no

Font
Theme

𝙲𝚑𝚊𝚙𝚝𝚎𝚛 𝟹

လူတွေ၏ စကားနှင့် မျက်နှာအမူအရာတွေကို လေ့လာပြီး အခြေအနေကို ကြည့်တတ်တာက ကျွန်တော့်အတွက် အရေးကြီးဆုံး ရှင်သန်ရေးလမ်းကြောင်းပင်…။ ယင်းအချက်ကို ကလေးဘဝကတည်းက ကျွန်တော် သိခဲ့သည်။

ဒီအိမ်ထဲကို ဝင်လာသည့်အခိုက်အတန့်မှာပင် ကျွန်တော် ဘယ်သူနှင့် ကပ်ပေါင်းရမည်ဆိုတာကို အမြန်ဆုံး တွက်ဆလိုက်၏။ ထို့နောက် ဤအိမ်အမိုးအောက်မှာနေလျှင် ဘယ်သူ့ဆီက မျက်နှာသာပေးခံရအောင် လုပ်ရမည်မှန်း ကျွန်တော်သိလိုက်ချေပြီ။

အော့နှလုံးနာစရာကောင်းသည့် ကျွန်တော့်အဖေ မဟုတ်။ ကောက်ကျစ်စဥ်းလဲသည့် မိထွေးလည်း မဟုတ်။ ဒီညီလေးပင်။

ကျွန်တော် သည်ကို ရောက်လာသည့် ပထမဆုံးနေ့ကတည်းက သူက သူ့မိသားစုက ကျွန်တော့်အတွက် ပြင်ဆင်ထားတာမှန်သမျှဖြစ်သည့် ကျွန်တော့်ကို တစ်ဝက်ခွဲပေးရမဲ့ စာအုပ်စင်၊ တစ်ဝက်ခွဲပေးရမဲ့ စားပွဲ၊ မူလက သူ့အပိုင်ပေမဲ့ အခု ကျွန်တော့်ကို တစ်ဝက်ခွဲပေးရမဲ့ အိပ်ခန်း — အကုန်လုံးကို ဆက်တိုက် ပြသပေးခဲ့၏။

သူက ပြောသေးသည်။

"ကိုကို…သားမှာ ကိုကို့အတွက် တခြားလက်ဆောင်တစ်ခု ရှိသေးတယ်"

သူ့ပုံစံက မသိပါက ကျွန်တော် ဒီရောက်လာမှာကို တော်တော်ကြာအောင် မျှော်လင့်နေသည့်အတိုင်း။

ဒီလင်မယားက သူတို့ကလေးကိုတော့ တကယ့်ကို ကောင်းကောင်းမွန်မွန် ပညာသင်ပေးထားသည်။ ကလေးက ဆယ်နှစ်သားကတည်းက ဟန်ဆောင်တတ်နေပြီပင်။

ယန့်ရန်က ကျွန်တော့်ကို သော့ချိတ်တစ်ခု ပေးရင်း သူကိုယ်တိုင် လုပ်ထားတာဟု ပြောသည်။ ဒါက ရောင်စုံကြိုးတွေကို ကြိုးအထူကြီးတစ်ချောင်းဖြစ်အောင် ထုံးထားရုံပင်။ သူ ဘယ်လိုများ ဒီအရာကို "သော့ချိတ်"ဟု ခေါ်နိုင်လဲဆိုတာ ကျွန်တော် မသိချေ။ သို့ပေမဲ့ ကျွန်တော့်အတွက် အရေးကြီးတာက ဒါမဟုတ်။ သော့ချိတ်မှာ ချိတ်ထားသည့် သော့တစ်ချောင်းသာ။

သူကပြောသည်။

"ကိုကို ဒါက သားတို့အိမ်သော့။ အဖေက ကိုကို့ကို ပေးခိုင်းတာ"

"နောက်တစ်ခု ရှိသေးတယ်!"

သူက လျှို့ဝှက်ဆန်းကြယ်စွာနှင့် သူ့အိတ်ကပ်ထဲကနေ အလွန်သေးပြီး ပါးလှပ်သည့် သတ္တုသော့တစ်ချောင်းကို ထုတ်ယူပြီး ကျွန်တော့်ကို ပေးလာသည်။

"ဒါက စားပွဲအံဆွဲသော့"

ကျွန်တော် သူ့အံဆွဲကိုလည်း စိတ်မဝင်စားသလို သူ့သော့ချိတ်ကိုလည်း ဂရုမစိုက်။ သူ ကျွန်တော့်ကို ပေးခဲ့သည့် အဖိုးတန်ပစ္စည်းတွေထဲမှာ ဒီအိမ်သော့ကိုပဲ ယူထားချင်သည်။ သို့ပေမဲ့ မကြိုက်လျှင်တောင်မှ မျက်နှာမှာ မပြရဘူးဆိုတာ ကျွန်တော် သိသည်။

သူများအိမ်မှာ ကပ်နေရမဲ့လူတစ်ယောက်အနေနှင့် ထိုမိသားစု၏ အဖိုးတန်လေးကို ပျော်ရွှင်အောင် လုပ်ပေးရမည်လေ။

ကျွန်တော် တတ်နိုင်သမျှ ရိုးသားစစ်မှန်သည့်ပုံစံမျိုး ဟန်ဆောင်ပြရင်း ပြုံးပြုံးလေးနှင့် ကျေးဇူးတင်စကားပြောလို့ သူ့လက်ဆောင်ကို လက်ခံလိုက်သည်။

သူက မွေးရာပါ ဉာဏ်နည်းတာလား၊ ကျွန်တော့်ကို တကယ်ပဲ လူကောင်းဟု ထင်နေတာလားတော့ မသိတော့ပါချေ။

ယန့်ရန်က ကျွန်တော့်ကို အိပ်ခန်းထဲကနေ ဆွဲခေါ်ရင်း ပြောပြန်သည်။

"ကိုကို..သား ကိုကို့အတွက် စန္ဒယားတီးပြမယ်"

ဆိုတော့ ဒီနေ့ သူ ဒီလောက် လှလှပပ ဝတ်စားထားတာက ဒီဖျော်ဖြေပွဲအတွက်ပဲပေါ့လေ။

ဧည့်ခန်းက အလွန်ကျယ်ပြီး ပရိဘောဂတွေအပြင် စန္ဒယားတစ်လုံးလည်း ရှိ၏။

သူ ကျွန်တော့်ကို ဆွဲခေါ်သွားပေမဲ့ သူ ထိုင်ချလိုက်ရုံရှိသေး သူ့အမေက အော်ခေါ်လာသည်။

သူမက ကျွန်တော်တို့ကို ထမင်းအရင်စားဖို့ ခေါ်တာ ဖြစ်သည်။

ယန့်ရန်က နည်းနည်း စိတ်ကောက်သွားဟန်နှင့် နှုတ်ခမ်းစူသည်။ ကျွန်တော် သူ့ကို ချော့မော့လိုက်၏။

"ကိစ္စမရှိဘူး… ညစာစားပြီးရင် တီးပြလေ"

ဘေးနားက ကျွန်တော့်အဖေက သူ့ကိုယ်သူ သိပ်ဂုဏ်ယူနေဟန်နှင့် ဆိုလာသည်။

"ကြည့်စမ်း….ဒီညီအစ်ကိုနှစ်ယောက် တော်တော်တည့်နေကြတဲ့ပုံပဲ"

တော်တော်တည့်တယ်တဲ့လား… မဟုတ်ဘူး တော်တော်တင်ဘယ်ကမလဲ အရမ်းကို တည့်တာလေ။

သူတို့ စိုးရိမ်စရာ မလိုချေ။ကျွန်တော်က ကျွန်တော့်၏ အဖိုးတန်ညီလေးအပေါ် သေချာပေါက် အလိုလိုက်ပြီး အကြိုက်ဆောင်ပေးမှာဖြစ်သည်။

ဤထမင်းစားပွဲကလည်း ကျွန်တော့်အတွက် အနေရခက်ပေမဲ့ ကျွန်တော် သည်းခံရမှာပင်။ရွေးစရာမရှိလှ။

ကျွန်တော်တို့ လေးယောက် အတူတူ ထမင်းစားခဲ့ကြသည်။ ဘယ်သူမှလည်း ကြည့်နေတာ မဟုတ်ဘဲနှင့် သူတို့၏ လွန်လွန်ကျူးကျူး ဂရုစိုက်ပြသည့်ပုံစံက ကျွန်တော့်ကို အတော်လေး အဆင်မပြေဖြစ်စေ၏။ အထူးသဖြင့် ယန့်ရန်နှင့် သူ့အမေပင်။ သူတို့က ကျွန်တော့်ကို ကောင်းကောင်းမွန်မွန် မဆက်ဆံဘူးဟု လူတွေ ထင်မှာကို သေမတတ်ကြောက်နေသည့်အတိုင်း ကျွန်တော့်အတွက် အစားအစာတွေ ဆက်တိုက်ထည့်ပေးနေသည်။

သူတို့ ဘယ်သူ့အတွက်များ ဟန်ဆောင်နေကြတာတုန်း။

ဒါပေမဲ့ အာ… ကျွန်တော်က သားလိမ္မာလေးလေ။ သူတို့ရဲ့ သားကောင်းတစ်ယောက်၊ အစ်ကိုကောင်းတစ်ယောက် ဖြစ်ဖို့ သူတို့ခိုင်းတာမှန်သမျှ လုပ်ရမှာပဲ။

နောက်ဆုံးရလဒ်ကတော့ ကျွန်တော် အများကြီးစားမိပြီး ပြန်အန်တော့တာပင်ဖြစ်သည်။

ကျွန်တော့်အဖေက ကျွန်တော့်မိထွေးကို ကြိမ်းမောင်း၏။

"နောက်ဆို သူ့ကို အတင်းမကျွေးနဲ့။ သူက ငတုံးမဟုတ်ဘူး။ ဘယ်လောက်ထိ စားသင့်တယ် မသင့်ဘူး သူသိတယ်"

ကျွန်တော့်မိထွေးက စိတ်ထားကောင်းသည့်သူတစ်ယောက်ပင်။ ကျွန်တော် မသက်မသာဖြစ်နေတာကို မြင်တော့ ရေတစ်ခွက် ငှဲ့ပေးပြီး အကြံဥာဏ်တောင်းဖို့ ဆရာဝန်ကို ဖုန်းဆက်လေသည်။

ယန့်ရန်က စိုးရိမ်တကြီးနှင့် ဘေးမှာ ရပ်နေ၏။ ကျွန်တော် တကယ်ပဲ နေလို့ မကောင်းပေမဲ့ သူ့ကို ဘယ်လိုချော့မော့ရမလဲဆိုတာကိုလည်း ကြိုးစားနေရတုန်းပင်။

ကျွန်တော် သူ့လက်ကို ဆွဲပြီး ပြောလိုက်သည်။

"ကိုကို နေမကောင်းဘူး။ ကိုကို့အတွက် စန္ဒယားတီးပြပါလား"

အပြုံးတစ်ပွင့်က ယန့်ရန်မျက်နှာမှာ ပေါ်လာသည်။ သူ ဘာမှမပြောဘဲ ပြေးသွားပြီး စန္ဒယားခုံမှာ ထိုင်လိုက်၏။

ကျွန်တော်က ဆိုဖာပေါ်မှာ ထိုင်နေသည်။ ဆိုဖာက အတော်နူးညံ့လွန်းလို့ ကျွန်တော့်တစ်ကိုယ်လုံး နစ်ဝင်သွားသလို ခံစားရ၏။ ထိုင်နေရင်း အဖေ့အကူအညီနှင့် သူ စန္ဒယားအဖုံးကို ဖွင့်ပြီးတော့ ဂီတနုတ်စာရွက် ဖွင့်တာကို ကြည့်နေလိုက်သည်။

ကျွန်တော် စန္ဒယားအကြောင်း လုံးဝနားမလည်ချေ။ စန္ဒယားတီးလုံးတွေအကြောင်းဆို ပိုလို့တောင် မသိလှ။ ဒါက ဈေးကြီးကြောင်း၊ ကျွန်တော့်လိုလူမျိုး အိမ်မက်တောင် မမက်ရဲသည့်အရာဖြစ်ကြောင်းဆိုတာပဲ ကျွန်တော် သိသည်။

သူကတော့ လှပသည့်အင်္ကျီသေးသေးလေးကိုဝတ်လျှက် ထိုနေရာမှာ ထိုင်ပြီး ဈေးကြီးသည့် စန္ဒယားကို တီးနေသည်။

သူ့လက်ချောင်းထိပ်တွေကနေ ကျွန်တော် နားမလည်သည့် လှပသည့်သံစဉ်တွေ ထွက်ပေါ်လာ၏။

ဆန့်ကျင်ဘက်အနေနှင့်

အပြင်လောကကြီးကို တစ်ခါမှ မမြင်ဖူးသည့်၊ သူများကျောင်းဝတ်စုံအကျတွေပဲ ဝတ်ထားရသည့်သူတစ်ယောက်အနေနှင့် ကျွန်တော့်ကတော့ ပိုင်ဆိုင်ခဲ့ဖူးသည့် တစ်ခုတည်းသော တူရိယာဟူ၍ အမှိုက်ပုံးနားကနေ ကောက်ရခဲ့သည့် ဝါးပုလွေတစ်ချောင်းပဲ ရှိသည်။

နောက်ပိုင်း ထိုပုလွေကို ကျွန်တော် လွှင့်ပစ်လိုက်၏။ အကြောင်းမူ ယင်းက အမေ ကျွန်တော့်ကို ရိုက်သည့်လက်နက် ဖြစ်သွား၍ပင်။

စန္ဒယားတီးသည့် အကောင်းအဆိုး အရည်အချင်းအဆင့်အတန်းကို ဘယ်လို ခွဲခြားရမည်ဆိုတာ ကျွန်တော် မသိ။ သီချင်းတစ်ပုဒ်၏ အရည်အသွေးကို ဘယ်လို တန်ဖိုးထားရမည်ဆိုတာလည်း မသိချေ။

ကျွန်တော် သိတာတစ်ခုပဲရှိသည်။ နောက်ပိုင်း ယန့်ရန် ၁၉ နှစ်သားရောက်တော့ ကျွန်တော့်ပေါင်ပေါ်မှာ ထိုင်ပြီး ထိုသီချင်းကို ပြန်တီးပြခဲ့ပေမဲ့ တစ်ဝက်ထိပဲ တီးနိုင်တော့သည်ဆိုတာပင်။

အကြောင်းကတော့ သူ စန္ဒယားခလုတ်တွေကို မဖိနိုင်တော့လောက်အောင် သူ့ကို ကျွန်တော်က အနောက်ကနေ ဖာ့ခ်နေခဲ့၍ ဖြစ်ပေသည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment