Chapter 6 ; အတင်းအကြပ်အစာကျွေးခြင်း
ဒီတစ်ခေါက်တော့ ရှုဟန်ယွီကသူ့နားကိုထပ်မကပ်လာတော့ဘဲ ဂူအပြင်သို့ထွက်သွားတော့သည်။
ရှူကျင်ထျန်းလည်း အစိမ်းရင့်ရောင်မြွေမြှီးကြီး သူ့မြင်ကွင်းမှ ပျောက်သွားသည့်အခါမှသာ သက်ပြင်းချလိုက်မိသည်။
သူ့ခန္ဓာကိုယ်မှာ နာကျင်လွန်းလှသဖြင့် ကိုယ့်ခန္ဓာကိုယ်ကိုပင်မခံစားမိနိုင်လောက်အောင်ထုံကျင်နေကာသူ၏ခါးပေါ်လက်တင်၍ ပွတ်သပ်နေမိသည်။
“ကျစ်... နာလိုက်တာ!”
မုန်းစရာကောင်းလှသော မြွေကြီးမှာ မထင်လျှင်မထင်သလို ရန်မူတတ်သေးသည်။
အညိုအမဲစွဲနေသော နေရာကိုနောက်တစ်ခေါက်ထပ်ထိကြည့်လိုက်ရာ နာကျင်မှုက အရိုးများတလျှောက်စိမ့်ဝင်လာသည်။သို့သော်လည်း သူလျစ်လျူရှုထားမည်ဆိုလျှင် ဒဏ်ရာကျက်ဖို့ရာ အချိန်တော်တော်ကြာယူရပေလိမ့်မည်။ သွေးခဲခြင်းမျိုးမဖြစ်လာစေရန် နာနေသည်ကိုသာသည်းခံ၍ အညိုအမဲစွဲနေသောနေရာတစ်ဝိုက်ကို ဖိချေလိုက်သည်။
သူ၏နဖူးပေါ်မှ ချွေးစက်များကကျဆင်းလာကာ ခြောက်သွေ့နေသောနှုတ်ခမ်းများဆီသို့ရောက်လာပြီး စိုစွတ်သွားစေသည်။ ရှူကျင်ထျန််းက ခြောက်သွေ့နေသောနှုတ်ခမ်းသားများကို လျှာဖြင့်သပ်လိုက်သောအခါ ငန်ကျိနေသောချွေးစက်တို့က ရေငတ်နေသောပါးစပ်ကို စိုစွတ်သွားစေသည်။
ရုတ်တရက် ထိုလူ၏လျှာနှစ်ခွဖြင့် လျက်ခြင်းခံရသည့်အဖြစ်ကိုတွေးမိသွားသောအခါ ပျို့တက်လာပြီး ပါးစပ်ထဲကချွေးစက်များကို ပြန်ထွေးထုတ်လိုက်တော့သည်။
သိပ်မကြာခင်မှာပဲ ရှူဟန်ယွီကပြန်ရောက်လာပြီး သေခါနီးဆဲဆဲဖြစ်နေသော ထူးဆန်းသည့်သားရဲတစ်ကောင်ကိုသယ်လာခဲ့သည်။ ၎င်းမှာကျွဲအသေးစားတစ်ကောင်အရွယ်လောက်ရှိပြီး နှုတ်သီးမှာလည်း ကျွဲနှုတ်သီးကဲ့သို့ဖြစ်နေသည်။ သို့သော်ငြား နားရွက််များမှာ အလွန်ရှည်နေပြီး အမွှေးအမျှင်တို့ကလည်း ယုန်တစ်ကောင်ကဲ့သို့ သပ်ရပ်ကာချောမွေ့လျက်ရှိသည်။
မြွေကြီးသည် အမြှီးဖြင့်သားကောင်အားရစ်ပတ်ထားပြီး နီရဲသောသစ်သီးများကိုတော့ ပါးစပ်ထဲကအန်ထုတ်လိုက်သည်။ ထိုအသီးများကမနေ့ညကရှုကျင်ထျန်းစားခဲ့သော သစ်သီးမျိုးဖြစ်သည်။
ရှုကျင်ထျန်းကသူ၏ဗိုက်အောင့်ခြင်းမှာ ထိုသစ်သီးများနှင့်ဆက်စပ်နေမည်ဟု အသေအချာသိနေသည်။ ယခုလည်းမြွေကြီးကသူ့အတွက်ထိုအသီးများအားနောက်တစ်ခေါက်ထပ်ယူလာခြင်းကို မြင်သောအခါ ရှုကျင်ထျန်းကကြောက်ရွံ့မှုကြောင့်တုန်ရင်လာသည်။
မနေ့တုန်းက မြွေကြီးကဤသစ်သီးများကိုကောက်ရန်သူ့ကိုခေါ်သွားခဲ့ပြီးတစ်လုံးခူးပေးခဲ့သည်။ သူကိုယ်တိုင်ကလည်း အရင်စ၍အများကြီးခူးခဲ့မိလေသည်။ စားပြီးသည့်နောက်မှာတော့ သူ့ဗိုက်ထဲတွင် လွန်စွာဆိုးရွားလှသည့်နာကျင်မှုကို ခံစားရခဲ့ရ၏။
အခုလည်း မြွေကြီးကဤသစ်သီးများကိုသူ့အတွက်ထပ်ယူလာပြန်သောအခါ ထိုလုပ်ရပ်သည် ရည်ရွယ်ချက်ရှိရှိလုပ်နေခြင်းမဟုတ်ပါဟု သူယုံဖို့ခက်ခဲနေခဲ့သည်။
ရှူကျင်ထျန်းသည် သတိကြီးကြီးထားကာ မြွေကြီးအားစိုက်ကြည့်နေလိုက်သည်။
ရှူဟန်ယွီက သူ့အမြှီးကိုရှုကျင်ထျန်းဆီသို့ဆန့်ထုတ်လိုက်ပြီး အမြှီးထိပ်ဖျားဖြင့် ရှူကျင်ထျန်း၏ပုခုံးကိုပုတ်လိုက်သည်။
ရှုကျင်ထျန်းကနောက်ဘက်သို့ ကြောက်လန့်တကြားဆုတ်လိုက်မိပေမယ့် မြွေကြီး၏ရက်စက်မှုကိုတွေးမိသောအခါ ကိုယ့်ကိုယ်ကိုအတင်းဖိအားပေးရပ်တန့်လိုက်လေသည်။
“အခုရောမင်းကဘာလုပ်ချင်နေတာလဲ?"
ရှူကျင်ထျန်း၏အမေးကိုတုံ့ပြန်လာသည်မှာ ပို၍နီးကပ်လာသောမြွေကြီး၏အမြှီးဖြစ်ပြီး သားကောင်ကိုလည်း ရစ်ပတ်ထားလျက်ရှိသည်။
“ဒါကြီးကို…မင်းကငါစားဖို့ပေးနေတာလား?”
မြွေကြီးခေါင်းငြိမ့်လိုက်သည်ကိုမြင်သောအခါ ရှူကျင်ထျန်းကနှာမှုတ်ပြီး မျက်နှာလွှဲလိုက်သည်။
မကျေမနပ်ဖြစ်သွားသော ရှူဟန်ယွီကသူ၏မြွေကိုယ်လုံးကြီးကိုတွန့်လိမ်လိုက်ကာ အစာကိုအမဖြစ်သူရှေ့သို့ကြိုးကြိုးစားစားတွန်းပို့နေပြန်သည်။ သို့သော်လည်း အမ,လေးကအစာကိုဆိုးသည် ကောင်းသည်တောင်မပြောနိုင်ဘဲသူ့ကိုသာဆက်တိုက်ရှောင်နေလေသည်။
မြွေကြီးကတဖြည်းဖြည်းစိတ်တိုလာလေသည်။ သူကအရမ်းအလိုလိုက်နေသော်လည်းဒီအမ,လေးကအစာစားဖို့ငြင်းဆန်ပြီးခက်ခဲအောင်လုပ်နေဆဲဖြစ်သည်။ မနက်ကသူ့အားလက်ပါမိသည့်အမှားကြောင့်သာမဟုတ်လျှင် စားဖို့ကိုပင် အခုလိုမျိုးစိတ်ရှည်ရှည်နှင့်တိုက်တွန်းနေမည်မဟုတ်ပေ။
နောက်ထပ် ရင်းနှီးနေသော ထူးထူးဆန်းဆန်းအသံကြီးထွက်လာသောအခါ ရှူကျင်ထျန််းမှာ အခြေအနေပိုဆိုးသွားပြီဆိုတာကို အလိုလိုခံစားမိသွားသည်။ သူလှည့်ကြည့်လိုက်သောအခါ မြွေအသွင်မှလူအသွင်ကိုပြန်ပြောင်းသွားသော ရှူဟန်ယွီကိုမြင်လိုက်ရသည်။
ရှူကျင်ထျန်းကကြောက်ကြောက်လန့်လန့်နှင့် နောက်တစ်လှမ်းဆုတ်လိုက်မိသည်။
သို့သော်လည်း ရှူဟန်ယွီကသူ့ကိုအာရုံမထားဘဲ ကြမ်းပြင်ပေါ်ရှိသားရဲအသေကောင်ကိုသူ၏လက်ကြီးများဖြင့်မ,ကိုင်ကာ ပါးစပ်ဟပြီးသားကောင်၏လည်မြိုကိုကိုက်လိုက်ရာ သူ၏ချွန်ထွက်နေသောသွားများက သားကောင်၏ သွေးကြောကိုထိုးဖောက်သွားလေသည်။
နီရဲတောက်နေသောသွေးများမှာ ရှူဟန်ယွီ၏နှုတ်ခမ်းစွန်းများတလျှောက်စီးကျလာကာ သူ၏လည်ပင်းကိုဖြတ်သန်းသွားပြီးဖြူဖွေးနေသောရင်အုပ်ဆီသို့ စီးဆင်းလာတော့သည်။
နှင်းကဲ့သို့ဖြူဖွေးနေသောအသားအရေသည် နီရဲနေသည့်လတ်လတ်ဆတ်ဆတ်သွေးစီးကြောင်းများနှင့်ဆန့်ကျင်လျက်ရှိပြီးဤမြင်ကွင်းကမျက်စိပသာဒဖြစ်စေသည်။
ရှူကျင်ထျန်းကတံတွေးမြိုချမိကာ ထစ်ထစ်ငေါ့ငေါ့ပြောလိုက်မိသည်။
“မင်း - မင်း ဘာလုပ်ချင်နေတာလဲ?”
ရှူဟန်ယွီကသူ၏စကားများကို လျစ်လျူရှုကာ ရှူကျင်ထျန်းဆီသို့ တစ်လှမ်းချင်းလျှောက်လာလေသည်။
ထိုလူကခြေတစ်လှမ်းတိုးလာတိုင်း ရှူကျင်ထျန်းကခြေတစ်လှမ်းဆုတ်မိနေသည်မှာ နောက်ဆုံးလုံးဝဆုတ်လို့မရတော့သည့် အနေအထားဆီသို့ရောက်လာသည်။
ရှူကျင်ထျန်း၏နောက်ကျောက ဂူနံရံနဲ့တိုက်မိသွားသောအခါ သူ့ဆီကိုလျှောက်လာနေသောလူကြီးကို မျက်လုံးပြူးလျက်ကြည့်နေမိသည်။ သူယခုကဲ့သို့တစ်ခါမှ မကြောက်ခဲ့ဖူးသေးပေ။ ပြန်ပေးဆွဲခံရသည့်အချိန်မှာတောင် အဆိုးရွားဆုံးအခြေအနေက အသတ်ခံရရုံသာဖြစ်သည်။ သို့သော်လည်း ယခုတော့သူတကယ်ကြောက်ရွံ့နေမိသည်။
ရှူဟန်ယွီကသူ့ရှေ့တွင် ရပ်လိုက်သောအခါ ရှူကျင်ထျန်းကထိတ်လန့်နေမှုကိုသည်းမခံနိုင်တော့သဖြင့် တစ်ဖက်သို့လှည့်ကာထွက်ပြေးဖို့လုပ်တော့၏။
အကင်းပါးသောရှူဟန်ယွီကလည်း ချက်ချင်းပင်ရှူကျင်ထျန်း၏လက်မောင်းကိုမြဲမြံစွာဖမ်းကိုင်လိုက်ပြီး အားဖြင့်ပြန်ဆွဲခေါ်လိုက်သည်။
ရှူကျင်ထျန်းမှာ ခလုတ်တိုက်မိပြီး ရှူဟန်ယွီ၏ရင်ဘတ်နှင့်တိုက်မိသွားချေ၏။ ဆောင့်ဆွဲခံလိုက်ရသည့် လက်မောင်းအဆစ်သည် နာကျင်လွန်းလှကာ အဆစ်လွဲခါနီးပင်ဖြစ်သွားခဲ့သည်။အဲဒီနောက်မှာတော့ ဒီလူကသူမတူထူးကဲလွန်းလှစွာ ကြီးမားပြီးရှည်လျားနေလွန်းသူကြီးဖြစ်ကြောင်းကိုရှုကျင်ထျန်းကသဘောပေါက်သွားသည်။ အရပ် ၁၈၀ စင်တီမီတာရှည်သော ရှူကျင်ထျန်းသည်ပင် ထိုလူ၏ရင်ဘတ်နားလောက်သာမှီသည်။
ရှုကျင်ထျန်း၏နှာခေါင်းမှာ ဖြူဖျော့ပြီးတောင့်တင်းခိုင်မာနေသော ရင်အုံကိုတိုက်မိသွားသဖြင့် တဖြည်းဖြည်းနာကျင်လာတော့သည်။ရှုကျင်ထျန်းက မြွေမျိုးတို့၏ ထူးဆန်းသောညှီနံ့နှင့် ရင်ဘတ်ပေါ်ရှိသွေးစီးကြောင်းများမှ သွေးနံ့များကိုလည်း ခပ်ယဲ့ယဲ့ရှူရှိုက်မိလိုက်သဖြင့် အသက်ကိုအောင့်ထားလိုက်ရင်း လွတ်မြောက်ဖို့အတတ်နိုင်ဆုံးရုန်းကန်လိုက်၏။
ရှူဟန်ယွီမှာ စိတ်မရှည်စွာဖြင့် အမ,ဖြစ်သူ၏သွယ်လျသောလည်ပင်းကိုဆုပ်ကိုင်ကာ ဂူနံရံတွင်ဖိထားလိုက်လေသည်။
“စား!”
ရှူကျင်ထျန်း၏မျက်လုံးများမှာ ပိုပြူးလာတော့သည်။ ဘာ? အဲဒီအသေကောင်ကြီးက တကယ်ကြီးငါစားဖို့လား? ငါကသူ့လိုမျိုးသားရဲကောင်ကြီးမှမဟုတ်တာ။လူတိုင်းကသူ့လိုအသားစိမ်းစားနိုင်တယ်လို့များ ထင်နေတာလား?
ရှူကျင်ထျန်းကတတ်နိုင်သမျှ နောက်ကိုအတင်းဆုပ်၍ သူ၏ခေါင်းနောက်ဘက်ကိုဂူနံရံမှာအတင်းဖိကပ်ထားလိုက်သည်။
“မစားချင်ဘူးလို့!”
ရှူဟန်ယွီကတော့ အမ,လေး၏ခုခံမှုကိုလျစ်လျူရှုလိုက်ပြီး လက်တစ်ဖက်ဖြင့်ကိုင်ထားသောသားကောင်၏အကိုက်ခံထားရသောလည်ပင်းအား အမ,လေးဆီသို့တိုးပေးလိုက်သည်။
သွေးများမှာရေတံခွန်ကဲ့သို့ဖြာကျလာပြီး ရှူကျင်ထျန်း၏ပါးစပ်ထဲသို့စီးဝင်သွားကာ ခံတွင်းတစ်ခုလုံး ပြည့်သွားလေတော့သည်။ ရှုကျင်ထျန်းကခေါင်းကိုမရပ်မနားခါကာရုန်းကန်နေသောကြောင့် ဆိုးရွားလှသော သွေးအရသာက သူ့ကို သီးသွားပြီးပျို့တက်လာစေသည်။
ရှုဟန်ယွီက မနာခံသောမိန်းမလေးအားအတင်းအကြပ်ထိန်းချုပ်ရန်ခန္ဓာကိုယ်ဖြင့်ပိုတိုး၍ဖိထားလိုက်သည်။ထို့နောက် လည်ပင်းကိုဖမ်းကိုင်ထားသောလက်ကိုနေရာပြောင်းကာ အမ,လေး၏ကြမ်းတမ်းစွာခါရမ်းနေသောဦးခေါင်းကိုထိန်းကိုင်လိုက်သည်။
ရှူကျင်ထျန်း၏တစ်ကိုယ်လုံးမှာ ထိန်းချုပ်ခံထားရသဖြင့် ပါးစပ်ထဲရှိသွေးများကိုပင် ပြန်မထွေးထုတ်နိုင်ပေ။ အော်ဂလီဆန်စရာကောင်းလှသဖြင့် သူအန်ချင်နေမိသည်။ ပါးစပ်ထဲသို့ အဆက််မပြတ်စီးဝင်လာသောသွေးတို့က သူ့အားထပ်ခါထပ်ခါမြိုချဖို့သာ ဖိအားပေးနေလေသည်။ ထိုကဲ့သို့ဆိုလျှင်တောင်မှ ဆက်တိုက်ဝင်လာသောသွေးများကို အချိန်မီမမြိုချနိုင်သေးသဖြင့် ထပ်သီးသွားပြန်ကာ နာကျင်စွာချောင်းဆိုးမိလေသည်။
ထိုအခါမှသာ ရှူဟန်ယွီက လက်ထဲကသားကောင်ကို ခဏဖယ်လိုက်ပြီး ရှူကျင်ထျန်းအနည်းငယ်အဆင်ပြေလာသောအခါ နောက်တစ်ခေါက်အတင်းတိုက်ပြန်သည်။
ပါးစပ်ထဲမှလျှံကျလာသောသွေးများက သူ၏ရှပ်အင်္ကျီပေါ်သို့ စီးကျလာရာ မကြာမှီမှာပင် သူ့ရှပ်အင်္ကျီကသွေးများဖြင့် စိုရွှဲသွားတော့သည်။
သားကောင်၏သွေးများရှောရှောရှူရှူထွက်မလာတော့မှသာ ရှူဟန်ယွီက အမ,လေးကိုလွှတ်ပေးလိုက်ပြီး သားကောင်ကိုလည်းအမှိုက်တစကဲ့သို့ ဘေးဘက်ကိုလွှင့်ပစ်လိုက်တော့သည်။
“အွတ်! အု-“
လွတ်မြောက်သွားသည်နှင့်တစ်ပြိုင်နက် ရှူကျင်ထျန်းကဂူထောင့်လေးတွင် ဒူးထောက်ကာအန်ချမိတော့သည်။
ရှူဟန်ယွီကအေးစက်စက်ကြည့်ကာ ပြောလိုက်သည်။
“အန်ပြီးရင် ထပ်စား!”
ရှူဟန်ယွီ၏အသံမှာ ပုံမှန်ဆိုလျှင်ချိုသာနေသော်လည်း ယင်းက အေးစက်သောလေသံကိုတော့ မဖုံးကွယ်ထားနိုင်ခဲ့ပါချေ။
ရှူကျင်ထျန်းမှာ ဆက်မအန်တော့ဘဲ ခဏရပ်လိုက်သည်။ အချိန်တစ်ခုကြာသောအခါ ရှူဟန်ယွီအားတဖြည်းဖြည်းလှည့်ကြည့်လိုက်သည်။သူ၏မျက်နှာမှာလည်းခါးသီးမှုတို့အပြည့်ဖြစ်နေသည်။
“လွန်လွန်ကျူးကျူးတွေ လုပ်မနေနဲ့ ! မင်းမှာကိုယ်ချင်းစာစိတ်မရှိဘူးလား? ဘာကြောင့်များ ငါ့ကိုသွေးတွေအတင်းသောက်ခိုင်းနေတာလဲ?”
မျက်နှာအမူအရာကင်းမဲ့နေသော ရှူဟန်ယွီကို မုန်းတီးစွာစိုက်ကြည့်ရင်း ရှူကျင်ထျန်းက ဒေါသပိုထွက်လာသည်။
“ဟား! ဒါပေါ့။ မင်းကအစတည်းက လူမှမဟုတ်တာပဲ။ ဘယ်လိုလုပ် စာနာတတ်တဲ့စိတ်ရှိမှာလဲ?! မင်းကစက်ဆုပ်စရာကောင်းလွန်းတဲ့ မကောင်းဆိုးဝါးကြီး!”
ထိုလူကကြမ်းကြုတ်သော အကြည့်ဖြင့်ပြန်ကြည့်လာသည်ကို မြင်သောအခါ ရှူကျင်ထျန်းကလက်စားချေမှုအောင်မြင်သွားခြင်းအတွက် စိတ်လှုပ်ရှားလာတော့သည်။ ဆဲရေးတိုင်းထွာခြင်းက ထိုလူ့အပေါ်မည်သို့မျှသက်ရောက်မည်မဟုတ်မှန်းသိနေသော်လည်း အခုသူ့စိတ်အခြေအနေက ဟိုးအောက်ဆုံးကိုရောက်နေပြီဖြစ်သည့်အတွက် စိတ်ပြန်တည်ငြိမ်သွားစေဖို့ရာ ဤကဲ့သိို့သောသေးငယ်သည့်လက်တုန့်ပြန်မှုများနှင့်သာ မပျော်ရွှင်မှုများကိုဖယ်ရှားနေရသည်။
ရှူဟန်ယွီ၏လက်ဝါးကြီးက ရှူကျင်ထျန်းကို ဖမ်းဆုပ်၍ကိုင်လိုက်သောအခါ ရှူကျင်ထျန်းတစ်ယောက်နှလုံးခုန်တို့ပြန်မြင့်တက်လာပြီး ဆဲရေတိုင်းထွာခြင်းများကိုရပ်လိုက်တော့သည်။ ကြောက်ရွံ့လာကာ ပါးစပ်မှလည်းသတိလက်လွတ်ပြန်ပြောမိတော့သည်။
"မင်းကအခုဘာလုပ်ချင်ပြန်ပြီလဲ?"
ရှူဟန်ယွီလည်း အမဖြစ်သူကိုကြည့်ကာ သူ့ရဲ့ထူးဆန်းသောအဝတ်များကို ကြမ်းကြမ်းရမ်းရမ်းဆွဲချွတ်ဖို့လုပ်တော့သည်။
သူဘာလုပ်ချင်နေမှန်း ရှူကျင်ထျန်းကမသိသေးသော်လည်း အဝတ်များကိုချွတ်ခြင်းကတော့ သူအရှေ့ကခံလာခဲ့ရသောအရာများနှင့်ယှဉ်လျှင် သူ့ကိုဘာမှမထိခိုက်စေသဖြင့် မလိုအပ်သောခုခံမှုများကိုမလုပ်တော့ပေ။
သူ့အဝတ်အစားများကလည်း သွေးများရွှဲစို၍ညစ်ပတ်နေလေသည်။ ရှူဟန်ယွီကသူပိုင်ဆိုင်သောအရာများညစ်ပတ်နေသည်ကို အကြိုက်မတွေ့တတ်သောသူဖြစ်သဖြင့် ရှူကျင်ထျန်း၏အဝတ််များကို ဆွဲချွတ်တော့သည်။
အဝတ်များက ဘောင်းဘီချွတ်တုန်းကနှင့်ယှဥ်လျှင် ချွတ်ရမလွယ်ကူလှပေ။ တင်းတင်းကျပ်ကျပ်ထုပ်ပိုးထားပြီး သူဆွဲဖွင့်လို့ရသည့်နေရာဟူ၍မရှိပေ။ အပေါ်ကိုဆွဲမ,ခြင်းသည် အမဖြစ်သူ၏ လက်မောင်းများနှင့်ငြိနေစေပြီး ဆွဲချသောအခါတွင်လည်း လည်ပင်းနားကတစ်နေပြန်သည်။
ရှူကျင်ထျန်းကသူ့အားအထင်သေးစွာဖြင့်ကြည့်လိုက်ပြီး ရှူဟန်ယွီတစ်ယောက် နံရံကိုခေါင်းဖြင့်တိုက်နေသည်ကို လူရွှင်တော်တစ်ယောက်ကိုကြည့်နေသကဲ့ မတ်တပ်ရပ်ကာအရသာခံကြည့်နေတော့သည်။ သူကလုံးဝမလှုပ်ရှားဘဲ ထိုလူအားသူ၏အဝတ်များကိုဖယ်ရှားဖို့ကြိုးစားခြင်းကို ခွင့်ပြုထားလေ၏။
အချိန်အတော်ကြာသည်အထိ ရှူဟန်ယွီကချွတ်လို့မရတော့သောအခါ ထိုအဝတ်များအားဆွဲဖြဲဖို့လုပ်တော့သည်။
ထိုအခါ ရှူကျင်ထျန်းကလည်း ငြိမ်ထိုင်မနေနိုင်တော့ဘဲ ကိုယ့်ကိုယ်ကိုလက်နှစ်ဖက်နှင့်အမြန်ကာထားလိုက်သည်။
“မလုပ်နဲ့ ! ငါ့ပါသာချွတ်မယ်။”
ငါ့မှာအဝတ်အစားဆိုလို့ဒီတစ်စုံပဲရှိတော့တာလေ။ဒါပါမရှိတော့ရင်ရှေ့လျှောက်ငါကနေ့တိုင်းဖင်တုံးလုံးနဲ့နေသွားရတော့မှာမလား?
ရှူဟန်ယွီကလက်လွှတ်ပေးလိုက်ကာ ရှူကျင်ထျန်းအားအေးစက်စက်ကြည့်လာသည်။
ရှူကျင်ထျန်းလည်းအချိန်ဆွဲမနေရဲတော့ဘဲ အဝတ်အစားတွေကိုခပ်မြန်မြန်ချွတ်ပေးလိုက်သည်။
သူ့မှာနဂိုကမှ ရှပ်လက်ရှည်တစ်ထည်နှင့် ဂျက်ကက်တစ်ထည်သာဝတ်ဆင်ထားခဲ့သည်ဖြစ်ရာ ၎င်းတို့ကိုချွတ်လိုက်သောအခါ ရှူကျင်ထျန်းသည်လည်း ရှူဟန်ယွီကဲ့သို့ မိမွေးတိုင်းဖမွေးတိုင်းသာကျန်လေတော့သည်။
ရှူကျင်ထျန်းမှာ ကိုယ့်ကိုယ်ကိုယ်လက်ဖြင့်ကာရင်း ရှူဟန်ယွီအားစိတ်ဆိုးမာန်ဆိုးကြည့်လိုက်သည်။
အပြင်ဘက်တွင် နေခြစ်ခြစ်တောက်ပူနေသော်လည်း သူတို့ကဂူအနက်ပိုင်းရှိမြေအောက်ဘက်တွင်နေရသဖြင့် အေးစိမ့်လျက်ရှိသည်။
ရှူဟန်ယွီကတော့ရှုကျင်ထျန်း၏အဝတ်များကိုယူကာ ဂူပေါက်ဝဆီသို့ခုန်တက်သွားတော့သည်။
ရှူကျင်ထျန်းမှာ ရှူဟန်ယွီ၏အံ့အားသင့်ဖွယ်လှုပ်ရှားမှုကို ကြည့်ရင်းမှင်တက်မိသွားသည်။ သူတို့နှစ်ယောက်လုံးတွင် ပုံမှန်လူသားတစ်ယောက်၏ခန္ဓာကိုယ်များရှိကြသော်လည်း ရှုဟန်ယွီကတော့ဂူဝင်ပေါက်ဆီသို့ စွေ့ခနဲ့ခုန်တက်နိုင်ပြီး အပြင်ဘက်ကိုချောချောမွေ့မွေ့ရောက်သွားပေသည်။
ရှူကျင်ထျန်းကမနာလိုစွာဖြင့် အံကြိတ်လိုက်သည်။ သူသာထိုကဲ့သို့လုပ်နိုင်မည်ဆိုလျှင် ထွက်ပြေးဖို့ရာ ပို၍လွယ်ကူသွားပေမည်။
ရှူကျင်ထျန်းကဂူပေါက်ဝ၏ အောက်ခြေနားတွင်မတ်တပ်ရပ်ကာ အပေါ်ကိုမော့ကြည့်လိုက်သည်။
ဂူဝင်ပေါက်မှတစ်ဆင့် တောက်ပနေသောကောင်းကင်ကြီးနှင့် အဖြူရောင်တိမ်စိုင်တချို့ကိုတွေ့မြင်နေရသည်။ သစ်ပင်ကြီးတစ်ပင်လည်းရှိနေပြီး ယင်းသစ်ပင်ကြီး၏ ထိပ်ဖျားသည် ဂူဝင်ပေါက်မှမြင်ရသောမြင်ကွင်းကို အနည်းငယ်ဖုံးကာထားသော်လည်း စိတ်ချမ်းမြေ့ဖွယ်စိမ်းလန်းလျက် ရှိနေသည်။
မကြာမီမှာပင် ရှူဟန်ယွီကဂူပေါက်ဝမှတစ်ဆင့်ခုန်ဆင်းလာတော့သည်။
ရှူဟန်ယွီ၏လက်များမှာ ရေစိုနေတာကိုရှုကျင်ထျန်းကသတိထားမိသွားသည်။
ငါ့အဝတ်အစားတွေကိုပြန်မယူလာခဲ့ဘူးပဲ။ငါ့အဝတ်တွေကိုသူ့ပါသာလျှော်နေခဲ့တာလား? အဲလောက်တောင်ကြင်နာတတ်တယ်ပေါ့လေ?
သူ့အဝတ်အစားများမှာ သွေးများပေကျံနေတာကို သတိရလိုက်သည်။ အကယ်၍ ရှူဟန်ယွီကသူ့အဝတ်များကို ဆွဲမချွတ်ဘူးဆိုရင်တောင် သူ့ပါသာချွတ်မိမည်ဖြစ်သည်။
ရှူဟန်ယွီခုန်ဆင်းမလာခင်က သူ့မိန်းမလေးသည် ဂူပေါက်ဝနားတွင်ရပ်ပြီး အပြင်ဘက်ကိုကြည့်နေသည်ကို တွေ့လိုက်ရသဖြင့် အပြင်ဘက်ကိုအရမ်းထွက်ချင်နေမှန်းသူသိလိုက်ရသည်။ ရှူဟန်ယွီကတွေးလိုက်သည်။
သူသာကောင်းကောင်းနေမယ်ဆိုရင် အပြင်ထွက်ကစားဖို့ငါအချိန်ပေးလိုက်မယ် !
ရှူဟန်ယွီကမိန်းမလေးကို ပွေ့ချီလိုက်ကာ မြက်ခြောက်ပုံဆီသို့သွားလိုက်ပြီး လဲလျောင်းဖို့သက်တောင့်သက်သာဖြစ်သောပုံစံကိုပြင်လိုက်သည်။
ရှူဟန်ယွီကအိပ်ချင်နေတာတောင် သူ့လက်များကတော့ ရှူကျင်ထျန်းအားတင်းတင်းကြပ်ကြပ်ဖက်ထားလေသည်။
ရှူကျင်ထျန်းကရုန်းကန်လိုက်သော်လည်း ချက်ချင်းပင်သတိပေးသည့် အကြည့်တစ်ချက်ကိုလက်ခံလိုက်ရသည်။
“အိပ်!”
အာ…
ဟုတ်ပါပြီ။ မင်းကဘာသာစကားနဲ့ပတ်သက်ပြီးဉာဏ်ကြီးရှင်ဆိုတာငါသိပါတယ်။ အတင်းကြွားဝါနေဖို့မလိုပါဘူး။ပြီးတော့လည်း မင်းကအိပ်နေတဲ့အချိိန်မှာတောင် ငါ့ကိုဖက်ထားသေးတယ်။ငါ့ကိုဖက်လုံးများထင်နေတာလား???
ရှူကျင်ထျန်းက ရှူဟန်ယွီ၏ မိုးကောင်းကင်ကိုဖီဆန်နေသော သင်ယူနိုင်စွမ်းကို ဒူးထောက်ဦးညွတ်လိုက်ရသည်။ သူတစ်ခေါက်သာထုတ်ပြောရသေးသော်လည်း ရှူဟန်ယွီကထိုစကားလုံးတစ်လုံးကို ဝါကျထဲမှသီးသန့်ခွဲခြားဆွဲထုတ်နိုင်လေသည်။ ၎င်းကပုံမှန်ဖြစ်မနေပေ။
အချိန်အကြာကြီး ညှင်းပန်းနှိပ်စက်ခံရပြီးသောအခါ ရှူကျင်ထျန်းလည်းအနည်းငယ်အိပ်ငိုက်လာသဖြင့် ရှူဟန်ယွီကဲ့သို့အိပ်ဖို့ရာ နာခံစွာဖြင့်မျက်လုံးများကိုမှိတ်လိုက်တော့သည်။
ရှူဟန်ယွီကမိန်းမလေး၏ဆံနွယ်များကို ထိကိုင်လိုက်ရင်း ကျေနပ်စွာဖြင့် သူမ,၏ခေါင်းအားသူ့လက်မောင်းပေါ်တင်၍အိပ်စေသည်။နွေးထွေးနေသောမိန်းမလေး၏ဝင်သက်ထွက်သက်များကိုခံစားမိသောအခါ သူ၏နှလုံးသားကမကြုံစဖူးကျေနပ်မှုများဖြင့်ပြည့်သွားတော့သည်။တစ်ချိန်ကတစ်ကိုယ်တည်းနေပြီးအထီးကျန်မှုများသာရှိသော ဗလာနတ္ထိသူ့ဘဝသည် ယခုမှာတော့ပြီးပြည့်စုံမှုများနှင့်ပြည့်သွားလေသည်။
အရင်တုန်းတည်းက သူတို့မျိုးနွယ်တွင်ရှိသည့် မြွေများအနေနှင့် ကြင်ဖော်ရှာခြင်းကို မဖြစ်မနေလုပ်ကြခြင်းမှာ အံ့ဩစရာမရှိပေ။ ၎င်းကဤကဲ့သို့သောခံစားချက်မျိုးအတွက်ကြောင့်ဖြစ်ပေသည်။
သူ၏မျိုးရိုးစဉ်ဆက်အမွေခံလာခဲ့သောဗီဇမှတ်ဥာဏ်အရ ကြင်ဖော်ရှာတွေ့ပြီးသည်နှင့် မိမိ၏ကြင်ဖော်အား စွဲစွဲမြဲမြဲလိုက်လံစောင့်ကြည့်တတ်သော မြွေကြီးများစွာရှိခဲ့သည်။အကြောင်းရင်းကိုယခင်ကသူမသိခဲ့သော်လည်း ထိုကြင်ဖော်တို့သည် အပြင်ကိုထွက်လည်ချင်သည်ဟုဆိုလာကြပြီး သူတို့လည်းနာခံစွာပင် သွားခွင့်ပြုခဲ့ကြသည်။ထိုသို့လွှတ်ပေးလိုက်ခြင်းကပင် သူတို့၏ကြင်ဖော်များကိုတခြားမျိုးနွယ်စုများနှင့် တွေ့ဆုံစေမိကာ ကြင်ဖော်များကယ်ဆယ်ခံရပြီးပျောက်ဆုံးသွားခြင်းကိုဖြစ်စေတော့သည်။
ရှူဟန်ယွီ၏လက်မောင်းများက သူ့မိန်းမလေးအားတင်းတင်းကျပ်ကျပ်ဖက်ကာထားလေသည်။ ဒီခံစားချက်က မြွေမျိုးနွယ်များကို နဂိုတည်းကပင် လွှမ်းမိုးထားခဲ့လေသလား? သူ့မျိုးနွယ်ဝင်တို့၏ မရေတွက်နိုင်လှသည့် စိတ်မကောင်းဖွယ်ရာအတွေ့အကြုံများကြောင့် သူကတော့၎င်းတို့ကဲ့သို့ ရူးနှမ်းသူအဖြစ်မခံနိုင်ပေ။ သူသည် သူ၏ကြင်ဖော်အား စဉ်ဆက်မပြတ်စောင့်ရှောက်ကာ ဘယ်တော့မျှလွတ်မြောက်ခွင့်ပေးမည်မဟုတ်ချေ။
“အင်း~"
ရှူကျင်ထျန်းမှာ ခပ်တိုးတိုးညည်းညူကာ သူ့မျက်နှာအား ရှူဟန်ယွီ၏အနည်းငယ်အေးစက်နေသောရင်ဘတ်နှင့် အပ်လိုက်ကာ တိုးညှင်းလှသောအသံလေးဖြင့်ပြောလိုက်သည်။
“မင်းငါ့ကိုနည်းနည်းလောက်ညင်သာပေးလို့မရဘူးလား? ငါအသက်ရှူလို့မရဘူး။”
ထိုစကားကိုကြားလိုက်သောအခါ ရှူဟန်ယွီကခွန်အားကို အနည်းငယ်လျှော့လိုက်ပြီး သူ၏မိန်းမလေးအားဖက်ထားရင်း မျက်လုံးများကို မှိတ်လိုက်တော့သည်။
မြွေမျိုးနွယ်််များသည် အအိပ်မက်လှသည်တော့မဟုတ်ချေ။ အမှန်််မှာ ပူနွေးသောရာသီများတွင် သူတို့အနေနှင့်အကြာကြီးအိပ်ဖို့မလိုအပ်ကြပေ။ သို့သော်လည်း မနေ့ညကအိပ်မောကျနေသော သူ့မိန်းမလေးအားစောင့်ကြည့်နေခဲ့ရပြီး သူအိပ်ပျော်သွားပြီးနောက်မှာလည်း ထိုအဖြူရောင်မာဖလာအကြောင်းကိုအပြင်ထွက်၍စုံစမ်းခဲ့သေးသည်။ သူပြန်ရောက်လာသောအခါ သန်းခေါင်ယံအချိန်ကိုပင်ကျော်လွန်နေသည့်အပြင် မိန်းမလေးအားဂရုစိုက်နေခဲ့တုန်းကလည်း အချိန်အများကြီးထပ်ကုန်ခဲ့သေးသည်။သူအိပ်ဖို့အခွင့်အရေးရသည့်အချိန်တွင် အရုဏ်တက်ချိန်ပင်ရောက်နေပြီဖြစ်သည်။