no

Font
Theme

《​အ​မေကကျွန်​တော်ကို​ပြောခိုင်းလိုက်တယ် ခင်ဗျားကိုညစာတူတူစားဖို့အိမ်ကိုဖိတ်​ခဲ့ပါတဲ့》


​နေစမ်းပါဦး သူကစု​ပေ​အသစ်ပါနော် ဟိုင​​​​ကြောင်​ကောင်မူလစု​ပေမဟုတ်ပါ...နာမည်ချင်းသာတူမယ် ကျန်တဲ့အရာ​တွေ​တော့မတူနိုင်​ပေါင် အခုစု​ပေကမိန်းက​လေးတစ်​ယောက်ကိုရည်းစားအဖြစ် ၅ သန်း​ပေးဝယ်ဖို့ထိုက်တန်ရဲ့လား မတန်ဘူးလား တွက်ချက်ပြီးမှဆုံးဖြတ်တတ်ပါသည်။


စု​ပေတုံ့ဆိုင်း​နေတာကိုမြင်တဲ့ ချင်းကွမ်း​ရှောင်က​တော့အလွန်အမင်းအံ့သြသွားသည်။အမှန်အတိုင်း​ပြောရမယ်ဆိုရင် သူမသာပိုက်ဆံအ​ရေးတစ်ကြီးလိုအပ်မ​နေဘူးဆိုပါက စု​ပေလို လူရှုပ်လူ​ပွေ​ကောင်ငယ်​လေးတစ်​ယောက်ကိုသူမမျက်လုံးထဲ​တောင်ထည့်တွက်ပြီးတွဲမယ်လို့မှာမဟုတ်ဘူး။ 


သူမတကယ်လိုချင်တဲ့သူက ဖုန်းရှင်းလန်ပဲဖြစ်တယ်။ဒါ​ပေမယ့် စု​ပေဝင်​နှောက်ယှက်လို့ ဖုန်းရှင်းလန်နဲ့ဆက်သွယ်နိုင်မယ့်တစ်ခုထဲ​တော့အခွင့်အ​ရေးကိုလက်လွှတ်လိုက်ရတယ်။ဒါ​ကြောင့် သူမအပြင်မှာသာ စု​ပေကိုတွဲမယ်လို့​ပြော​ပြီးရှက်ချင်​​ယောင်​​ဆောင်​နေ​ပေမယ့် စိတ်ထဲမှာ​တော့ ဒီစု​ပေကိုရင်ထဲအသည်းထဲက ကိုမုန်းပါသည်။


ဒါ​ပေမယ့်ဘယ်တတ်နိုင်ပါ့မလဲ တကယ့်ဘဝကအရမ်းဆိုးရွားလွန်းသည် သူမပိုက်ဆံအ​ရေးတကြီးလိုအပ်​နေတယ်။ဒါ​ကြောင့် သူမစု​​ပေကိုချဥ်းကပ်တာ သူမသာ သူ့ကိုနည်းနည်း​သွေးစွယ်ဖျား​ယောင်းပြီးဟန်​ဆောင်ပြလိုက်ရင် သူက သူမ​ပြောတဲ့အတိုင်းအလွယ်တကူလိုက်လုပ်မယ်ဆိုပြီး​တော့​ပေါ့.......


ချင်းကွမ်း​ရှောင် သူမထိုင်​နေတဲ့​နေရာက​နေထပြီး စု​ပေနားကိုသွားထိုင်လိုက်တယ်။ထို့​နောက်သူမနှုတ်ခမ်းကိုအနည်းငယ်ဖွင့်ဟပြီးစု​ပေပါးကိုနမ်းလိုက်သည်။စု​ပေမလှုပ်နိုင် ထို​နေရာမှာတင်​တောင့်​တောင့်ကြီးထိုင်ပြီး shock ရ​နေတုန်း......သူမကစု​ပေဖြစ်ပျက်​နေတာကိုကြည့်ပြီးစိတ်မပါလက်မပါ​ပြောသည်။


"ဒီ​လောက်နဲ့မလုံ​လောက်​သေးဘူးလား..."


သူတို့ဖြစ်ပျက်​နေသည့်မြင်ကွင်းကို ​ကော်ဖီဆိုင်အပြင်ဘက်မှလူတစ်​ယောက်မြင်သွားသည်။ထိုသူကား ဖုန်းရှင်းလန်ပင်.....ဖုန်းရှင်းလန်ရဲ့အန္တရာယ်အဆင့်​​ရောက်​နေတဲ့အကြည့်​စူးစူးတွေက ပြတင်း​ပေါက်မှန်တံခါးကိုဖြတ်ပြီး စု​ပေကိုယ်​ပေါ်ကျ​ရောက်​နေသည်။အန္တရာယ်အဆင့်ပါ အကြည့်​တွေကလုံးဝကိုအန္တရာယ်အဆင့် မကြာခင်​ပေါက်ကွဲ​တော့မည့် ဗုန်းတစ်လုံးအတိုင်းပင်.......


လွန်ခဲ့တဲ့မိနစ်အနည်းငယ်တုန်းက စု​ပေကသူ့ကိုအီစီကလီစီလုပ်​နေခဲ့တယ် အခု​တော့မိန်းက​လေးတစ်ဦးနဲ့တွဲဖို့ကြိုးစား​နေတယ် ...​ကောင်းတယ် သိပ်​ကိုကောင်းတယ်စု​ပေ!!


စု​​ပေ ရုတ်တရက်အနမ်းတစ်ခု​ကြောင့် ဆွံ့အ​နေရာက​နေ ​အေးစိမ့်လာတဲ့ခံစားချက်ကြောင့်သတိပြန်ဝင်လာတယ်....တိတိကျကျ​ပြောရရင်သူ့​နောက်​ကျောက ​အေးစိမ့်လွန်းတဲ့ခံစားချက်ကြောင့်​ချွေး​စေး​တွေ​တောင်ပြန်​လာပြီ သူမ​ကောင်းတဲ့ခံစားချက်​တွေဝင်​နေပြီ။


သူ့​နောက်​ကျောက​နေရ​နေတဲ့မ​ကောင်းတဲ့ခံစားချက်​တွေ​ကြောင့် သူအ​နောက်လှည့်ကြည့်လိုက်ချိန်မှာ ဖုန်းရှင်းလန်ကိုမြင်လိုက်ရတယ်။​ကြောက်စရာအကြည့် ၊ ​ကြောက်စရာအပြုံး ၊ ​ကြောက်စရာမျက်နှာထားနဲ့ သူ့ကိုစိုက်ကြည့်​နေတဲ့ဖုန်းရှင်းလန်!!


System 748 - "ဂုဏ်ယူပါတယ် host !! အခုဆိုသင့်ရဲ့ ဆွဲ​ဆောင်ခြင်းယူနစ်ဘားက 3% ​တောင်ကျဆင်းသွားပါပြီ အခုဆိုသင့်ရဲ့ <ဆွဲ​ဆောင်မှုတိုးတက်ခြင်း> မှာစုစု​ပေါင်း 6% ပဲကျန်ရှိပါ​တော့တယ်"


စု​ပေတစ်​ယောက်ရူးသွား​တော့မလိုပဲ။ ဒီနွား​​ကောင်ကဘာကိစ္စငါ့ရဲ့ ဆွဲ​ဆောင်ခြင်းယူနစ်ဘားမှာရာခိုင်နှုန်းကျဆင်းသွားတဲ့ဟာကိုလာဂုဏ်ပြု​ပေး​နေပါသနည်း။


စု​ပေအတွက်အခု​လော​​လောဆယ် သူ့ယူနစ်ဘားကျဆင်း​နေတာပဲအ​ရေးကြီးသည် သူ့​ရှေ့ကမိန်းမလှ​လေး​ကောဘာ​ကောညာ​ကောမှသူ့အတွက်အ​ရေးမကြီး​တော့ ထို့​​ကြောင့် သူ ချန်းကွမ်း​ရှောင်ကိုထားခဲ့ကာ ဖုန်းရှင်းလန်ဆီအ​ပြေးအလွှားသွားသည်။

"​ခဏ​လေး ကျွန်​တော်​​ပြောတာနား​ထောင်​ပေးပါ ကျွန်​တော်ရှင်းပြပါ့မယ်"


ချန်းကွမ်း​ရှောင်ဆိုတာကလည်း ဖုန်းရှင်းလန်နဲ့တွဲချင်​နေတဲ့မိန်းမ​လေးတစ်​ယောက်ဖြစ်သည်။ထို့​ကြောင့် စု​ပေထွက်သွားတာနဲ့သူမလည်း​နောက်ကလိုက်လာသည်။သူမကငိုယိုပြီးသနားစဖွယ်​လေသံ​လေးနှင့်​စု​ပေကိုပြောသည်။


"စု​ပေ ငါ​လေ...ငါ့မှာပိုက်ဆံအရမ်းလိုအပ်​နေ​ပေမယ့် နင့်ရည်းစား​တော့မဖြစ်ချင်ဘူး...နင်ငါ့နဲ့ရည်းစားဖြစ်ချင်လို့​​​တောင်းဆိုနေမှန်းသိပါတယ် ဒါ​ပေမယ့် ငါသ​​ဘောမတူနိုင်ဘူး​နော်"


ဝှိုင်း ဘာကိစ္စသူမကဒုက္ခသည်​လေသံနဲ့​ပြော​နေတာလဲ ဘယ်သူကဒုက္ခ​ရောက်​နေတာတုန်း!! ဘယ်သူကပိုက်ဆံမရမချင်း​တောင်း​နေတာလဲဟမ် ​​သေချာ​ပြောစမ်းပါ!


စု​ပေသူ့အ​ပေါ်မိုးကြိုးအ​တောင့်လိုက်ပစ်ချလိုက်သလိုခံစားရသည်။​သေလိုက်ပါလား ဘယ်သူကသူမကိုရည်းစားဖြစ်​ပေးပါလားလို့အတင်း​တောင်းဆို​နေလို့တုန်း! ဘာ​တွေဖြစ်ကုန်တာတုန်းဟမ် ဘာကိစ္စစကားလုံးတွေကတလွဲ​​​ပြောင်းလဲပြီး​ပြော​နေတာတုန်း!!!


ဘာကိစ္စသူ့ကိုမဟုတ်မမှန်​တွေ​ပြောပြီးစွပ်စွဲ​နေရတာတုန်း ဒါမ​ကောင်းပါဘူး​နော် သူကရိုးသားသူ​လေးတစ်​ယောက်ပါ.....


ဖုန်းရှင်းလန်မျက်နှာမဲ​မှောင်သွားပြီးသူ့ကိုစကားလုံး​တွေနဲ့​​ထေ့​ငေါ့​ပြောဆိုသည်။

"ဪ ဪ Mr.စုက တစ်ဦးထဲကိုပဲရူးရူးမိုက်မိုက်ချစ်မြတ်နိုးတတ်သူထင်ပါ့"


စု​ပေကို​ထေ့​ငေါ့တိုက်ခိုက်ပြီးတာနဲ့သူလှည့်ထွက်သွားသည်။စု​ပေချက်ချင်း​နောက်ကလိုက်ဖို့ပြင်ပင်မယ့် ဖုန်းရှင်းလန်ရဲ့ယဥ်​ကျေးသိမ်​မွေ့ စွာထွက်လာတဲ့စကား​​ကြောင့်ရပ်တန့်သွားသည်။

"မင်းငါ့​နောက်ဆက်လိုက်ရင် ငါမင်း​ခြေ​ထောက်​တွေကိုချိုးပစ်မယ်"


စု​ပေ​​ခြေ​ထောက်​လေးနှစ်​ချောင်းလုံးတုန်ယင်သွားသည်။လာပြန်ပြီ ဒီ​ခြေ​ထောက်ချိုးဖို့ပဲ....သူဘာဆက်လုပ်ရမလဲမသိ​တော့ဘူး။


ချင်းကွမ်း​ရှောင်ကနှစ်လိုဖွယ်အပြုံး​လေးနဲ့ ဖုန်းရှင်းလန်ကို ဦးညွှတ်ကာစကား​လှမ်းပြောလိုက်သည်။သူမအပြုအမူ​​လေး​တွေက မိန်းမ​ကောင်းတစ်​ယောက်ရဲ့အမူအရာ​လေး​တွေဖြစ်သည်။

"Mr.ဖုန်း ​ကျေးဇူးပြု၍ကျွန်မစကားနည်းနည်း​လောက်​ပြောလို့ရမလား"


ဖုန်းရှင်းလန် သွား​နေရာကရပ်သွားသည်။သူ​နောက်ပြန်လှည့်ကြည့်လိုက်တဲ့အခါ စု​ပေကလည်းသူ့​နောက်မှာရှိ​နေတုန်း....ဒါ​ပေမယ့်သူစု​ပေကိုဂရုမစိုက်ဘဲ ချင်းကွမ်း​ရှောင်ဆက်​ပြောမည့်စကားကိုသာ​စောင့်​နေသည်။


ချင်းကွမ်း​ရှောင်က ဆုံးဖြတ်ချက်ကြီးကြီးမားမားကိုခက်ခက်ခဲခဲချလိုက်ရသည့်ပုံစံဖြင့်​ပြောသည်။

"Mr.ဖုန်း ရှင်ကျွန်မကိုငါးသန်း​လောက်​ချေးလို့ရမလား ကျွန်မပြန်​ဆပ်မှာပါ"


ဖုန်းရှင်းလန်သူမကိုစကားပြန်မ​ပြောဘဲ သူ့လက်​ထောက်ကိုလှမ်းကြည့်လိုက်သည်။ သူတို့မျက်လုံးချင်းစုံသွားတာနဲ့ မလှမ်းမကမ်းမှာရပ်​နေတဲ့သူ့လက်​ထောက်ကချက်ချင်း​​ရောက်လာပြီးချင်းကွမ်း​ရှောင်အတွက် ငါးသန်းတန်ချက်လက်မှတ်တစ်​စောင်​ရေး​ပေးလိုက်သည်။


ချက်လက်မှတ်ရတာနဲ့ ချင်းကွမ်း​ရှောင်က ​အရမ်းကို​ကျေးဇူးတင်သွားတဲ့အမူအရာနဲ့ဖုန်းရှင်းလန်ကို​လေး​လေးနက်နက်ဦးညွှတ်အရိုအ​​သေ​ပေးလိုက်သည်။

"​ကျေးဇူးတင်ပါတယ် Mr.ဖုန်း ကျွန်မတကယ်ပြန်ဆပ်မှာပါ ကတိ​ပေးပါတယ်!"


ဖုန်းရှင်းလန်ခံစားချက်မရှိသည့်​လေသံနှင့်​တိုတိုတုတ်တုတ်ပြန်​ပြောသည်။

"ငါ့အိမ်မှာ အိမ်အကူတစ်​ယောက်လို​နေတယ်"


ချင်းကွမ်း​​ရှောင် အခွင့်အ​ရေးတစ်ခုရလိုက်သလိုခံစားချက်အလင်းတစ်ချို့မျက်လုံးထဲမှာ​ပေါ်လာသည်။သို့​ပေမယ့် သူမချက်ချင်း​ခေါင်းငုံ့ကာအပြုံးတစ်ပွင့်နှင့်ပြန်​ပြောသည်။

"အကယ်၍ Mr.ဖုန်း စိတ်အ​နှောက်အယှက်မဖြစ်ဘူးဆိုရင် ကျွန်မကိုအခွင့်အ​ရေး​ပေးပါ ကျွန်မဝင်လုပ်ပါ့မယ်"


ဖုန်းရှင်းလန် အခုထိခံစားချက်တစ်ခုတစ်​လေ​တောင်မရှိ​သေးတဲ့​လေသံနှင့်​ပြန်​ပြောသည်။

"မနက်ဖြန် သုခဘုံစံအိမ်​တော်"


ချင်းကွမ်း​ရှောင်ဆုံးဖြတ်ချက်ခိုင်ခိုင်မာမာချထားသည့်ပုံစံနှင့် ဟုတ်ကဲ့ ဟုလျင်လျင်မြန်မြန်ပြန်​ပြောသည်။


စု​ပေက​တော့ သူ့​ခြေ​ထောက်သူကြည့်လိုက် ထွက်သွား​​တော့မည့်ဖုန်းရှင်းလန်ကိုကြည့်လိုက်နှင့် အလုပ်များ​နေသည်။ ထပ်ခါထပ်ခါ သူ့​ခြေ​ထောက်ကိုကြည့်လိုက် ဖုန်းရှင်းလန်ကိုကြည့်လိုက်နှင့်တစ်ခုခုကို​ရွေးချယ်​နေသည့်နှယ်!


​ကောင်းပြီ သူဖုန်းရှင်းလန်ကို​ပဲ​ရွေး​တော့မယ်!!


Mission ကသူ့​ခြေ​ထောက်ထက်ပိုအ​ရေးပါသည်။ ​ခြေ​ထောက်ချိုးခံရတာကသိပ်​တော့မနာ​လောက်ဘူးမလား...


စု​ပေ ဖုန်းရှင်းလန်ကိုလျင်မြန်စွာလှမ်းဆွဲလိုက်သည်။သို​သော် သူစကားတစ်ခွန်း​တောင်မ​ပြောရ​သေးခင်မှာပဲ ဖုန်းရှင်းလန်၏တုန်လှုပ်မှုမရှိတဲ့ တည်ငြိမ်လွန်း​သော​လေသံကြီးကိုကြားလိုက်ရသည်။

"သူ့​ခြေ​ထောက်​တွေကိုချိုးလိုက်........ငါ့အတွက်"


သူ့အမိန့်ရတာနဲ့ ထွားကြိုင်းသန်မာလွန်းတဲ့လူကြမ်းကြီး နှစ်​ယောက်ထွက်​ပေါ်လာပြီး စု​ပေကို သူနဲ့​ဝေးရာဆီကြမ်းတမ်းစွာတရွတ်တိုက်ဆွဲ​ခေါ်သွားသည်။မကြာခင်သူတို့စု​ပေ​ခြေ​ထောက်ကိုချိုးကြ​တော့မည်။


စု​ပေကလည်းသူ့​ခြေ​ထောက်ချိုးခံရ​တော့မည့်အ​ရေးကိုဒီတိုင်းငြိမ်ခံမ​နေနိုင်ပါ အတင်းရုန်းကန်​နေရင်းဖုန်းရှင်းလန်ကိုကျယ်​လောင်စွာ​အော်​ပြောသည်။

"​အ​မေကကျွန်​တော်ကို​ပြောခိုင်းလိုက်တယ် ခင်ဗျားကိုညစာတူတူစားဖို့အိမ်ကိုဖိတ်​ခေါ် ခဲ့ပါတဲ့"


ဖုန်းရှင်းလန်သူ့ကို​နောက်ပြန်လှည့်ကြည့်တဲ့အခါ စု​ပေကထုံးစံအတိုင်း သူအရမ်းရိုးသားပါတယ် ဆိုတဲ့အကြည့်နှင့်ပြန်ကြည့်သည်။


"တကယ်​တော့​လေ ချင်းကွမ်း​ရှောင်က သူအရင်ကျွန်​တော်နဲ့​တွေ့ဖို့ချိန်းတာ ပြီး​တော့ကျွန်​တော့်ဆီက​နေပိုက်ဆံ​ချေးချင်တယ်တဲ့။အခုကျွန်​တော့်နှလုံးသားကခင်ဗျားတစ်​ယောက်ထဲအတွက်ခုန်​နေတာပါ ကျွန်​တော့်နှလုံးသားထဲမှာ ခင်ဗျားတစ်​ယောက်ထဲရှိတာ ဘာလို့သူမကိုကျွန်​တော့်ရည်းစားအဖြစ်လိုချင်ရမှာလဲ"


​ပြောရမယ်ဆိုရင် စု​ပေ ချစ်​ကြောင်းကြိုက်​ကြောင်းအနုအရွစကားလုံး​တွေမ​ပြောတတ်ဘူး။ဒီလိုစကား​တွေ​​ပြောမယ့်အချိန်တိုင်း သူ့လျှာ​ထောက်​​ ​ထောက်သွားတတ်တယ် မလွယ်ကူ​နေဘူး.... ဒါ​ပေမယ့် အခု​တော့ လွယ်လွယ်ကူကူ​ပြောထွက်​နေတယ် ကြည့်ရတာ မူလစု​ပေရဲ့ အီစီကလီစီလုပ်နိုင်တဲ့အရည်အချင်း​တွေကိုသူပါရသွားတာဖြစ်မယ်။


"ကျွန်​တော်ကျိန်​ပြောနိုင်တယ် ကျွန်​တော်သူမကို ငါမင်းကိုပိုက်ဆံ​ချေး​ပေးမယ် မင်းငါ့ရည်းစားလုပ်​ပေးလို့ တစ်ခါမှမ​ပြောခဲ့ဖူးပါဘူး ဆင်တူယိုးမှားစကား​လေးတစ်ခွန်း​​တောင်မ​ပြောလိုက်ပါဘူး"


ဖုန်းရှင်းလန် သူ့ကိုဖျက်ခနဲကြည့်လိုက်တယ်။ ထိုအခါသူ့ကိုချုပ်ထားတဲ့လူကြမ်းကြီးနှစ်​ယောက်က သူ့ကိုလွှတ်​ပေးလိုက်တယ်။


စု​ပေစိတ်သက်သာရာရသွားတဲ့အ​နေဖြင့်သက်ပြင်း​ငွေ့​ငွေ့ချလိုက်ပြီး သူ့အင်္ကျီကတွန့်​နေတဲ့​နေရာ​တွေကိုဖြန့်လိုက်သည်။ထို့​နောက် ဖုန်းရှင်းလန်ကို​မျှော်လင့်ချက်ကြီးစွာဖြင့်စိုက်ကြည့်လိုက်သည်။

There is No Eng Version

DISCUSSION


Leave A Reply

you must Login or register to post a comment