no

Font
Theme

Chapter 11 ; မြွေကြီးအားထပ်မံဒေါသထွက်ခြင်း

ရှုကျင်ထျန်းကကိုယ်ကိုကျုံ့၍ဖြည်းညှင်းစွာနောက်ဆုတ်လိုက်သော်လည်းမုန်းစရာကောင်းစွာပင်​သူ၏ချုပ်နှောင်ခံထားရသောခန္ဓာကိုယ်ကမြွေကြီး၏ခေါင်းနားသို့ထပ်မံ၍ဆွဲခေါ်ခံလိုက်ရသည်။


သေးသွယ်ရှည်လျားသောခက်ရင်းခွသဖွယ်လျှာကြီးကရှုကျင်ထျန်း၏နှုတ်ခမ်းသားများကိုထိလာသောအခါ သူ၏နှုတ်ခမ်းသားများမှာ ထုံသွားသလိုခံစားလိုက်ရသည်။မြွေကြီးကရှုကျင်ထျန်း၏နှုတ်ခမ်းလွှာကိုဆွဲငုံလိုက်ပြီး နှုတ်ခမ်းနှစ်လွှာကြားသို့တိုးဝင်သောအခါ သူကတွေးတောင်မတွေးဘဲ​ပါးစပ်ကိုဖွင့်ကာ ကိုက်လိုက်သည်။


မြွေကြီး၏ကိုယ်လုံးကြီးကသူ၏ခန္ဓာကိုယ်ကိုရုတ်တရက်တင်းကြပ်စွာရစ်ပတ်လိုက်ပြီးရှုကျင်ထျန်းအားအသက်ရှူထုတ်ရန်အတင်းအကြပ်ဖိအားပေးလေသည်။သူ၏ရင်ဘတ်တစ်ဝိုက်မှတင်းကြပ်နေသောဖိအား​က သူ့အား သွားစိနေခြင်းကိုဆက်လုပ်ရန်မတတ်နိုင်ဖြစ်လာစေသည်။ထို့ကြောင့်ပါးစပ်ကိုဖွင့်ကာ အသက်ရှူရတော့သည်။


မြွေကြီး၏လျှာကချောမွေ့စွာကျူးကျော်ဝင်ရောက်လာကာ အထိန်းအကွပ်မရှိစွာပင် မိန်းမလေး၏တံတွေးများဖြင့်ရောနှောလိုက်သည်။မြွေကြီးကမရောင့်ရဲနိုင်သောကြောင့် မိန်းမလေး၏နှုတ်ခမ်းများထဲသို့ထပ်မံတိုးဝင်လိုက်ကာ သူ၏လျှာနှစ်ခွကိုပိုမိုရှည်လျားအောင်ဆန့်ထုတ်လျက် သူမ၏ခံတွင်းထဲ၌ မွှေနှောက်နေတော့သည်။


ရှုကျင်ထျန်း၏ပါးစပ်မှာ မြွေကြီး၏လျှာဖြင့်အတင်းအကြပ်ထိုးသွပ်ထည့်ထားခံရသောကြောင့်  သူကကြောက်ရွံ့မှုနဲ့ အော်ဂလီဆန်မှုတို့ကို တပြိုင်တည်းခံစားနေရပေသည်။သူက ကလေးတစ်ယောက်ကဲ့သို့အော်ဟစ်ငိုယိုပစ်ချင်ပါသော်လည်း ထိုအစား မျက်ရည်စက်ကြီးများသာတလိမ့်လိမ့်ကျဆင်းလာသည်။


ရှုဟန်ယွီကရှုကျင်ထျန်းအားသယ်ထားစဥ်တလျှောက်လုံးတွင်သူ၏မြွေကိုယ်လုံးကြီးအား အကြိမ်အနည်းငယ်ခန့်တွန့်လိမ် တွန့်လိမ်လုပ်နေခဲ့သည်။သူ၏ကြီးမားရှည်လျားသောမြွေကိုယ်လုံးကြီးက မိန်းမလေးအားတဖြည်းဖြည်းတင်းကြပ်စွာရစ်ပတ်လျက် တွန့်လိမ်တွန့်လိမ်လုပ်လျှင် မုန့်ကြိုးလိမ် သဖွယ် ဖြစ်နေလေသည်။


"ဝူး~အင်း~"


မြွေကြီး၏ခန္ဓာကိုယ်ကအကြေးခွံလေးများဖြင့်အေးစက်ချောမွေ့နေကာ ထိုမြွေခန္ဓာကိုယ်ကြီးဖြင့်ထိစပ်နေသောရှုကျင်ထျန်း၏အသားများကိုပါအေးစက်မှုများခံစားရစေသည်။


သူ့ကိုရစ်ပတ်ထားသည့်မြွေကြီး၏ချောမွတ်သောအရေပြားမှရွစိရွစိအထိအတွေ့ကလည်းရှုကျင်ထျန်းအားကြက်သီးထစေသည်။


သူ၏ခန္ဓာကိုယ်အားမြွေကြီးကရစ်ပတ်ကာရွေ့လျားနေသောကြောင့် သူ၏နောက်ကျောအရေပြားတလျှောက်ပွတ်တိုက်နေသော ကြမ်းရှရှအရာတချို့ကိုလည်းခံစားမိနေပေသည်။ထိုအရာများက သူ့အား အပ်များဖြင့်ထိုးနေသကဲ့သို့ စူးရှရှခံစားရစေသည်။


ထိုကြမ်းရှရှအရာများကမည်သည့်အရာများဖြစ်သည်ကိုမသိသော်လည်း အလွန်အမင်းကြောက်ရွံ့နေသောကြောင့််သူ၏မျက်လုံးများကပြူးကျယ်နေကာ အသဲအသန်ရုန်းကန်လျက် ​ပိတ်ဆို့ခံထားရသောသူ၏ပါးစပ်မှလည်းဗလုံးဗထွေးအသံများဖြင့်ဆက်တိုက်အော်ဟစ်နေလေသည်။


"အွန်းးးဝူးးးး"


ရှုဟန်ယွီကမိန်းမလေး၏အနီရောင်နှုတ်ခမ်းသားများကိုလွှတ်ပေးလိုက်သော်လည်း တွန့်ဆုတ်စွာဖြင့်ထိုနှုတ်ခမ်းများတစ်ဝိုက်တွင်သူ၏လျှာကဟိုဟိုဒီဒီရွေ့လျားနေလေသည်။ရုတ်တရက်ပင်သူက မိန်းမလေး၏အလွန်အမင်းထိတ်လန့်ကြောက်ရွံ့နေသောမျက်လုံးများနှင့် သူမ၏သွေးဆုတ်ဖြူလျော်နေသောမျက်နှာလေးကိုစိုစွတ်သွားစေသည့်ထိုမျက်လုံးများမှအဆက်မပြတ်စီးဆင်းနေသောမျက်ရည်များကို မြင်လိုက်ရသည်။


ထိုအဖြစ်ကရှုဟန်ယွီအား အံ့အားသင့်စေသည်။မိန်းမလေးကအနည်းငယ်ဖျားနာနေပုံရသောကြောင့်ရှုဟန်ယွီက သူမကိုရစ်ပတ်ထားခြင်းအား ချက်ချင်းဖြေလျှော့လိုက်ကာ လူအသွင်ပြောင်းလိုက်လေသည်။


"မင်း...နာသွားတာလား?"


ရှုဟန်ယွီကမိန်းမလေး၏မျက်နှာပေါ်မှမျက်ရည်စီးကြောင်းများကိုသုတ်ပေးလိုက်သော်လည်း သူမ၏မျက်လုံးများကမျက်ရည်များပို၍ပင်ကျဆင်းလာလေသည်။အချိန်အနည်းငယ်ကြာပြီးနောက်တွင် သူ၏နှလုံးသားကထုံထိုင်းကာရှုပ်ထွေးလာတော့သည်။


"ဖီ!"


ရှုကျင်ထျန်းကရှုဟန်ယွီ၏အထိအတွေ့ကိုရှောင်ရှားရန်အခွင့်အရေးယူ၍သူ၏ခေါင်းကိုတစ်ဖက်သို့လှည့်ကာတံတွေးထွေးလိုက်သည်။


"ချီးပဲ!"


ရှုကျင်ထျန်းကလက်တစ်ဖက်ဖြင့်ရှုဟန်ယွီကိုတွန်းထုတ်ကာအော်ဟစ်လိုက်သည်။


"မင်းကသောက်နှာဘူးကောင်ပဲ! ငါ့နားကိုမကပ်လာနဲ့"


ရှုဟန်ယွီ၏စိုးရိမ်နေသောအမူအရာကချက်ချင်းပင်ပျောက်ကွယ်သွားကာသူ၏တောက်ပကြည်လင်နေသောမျက်လုံးများကကျဥ်းမြောင်းသွားပြီးအေးစက်စွာပြောလိုက်သည်။


"လိမ်လိမ်မာမာနေ! မရိုက်နဲ့"


ရှုဟန်ယွီ၏စကားများကိုရှုကျင်ထျန်းကြားသောအခါအလွန်ဒေါသထွက်နေသော်လည်းကြောက်ရွံ့မှုကြောင့်တုန်ရီလာခဲ့သည်။ထို့နောက်တောင်းပန်သည့်အမူအရာဖြင့် အဝတ်အစားများကိုကောက်ကာလျင်မြန်စွာဝတ်လိုက်သည်။


မိန်းမလေးကပုံမှန်အတိုင်းပြုမူနေသည်ကိုမြင်သောအခါရှုဟန်ယွီက သူမအဆင်ပြေသည်ကိုသဘောပေါက်သွားလေသည်။သို့သော်လည်းမိန်းမလေး၏မျက်နှာပေါ်မှရေများကသူ့အားပဟေဠိဖြစ်နေစေသောကြောင့်ရှုဟန်ယွီကမိန်းမလေး၏မျက်နှာကိုလက်ညှိုးထိုးကာပြောလိုက်သည်။


"မင်းဆီက ရေတွေထွက်နေတယ်"


ရှုကျင်ထျန်းကြားသောအခါ သူ၏မျက်နှာအားပွတ်သုတ်ကြည့်လိုက်လျှင် သူကအမှန်တကယ်ပင်မျက်ရည်များကျနေသည်ကိုသတိထားမိလိုက်သည်။


ရှူကျင်ထျန်းကစိတ်လျှော့ကာ အတတ်နိုင်ဆုံးတည်တည်ငြိမ်ငြိမ်စကားပြောနိုင်ရန်ကြိုးစားလိုက်သည်။


"မင်းတကယ်ငါ့ကိုဂရုစိုက်တယ်ဆိုရင်ငါ့ကိုလွှတ်ပေးလေ"


နှစ်ခါမစဥ်းစားဘဲရှုဟန်ယွီကပြတ်ပြတ်သားသားဖြေလိုက်သည်။


"မလွှတ်ပေးဘူး"


"ဘာလို့လဲ?မင်းကငါ့ကိုဘာကြည့်ပြီးကြိုက်တာလဲ?ငါအဲဒီအရာကိုပြောင်းလဲလိုက်မယ်..ဟုတ်ပြီလား?"


ရှုဟန်ယွီကမိန်းမလေးအား အေးစက်စက်ကြည့်ကာ သူမဆီသို့တစ်လှမ်းချင်းတိုးကပ်သွားလိုက်သည်။


"မင်း...မလာနဲ့နော်!"


ရှုကျင်ထျန်းကချက်ချင်းပင်သတိကြီးစွာနောက်ဆုတ်လိုက်သော်လည်းသူ၏နောက်မှဂူနံရံကသူ့အားထွက်ပြေးရန်လမ်းမရှိအောင်ပိတ်ဆို့ထားလေသည်။


ရှုကျင်ထျန်းကသူ၏ခေါင်းကိုတတ်နိုင်သမျှနောက်ဆုတ်လိုက်ရာသူ၏နောက်စေ့ကဂူနံရုံဖြင့်ထိကပ်သွားလေသည်။


"မင်းငါ့ကိုသတ်မယ်ဆိုလည်းချက်ချင်းသတ်လိုက်လေ။ငါ့ကိုဒီလိုမျိုးစနောက်ပြီးအပျော်ရှာနေစရာလား?"


"မသတ်ဘူး! အသက်ရှင်နေတာပဲလိုချင်တယ်"


ရှုကျင်ထျန်း၏ဒေါသကရယ်ချင်စိတ်သို့ကူးပြောင်းသွားကာ လှောင်ပြောင်ရယ်မောလိုက်သည်။သူဘာပဲပြောပြောရှုဟန်ယွီကလွှတ်ပေးမည်မဟုတ်သည်ကိုနားလည်သွားသောကြောင့် သူကထိုအကြောင်းအရာကိုဆက်မပြောတော့ရန်ရွေးချယ်လိုက်သည်။


"ဒါဆိုလည်းငါ့ကိုရေချိုးဖို့ခေါ်သွားပေး။မဟုတ်ရင်ရွံလွန်းလို့သေသွားတဲ့အခါ ငါ့ကိုအပြစ်မတင်နဲ့ပေါ့"


ရှုဟန်ယွီ၏နူးညံ့သောမျက်ခုံးတန်းများကတွန့်ချိုးသွားကာသူ၏လက်ကမိန်းမလေးအားဖြည်းညင်းစွာထိလိုက်သည်။ထို့နောက်ရုတ်တရက်ပင်ရှုကျင်ထျန်း၏ဆံပင်များအားအတင်းအကြပ်ဆွဲကာ ပိုနီးကပ်သွားစေရန်ဆောင့်ဆွဲလိုက်သည်။မျက်နှာချင်းဆိုင်ဖြစ်သွားသောအခါ ရှုဟန်ယွီကအသံသြသြကြီးဖြင့်ပြောလိုက်သည်။


[ "လိမ်လိမ်မာမာနေပါ မိန်းမလေး။ငါ့ကိုဒေါသထွက်အောင်မလုပ်နဲ့" ]


ထိုစကားကိုရှုဟန်ယွီကသားရဲဘာသာစကားဖြင့်ပြောလိုက်သည်။ရှုကျင်ထျန်းကအချိန်အတန်ကြာသည်အထိမည်သို့မျှမတုန့်ပြန်ဘဲရှုဟန်ယွီ၏အေးစက်စက်ဖြင့်မပြောင်းလဲသောမျက်နှာအမူအရာအား ဗလာမျက်ဝန်းများဖြင့်စိုက်ကြည့်နေကာ ကြမ်းတမ်းစွာဆက်ဆံခံနေရခြင်းကိုလစ်လျူရှု၍ ထင်ယောင်ထင်မှားကြားလိုက်ရသည်ဟုသာယူဆလိုက်သည်။


"သွားမယ်"


ရှုကျင်ထျန်း၏ဆံပင်ကိုဆွဲလျက်ရှုဟန်ယွီကသူ့အားဂူပြင်သို့ဆွဲထုတ်လိုက်သည်။နာကျင်နေသောရှုကျင်ထျန်းကသူ၏အဆွဲခံထားရသောဆံပင်များကြောင့်ရလာသောနာကျင်မှုလျော့ပါးစေရန်ဂူပြင်သို့တွား၍ထွက်ခြင်းတွင်ရှုဟန်ယွီနှင့်လိုက်လျောညီထွေပူးပေါင်းဆောင်ရွက်ရန်သာတတ်နိုင်တော့သည်။


အပြင်ရောက်သောအခါတွင်လည်းရှုဟန်ယွီကမိန်းမလေးအားအသက်ရှူရန်ပင်အချိန်မပေးသည့်အပြင်သူမကိုမြစ်ထဲသို့ပစ်ချလိုက်သည်။


ရှုကျင်ထျန်း၏ခန္ဓာကိုယ်ကလွှင့်ပစ်ခံရပြီးရေထဲသို့အရှိန်ပြင်းစွာကျသွားချေ၏။


အရှိန်ပြင်းပြင်းရိုက်ခတ်မှုကြောင့် ရေမျက်နှာပြင်ပေါ်တွင်လှိုင်းလုံးများပင်ထသွားလေသည်။ရှုကျင်ထျန်းမှာလည်းရေအောက်သို့မြုပ်သွားကာ ချက်ချင်းပင်သူ၏ခြေလက်များကိုသုံး၍ ရေမျက်နှာပြင်ပေါ်သို့တက်ရန်ရေကူးရတော့သည်။


ရှုဟန်ယွီအားဒေါသထွက်စွာကြည့်၍...


" လူကိုအရမ်းအနိုင်ကျင့်မနေနဲ့ ! "


ရှုဟန်ယွီကမိန်းမလေး၏ဒေါသကိုလစ်လျူရှု၍သူပြောလိုရာကိုသာပြောလိုက်သည်။


"ရေချိုးပြီးရင်လာခဲ့"


ထိုသို့ပြောပြီးနောက်တွင်သူကမြစ်ကမ်းစပ်တွင်ထိုင်ချလိုက်လေသည်။သူ၏ဖြူဖွေးသောအသားအရည်နှင့်အချိုးကျသောခန္ဓာကိုယ်တို့မှာတောက်ပသောနေရောင်အောက်မှကျောက်စိမ်းရုပ်ထုလေးပမာ သန့်စင်ကြည်လင်နေသည်ဟုထင်ရပေသည်။သူ၏မျက်လုံးများကတော့မြစ်ထဲတွင်ရေချိုးနေသောမိန်းမလေးကိုအေးစက်စွာကြည့်နေလေသည်။


ရှုကျင်ထျန်းကပါးလုတ်ကျင်း၍မကျေမနပ်ဖြင့်ခန္ဓာကိုယ်အားပွတ်သပ်ဆေးကြောနေလိုက်သည်။


ရေစိုနေသောအဝတ်များကခန္ဓာကိုယ်တွင်ကပ်နေသောကြောင့်ဝတ်ရသည်မှာသက်တောင့်သက်သာမဖြစ်ပေ။ထို့ကြောင့်ရှုကျင်ထျန်းကသူ၏အဝတ်များကိုအလျင်အမြန်ချွတ်၍ဘောင်းဘီရှည်နှင့်အတွင်းခံကိုလက်တစ်ဖက်တွင်ကိုင်လျက် ကျန်လက်တစ်ဖက်ဖြင့်အင်္ကျီလက်ရှည်ကိုသုံးကာရေသုတ်လိုက်သည်။


သူကပါးစပ်ကိုလည်းဆေးကြောရန်မမေ့ပါချေ။မြစ်ကမ်းစပ်တွင်ပေါက်နေသောမြက်ပင်များကိုဆွဲနှုတ်ကာ ဝါး၍သူ့ခံတွင်းကိုသန့်ရှင်းစေလိုက်သည်။သို့သော်လည်းစိုစွတ်သောမြွေကြီး၏အရသာကရှုကျင်ထျန်း၏ခံတွင်းထဲတွင်အနည်းငယ်ကျန်နေဆဲဖြစ်သည်။သူကရွံရှာစွာဖြင့်မြက်များကိုထပ်ဝါးကာအစိမ်းရောင်အမြှုပ်များကိုထွေးထုတ်လိုက်သည်။


ရေချိုးပြီးနောက်တွင်သူ၏အဝတ်စိုများကိုလျှော်ဖွတ်ခဲ့လိုက်သည်။ထို့နောက်တွင်သူကအဝတ်ဗလာဖြင့်ရေထဲမှထွက်လာကာရှုဟန်ယွီလုပ်ခဲ့ဖူးသကဲ့သို့ချုံပုတ်များပေါ်တွင်အဝတ်တို့ကိုဖြန့်လှန်းလိုက်သည်။


ရှုဟန်ယွီ၏မျက်လုံးများကသူ့မျက်စိရှေ့တွင်အဝတ်ဗလာခန္ဓာကိုယ်ဖြင့်မာနကြီးစွာလှုပ်ရှားသွားလာနေသောမိန်းမလေးကိုလိုက်ကြည့်နေပေသည်။သူမကတခါတရံတွင် ကုန်းလိုက်သောကြောင့်သူမ၏တင်ပါးများကြားတွင်ပုန်းကွယ်နေသောအနီရောင်ဂန္ဓမာပန်းလေးကထွက်ပေါ်လာတတ်သေးသည်။


ရှုဟန်ယွီ၏ရမ္မက်စိတ်ကထပ်မံ၍ပြင်းပြင်းထန်ထန်နိုးကြားလာပြန်သည်။ရှုဟန်ယွီကသတိလက်လွတ်ဖြင့်အသက်ပြင်းပြင်းရှူလိုက်ပြီးသူ၏နှာခေါင်းကအနည်းငယ်ပူလာသကဲ့သို့ခံစားလိုက်ရသည်။


သူကအမှန်တကယ်ပင်မိန်းမလေးအားထပ်မံ၍ရစ်ပတ်ချင်လာတော့သည်။သူမအားတင်းတင်းကြပ်ကြပ်ရစ်ပတ်ကာသူမနှင့်ကာမဆက်ဆံချင်လာသည်။


သို့သော်လည်းသူကထိုကဲ့သို့မလုပ်ပေ။မိန်းမလေးကသူ့ရှေ့တွင်အတိုက်အခံလုပ်နေဆဲဖြစ်သည်။သူ၏ဘိုးဘေဘီဘင်များကဲ့သို့တူညီသောအမှားကိုကျူးလွန်ခြင်းအားရှောင်ရှားရန် သူ၏လောင်ကျွမ်းနေသောဆန္ဒများကိုတိတ်တဆိတ်ထိန်းချုပ်လိုက်ရသည်။


ရှုဟန်ယွီကရှုကျင်ထျန်းအားဂူထဲတွင်နေထိုင်စေခြင်းမှာရှုကျင်ထျန်းကရည်ရွယ်ချက်ရှိရှိနာခံနေသောကြောင့်ဖြစ်သည်။ထိုအချက်ကပင် ရှုဟန်ယွီအား မိန်းမလေးကသူ့ကိုလက်ခံလာပြီဟုအထင်မှားသွားစေပြီး ဤကဲ့သို့သောအငြင်းအခုံရန်ပွဲဖြစ်လာရပေသည်။


ရှုကျင်ထျန်းကကိုယ့်ဒုက္ခကိုယ်ရှာခဲ့သည်ဟုပင်ဆိုနိုင်ပေသည်။


ရှုဟန်ယွီကသူ့ခန္ဓာကိုယ်မှအလိုဆန္ဒကိုမထိန်းချုပ်နိုင်တော့ဘဲသူ၏ဘိုးဘေးများလုပ်ခဲ့သကဲ့သို့ထပ်တူညီစွာမိန်းမလေးအပေါ်ခွင့်မလွှတ်နိုင်စရာအမှားကြီးကိုကျူးလွန်မိမည်ကိုကြောက်မိပေသည်။ထို့ကြောင့်သူက မိန်းမလေး၏ဆွဲဆောင်မှုရှိသောခန္ဓာကိုယ်အားဆက်ကြည့်ရန်မဝံ့ရဲတော့ဘဲသူ၏အကြည့်ကိုမြေပြင်ပေါ်တွင်ထင်ဟပ်နေသောမိန်းမလေး၏အရိပ်ဆီသို့အကြည့်လွှဲလိုက်ရ၏။


မြေပေါ်မှအရိပ်သည်အနီးနားတွင်အလုပ်ရှုပ်စွာဟိုဟိုဒီဒီလျှောက်သွားနေပြီးတခါတရံတိုသွားလိုက် တခါတရံရှည်လာလိုက်ဖြစ်နေသည်။ (T/N ; ရှုကျင်ထျန်းရဲ့အရိပ်ကရှုဟန်ယွီနားရောက်လာရင်အရိပ်ကတိုလာပြီး ရှုဟန်ယွီနဲ့ဝေးသွားရင်အရိပ်ကရှည်သွားတာကိုဆိုလိုတာပါ)


ရှုကျင်ထျန်းကအဝတ်များကိုဖြန့်လှန်းပြီးဆံပင်ထဲမှရေကိုခါထုတ်လိုက်သည်။ထို့နောက်ဆံပင်အားသပ်သပ်ရပ်ရပ်ဖြစ်အောင်ပြင်ဆင်လိုက်ရာ သူ့အားအလွန်တောက်ပအသက်ဝင်စွာကြည့်ကောင်းသွားစေသည်။လက်ရှိအချိန်တွင်ဆံပင်ကရေမခြောက်သေးသောကြောင့်ခေါင်းကိုအပြင်းအထန်ခါရမ်းလိုက်ရာ မမျှော်လင့်စွာပင် ဆံပင်များကအပေါ်သို့ထောင်သွားကာ အနက်ရောင်ဖြူကောင်လေးနဲ့တူသွားလေသည်။


"ဟေး! မင်းဘာတွေကြည့်နေတာလဲ?မြေပြင်ပေါ်မှာတစ်ခုခုရှိနေလို့လား?"


"အင်း...မင်းပဲလေ" 

ရှုဟန်ယွီကခေါင်းမမော့ဘဲပြန်ဖြေလိုက်သည်။တခဏကြာပြီးနောက်တွင် မိန်းမလေးကသူ့ရှေ့တည့်တည့်တွင်ရှိနေကြောင်းကိုရှုဟန်ယွီကသတိထားမိသွားသည်။သူကခေါင်းမော့လိုက်သောအခါမိန်းမလေးကသာမန်နှင့်ကွဲပြားသောပုံစံဖြစ်နေသည်ကိုမြင်လိုက်ရပြီး အနည်းငယ်မိန်းမောသွားသည်။(T/N ; ငေးနေတာ :3 )


ရှုဟန်ယွီကသတိပြန်ဝင်လာသောအခါချက်ချင်းမတ်တတ်ရပ်လိုက်ပြီးရှုကျင်ထျန်းအားအတင်းအကြပ်ဆွဲကာဂူဝင်ပေါက်ဆီသို့ပြန်ခေါ်သွားတော့သည်။


"ဟေး ဟေး! မင်းတစ်ခုခုပြောချင်တာရှိရင်ပြောလိုက်၊လျှောက်ဆွဲမနေနဲ့ !"


ရှုဟန်ယွီကရုန်းကန်နေသောမိန်းမလေးအားလစ်လျူရှုကာဂူထဲသို့တွန်းချလိုက်သည်။


"အားး!"


ဘုန်း!


ရှုကျင်ထျန်းမှာမြေပြင်ပေါ်သို့မျက်နှာအပ်လျက်ပြုတ်ကျသွားချေ၏။ဂူပေါက်ဝသည်၂မီတာခန့်မြင့်မားပြီး အောက်ခြေတွင်မြက်ခြောက်များကိုထူထူထဲထဲဖြန့်ကြဲထားသောကြောင့်ပြုတ်ကျသောအခါသိပ်မနာပေ။သို့သော်လည်း ရှုကျင်ထျန်းကပါးစပ်အပြည့်ဖုန်မှုန့်စားလိုက်ရပြီး ခန္ဓာကိုယ်ပေါ်ရှိရေမခြောက်သေးသောနေရာများတွင်လည်းမြက်ခြောက်များကပ်သွားလေသည်။


ရှုဟန်ယွီကဂူပေါက်ဝတွင်ရပ်ကာမိန်းမလေး၏ခန္ဓာကိုယ်ကိုငုံ့ကြည့်လိုက်ပြီးအေးစက်စွာပြောလိုက်သည်။


"လိမ်လိမ်မာမာနေ။ငါအစာသွားရှာလိုက်ဦးမယ်"


ထို့နောက်ခေါင်းပြန်မော့ကာလှည့်ထွက်သွားလေသည်။


"ဖီ!" 

ရှုကျင်ထျန်းကပါးစပ်ထဲမှမြက်ခြောက်များကိုထွေးထုတ်လိုက်ပြီးဂူပေါက်ဝသို့ကြည့်ကာနှာမှုတ်လိုက်သည်။


"ဒီအနိုင်ကျင့်တဲ့မြွေစုတ်!!!"


ရှုကျင်ထျန်းကထရပ်လိုက်ပြီးဂူထောင့်တွင်ခေါက်ထားသောဂွမ်းစောင်လေးကိုကုန်းကောက်လိုက်သည်။


သာမန်လူတစ်ယောက်အနေဖြင့်အဝတ်ဝတ်ထားလေ့ရှိသောကြောင့်သူကအဝတ်မပါသောအခါသက်တောင့်သက်သာမရှိသလိုခံစားနေရလေ၏။


ထိုမျှသာမကဘဲ အပြင်ဘက်တွေဘယ်လောက်ပင်မနေနိုင်အောင်ပူအိုက်နေပါစေ ဤဂူကြီးမှာအမြဲပင်အရိပ်ကျ၍အေးစိမ့်နေသောကြောင့် ပူအိုက်သောရာသီဥတုတွင်တစ်စုံတစ်ယောက်ကသာဂူထဲသို့ဆင်းလာပါကချက်ချင်းပင်အေးသွားပေလိမ့်မည်။ဂူကြီး၏အေးစက်မှုမှာဂူပိုင်ရှင်နှင့်အလွန်တူလှသည်။


ရှုကျင်ထျန်းကသူကောက်ယူခဲ့သောဂွမ်းစောင်လေးဖြင့်သူ့ကိုယ်သူပတ်ထားလိုက်ပြီးထိုစောင်လေးအားလွှင့်ပစ်ခဲ့သောကံဆိုးသူအားအလွန်ကျေးဇူးတင်မိပေသည်။သူထွက်ပြေးနိုင်ပြီးနောက်တွင် ကမ္ဘာကူးပြောင်းလာခဲ့သောတခြားသူများနှင့်တွေ့မိပါကပိုကောင်းပေလိမ့်မည်။ဤဂွမ်းစောင်လေးက တခြားသူများတည်ရှိနေခြင်း၏သက်သေပင်ဖြစ်၍ သူကထိုစောင်လေးကိုကောင်းစွာဆက်လက်ထိန်းသိမ်းထားရမည်ဖြစ်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment