နမ်းတယ်တဲ့လား။
ယန့်ရန်ဟာ ကျွန်တော့်ရှေ့မှာ သည်လိုစကားမျိုး တစ်ခါမှ မပြောဖူးခဲ့ပေ။ ကျွန်တော် သူ့ကို ကိုယ့်မိသားစုဝင်အဖြစ် တကယ်ကြီး မသတ်မှတ်ခဲ့ဖူးပေမဲ့ တုံးအ၊ ရူးနှမ်းကာ ဘာမှမသိသော ကလေးအဖြစ်သာ အမြဲသဘောထားခဲ့တာ ဖြစ်သည်။
သူ သည်စကားပြောလိုက်တော့မှပင် သူဟာ ၁၅ နှစ် ရှိနေပြီဆိုတာ ကျွန်တော် ရုတ်တရက် နားလည်သဘောပေါက်သွားရသည်။
သူ ဘယ်လောက်ပဲ တုံးအရူးနှမ်းပါစေ၊ ကျွန်တော်က စပျစ်သီးပန်းကန်ကို မှောက်ပစ်ပြီး ကြမ်းကြမ်းတမ်းတမ်းအော်ပစ်ခဲ့ရုံဖြင့် ငိုတတ်ခဲ့သော ကလေးမဟုတ်တော့ချေ။
သူဟာ ကြီးပြင်းလာရုံသာမက တခြားပြဿနာတွေပါ ရှိလာပြီဖြစ်သည်။
"ကောင်လေးနဲ့တဲ့လား"
ယင်းက ကျွန်တော့်ကို အံ့အားသင့်စေသည်။ အတော်လေး သတိလက်လွတ်ကြောင်အမ်းနေမိရာ သူ့မိခင်က မနက်စာစားဖို့ခေါ်တာတောင် မသိလိုက်။
"လာပါပြီ"
ကျွန်တော် ပြန်ထူးလိုက်ပြီး ယန့်ရန်ဘက် လှည့်ကြည့်လိုက်သည်။ သူက ကုတင်ပေါ်မှာ ထိုင်ရင်း ကျွန်တော့်ကို စိုးရိမ်တကြီး ကြည့်နေ၏။
"ငါ ပြန်လာမှ စကားပြောကြမယ်"
ထိုစကားဖြင့် စကားဝိုင်းကိုဖြတ်ချကာ သူနောက်ထပ်အိပ်စေဖို့ရာအတွက် တံခါးကို ပိတ်ကာ ကျွန်တော်ထွက်လာခဲ့လိုက်သည်။
ထိုမနက်ခင်းမှာ ကျွန်တော် စိတ်မတည်မငြိမ်ဖြစ်နေမိသည်။ ယင်းက ကျွန်တော့်အတွက် တကယ့်ကို စိတ်ဖိစီးစရာဖြစ်ခဲ့၏။
ဂေးတွေက ဘယ်လိုမှန်းကျွန်တော်သိသည်။ ဘေးချင်းကပ်လျက်ခန်းမှာ အတော်လေးမိန်းကလေးဆန်ကာ နွဲ့သော ကျောင်းသားတစ်ယောက်ရှိသည်။သူက စကားပြောလျှင် လေသံဖွဖွပြောတတ်ကာ အရိုးမရှိသည့်လူလို လမ်းလျှောက်တတ်သည်။
ရိုးရိုးသားသားပြောရလျှင် ကျွန်တော်ကတော့ သူ့အပေါ် ကောင်းသည်၊ ဆိုးသည် ဘာသဘောထားမှမရှိ။ ကျွန်တော်နှင့် ဆိုင်သည်မှ မဟုတ်ဘဲ။ သို့ပေမဲ့ တချို့လူတွေကတော့ တခြားသူတွေ၏ အကျင့်တွေက သူတို့ဘဝကို တကယ်ကြီးပဲ ထိခိုက်နေသလိုမျိုး တမင်လိုက်ကာရန်စပြဿနာရှာရတာကို ကြိုက်ကြသည်။
ထိုကောင်လေးက ဂေးမှန်း တစ်တန်းလုံး သိသည်။ တချို့က သူ့ကို စနောက်ရတာ ကြိုက်၏။ သူ စင်္ကြန်လမ်းကနေ ဖြတ်သွားလျှင် တချို့က တမင်တကာ လေချွန်ပြတာမျိုး၊ သို့မဟုတ် ခြေထောက်ထုတ်ပြီး ချော်လဲအောင်လုပ်တာမျိုး လုပ်ကြသည်။ တခါတလေဆို သူတို့အတန်းက ကောင်လေးတစ်ယောက်က သူ့ဖင်ကို တမင်တကာ ကိုင်ပြီး လှောင်ပြောင်ရယ်မောတာကိုလည်း ကျွန်တော် မြင်ဖူး၏။
ယင်းက တော်တော်လေးကို ရှုံ့ချစရာကောင်းသည်။
လူကသာ စာသင်ခန်းထဲထိုင်နေပေမဲ့ ဆရာပြောတာတွေ တစ်ခွန်းမှကျွန်တော့်နားထဲမဝင်ပေ။ ကျွန်တော့်စိတ်က မိန်းကလေးဆန်သော ကောင်လေးနေရာမှာ ယန့်ရန်ကို အလိုအလျောက် အစားထိုးမိသွားသည်။
လူတွေက ယန့်ရန်ကို အခြောက်ဟုခေါ်ပြီး လှောင်ကြလျှင်..။
ယန့်ရန်သာ ဖင်ကိုင်ခံရလျှင်…။
ဆရာက မေးခွန်းဖြေဖို့ ကျွန်တော့်ကို ခေါ်လာသည်။ သို့ပေမဲ့ ကျွန်တော် ထရပ်လိုက်တော့ ဆရာ ဘာမေးလဲဆိုတာ တကယ်ကို မသိခဲ့ချေ။
"မင်း အထက်တန်း တတိယနှစ် ကျောင်းသား ဖြစ်နေပြီ! တစ်နေကုန် စိတ်တွေ လေလွင့်မနေနဲ့!"
ဆရာက ကြိမ်းမောင်းလာ၏။
အတန်းချိန်တစ်ချိန်လုံး ကျွန်တော်မတ်တပ်ရပ်ခိုင်းခံထားရသည်။ သို့သော်လည်း တစ်လုံးမှ ခေါင်းထဲရောက်မလာခဲ့ပါချေ။
နေ့လယ် ကျောင်းဆင်းတော့ ကျောင်းဂိတ်ဝကနေ ထွက်လိုက်သည်နှင့် လမ်းဘေးမှာ ကျွန်တော့်ကို စောင့်နေသော ယန့်ရန်ကို တွေ့လိုက်ရသည်။
နှစ်ကုန်ပိုင်းဖြစ်၍ ရာသီဥတုက အေးစိမ့်နေပြီပင်။ ယန့်ရန်က ကျွန်တော်နှင့် ဆင်တူအနွေးထည်ကို ဝတ်ထားပြီး အရွက်မဲ့ ရိုးတံပြိုင်းပြိုင်းထနေသော သစ်ပင်ကြီးအောက်မှာ ရပ်နေသည်။ ခေါင်းငုံ့ပြီး ဘာတွေတွေးနေလဲ မသိချေ။ သူ့နာမည် ခေါ်လိုက်တော့မှ ချက်ချင်းမော့ကြည့်လာကာ ပြုံးပြရင်း ကျွန်တော့်ဆီ ပြေးလာသည်။
ယန့်ရန်က အလယ်တန်း တတိယနှစ်ရောက်ပြီဖြစ်သည်။ သည်နှစ်မှာ သူ အရပ်အတော်လေးမြင့်လာကာ ကျွန်တော့်ကို လိုက်မီလုနီးပါးဖြစ်နေပြီပင်။
သို့ပေမဲ့ သူ့လက်တံ၊ ခြေတံတွေကတော့ ပိန်သွယ်နေဆဲသာ။ နေ့တိုင်း အများကြီး စားပါသော်ငြား အာဟာရချို့တဲ့နေပုံပင် ရသေးသည်။
သူက
ကျွန်တော့်ကျောပိုးအိတ်ကို ယူပြီး
သူ့နောက်ကျောမှာ လွယ်လာကာ အခြွေအရံလေးအလား ကျွန်တော့်နောက်ကနေ ကပ်လျက် လျှောက်လာသည်။
ကျွန်တော့်အတန်းဖော်တွေအားလုံးက သူ့ကို သိကြရာ ကျွန်တော့်ဘေးကနေ ဖြတ်သွားချိန်၌ သူ့ကို နှုတ်ဆက်ကြ၏။
“ဘာလို့ ဒီရောက်လာတာလဲ”
“အိမ်မှာနေရတာ စိတ်ကျဥ်းကြပ်လို့”
ယန့်ရန်က ဆိုသည်။
"အမေနဲ့ အဖေတို့ အပြင်သွားကြတယ်။ အပြင်မှာပဲ ထမင်းစားခိုင်းလို့"
ကျွန်တော်ကတော့ သူ့ကိစ္စကို တစ်မနက်လုံး တွေးနေခဲ့လေရာ အခုလို သူ့ကို တွေ့ရတော့ စိတ်ထဲ ရှုပ်ထွေးနေမိသည်။
တစ်ဖက်မှာတော့ သူက ဘာမှမဖြစ်သည့်အလားပင်။ မနက်က မျက်မှောင်ကြုတ်ပြီး အကူအညီတောင်းခဲ့သည့်လူက သူ လုံးဝ မဟုတ်သည့်နှယ်။
ကျွန်တော်တို့ နှစ်ယောက် ကျောင်းနားက ခေါက်ဆွဲဆိုင်မှာ ဝင်စားလိုက်ကြသည်။ တိုက်တိုက်ဆိုင်ဆိုင်ပင် ဘေးခန်းက မိန်းကလေးဆန်ဆန်ကောင်လေး ဆိုင်ထဲ ဝင်လာသည်။ သူ ထိုင်လိုက်သည်နှင့် ဆူညံပွက်လောရိုက်နေသော ကျောင်းသားတစ်ဖွဲ့ကပါ ထပ်ဝင်လာ၏။ သူ့ကို တွေ့တော့ သူတို့ကပါ ခေါက်ဆွဲတွေ ဝယ်ပြီး သူ့စားပွဲမှာ ဝင်ထိုင်လိုက်ကြသည်။
ထိုကောင်လေးတွေက အတော်လေး ဆိုးဝါးတာမျိုးတော့ မလုပ်ခဲ့ကြ။ သို့ပေမဲ့ သူတို့ပြောသည့်စကားတွေကတော့ နားထောင်ရတာ စိတ်မသက်မသာကောင်းသည်။
အခြောက်ကောင်..ဂေးကောင် စသဖြင့်။
သူတို့က လှောင်ပြောင်သည့် လေသံဖြင့် ပြောဆိုနေတာကြောင့် ထိုကောင်လေးခမျာ ခေါင်းတောင် မဖော်နိုင်ချေ။
ယန့်ရန်ကမူ ပြုံးတာ ရပ်သွားကာ ခေါက်ဆွဲကို မျက်နှာတည်တည်ဖြင့် စားနေလေသည်။ ကျွန်တော် လက်ထဲက တီရှူးကို ဆုတ်လိုက်ပြီး ဘောလုံးသေးသေးလေး နှစ်လုံးလို ချေကာ သူ့နားထဲ ထိုးထည့်ပေးလိုက်သည်။
ယန့်ရန် ခဏတော့
ကြောင်သွားသည်။ နောက်မှ ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြလာ၏။
ကျွန်တော်တို့ နှစ်ယောက်လုံး ပုံမှန်ဆို အစားကြီးသူတွေ ဖြစ်သည်။ သို့သော်လည်း ထို့နေ့၌ ကျွန်တော်တို့ နှစ်ယောက်လုံး ခေါက်ဆွဲတစ်ပွဲပင် မကုန်ခဲ့ကြချေ။
အပြန်လမ်းမှာ သူက ကျွန်တော့်စက်ဘီးနောက်ခုံမှာ ထိုင်၍ ကျွန်တော့်ကျောပိုးအိတ်ကို လွယ်ထားကာ ကျွန်တော့်ခါးကို ဖက်ထားသည်။ ပုံမှန်ဆို ပေါက်ပေါက်ဖောက်ကာ လေပေါလွန်းသော ယန့်ရန်ဟာ အပြန်လုံး တိတ်ဆိတ်နေခဲ့လျှက်သားပင်။
အိမ်ရောက်တော့ ကျွန်တော်တို့ နှစ်ယောက်တည်း ရှိသည်။ သူ မနက်က ကိုယ်တိုင်လျှော်ထားသော အတွင်းခံကိုမူ လေဝင်လေထွက်ကောင်းအောင် လသာဆောင်မှာ နေလှန်းထားသည်။
ယန့်ရန်က မေးလာ၏။
"ကိုကို.. ကျွန်တော်တစ်ခုခု ဖြစ်နေတာလား"
ကျွန်တော်က ပြောလိုက်သည်။
"ဖျားရင် ဆေးသောက်။ မဖျားရင် အိမ်စာလုပ်တော့"
သူက ကျွန်တော့်နောက်ကနေ တွယ်ကပ်နေကာ ကျွန်တော် ဘယ်သွားသွား လိုက်နေသည်။
"အဲ့ဒီလို ပြောတာ မဟုတ်ဘူး"
ယန့်ရန်က ကျွန်တော့်ဆွယ်တာအစွန်းကို ဆွဲပြီး ကျွန်တော့်ကို တားလာသည်။
"မနက်က ကျွန်တော်ပြောတာ မှတ်မိလား?"
ကျွန်တော် ရင်ထဲမှာ မီးတောက်တစ်ခုက လောင်မြိုက်လာသည်။ ဘာကြောင့်မှန်းတော့ ပြောမပြတတ်။ နောက်မှ စဉ်းစားကြည့်တော့ သည်ကိစ္စကြောင့် သူ ကျောင်းမှာ အနိုင်ကျင့်ခံရမှာ၊ အမြတ်ထုတ်ခံရမှာကို စိုးရိမ်နေ၍ ဖြစ်လောက်ပေမည်။
ကျွန်တော် အရင်က ပြောဖူးပါ၏။ တခြားသူတွေက သူ့ကို အနိုင်ကျင့်တာအား ကျွန်တော်ရပ်မကြည့်နိုင်ပါချေ။
“ထိုင်”
သူက နာခံစွာ ထိုင်ချလာကာ လက်တွေကို ဒူးပေါ်မှာ တင်ထား၏။
"ပုံမှန်မဟုတ်တာ ဘာမှမရှိဘူး"
ကျွန်တော် ပြောလိုက်သည်။
"ယောက်ျားတစ်ယောက်ကို နမ်းလို့မရဘူးလို့ ဥပဒေက ပြဋ္ဌာန်းထားတာမှ မဟုတ်တာ"
သူက ကျွန်တော့်ကို ပြုံးပြီးကြည့်ကာ ခေါင်းညိတ်လာ၏။
"ဒါပေမဲ့ ဒီအကြောင်းကို ဘယ်သူ့ကိုမှ ပေါ့ပေါ့ဆဆ မပြောနဲ့ဦး။ အဖေဖြစ်ဖြစ် မင်းအမေကိုဖြစ်ဖြစ်.. အခုလောလောဆယ် မပြောနဲ့"
ကျွန်တော်က အတိအလင်း သတိပေးလိုက်သည်။
“ကျောင်းမှာလည်း ဘယ်သူ့ကိုမှ မပြောနဲ့။ ဘယ်သူပဲဖြစ်နေပါစေ မပြောရဘူး”
သူက ခေါင်းကို ပြင်းပြင်းထန်ထန် ညိတ်ပြလာသည်။
"ကိုကို့ကိုပဲ ပြောမှာ!"
သူ တကယ်ပဲ ကျွန်တော့်ကိုသာ ပြောပြခဲ့သည်။ နောက်ပိုင်း သူ ကျွန်တော့်အောက်မှာ ငိုနေသည့်အချိန်အထိ အနှီအကြောင်းကို ကျွန်တော်တို့ နှစ်ယောက်တည်းသာ သိခဲ့ကြ၏။ ယင်းက ကျွန်တော်တို့တွေ၏ အိပ်ခန်းထဲမှာ ပထမဆုံး အကြိမ်အဖြစ် ကိုယ်ချင်းနှီးနှောခဲ့စဥ်က ဖြစ်သည်။
နာကျင်မှုကြောင့် သူ ကျွန်တော့်ကို တင်းတင်းဖက်ထားပြီး သူ့လက်သည်းတွေက ကျွန်တော့် ကျောပြင်ပေါ် စိုက်ဝင်နေခဲ့၏။
ထိုအချိန်တုန်းကလည်း ယန့်ရန်က ကျွန်တော့်ကို မေးခဲ့သေးသည်။
"ကိုကို…ဒါကရော ကျွန်တော့်အတွက် ပုံမှန်ပဲလား?"