no

Font
Theme

        《ငါ့ systemကဝံပု​လွေတစ်​ကောင်!?》


စုပေ မျက်လုံးဖွင့်လိုက်ပိတ်လိုက်လုပ်​ပေမယ့် သူ့​ရှေ့က​ထူးဆန်းတဲ့အ​ကောင်က​ပျောက်ကွယ်မသွားဘူး။ဒီထူးဆန်းတဲ့အ​ကောင်က လိ​မ္မောင်​ရောင်အ​ရောင်နဲ့အ​တောင်ပံ​လေး​တွေပါတဲ့ ​ပုံမကျပန်းမကျကြောင်တစ်​ကောင်ဖြစ်တယ်။


​ဆို​တော့ဒီ​စောက်အ​ကောင်ကဘယ်ငရဲက​နေ​ရောက်လာတာလဲ...


သူ​ကြောင်​တွေကိုချစ်ပါတယ်... ဒါ​ပေမယ့်ဒီလိုပုံမကျပန်းမကျအ​ကောင်​တွေ​တော့မပါတာ​သေချာတယ်။အဲ့ဒီ့အချိန်မှာ ခံစားချက်မပါဝင်တဲ့စက်ရုပ်အသံတစ်သံသူ့​ခေါင်းထဲမှာကြားလိုက်ရတယ်။


"Hello host ငါကမင်းရဲ့ mission ​တွေမှာကူညီမယ့်လက်​ထောက် system 748 ဖြစ်ပါတယ်။ဒါဆိုငါတို့ပထမကမ္ဘာကိုဝင်ကြ​တော့မလား။"


ထွက်သွားစမ်း!!!ချီးလိုပဲဘာ​တွေဖြစ်​နေတာလဲ....


စက်ရုပ်လိုအသံ​နောက်တစ်ကြိမ်ထွက်​ပေါ်လာသည်။

"Host ခွင့်ပြုလိုက်ပြီဖြစ်တဲ့အတွက်ကျွန်​တော်တို့ ပထမကမ္ဘာကိုဝင်​ရောက်ပါ​တော့မယ်...ပထမကမ္ဘာရဲ့ mission က ကိုယ့်ကိုကိုယ်ယုံကြည်ချက်ရှိလွန်း​နေတဲ့ CEO ကိုချစ်ခင်လာ​အောင်စွမ်း​ဆောင်ပါ"


"Host ရဲ့ အဓိကတာဝန်က ဖုန်းရှင်းလန် က​နေ 'ငါမင်းကိုချစ်တယ်' လို့ပြောခံရမှာဖြစ်တယ်။သူမ​ပြောမချင်းmission ပြီး​မြောက်​အောင်မြင်မှာမဟုတ်ပါဘူး"


"ဒါဆိုငါမင်းကိုပထမကမ္ဘာကိုပို့​ဆောင်​ပေး​တော့မယ်။ကံ​ကောင်းပါ​စေ"

ထိုစက်ရုပ်​ကောင်က သူ့ကိုစကားအနည်းငယ်​ပြောပြီး​ပျောက်ကွယ်သွားတယ်။


ရုတ်တရက်သူ့မြင်ကွင်းထဲကပုံသဏ္ဍာ​န်တွေအကုန်​ပြောင်းလဲသွားတဲ့အတွက် စုပေ တစ်ခဏ​လောက် shock ရသွားခဲ့တယ်။အဲ့ဒီ့အချိန်မှာပဲ သူ့ဦး​နှောက်ထဲကို သူဝင်​ရောက်လိုက်တဲ့ခန္ဓာကိုယ်ရဲ့မှတ်ဥာဏ်​တွေဝင်​ရောက်လာတယ်။


ဒီခန္ဓာကိုယ်ရဲ့နာမည်ကလည်း စုပေ ပဲ။ဒီ​ကောင်​လေးက ​ချော​မောလှပတဲ့သူတစ်​ယောက်ဖြစ်​ပေမယ့် ဟိတ်​ဟန်များလွန်းတယ်။ဟုတ်ပြီ ဟုတ်ပြီ....ဒီခန္ဓာကိုယ်အ​ကြောင်းကဒီ​လောက်ဆိုရပြီ။


သူ့မြင်ကွင်းထဲကပုံသဏ္ဌာန်​တွေရှင်းသွားတဲ့အခါမှာ သူ့​ဘေးနားမှာလူပတ်လည်ဝိုင်း​နေတာကို​တွေ့လိုက်ရတယ်။

ထိုထဲကတစ်စုံတစ်​ယောက်ကသူ့နားရွက်နားကပ်လာပြီး ​လှောင်သလိုလိုပုံစံနဲ့စကားလာ​ပြောသည်။


"ဝိုး Mr.စု ခင်ဗျားဟာကတကယ့်လူပဲ....ကြည့်စမ်းဥက္ကဌ ဖုန်း ရဲ့ အသည်း​နှလုံး​​ကောင်မလေးကိုဆွဲ​ဆောင်ဖို့ခင်ဗျား​တော်​တော်ရဲရင့်တာပဲ"


သူခဏ​လောက်မျက်စိမှိတ်လိုက်ပြီး လက်ရှိဖြစ်ပျက်​နေတဲ့အ​​ခြေအ​နေကိုမှတ်မိ​အောင်စဥ်းစားလိုက်သည်။

သူက နိုက်ကလပ်မှာရှိတဲ့အဖြူ​ရောင်ယုန်မျက်နှာဖုံးကိုဝတ်ဆင်ပြီး ​ထိုမိန်းမကို​နေ့​နေညညဆွဲ​ဆောင်ခဲ့သည်။ရလာဒ်အ​နေနဲ့တစ်စုံတစ်​ယောက်ရဲ့ပ​ယောဂ​ကြောင့် သူ့မျက်နှာဖုံးဆွဲခွာခံခဲ့ရတယ်။


စုပေ ကဘာလို့ဒီလိုမျက်နှာဖုံးဝတ်ပြီးဆွဲ​ဆောင်ခဲ့ရတာလဲ...ဟုတ်တာ​ပေါ့ သူ့နှလုံးသားထဲမှာဒီလိုကပုံမှန်ဆွဲ​ဆောင်မှုမျိုးလို့ပဲလို့ထင်ခဲ့တာ။ဒါ​ပေမယ့် ကျန်တဲ့သူ​တွေအမြင်မှာ​တော့ ​ယောကျ်ားတစ်​ယောက်ကမိန်းမတစ်​ယောက်ကိုဒီလိုဆွဲ​ဆောင်တာက မနှစ်မြို့ဖွယ်​ကောင်းလွန်းတယ်။


သူမျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ လက်ရှိဖြစ်ပျက်​နေတဲ့အဖြစ်အပျက်​တွေအကုန်လုံးကိုနားလည်သွားပြီ။

သူ့​ရှေ့ကဆိုဖာ​ပေါ်မှာလူတစ်​ယောက်ထို​င်နေတယ်။ထိုလူကသိမ်းငှက်မျက်လုံးနဲ့​အေး​စက်စက်အမူအရာ​တွေဖုန်းလွှမ်း​နေ​ပေမယ့် ​တော်​တော်​လေးကြည့်​ကောင်းပြီး ပြီးပြည့်စုံတဲ့မျက်နှာပိုင်ရှင်ဖြစ်တယ်။ထိုလူ ဆိုဖာ​ပေါ်မှာထိုင်​နေတာ​တောင် ဆု​ပေ တစ်​ယောက်ပြင်းထန်တဲ့ဖိအား​တွေကိုခံစား​နေရသည်။


ဒါ​ပေမယ့် ဒါကအဓိကအ​ရေးကြီးတဲ့အချက်မဟုတ်​သေးဘူး။အဓိကအ​ရေးကြီးတဲ့အချက်က သူ့​ခေါင်း​ပေါ်မှာ​ရေးထားတဲ့ ဖုန်းရှင်းလန် ဆိုတဲ့စကားလုံးကြီးသုံးလုံးပဲဖြစ်တယ်။


ဖုန်းရှင်းလန် ကဘယ်သူလဲလို့​မေးချင်လား??

ကျိန်း​သေ​ပေါက် သူ့ targetကြီး​ပေါ့ သူ mission​အောင်မြင်ဖို့အတွက်ဒီလူကြီးကိုဆွဲ​ဆောင်ရမှာ....


ဒါ​ပေမယ့် သူဒီကမ္ဘာကိုမ​ရောက်ခင်မှာပဲ ပထမဆု​ပေ ကလည်း ဖုန်းရှင်းလန် ကြိုက်တဲ့​ကောင်မ​လေးကိုဆွဲ​ဆောင်ထားတယ်။ဖာ့ခ် ဖာ့ခ် ဒီအ​ကောင်က​တော့ တကယ်ကြီးသွားဆွဲ​ဆောင်ခဲ့တာပဲ ချီး!!!!!!!!


အဲ့ဒီအချိန်မှာ ဖုန်းရှင်းလန် ရဲ့ နှုတ်ခမ်း​တွေဖွင့်ဟသွားပြီး ​အေးစက်​နေတဲ့အသံနဲ့စကားစ​ပြောတယ်။သူ့အသံကြားလိုက်ရတဲ့သူတိုင်း ​အရိုးထဲထိ​အောင်​အေးခဲသွား​စေသည်။


"သူ့လက်​တွေကိုချိုးလိုက် ပြီးရင်အပြင်မှာလွှတ်ပစ်လိုက်"


စုပေ တုန်လှုပ်သွားတယ်။သူတကယ်ကြီးရက်စက်​တော့မှာလား!!!


စုပေ နှလုံးသား​လေး သူ့လက်​တွေကျိုး​တော့မယ့်အ​ကြောင်းစဥ်းစားလိုက်တာနဲ့နာကျင်သွားသည်။သူပထမဆုံး mission မှာထဲကဒီလိုအန္တရာယ်နဲ့​တွေ့ပြီးအရှုံး​ပေးရ​တော့မှာလား....


ဟင့်အင်း....ဒီလိုအန္တရာယ်နဲ့​တွေ့တာကိုရင်ဆိုင်ထိပ်တိုက်မ​တွေ့ဘဲလွယ်လွယ်နဲ့အရှုံး​ပေးတာသူ့စတိုင်လ်မဟုတ်ဘူး။သူဘာလို့လွယ်လွယ်နဲ့​သေ​ပေးရမှာလဲ မဖြစ်နိုင်ဘူး!!!သူလွတ်​မြောက်ဖို့အခွင့်အ​ရေးရှာရမယ်။


စုပေ သူ့ကိုချုပ်ထားတဲ့သူရဲ့လက်က​နေရုန်းထွက်ပြီး ဖုန်းရှင်းလန် ရဲ့မျက်လုံးကိုစိုက်ကြည့်လိုက်သည်။


"ငါဆိုတဲ့ စုပေ ကဒီလိုမိန်းမမျိုးအတွက်ဒီလို​နေရာမျိုးလာမယ်ထင်​နေလား!!​ကောင်းပြီ ဒီ​နေ့မင်းတို့သိချင်တာ​ပြောပြမယ် ငါဆိုတဲ့ စုပေ က မင်း​ ဖုန်းရှင်းလန် အ​ပေါ်ကိုခံစားချက်ရှိ​နေတာကွ!!ငါလိုက်​နေတဲ့သူကမင်းကွ နားလည်လား!!"


တစ်ခန်းလုံးအသံတစ်သံမှမထွက်ဘဲတိတ်ဆိတ်သွားကြတယ်။စုပေ ရဲ့မျက်လုံး​တွေကနီရဲလာတဲ့အတွက် သူ​ဒေါသထွက်​နေတာလား ဘာလားဆိုတာဘယ်သူမှမသိကြဘူး။ဒါ​ပေမယ့်အကုန်လုံးစဥ်းစားမိတာတစ်ခုက 

"ဒီ စုပေ တစ်​ယောက်ရူးသွားပြီလား။ ငါဆိုလိုတာက သူတကယ်ကြီး ဖုန်းရှင်းလန် ကိုကြိုက်​နေတာလားဟ!!"


သူ့ကိုကြည့်ရင်း သူတို့စိတ်ထဲမှာတစ်မြို့လုံးငလျင်အကြီးအကျယ်လှုပ်သွားသလို​တောင်ခံစားလာရသည်​။သူဘယ်လို​တောင်ဒီ​လောက်ထိရိုင်းစိုင်းရဲရတာလဲ....သူအသက်ရှင်ရတာပင်ပန်း​​နေလို့များလား...


စုပေ နှလုံးသား​လေးအပြင်ခုန်ထွက်သွားပြီလား​တောင်ထင်ရသည်။​သေစမ်း!! သူဘယ်လို​တောင်ရန်​တွေ့ရဲလိုက်ရတာလဲ ငါ​တော့​သေတာပဲ...

"​ဝေးး ဟို 748 ဆိုတဲ့​ကောင် ငါ missionကျရှုံးသွားပြီလား"


စက်ရုပ်အသံနှင့် systemက အ​​ကြောင်းပြန်သည်။

"မကျရှုံး​သေးပါဘူး မပူပါနဲ့ မသကာ အာဖရိကလူမည်းကြီးကြီးသုံး​ယောက်​လောက်လွှတ်ပစ်တာ​လောက်​ပဲခံရမှာ​ပေါ့"


နင့်​မေကလွှား!! စွကျိုးနည်း ဒါကြီးကတကယ်ရက်စက်လွန်းတယ်။ ဆု​ပေ တစ်​ယောက်အသက်ရှုကြပ်လာသလို​တောင်ခံစားရသည်။သူ​​ကြောက်လာပြီ။


ဖုန်းရှင်းလန် ရဲ့မျက်လုံး​တွေကသူ့ကိုအသနားခံသလိုကြည့်​နေသည့် စုပေ မျက်ဝန်း​တွေကိုကြည့်လိုက်သည်။

"သူ့ကို နှင်ထုတ်လိုက်"


စုပေ ​သေချာကြားလိုက်သည် နှင်ထုတ်လိုက်..သူ့ကို?

ဒီတိုင်းနှင်ထုတ်လိုက်လို့ပဲ​ပြောတာ! ဆိုလိုတာက ငါ့လက်​လေး​တွေကိုကယ်တင်နိုင်ပြီ​ပေါ့...အိုး ​တော်ပါ​သေးရဲ့ငါ့လက်​လေး​တွေမကျိုး​တော့ဘူး။


စု​ေပ သူ့ကိုအ​ကောင်ကြီးကြီး bodyguards ကအပြင်နှင်ထုတ်လိုက်တာ​တောင်ဂရုမစိုက်အား...အ​ပျော်လွန်ပြီးမျက်ရည်​တွေကျ​နေသည်။​နောက်ဆုံး​တော့...ငါ့လက်​လေး​တွေမကျိုး​တော့ဘူး!!


သူကြမ်းပြင်​ပေါ်လဲချပြီး ရူးနှမ်းစွာပြုံးလိုက်သည်။

သူအခု​လေး​တွေ ​သေခံတွင်းဝက​နေလွတ်လာတာ!!

သူနံရံနားကိုသွားပြီး​ကျောမှီထိုင်လိုက်တယ်။တုန်ယင်​နေတဲ့လက်​တွေနဲ့သူ့အိတ်ကပ်ထဲက​ဆေးလိပ်ကိုထုတ်ပြီး ​သောက်လိုက်သည်။


​ရှုထုတ်လိုက်တဲ့​ဆေးလိပ်​ငွေ့​တွေက သူ့စိတ်ကိုအနည်းငယ်ငြိမ်သက်​စေသည်။

"​ဟေး system ငါတို့စကား​ပြောဖို့လိုပြီထင်တယ် ငါမင်းကို mission နဲ့ပတ်သက်ပြီး​မေးစရာရှိတယ် ငါ​ပြောချင်တာကကွာ ငါဟိုလူကိုဆွဲ​ဆောင်ရမယ်ဆိုတာက အင်း..လက်ခံတယ်ကွာ အဲ့တာကိုလက်ခံနိုင်တယ်..ဒါ​ပေမယ့်..."


"အင်..ဒါ​ပေမယ့်​နောက်တစ်ခါကို ငါ့ကိုဒီလို​ကြောက်စရာ​ကောင်းတဲ့လူယုတ်မာ​တွေကိုဆွဲ​ဆောင်ဖို့ တာဝန်မ​​ပေးလို့ရမလား"


System ကသူ့မူပိုင်အနိမ့်အမြင့်မရှိတဲ့​လေသံနဲ့ပဲတည်တည်ငြိမ်ငြိမ်ပြန်​​ဖြေတယ်။

"တာဝန်နဲ့သက်ဆိုင်တဲ့လူ​တွေက random ပါအဲ့ဒါ​ကြောင့် system ​လေးလည်းဘာမှမတတ်နိုင်ပါဘူး"


တကယ်​တော့သူက မိန်းက​လေး​တွေနဲ့​တော်သိပ်မတွဲဖူးရှာတဲ့​ကောင်​လေးတစ်​ကောင်ပါ။အခု​တော့သူက system ရဲ့စနက်​ကြောင့် ​ယောကျ်ား​လေး​တွေဆွဲ​ဆောင်ခိုင်း​နေပြီ။ဖာခ့် ဒါကသူ့ကိုစိတ်ပျက်​စေတယ်။


စုပေ ဖုန်းကိုထုတ်လိုက်တယ်။ကဲ *Baidu ကြီး​ရေ ငါ့တာဝန်​အောင်မြင်ဖို့ကမင်းအ​ပေါ်မူတည်​နေပြီ.....


[*Baidu ဆိုတာ China app တစ်ခုကို​ပြောတာပါ]

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment