Ch 3 ; ယန်သစ်သီး
ရှုကျင်ထျန်းကဤအခွင့်အရေးကိုအသုံးချပြီးမြွေသိုက်ကိုအကဲဖြတ်ကြည့်လိုက်ရာ ၎င်းမှာမြေအောက်လိုဏ်ခေါင်းဖြစ်ပြီးထွက်ပေါက်မှာအပေါ်တွင်ရှိကာဂူထဲသို့လျှောစောက်ဖြစ်နေသည်။လိုဏ်ခေါင်း၏အမြင့်မှာ3မီတာ 4မီတာခန့်ရှိကာအလွန်မတ်စောက်နေ၏။ဂူထဲတွင်တွယ်တက်စရာလည်းဘာမျှမရှိသောကြောင့်သူ့ပါသာထွက်သွား၍မရနိုင်ပါချေ။
မြွေကြီး၏ရစ်ပတ်သယ်ဆောင်နေမှုကြောင့်ရှုကျင်ထျန်းကအပြင်ရောက်လာခဲ့ရပြီးယခုအချိန်မှာလည်းနေဝင်ခါနီးပြီဖြစ်ကြောင်းကိုသူသတိထားမိသွားသည်။တစ်နေ့လည်လုံးသူကသတိလစ်နေခဲ့ခြင်းဖြစ်သည်။
ထို့အပြင်ရှုကျင်ထျန်းမထင်ထားတာကသူလာခဲ့သောနေရာမှအချိန်အရဆိုလျှင်ဤနေ့လည်ခင်းမှာခြားနားနေပေသည်။ဤနေရာ၏နေ့လည်ခင်းကကမ္ဘာပေါ်ကတစ်နေကုန်လုံးနှင့်ပင်ညီမျှသည်။
သူ၏ခန္ဓာကိုယ်မှာတင်းတင်းကြပ်ကြပ်ရစ်ပတ်သယ်ဆောင်ခံနေရပြီးရှုကျင်ထျန်းမှာရုန်းကန်ရန်မတတ်နိုင်ပါချေ။ထို့ကြောင့်ရုန်းကန်ဆန့်ကျင်ရန်မကြိုးစားတော့ဘဲ အဲဒီအစားခွန်အားကိုချွေတာရန်သာရွေးခြယ်လိုက်ရသည်။
ဒီမြွေကြီးကဘာတွေကြံစည်နေတာလဲဟ?သူချန်ထားတဲ့အစာကိုသယ်ရင်းဥယျာဥ်ထဲမှာလျှောက်လည်နေတာလား?
အမ,လေး၏နာခံမှုကမြွေကြီးကိုအလွန်စိတ်ကျေနပ်စေသည်။သူကအမ,တွေကိုသေချာပေါက်အလိုလိုက်မှာမဟုတ်ပေ။အဲတာကဘယ်လောက်တောင်ထိရောက်မှုရှိလဲဆိုတာကြည့်ပါဦး။သူကအမ,လေးကိုလွတ်မြောက်ခွင့်ပေးမှာမဟုတ်သလိုထွက်ပြေးမယ့်အတွေးတွေတွေးမှာကိုတောင်ခွင့်မပြုနိုင်ပေ။
မြွေကြီးသည်ရှုကျင်ထျန်းကိုလမ်းတလျှောက်ရစ်ပတ်သယ်ဆောင်လာပြီးသူ၏ခန္ဓာကိုယ်ကိုလည်းလုံးဝမလှုပ်ရှားဘဲအမြဲလိုလိုကျုံ့လိုက်လေ့ရှိသည်။ (T/N ; သားကောင်ကိုဖမ်းဖို့အရှိန်ယူတဲ့အနေနဲ့ကျုံ့တာမျိုးပါ စပရိန်လိုမျိုးလေ ကျုံ့ထားပြီးဝုန်းခနဲအရှိန်နဲ့ကန်ထွက်မယ့်ပုံစံပေါ့)
သားရဲကောင်တချို့ကိုတွေ့သော်လည်းလိုက်မဖမ်းပေ။ထိုအချိန်ခဏတွင်မြွေကြီးသည်အမ,လေးဘာကိုစားချင်နေမှန်းမသိသောကြောင့်မရေမရာဖြစ်နေသည်။
မြွေကြီးသည်လှည့်ပြီး2ကြိမ်တိတိတရှူးရှူးမြည်အောင်နှာမှုတ်လိုက်သည်။
ရှုကျင်ထျန်းကအစိမ်းရင့်ရောင်မြွေကြီးကိုရုတ်တရက်သတိကြီးစွာကြည့်လိုက်ပြီးသူ၏နှလုံးမှာလည်းထပ်ပြီးတဒိန်းဒိန်းမြည်အောင်ခုန်လှုပ်လာပြန်သည်။
အမ,လေးကငါ့ရဲ့ကြောက်ရွံ့ဖွယ်ကိုယ်နေဟန်ထားကိုသဘောကျကျေနပ်နေတာပဲ။
မြွေကြီးကသူ၏အမြှီးကိုဖြေလျှော့လိုက်ပြီးအမ,လေးကိုလွှတ်ပေးလိုက်သည်။
လွှတ်ပေးခံလိုက်ရတဲ့ရှုကျင်ထျန်းကတော့အနည်းငယ်အံ့သြမိသွားသည်။သူ့နှလုံးကလည်းမြွေကြီးဖမ်းတာခံရတုန်းကထက်တောင်ပိုပြီးပြင်းပြင်းထန်ထန်ခုန်လှုပ်လာသည်။
ရှုကျင်ထျန်းကလွတ်လပ်ချင်သောကြောင့်အဝေးကိုထွက်ပြေးချင်လာသည်။ဒါပေမယ့် မဖြစ်ဘူးလေ! တကယ်လို့သူသာခြေတစ်လှမ်းမှားသွားရင်နောက်တစ်စက္ကန့်အတွင်းမှာမြွေကြီးရဲ့ပါးစပ်ထဲရောက်သွားနိုင်တယ်။သူတို့ရဲ့ခွန်အားကွာခြားမှုကလည်းကြီးမားလွန်းတယ်။ဒါကြောင့်လည်းတမင်တကာလွှတ်ပေးတာဖြစ်နိုင်တယ်!
အချိန်အကြာကြီးရစ်ပတ်ခံထားရလို့ထုံနေတဲ့သူ့ရဲ့ခန္ဓာကိုယ်ကိုအတင်းအကြပ်ဖိအားပေးပြီးအရူးအမူးထွက်ပြေးချင်လာသည်။သူ့လက်တွေခြေတွေကိုပုံမှန်အတိုင်းလှုပ်ရှားချင်သော်လည်းမြွေကြီးနားမှာနာခံစွာရပ်နေဆဲဖြစ်ပြီးခြေတစ်လှမ်းတောင်မလျှောက်ရဲပါချေ။
မြွေကြီးကပိုကျေနပ်သွားပြီးရှုကျင်ထျန်းကိုသူ့အမြှီးဖြင့်ညင်သာစွာဆွဲယူလိုက်သည်။
မင်းလေးစားချင်တာကိုသာတောင်းဆိုလိုက်...ကိုယ်မင်းအတွက်ဖမ်းပေးပါ့မယ်...
ရှုကျင်ထျန်းသည်မြွေကြီးဆီမှ"ညင်ညင်သာသာ" ရိုက်ခံလိုက်ရပြီးသူ့ခန္ဓာကိုယ်ကရှေ့သို့ယိုင်သွားကာမြေပြင်ပေါ်သို့လဲကျလုမတတ်ပင်ဖြစ်သွားသည်။
ရှုကျင်ထျန်းကမြွေကြီးကိုမျက်လုံးတွေကိုကြည့်ရင်းတွေးလိုက်သည်။သူကငါ့ကိုထွက်သွားခွင့်မပြုချင်တဲ့ပုံပေါ်ပေမယ့် လွှတ်ပေးပြီးသူကငါ့ကိုဘယ်လိုလုပ်စေချင်နေတာလဲဟ?
မြွေကြီးကသူ့ကိုမုန်းတီးနေပုံမပေါ်သောကြောင့်ရှုကျင်ထျန်းမှာရယ်စရာကောင်းတဲ့ခန့်မှန်းချက်တစ်ခုသာရှိတော့သည်။
ဒီမြွေကြီးကငါ့ကိုသူ့ရဲ့အိမ်မွေးတိရစ္ဆာန်ဖြစ်စေချင်နေတာလား?ငါကမြွေကြီးလိုမျိုးတစ်ကိုယ်လုံးချောမွတ်နေလို့များလား?ဒါမှမဟုတ်ငါ့အပေါ်သူကရင်းရင်းနှီးနှီးခံစားရလို့များလား?
အခုလေးတင်ဂူထဲမှာလည်းငါ့ဆီကိုပစ်ချပေးလိုက်တဲ့သားရဲကောင်ကိုမြွေကြီးကိုအစာကျွေးလိုက်ပြီးပြီဆိုတော့အခုကကိုယ်စားဖို့ကိုယ့်ပါသာသွားရှာခွင့်ပေးနေတာပေါ့လေ!
သေစမ်း! မထင်ထားဘူး။ငါကမြွေတစ်ကောင်ဆီမှာအကျဥ်းသားအဖြစ်မွေးမြူခံလိုက်ရတာပဲ!
ထိုကဲ့သို့နားလည်လိုက်ခြင်းကရှုကျင်ထျန်းကိုမသက်မသာခံစားရစေသည်။သို့သော်လည်းသူကအသက်အန္တရာယ်မရှိနိုင်တော့ပေ။လောလောဆယ်တော့မြွေကြီးနှင့်လိုက်လျောညီထွေဖြစ်အောင်နေလိုက်တာကအကောင်းဆုံးနည်းလမ်းဖြစ်သည်။
ရှုကျင်ထျန်းကဂရုတစိုက်ဖြင့်ခြေလှမ်းအနည်းငယ်လှမ်းလိုက်ရာမြွေကြီးကလည်းသူ့ကိုလိုက်ကြည့်နေတာကိုတွေ့လိုက်ရသည်။ရှုကျင်ထျန်းခမျာသူ့အပေါ်ကိုတောင်ကြီးဖိလာသကဲ့သို့စိတ်ဖိစီးသွားရှာလေသည်။
အများကြီးမလှုပ်ရှားရဲသောကြောင့်ရှုကျင်ထျန်းကစိတ်ကသိကအောက်ဖြစ်စွာသစ်ရွက်နုလေးကိုကောက်ရင်းမြွေကြီးကိုကြည့်လိုက်သည်။ထို့နောက်အရွက်လေးကိုပါးစပ်ထဲသို့ထည့်ဝါးပစ်လိုက်သည်။
အား~ ခါးလိုက်တာ !
"အင်း~ နူးညံ့ပြီးအရသာရှိတယ်"
ရှုကျင်ထျန်းကမြွေကြီးဆီမှအထင်သေးသောအကြည့်ကိုသာပြန်ရလိုက်သောကြောင့်စိတ်ထဲမှာတိတ်တိတ်လေးတွေးလိုက်သည်။
ငါမှားသွားလို့လား?
အမတွေကဒီလိုမျိုးတွေပဲစားကြတာလား?သူ့ခန္ဓာကိုယ်ကအရမ်းသေးကွေးနေတာလည်းအံ့သြစရာတော့မရှိပါဘူး။ငါသူ့ကိုပြုစုပျိုးထောင်ပေးလိုက်ရင်တော့သူလေးဝဖြိုးဖွံ့ထွားလာမှာပဲ။
လှုပ်ရှားရမှာကြောက်ရွံ့ပြီးထိုနေရာမှာပဲရူးမိုက်စွာရပ်နေဆဲဖြစ်သောအမ,လေးကိုအင်အားအပြည့်နှင့်မြွေမြှီးကြီးကအရှေ့ကိုတွန်းပို့လိုက်သည်။
ရှုကျင်ထျန်းကမြွေကြီး၏တွန်းပို့မှုအတိုင်းလိုက်လျောညီထွေဖြစ်အောင်လျှောက်ရင်းဒယိမ်းဒယိုင်ဖြစ်နေလေသည်။
အသီးများဖြင့်ပြည့်နေသောသစ်ပင်များကိုတွေ့သောအခါရှုကျင်ထျန်း၏မျက်လုံးများကတောက်ပသွားသည်။သို့သော်လည်းသူကလက်လွတ်စပယ်အပင်ပေါ်ပြေးတက်ပြီးအသီးများကိုသွားမကောက်ရဲပါချေ။
မြွေကြီးကအမ,လေးကိုအမြဲအာရုံစိုက်နေခဲ့သောကြောင့်ထိုအမူအယာကိုမြင်သောအခါမြွေမြှီးကြီး၏ဦးတည်ရာကိုပြောင်းလိုက်ပြီးအမ,လေးကိုသစ်သီးများရှိနေသောအပင်များဆီသို့တွန်းပို့လိုက်သည်။
ရှုကျင်ထျန်းကမယုံနိုင်လောက်အောင်ပျော်ရွှင်သွားကာမနေနိုင်စွာဖြင့်သစ်သီးပင်များဆီသို့ခြေလှမ်းမြန်မြန်လှမ်းသွားလိုက်သည်။
သစ်ကိုင်းများကထူထပ်စိမ်းစိုနေပြီးသစ်ကိုင်းများကြားတွင်အသီးများအပြည့်ရှိနေသည်။အခြားမြင့်မားသောအပင်ကြီးများနှင့်ယှဥ်လျှင်ထိုအပင်ကအလွန်နိမ့်နေသော်လည်းထိုအချက်ကသာအပင်ကြီးများနှင့်သိသိသာသာကွဲပြားစေခြင်းဖြစ်သည်။တကယ်တော့ထိုအပင်ကနိမ့်နေခြင်းမဟုတ်ပေ။ထို့ကြောင့်ရှုကျင်ထျန်းကအပင်၏အနိမ့်ဆုံးတွင်ရှိနေသောအသီးနားအထိသာတက်နိုင်ခဲ့သည်။
အဝါရောင်သစ်သီးကသူ၏လက်သီးဆုပ်အရွယ်ရှိပြီးကိုက်ဝါးရတာလည်းခက်သေးသည်။အရသာလည်းသိပ်မရှိသည့်အပြင်မမှည့်သေးသောကြောင့်လားမသိ၊ချဥ်စုတ်စုတ်ပင်ဖြစ်နေချေ၏။
ရှုကျင်ထျန်းကအပင်ထိပ်ဖျားမှအသီးများကိုမော့ကြည့်လိုက်သည်။အနီနှင့်အဝါဖျော့ရောနေသောအသီးကမှည့်ခါနီးနေခြင်းဖြစ်နိုင်ပြီးသူ့လက်ထဲကအသီးထက်တော့သေချာပေါက်အများကြီးပိုအရသာရှိပေလိမ့်မည်။
သူ၏အမူအယာကိုနားလည်သောမြွေကြီးကအပင်ပေါ်သို့ကျွမ်းကျင်စွာလျှောတိုက်တက်သွားကာအနီရောင်အသီးကိုကိုက်၍အောက်သို့ယူလာခဲ့သည်။
ထို့နောက်သူ၏ခန္ဓာကိုယ်ဖြင့်အပင်ကိုရစ်ပတ်လိုက်ကာခေါင်းငုံ့ပြီးအသီးကိုအမ,လေးဆီသို့သယ်လာခဲ့သည်။
ထိုအပင်၏ပင်စည်ကတုတ်ခိုင်မှုမရှိသောကြောင့်မြွေကြီး၏ခန္ဓာကိုယ်ဖြင့်ဖိအားပေးခံရသောအခါအပင်ကကွေးလာတော့သည်။သစ်ရွက်များနှင့်သစ်ကိုင်းများကအပင်ကြီး၏ဝမ်းပမ်းတနည်းငိုကြွေးနေသကဲ့သို့သောအသံများကိုထုတ်လွှင့်နေလေသည်။
ပါးစပ်ထဲတွင်အသီးကိုကိုက်ကာသူ့ဆီသို့ဆန့်တန်းလာသောမြွေဦးခေါင်းကြီးကိုကြည့်ကာရှုကျင်ထျန်းကတုန်တုန်ယင်ယင်ဖြင့်အသီးကိုယူလိုက်သည်။
အသီးကမြွေကြီး၏တံတွေးများဖြင့်စိုရွှဲပေပွနေဆဲဖြစ်သည်။ရှုကျင်ထျန်းကအသီးကိုကိုင်ထားပြီးဘာဆက်လုပ်ရမည်မသိဖြစ်နေသည်။
အဆုံးမှာတော့သူကမြွေကြီး၏ခြိမ်းခြောက်နေသောအကြည့်များကိုတောင့်မခံနိုင်တော့ဘဲသတ္တိမွေးပြီးတစ်ကိုက်ကိုက်လိုက်ရသည်။
ကြွပ်ရွပြီးချိုမြိန်သောသစ်သီးကအရည်ရွှမ်းကာအရသာမှာလည်းချိုမြိန်ပြီးစားကောင်းလှသည်။ရှုကျင်ထျန်းကအသီးကိုစားနေသော်လည်းအရသာမရှိသကဲ့သို့ဖြစ်နေသည်။ပါးစပ်ထဲတွင်တဖြည်းဖြည်းပြည့်လာသောသစ်သီးအရည်များကမြွေကြီး၏တံတွေးများကဲ့သို့ဖြစ်နေပြီးအဆိပ်ပြင်းများတောင်ပါနေနိုင်သေးသည်။
သို့သော်လည်းမြွေကြီးကသူ့ကိုပြုစုပျိုးထောင်ပေးချင်နေပုံပေါ်သောကြောင့်လက်လွတ်စပယ်အဆိပ်ခတ်မှာတော့မဟုတ်ပေ။
မြွေကြီးကအလွန်ကျေနပ်နေပြီးအမ,လေးအတွက်အသီးအများကြီးကောက်ရန်အပင်ကြီးဆီသို့ပြန်သွားလိုက်သည်။သို့သော်ငြားအမ,လေးကဗိုက်ပြည့်သွားပုံပေါ်ကာနောက်မှကောက်ပေးသောအသီးများကိုသူ့အဝတ်များထဲသို့ထည့်နေခဲ့သည်။
အမတစ်ကောင်ရဲ့အစာအိမ်ကအဲလောက်တောင်သေးတာလား?အခုမှစစားတာလေ။
အမ,လေးရဲ့အိတ်ကအသီးတွေထပ်ထည့်ဖို့မဆန့်တော့မှသာမြွေကြီးကအပင်အောက်သို့ဆင်းလာခဲ့သည်။ထို့နောက်အမ,လေးကိုရစ်ပတ်ကာလျှောတိုက်၍ပြန်တော့သည်။
အပြန်လမ်းတွင်သူတို့ကအသွင်ပြောင်းသားရဲအထီးတွေအမတွေနှင့်တောရိုင်းကောင်ကြီးတွေရဲ့ရောထွေးနေသောအနံ့များအပြည့်ဖြစ်နေသောနေရာတစ်ခုကိုဖြတ်သွားရသည်။
အနံ့ဆိုးများမစွဲချင်သောကြောင့်မြွေကြီးကတခြားလမ်းမှရှောင်သွားလိုက်သည်။
"ရပ်ဦး ခဏလောက်ရပ်ပါဦး" ရှုကျင်ထျန်းကရုတ်တရက်အော်လိုက်သည်။
အမ,လေးကသူ့ကိုမကြောက်လန့်ဘဲရှားရှားပါးပါးစကားပြောလာသည်။သူကဘာသာစကားကိုနားမလည်သော်လည်းသွားနေတာကိုရပ်လိုက်ပြီးအမ,လေးကိုလွှတ်ပေးလိုက်သည်။
သန့်ရှင်းနေသောအဖြူရောင်ဂွမ်းကပ်စောင်တစ်ထည်ကအစိမ်းရောင်မြက်ခင်းပြင်ပေါ်တွင်ရှိနေခြင်းကမျက်စိမလွှဲနိုင်စရာဖြစ်နေသည်။
ရှုကျင်ထျန်းမှာထိုဂွမ်းစောင်လေးဆီမှဆွဲဆောင်ခံလိုက်ရပြီးသူ၏လက်ရှိအခြေအနေကိုတောင်မေ့သွားသည်။
မြွေကြီးကလွှတ်ပေးလိုက်သောအခါရှုကျင်ထျန်းကမြန်မြန်ပြေးသွားပြီးဂွမ်းကပ်စောင်လေးကိုကောက်ယူလိုက်သည်။
ဂွမ်းစောင်မှာဖြူဖွေးနေပြီးမည်သည့်အဆင်အကွက်ဒီဇိုင်းမျှမပါပေ။အဝတ်လျှော်ထားသောဆပ်ပြာ၏စံပယ်ပန်းနံ့လေးပင်ရနေသေးသည်။ပိုင်ရှင်ကထိုစောင်ကိုသပ်သပ်ရပ်ရပ်ခေါက်ထားခဲ့ပုံရသည်။ဤအချင်းအရာကိုကြည့်ခြင်းဖြင့်ပိုင်ရှင်မှာအသန့်ကြိုက်သူတစ်ယောက်မှန်းသိသာပေသည်။
ငါကကမ္ဘာကူးပြောင်းသွားခဲ့တာမဟုတ်ဘူးလား?ဘယ်လိုဖြစ်ပြီးဒီလိုအရာမျိုးကရှိနေရတာလဲ?ငါ့လိုကမ္ဘာကူးပြောင်းခံလိုက်ရတဲ့တစ်ယောက်ယောက်များရှိနေသေးတာလား?
ကမ္ဘာကူးပြောင်းခြင်းကိစ္စကထူးဆန်းလှသည်။ထိုအချိန်တုန်းကတစ်စုံတစ်ခုကိုဖြတ်သွားခဲ့မိသကဲ့သို့ခံစားမိလိုက်ရုံလေးဖြစ်ပြီးသူသတိဝင်လာသောအခါသူက ကမ္ဘာကူးပြောင်းမိသွားပြီဖြစ်ကြောင်းကိုတွေ့လိုက်ရသည်။
ထို့အပြင်သူ့နောက်ကိုလိုက်လာသောအဖွဲ့မှာလည်းဝင်မလာနိုင်ခဲ့ကြချေ။ဆိုလိုတာကကမ္ဘာကူးပြောင်းခြင်းဖြစ်စဥ်မှာကန့်သတ်ချိန်အတိအကျရှိပြီးတခြားကူးပြောင်းလာသူတွေကထိုအချိန်မှာဖြတ်လျှောက်မိကာသူနှင့်အတူကူးပြောင်းခံလိုက်ရခြင်းဖြစ်ကောင်းဖြစ်နိုင်သည်။
ထိုမရင်းနှီးသောကမ္ဘာကိုရောက်လာတာကသူတစ်ယောက်တည်းမဟုတ်ကြောင်းသိလိုက်ရခြင်းကရှုကျင်ထျန်းကိုမယုံနိုင်ဖွယ်စိတ်လှုပ်ရှားလာစေသည်။ဂွမ်းစောင်ကိုဆုတ်ကိုင်ထားသောလက်ကအနည်းငယ်တုန်ယင်လာခဲ့သည်။
မြွေကြီးရဲ့မြစိမ်းရောင်မျက်ဝန်းများကအကြည့်တို့နက်ရှိုင်းလာပြီးမကျေမနပ်ဖြင့်မျက်မှောင်ကျုံ့လိုက်သည်။ထို့နောက်သူ၏လျှာလေးကိုပြူတစ်ပြူတစ်ထုတ်ကာလေထဲမှအနံ့ကိုအာရုံခံလိုက်သည်။
အမ,လေးကိုင်ထားတဲ့ပစ္စည်းကတခြားအမတစ်ကောင်ရဲ့ဟာပဲ။အဲဒီတခြားအမကလည်းမိတ်လိုက်ချင်နေပုံရတယ်။
စိတ်ဝင်စားစရာပဲ !
မြွေကြီးကသူ့မှာပိုကောင်းတဲ့အကြံတစ်ခုတောင်ရှိနေပြီဟုထင်နေခဲ့သည်။
မြွေမြှီးကြီးကရွေ့လျားလာပြီးမြေပေါ်မှာဒူးထောက်နေဆဲဖြစ်သောအမ,လေးကိုရစ်ပတ်လိုက်ကာမိတ်လိုက်ကာလရောက်နေသောအမ သွားခဲ့သည့်လမ်းကြောင်းအတိုင်းလျင်မြန်စွာလျှောတိုက်သွားလိုက်သည်။
ရှုကျင်ထျန်းကသတိလက်လွတ်အဖမ်းခံလိုက်ရပြီးဂွမ်းစောင်လေးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားလိုက်ရသည်။သူကပြုတ်မကျအောင်ဟန်ချက်ထိန်းဖို့ကြိုးစားလိုက်ပြီးမြွေကြီးရဲ့နူးညံ့အိစက်သောနောက်ကျောပေါ်မှာလဲလျောင်းလိုက်သည်။
မြွေကြီးကမိတ်လိုက်ကာလရောက်နေသောအမသွားရာလမ်းတလျှောက်လိုက်သွားခဲ့ပြီးမကြာမီမှာသူရှာနေသောအရာကိုတွေ့သွားသည်။ထိုအရာကား ယန်သစ်သီးဖြစ်ချေ၏။
အာ?သူကငါ့အတွက်အစာရှာပေးနေတာလား?အဲလောက်တောင်ကြင်နာတတ်တာလား?ဘာလို့များသူ့ရဲ့ကရုဏာကိုတိုက်ရိုက်ဖော်ပြဖို့ငါ့ကိုလွှတ်မပေးရတာလဲ?
ထိုအနီရောင်သစ်သီးများရှိနေသောအပင်ကနိမ့်သောကြောင့်ရှုကျင်ထျန်းကမြွေကြီးပါးစပ်လှုပ်ရှားလာတာကိုစောင့်မနေတော့ဘဲအလျင်စလိုသစ်သီးခူးလိုက်သည်။
မှည့်နေသောအသီးကအပြည့်အဝနီရဲနေပြီးအရသာရှိမယ့်ပုံပေါ်နေသည်။ပိုးကောင်ကိုက်ရာလေးတွေရှိနေသောကြောင့်ထိုအသီးကအဆိပ်မရှိလောက်ချေ။
ရှုကျင်ထျန်းကအင်းဆက်ကိုက်ရာလေးတွေသိပ်မရှိသောအသီးတချို့ကိုယူလိုက်ပြီးအစိမ်းရောင်အသီးများကိုတော့မယူတော့ဘဲနောက်မှစားဖို့ချန်ထားလိုက်သည်။
မြွေကြီးကအလွန်တက်ကြွနေသောအမ,လေးကိုအံ့သြတကြီးကြည့်နေမိသည်။
အမ,လေးကယန်သစ်သီးကိုမစားဖို့ငြင်းပြီးပုန်းနေသင့်တာမဟုတ်ဘူးလား ?
သူ၏မှတ်ဉာဏ်ထဲမှာတော့အမတွေကအမြဲတမ်းထိုကဲ့သို့သာပြုမူခဲ့ကြသည်။အမတွေကယန်သစ်သီးကိုစားမှသာကိုယ်ဝန်ဆောင်နိုင်ကြပေသည်။
သူလေးကတအားတက်ကြွနေတာဆိုတော့ငါ့ခွန်အားကိုအရှုံးပေးလိုက်တာလား?အင်း အဲလိုပဲဖြစ်ရမယ်။
မြွေကြီးကစိတ်ကြည်နေပြီးရှုကျင်ထျန်းအပေါ်အများကြီးညင်သာလာသည်။သူ၏ခန္ဓာကိုယ်အလယ်ပိုင်းကိုနှိမ့်ပေးလိုက်ပြီးအမ,လေးကိုကိုယ့်ပါသာတက်ဖို့ညွှန်ပြလိုက်သည်။
ရှုကျင်ထျန်းကမြွေကြီး၏ရည်ရွယ်ချက်ကိုနားမလည်သောကြောင့်ထိုနေရာမှာပဲရပ်နေပြီးမြွေကြီးကိုစောင့်နေလေသည်။
နောက်ဆုံးမှာတော့မြွေကြီးကစိတ်မရှည်တော့ဘဲသူ့အမြှီးကိုပဲသုံးကာရှုကျင်ထျန်းကိုရစ်ပတ်လိုက်တော့သည်။သို့သော်လည်းဒီတစ်ခေါက်မှာတော့သူ့အင်အားကိုအများကြီးလျှော့ကာညင်သာလိုက်သည်။
သူ၏ဂူနားသို့ရောက်လာသောအခါမြွေကြီးကရှုကျင်ထျန်းကိုလွှတ်ပေးလိုက်ပြီးရေသောက်ရန်အနီးနားကနေရာတစ်ခုသို့သွားလိုက်သည်။
ရှုကျင်ထျန်းကိုလည်းမြစ်ကမ်းဘေးတွင်ချထားလိုက်သည်။ရှုကျင်ထျန်းကခန္ဓာကိုယ်ကိုဆေးကြောပြီးမတ်တတ်ရပ်လိုက်သည်။လက်ရှိအခြေအနေအရရှုကျင်ထျန်းကထွက်ပြေးရန်ကြံစည်လိုက်သည်။
မြွေကြီးကရေသောက်နေဆဲဖြစ်ပြီးသူ့ကိုကြည့်မနေပေ။ထွက်ပြေးဖို့အခွင့်အရေးယူလိုက်သင့်လား?ဂူထဲကိုပြန်ဝင်သွားပြီးရင်တော့သူထွက်လာချင်ရင်ခက်ခဲသွားမည်ဖြစ်သည်။သူ့ခန္ဓာကိုယ်ကရုတ်တရက်အနည်းငယ်နောက်ဆုတ်လိုက်မိသည်။
ထိုအချင်းအရာကိုမြွေကြီးကအာရုံခံမိပုံရပြီးချက်ချင်းလှည့်ကြည့်ကာရှုကျင်ထျန်းကိုသတိပေးသောအကြည့်ဖြင့်ကြည့်လိုက်သည်။
ရှုကျင်ထျန်းကလက်ဆေးဇလုံထဲအပြည့်ဖြည့်ထားသောရေတစ်ပုံးဖြင့်သူ့ခေါင်းပေါ်လောင်းချခံလိုက်ရသကဲ့သို့တစ်ကိုယ်လုံးအေးစိမ့်သွားသလိုခံစားလိုက်ရသည်။
မြွေကြီးကအမ,လေးကိုကြမ်းတမ်းစွာရစ်ပတ်လိုက်ပြီးဂူဆီသို့အလျင်အမြန်ပြန်တော့သည်။ဂူနားသို့ရောက်သောအခါမြွေကြီးကစိတ်ဆိုးမာန်ဆိုးဖြင့်သူ့အမြှီးကိုရမ်းကာသူအိပ်နေကျမြက်ပုံပေါ်သို့ရှုကျင်ထျန်းကိုပစ်ချလိုက်သည်။
ရှုကျင်ထျန်းကနာသွားသောကြောင့်မသဲမကွဲငြီးငြူသံတစ်ခုကိုမြည်တမ်းမိသွားသည်။ပြုတ်ကျခြင်းကြောင့်နာကျင်နေသောသူ့တင်ပါးကိုပွတ်သပ်ရင်းရှုကျင်ထျန်းကထောင့်ထဲသို့ကိုယ်ကိုကျုံ့ကာနောက်ဆုတ်သွားလိုက်သည်။
မြွေကြီးကလည်းရှုကျင်ထျန်းကိုရစ်ပတ်လိုက်ကာမြက်ခင်းပုံပေါ်သို့လျှောတိုက်သွားလိုက်သည်။
ရှုကျင်ထျန်းကထိတ်လန့်နေပြီးလုံးဝမလှုပ်ရဲတော့ပါချေ။
မြွေကြီးကဘာမှမလုပ်တော့ဘဲခေါင်းကိုမြက်ခင်းပေါ်တင်ပြီးမအိပ်ခင်မှာသူ၏ခါးနှင့်ခြေထောက်တို့ကိုသက်တောင့်သက်သာရှိစွာမရစ်ပတ်မိမချင်းတဖြည်းဖြည်းရွေ့လျားနေကာရှုကျင်ထျန်း၏ခန္ဓာကိုယ်ကိုတင်းတင်းကြပ်ကြပ်ရစ်ခွေနေလိုက်သည်။
ရှုကျင်ထျန်းကတောင့်တင်းစွာဖြင့်အချိန်အကြာကြီးစောင့်နေခဲ့သည်။မြွေကြီးမလှုပ်ရှားတော့တာကိုမြင်မှသူ၏အဖိခံထားရသောလက်မောင်းကိုဆွဲထုတ်ဖို့ကြိုးစားလိုက်သည်။မထင်မှတ်ဘဲမြွေကြီးကသူ့ကိုသတိပေးသလိုကြည့်လာလေသည်။
ရှုကျင်ထျန်းကအတင်းအကြပ်ပြုံးပြလိုက်ပြီးသူအချိန်အကြာကြီးတွေးနေခဲ့သောအကြောင်းပြချက်ကိုတိုးညှင်းစွာပြောပြလိုက်သည်။
"ငါဗိုက်ဆာနေလို့တစ်ခုခုစားပါရစေဦး"
အဲဒီနောက်မှာတော့မြွေကြီးရဲ့ကြည်လင်နေသောမျက်လုံးများကပြန်မှိတ်သွားကာရှုကျင်ထျန်းကိုအနှောက်အယှက်မပေးတော့မည့်ပုံပေါက်သည်။
ရှုကျင်ထျန်းကထိုကဲ့သို့ပြောခဲ့သောကြောင့်ဘာမှမစားလျှင်မကောင်းတော့ပေ။ထို့ကြောင့်သူခူးလာခဲ့သောအနီရောင်သစ်သီးကိုထုတ်ယူကာတစ်ကိုက်လောက်ကိုက်စားလိုက်လေ၏။