ကျွန်တော်ဘဝမှာ တကယ့်ကိုကြောက်လန့်ဖူးတာက ပထမဆုံးအကြိမ်နွေဦးအိမ်မက် မက်ခဲ့စဥ်ကဖြစ်သည်။
ထိုစဥ်တုန်းက ဒါမျိုးဖြစ်လာမည်ဆိုတာ ဘယ်သူမှမပြောပြခဲ့သလို ဘာကြောင့်ဖြစ်ရသလဲ၊ ဖြစ်ပျက်ပြီးလျှင် ဘယ်လိုရင်ဆိုင်ရမလဲ၊ ဘာကြောင့် ဒါမျိုးဖြစ်ရသလဲဟူသည်ကို ဘယ်သူမှမပြောပြခဲ့ပါချေ။
ကျွန်တော်ဟာ အရွယ်တူတွေထဲမှာ စောစောစီးစီးလူပျိုဖော်ဝင်သူတစ်ယောက် ဆိုသလားတော့ မသေချာပေမဲ့ ထိုအချိန်တုန်းက ကျွန်တော်ဟာ ၁၂နှစ်ပဲရှိသေးပြီး ယန့်အိမ်ကိုမရောက်ခင် တစ်နှစ်အလိုကဖြစ်ခဲ့တာ ဖြစ်သည်။
AVဇာတ်လမ်းတွေ အတင်းအကြပ်ကြည့်ခိုင်းခံရသည့်နောက်မှာ ဖြစ်လာခဲ့ခြင်းပင်။
ထိုစဥ်တုန်းက ကျွန်တော်ဟာ အနှီရောနှောညစ်ပတ်နေသော ပတ်ဝန်းကျင်နေရာမှာ နေနေဆဲဖြစ်၏။ အိမ်နီးချင်းသက်ကြီးရွယ်အိုတွေအပြင် အနီးအနားမှာ လမ်းသရဲပေါက်စတွေလည်း ရှိသည်။ ဒါပေါ့ ထိုလမ်းသရဲပေါက်စတွေဟာလည်း အိမ်နီးချင်းအဘိုးကြီးတွေ၏ တစ်စိတ်တစ်ပိုင်းသာ။ သူတို့က သည်မှာမွေးပြီး သည်မှာပဲ ကြီးပြင်းခဲ့ကြသည်ကိုး။
တစ်ခါတလေတော့လည်း ကျွန်တော်စဉ်းစားမိသည်။ ကျွန်တော်သာ ခေါ်သွားမခံခဲ့ရဘူးဆိုလျှင် ထိုလူတွေလို နေ့တိုင်း လမ်းပေါ်မှာ အချိန်ဖြုန်းပြီး မကောင်းသည့်အလုပ်တွေ လုပ်နေမိမလား၊ တစ်နေ့နေ့မှာ တစ်ခုခု ခိုးရင်း သို့မဟုတ် တစ်ယောက်ယောက်နှင့် ရန်ဖြစ်ရင်း အဖမ်းခံရပြီး ထောင်ထဲ ရောက်သွားမလား ဆိုတာမျိုးပင်။
ဤအခြေအနေတွေအားလုံးကို ကြည့်လျှင်တော့ ကျွန်တော့် အခုလက်ရှိဘဝက တော်တော်လေး ကံကောင်းသည်ဟု ပြောလို့ရပေသည်။
ဟုတ်တယ်ဟုတ်။
ကဲ နွေဦးအိမ်မက်အကြောင်း ဆိုကြပါဦးစို့။
ထိုနေ့က ကျွန်တော်အပြင်ထွက်ပြီး စားစရာတစ်ခုခုရှာဖို့ ကြံခဲ့သည်။ သို့ပေမဲ့ အမေက ထပ်မံစိတ်ရူးပေါက်လာကာ အိမ်ထဲက အိုးခွက်ပန်းကန်တွေအားလုံးကို ရိုက်ခွဲပစ်လိုက်၏။ ဗိုက်ဆာလွန်းနေသော ကျွန်တော်က အိမ်ကနေ ထွက်လာခဲ့လိုက်လေသည်။
အိမ်ပြင်ရောက်တော့ သည်မှာနေသော လမ်းသရဲပေါက်စတချို့နှင့်တွေ့သည်။ သူတို့က သိပ်အသက်ကြီးသေးတာမဟုတ်။ ၁၆ ၁၇သာ ရှိဦးမည်။ လက်ထဲမှာ CD တစ်ခွေကိုင်ထားကာ ကျွန်တော့်ကို ကြက်ပေါက်လေးတစ်ကောင်အလား ဆွဲခေါ်သွားရင်း ကောင်းတာတစ်ခုခုပြမည်ဟု ဆိုခဲ့ကြသည်။
သူတို့ဘာကြည့်မှာလဲဆိုတာ ကျွန်တော်စိတ်မဝင်စား။ စားစရာတစ်ခုခုရှိလားဟုသာ မေးလိုက်သည်။
သူတို့က တကယ်ပဲ ကျွန်တော့်ကိုစားစရာတစ်ခုပေးလာခဲ့၏။
ကျွန်တော်တို့က လမ်းသရဲတစ်သိုက်ထဲက တစ်ယောက်၏ အိမ်သို့သွားကြသည်။တီဗွီရှေ့မှာ ကျွန်တော့်ကို အတင်းထိုင်ခိုင်းရင်း လက်ထဲ ပေါင်မုန့်တစ်ချပ် ထိုးထည့်ပေးလာ၏။
ကျွန်တော် တီဗွီဖန်သားပြင်ကိုစိုက်ကြည့်ရင်း စားနေတုန်းမှာပင် အတွင်းခံသာ ဝတ်ထားသော မိန်းမတစ်ယောက်ကိုမြင်လိုက်ရပြီး သူမက ဆံပင်ကို လက်ညိုးဖြင့် ခပ်ညုညုသဏ္ဍာန်လုပ်ပြလာသည်။ ကျွန်တော့်နားမှာ ထိုင်နေသော လူတချို့က ထူးဆန်းသော အသံတွေ စလုပ်လာကြ၏။
ထို့နောက် သူတို့တွေ AVကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် အာသာဖြေနေကြတော့သည်။ ထိုအချိန်တုန်းက ကျွန်တော်ဘာမှနားမလည်ခဲ့။ စက်ဆုပ်ဖို့ကောင်းသည်ဟုသာ ခံစားမိပြီး မုန့်ကိုဆက်မစားနိုင်တော့ဘဲ ထွက်သွားချင်နေမိသည်။
သူတို့က ကျွန်တော့်ကိုသွားခွင့်မပေး။ အတင်းကြည့်ခိုင်းသည်။ သို့မှသာ တကယ့်ယောက်ျားတစ်ယောက်ဖြစ်လာမည်ဟု ဆိုသည်။
တကယ့် ယောက်ျားတစ်ယောက် ဖြစ်လာတာ မဖြစ်လာတာတွေ ကျွန်တော် ဂရုမစိုက်ချေ။ တီဗွီမှာပြနေသော အရာတွေဟာ တကယ်စိတ်မသက်မသာဖြစ်စရာဟုသာ ထင်သည်။ အမျိုးသားက အမျိုးသမီးအား အိပ်ရာပေါ်မှာဖိချပြီး သူမကိုညှင်းပန်းနေသလိုမျိုး ထိုးသွင်းနေ၏။ အမျိုးသမီးအသံကမူ နာကျင်နေပြီး အကူအညီတောင်းနေသလိုမျိုးပင်။
သို့သော်လည်း ဤလမ်းသရဲအုပ်စုကမူ သဘောကျနေကြသည်။ သူတို့တွေဟာ ပုံမှန်ဆို ဆီးသွားဖို့သာသုံးသည့် ထိုပစ္စည်းတွေကို ဆွဲထုတ်လာကာ ရှေ့နောက်ပွတ်သပ်လာကြသည်။ထိုမြင်ကွင်းက ကျွန်တော့်အား လန့်ဖြန့်သွားစေ၏။
ကျွန်တော်အိမ်ကိုအပြေးပြန်လာခဲ့မိသည်။သို့ပေမဲ့ ပြန်ရောက်ချိန်မှာ အနှီမြင်ကွင်းကို ခေါင်းထဲက ထုတ်မရနိုင်ခဲ့။ စဉ်းစားလေလေ စက်ဆုပ်စရာကောင်းလာလေလေမို့ ရေချိုးခန်းထဲသွားကာ နှာခေါင်းထဲက နှပ်တွေထွက်လာသည့်အထိ အန်ထုတ်ခဲ့မိသည်။
ထိုညမှာ ကျွန်တော်ဟာ အဝတ်ဗလာဖြစ်နေသောလူတစ်ယောက်နှင့် ရစ်ဝှေ့ပူးကပ်နေတာကို အိမ်မက်မက်ခဲ့သည်။ တစ်ဖက်လူမျက်နှာက ဝါးနေပေမဲ့ သန့်စင်မွှေးကြိုင်နေလျှက်ရှိသည်။
အိပ်မက်ထဲမှာ သန့်စင်မွှေးကြိုင်နေခဲ့ပါသော်ငြား ကျွန်တော်မျက်လုံးဖွင့်လိုက်သည့်အခါ ရှေ့မှာမြင်ရသည့် ကမ္ဘာကတော့ ဆက်ပြီးညစ်ပတ်နေတုန်းပါပင်။
ထိုနေ့၌ ကျွန်တော်အတွင်းခံစိုရွှဲသွားခဲ့ကာ အိပ်ရာထဲမှာ ပေါက်ချလိုက်မိပြီဟု တွေးခဲ့မိသည်။ တော်တော်ကြီးကြာမှပင် ဘာဖြစ်ခဲ့သည်ဆိုခြင်းအား သဘောပေါက်ခဲ့ရပေသည်။
ယန့်ရန်ကတော့ ကျွန်တော့်ထက်ကံကောင်းသည်။ သူ သည်ပြဿနာတွေကို တစ်ယောက်တည်းရင်ဆိုင်စရာမလိုချေ။
သူ ထိုစဥ်တုန်းက ၁၅နှစ်သာ ရှိသေးသည်။ ကျွန်တော်သိသလောက် ယင်းက ပထမဆုံး နွေဦးအိမ်မက်မက်ချိန်အတွက် နောက်ကျလွန်းနေပြီဟုပင် ဆိုနိုင်သည်။
ကျွန်တော်တို့အထက်တန်းကျောင်းက စနေနေ့မနက်ပိုင်းမှာလည်း ကျောင်းတက်ရသေး၏။ ကျွန်တော် မနက်အိပ်ရာထလာတော့ သူ့အတွင်းခံကိုလျှော်နေတာတွေ့လိုက်ရပေသည်။
ယန့်ရန်ဟာ ခြေအိတ်တွေ၊ အတွင်းခံတွေ အပါအဝင် ဘယ်အဝတ်အစားကိုမှ သူ့ဘာသာ လျှော်လေ့မရှိချေ။
ထို့ကြောင့် ရေချိုးခန်းတံခါးကိုဖွင့်လိုက်ချိန် သူက မျက်မှောင်ကြုတ်ရင်း အတွင်းခံကို အားဖြင့် အတင်းဖွတ်လျှော်နေတာကို မြင်ရသည့်အခါ ဘာတွေဖြစ်နေသလဲ ကျွန်တော်သိသွားလေပြီ။
ယင်းက အတော်လေးပုံမှန်ဆန်သော ဖြစ်စဥ်တစ်ခုသာ။ မေးနေစရာပင်မလိုခဲ့။ သူ့ကို အမြန်လျှော်ဖို့သာ ကျွန်တော်ပြောလိုက်သည်။ ကျွန်တော့်အဖို့ ကျောင်းမသွားခင် ရေမိုးချိုးဖို့ လိုသည်ကိုး။
သို့သော်လည်း ကျွန်တော်ရေချိုးခန်းမဝင်ခင် သူက ကျွန်တော့်ကိုခေါ်လာသည်။ တံခါးကိုလျို့ဝှက်စွာပိတ်ရင်း ပြောလာ၏။
“ကိုကို..ကျွန်တော် နွေဦးအိမ်မက်မက်တယ်”
ကျွန်တော်မပြောပြခင်ကတည်းက သူသိနေပြီပင်။ ကြည့်ရတာ သူ့အတန်းထဲက အတန်းဖော်တချို့ပြောပြတာ ဖြစ်လောက်မည်။
ယောက်ျားလေးတွေလည်းဖြစ်၊ အထိန်းအကွပ်မဲ့သည့် ပါးစပ်ပေါက်တွေလည်း ရှိကြသည်ကိုး !
ကျွန်တော်သူ့ကိုလှောင်လိုက်ချင်သည်။ နွေဦးအိမ်မက်မက်တာများ ဘာဖြစ်နေလို့လဲ။ လူပျိုရည်ပျက်မှ လာပြောပါတော့လားဟုပင် အော်လိုက်ချင်၏။
သို့ပေသိ ကျွန်တော်က "အစ်ကိုကောင်း"တစ်ယောက်ဖြစ်လေရာ လက်ကိုမြှောက်ပြီး သူ၏ရှုပ်ပွနေသော ဆံပင်တွေကို ထိုးဖွပေးရင်း ပြောလိုက်သည်။
“ဂုဏ်ယူပါတယ်။ မင်းအရွယ်ရောက်လာပြီပဲ”
ယန့်ရန် မျက်နှာကနီရဲသွားပြီး ကျွန်တော့်ကိုကြည့်ကာ မရဲတရဲပြောလာသည်။
"ကျွန်တော်အရမ်းထူးဆန်းနေတယ်"
"မထူးဆန်းပါဘူး"
ကျွန်တော်ဖြေလိုက်၏။
"ပုံမှန်ပဲ။ မင်းအရွယ်မှာ နွေဦးအိမ်မက် မမက်ဘူးဆိုတာကမှ ထူးဆန်းဦးမယ်"
ကျွန်တော့်ပြောတာတကယ်ပင်။ သူက ၁၅နှစ် ရှိနေပြီ ဖြစ်၏။ သူသာ နွေဦးအိမ်မက်မမက်သေးဘူးဆိုလျှင် အာသဝေါကုန်ခမ်းနေသူဖြစ်မလားဟုပင် သံသယရှိလာရလိမ့်မည်။
သို့သော်လည်း ထင်မထားရတာက ယန့်ရန်ဟာ သူ့အတွင်းခံကိုတိတ်တိတ်လေးလျှော်ပြီးချိန်မှာတောင် ထွက်မသွားသေးတာပင်။
ကျွန်တော်ရေချိုးပြီးသည့်ထိ အနားမှာရှိနေကာ အိပ်ခန်းထဲ ပြန်ထွက်လာချိန်၌ ကျွန်တော့်အိပ်ရာပေါ်မှာ စိတ်လှုပ်ရှားစွာထိုင်ချလာရင်း အမှားလုပ်မိဟန်ဖြင့် ခေါင်းငုံ့ထားလျှက် မေးလာလေသည်။
“ဒါပေမဲ့ ကိုကို…..ကျွန်တော်က အိမ်မက်ထဲမှာ ကောင်လေးတစ်ယောက်နဲ့ နမ်းနေခဲ့တာ။ အဲ့ဒါကရောပုံမှန်ပဲလား”