Chapter 7 ; မကောင်းဆိုးဝါးတွေနဲ့တော့မပြိုင်ဘဲနေကြရအောင်
ရှူကျင်ထျန်းနိုးလာသောအခါ ရှူဟန်ယွီကသူ့အားဖက်ထားဆဲဖြစ်ကြောင်း တွေ့လိုက်ရသည်။ အနေအထားပုံစံတစ်ခုတည်းဖြင့် အချိန်အကြာကြီးနေခဲ့သဖြင့် ခန္ဓာကိုယ်မှာလည်း နာကျင်နေပြီဖြစ်ပြီး သူ့လည်ပင်းကပါ တောင့်တင်းပြီး အုန်းလွဲသွားပုံရသည်။
ရှုကျင်ထျန်းကထိုလူ၏ထွေးပိုက်မှုကြားထဲမှအနည်းငယ်လှုပ်ရှားလိုက်ပြီး ဂရုတစိုက်ဖြင့် ခေါင်းကိုလှည့်၍ တောင့်တင်းနေသောလည်ပင်းကိုအကြောလျှော့ဖို့လုပ်လိုက်သည်။
ရှူဟန်ယွီ၏ရင်ဘတ်ပေါ်တွင် အမွေးလုံးလေးတစ်ခုက သူ့အားယားယံလာအောင် ကလိထိုးသကဲ့သို့ လှုပ်လှုပ်ရွရွဖြင့်ရွေ့လျားနေသည်။
မျက်လုံးဖွင့်ကြည့်လိုက်သောအခါ သူ့မိန်းမလေးမှာ နာခံစွာဖြင့်သူ့ရင်ခွင်ထဲရှိနေသော်လည်းသက်တောင့်သက်သာမဖြစ်သောကြောင့်သူမ၏လည်ပင်းကိုသနားစဖွယ်ဟိုဘက်လှည့်ဒီဘက်လှည့်ဖြင့် လုပ်နေသည်ကိုတွေ့လိုက်ရသည်။
ရှူဟန်ယွီနိုးလာတာကိုမြင်သောအခါ ရှူကျင်ထျန်းမှာ ချက်ချင်းပင်နောင်တရသွားလေတော့သည်။ သူသာနှိုးမိသလိုဖြစ်သွားမယ်မှန်းသိခဲ့လျှင် အုန်းလွဲနေရင်တောင် လှုပ်ရဲမည်မဟုတ်ပေ။
အေးစက်နေသောလက်များက သူလည်ပင်းကိုညှစ်လိုက်ပြီးနောက် အားပါပါဖြင့်ဂျုံနယ်သကဲ့သို့ နှိပ်ပေးတော့သည်။
"အားး!"
ရှူကျင်ထျန်းကသေခါနီးဝက်တစ်ကောင်ကဲ့သို့သာ အော်ဟစ်နိုင်တော့သည်။
"နာတယ်ကွ! မင်းကလူသတ်သမားပဲ!"
အုန်းလွဲသည်ကပင် ဤမျှလောက်နာကျင်မှုကို မခံစားရပေ။ ယခုတော့ သူ့လည်ပင်းမှာကျိုးကြေသွားတော့မတတ်ခံစားနေရသည်။
အမ,လေး၏အော်သံကိုကြားလိုက်သောအခါ ရှုဟန်ယွီကလှုပ်ရှားနေသောသူ၏လက်များကိုချက်ချင်းရပ်လိုက်သည်။ ရှုကျင်ထျန်း၏ပြောင်းလဲသွားသောအမူအရာနှင့်ဆန့်ကျင်စွာ မြင်နေရသည်မှာပုံမှန်အသားအရောင်ဖြစ်နေသောကြောင့်ရှုကျင်ထျန်းကစိတ်ထဲတွင်မသိမသာသက်ပြင်းချမိသည်။အမ,များသည် တကယ့်ကို နုနယ်လွန်းလှသောသတ္တဝါများဖြစ်သည်။ ထို့နောက် အမ,လေးကိုယ်ပေါ်မှသူနှိပ်ပေးခဲ့သောနေရာကိုပြန်ကြည့်မိသောအခါ ယောင်ကိုင်းနေသော အနီကွက်ကြီးကိုတွေ့လိုက်ရသည်။
အားနာသွားသဖြင့် ရှူဟန်ယွီလည်း သူနှိပ်ပေးလိုက်၍နီရဲနေသော ထိုနေရာလေးအားတစ်ချက်ထိလိုက်ပြီး သူ၏လက်များကိုအမ,လေး၏ပုခုံးများဆီသို့နေရာပြောင်းကာ နှိပ်ပေးလေတော့သည်။ ဒီတစ်ခေါက်တော့ သူ၏ခွန်အားများကို အတော်အတန်လျှော့ထားလိုက်လေသည်။
ရှုကျင်ထျန်းမှာအနှိပ်ခံနေရသော်လည်း တော်တော်လေးအဆင်မပြေခံစားနေရလေသည်။တခဏလောက်ဂရုမစိုက်မိတာနဲ့ ထိုလူကသူ့အားထပ်နာကြင်စေမှာကိုအလွန်စိုးထိတ်နေမိသည်။
"မလိုဘူး ၊မလိုဘူး။ ဘာမှမဖြစ်ဘူး။ ငါနည်းနည်းလောက်လှုပ်ရှားလိုက်တာနဲ့ ပြန်ကောင်းသွားမှာပါ"
မည်သို့ပင်ဖြစ်စေကာမူ မြွေကြီးမှာနိုးလာပြီဖြစ်သောကြောင့်ရှုကျင်ထျန်းလည်းလွတ်လွတ်လပ်လပ်လှုပ်ရှားနိုင်ရန်ဖက်ထားရာမှရုန်းထွက်လိုက်သည်။
သူ၏ဗလာကျင်းနေသော အသားအရေမှာ အလားတူစွာဗလာကျင်းနေသော ရှူကျင်ထျန်း၏ခန္ဓာကိုယ်အားပွတ်သပ်မိသွားပြီး ဖော်မပြနိုင်သော ရင်းနှီးမှုတစ်ခုကိုခံစားနေရလေသည်။
မြွေတစ်ကောင်၏အသားအရေမှာကောင်းလွန်းလှသည်။မည်သည့်ချွေးပေါက်မှမရှိဘဲဝိုင်းစက်နေသောကျောက်စရစ်ခဲလုံးလေးသကဲ့သို့ အလွန်ချောမွတ်နေလေသည်။ အားးး သူ့အသားအရေကတကယ်ကိုမနာလိုချင်စရာပဲ။
သို့သော်လည်း တွေးတောနေသောစက္ကန့်ပိုင်းအတွင်းမှာပင် မြွေတစ်ကောင်နှင့်ထိတွေ့နေရသည်ကိုပြန်သတိရမိသောအခါ ရှူကျင်ထျန်း၏ခေါင်းမှခြေဖျားထိအကြောက်တရားများပျံ့နှံ့သွားပြီးတစ်ကိုယ်လုံးကြက်သီးတဖြန်းဖြန်းထလာလေသည်။
ရှုကျင်ထျန်းက ငယ်စဥ်ကတည်းကပင် မြွေများကိုကြောက်ရွံ့သူဖြစ်သည်။ မြွေတစ်ကောင်လျှောတိုက်ဖြတ်သန်းသွားသောနေရာကိုတောင်သူဖြတ်မလျှောက်ရဲခဲ့ပေ။ မြွေတစ်ကောင်၏အနံ့နှင့် ထိတွေ့ရမည်ကိုပင် ကြောက်ရွံ့ခဲ့ဖူးသည်။
ရှူဟန်ယွီလည်းမိန်းမလေးအား ခက်ခဲအောင်မလုပ်တော့ဘဲ လွတ်လွတ်လပ်လပ်လှုပ်ရှားစေဖို့အတွက် လွှတ်ပေးလိုက်တော့သည်။
လွတ်မြောက်မှုရသွားသည်နှင့် ရှူကျင်ထျန်းသည်လည်း မဆိုင်းမတွပင် အဖက်ခံနေရာမှ ခုန်ထွက်လိုက်လေသည်။
ဖင်တုံးလုံးဖြင့် အလင်းရောင်ဝင်နေသော ဂူပေါက်ဝနားဆီသို့ပြေးလာပြီး တက်တက်ကြွကြွနှင့်ပခုံးကိုလေ့ကျင့်ခန်းပေးလိုက်ပြီး လည်ပင်းအဆစ်များကိုပါ အကြောဖြေသည့်အနေဖြင့် လှည့်ချိုးလိုက်သည်။
အာ?နေ့အလင်းရောင်ကတောက်ပနေတုန်းဆိုပေမယ့် ငါကတော့အချိန်အကြာကြီးအိပ်ပျော်သွားပုံပဲ။ အား ငါကလည်ပင်းတောင်အုန်းလွဲသွားလိုက်သေးတယ်။
ဒီနေရာမှာအချိန်ကတစ်ခုခုတော့မှားနေပြီ။ ပြန်တွေးကြည့်မယ်ဆိုရင် ငါကမ္ဘာကူးပြောင်းလာတုန်းက နေ့လည်ခင်းလောက်ဖြစ်နေပြီး ဒီသားရဲကောင်ကြီးနှင့်မတွေ့ခင် သုံးနာရီ လေးနာရီလောက်လမ်းလျှောက်ခဲ့ရသေးတယ်။ ငါမေ့လဲမသွားခင်မှာ အနည်းဆုံးလေးနာရီတော့ကုန်သွားပြီ။
သို့သော်လည်း ထိုအချိန်ကနေသည်အနောက်ဘက်ကိုမယိမ်းသေးဘဲနေ့လယ်ခင်းအချိန်ဖြစ်နေဆဲဟု ထင်ရသည်။
ထို့အပြင် မနေ့ကမှယနေ့အထိလည်း သတိလစ်၍အိပ်ပျော်သွားပြီးနောက်တွင် သုံးကြိမ်လောက်အိပ်ပျော်သွားသည်ဖြစ်ရာ တစ်ရက်နီးပါးကုန်ဆုံးသွားပြီဖြစ်သည်။အချိန်အကြာကြီးအိပ်ပျော်သွားပြီး နောက်တစ်ရက်ကိုကူးသွားခြင်းမဟုတ်လျှင် ဤနေရာရှိနေ့အချိန်မှာ သူ၏မူလကမ္ဘာကအချိန်နှင့်ကွာခြားနေခြင်းဖြစ်ပြီး ပို၍ရှည်ကြာခြင်းမျိုးလည်းဖြစ်နိုင်လေသည်။
စိုက်ကြည့်ခံနေရသောကြောင့်သူ၏ဆံပင်မွှေးများထောင်သွားသလိုခံစားရသဖြင့် ရှူကျင်ထျန်းကနောက်လှည့်ကြည့်လိုက်သည်။
"ညီအကို ကိုငါပြောပါဦးမယ်။မင်းငါ့ကိုဘာအတွက် စိုက်ကြည့်နေတာလဲ? ငါ့မှာရှိတာမှန်သမျှ မင်းမှာလည်းရှိတာပဲလေ"
စကားပြောနေစဥ်မှာပင် ရှူကျင်ထျန်းကမသိမသာဖြင့် ရှူဟန်ယွီ၏အောက်ပိုင်းကိုကြည့်လိုက်လေသည်။ ရှူကျင်ထျန်းကိုယ်တိုင်တွင်ရှိသောအရာမှာလည်း အလွန်အထင်ကြီးမှတ်ဖွယ်ကောင်းလှသည်။ အတူအိပ်ခဲ့ဖူးသောမိန်းမများထဲတွင် အဖြူထည်လေးများတောင်မှ အိပ်ရာထဲရောက်သည်နှင့် စိတ်ပါလာကြပြီး မရပ်မနားငြီးငြူအော်ဟစ်ခဲ့ကြလေသည်။
ရှူဟန်ယွီက သူ့ကိုရှောင်ဖယ်ခြင်းမျိုးမလုပ်ခဲ့ပေ။ အမဖြစ်သူ၏မျက်လုံးများက သူ၏မျိုးပွားအင်္ဂါကို ကြည့်နေသည်ကိုသိလိုက်သောအခါ သူကရှူကျင်ထျန်းသေသေချာချာမြင်ရဖို့အတွက် လိုလိုလားလားပင် ခြေထောက်များကိုဖြဲပြလိုက်သေးသည်။
ရှူကျင်ထျန်းကရုတ်တရက်မျက်လုံးများပြူးသွားပြီး ကျက်သေသေသွားလေသည်။
ဗုဒ္ဓေါ! အဲတာဘာကြီးတုန်း?
ရှူဟန်ယွီကလူအသွင်ပြောင်းနိုင်သော်လည်း သူ၏ပစ္စည်းမှာထူးဆန်းနေလေသည်။ ပန်းရောင်ဘောလုံးနှစ်လုံးကပုံမှန်ကဲ့သို့ဖြစ်နေသော်ငြား ထိုဖြူဖျော့ဖျော့အရာနှစ်ခုကမည်သည့်အရာဖြစ်မည်နည်း? လိင်တံနှစ်ခုမှာ မယုံနိုင်စရာကောင်းလှစွာပင် သာမန်လူတစ်ယောက်၏အင်္ဂါအရွယ်အစားထက်နှစ်ဆလောက်ရှိပေလိမ့်မည်။
သူသာအမတစ်ကောင်၏ခန္ဓာကိုယ်ထဲသို့တိုးဝင်ချင်လျှင် ထိုအရာများကဖောက်ထွက်မသွားနိုင်လောက်ဘူးလား? မြွေမများကမတူကွဲပြားတာကြောင့် ဒီလိုထိတ်လန့်စရာအရွယ်အစားကိုခံနိုင်ရည်ရှိကြတာဖြစ်နိုင်သည်။
ပြီးလျှင်ထိုအရာနှစ်ခုတွင် ဆူးထစ်များလည်းရှိနေသေးပြီး ကြောက်ရွံ့ဖွယ်ရာကောင်းလှသည်။
ရှူကျင်ထျန်းကတံတွေးမြိုချလိုက်ကာ မြေကြီးပေါ်မှဂွမ်းစောင်ဖြူလေးကိုယူကာသူ့ခန္ဓာကိုယ်ကိုရစ်ပတ်ထားလိုက်သည်။
ငါကတော့ မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပုံမှန်မဟုတ်တဲ့ပစ္စည်းနှင့်ယှဥ်ပြိုင်နေမှာမဟုတ်ဘူး!
ရှူဟန်ယွီက မတ်တပ်ရပ်လိုက်ပြီး မြေကြီးပေါ်ရှိ ယွင်သစ်သီးကိုယူကာ ရှူကျင်းထျန်ဆီသို့လှမ်းပေးလိုက်သည်။ ဒီလောက်အကြာကြီးအိပ်ပြီးမှတော့ သူဗိုက်ဆာနေလောက်ပြီ!
"စား!"
ရှူကျင်ထျန်းက ထိုအသီးကိုသတိကပ်နေသောပုံစံမျိုးနှင့် ကြည့်နေမိ၏။ ထို့နောက် လက်တစ်ဖက်ဖြင့် ဂွမ်းစောင်ဖြူလေးကိုကိုင်ကာ ရှူဟန်ယွီလှမ်းပေးသော ယွင်သစ်သီးကို လက်ခံလိုက်သည်။
ရှူကျင်ထျန်းကပြုံး၍ညင်သာစွာပြောလိုက်သည်။
"စားရမယ်"
ရှူကျင်ထျန်းကအကြောက်အလန့်ကင်းစွာချက်ချင်းပင် ထိုအသီးအား ဂူပြင်ဘက်သို့ အားဖြင့်လွှင့်ပစ်လိုက်တော့သည်။
"မင်းဖင်ကြီးကိုပဲစားနေလိုက်!"
နှိပ်ချင်သလိုနှိပ်ပြီးတော့လောင်ဇီကို တကယ်ကြီးပြီးစလွယ်ဆက်ဆံနေတယ်ပေါ့လေ။ ဒီအဆိပ်သီးကိုစားဖို့ပေးနေတာကလည်း နောက်ကွယ်မှာ ဘာရည်ရွယ်ချက်တွေရှိနေတာလဲ?
မထင်မှတ်ထားစွာ ရှူဟန်ယွီကသူ့အပေါ်အကြမ်းဖက်မှုမျိုးကို မလုပ်ဘဲ ဆွံ့အ,ကာ ငေးကြည့်နေသည်။ ခန္ဓာကိုယ်ကအနည်းငယ်တုန်ရင်နေသော်လည်း သူ့ကိုခေါင်းမာစွာဖြင့် စိုက်ကြည့်နေသောမိန်းမလေးကို ကြည့်နေမိသည်။
မိန်းမလေးကသူ့ကိုဒီလောက်တောင်ကြောက်တာလား?
မိန်းမလေးက ငါ့အတွက်ဥတွေကို မွေးထုတ်ပေးဖို့ စိတ်မပါတာလား? မနေ့ကတော့ သူကအရင်ယွင်သစ်သီးတွေကိုခူးဖို့လုပ်နေပြီး တစ်ထိုင်တည်းတောင် အကုန်စားပစ်ခဲ့သေးတယ်။ အခုကျတော့မှ ဘာလို့မစားချင်တော့တာလဲ? ငါနဲ့နေရတာကိုမကျေနပ်လို့လား? ခုနကသူ့ကိုအနိုင်ကျင့်သလိုဖြစ်သွားမိတာကြောင့်လား?
ရှူဟန်ယွီ၏နှလုံးသားမှာ အနည်းငယ်နာကျင်သွားသည်။ မိန်းမတို့သည် အမှန်တကယ်ကိုနားလည်ရခက်ပေသည်။ ထိုအချိန်ကသူသည်လည်း တစ်ခဏလောက်စိတ်မရှည်ခဲ့သည်ဖြစ်၍ သူ့မိန်းမလေးကဖွဖွလေးတွန်းမိတာလောက်ကိုပင် လွင့်ထွက်သွားသည်အထိအားနည်းနေခဲ့သည်ကို မသိခဲ့မိခြင်းသာဖြစ်သည်။
ရှူဟန်ယွီက ရှူကျင်ထျန်း၏အနားကိုကပ်ကာ ခေါင်းလေးကိုထိကိုင်လိုက်သည်။
ရှူကျင်ထျန်းကအနောက်ကိုဆုတ်လိုက်မိ၏။ထိုလူကသူ့ကိုရိုက်နှက်ဖို့ရည်ရွယ်ခြင်းမဟုတ်ကြောင်းကိုသိသောအခါမှ သူစိတ်သက်သာရာရ၍သက်ပြင်းချလိုက်မိသည်။
သူ့ကိုအခုလေးတင် ရန်စမိခဲ့ခြင်းဖြစ်သည့်အတွက် ထိုအကြင်နာကင်းမဲ့သောလူက သူ့ကိုထပ်ရိုက်တော့မည်ဟု ထင်နေခဲ့သည်။
"မင်း... အပြင်ထွက်...?"
ရှူဟန်ယွီကအနားကိုပို၍ကပ်သွားကာ ရှူကျင်ထျန်း၏နားရွက်နားသို့ကပ်၍ နူးနူးညံ့ညံ့လေးပြောလိုက်သည်။
ရှူဟန်ယွီဆိုလိုသည်က "မင်းအပြင်ထွက်ချင်လား" ဟူ၍ဖြစ်သည်။
သူ့မိန်းမလေးကခေါင်းလှည့်လာကာ သံသယဝင်နေသောအကြည့်ဖြင့်ကြည့်လိုက်သည်ကိုမြင်သောအခါ ရှူဟန်ယွကဂူ၏အပြင်ဘက်နေရာကို လက်ညှိုးထိုးကာဖြင့် နောက်တစ်ကြိမ်နှုတ်ခမ်းတို့ကိုထပ်ဟလာခဲ့သည်။
"အပြင်ထွက်...?"
ရှူကျင်ထျန်းကစိတ်လှုပ်ရှားလာကာ စကားကိုဖိပြောလိုက်သည်။
"မင်းကငါ့ကို လွှတ်ပေးချင်နေတာလား?"
ရှူဟန်ယွီမှာ မိန်းမလေးပြောသောစကားများကို နားမလည်သဖြင့် ခေါင်းစောင်း၍ကြည့်မိသည်။ သူလည်းအချိန်ဆွဲမနေတော့ဘဲ အမလေးကိုကောက်ပွေ့ကာ ဂူအပြင်ဘက်သို့ခုန်ထွက်လာခဲ့တော့သည်။
ရှူဟန်ယွီ၏အကူအညီဖြင့် သူအကျဥ်းချခံခဲ့ရသော လှောင်အိမ်ကြီးထဲမှ ရှူကျင်ထျန်းကအင်အားမသုံးဘဲထွက်လာခဲ့ရသည်။ သို့သော်လည်း သူ့နှလုံးသားကတော့ အနည်းငယ်စိတ်မအေးဖြစ်နေတုန်းပင်။
ဒီမြွေကြီးကငါ့ကိုတကယ်ကြီး လွှတ်ပေးတော့မှာလား? ရုတ်တရက်ဆန်လွန်းတယ်!
ရှူဟန်ယွီကသူ့မိန်းမလေးကို လွှတ်ပေးလိုက်ပြီးနောက် အမ,လေး၏မသေမချာဖြစ်နေသောအကြည့်ကိုတွေ့လိုက်သောအခါ ဘေးဘက်ရှိ ခြုံပုတ်တစ်ခုကိုညွှန်ပြလိုက်၏။ ရှူကျင်ထျန်း၏ စင်ကြယ်စွာလျှော်ဖွပ်ပြီးသောအဝတ်များက ထိုနေရာတွင်ရှိနေလေသည်။
ရှုကျင်ထျန်းက ချုံပုတ်များပေါ်တွင် သူ့အဝတ်များကို သပ်သပ်ရပ်ရပ်ဖြန့်တင်ထားသည်အား တွေ့လိုက်ရသည်။ မနေ့ကချွတ်ထားသောသူ့ဘောင်းဘီကလည်း အနီးအနားရှိချုံပုတ်တစ်ခုပေါ်တွင်ရှိနေသည်။
အဝတ်များကို ခြုံပုတ်များပေါ်လှန်းထားခြင်းအား မြွေကြီးကအလေးဂရုပြုကာလုပ်ထားမှန်းကိုသိဖို့တော့မခက်ခဲလှပေ။ ရှပ်အင်္ကျီ၏ထောင့်စွန်းများကိုပင် သပ်သပ်ရပ်ရပ်ဆွဲဆန့်ထားလေသည်။
ရှူကျင်ထျန်းက သူ့အဝတ်များကိုစုယူကာ ဝတ်ဆင်လိုက်သည်။ ရာသီဥတုပူနေသဖြင့် သူ့အဝတ်များမှာအပြည့်အဝခြောက်သွေ့သွားပြီဖြစ်သည်။ နေကြောင့်ခြောက်သွေ့နေသည့်ရနံ့လေးများပင်ရနေသည်က စိတ်ချမ်းမြေ့စရာကောင်းလှသည်။
ရေချိုးပြီးမှ ဤနေလှန်းထားသည့်အဝတ်များကိုဝတ်လိုက်ရလျှင် အလွန်ကိုစိတ်ကျေနပ်စရာကောင်းပေလိမ့်မည်။ သို့သော်လည်း သူ့ရှေ့တွင်ဒီသားရဲကောင်ကြီးရှိနေသရွေ့တော့ ဘဝကြီးကိုပျော်ပျော်ရွှင်ရွှင်ခံစားဖို့ စိတ်မပါသေးပေ။ ရှူဟန်ယွီသူ့ကိုလွှတ်ပေးသည်အထိစောင့်လိုက်တာကပိုကောင်းပေမည်။ ပြီးတော့မှ နေရောင်အောက်ဝယ် မြစ်ရေကိုအားရပါးရချိုးလိုက်တော့မည်။
ရှူကျင်ထျန်းကအဝတ်များကိုဝတ်လိုက်ပြီးနောက် ကိုယ်လုံးတီးဖြစ်နေသေးသော ရှူဟန်ယွီကိုကြည့်လိုက်သည်။
"အာ... ဒါဆိုငါသွားတော့မယ်နော်! တောင်တန်းတွေဘယ်တော့မှမပြောင်းလဲသလို ရေတွေလည်းအမြဲစီးဆင်းနေဦးမှာပါ။ ကံပါရင်အနာဂတ်မှာ ငါတို့တွေထပ်တွေ့ကြမယ်!"
ရှူကျင်ထျန်းလည်းလက်သီးဆုပ်ကာ ရှူဟန်ယွီကိုနှုတ်ဆက်လိုက်ပြီး ရှူဟန်ယွီအနားမှခြေလှမ်းခွာလိုက်တော့သည်။(ဒီနေရာမှာလက်သီးဆုပ်ပြီးနှုတ်ဆက်တာကတရုတ်ဇာတ်ကားတွေထဲကလိုမျိုးလေ လက်တစ်ဖက်ကလက်သီးဆုပ်ပြီးနောက်တစ်ဖက်ကအဲ့လက်သီးဆုပ်ပေါ်အုပ်ထားတဲ့နှုတ်ဆက်ပုံမျိုးပါ ပုံပေါ်အောင်မရေးတတ်လို့ XD )
ရှူဟန်ယွီကသူ့မိန်းမလေးထွက်သွားချင်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ရှူကျင်ထျန်းအနားကိုရောက်သွားကာ လက်ကောက်ဝတ်ကိုအားဖြင့်ဆွဲ၍ တောနက်ကြီးထဲသို့ဆွဲခေါ်သွားတော့သည်။
"မင်း! အခုကရော ဘာဖြစ်ပြန်တာလဲ?"
ရှုဟန်ယွီကအေးစက်စက်ပြန်ပြောလိုက်သည်။"မင်းက ကိုယ့်အပိုင်!"
"ကျစ် ! မင်းငါ့ကိုလွှတ်ပေးပြီလို့တောင်ငါကထင်လိုက်သေးတာ။ တကယ်ဆိုရင်ကွာ... ငါ့ကိုဖမ်းထားပြီးတော့ ဘာလုပ်မှာလဲ? အစားအသောက်တွေ အင်အားတွေဖြုန်းတာကလွဲလို့ ငါကဘာလုပ်တတ်မှာလဲ?အိုး ဟုတ်သားပဲ၊ မင်းကသွေးအေးသတ္တဝါမလား။ ဆောင်းရာသီကျ ရင်တော့ ငါကမင်းရဲ့ခန္ဓာကိုယ်ကိုအနွေးဓာတ်ပေးနိုင်လောက်မှာပါ။ ဒါပေမယ့်လည်း ငါကမင်းကိုအနွေးဓါတ်မပေးခင်အချိန်မှာပဲ အေးခဲပြီးသေသွားလောက်ပြီ။ ငါကလုံးဝကိုအသုံးမဝင်တာမိုလို့ မင်းငါ့ကိုလွှတ်ပေးလိုက်တာကပဲပိုကောင်းမယ်ထင်တယ်။ ငါကမြွေမ,လည်းဟုတ်မနေလို့ ဥလည်းမဥနိုင်ဘူး!"
သူ့မိန်းမလေးတစ်ယောက်ကျီကျီကျာကျာပြောနေသည်ကိုကြားရတော့ ရှူဟန်ယွီမှာလည်းစိတ်ကောင်းဝင်နေသဖြင့် ကျေနပ်မှုကြောင့် အမှတ်မထင်ပြုံးလိုက်မိသည်။ ထိုစဥ်မိန်းမလေး၏ကြောက်ရွံ့စွာအော်လိုက်သံကိုကြားလိုက်ရပြီး မမျှော်လင့်ဘဲ သူ၏လူသားအသွင်ကိုမေ့ကာ မသိလိုက်ဘဲမြွေအသွင်ကိုပြန်ပြောင်းလိုက်မိခြင်းကိုသတိထားမိတော့သည်။
သို့သော်လည်း စိတ်အနှောင့်အယှက်ဖြစ်စရာတော့မလိုပေ။ ရှူဟန်ယွီကသူ့မိန်းမလေးကို အမြှီးဖြင့်ပတ်ထားကာ သူ့မိန်းမလေးစားဖို့အစာတစ်ခုခုရှာပေးရန် အမြန်လုပ်လိုက်သည်။ သူကတော့ မနေ့ကအမ,လေးသတ်လာသောသားကောင်အားစားခဲ့ပြီးဖြစ်သဖြင့် နောက်ထပ်ရက်အနည်းငယ်အထိစားဖို့မလိုအပ်သေးပေ။ ထို့ကြောင့်အမလေးဗိုက်ပြည့်ဖို့အတွက်ကိုသာ သူအာရုံစိုက်ထားရမည်ဖြစ်သည်။
မြွေတစ်ကောင်၏ရစ်ပတ်ထားမှုကိုခံရခြင်းသည် မခံမရပ်နိုင်အောင်နာလှသည်။ အစကတော့ သူ့ကိုလူတစ်ယောက်ကဆွဲခေါ်သွားခြင်းဖြစ်သော်လည်း ရုတ်တရက် သူသတိမထားမိလိုက်သည့်အချိန်မှာပင် စပါးအုံးမြွေကြီးပြောင်းသွားပြီး သူ့ကိုရစ်ပတ်ထားလိုက်တော့သည်။
'မအေ*ိုးကြီး... ဒီလိုအလန့်တထိတ်လုပ်စရာလား?!'
"ဟေး ငါပြောမယ် မြွေညီအကို၊ မင်းငါ့ကိုဒီလိုကြီးပတ်ထားစရာမလိုပါဘူး။ ဒီအတိုင်း မင်းနဲ့အတူ တူလမ်းလျှောက်လိုက်လို့မရဘူးလား?"
ရှူဟန်ယွီကနှုတ်ခမ်းကိုခပ်ဟဟဖွင့်လိုက်သောအခါ ဖြူဖွေး၍ရှည်လျားချွန်ထက်နေသောသွားများပေါ်လာတော့သည်။ ထို့နောက် သူ၏လျှာနှစ်ခွကိုထုတ်ကာ တရွှီရွှီတွန်သံများပြုလုပ်လိုက်လေ၏။
ရှူကျင်ထျန်းလည်းတံတွေးမြိုချကာ ပါးစပ်ပိတ်၍သာနေလိုက်တော့သည်။
"မင်းရဲ့သွားတွေဖြူတာကိုသိပါတယ်။ တကူးတကကြီးထုတ်ပြနေစရာမလိုပါဘူး။ ကျေးဇူးပါ!"
ရှူကျင်ထျန်းကိုရစ်ပတ်ထားပြီး မြွေကြီးမှာခပ်မြန်မြန်လျှောတိုက်သွားနေသောကြောင့် ဘေးဘက်ရှိမြင်ကွင်းများမှာ နောက်ဘက်တွင်ကျကျန်ခဲ့ပြီး မှုန်ဝါးဝါးပုံရိပ်များအဖြစ်သာရှိနေတော့သည်။
ရှူကျင်ထျန်းလည်း သက်တောင့်သက်သာဖြစ်စေသော ခန္ဓာကိုယ်အနေအထားကိုပြင်လိုက်ပြီး အေးစက်နေသောမြွေကြီး၏ခန္ဓာကိုယ်အားဖက်ထားလိုက်သည်။ ရုတ်တရက်ကြီးသူကပျော်ပါးချင်လာသလိုခံစားလာရ၍ သီချင်းတစ်ပုဒ်ကိုဆိုလိုက်သည်။
"မြွေမစီးဖူးတဲ့ ကျွန်တော့်မှာစပါးအုံးကြီးတစ်ကောင်ရှိတယ်။
တစ်နေ့ကျ သူ့ကိုစီးပြီး ပျော်ပွဲရွှင်ပွဲကိုသွားဖို့ အတွေးဝင်လာတယ်။
ကျွန်တော့်လက်ထဲမှာ ကြာပွတ်တစ်ချောင်းရှိပြီးဂုဏ်ယူဝင့်ကြွားစွာ ကြာပွတ်နဲ့ရိုက်လိုက်တယ်။
hulu...!
မြွေကြီးရဲ့အမြှီးက ပြုတ်ထွက်သွားတယ်လေ...။ hualalalalala!
ကျွန်တော့်မှာစပါးအုံးမြွေကြီးတစ်ကောင်ရှိတယ်!"
ရှူဟန်ယွီမှာ သူ့မိန်းမလေးပျော်ပျော်ရွှင်ရွှင်သီချင်းဆိုနေသည်ကို နားထောင်ပြီး ပို၍ပင်ပျော်ရွှင်လာတော့သည်။ တွန့်လိမ်ကောက်ကွေးသွားနေသော သူ့ကိုယ်မှာလည်း အမှုမဲ့အမှတ်မဲ့ဖြင့် သူ့မိန်းမလေး၏စည်းချက်နှင့်အညီ လိုက်ပါလှုပ်ရှား၍ ရေတံခွန်တစ်ခု၏ဘေးသို့ဦးတည်လိုက်တော့သည်။