Chapter 10 ;
မြွေကြီးကမီးကြောက်တယ်
အသားတုံးများသည် မီးအထက်ရှိ မီးခိုးမဲများကို စုပ်ယူထားသကဲ့သို့ မီးခိုးအရသာများဖြင့်သာ ပြည့်နှက်နေသည်။ အသားကလည်း ဟင်းခတ်အမွှေးအကြိုင်များလည်း မသုံးထားသဖြင့် တောင့်တင်းပြီး အရသာလုံးဝမရှိပေ။ရှုကျင်ထျန်းက အသားကို သေချာစွာမပြုတ်မိမှာကို ကြောက်သောကြောင့် အချိန်ကြာကြာရည်ရွယ်ချက်ရှိရှိကင်ထားခဲ့ပြီး အချို့နေရာများမှာ မီးကျွမ်းသွားတော့သည်။
ရှုကျင်ထျန်းသည် အစွမ်းကုန်ဝါးစားသော်လည်း သစ်သားများကဲ့သို့ ကြမ်းတမ်းနေသောအသားများကိုမဝါးနိုင်ခဲ့ပါချေ။ ထို့ကြောင့် တိုက်ရိုက်မျိုချရန်သာရွေးချယ်ခဲ့သည်။
"ဟန်ယွီ စားကြည့်ချင်လား? မင်းကငါကင်ထားတဲ့ အသားကိုမစားဖူးဘူးမလား? ရော့ စားကြည့်။”
ရှုကျင်ထျန်းက ပိုမိုမဲတူးနေသော အသားတစ်ပိုင်းကို ကောက်ယူလိုက်ပြီး ဆိုးသွမ်းစွာပြုံးလိုက်သည်။ သို့သော် မြွေကြီးသည် သူ့အားမရစ်ပတ်ထားတော့ရုံမျှမက အဝေးကြီးမှာပင်ရှိနေသည်ကို သူရုတ်တရက်သိလိုက်ရသည်။
ဒီလိုဆို မြွေကြီးကမီးကိုကြောက်တယ်ပေါ့။
ရှုဟန်ယွီသည် ခေါင်းကိုငုံ့ထားပြီး သူ့အားပေးကမ်းလာသော အသားများကို ချီတုံချတုံဖြင့် ကြည့်နေကာ ယိမ်းနွဲ့နေသောခန္ဓာကိုယ်နှင့်အတူ မိန်းမလေးအနားကို ဖြည်းညှင်းစွာချဉ်းကပ်လာလိုက်သည်။ ထို့နောက် သူ၏လျှာနှစ်ခွကိုဆန့်ထုတ်ကာ အသားတစ်အပိုင်းအား မဝံ့မရဲနှင့်ထိလိုက်ကာ ဓာတ်လိုက်သွားသကဲ့သို့ ချက်ချင်း လျှာကိုပြန်သိမ်းလိုက်သည်။
ရှုကျင်ထျန်းကပြုံးပြီး ရှုဟန်ယွီလျက်လိုက်သောအသားကို ဘေးမှာထားလိုက်ကာ နောက်ထပ်အသားတစ်ပိုင်းကိုယူလိုက်သည်။
"အပူလောင်မှာကြောက်တယ် မဟုတ်လား? နည်းနည်းအေးသွားအောင် ငါဒါကိုဒီမှာထားလိုက်မယ်။ ခဏနေရင်စားလို့ရပြီ။”
ရှုဟန်ယွီ က ခေါင်းငြိမ့်လိုက်ပြလိုက်ပြီး သူ့ခန္ဓာကိုယ်ကို မသက်မသာနှင့် လှည့်ကာပြန်ထွက်သွားတော့သည်။ မီးနှင့်နီးလွန်းနေသောကြောင့် သူ့အရေပြားက အနည်းငယ်ခြောက်သွားသလိုပင်ခံစားနေရသည်။
ရှုဟန်ယွီသည် လူသားတစ်ဦးအဖြစ်သို့ ပြန်ပြောင်းလဲသွားပြီးသောအခါ ပို၍သက်တောင့်သက်သာရှိလာသည်။ သူက သူ့မိန်းမလေးကို အနောက်ကနေသိုင်းဖက်ထားလိုက်ပြီး မီးပုံ၏ခြောက်ကပ်စေသောအပူဒဏ်ကို ရှုကျင်ထျန်း၏ခန္ဓာကိုယ်နှင့် ကာကွယ်လိုက်သည်။ဘေးနားတွင်ရှုကျင်ထျန်းတင်ထားခဲ့သော အသားချောင်းကိုကိုင််ရန် ဟန်ယွီကလက်ကိုဆန့်ထုတ်လိုက်သည်။ ကိုင်ဖို့အဆင်ပြေသည်ဟု ခံစားရသောအခါမှ သတ္တိများစုကာ လက်ထဲတွင်ဆုပ်ကိုင်ထားလိုက်သည်။
မိန်းမလေး၏ခန္ဓာကိုယ် အပူချိန်ကဲ့သို့ နွေးထွေးလှသည်။ ရှုဟန်ယွီသည် ဘာမှမပြောတော့ဘဲ အသားကိုပါးစပ်ထဲထည့်လိုက်သည်။
ရှုကျင်ထျန်းကဆက်မစားတော့ဘဲ ရှုဟန်ယွီဘက်ကိုလှည့်ကြည့်ကာပြုံးလိုက်သည်။ သူကဤကဲ့သို့သောအရသာဆိုးရွားလှသည့်စားစရာကိုမြွေကြီးနှင့်အတူတူမျှဝေစားသောက်ရခြင်းကိုအလွန်ကျေနပ်နေပေသည်။
ရှုဟန်ယွီသည် အသားတစ်ခုလုံးကို ပါးစပ်ထဲထိုးထည့်လိုက်ကာပါးများဖောင်းလာသည်အထိဝါးလိုက်ပြီးနောက် မျက်နှာအမူအရာပင်မပြောင်းသွားဘဲမျိုချလိုက် သည်။
ရှုကျင်ထျန်း၏ရွှင်မြူးသောအမူအရာများ ရပ်တန့်သွားသည်။ ...ဒါပဲလား? ထိုအချင်းအရာမှာသူ့အားအနည်းငယ်မျှပင်ကျေနပ်မှုမဖြစ်စေပေ။
"မင်းဒါကိုကြိုက်ရင် များများစားနော်"
ရှုကျင်ထျန်းက အသားကင်များကို ထပ်ထုတ်ပေးလိုက်ပြီး ရှုဟန်ယွီအနားတွင် တင်ထားလိုက်သော်လည်း ရှုဟန်ယွီက ငြင်းဆန်လိုက်သည်။
"မင်းစား!"
သူကမိန်းမလေးစားသောအရာများက စားလို့ရမရကိုသာ အတည်ပြုရန်စားခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း သူမ၏အကြိုက်က တကယ်ကိုထူးဆန်းလွန်းလှသည်။ သူမသည် ကောင်းမွန်နေသော အသားများကိုပုံမှန်အတိုင်း မစားပေ။
ရှုကျင်ထျန်းကအရသာမရှိသောကျန်အသားများကို အပြီးသတ်စားသောက်လိုက်သည်။ မည်သို့ပင်ဆိုစေကာမူ အနည်းဆုံးတော့ သူဗိုက်ပြည့်သွားပေသည်။ ထို့နောက် မီးကိုငြိမ်းသတ်ပစ်ရန် တွန့်ဆုတ်နေခဲ့သည်။ သူ့တွင် ဤမီးခြစ်လေးသာရှိပြီး အကြာကြီးအသုံးမခံနိုင်လောက်ပေ။ တတ်နိုင်သမျှ ထိန်းထိန်းသိမ်းသိမ်း ချွေတာထားသင့်သည်။
တောမီးလောင်မှုမဖြစ်စေရန် စိမ်းလန်းသောသစ်ကိုင်းများ၊သစ်ရွက်များနှင့်ဝိုင်းထားလိုက်သည်။ ထို့နောက် လေဝင်လေထွက်ကောင်းစေရန် အပေါ်မှမြေအလွှာတစ်ထပ်ကိုဖြန့်ကျဲလိုက်ပြီးထို အပေါ်တွင်အပေါက်များစွာချန်ထားလိုက်သည်။
နှစ်ယောက်သား မြစ်ထဲတွင်ဆေးကြောကာ သန့်ရှင်းရေးလုပ်လိုက်ကြသည်။ ထို့နောက် ရှုကျင်ထျန်းက မြစ်ကမ်းစပ်ရှိ မြက်ခင်းပြင်ပေါ်တွင် ပျင်းရိစွာအိပ်ကာ ကြယ်ရောင်စုံနေသောကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
အပြာရောင် စိတ်ကူးယဉ်ဆန်သော ကြယ်ရောင်ကောင်းကင်ကြီးသည် အဆုံးမရှိသော မှိတ်တုတ်မှိတ်တုတ်ကြယ်လေးများဖြင့် ပြည့်နေသည်။ အေးချမ်းသောညကောင်းကင်ကြီးသည် အလွန်ကျယ်ပြန့်ကာလင်းထိန်နေပြီး အပြာနုရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသည်။
"အရမ်းလှတာပဲ။ကြယ်တွေအကုန်လုံး ဒီလိုအစုလိုက်အပြုံလိုက်အများကြီးရှိနေတာကို ငါမမြင်ဖူးဘူး။ အရင်ကဆို ကောင်းကင်ကြီးက အမြဲတမ်း မှောင်မဲနေပြီး ကျိုးတို့ကျဲတဲပေါ်နေတဲ့ ကြယ်နည်းနည်းကိုပဲမြင်ခဲ့ရတာလေ။ လရောင်ကပဲမြူတွေကိုဖြတ်ပြီးလှလှပပ ထွန်းလင်းနေတာပေါ့ကွာ။"
ရှုဟန်ယွီသည် မိန်းမလေး၏ဘေးတွင် လဲလျောင်းလျက်ရှိပြီးလက်တစ်ဖက်ဖြင့်သူမကိုဖက်ထားကာ သူမ၏မျက်နှာလေးကို စိုက်ကြည့်နေလေသည်။
"ကြယ်တွေက ထင်ထင်ရှားရှားရှိနေပေမယ့် ဘာလို့ လမရှိတာလဲ?"
ရှုဟန်ယွီသည် မိန်းမလေး၏ ပျော့ပျောင်းသော ဆံနွယ်များကိုတို့ထိရင်း လေးလေးနက်နက်နားထောင်နေလေသည်။ လက်တစ်ဖက်က သူ့အလိုလိုအရိုးမဲ့သလိုဖြစ်သွားနေပြီး မိန်းမလေး၏ခန္ဓာကိုယ်ကို ပတ်ကာတယုတယပွတ်သပ်လိုက်သည်။
ရှုကျင်ထျန်း၏ခန္ဓာကိုယ်ကချက်ချင်းပင် ကြက်သီးများထသွားပြီး ကြမ်းပြင်ပေါ်မှ ထလိုက်သော်လည်း ရှုဟန်ယွီ၏ဆွဲချလိုက်ခြင်းကို ခံလိုက်ရကာ ရှုဟန်ယွီနှင့်ရင်ဘတ်ချင်းအပ်သွားလေသည်။
ရှုကျင်ထျန်းသည်သူ့အားရစ်ပတ်ထားသော လက်မောင်းက ရုတ်တရက်တင်းကျပ်လာသဖြင့် အသက်မရှူနိုင်တော့ဘဲ မျက်မှောင်ကြုတ်ကာ ရုန်းကန်ချင်နေပေသည်။
"ကောင်းကောင်းနေ~မလှုပ်နဲ့။" နွေးထွေးသောအသံသည် အနိုင်ကျင့်နေသူတစ်ယောက်၏အသံနှင့် လုံးဝမတူပါချေ။ ရှုကျင်ထျန်းက ၎င်းကိုလွန်စွာမုန်းတီးပြီး အံကြိတ်ကာမကျေမနပ်ဖြင့်ကြမ်းပြင်ကိုထုချလိုက်သည်။ သူ့မျက်နှာကလည်း ရှုဟန်ယွီ၏ရင်ဘတ်နှင့် ကပ်လျက် မလှုပ်မယှက်ဖြစ်နေသည်။
"မင်းတို့မြွေတွေက ရစ်ပတ်ထားရတာကို ဘာလို့ဒီလောက်တောင်ကြိုက်ကြတာလဲ? အနီးနားမှာလည်း သစ်ပင်တွေ အများကြီးရှိတယ်။ အပင်သေးသေးလေးကို ပတ်ချင်ရင် ပတ်လို့ရတယ်။ ပင်စည်တုတ်တုတ်ကြီးတွေကို ပတ်ချင်ရင်လည်း ပတ်လို့ရပါတယ်။ မင်းကြိုက်သလောက် ရစ်ပတ်ထားလို့ရတယ်။ ဘယ်လိုဖြစ်လို့ မင်းကငါ့ကိုမှ ပတ်ထားတာလဲ?"
"မင်းက ငါ့အပိုင်မိုလို့ပေါ့"
ရှုကျင်ထျန်း : "..."
ရှုကျင်ထျန်းကဒေါသထွက်စွာဖြင့် သူ့မေးစေ့ကို ရှုဟန်ယွီ၏ဗလာကျင်းနေသောရင်ဘတ်ပေါ်တွင်ထောက်ထားလိုက်ကာ စကားပြောလျှင်သူ၏ခေါင်းကလှုပ်ရှားနေသည်။
"ဘာလို့လဲ၊ တောထဲမှာ အကောင်တွေ အများကြီးရှိနေရဲ့သားနဲ့ဘာလို့ငါ့ကိုရွေးတာလဲ?"
"ဘာလို့လဲဆိုတော့... မင်းက…။"
ဘာလို့လဲဆိုတော့မင်းက အမ,လေးဖြစ်ပြီးငါ့အတွက်လည်းရှားပါးတဲ့ မိန်းမလေးပဲလေ။
သို့သော် ရှုဟန်ယွီသည် ရှုကျင်ထျန်း၏ဘာသာစကားဖြင့် 'အမျိုးသမီး' ကိုမည်သို့ ပြောရမည်ကို မသိသောကြောင့် စကားကိုခဏရပ်လိုက်သည်။
"ဟွန့်!"
ရှုကျင်ထျန်းသည် အရိုင်းအစိုင်း မြွေတစ်ကောင်နှင့် စကားပြောရန် ဆန္ဒမရှိတော့ဘဲ ထိုသူ၏ ကိုယ်လုံးတီးခန္ဓာကိုယ်ပေါ်တွင်သာ အနားယူလိုက်တော့သည်။
ရှုဟန်ယွီသည် သူ့ခန္ဓာကိုယ်ကို ဆက်တိုက်ဆိုသလိုကျုံရာကျပန်း ဖျစ်ညှစ်ထားတတ်သည်။ သူခံနိုင်ရည်ရှိနေသရွေ့ ကိစ္စပြီးသွားလိမ့်မည်ဟုသာ သူတွေးလိုက်သည်။ ဒါကသားရဲကြီးတစ်ကောင်ပဲ မဟုတ်လား? လူတွေကိုရစ်ပတ်ထားရတာကြိုက်တဲ့ မြွေကြီးပဲလေ။ အသက်ဝင်နေသော ပုဝါတစ်ထည်ကို ၀တ်ထားသည်ဟုသာ တွေးထားလျှင်အဆင်ပြေသွားပေလိမ့်မည်။
ထို့ကြောင့် ရှုကျင်ထျန်းသည် အတွေ့အကြုံရှိ လူသားဟင်းသီးဟင်းရွက်ကဲ့သို့ cosplay လုပ်ရတော့သည်။
ထို့နောက်တွင် ရှုကျင်ထျန်းသည် ရုတ်တရက် ရုန်းကန်စပြုလာကာခေါင်းထောင်၍ ဒေါသတကြီးနှင့်ပြောလိုက်သည်။
"ဟေ့ မင်း!"
သူကချက်ချင်းပင်သတိပေးသောအကြည့်ကိုပြန်ရလိုက်သည်။ ရှုကျင်ထျန်းကအာရုံလွှဲကာ အံကြိတ်လိုက်သည်။
ငါ့ဘောင်းဘီထဲရောက်နေပြီးတင်ပါးကို ဆုပ်နယ်နေတဲ့ လက်ကို ခဏလောက်သည်းခံရုံလေးပါပဲ။
"ငါဗိုက်နာတယ်၊ သက်တောင့်သက်သာဖြစ်သွားအောင်မင်းကငါ့ကိုလွှတ်ပေးလို့မရဘူးလား?"
ကြမ်းတမ်းခက်ထန်စွာပြောဆိုဆက်ဆံခြင်းက အဆင်မပြေလျှင် နူးညံ့သိမ်မွေ့ပြရပေမည်။ ရှုကျင်ထျန်းက လေသံကိုပြောင်းလိုက်ပြီး သူ၏ရန်လိုသော အမူအရာမှာလည်း ချက်ချင်းပျော့ပြောင်းသွားသည်။မိမိ၏သရုပ်ဆောင်စွမ်းရည်မှာကောင်းမွန်ကြောင်း ကိုယ့်ကိုယ်ကိုဝန်ခံရပေမည်။ သူကပြောင်းလဲချင်လျှင် ချက်ချင်းပင်ပြောင်းလဲနိုင်သည်။ အမှန်တကယ်ဝမ်းသွားချင်သကဲ့သို့ ဗိုက်ကိုဖိ၍ ခါးကိုကွေးကာ သူ၏မျက်နှာကိုလည်းသနားကမားပုံပေါက်စေသည်။
"ခုနက စားထားတာတွေက အစာမကြေဖြစ်သွားတာထင်တယ်။ဒါကြောင့်ငါဝမ်းသွားမှဖြစ်မယ်။အဆင်ပြေတယ်မလား ဟန်ယွီ?"
ရှုကျင်ထျန်းကထိုသို့ပြုမူနေမှတော့ ရှုဟန်ယွီကရော မည်ကဲ့သို့ခွင့်မပြုဘဲနေနိုင်ပါမည်နည်း။ သူ၏လက်များကို တွန့်ဆုတ်စွာဖြင့်ဖယ်ကာ မိန်းမလေးကို လွှတ်ပေးလိုက်သည်။
ရှုကျင်ထျန်းကလည်း ချက်ချင်းပင် လျင်မြန်စွာ ခုန်ပေါက်ပြေးသွားကာ ဗိုက်ကိုဖိကိုင်လျက် မည်းမှောင်ထူထပ်သော ချုံပုတ်တစ်ခုထဲသို့ ပြေးဝင်သွားခဲ့သည်။
ရှုကျင်ထျန်းကသူ၏နောက်မှ အသံကြားရသောကြောင့် လှည့်ကြည့်လိုက်ရာတွင် ရှုဟန်ယွီကလည်း သူ့နောက်ကို တစ်လှမ်းချင်း လိုက်လာနေသည်ကိုမြင်လိုက်ရသည်။
"မင်းလိုက်လာရင် ငါအဆင်ပြေမှာမဟုတ်လို့ ဒီမှာပဲစောင့်နေလိုက်နော်"
ရှုဟန်ယွီသည် ထိုစကားကိုကြားပြီးနောက် လမ်းလျှောက်လာခြင်းကို ရပ်လိုက်ပြီး ချုံအပြင်ဘက်တွင် သူ့ကိုစောင့်နေလိုက်သည်။
"မင်းခိုးမကြည့်နဲ့နော်၊ မျက်စောင်းထိုးပြီး ချောင်းကြည့်တာမျိုးလည်းမရဘူး။ ဘာမှမလုပ်ရဘူး၊ ငါကအဝေးကြီးကို သွားပစ်မှာ။"
ရှုဟန်ယွီကပြုံးရင်း သူ့မိန်းမလေး ဝေးဝေးထပ်သွားခြင်းကို လိုက်လျောဖို့အတွက်ငြိမ်နေလိုက်သည်။
ရှုကျင်ထျန်းကမှောင်မဲနေသော တောအုပ်ထဲသို့ ဝင်လာလိုက်သည်။ သူလွတ်လပ်မှုရလိုက်သည့်အချိန်တွင် ပထမဆုံးတွေးမိသည်မှာ လွတ်မြောက်ဖို့အတွက်သာဖြစ်သည်။
ကောင်းကင်ကြီးမှာ အလွန်မှောင်နေပြီး မြွေကြီးသည်လည်း သူ့နောက်သို့ မလိုက်လာခဲ့ချေ။
ငါထွက်ပြေးလိုက်ရမလား?
ရှုကျင်ထျန်းက အချိန်အတန်ကြာတွေဝေနေခဲ့သည်။
မိနစ်အနည်းငယ်အကြာတွင် ရှုကျင်ထျန်းသည် လိမ်လိမ်မာမာဖြင့် ပြန်ထွက်လာခဲ့သည်။ ရှုဟန်ယွီကလည်း သူ့ကိုစောင့်နေစဥ်ကကဲ့သို့ထိုပုံစံအတိုင်း ရပ်နေဆဲဖြစ်သည်ကိုမြင်သော် မြွေကြီး၏ စိတ်ကို သူ အမှန်တကယ် နားမလည်နိုင်တော့ပေ။ ထိုမြွေကြီးအတွက် သူကဘာများအကျိုးရှိစေလို့လဲ။ နေ့တိုင်း သူ့ကိုရစ်ပတ်ထားလိုက်၊ ဖက်ထားလိုက်ပဲလုပ်နေတာ မဟုတ်ဘူးလား? မြွေကြီးက ဘာကြောင့်များ သူ့ကို ဒီလောက် ဂရုစိုက်နေတာလဲ?
ရှုကျင်ထျန်းက မသဲမကွဲအသံလေးဖြင့်ပြောလိုက်သည်။
"သွားရအောင်"
"အင်း!"
ရှုဟန်ယွီသည် မိန်းမလေးရှိရာဘက်သို့ လျှောက်သွားကာ သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီးနောက်တွင် သူ၏ လေးလံကြောင့်ကြနေသောခံစားချက်မှာလည်း နောက်ဆုံးတွင် အနည်းငယ် ပြေလျော့သွားသည်။
အမှန်တကယ်တော့ ရှုကျင်ထျန်းကထွက်ပြေးဖို့ စိတ်ကူးနေစဥ် အခိုက်အတန့်မှာပင် သူကိုယ်တိုင်က ထိုစိတ်ကူးကို အညှာကနေခြွေပစ်ခဲ့ခြင်းဖြစ်သည်။
ပထမအချက်က အမှောင်ထုသည် လူသားများအတွက် အဟန့်အတားတစ်ခုဖြစ်ပြီး အလွန်အန္တရာယ်များလှသည်။ဒုတိယအချက်မှာ တောရိုင်းမြွေတကောင်အတွက် ဤသည်က ပြဿနာသိပ်မရှိနိုင်ပေ။ ညဘက်တွင် မြွေကြီးသည်ကြီးမားသော သားကောင်များကိုလည်း ဖမ်းယူနိုင်သောကြောင့် ညအချိန်တွင်လည်း သူ၏ သာလွန်မှုများမှာပို၍ပင်ထင်ရှားနေသည် ။
ထွက်ပြေးလွတ်မြောက်ခြင်းအတွက် အောင်မြင်နိုင်ခြေသည်လည်း သုညနီးပါးဖြစ်သောကြောင့် ရှုကျင်ထျန်းသည် ဤမတန်တဆကြီးမားလွန်းသောအကြံကို အမြန်စွန့်လွှတ်လိုက်ရချေ၏။
ဆောင့်ကြောင့်ထိုင်နေရင်းမှာပဲ အမှန်တကယ် ဝမ်းသွားနိုင်ခဲ့သည်။ ထို့နောက်တွင်ရှုကျင်ထျန်းက သူ၏အညစ်အကြေးများကို ဖုန်များ၊သဲများကို အသုံးပြုကာ မြုပ်နှံပြီးနောက် အပြင်သို့ ထွက်လာခဲ့သည်။
ရှုကျင်ထျန်းသာအလေးမစွန့်ခဲ့ပါက ပြန်ရောက်လျှင် ရှုဟန်ယွီသည် သူလိမ်နေမှန်း သိလိမ့်မည်ဖြစ်ပြီး ယခုတွင်သတိတောင်မထားမိဘဲ သူသည် ကြက်ကန်းဆန်အိုးတိုးကာ စမ်းသပ်မှုကိုအောင်မြင်သွားသည်။
ရှုကျင်ထျန်းသည် နာခံတတ်သည့်ပုံစံကို သရုပ်ဆောင်ရန် ရည်ရွယ်ချက်ရှိရှိ အတတ်နိုင်ဆုံးလုပ်ဆောင်ခဲ့သောကြောင့် မြွေကြီးသည် သူ့အပေါ် သတိထားစောင့်ကြည့်မှုများနည်းပါးလာကာ သူ၏ ဇီဝကမ္မဆိုင်ရာ ပြဿနာများကို မကြာခဏ ကိုယ့်ဘာသာ ကိုင်တွယ်ဖြေရှင်းစေသည်။ ရှုဟန်ယွီကလည်း ရှုကျင်ထျန်းအား သူ့ပိုင်နက်အတွင်း သူ့လောင်းရိပ်အောက်မှာသာရှိနေစေလေသည်။
ရှုဟန်ယွီသည်အမဲလိုက်သည့်အချိန်မှလွဲ၍ ကျန်အချိန်များတွင် ရှုကျင်ထျန်းအားစွဲလန်းနေသကဲ့သို့ သူ့အနားတွင် ရစ်ပတ်နေကာ အလွန့်အလွန်ကို အချစ်နွံနစ်နေသည့် ချစ်သူစုံတွဲတစ်တွဲအလားပင်ဖြစ်နေသည်။
ရှုဟန်ယွီသည် ဤအရာကို နှစ်ခြိုက်ပြီး နေ့ရက်များကို သက်တောင့်သက်သာ ဖြတ်သန်းခဲ့သည်။ သို့သော် ရှုကျင်ထျန်းကတော့ ပြောမပြနိုင်လောက်အောင် စိတ်ဆင်းရဲနေရသည်။ ငယ်စဥ်ကတည်းက မြွေကြောက်သူတစ်ယောက်မှာ စပါးအုံးမြွေတစ်ကောင်၏ နေ့တိုင်းရစ်ပတ်ထားခြင်းကို ခံနေရပြီး စပါးအုံးမြွေတစ်ကောင်ရဲ့ ရစ်ပတ်မှုများကြားတွင် နိုးထလာခဲ့ရသည်။ မကြာခင်တွင် သူ၏စိတ်ကျန်းမာရေးပင် ယိုယွင်းလာပေတော့မည်။
ထို့အပြင် အပေါ့အလေးစွန့်ဖို့ သွားသည့်အကြိမ်အနည်းငယ်သည်သာ ရှုကျင်ထျန်း၏လေကောင်းလေသန့်ရှူခွင့်ရသည့်အချိန် ဖြစ်လာခဲ့သည်။
ရှုကျင်ထျန်းသည်လည်း မြွေကြီးအား ကောင်းကောင်းနားလည်လာပြီး မြွေကြီး၏ရစ်ပတ်ခံထားရခြင်းမှ လွတ်မြောက်ရန် ဆင်ခြေမျိုးစုံကို တွေးတောနေလေသည်။ သို့သော် မြွေကြီးသည် သူ့အား သတိထားစောင့်ကြပ်နေခြင်းကို လျှော့ချလိုက်သည်နှင့်အမျှ သူ၏ ကျူးကျူးလွန်လွန်လှုပ်ရှားမှုများသည်လည်း ပို၍ပို၍ ပြင်းထန်လာသည်။
ရှုကျင်ထျန်းအိပ်မောကျနေသည့်အချိန်၌ သူ့ပါးစပ်ထဲတွင် တစ်စုံတစ်ခုကို ခံစားလိုက်ရပြီး အလိုအလျောက်ကိုက်လိုက်မိသည်။ ရေခဲတမျှအေးစက်၍ သေးသွယ်ရှည်လျားသော အရာက သူ့ပါးစပ်ထဲတွင်နွေးသွားလေသည်။
ပါးစပ်ထဲတွင် တစ်စုံတရာရှိနေခြင်းက အိပ်ပျော်စေသည့် နည်းလမ်းမဟုတ်သဖြင့် သူ့ပါးစပ်ထဲရှိ အရာကို ထွေးထုတ်ဖို့ ကြိုးစားသည်။
သို့သော်လည်း သူ့ပါးစပ်ထဲရှိ အရာသည်အသက်ရှင်နေပုံရကာ သူ့ပါးစပ်ထဲတွင် နေရာအနှံ့တွန့်လိမ်နေလေသည်။ ငြိမ်သက်နေသော သူ့လျှာကိုပင် ထိုအရာကရစ်ပတ်ထားသောကြောင့် မိမိ၏လျှာကိုပင်စိတ်လိုလက်ရ မလှုပ်ရှားနိုင်တော့ချေ။
ရှုကျင်ထျန်းကမသက်မသာဖြစ်လာသဖြင့် သူ၏ခန္ဓာကိုယ်ကို ရွှေ့လိုက်သည်။ သို့သော် သူ့ခန္ဓာကိုယ်အား ကန့်သတ်ချုပ်ချယ်ထားသော ခံစားချက်ကို ခံစားလိုက်ရသည့်အချိန်တွင် မြွေကြီးကသူ့အား ရစ်ပတ်ထားဆဲဖြစ်သည်ကို သူသိလိုက်ရသည်။
ချက်ချင်းပင် ရှုကျင်ထျန်းက သူ့ပါးစပ်ထဲရှိအရာမှာ သူ့ခန္ဓာကိုယ်ကိုပတ်ထားသော စပါးအုံးမြွေကြီးဖြစ်နေကဲ့သို့ ခံစားလာရပြီး တစ်စုံတခုကို စတင်သဘောပေါက်လိုက်သည်။ ရှုကျင်ထျန်းမှာအလွန်ထိတ်လန့်သွားပြီး သူ၏ငိုက်မျဉ်းမှုကလည်း ချက်ချင်းပျောက်ကွယ်သွားခဲ့သည်။
ရှုကျင်ထျန်းကမျက်လုံးဖွင့်လိုက်သည်နှင့် သူ့မျက်လုံးရှေ့တွင် မြွေကြီး၏မျက်နှာကိုသာအပြည့်မြင်လိုက်ရသည်။ အေးစက်၍ကြည်လင်နေသော မျက်လုံးတစ်စုံတွင် သူ၏ထိတ်လန့်ကာအလွန်အမင်းပြူးကျယ်နေသော မျက်လုံးများကထင်ထင်ရှားရှား ရောင်ပြန်ဟပ်နေလေသည်။
"Mmm~ငါ့ကိုလွှတ်~ Wu!"
သူ့ပါးစပ်ကတင်းတင်းကြပ်ကြပ် တားဆီးပိတ်ဆို့ခံထားရသောကြောင့် သူကပါးစပ်မပိတ်နိုင်ဖြစ်နေရသည်။ တံတွေးများစွာလည်း ထွက်ကျလာပြီး သူ့ပါးနှင့်လည်ပင်းများကို စိုစွတ်စေလေသည်။
သူ့ပါးစပ်ထဲတွင် ခက်ရင်းခွသဖွယ်လျှာကြီးသည် အကြိမ်အနည်းငယ်ခန့် တွန့်လိမ်နေပြီးနောက် ဖြည်းညှင်းစွာထွက်လာကာ တဖြည်းဖြည်း နောက်ဆုတ်သွားသည် ။
ရှည်လျားသော မြွေလျှာကြီးထွက်သွားသည်နှင့်အမျှ ထိုလျှာကြီးနဲ့အတူ ရှုကျင်ထျန်း၏ ပါးစပ်မှ တံတွေးများ အလွန်အမင်းထွက်ကျလာပြီး တချို့နေရာများတွင်ဗလာကျင်းနေသော သူ၏ ခန္ဓာကိုယ်ပေါ်သို့ ယိုကျလာသည်။
"ဖူး! ဖီ.. အော့!"
ရှုကျင်ထျန်းသည် ဘေးသို့စောင်းငဲ့ကာ တံတွေးများကိုထွေးထုတ်လိုက်သည်။ ရွံရှာလွန်းသောကြောင့် သူ၏ အတွင်းခံများကိုပင် ချွတ်ချကာဆေးကြောပစ်ချင်လောက်အောင်ကိုယားယံလာတော့သည်။ သို့သော်လည်း သူကအော့အန်ခြင်းမျိုး မလုပ်တတ်ပေ။ ကားအရမ်းမူးနေလျှင်တောင် မူးလဲသွားပြီး အော့အန်တာမျိုးတော့မဖြစ်ပေ။
ယခုတော့ တံတွေးကိုထွေးထုတ်ရုံမှလွဲ၍ သူဘာမှအန်မထုတ်နိုင်သောကြောင့် သူ၏နှလုံးသားထဲ တွင်ရွံရှာနေမှုကိုသာ ခံစားလိုက်ရသည်။
အချိန်အတော်ကြာပြီးနောက် ရှုကျင်ထျန်း သည် နောက်ပြန်လှည့်ကာ မြွေကြီးအား မယုံကြည်နိုင်စွာ ကြည့်နေလေသည်။
"မင်း- မင်းကအရမ်းလွန်တာပဲ!" ရှုကျင်ထျန်းကဒေါသတကြီး မျက်လုံးပြူးကာ ပြောလိုက်သည်။
မိန်းမလေး၏ ဒေါသတကြီးဖြစ်နေသောအသွင်အပြင်သည် ရှုဟန်ယွီကို ဒေါသထွက်သွားစေပြီး သူ့မျက်လုံးများက ကျဉ်းမြောင်းသွားကာ သူ၏အားကြီးလှသောအမြီးဖြင့် ရှူကျင်ထျန်းအား တင်းတင်းကျပ်ကျပ်ရစ်ပတ်ထားလိုက်သည်။
ရှုကျင်ထျန်းကရုတ်တရက်လန့်ဖျတ်သွားကာ ဂရုတစိုက်ဖြင့် မလှုပ်တော့ဘဲနေလိုက်သည်။ ရှုကျင်ထျန်းသည် မြွေကြီး၏ ရက်စက်ကြမ်းကြုတ်မှုကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ရသောကြောင့် ဒေါသထွက်နေချိန်တွင်ပင် မိုက်မဲစွာဖြင့် မရိုင်းစိုင်းဝံ့တော့ဘဲ ရှုဟန်ယွီ၏ မျက်လုံးများကို ဒေါသတကြီး စိုက်ကြည့်ရုံမျှဖြင့် အဆုံးသတ်ခဲ့သည်။
"ရှဲ~"
ရှည်လျားသော လျှာနှစ်ခွသည် နောက်တစ်ကြိမ် ထပ်တိုးထွက်လာသည်။ ရှုကျင်ထျန်းသည် တစ်စုံတစ်ခုကို ရိပ်မိသွားပုံရပြီး တုန်လှုပ်ချောက်ချားကာ ရုန်းကန်ကာ ထွက်ပြေးရန် ကြိုးစားလာသည်။
ရှုကျင်ထျန်းတွင် ရစ်ပတ်ထားသော အမြီးသည် ပိုမိုခိုင်ခံ့လာပြီး မလွတ်မြောက်နိုင်တော့ပေ။
"မလုပ်နဲ့!"
အချိန်တို့သည်စီးဆင်းမှုနှေးကွေးသွားသလိုခံစားရကာ ရှူကျင်ထျန်း၏မျက်လုံးများပြူးကျယ်လာပြီး ထိုလျှာနှစ်ခွကြီး အနားရောက်လာသည်နှင့်အမျှ မျက်လုံးများကိုမှိတ်လိုက်မိတော့သည်။