no

Font
Theme

Chapter 4 ; မြွေကြီး၏ဂရုစိုက်မှု

တစ်ကိုက်မျှသာ ကိုက်ရသေးသော်ငြား ခပ်ရွှမ်းရွှမ်းအရည်တို့မှာ လတ်ဆတ်ချိုမြသောအရသာနှင့်အတူ သူ၏ခံတွင်း၌ ပြည့်ဝသွားလေသည်။

ရှူကျင်ထျန်းကလက်ထဲရှိအသီးအား အံ့ဩစွာကြည့်လိုက်မိ၏။ ဆွဲဆောင်မှုကောင်းစွာရှိနေသော အနီရောင်အခွံမှလွဲ၍ ၎င်းမှာသာမန်သစ်သီးတစ်ခုကဲ့သို့သာထင်ရ၏။ မထင်မှတ်ထားဘဲ အလွန်အရသာရှိနေလေသည်။

သူအချိန်အကြာကြီးဗိုက်ဆာနေခဲ့ပြီးမှ အခုလိုအရသာရှိလှသောအရာတစ်ခုကိုစားလိုက်ရသည့်အတွက် အရင်လိုလည်း ညစ်ပတ်သည့်အရာများကိုမကြိုက်တာမျိုးမရှိတော့ပေ။ နောက်ထပ်သစ်သီးတစ်လုံးကိုဆွဲထုတ်ကာ ဘာမှမဖြစ်သလိုဘဲ ရင်ဘတ်နှင့်ပွတ်ကာ ခပ်ကြီးကြီးတစ်ကိုက်ကိုက်စားလိုက်တော့သည်။

မြွေကြီးမှာတိတ်တဆိတ်ခေါင်းကိုမော့ကာ သူ့ကိုတစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် မျက်လုံးများကိုပြန်မှေးကျဥ်းလိုက်ကာ ပျော်ရွှင်နေဟန်ဖြင့် အမ,လေးကိုပတ်ခွေကာပြန်အိပ်နေတော့သည်။

ရှူကျင်ထျန်းမှာ တစ်ချက်တန့်သွားပြီးခေါင်းလှည့်ကြည့်လိုက်ကြည့်လိုက်ရာ မြွေကြီးအိပ်နေသေးသည်ကိုတွေ့လိုက်ရတော့မှ အသီးကိုအားရပါးရဆက်၍စားတော့သည်။

စားသောက်၍ပြီးသောအခါ ဘယ်အချိန်မှစမှန်းမသိသော်ငြား ရစ်ပတ်ခံထားရသည့်အတိုင်းပင် သူတကယ်အိပ်မောကျသွားခဲ့ပြီး ဗိုက်ထဲမှနာကျင်မှုကြောင့်ပြန်နိုးလာခဲ့ရသည်။ အိပ်မက်ထဲတွင်နစ်မျောနေသော်လည်း လွန်စွာနာကျင်နေပြီးချွေးတို့ဖြင့် ရွှဲနစ်နေသည်။ လက်တစ်ဖက်ဖြင့်နာကျင်နေသောဗိုက်ကိုဖိကိုင်ကာ မြက်ပုံပေါ်တွင်လူးလှိမ့်နေရ၏။

ရှူကျင်ထျန်း၏ဝမ်းဗိုက်မှာ ပူလောင်လာပြီး နာကျင်လွန်းလှသဖြင့် ခန္ဓာကိုယ်ကိုကျုံ့ကာခွေထားမိသည်။ သူ့မျက်နှာကလည်းဖြူဖျော့လာကာ နဖူးတွင်ချွေးစများသီးလာပြီး ချောမွတ်သောမျက်နှာတလျှောက် စီးကျလာတော့သည်။

ထိုစဥ်သူ့ကိုပတ်ထားခဲ့သောမြွေကြီးပျောက်နေသည်ကိုရုတ်တရက်သတိထားလိုက်မိသည်။

နာကျင်နေသည့်ကြားမှပင် သူစိတ်လှုပ်ရှားသွားသည်။

ကောင်းကင်မှာမဲမှောင်နေခဲ့ပြီး ဂူထဲမှာလည်းပိန်းပိတ်အောင်မှောင်မဲနေလေသည်။ ဂူပေါက်ဝတွင်တော့ အပြာရောင်အလင်းတန်းလေးတစ်ခုကျရောက်နေလေ၏။ ဖျော့တော့သောအလင်းတန်းများကို လိုဏ်ဂူထဲသို့ဖြန့်ကျက်နေပြီး မြင်နိုင်ဖို့ခက်ခဲလောက်သော အလင်းတန်းဖြင့် ဖုံးလွှမ်းထားသည်။

ရှူကျင်ထျန်းကအပြင်ကိုထွက်ချင်သော်လည်း ခန္ဓာကိုယ်ကမူ မတ်မတ်ပင်မရပ်နိုင်သေးပေ။ မတတ်နိုင်သောကြောင့်စိတ်အနှောက်အယှက်ဖြစ်သွားပြီးစိတ်ဓါတ်လည်းကျသွားသည်။

အခွင့်အရေးကသူ့ရှေ့မှာရှိနေတာကိုသူကဘယ်လိုလုပ်လက်လျှော့နိုင်မှာလဲ။

ရှူကျင်ထျန်းကသူ၏ဝမ်းဗိုက်ကိုညှစ်အားသုံးကာကျုံ့ထားပြီး သူ၏ခြေလက်များကိုသုံးကာဂူဝင်ပေါက်ဆီသို့ တွား၍သွားလေသည်။ နောက်ဆုံးမှာတော့ဖြာကျနေသောလရောင်နားကိုရောက်လာပြီးတဖြည်းဖြည်းစိတ်လှုပ်ရှားလာတော့သည်။

သို့သော်လည်း ဂူပေါက်မှာအလွန်မြင့်မားပြီး သူဖြတ်သွားလို့ရသည့်အနေအထားမဟုတ်ပေ။ သူ၏ပုံမှန်အခြေအနေနှင့်ဆိုလျှင်ပင် တက်လို့ရနိုင်မည်မဟုတ်လေရာ ယခုအခြေအနေနှင့်ဆိုလျှင် ပို၍ပင်မဖြစ်နိုင်သေးချေ။

ရှုကျင်ထျန်းကဘေးပတ်လည်ကိုလှည့်ကြည့်ကာ သူတွယ်တက်လို့ရနိုင်မည့်ကျောက်တုံးအစွန်းအစတစ်ခုခုကိုလိုက်ရှာနေမိသည်။

သို့သော်လည်း လိုဏ်ဂူကြီးမှာ မှောင်မဲနေပြီးဂူထဲရှိအရာအားလုံးကိုအမှောင်ထုဖြင့်ခြုံလွှမ်းထားလေ၏။

ရှုကျင်ထျန်းကထိုအမှောင်ထဲတွင် မည်သည့်အရာများရှိနေမည်ကိုမသိသော်လည်း ဤဂူကြီးထဲတွင်စမ်းတဝါးဝါးသွားနေရခြင်းက သူ့ကိုပို၍အင်အားမရှိတော့သလိုတောင်ခံစားရစေသည်။

စိတ်ဓာတ်ကျမှုများနှင့် ဂူကြမ်းပြင်ပေါ်တွင် ပျော့ခွေနေပြီး ခွန်အားမရှိတော့ပေ။ ခန္ဓာကိုယ်ကိုတင်းကြပ်စွာခွေနေလိုက်ပြီး မငိုမိစေရန်အံကြိတ်ထားရသည်။

မြွေကြီးမှာနေ့လည်ခင်းတုန်းကသူ့ကြင်ဖက်လေးကစောင်ဖြူလေးတစ်ထည်အား တန်ဖိုးထားနေသည်ကိုမြင်လိုက်ရသောကြောင့် ယခုညအချိန်တွင်စောင်မှထွက်နေသောအနံ့နောက်ကိုလိုက်ကာ ရှာဖွေနေခဲ့သည်။

ထို့နောက် သူရှာနေသောသူကို ကုန်းမြင့်တစ်ခုပေါ်တွင်တွေ့လိုက်ရတော့သည်။

ဂွမ်းစောင်ပိုင်ရှင်မှာ ကောင်းကင်ဝံပုလွေတစ်ကောင်နှင့်အတူရှိနေ၏။ မြွေကြီးကိုမြင်လိုက်သည့်အခါ သူမကကြောက်ရွံ့တုန်လှုပ်လာပြီးထိုအသွင်ပြောင်းသားရဲဝံပုလွေနောက်ကို ဝင်ပုန်းလိုက်၏။ ထိုမိန်းမကသူ့ကြင်ဖက်လေးထက်တောင်ပိုအားနည်းနေသေးသည်။ မထင်မှတ်ဘဲ ထိုအမကအလွန်လှပနေသည်။သေးသွယ်သောကိုယ်လုံးလေးနှင့် အားနည်းနေဟန်အမူအရာတို့မှာ သာမန်လေးထိရုံမျှနှင့်ပင် ကြေမွသွားနိုင်သယောင်ဖြစ်နေသည်။

သေချာတွေးတောကြည့်ပြီးနောက် မြွေကြီးမှာ ထိုအမနှစ်ကောင်အနက် အသိုက်မှာကျန်နေခဲ့သည့်အမကပို၍ပြုစုပျိုးထောင်ရလွယ်မည့်ပုံပဲဟု ဆုံးဖြတ်လိုက်တော့သည်။ ထို့အပြင် သူ့အမလေးကဒီအမလောက် နူးညံ့နေသည်မဟုတ်သော်လည်း နှစ်ယောက်လုံးမှာ ကိုယ်ပိုင်အလှရှိကြပေ၏။

ဤနေရာတွင်အခြေအနေလေ့လာပြီးသောအခါ မြွေကြီးလည်းပြန်လှည့်လာခဲ့တော့သည်။

သူ့ရဲ့အမက ကောင်းကင်ဝံပုလွေမျိုးစုကလာတာများလား? ဒါဆိုရင်တော့ ရှေ့လျှောက် သူပို၍ဂရုစိုက်ရမည်ဖြစ်ပြီး သူ့မိန်းမကိုဘယ်ကောင်းကင်ဝံပုလွေသားရဲနှင့်မှအဆက်အသွယ်လုပ်ဖို့ အခွင့်အရေးမပေးမိအောင်ထားရမည်။ သူကသူ့မိန်းမကို ပစ်စလက်ခတ်စွန့်ပစ်လိုက်မည်တော့မဟုတ်ပေ။

မြွေသားရဲကြီးများ၏မျိုးရိုးစဥ်ဆက်ရရှိလာခဲ့သောဗီဇမှတ်ဉာဏ်များတွင် သူတို့မျိုးနွယ်စုဝင်များကဖမ်းဆီးလာခဲ့သောအမဖြစ်သူတို့၏အဖြစ်အပျက်များစွာရှိခဲ့ဖူးလေသည်။

မြွေကြီးမှာ သူ့အသိုက်ထဲမှအမ,လေးကိုသတိရသွားပြီး ထူးဆန်းသောနူးညံ့မှုကိုပါ စိတ်ထဲတစ်ပြိုင်နက်ခံစားလိုက်ရသည်။ အရှိန်ကိုမြှင့်လိုက်သောအခါ သူ၏ကြီးမားပြီးလျင်မြန်သန်မာလှသည့် ခန္ဓာကိုယ်ကြီးကပျံသန်းသွားသကဲ့သို့ မှောင်ရိပ်ကျနေသောတောအုပ်ကို ဖြတ်သန်းသွားလေသည်။

မိန်းမလေးမှာ ဂူကြီးထဲတွင်တစ်ယောက်တည်းကျန်နေခဲ့သောကြောင့် သူလေးကအမှောင်ကိုကြောက်နေမှာစိုးရသည်။

သူဘယ်တုန်းကမှ အသိုက်ကိုပြန်ဖို့ ဒီလောက်စိတ်အားမထက်သန်ခဲ့ဖူးပေ။ သူ၏ခံစားချက်များကြား ဝေခွဲမရဖြစ်နေခဲ့သည်။ အဲတာဟိုမိန်းမလေးကြောင့်ပဲ။ အမ,လေးသာပိုပြီးနာခံမည်ဆိုလျှင်​သူ့ဘက်ကလည်း ပိုပြီးကြင်ကြင်နာနာဆက်ဆံပေးဖို့ ပြင်ဆင်ထားပြီးသားပင်ဖြစ်သည်။

သူဂူထဲပြန်ဝင်လာသောအခါ သူ၏နေရာမှာအရင်ကဲ့သို့ ဗလာနတ္ထိဖြစ်မနေဘဲ အနည်းပင်သဟဇာဖြစ်နေသည်ဟုခံစားရလေသည်။

အမဖြစ်သူမှာသတိမကပ်တော့ဘဲ နာကျင်မှုကြောင့် ညည်းတွားနေကာ ဂူအလယ်တွင်သူမ၏ခန္ဓာကိုယ်သေးသေးလေးကိုကွေးလျက်ရှိသည်။ သူသာအရှိန်ကိုမထိန်းထားခဲ့မိလျှင် ဝင်လာသောအခါအမလေးကိုဖိမိပြီးသားဖြစ်သွားပေလိမ့်မည်။

မိန်းမလေး၏ခန္ဓာကိုယ်ကိုပက်လက်လှန်လိုက်သောအခါ သေခါနီးကဲ့သို့ဖျော့တော့နေသောမျက်နှာသေးသေးလေးပေါ်လာသည်။ ပဲစေ့အရွယ်လောက်ရှိသော ချွေးသီးများမှာ နဖူးမှစီးကျနေပြီး အနက်ရောင်ဆံပင််များကလည်းစိုရွှဲနေသည်။ မူလကနီရဲနေသောနှုတ်ခမ်းနှစ်လွှာကလည်းဖြူဖျော့ခြောက်သွေ့ကာအက်ကွဲနေလေသည်။ သို့သော်လည်း အောက်နှုတ်ခမ်းလွှာကတော့ သူလေးကကိုက်ထားသောကြောင့် သွေးနီနီတို့စီးကျနေသည်။ အဖြူနှင့်အနီတို့မှာ သိသာထင်ရှားစွာဆန့်ကျင်နေသော်လည်း ဆန်းကျယ်သောအလှတရားတစ်ခုကိုအံ့အားသင့်ဖွယ်ထုတ်ဖော်နေ၏။

မြွေကြီးမှာနှလုံးသားထဲတွင်အနည်းငယ်ယားကျိကျိခံစားလိုက်ရပြီး ရှုပ်ထွေးစွာခွေလိုက်သည်။

ဘာများမှားသွားလ်ို့လဲ? ငါခဏလေးပဲထွက်သွားလိုက်တာကို အမ,လေးကဒီလိုအခြေအနေအထိဖြစ်သွားတယ်။

မြွေကြီးကအမ,လေးကိုစစ်ဆေးကြည့်ကာနီးတွင် သူ့အမြှီးက နွေးကာစိုစွတ်နေသည်ကိုခံစားလိုက်ရပြီး အရည်တချို့ကသူ့ကိုပေပွစေခဲ့သည်။ထိုအရည်များကိုကြည့်လိုက်သောအခါ သွေးစများဖြစ်နေသည်ကို အံ့ဩစွာတွေ့လိုက်ရတော့သည်။

ဒါဆိုယွင်သစ်သီးကအလုပ်ဖြစ်သွားတာများလား?

မြွေကြီး၏ခန္ဓာကိုယ်ကလှုပ်ယမ်းသွားပြီးလူသားအသွင်သို့ပြောင်းလိုက်သည်။

ထက်မြက်သောအသွင်ပြောင်းမြွေကြီးကအမ,လေး၏ထူးဆန်းသောအဝတ်အစားများကိုခဏလောက်လေ့လာပြီးနောက်တွင် ဘောင်းဘီကိုဆွဲချွတ်လိုက်သောအခါ အမ,လေး၏ဗလာကျင်းနေသော ခြေထောက်များပေါ်လာတော့သည်။

သွေးများက အမလေး၏ခြေထောက်များကြားမှ စီးကျလာနေသည်။၎င်းတို့ကိုစုပ်ယူနေသောအဝတ်များမရှိတော့သောအခါ အနီတောက်တောက်သွေးစီးကြောင်းများကသူမ၏ဖြူဖွေးရှင်းသန့်နေသောပေါင်အတွင်းသားများတလျှောက်စီးကျလာတော့သည်။

မြွေကြီးမှာသူ့ဘဝတစ်လျှောက်လုံး သွေးတွေအများကြီးမြင်ခဲ့ဖူးသော်လည်း သွေးအရောင်ကသူ့ကိုမျက်စိကျိန်းစေသကဲ့သို့မခံစားဖူးခဲ့ပေ။

အောက်ပိုင်းဗလာကျင်းနေသောမိန်းမလေးကိုဖက်ကာ မြက်ခြောက်ပုံအစွန်းဘက်တွင်လှဲလိုက်သည်။ မြွေကြီးကသူ့မိန်းမလေးကိုထိုကဲ့သို့နုံးခွေနေသောအခြေအနေမှာပိုပြီးသက်တောင့်သက်သာဖြစ်စေရန်ကလေးချော့သကဲ့သို့ညင်သာစွာပုတ်ပေးနေလိုက်သည်။

ရှူကျင်ထျန်းကကိုယ်ကိုဆွဲလှန်ခံရသကဲ့သို့ခံစားလိုက်ရပြီးစိတ်ရှုပ်သွားသည်။ထို့နောက်လက်မောင်းများကြားပွေ့ဖက်ထားခံရပြန်သည်။ အလွန်သက်တောင့်သက်သာဖြစ်နေသော်လည်း ထူးဆန်းစွာပင် ဤကဲ့သို့ပွေ့ဖက်ထားခံရခြင်းက မြွေကြီးသူ့ကိုပတ်ထားတုန်းကကဲ့သို့ခံစားလိုက်ရသည့်အတွက် အနည်းငယ်ထိတ်လန့်သွားသည်။

တစ်ညလုံးအိပ်ပျော်သွားပြီးနောက် ရှူကျင်ထျန်းကပြန်နိုးလာလေ၏။

ပင်ပန်းစွာဖြင့်မျက်လုံးများကိုဖွင့်ကာ အကြောဆန့်ရန်အတွက် အနေရခက်စွာလှုပ်ရှားလိုက်သောအခါ သူ့ကိုတကယ်ကြီး တစုံတစ်ယောက်ကဖက်ထားခဲ့မှန်းသိလိုက်ရတော့သည်။ ပိုရှက်ဖို့ကောင်းတာက ကလေးပိစိလေးကိုဖက်ထားသကဲ့သို့ဖက်ထားခံနေရခြင်းပင်ဖြစ်သည်။

“နေစမ်းပါဦး....လူတစ်ယောက်လား?” ရှူကျင်းထျန်ရုတ်တရက်ခေါင်းထောင်ပြီး ကြည့်လိုက်သည်။

သူ့ကိုပွေ့ဖက်ထားသူမှာ အသားဖြူဖြူနှင့်အလွန်လှပသောလူတစ်ယောက်ဖြစ်သည်။

မျက်လုံးများကိုမှိတ်ကာ ဂူနံရံကိုမှီနေလေ၏။ အစိမ်းရင့်ရောင်ဆံစတို့က ပုခုံးဖြူဖြူနှစ်ဖက်ပေါ်တွင်ဝဲဖြာကျနေသည်။ မျက်နှာပုံမျက်နှာကျတို့မှာ မိန်းမဆန်ဆန်ပင် အလွန်နူးညံ့ကာလှပနေသေးသည်။ အနက်ရောင်မျက်တောင်ရှည်တို့မှာ လိပ်ပြာတောင်ပံလေးများသဖွယ်ကော့ညွှတ်နေပြီး သူ၏မျက်နှာဖြူဖြူလေးပေါ်တွင် အရိပ်ကျလျက်ရှိသည်။

ရှူကျင်ထျန််းမှာ သူ့ကိုမတတ်နိုင်စွာငေးကြည့်နေမိသည်။ ဘယ်လိုတောင်လှတာလဲကွာ..

ထိုမိန်းမောတွေဝေစေသောမျက်တောင်များက ထိုသူ၏မျက်လုံးများကလည်းမျက်တောင်လေးတွေလိုပဲဆွဲဆောင်မှုရှိနေဦးမလားဟုသူ့ကိုစူးစမ်းချင်စိတ်ဖြစ်နေစေသည်။

သူ၏စူးစမ်းချင်စိတ်တို့ကနောက်တစ်စက္ကန့်အတွင်းမှာပဲ ကျေနပ်သွားရလေတော့သည်။ ထိုလူမှာ ရုတ်တရက်မျက်လုံးများပွင့်လာပြီး အစိမ်းရင့်ရောင်နှင့် မြစိမ်းရောင်ရောစပ်ထားသော မျက်ဝန်းတစ်စုံကိုလှစ်ဟပြလိုက်သည်။

ထိုလူ၏ အရှိန်အဝါတို့မှာချက်ချင်းပြောင်းလဲသွားတော့သည်။ သူ၏မိန်းမဆန်သောမျက်နှာလေးကသူ၏အားကြီးပြီးဖိနှိပ်နိုင်သောအရှိန်အဝါများကို ဖုံးကွယ်မထားနိုင်ပေ။

"အား! မင်း..."

ထိုမြစိမ်းရောင်မျက်ဝန်းတစ်စုံမှာ ရှူကျင်းထျန်အား သူ့ကိုဖမ်းပြီးဂူဆီကိုခေါ်လာခဲ့သောမြွေကြီးအား ပြန်သတိရသွားစေသည်။ သူ၏ကြောက်ရွံ့မှုကထိုလူ၏ပွေ့ထားခြင်းမှရုန်းထွက်ရန်ကြိုးပမ်းမိစေသည်။

သို့သော်လည်း ထိုလူကနူးညံ့ပုံပေါ်ပေမယ့်လက်မောင်းများမှာပြုတ်တူကြီးများကဲ့သို့မြဲမြံလှသည်။ သူဘယ်လောက်ပဲအားသုံးပါစေ၊ နည်းနည်းလေးတောင်ရွေ့မသွားပေ။

မြွေကြီးကအပြစ်ပေးသည့်အနေနှင့် လက်မောင်းများကိုပိုတင်းကျပ်လိုက်သည်။ အမ,လေး၏နာကျင်နေသော အမူအရာကိုမြင်သောအခါမှသာ သူ၏ခွန်အားများကိုပြန်လျှော့ချလိုက်သည်။

ရှူကျင်းထျန်မှာမူ တင်းတင်းကြပ်ကြပ်အညှစ်ခံထားရသဖြင့် အသက်ရှူရခက်ခဲနေခဲ့သည်။ တော်တော်လေးရယ်စရာကောင်းပြီးအဓိပ္ပါယ်မရှိ​သောမှန်းဆချက်ဖြစ်နေသော်လည်း ထိုလူမှာဟိုမြွေကြီးဖြစ်မည်ဟု သူသံသယဝင်မိသည်။ မည်သို့ပင်ဆိုစေကာမူ ကြောက်ခမန်းလိလိခွန်အားနှင့် လူတစ်ယောက်က မြွေသိုက်ရှိသောဂူထဲသို့ဝင်လာနိုင်ခဲ့ပြီး မြွေကြီးနှင့်တူသောမျက်လုံးများကိုလည်းပိုင်ဆိုင်ထားသေးသည်။ထိုအချက်ကအရမ်းကိုယုံကြည်ချင်စရာကောင်းနေသည်။

မြွေကြီးအကြောင်းကိုသိနေသဖြင့် ရှုကျင်ထျန်းကအခုတော့တစ်စင်တီမီတာလောက်ပင် မရွေ့လျားရဲတော့ပေ။ မလှုပ်မယှက်ပင် လိမ်လိမ်မာမာအဖက်ခံကာထိုင်နေလိုက်တော့သည်။

မြွေကြီးမှာကျေနပ်သွားကာ အမ,လေးအပေါ်ဖိထားသောအားကိုဖြေးဖြေးချင်းလျှော့ပေးလိုက်သည်။

ထိုအချိန်တွင် ရှူကျင်ထျန်းကသူဘောင်းဘီမဝတ်ထားမှန်းသတိထားမိသွားသောကြောင့်တုန်လှုပ်သွားသည်။ ထိုတွေ့ရှိမှုကသူ့အမူအရာများကိုချက်ချင်းထူးဆန်းသွားစေသည်။

"ဒါက... ဘာတွေဖြစ်သွားခဲ့တာလဲ?"

မြွေကြီးကသူ့စကားလုံးများကို နားမလည်သော်လည်း အမဖြစ်သူမှာသူ့အောက်ပိုင်းကိုငုံ့ကြည့်နေသည်ကိုတွေ့လိုက်သောအခါ ဘာကိုဆိုလိုချင်မှန်းနားလည်လိုက်သည်။

လက်တစ်ဖက်ကိုဖက်ထားရာမှလွှတ်ကာဆန့်တန်းလိုက်ပြီး ရှူကျင်ထျန်း၏အောက်ပိုင်းတစ်နေရာကို ထိလိုက်လေသည်။

ရှူကျင်ထျန်းက ခြေထောက်နှစ်ချောင်းကိုဆတ်ခနဲစေ့လိုက်ကာ ထိုအမျိုးသားအားဝေခွဲမရသောအကြည့်တို့ဖြင့်ကြည့်လိုက်လေ၏။

ထိုအခါမှ အဲဒီအမျိုးသားမှာလည်းဘာမှမဝတ်ထားတာကိုရှုကျင်ထျန်းကသဘောပေါက်သွားသည်။ ထိုသူ၏ခန္ဓာကိုယ်အပူချိန်မှာလျော့နေပြီး အရေပြားမှာအနည်းငယ်အေးစက်နေသည်။ သို့သော်လည်း ခပ်နွေးနွေးလေးခံစားရပြီး လက်ထဲတွင်ကြာကြာကိုင်ထားသောကျောက်စိမ်းတုံးလေးကတဖြည်းဖြည်းနွေးလာသကဲ့သို့ခံစားချက်မျိုးဖြစ်နေသည်။ဤအချက်က ထိုအမျိုးသားနှင့်စပါးအုံးမြွေကြီး၏ဆက်စပ်မှုကို ပိုပြီးတော့တောင်သေချာသွားစေသည်။

ထိုလူမှာ ကိုယ်လုံးတီးနှင့် နံရံကိုမှီကာသူ့ကိုဖက်ထားသေး၏။ ထိုလူမှာဤအနေအထားအတိုင်းအချိန်အကြာကြီးနေခဲ့သည့်ပုံပေါ်၏။

ရှူကျင်ထျန်းကသူ့တင်ပါးကိုထိုးနေသောအချောင်းတစ်ခုကိုခံစားလိုက်မိသည်။ ၎င်းမှာ ထိုလူ၏အရာဖြစ်နိုင်သည်ဟုယူဆရပေ၏။

ရှူကျင်ထျန်းကသူ့တင်ပါးကို အနေရခက်စွာရွှေ့နေသော်လည်း ထိုလူဆီမှနောက်တစ်ကြိမ်ဖိထားခြင်းကိုခံလိုက်ရပြန်သည်။ ​ထိုအရာမှာသူ၏ တင်ပါးနှစ်လုံးကြားထဲသို့ ​ကြောက်ခမန်းလိလိချော်ဝင်သွားလေတော့သည်။

သူတကယ်ထပ်မလှုပ်ရဲတော့ပေ!

မိန်းမလေး ငြိမ်သွားသည်ကိုတွေ့သောအခါမြွေကြီးကရှုကျင်ထျန်း၏စေ့ထားသောခြေထောက်နှစ်ဖက်ကို ဆွဲခွာလိုက်တော့၏။ သက်တောင့်သက်သာမရှိသည့်အပြင်အတင်းအကြပ်ဖိခံထားရခြင်းကြောင့် မိန်းမလေးကြောက်လာသောအခါသူမ၏ပေါင်ကြားထဲသို့သွားလိုက်ပြီးပုန်းကွယ်နေသောနေရာတစ်ခုဆီသို့ဦးတည်လိုက်တော့၏။

ရှူကျင်ထျန်းမှာ သူ၏ဂန္ဓမာပွင့်လေးကိုကျုံ့ထားရုံမှအပ ဘာမှမတတ်နိုင်ချေ။ အကိုင်ခံထားရသော ထိုနေရာမှာ အေးစက်ကာချောမွေ့နေပြီး သူ့ကိုထူးဆန်းသောပြင်းပြသည့်ဆန္ဒဖြင့်ခိုက်ခိုက်တုန်လာစေသည်။

ကံကောင်းစွာဖြင့် သူ၏ဆင်ခြင်တုံတရားတို့ မပြိုလဲခင်မှာပင်ထိုလူ၏ချွဲကျိနေသောလက်မှာ ကိုယ်တွင်းတစ်နေရာကိုခဏမျှသာလာထိပြီး ပြန်ဖယ်သွားလေ၏။

သို့သော်လည်း သူစိတ်အေးမသွားခင်မှာပဲ ပို၍စိုးရိမ်စရာကောင်းတာကိုသိလိုက်ရသည်။ထိုအရာကြီးကသူ၏တင်ပါးနှစ်လုံးကြားထဲကနေရာလေးကိုဖိနေပြီးမသိလိုက်ခင်မှာပင်ထိုအရာက ပိုမာကြောလာလေသည်။

မထင်မှတ်ဘဲဒီလူကငါ့ကြောင့်မာလာတာလား !!

ထိုလူကသူ့လက်ကိုဖယ်သွားသောအခါ ရှူကျင်ထျန်းကအလောတကြီးဖြင့်ခြေထောက်များကိုစေ့လိုက်လေသည်။

မြွေသားရဲကြီး၏ အသက်ရှူသံမှာ ပုံမှန်ထက်ပိုပြင်းထန်လာသည်။ ထိုးတက်လာသော လိုအင်ဆန္ဒတို့ကို တင်းကျပ်စွာဖိနှိပ်ပြီး ပြန်၍ထိန်းချုပ်ထားနိုင်ရန်အတွက် တစ်ခဏလောက်ငြိမ်သက်နေလေ၏။ထို့နောက် သူ့အောက်မှလက်ကိုဆွဲထုတ်ကာ ထိုလူက​လက်ဖဝါးကိုသူ့ရှေ့ကိုထိုးပြလာလေသည်။

ဖြူဖွေးသွယ်လျသောလက်ချောင်းများမှာခြောက်သွေ့နေသောသွေးစများဖြင့်ပေကျံနေ၏။

ရှူကျင်ထျန်းလည်း သူ့တင်ပါးများစေးကပ်ကပ်ဖြစ်နေသည်ကိုသတိထားလိုက်မိသည်။

သူ့ခြေထောက်များကိုပြန်ကား၍ ကိုယ့်ကိုယ်ကိုယ်ပြန်ဆန်းစစ်ကြည့်ရာ သူလည်းသွေးများဖြင့်ပေကျံနေသည်ကိုတွေ့လိုက်ရသည်။ သွေးများမှာ ပေါင်အတွင်းသားများတလျှောက်မှသူမမြင်ရသောအစိတ်အပိုင်းအထိပေကျံနေ၏။

ရှုကျင်ထျန်းကသူ၏ဂန္ဓမာပွင့်လေးကိုကျုံ့ကြည့်သောအခါ နာကျင်မှုကိုမခံစားရတော့ပေ။

ဖြစ်နိုင်တာကတော့... မနေ့ကဗိုက်နာတာကြောင့်များလား?

မနေ့ကသူသတိလစ်နေချိန်မှာရော ဒီလူကသူ့ကိုစောင့်ရှောက်ပေးခဲ့တာလား?

ရှူကျင်ထျန်းကကျေးဇူးတင်စိတ်တို့ဖြစ်ပေါ်လာ၏။ ထိုအမျိုးသားဖမ်းတာခံခဲ့ရပြီးဆက်တိုက်အင်အားသုံးအနိုင်ယူခံခဲ့ရခြင်းကသူ့ကိုမပျော်ရွှင်စေသော်လည်းထိုအချိန်မှာတော့တစ်ခြံတည်းမှာအတူတူနေနိုင်လောက်သည်ဟုခံစားမိပေသည်။ခက်ခဲနေချိန်မှာသူ့ကိုထိုအမျိုးသားကကူညီပေးခဲ့သောကြောင့် နည်းနည်းတော့ ကျေးဇူးတင်မိသည်။

"မနေ့ညကကိစ္စအတွက် ကျေးဇူးတင်ပါတယ်!"

ရှုကျင်ထျန်းကသူပြောတာကိုထိုအမျိုးသားနားလည်ရဲ့လားဆိုတာကိုဂရုမစိုက်ဘဲပြုံးပြလိုက်သည်။

မြွေကြီးမှာ မိန်းမလေး၏သိမ်မွေ့သောအမူအရာကိုသဘောကျသွားလေသည်။ ရှားရှားပါးပါးဖြစ်ပေါ်လာသော ညင်သာချင်သည့်စိတ်လေးဖြင့် သူမကိုနောက်တစ်ခေါက်ပွေ့ဖက်လိုက်ပြီး စကားပြောရန်ပါးစပ်ဟလိုက်၏။

"စားမလား...?"

----------------

T/N : Ch 3မှာတုန်းကယန်သစ်သီးလို့ပြန်ခဲ့မိပါတယ် ယွင်သစ်သီးလို့ပြောင်းမှတ်ပေးကြပါဦး 🤧

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment