကြီးတွေကအမတွေကိုအမဲလိုက်တာကြောင့်အမတွေကသားရဲကြီးတွေကိုကြောက်ရွံ့မုန်းတီးကြပေသည်။

ဒီတစ်ခေါက်မှာလည်းသူကအမတစ်ကောင်တည်းရှိနေတာကိုမြင်လိုက်ရတာကြောင့်အစာရပြီဆိုပြီးသက်ပြင်းချကာစိတ်အေးသွားခဲ့သည်။

ရှုကျင်ထျန်းကအကိုက်ခံရခြင်းမှကာကွယ်ရန်သားရဲကြီး၏လည်ပင်းကိုလက်တစ်ဖက်ဖြင့်ဆွဲကိုင်ကာမြေပြင်ပေါ်သို့ပစ်လှဲချလိုက်၏။ထို့နောက်ကျန်လက်တစ်ဖက်ဖြင့်ဓါးမြှောင်ကိုကိုင်ကာသားရဲကြီး၏မျက်လုံးကိုပြင်းထန်စွာထိုးဖောက်ပစ်လိုက်သည်။

သားရဲကောင်ကြီးကနားစည်ကွဲလုမတတ်ကျယ်လောင်စွာဟိန်းဟောက်လိုက်ပြီးသူ၏မျက်လုံးထဲသို့စိုက်ဝင်သောအရာကိုဖယ်ထုတ်ရန်ကြိုးစားလျက်အထိတ်တလန့်ဖြင့်သူ့ခေါင်းကိုစတင်လှုပ်ခါခဲ့သည်။

ရှုကျင်ထျန်းကအဝေးကိုလွင့်ကျလုမတတ်ဖြစ်သွားကာမြေပေါ်ပြုတ်မကျစေရန်သားရဲကြီး၏ဝမ်းဗိုက်ကိုခြေထောက်ဖြင့်ညှပ်ထားပြီးလက်တစ်ဖက်ဖြင့်ဓါးမြှောင်ကိုယူကာပိုနက်အောင်ထိုးစိုက်ပစ်လိုက်သည်။

ရာသီဥတုဒဏ်ခံထားရတဲ့မြက်ပင်ပေါင်းပင်များပေါ်မှာလူတစ်ယောက်နှင့်တိရစ္ဆာန်တစ်ကောင်ဟာဆက်ပြီးလူးလှိမ့်မနေနိုင်တော့ပေ။

ရှုကျင်ထျန်းကအားကုန်သွားပြီးခြေကုန်လက်ပန်းကျနေခဲ့သည်။နောက်ဆုံးမှာတော့အားစိုက်ပြီးဆွဲမထုတ်ရခင်မှာပင်ဓါးမြှောင်ကကမ္ဘာဦးသားရဲကြီး၏မျက်လုံးမှထွက်ကျလာခဲ့သည်။

သားရဲကြီးမှာဦးနှောက်အဖောက်ခံထားရပြီးဓါးမြှောင်ကိုဆွဲထုတ်လိုက်သောကြောင့်သွေးများပန်းထွက်လာခဲ့ချေ၏။ပန်းထွက်လာသောသွေးများကရှုကျင်ထျန်း၏မျက်နှာကိုစင်လျက်ရှိသည်။ကမ္ဘာဦးသားရဲကြီးမှာအားအင်ကုန်ခမ်းသွားပြီးအကြောဆွဲနေကာအသက်ရှူသံလည်းဖြည်းညှင်းစွာရပ်တန့်သွားတော့သည်။

ရှုကျင်ထျန်းကသားရဲကြီးသေသွားသည်ကိုအတည်ပြုလိုက်ပြီးစိတ်အေးသွားသောကြောင့်သက်ပြင်းချလိုက်သည်။

သူကိုယ်တိုင်လည်းအားအင်များကုန်ဆုံးသွားပြီဖြစ်သည်။သွေးများကတခြားအသားစားသတ္တဝါများကိုဆွဲဆောင်မိလိမ့်မည်ဆိုတာသူသိသော်လည်းသူကတော့ဤသွေးစွန်းနေသောသားရဲကြီးနားမှခြေတစ်လှမ်းတောင်မရွေ့နိုင်တော့တဲ့အထိခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။

လေထုကလတ်ဆတ်သောသွေးနံ့များဖြင့်ပြည့်နေပြီး၎င်းအနံ့များကလေနှင်ရာသို့လွင့်ပါလျက်ရှိသည်။သိပ်မကြာမီမှာယင်းအနံ့များကအစိမ်းရင့်ရောင်စပါးအုံးမြွေကြီးကိုဆွဲဆောင်မိခဲ့ချေ၏။

မြွေကြီးကိုဆွဲဆောင်မိသည်မှာသွေးနံ့ချည်းပဲတော့မဟုတ်ပါချေ။သူ့ကိုအမှန်တကယ်ဆွဲဆောင်နေသောအရာမှာမြေကြီးပေါ်တွင်အိပ်ပျော်နေသောအမတစ်ကောင်သာဖြစ်သည်။

စပါးအုံးမြွေကြီးကသူ၏လျှာလေးကိုပြူတစ်ပြူတစ်ထုတ်ကာမြေကြီးပေါ်ကအားနွဲ့သောအမကိုလျက်ကြည့်လိုက်သည်။အသက်ရှူသံကအားနည်းနေပေမယ့်နည်းနည်းတော့အသက်ရှူနေသေးတယ်။

ကောင်းတယ်။ အသက်ရှင်နေတုန်းပဲ !

အမြှီးဖြင့်လူနှင့်သားကောင်များကိုအတူတကွလိပ်သယ်ကာဆယ်မီတာရှည်သောမြွေခန္ဓာကိုယ်ကြီးက၎င်း၏မြွေအသိုက်ဆီသို့လျှောတိုက်သွားတော့သည်။

(T/N : ရှုကျင်ထျန်းကယောကျ်ားလေးဆိုပေမယ့်သူရောက်သွားတဲ့အဲဒီဘက်ကမ္ဘာမှာကျသူ့ကိုအကုန်လုံးက အမ လို့ထင်နေကြတာပါ😁)

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment