no

Font
Theme

Chapter 2; စပါးအုံးမြွေကြီး

မြွေသားရဲကြီးတွေဟာသွေးအေးသတ္တဝါတွေဖြစ်သောကြောင့်သားရဲနယ်မြေမှာတော့အရှားပါးဆုံးမျိုးစိတ်ဖြစ်လေသည်။သူတို့ရဲ့မိတ်ဖက်ပါတနာကလွဲပြီးသူတို့ရဲ့အရင်းနှီးဆုံးဆွေမျိုးတွေကိုတောင်မတွယ်တာသည်မှာပုံမှန်ပင်ဖြစ်သည်။ဒါကြောင့်ပဲသူတို့ရဲ့မိတ်ဖက်ပါတနာကိုမတွေ့ခင်အထိတစ်ကိုယ်တည်းအထီးကျန်စွာနေထိုင်ကြလေ့ရှိသည်။

မြွေသားရဲတွေရဲ့မျိုးပွားမှုကလည်းတခြားသားရဲမျိုးစိတ်များနှင့်ကွာခြားပေသည်။

၎င်းတို့မှာဥကနေပေါက်ဖွားကြပြီးတစ်ကြိမ်ဥလျှင်ဥ7လုံး8လုံးရှိတတ်ပြီးတခါတလေ15လုံး16လုံးအထိရှိတတ်ပေသည်။ထို့အပြင်သူတို့၏သုတ်ပိုးများကလည်းသက်တမ်းရှည်ကြပြီးမိတ်ဖက်၏ခန္ဓာကိုယ်ထဲမှာဆယ်စုနှစ် ဒါမှမဟုတ် အဲ့ထက်ပိုကြာကြာအသက်ရှင်နိုင်ကြသည်။တစ်ကြိမ်ပဲကာမ,ဆက်ဆံရင်တောင်ကြင်ဖော်အမျိုးသမီးကအကြိမ်များစွာကလေးမွေးဖွားနိုင်ပေသည်။

ယခင်အချိန်တုန်းကကြင်ဖက်ဖြစ်ဖို့အတင်းအကြပ်ဖိအားပေးခံရတဲ့အမတစ်ယောက်ကိုသူမရဲ့မျိုးနွယ်ဝင်တွေကကယ်ဆယ်ပေးခဲ့ကြသည်။အဲဒီနောက်မှာတော့ထိုအမကမြွေသားရဲကြီးနဲ့နောက်ထပ်ဘယ်တော့မှကာမစပ်ယှက်ခြင်းမရှိတော့သော်လည်း11နှစ်ကြာတဲ့အထိမြွေဥများကိုဥနေတုန်းပင်။ထိုမြွေဥများကိုလည်းဥပြီးပြီးချင်းစွန့်ပစ်ခဲ့သည်။ထိုဥများကဂရုတစိုက်စုစည်းပြီးဥဝပ်ခြင်းမခံရလျှင်တောင်မြွေသားရဲများဖြစ်လာဆဲဖြစ်သည်။

ထိုမျိုးပွားခြင်းစွမ်းရည်ကမြွေသားရဲများ၏အရေအတွက်ကိုအံ့သြဖွယ်တိုးပွားစေနိုင်သောအကြောင်းရင်းဖြစ်သည်။သို့သော်လည်းလက်တွေ့မှာတော့မြွေသားရဲတွေကသားရဲမျိုးနွယ်စုထဲမှာအရှားပါးဆုံးမျိုးစိတ်ဖြစ်နေဆဲဖြစ်သည်။

ထိုအကြောင်းအရာ၂ခုကဆန့်ကျင်ဘက်ပင်ဖြစ်သည်။မိုးကောင်းကင်ကိုတောင်လွန်ဆန်လုနီးပါးဖြစ်နေသောမျိုးပွားနည်းနှင့်မျိုးဆက်သစ်အရေအတွက်များသော်လည်းသူတို့ကအသိဥာဏ်မရှိသောမြွေများသာဖြစ်ပြီးလူသားအသွင်သို့မပြောင်းလဲနိုင်ပေ။၎င်းတို့ထဲမှတစ်ထောင်မှာတစ်ကောင်သာလူအသွင်သို့ပြောင်းလဲနိုင်ပေသည်။လက်ရှိသားရဲနယ်မြေထဲတွင်မြွေသားရဲအရေအတွက်မှာ100ထက်မပိုပေ။

မြွေသားရဲများသည်တစ်ကိုယ်တည်းနေကြသောကြောင့်မိတ်ဖက်ရှာရန်နည်းလမ်းလည်းသိပ်မရှိကြပါချေ။သူတို့သည်တခြားသားရဲများကဲ့သို့ပင် မိတ်ဖက်အမျိုးသမီးများကိုအင်အားသုံး၍အတင်းအကြပ်ဖမ်းယူလေ့ရှိသည်။

အမျိုးသမီးများကိုဖမ်းယူပိုင်ဆိုင်ခြင်းကသူတို့အတွက်တော့အများကြီးတွေးစရာမလိုဘဲထိုသို့လုပ်ရန်မျိုးရိုးစဥ်ဆက်ပါလာသောမိရိုးဖလာမှတ်ဉာဏ်တစ်ခုမျှသာဖြစ်သည်။မြွေလေးများကသူတို့၏အဖေဆီမှအများကြီးမသင်ယူနိုင်သေးခင်တစ်လသားအရွယ်မှာပင်သူတို့၏အဖေဆီမှစွန့်ပစ်ခံရမည်ဖြစ်သည်။ထို့အပြင်သူတို့မှာဤသားရဲနယ်မြေထဲတွင်ရှင်သန်ရန်နည်းလမ်းကိုအလိုအလျောက်သိနိုင်သည့်မျိုးရိုးစဥ်ဆက်ပါလာသောဗီဇမှတ်ဉာဏ်ရှိပေသည်။

အစိမ်းရင့်ရောင်စပါးအုံးမြွေကြီးကလည်း​ငယ်ရွယ်နေဆဲမြွေ​ပျိုတစ်ကောင်ဖြစ်ပြီးအရွယ်ရောက်လာသည်မှာမကြာသေးပေ။ထို့အပြင်သူကအမတစ်ကောင်ကိုရှာဖမ်းရန်မစီစဥ်ရသေးခင်မှာပင်ကောင်းကင်ဘုံကသူ့အတွက်လှပတဲ့အမတစ်ကောင်ကိုစီစဥ်ပေးခဲ့ပြီဖြစ်သည်။

မြွေကြီးကရှုကျင်ထျန်းကိုသယ်ပြီးသူ၏ဂူသို့ပြန်လာကာသူအိပ်စက်နေကျအသိုက်ထဲမှာရှုကျင်ထျန်းကိုချထားလိုက်သည်။အဲဒီနောက်မှာတော့သူသယ်လာခဲ့သောထိုထူးဆန်းတဲ့အမကိုသိချင်စိတ်ပြင်းပြစွာဖြင့်စူးစမ်းတော့သည်။

အမွှေးပွပွဘောလုံးလေးလိုအမဲရောင်ဆံပင်တိုတွေကသူတွေ့ဖူးသမျှသားရဲတွေ၊အမတွေအကုန်လုံးနှင့်လုံးဝခြားနားပြီးပြိုင်ဘက်ကင်းဖြစ်နေသည်။ထိုအမ၏အသားအရည်ကလည်းဖြူဖျော့ပြီးနူးညံ့နေပေသည်။ထိုသူကမြွေသားရဲတွေလိုလှတာမျိုးမဟုတ်တာတောင်သူမြင်ဖူးသမျှအမတွေထက်အများကြီးပိုလှနေချေ၏။

ရှုကျင်ထျန်းရဲ့နှုတ်ခမ်းတွေကနီရဲဖောင်းကြွနေပြီးအိပ်ပျော်နေချိန်မှာတောင်အလွန်လှပနေတုန်းပင်ဖြစ်သည်။သူ့ရဲ့နှုတ်ခမ်းတွေကနှုတ်ခမ်းနီဆိုးထားတဲ့မိန်းကလေးတွေထက်ပင်ပိုလှနေသည်မှာမနာလိုချင်စရာဖြစ်သည်။

မြွေသားရဲကြီးကရှုကျင်ထျန်းကိုကြည့်ရင်းသူ့မျက်လုံးတွေကရှုကျင်ထျန်း၏နှုတ်ခမ်းတွေဆီကိုတဖြည်းဖြည်းရောက်သွားလေသည်။ထို့နောက်သူ၏ခရင်းခွသဖွယ်မြွေလျှာလေးကိုထုတ်ပြီးရှုကျင်ထျန်းရဲ့နှုတ်ခမ်းတွေကိုမဝံ့မရဲထိကြည့်လိုက်သည်။

ကောင်းလိုက်တာ...နွေးနေတာပဲ

​မြွေကြီးရဲ့အစိမ်းရောင်မျက်လုံးတွေကတလက်လက်တောက်ပလာပြီးသူ၏ကြီးမားသောခေါင်းကြီးကိုရှေ့သို့ထပ်တိုးကာနှစ်ခြိုက်စွာအိပ်ပျော်နေသောအမကိုလျှာဖြင့်လျက်တော့သည်။သူ၏ပါးလျသောခက်ရင်းခွပုံစံလျှာကိုအမ၏နှုတ်ခမ်းလွှာကြားကအမြှောင်းကိုထိုးခွဲကာဖြည်းဖြည်းချင်းထိုးသွင်းလိုက်သည်။

ရှုကျင်ထျန်းကသူ၏ရင်ဘတ်မှာမသက်မသာဖြင့်မွန်းကြပ်နေပြီးအနည်းငယ်အသက်ရှူရခက်လာသောကြောင့်ပါးစပ်ကိုကျယ်ကျယ်ဖွင့်ပြီးအသက်ရှူရန်ကြိုးစားခဲ့သော်လည်းအသက်ရှူမဝဖြစ်နေဆဲပင်။

ချီးပဲ ! အသက်ရှူရတာတောင်မလွယ်ဘူး...

သူ့မျက်ခွံတွေကိုမဖွင့်ခင်မှာဘဲရှုကျင်ထျန်းရဲ့ဦးနှောက်ကသတိဝင်လာပြီးစတင်အလုပ်လုပ်တော့သည်။သားရဲကောင်ကြီးကိုသတ်ပြီးနောက်မဆေးကြောရသေးခင်မှာပင်အကြောက်လွန်ပြီးသတိလစ်သွားခဲ့တာကိုသူပြန်မှတ်မိလာခဲ့သည်။တခြားသားရဲကောင်ကြီးတွေကိုက်တာခံရပြီးမသေရသေးလို့သူကတကယ်ကံကောင်းတဲ့ကောင်လေးပဲဖြစ်မယ်။

ဒါပေမယ့်လည်းသူတကယ်ကိုက်သတ်ခံရပြီးသေသွားတာမှကံကောင်းဦးမယ်လို့မျက်လုံးဖွင့်ဖွင့်ချင်းတွေးမိမယ်ဆိုတာယောင်လို့တောင်မထင်ခဲ့မိဘူး။မင်းမေဠိုး...ဒီစပါးအုံးမြွေကြီးကဘာလို့တစ်ကိုယ်လုံးကိုပတ်ထားတာတုန်း?

လက်ရှိမှာတော့သူနောက်တစ်ကြိမ်ထပ်ပြီးမေ့မျောသွားဖို့ကိုသာဆန္ဒရှိတော့သည်။

သို့သော်လည်းသူ့ရဲ့ကျန်းမာကြံ့ခိုင်လွန်းတဲ့ခန္ဓာကိုယ်ကတော့သူ့ဆန္ဒသေးသေးလေးကိုတောင်မလိုက်လျောနိုင်တော့ပါချေ။

ရှုကျင်ထျန်းကကြောက်လန့်တကြားဖြင့်ကျယ်လောင်စွာအော်ငိုခဲ့ပြီးချက်ချင်းပင်သတိဝင်လာကာပါးစပ်ကိုပိတ်ထားလိုက်သည်။သူကနာခံစွာဖြင့်ရုန်းကန်လှုပ်ရှားနေတာကိုရပ်လိုက်ပြီးသူ၏ခန္ဓာကိုယ်ကိုတောင့်ထားလိုက်သည်။သူကတည်ငြိမ်နေပုံပေါက်ပေမယ့်သူ့နှလုံးကတော့ပြင်းပြင်းထန်ထန်ခုန်လှုပ်နေကာလည်ချောင်းထဲကနေထွက်ကျတော့မလိုတောင်ဖြစ်နေသည်။

သို့သော်လည်းနောက်ကျသွားချေပြီ။အစောပိုင်းကနှစ်ခြိုက်စွာအိပ်ပျော်နေသောစပါးအုံးမြွေကြီးကအခုတော့နိုးသွားပြီဖြစ်သည်။သူ၏ရီဝေနေသောမျက်ဝန်းများကအိပ်မက်မှလန့်နိုးလာဟန်ဖြစ်နေပြီးသူ၏ကြီးမားလေးလံသောခေါင်းကြီးဟာလည်းတဖြည်းဖြည်းထောင်လာလေ၏။သူ၏ခန္ဓာကိုယ်ကလည်းအနည်းငယ်မတ်လာပြီးသူ၏ခေါင်းကိုလှည့်ကာရှုကျင်ထျန်းကိုမြဲမြံစွာစိုက်ကြည့်လိုက်သည်။

မူလကရှုကျင်ထျန်းသည်တွားသွားသတ္တဝါများကိုကြောက်တတ်သူဖြစ်သော်လည်းယခုမှာတော့သေရေးရှင်ရေးအခြေအနေမှာပိတ်မိနေတာတောင်ဤမြွေကြီးကိုလှလိုက်တာဟုတိတ်တိတ်လေးမချီးကျူးဘဲမနေနိုင်ခဲ့ပါချေ။

သူနှင့်မီတာအနည်းငယ်သာကွာတော့သောမြွေဦးခေါင်းကြီးကအစိမ်းရင့်ရောင်ဖြစ်ပြီးအရေပြားပေါ်မှအကြေးခွံတွေကအရောင်ဖျော့ကာထိုပေါ်မှထင်ရှားသောအကွက်တွေကတော့မြင်သာပေသည်။မြွေကြီး၏ဦးခေါင်းကရေစက်ပုံစံဖြစ်ပြီးတခါတရံသူ၏ခက်ရင်းခွပုံသဏ္ဍာန်လျှာကိုပြူတစ်ပြူတစ်ထုတ်ရင်းထိတ်လန့်စရာကောင်းသောဖြူဖွေးသည့်အစွယ်နှစ်ချောင်းကိုမြင်သာအောင်ပြနေလေသည်။မျက်လုံးများကကြီးမားဝိုင်းစက်နေပြီးမျက်ဆံများကမြစိမ်းရောင်တောက်နေသည်။မညီမညာအလျားလိုက်ဖြစ်နေသောအစင်းကြောင်းများကအလယ်တွင်ရှိနေသော်လည်းပုံစံများကလှပနေပြီးမျက်ဆံများ၏အရောင်နှင့်လိုက်ဖက်ညီနေလေသည်။

မြွေကြီး၏မျက်လုံးများကသလင်းကျောက်အလွှာတစ်ခုထဲတွင်ရှိနေသကဲ့သို့တဖိတ်ဖိတ်တောက်နေပြီးရှုကျင်ထျန်း၏ကြောက်ရွံ့နေသောလက်ရှိပုံရိပ်ကရောင်ပြန်ဟပ်နေခဲ့သည်။

ရှုကျင်ထျန်းကတွေးတောခဲ့သည်။"ဒီတစ်ခါတော့ငါတကယ်သေတော့မှာပဲ။"စပါးအုံးမြွေကြီးတွေဟာသူတို့ရဲ့သားကောင်ကိုမျိုချပြီးအစာအိမ်ထဲမှာဖြည်းဖြည်းချင်းအစာခြေကြသည်။ထိုနည်းလမ်းဖြင့်သေရမည်ကိုတွေးလိုက်ရုံဖြင့်သူ့ကိုကြောက်ရွံ့မှုတို့ဖြင့်တုန်ရင်လာစေသည်။

ရှုကျင်ထျန်းကစပါးအုံးမြွေကြီး၏ပါးစပ်ထဲသို့မရောက်မှီသူ့ကိုယ်သူဓါးနဲ့ထိုးလိုက်သင့်လားဟူ၍ပင်တွေးတောမိချေ၏။

မြွေကြီးကခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ခွေလိုက်ပြီးခေါင်းကသူ့မျက်နှာနားသို့ပိုနီးကပ်လာနေသည်။နီးကပ်လွန်းလို့မြွေကြီးရဲ့ဝင်သက်ထွက်သက်ကသူ့မျက်နှာကိုရိုက်ခတ်နေပြီးသူ့မျက်နှာပေါ်ကအရေပြားကိုခြောက်သွေ့စေတာကိုတောင်ရှုကျင်ထျန်းကရှင်းရှင်းလင်းလင်းခံစားလို့ရနေသည်။

သို့သော်လည်းရှုကျင်ထျန်းကိုအံ့သြစေသောအရာကတော့​သူမျှော်လင့်ထားသလိုမျိုးမြွေကြီးဆီမှနံစော်နေတဲ့အနံ့အသက်ကိုရမနေဘဲဆန့်ကျင်ဘက်အနေဖြင့်လန်းဆန်းစေသောအနံ့ဖျော့ဖျော့ကိုသာရနေသည်။

မြွေကြီး၏ရစ်ခွေထားမှုပိုမိုတင်းကြပ်လာသည်နှင့်အမျှရှုကျင်ထျန်းက"အဆုံးသတ်ပြီပဲ"ဟုတွေးလိုက်သည်။သူ၏လက်တစ်ဖက်ဖြင့်ဓါးကိုရှာရန်မသိမသာစမ်းလိုက်သည်။

သူသာမြွေကြီးကိုခေါင်းဖြတ်လိုက်နိုင်ရင်အသက်ရှင်သန်ဖို့အခွင့်အရေးရကောင်းရနိုင်မည်ဖြစ်ပြီးမြွေကြီးကိုမသတ်နိုင်ပါကသူအသတ်ခံရမည်ဖြစ်သည်။

ရှုကျင်ထျန်းကစိတ်ထဲတွင်ဖြစ်ခဲ့ပြီးသမျှနှင့်ရှေ့ဆက်ဖြစ်မည့်အရာများကိုချင့်ချိန်တွက်ချက်နေသော်လည်းသူသတိလစ်မသွားခင်ကအချိန်ကိုသေသေချာချာမမှတ်မိတော့ပေ။သူ့ခါးမှာထိုးထားသောဓါးမြှောင်မှာလုံးဝပျောက်ဆုံးသွားပြီဖြစ်သည်။

မယုံနိုင်စွာဖြင့်ထပ်ခါထပ်ခါရှာဖွေခဲ့သော်လည်းရှာမတွေ့ပါချေ။

ထိုအချိန်တွင်သူ၏မျက်လုံးထောင့်စွန်းမှတစ်ဆင့်ရင်းနှီးနေသောအရောင်တချို့ကိုမြင်လိုက်ရပြီး၎င်းမှာသူချွတ်ထားသောအဝတ်များဖြစ်နေခဲ့သည်။

ထို့အပြင်သူ၏ခါးမှာရှိနေသင့်သောဓါးကလည်းအဝတ်များအနီးမှာရှိနေခဲ့သည်။

???

ဘာတွေဖြစ်နေတာလဲ?ငါ့ကိုစားချင်ရုံပဲဆိုရင်ဘာလို့ငါ့အဝတ်တွေကိုပြန်ယူလာခဲ့တာလဲ?ငါ့ရဲ့လက်နက်ကိုတောင်ထုတ်ထားလိုက်သေးတယ်။ဒါကြီးကမမိုက်ပါဘူးကွာ။

ရှုကျင်ထျန်းကသံသယဖြစ်နေခဲ့ပြီးစပါးအုံးမြွေကြီးကိုကြောက်လန့်တကြားကြည့်လိုက်သည်။

မြွေကြီးမှာစိတ်ကြည်နေပြီးရှုကျင်ထျန်းကိုပတ်ထားသောသူ၏ခန္ဓာကိုယ်ကိုအနည်းငယ်ဖြေလျှော့ထားခဲ့သည်။

သို့်သော်လည်းအခုမှာတော့ရှုကျင်ထျန်းကမြွေကြီး၏ခန္ဓာကိုယ်ကသူ့ကိုအသက်ရှူရခက်ခဲလာအောင်​ပိုပြီးတင်းတင်းကြပ်ကြပ်ရစ်ပတ်လာတာကိုသာခံစားမိခဲ့သည်။

စတော့မှာလား?ဟင့်အင်း ဒီလိုမျိုးနာနာကြင်ကြင်နဲ့မသေချင်ဘူး !

အမ,လေး၏မျက်နှာအနီရောင်ပြောင်းလာသည်ကိုမြင်လိုက်ရသောအခါမြွေကြီးမှာဘာတွေဖြစ်နေသည်ဆိုတာကိုအချိန်နှောင်းစွာနားလည်သွားပြီးသူ၏ခွန်အားကိုလျှော့ချလိုက်ကာမြေပြင်ပေါ်တွင်လဲကျနေပြီးအသက်ပြင်းထန်စွာရှူနေသောအမ,လေးကိုစိတ်မကောင်းဖြစ်စွာကြည့်နေသည်။

သူ၏အပြစ်ရှိစိတ်ကြောင့်အမ,လေးသတ်ထားသောသားကောင်ကိုကိုက်ယူလာပြီးသူမ၏ရှေ့သို့ပစ်ချပေးလိုက်သည်။

ရှုကျင်ထျန်းကမောဟိုက်စွာဖြင့်ခေါင်းငုံ့ထားပြီးသူ့ဦးနှောက်ထဲမှာလည်းမရပ်မနားတွေးတောနေလေသည်။

ဘာတွေဖြစ်နေတာလဲ?မြွေကြီးကရုတ်တရက်ကြီးဗိုက်မဆာတော့လို့ငါ့ကိုညနက်မှအဆာပြေစားဖို့ ဒါမှမဟုတ် မနက်ဖြန်အတွက်မနက်စာအဖြစ်ချန်ထားချင်တာလား?

အကြောင်းရင်းကိုသူရှာမတွေ့မီမှာပဲရုပ်ပျက်ဆင်းပျက်ဖြစ်နေသောသားရဲအသေကောင်ကြီးကိုသူ့ရှေ့သို့ပစ်ချခံလိုက်ရသည်။စူးရှညှီစို့နေတဲ့သွေးနံ့ကသူ့နှာခေါင်းဆီသို့ပြင်းပြင်းထန်ထန်ရိုက်ခတ်လာပြီးရှုကျင်ထျန်းကအသက်တောင်မရှူနိုင်ဖြစ်သွားလေသည်။

မြွေကြီး၏ရည်ရွယ်ချက်ကိုနားမလည်နိုင်ဖြစ်နေသောသူ့ဆီသို့​လျှောတိုက်တွန့်လိမ်ကာလာနေသော​စပါးအုံးမြွေကြီးကိုရှုကျင်ထျန်းကသံသယဖြစ်စွာကြည့်လိုက်သည်။

ဒီမြွေကြီးကသူ့ရဲ့သားကောင်တွေကိုတစ်နေရာတည်းမှာသိမ်းထားချင်နေတာများလား?

ဒါမှမဟုတ်...သူစားဖို့အတွက်မဟုတ်တာများလား?

ဖြစ်နိုင်တာကတော့မြွေကြီးမှာသူ့ကိုသတ်လိုစိတ်မရှိသောကြောင့်အလိုလိုသိစိတ်အရရှုကျင်ထျန်း၏စိတ်ထဲမှာအတွေးတစ်ခုပေါ်လာလေသည်။ဒီစပါးအုံးမြွေကြီးကငါ့ကိုအစာကျွေးချင်နေတာပဲ!

ရှုကျင်ထျန်းကမေးခွန်းမေးရန်သူ၏ကြောက်ရွံ့နေသောနှလုံးခုန်သံကိုဖုံးကွယ်ပြီးလည်ချောင်းရှင်းလိုက်သည်။

(T/N ; တအားကြောက်နေလို့နှလုံးခုန်သံကျယ်လာတာကိုတစ်ဖက်လူမကြားရအောင်ချောင်းဟန့်လိုက်တာမျိုးလို့ထင်တာပဲ)

"ဟေး ! မြွေအကိုကြီး ... ဒါကငါ့အတွက်လား? "

ဒါပေမယ့်လည်းသူ့ကိုယ်သူတောင်မလှည့်စားနိုင်အောင်ကိုပဲလေသံကကြောက်ရွံ့တုန်လှုပ်နေသောလေသံဖြစ်နေခဲ့လေသည်။

မြွေကြီးကသူ၏ခေါင်းကိုစောင်းလိုက်ကာတွေးနေသည်။ဒါကဘယ်လိုဘာသာစကားလဲ?ငါဘာလို့အရင်ကဒီလိုဘာသာစကားမျိုးကိုမကြားဖူးရတာလဲ?ငါ့ရဲ့မျိုးရိုးဗီဇမှတ်ဥာဏ်ထဲမှာတောင်အဲလိုထူးဆန်းတဲ့စကားသံမျိုးမရှိဘူး။

မြွေကြီးကသူ၏ကြီးမားသောခေါင်းကြီးကိုအသုံးပြုပြီးမြေပြင်ပေါ်ကသားကောင်ကိုတွန်းပို့လိုက်ကာသူ၏မျက်လုံးတွေကတော့ရှုကျင်ထျန်းအားအစာစားရန်ညွှန်ပြနေလေသည်။

သေချာပြီ!

မြွေကြီးမှာသားကောင်တွေအများကြီးရှိလို့တစ်ခါတည်းနဲ့အကုန်စားနိုင်မှာမဟုတ်ဘူး။အသတ်ခံထားရတဲ့သားကောင်ကလည်းအချိန်အကြာကြီးထားပြီးပြီမိုလို့မလတ်ဆတ်တော့ဘူးလေ။ဒါကြောင့်သားရဲအသေကောင်ကိုအသက်ရှင်နေတဲ့သားကောင်ဆီအစာကျွေးဖို့တိုက်ရိုက်သုံးလိုက်တာပဲ။မြွေကြီးသာဗိုက်ဆာလာရင်ငါ့ဘဝကအဆုံးသတ်သွားမှာပဲ။

ထိုကဲ့သို့နားလည်သွားသောရှုကျင်ထျန်းကသားရဲအသေကောင်ကိုဘေးသို့တွန်းထုတ်ကာသူဗိုက်မဆာကြောင်းဖော်ပြရန်သူ၏ခေါင်းကိုဆက်တိုက်ခါယမ်းလိုက်သည်။

"ဟီးဟီး ကျေးဇူးတင်ပါတယ် ဒါပေမယ့်ငါကအသားမစားတာမိုလို့ဒီဟာကိုမင်းပါသာပဲစားလိုက်ပါ"

မြွေကြီးဗိုက်ပြည့်တဲ့ထိစားရင်အကောင်းဆုံးပဲ။အဲလိုဆိုငါထွက်ပြေးဖို့အချိန်ပိုရလိမ့်မယ်။

သူဒါကိုမကြိုက်ဘူးလား?

မြွေကြီး၏မိရိုးဖလာဗီဇမှတ်ဥာဏ်မှာအသုံးဝင်သောအချက်အလက်အများအပြားရှိနေသော်လည်းအကုန်လုံးကိုတော့မမှတ်မိနိုင်ပေ။

အမ,တစ်ကောင်ကဘယ်လိုအရသာမျိုးနှင့်အသားကိုစားရတာကြိုက်လဲဆိုတာကိုသေချာတွေးတောနေရင်းမြွေကြီးမှာမရေမရာဖြစ်နေလေသည်။

မြွေကြီးကထိုအမ၏ခန္ဓာကိုယ်ကိုအစုန်အဆန်ကြည့်ရင်းတွေးလိုက်သည်။

သူ့ရဲ့ကြွက်သားတွေကအချိုးအစားပုံစံတကျရှိပြီးကျန်းမာနေတဲ့ပုံပေါက်ပေမယ့်သူ့ရဲ့အရွယ်အစားကတခါတလေမှမြင်ခဲ့ရဖူးတဲ့တခြားအမတွေထက်တောင်သေးကွေးပြီးနူးညံ့နေသေးတယ်။ဒါပေမယ့်သူကဒီလိုခန္ဓာကိုယ်သေးသေးလေးနှင့်ရပ်တည်နေနိုင်ပါ့မလား?

မြွေကြီး၏အစိမ်းရောင်မျက်ဆံများမှာတောက်ပနေပြီးရှုကျင်ထျန်း၏ခန္ဓာကိုယ်ကိုသုံးသပ်နေချေ၏။

သူ့ကိုသာအစာများများပိုကျွေးလိုက်​ရင်နည်းနည်းလောက်ပိုပြီးခန္ဓာကိုယ်ကြီးထွားလာမလား?

ရှုကျင်ထျန်းခမျာ သားသတ်သမားကခုတ်ထစ်ရန်ရွေးခြယ်လိုက်သောစဥ့်တီတုံးပေါ်မှအသားတုံးကဲ့သို့ခံစားလိုက်ရပြီးခေါင်းမှခြေဖျားထိတိုင်အမွှေးများထောင်သွားသကဲ့သို့ခံစားလိုက်ရသည်။အိုး...မဖြစ်ဘူး...မျိုချခံရတော့မှာပဲ!

ရှုကျင်ထျန်းကမြွေကြီးကိုသတိကြီးစွာကြည့်လိုက်သည်။ရှုကျင်ထျန်းမှာအကူအညီမဲ့နေသော်လည်းသေဖို့အတွက်စိတ်အေးလက်အေးစောင့်မနေနိုင်ပေ။

သို့သော်လည်းမမျှော်လင့်စွာဖြင့်သူ့ကိုစိုက်ကြည့်နေသောစပါးအုံးမြွေကြီးကပါးစပ်ကိုကျယ်ကျယ်ဟ,လိုက်ပြီးသူ့ကိုမျိုရမယ့်အစားမြေပြင်ပေါ်တွင်ရှိနေသောသေပြီးသား သားရဲကိုကိုက်ကာဖြည်းညှင်းစွာမျိုချလိုက်သည်။

သားရဲအသေကောင်မှာမြွေကြီး၏ဝမ်းဗိုက်ထဲသို့ရောက်သွားပြီး၎င်း၏ခန္ဓာကိုယ်ပုံစံအရာကြီးကိုပင်မြင်နိုင်ပေသည်။မြွေကြီးကမျိုချလိုက်သောကြောင့်ထိုဖုဖောင်းနေသောသားကောင်၏ခန္ဓာကိုယ်အရာကြီးမှာတဖြည်းဖြည်းလျှောကျသွားကာမြွေကြီး၏ခန္ဓာကိုယ်အလယ်ပိုင်းနေရာတွင်အဆုံးသတ်သွားချေ၏။

ရှုကျင်ထျန်းမှာသူ့ရှေ့ကမြင်ကွင်းကိုကြည့်နေရင်းသူအစားခံရလျှင်လည်းထိုကဲ့သို့မျိုချခံရပြီးမြွေကြီး၏ဗိုက်ထဲတွင်တွန်းထိုးရုန်းကန်နေရမည်ကိုမတွေးရဲဖြစ်နေ၏။

ရှုကျင်ထျန်း၏တွေးခေါ်နိုင်စွမ်းမှာရှုပ်ထွေးသွားပြီးသူ့ခန္ဓာကိုယ်ကိုမြွေကြီးပတ်ခွေလာမှသာချက်ချင်းသတိပြန်ဝင်သွားသည်။

"အား! မင်းဘာတွေလုပ်နေတာလဲ?"

ဗိုက်မပြည့်သေးဘူးလား?

ရှုကျင်ထျန်း၏နှလုံးမှာလျင်မြန်စွာခုန်လှုပ်လာပြီးသူ့မျက်စိရှေ့မှာမြင်ခဲ့ရသောမြင်ကွင်းများကိုပြန်မြင်ယောင်လာကာကြောက်လန့်တကြားတွန်းထိုးရုန်းကန်မိတော့သည်။

မြွေကြီးကမျက်မှောင်ကြုံ့လိုက်ပြီးစိတ်ကျေနပ်မှုများပျောက်ဆုံးသွားသည်။ဒီအမ,ကမလိမ္မာဘူး။အပြစ်ပေးခံချင်နေပြီထင်တယ်။

​အမ,လေး၏ခန္ဓာကိုယ်ကိုရစ်ပတ်လိုက်ပြီးတဖြည်းဖြည်းတင်းကြပ်လိုက်သည်။အမ,လေးကမရုန်းကန်တော့ဘဲသူ့ကိုအာရုံစိုက်လာမှသာခေါင်းထောင်လိုက်ပြီး​ခန္ဓာကိုယ်ကိုတွန့်လိမ်လျှောတိုက်လျက်​သူ၏မြွေသိုက်ထဲမှထွက်ခွာသွား​တော့သည်။

အမ,လေးစားဖို့အစာတစ်ခုခုထွက်ရှာမှဖြစ်မယ်။အစာစားပြီးရင်တော့သူလေးလိမ္မာသွားမယ်ထင်တယ်!

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment