no

Font
Theme

ယန့်ရန်က တကယ်ပဲ ငတုံးငအလား သို့မဟုတ် ဟန်ဆောင်နေတာလားဆိုတာ ကျွန်တော် ခဏ ခဏကိုသိချင်မိသည်။ သည်လောက်ထိ ကျွန်တော့်အပေါ် စေတနာထားပြီး သဘောကောင်းပေးမဲ့သူ တစ်ယောက်ယောက် ရှိလိမ့်မည်ဟု ကျွန်တော် မယုံချေ။ ဤမိသားစုထဲ မဝင်ခင်ကတည်းက တစ်ယောက်နှင့်တစ်ယောက် အပြိုင်အဆိုင် အကွက်ချကြံစည်ပြီး နေရဖို့ ကျွန်တော် ပြင်ဆင်ထားခဲ့ပြီးသား ဖြစ်သည်။ သို့ပေမဲ့ ကျွန်တော် စိုးရိမ်ခဲ့သည့်အရာတွေ တစ်ခါမှ ဖြစ်မလာခဲ့ပေ။

ကျွန်တော် ယန့်ရန်ကို ဘယ်တုန်းကမှ စိတ်ရင်းမှန်စကားမျိုး မပြောဖူးခဲ့။ စကားတိုင်းမှာ တစ်ဝက်လောက်ကတော့ လိမ်ညာထားသည်။

ကျွန်တော် ယန့်ရန်ကို စောင့်ကြည့်ခဲ့၏။ တစ်ရက်နှစ်ရက်၊ တစ်လနှစ်လလောက်တောင်မဟုတ်ဘဲ အမြဲတမ်း သတိထားစောင့်ကြည့်ခဲ့တာဖြစ်သည်။ သို့ပေသိ သူကတော့ တစ်ခါမှ ခြေလှမ်းမမှားခဲ့။

ဘယ်အချိန်ဖြစ်ဖြစ် သူက ကျွန်တော့်ကို အတော်သဘောကျကြောင်းသာ ပြနေတတ်သည်။ ကျောင်းမှာဆိုလည်း သူက ကျွန်တော်ဟာ သူ့အစ်ကိုဖြစ်ကြောင်း လူတိုင်းကို လျှောက်ပြော၏။ အိမ်နားဝန်းကျင်က သူ့ကိုသိသည့်လူတိုင်းလည်း ကျွန်တော့်အကြောင်းကို သိကြပေသည်။

တစ်ခါတုန်းက ယန့်ရန်ကပြောဖူးသည်။

"ကိုကို…ကိုကိုအရင်နေခဲ့တဲ့နေရာကို ခေါ်သွားပြပါလား” ဟု။

ကျွန်တော် သူ့ကို ကျွန်တော့်အတိတ်အကြောင်း ဘယ်တုန်းကမှ မပြောပြဖူးချေ။ ကျွန်တော့်အကြောင်းဖြစ်စေ၊ ကျွန်တော့်အမေအကြောင်းဖြစ်စေ အတိတ်ဘဝအကြောင်း တစ်ခွန်းသော်မှ မပြောခဲ့။

ကျွန်တော်သူ့ကို မသိစေချင်ခဲ့။ ယင်းက ကျွန်တော့်အကျိုးတစ်စိတ်တစ်ပိုင်းလည်းပါသည်။

ထိုသို့ဆိုလျှင်တောင်မှ မိသားစုကို လက်စားချေဖို့ဟူသော အကြံကလည်း တစ်ခါတလေ ပေါ်လာတတ်၏။ သို့ပေမဲ့ ကျွန်တော့်ကိုယ့်ကျွန်တော် သတိပေးထားသည်။

ကျွန်တော့်အတိတ်ဘဝအတွက် တာဝန်ယူရမည့်လူက ယန့်ရန် မဟုတ်ကြောင်း။ သူ့အပေါ် နာကျင်မှုတွေ ပုံမချသင့်ကြောင်း။ ကျွန်တော် လိုချင်သည့်အရာတွေကို ရဖို့ ကူညီပေးဖို့သာ သူ့မှာ တာဝန်ရှိကြောင်း။

ဥပမာအားဖြင့် အလယ်တန်း ဒုတိယနှစ်မှာ ကျောင်းက စီစဉ်သည့် နွေရာသီကမ့်စခန်းနှင့် အလယ်တန်း တတိယနှစ်အတွက် ကျွန်တော်ရခဲ့သည့် ကွန်ပျူတာလိုမျိုး။

ကျွန်တော်အဖို့ ဘာပဲလိုချင်လိုချင်၊

သူ့ကို သာမန်ကာလျှံကာ ပြောပြရုံပင်။ မကြာခင်မှာ ကျွန်တော် လိုချင်တာကို ရလာသည်ပဲဖြစ်သည်။

ယန့်ရန်က ငယ်ငယ်ကဆော့သည့် စက္ကူခွက်တယ်လီဖုန်းမျိုးပင်။ အရေးကြီးဆုံးက အနှီအရာတွေအားလုံးက

သူတောင်းဆိုလို့ ရတာတွေ ဖြစ်သည်။ ကျွန်တော့်အဖေ သို့မဟုတ် သူ့အမေက ကျွန်တော့်ဆီလာပြီး ဆွေးနွေးသည့်အခါ ကျွန်တော်က အလိုက်သင့်လေး မလိုချင်သယောင်ဟန်ဆောင်ပြလိုက်သည်ပင်ဖြစ်၏။ ကျွန်တော်ငြင်းလျှင်တောင် ရနေတုန်းပင်။

အကြောင်းမူ ယန့်ရန်က သူတို့ကို ဤနှယ်ပြောခဲ့၍။

"ကိုကို့ကို သွားခွင့်ပြုလိုက်ပါ! ကိုကို့အတွက် ဝယ်ပေးလိုက်ပါ! မဟုတ်ရင် သားပိုက်ဆံရှာပြီး ကိုကို့ကို ဝယ်ပေးမှာနော် !” ဟု။

သူက မိသားစု၏ အသည်းကျော်လေးပင်။ တခြားသူတွေက ကျွန်တော့်တောင်းဆိုချက်တွေကို နားမထောင်၊ မသဘောတူကြလျှင်တောင်မှ သူပြောလိုက်လျှင် ဘယ်သူမှ မငြင်းကြတော့ချေ။

သူ့ကို ငြင်းမည့် တစ်ဦးတည်းသောသူက ကျွန်တော်ပင် ဖြစ်ပေသည်။

•••••••••

သူမူလတန်းပြီးသည့်နှစ်၌ ကျွန်တော်လည်း အထက်တန်းတက်ဖို့ ပြင်ဆင်နေခဲ့၏။

နွေရာသီကျောင်းပိတ်ရက်မှာ ကျွန်တော် သူ့ကို တိရစ္ဆာန်ရုံကို ခေါ်သွားပေးလိုက်သည်။ ယန့်ရန်က စိတ်မဝင်စားချေ။ လမ်းလျှောက်ရတာ ပင်ပန်းသွားသော် တိရစ္ဆာန်ရုံက ခုံတန်းရှည်တွေမှာ ထိုင်ပြီး ရေခဲမုန့်စားလိုက်ကြသည်။

သူက ကျွန်တော်အရင်နေခဲ့သော နေရာကို သွားလည်ဖို့ စကားစလာ၏။

ကျွန်တော် ပြောလိုက်သည်။

"သွားလို့မရတော့ဘူး။ ဖြိုချလိုက်ပြီ”

တကယ်တော့ မဟုတ်။ ထိုနေရာက ချောင်ချလူကွယ်သည့်အရပ်ဖြစ်တာကြောင့် ဖြိုချမှာ မဟုတ်ချေ။

ကျွန်တော် သူ့ကို မသွားစေချင်ရုံသာ ဖြစ်သည်။

တကယ်တော့ ထိုနေရာက ထွက်လာပြီးနောက် ကျွန်တော် မကြာခဏဆိုသလို ပြန်သွားတတ်သည်။ တစ်လကို တစ်ခါနီးပါးလောက် အခန်းကို သန့်ရှင်းရေးလုပ်ပြီး အိမ်နီးချင်းတွေကို နှုတ်ဆက်၏။

အနှီနေရာက အစကတည်းက သန့်ရှင်းသပ်ရပ်သောနေရာ မဟုတ်။ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းမှာ ပင်အိမ်နီးချင်းဟောင်းအများစုက ပြောင်းရွှေ့သွားခဲ့ကြချေလေပြီ။ အသက်ကြီးသူတွေကိုတော့ သူတို့သားသမီးတွေက ဘိုးဘွားရိပ်သာပို့ခဲ့ကြပြီး လူငယ်တွေကတော့ ဘာမျှဂရုမစိုက်ဘဲ ကျက်စားသွားလာနေကြတုန်း ဖြစ်သည်။

ကျွန်တော် ပြန်သွားခဲ့တာက အတိတ်ကို လွမ်းဆွတ်လို့တော့ မဟုတ်ရ။ ထိုနေရာအပေါ် တကယ့်ကို ဘာတွယ်တာစိတ်မှ မရှိပါချေ။ တစ်နေ့နေ့ သည်ကိုပြန်လာရလိမ့်မည်ဟု အမြဲခံစားနေခဲ့ရ၍သာဖြစ်သည်။

ကျွန်တော့်အမြစ်တွေက သည်နေရာမှာ မြေကြီးထိ ခြေကုပ်ထားမိပြီဖြစ်ကာ မလွတ်မြောက်နိုင်တော့ချေ။

ကျွန်တော် စွန့်ပစ်ခံရဦးမည်ဖြစ်ပြီး ထိုအခါမှာ ကျွန်တော့် မူလကမ္ဘာကို ပြန်သွားရလိမ့်မည်။ ကျွန်တော့်ကိုယ်ပေါ်က အဝတ်အစားတွေကို ဆွဲချွတ်ခံရပြီး အခါခါလျှော်ဖွပ်ခံထားရ၍ အရောင်လွင့်နေသော ဝတ်စုံအဟောင်းကို ပြန်လဲရဦးမည်ပင်ဖြစ်၏။

ကျွန်တော် အမြဲတမ်း သည်လိုသာ တွေးထားခဲ့သည်။

ယန့်ရန်က ခုံတန်းလျားမှာ ထိုင်ကာ သူ့ရေခဲမုန့်ကို စားနေရင်းမှ မျက်မှောင်ကြုတ်ပြီး ဆိုလာသည်။

"နှမြောစရာပဲ"

“ဘာကို နှမြောတာလဲ”

"ကိုကို့ရဲ့ အိမ်ဟောင်းကို မြင်ချင်တာလေ"

ယန့်ရန်က ဖြေသည်။

"ဒါပေမဲ့ အရေးမကြီးပါဘူး။ မမြင်ရလည်း ဖြစ်တယ်။ ဘာပဲဖြစ်ဖြစ် သားတို့က နောက်ဆို အတူတူရှိနေကြမှာပဲဟာ"

ထိုနေ့က ကျွန်တော်ဟာ ယန့်ရန်တို့အိမ်သို့ ပထမဆုံးအကြိမ် လမ်းလျှောက်ဝင်လာသော နေ့ကတည်းက မေးချင်နေခဲ့သော မေးခွန်းတစ်ခုကို မေးလိုက်မိ၏။

"ယန့်ရန်.. ငါ မင်းတို့အိမ်ကို လာတာ ကောင်းတဲ့အရာလို့ တကယ်ထင်တာလား"

"ဘာဖြစ်လို့ 'မင်းတို့အိမ်' လို့ ပြောတာလဲ"

ယန့်ရန်က သူ့လက်ကို ဆန့်တန်းလိုက်တော့ သူ့လက်ချောင်းတွေမှာ ရေခဲမုန့်တွေပေနေသည်။ ကျွန်တော် သူ့လက်ကို သုတ်ဖို့ တစ်ရှူးထုတ်လိုက်တော့ သူက ဆက်ပြောလာ၏။

"သားတို့အိမ်လေ"

သူဘာတွေးနေလဲဆိုတာ ကျွန်တော် နားမလည်တော့ချေ။ ကျွန်တော်က ရောက်လာပြီးကတည်းက သူ့ပိုင်ဆိုင်မှုတွေ အများကြီးကို ယူပစ်ထားတာဖြစ်သည်။

"ကိုကို..သား ပြောပြမှာကို စိတ်မဆိုးနဲ့နော်”

ကျွန်တော် ဘာမှမပြောခဲ့။ ယန့်ရန်က သူ့ရေခဲမုန့်ကို လျှာဖြင့်လျက်ရင်း ဆက်ပြောသည်။

"အမေက ကိုကို့ကို မပြောခိုင်းဘူး။ အဖေကိုလည်း မပြောခိုင်းဘူး။ ဒါပေမဲ့ သားတို့က ညီအစ်ကိုကောင်းတွေဆိုတော့ တိတ်တိတ်လေး ပြောပြမယ်”

ယန့်ရန်က ကျွန်တော့်နားနား ကပ်လာပြီး လျှို့ဝှက်စွာ ပြောလာသည်။

"ကိုကိုမလာခင်က အမေက သားကိုပြောတယ်။ ကိုကို့ကို ကောင်းကောင်းဂရုစိုက်ပေးရမယ်နော်တဲ့။ သူကပြောတယ်…အဖေက ကိုကို့ကို သေချာဂရုမစိုက်ပေးခဲ့ဖူးဘူးတဲ့။ အဲ့ဒါကြောင့် အဖေ့အစား ဖြည့်ဆည်းပေးရမယ်တဲ့”

သူ့အမေက သူ့ကို သည်လိုစကားမျိုး ပြောလိမ့်မည်ဟု ကျွန်တော် မယုံချေ။ သို့ပေမဲ့ ယန့်ရန်မျက်လုံးတွေက အလွန်တရာမှ ရိုးသားလွန်းသည်။

ကျွန်တော် သူ့ကို မေးခဲ့၏။

" ဒါဆို မင်းရော ဘယ်လိုထင်လဲ"

သူက သူ့ရေခဲမုန့်ကို ဆက်လျက်ရင်း ဖြေသည်။

"သားက အဖေ့ကြောင့်မဟုတ်ပါဘူး။ အဲ့လိုမျိုး စိတ်ထဲမရှိဘူး။ သား ကိုကို့အပေါ် ကောင်းတာက ကိုကို့ကို သဘောကျလို့”

“ငါ့ရဲ့ ဘာကိုသဘောကျတာလဲ”

"ကိုကိုက သားကို အဖော်လုပ်ပေးတာကို သဘောကျတယ်"

ယန့်ရန်က ဆို၏။

"သား ငယ်ငယ်ကတည်းက ဘယ်သူမှ အတူတူမကစားပေးဖူးဘူး။ ငယ်ငယ်တုန်းကတော့ အမေတို့ကို ညီလေးတစ်ယောက်လိုချင်တယ်လို့ အမြဲပြောခဲ့သေးတယ်။ နောက်တော့ သားမှာ အစ်ကိုတစ်ယောက်ရှိမှန်း သိလိုက်ရတယ်လေ။ ပြီးတော့ အစ်ကိုက ညီလေးထက် ပိုကောင်းတာကို သိလိုက်ရတယ်"

သူက ကျွန်တော့်ကို ကြည့်ပြီး သွားပေါ်အောင်ပြုံးလိုက်တော့ ကျွန်တော် မျက်မှောင်ကြုတ်မိသွားသည်။

"အရင်က အမေတို့ အလုပ်သွားရင် ပိတ်ရက်ဆို သားကို အိမ်မှာပိတ်ထားတာ။ အရမ်းပျင်းဖို့ကောင်းတယ်။ ကိုကို ရောက်လာတော့ အဲ့လိုမဖြစ်တော့ဘူး"

ယန့်ရန်က ကျွန်တော့်ပခုံးပေါ် မှီရင်း

"ကိုကို သားနဲ့ အတူရှိနေရင်ကျ သူတို့က စိတ်မပူတော့ဘဲ အပြင်ထွက်ကစားခွင့်ပေးတယ်လေ"

ဟုတ်သည်။ ကျွန်တော်က သူ့ထက် သုံးနှစ်ကြီး၏။ လူကြီးတွေအဖို့ ကျွန်တော်တို့တွေ အိမ်မှာ နှစ်ယောက်တည်းရှိသည်ဖြစ်စေ၊ အပြင်ထွက်ကစားသည်ဖြစ်စေ စိတ်ပူကြမှာ မဟုတ်ချေ။

သို့ပေမဲ့ သူတို့ ယုံကြည်မှုကြောင့်ပဲ နောက်ပိုင်းမှာ ဖြစ်လာသည့်အရာတွေ ဖြစ်ပျက်ခဲ့တာဖြစ်သည်။

"မင်း ငါ့အိမ်ဟောင်းကို မြင်ချင်လား"

"ဟုတ်.. ဒါပေမဲ့ မမြင်ရတော့လည်း ကိစ္စမရှိပါဘူး"

"နောက်မှ အခွင့်အရေးရရင် မင်းကို ခေါ်သွားမယ်"

ကျွန်တော် ပြောလိုက်သည်။

"ဖြိုချလိုက်ပြီဆိုပေမဲ့ အဲ့နေရာတော့ သွားလို့ရသေးတာပဲလေ"

နောက်တော့ ကျွန်တော် သူ့ကို တကယ်ပဲ ပြန်ခေါ်သွားခဲ့၏။

သန့်ရှင်းဖြူစင်လှပါသော အနှီ​ညီလေးကို ညစ်ပတ်ကာ ဆေးတွေကွာကျနေသော လှေကားထစ်တွေကဆင့် ပျက်စီးယိုယွင်းနေသောအိမ်ထဲ ခေါ်သွင်းခဲ့သည်။ ကျွန်တော် မအိပ်ဖြစ်သလောက်ရှားသော ကုတင်ပေါ်မှာလည်း သူ့ကို ဖာခ့်ပစ်ခဲ့၏။ သူ့ညည်းသံတွေ ကျယ်လောင်လှသည်မှာ ဘေးခန်းကလူပင် ကြားနိုင်လောက်ပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment